Pages - Menu

Pages

May 14, 2011

ခွေမြီးကောက် ကျည်တောက်စွပ် (သို့မဟုတ်) No . 1 ရဲ့ ဂုဏ်ပုဒ်များ


ခွေမြီးကောက် ကျည်တောက်စွပ် ဆိုသော စကားပုံလေးကို မြန်မာလူမျိုးတိုင်း ကြားဖူးကြမည်ထင်ပေ၏။
အမြီးကောက်နေသော ခွေးကို ဖြောင့်စေချင်တဲ့အတွက်ကြောင့် ကျည်တောက်စွပ်ပေးသော်ငြား
ထိုကျည်တောက်ကို ချွတ်လိုက်သည့်အခါတွင် အမြီးသည် ကောက်မြဲကောက်သည်ဟု ဆိုလိုပါသည်။
ထိုစကားပုံလေးကို တီထွင်ခဲ့သော မြန်မာရှေးပညာရှိတို့သည် ယခုခေတ်အခါတွင် ပေါ်ပေါက်နေသော
သာသနာဖျက် အဓမ္မ၀ါဒီများအတွက်ရည်ရွယ်ပြီး ထိုစကားပုံလေးကို ဆိုခဲ့လေသလား ထင်မှတ်ရပေသည်။

မှန်ပေသည်၊ သာသနာဖျက် အဓမ္မ၀ါဒီ ပုဂ္ဂိုလ်များသည် သံဃမဟာနာယက ၀ိနိစ္ဆယ ဆရာတော်များ၏
ရှေ့မှောက်တွင် နောင် မလုပ်တော့ပါဘူးဟု ၀န်ခံကတိပြု လက်မှတ်ထိုးပြီး မိမိနေရာရောက်သည့်အခါတွင်
သူတို့၏၀ါဒကို စွန့်လွတ်ခြင်းမရှိဘဲ လုပ်မြဲဆက်လုပ်နေကြပေ၏။

ယခုလည်း ပေါ်ပေါက်လာပေပြီ တောင်တွင်း အညတရဘိက္ခု တဲ့၊ အွန်လိုင်းပေါ်မှာတော့ တော်တော်ပြန့်နှံ့နေပါပြီ
လွန်ခဲ့သည့် ၁ လပိုင်းလောက်ကတည်းက ကရင်ပြည်နယ်တွင် ပို့ချသောသင်တန်းခွေတို့ facebook နှင့်
အခြားသော web စာမျက်နှာများတွင် အများအပြားတွေ့ခဲ့ရပေပြီ။ နှစ်လပိုင်းတွင် သံဃနာယကမှ ခေါ်ယူစစ်ဆေးပြီး
နောင်မလုပ်ဖို့ ၀န်ခံလက်မှတ်များ ထိုးပြီးဖြစ်ပေသည်။

ဆက်မလုပ်ဘဲ ငြိမ်သွားပြီထင်တဲ့အတွက်ကြောင့် ၀န်ခံကတိပြုချက်များကို အွန်လိုင်းပေါ်သို့ မတင်ဖြစ်ခဲ့ပေ။
အခုတော့ အထင်အနဲ့အမြင် လွှဲချေပြီ၊ ကိုယ်တော်ချောက မြန်မာပြည်တွင်မကဘဲ ပြည်ပထိတောင်
ရောက်၍သွားပေပြီတကား။ တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုဒ္ဓဘာသာသာသနာကို စော်ကား ဖျက်ဆီးနေပေပြီ။
ဗုဒ္ဓဘာသာရဲ့ ဘာသာရေးခေါင်းဆောင်များဝတ်ရတဲ့ သင်္ကန်းတော်ကို ၀တ်ဆင်ပြီး
ဗုဒ္ဓဘုရားရှင် ချမှတ်ထားတဲ့ ၀ိနည်းဥပဒေကို လုံးဝလိုက်နာခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်းဆန့်ကျင်နေပေပြီတကား။
လူသေလူဖြစ် အဖွဲ့၏ အရိုက်အရာကို ဆက်ခံသူ ပီသပါပေ၏။ အာဂပုဂ္ဂိုလ်ပင်
မြတ်ဗုဒ္ဓသာ ရှိနေဦးမည်ဆိုလျှင် ဘွဲ့တွေတသီကြီးပေးပြီး ချီးမြင့်မှာ သေချာပေ၏။ ထိုဘွဲ့တို့မှာ .......

မောဃပုရိသ (အလကားကောင်)၊
ဂေါသီလ (နွားလိုနေတဲ့ကောင်)၊
ဂေါဝတ (နွားလိုကျင့်တဲ့ကောင်)၊
မိစ္ဆာတပ ( အကျင့်မှားတဲ့ကောင်)၊
မာယာတပ (လူတွေကို လိမ်နေတဲ့ကောင်)၊
ဝဉ္စနာတပ (လူတွေကို လှည့်စားနေတဲ့ကောင်) ဟူသော ဘွဲ့များဖြင့် ချီးမြင့်ပေလိမ့်မည်။

(ယခုတော့ ဘုရားရှင်မရှိတော့သည့်အတွက်ကြောင့် စာရေးသူကပင် ချီးမြင့်လိုက်ရပါသည်)
ထေရ၀ါဒရဟန်းတော်များသည် ဂန္ထဓူရ၊ ၀ိပဿနာဓူရနှစ်ခုသာ ကျင့်ကြံတော်မူပါ၏။
ဂန္ထဓူရသည် စာသင်စာချခြင်းဖြစ်၍ ၀ိပဿနာဓူရသည် တရားအားထုတ်၊ တရားဟောခြင်း ဖြစ်၏။
ထိုနှစ်ပါးမှလွဲ၍ အကသင်တန်းပေးခြင်း၊ ဗေဒင်ဟောခြင်း၊ ယတြာချေခြင်း၊ ဓာတ်ရိုက် ဓာတ်ဆင်
ဆေးကုခြင်းစသည်များသည် ထေရ၀ါဒရဟန်းတော်များ၏ အလုပ်မဟုတ်ပေ။
အလဇ္ဇီ ဒုဿီလများ၏ အလုပ်များသာဖြစ်ပေသည်။
ဦးဥတ္တမ (ကလောင်အမည် ရှင်ဣဒ္ဓိပါလ၊ အညတရဘိက္ခု) သည်ကား အကသင်တန်းပေးခြင်းသာမက
တားမြစ်ပိတ်ပင်ထားသော ဗုဒ္ဓဘာသာကို ဖျက်စီးထားသော လူသေလူဖြစ် ရှင်ဥက္ကဌ ၏ စာများကိုလည်း
ဖြန့်ဝေနေလိုက်သေး၏။ သို့အတွက် အလဇ္ဇီနှင့် ထိုက်တန်သောဘွဲ့များကို ချီးမြင့်လိုက်ရပေသည်။
(နည်းများ နည်းနေသေးလားတော့ မသိရပေ)

ဘုရားအလိုတော်နှင့် ဆန့်ကျင်တာကို
ဟောပြောနေတာ ကြားရရင်
ဘုရားတပည့်တိုင်းဟာ
ဘုရားဘက်က နေဖို့ အရေးကြီးတယ်။

(မဟာစည် ဆရာတော်ဘုရား)

အရှင်ဝရသာမိ
ဓမ္မဥပဒေပြန့်ပွါးရေး အသင်းချုပ်

1 comment:

  1. အင်း...
    သာသနာပြန့် ဖို့ မလုပ်ဖဲ ပျက်ဖို့  ဖျက်ဖို့  လုပ်တဲ့ သူ
    အဝီစိကို ဒိုက်ထိုး ဆင်းရတော့ မယ်။ မမှန်ရင် မမြဲပါ။
    စောင့် ကြည့် ပါ။

    ReplyDelete