Pages - Menu

Pages

August 5, 2011

အလွဲသံသရာ

တပည့်တော်တို့  ပြဿနာက အယူလွဲတွေပြန်ပြန်ပေါ်နေတာကို ရှင်းမနိုင်ဖြစ်နေတာဘုရား ။
အဲမှာတပည့်တော် လိုက်လို့ ရသလောက် ဖြစ်နေပုံက အယူလွဲတွေက ပေါင်းမြက်နဲ့  တူနေပြီး အယူလွဲတွေကို အားပေးနေတဲ့  လှူဒါန်းထောက်ပံ့နေတဲ့  လူတွေက မြေခံရေခံနဲ့ တူနေတာ သတိထားမိပါဘုရား ။
အဲဒီပြဿနာကို တပည့်တော်လိုက်ကြည့်တော့ တပည့်တော်တို့  ပညာရေးနဲ့  လူနေမှုစနစ်ဟာ အခြေခံတခုဖြစ်နေတာ သတိပြုမိပါဘုရား ။
တပည့်တော်တို့  ပညာသင်ကြားမှုကို ကြည့်ရင် ကုန်းဘောင်ခေတ် ကနေဘဲ စကြည့်ပါဘုရား ။ မိန်းကလေးတွေက သေစာရှင်စာတတ်ပြီးရောပေါ့ ဆိုပြီး ကျောင်းလွှတ်တာ မရှိသလောက်ပါဘုရား
ယောက်ျားလေးတွေကြည့်တော့ ၃စုကွဲသွားတာတွေ့ ရပါ့ဘုရား
ပထမများရာစု ( ၇၀ %) လောက်က ၇နှစ် ၈နှစ်သားလောက် ကျောင်းရောက် သင်ပုံးကြီးမင်္ဂလသုတ် ကုန်၊ သေခိယ ကျက် ၊ ၁၀နှစ်သားလောက် ကိုရင် တ၀ါလောက်ဝတ် ၊ လိင်ပြန်တာနဲ့  မိဘအလုပ်လယ်ထဲချောင်းထဲ တန်းဆင်းတော့တာပါဘဲဘုရား ။ သူတို့ အဘို့ က ကျောင်းက သင်တဲ့ စာဟာ ကျောင်းပြန်ရောက်ပြီး ဘာသာ တရားဆိုတာ ငယ်ဆရာ ရွာဦးကျောင်းဆရာတော် ခိုင်းတာ လုပ်ပြီးတာဘဲ လို့  သဘောထားပါ ဘုရား ။
ဒုတိယ အစု ( အနဲဆုံးအစု) ကတော့ ကိုရင်ဘ၀မှာ သဒ္ဒါ၊သင်္ဂြိုဟ်တက် ၊ ဆန်းသင် ၊ အဘိဓမ္မာလိုက် ပင်ကိုယ်ကလဲဥာဏ်ကောင်း ပါရမီလဲပါ။ မိဘကလဲ တတ်နိုင် (တတ်နိုင်ဆိုရာမှာ ပစ္စည်းလေးပါးထောက်ပံ့နိုင်ရုံမက ဒီသားတယောက်ရဲ့ လုပ်အားကို အဆုံးခံနိုင် ) ။ လို့  ရဟန်းဘောင်တက် ။ စာတတ်အကျော်အမော်ဖြစ်လာ။ ဒါပေမဲ့  ဒီရဟန်းတော်အကျော်အမော်များရဲ့ ဥာဏ်ကျက်စားရာဟာ နိဿယများ ကျမ်းကြီးများ ( စွယ်စုံကျော်ထင် အဖြေကျမ်းလို ) သာ ဖြစ်နေပြီး သာမန် လူထုနဲ့  အလှမ်းကွာနေပါဘုရား
တတိယအစုကတော့ မိဘကတတ်နိုင် ၊ လူလေးတွေကလဲ ထက် ၊ ကိုရင်ဘ၀ထဲက ဆေးကျမ်းဓါတ်ကျမ်းကစလို့  ဆင်မြင်းအတတ်ထိ လိုက်စားလာ ။လိင်ပြန်တော့ တခါ မြို့ စား ရွာစား မင်းပါးစိုးခွင် ၀င်ထွက် ပညာတွေတက်ရာက မင်းမှုဆက်ထမ်းလာပါဘုရား။ ဒီလူတွေဟာ ထက်မြက်တယ် ။ လောကီပညာစုံတယ် ဆိုသော်လဲ လောကုတ္တရာဗဟုသုတကျ ထင်သလောက်မပေါက်ပါဘုရား ။ သို့ သော် သူတို့  ဂုဏ်ကြောင့် လောကမှာတော့ ပြောသမျှ တင့်တယ်သယောင်ပါဘုရား.။
ဒီလိုရှိနေသော်လဲ ဆရာတော်များသြဇာကြီးနေတဲ့  လူ့ ပါတ်ဝန်းကျင်မှာ ဘာသာရေးပြဿနာ အကြီးကြီးမပေါ်ပါဘုရား ။
သို့ သော် ကိုလိုနီခေတ် ရောက်လာတော့ ပြဿနာ ကြီးလာပါဘုရား
ဒီမှာ ပထမအစုနဲ့  ဒုတိယအစု က အများကြီးမပြောင်းပါဘုရား ။ ဒုံရင်းဒုံရင်းပါဘဲဘုရား
တတိယအစုကျတော့ အရင်က ပွဲကျောင်းတက် ၊ မြို့ ဝန်ထံခစားဆိုတဲ့  ပညာရေးကနေ လောကဓါတ်ကျောင်းတက် ၊ ကောလိပ်ရောက် ဆိုတဲ့  ခေတ်ပညာရေးကို ကူးလာပါဘုရား ။ ဒါနဲ့ တပြိုင်ထဲဘဲ ကိုလိုနီခေတ်လူနေမှုသဘောကြောင့် ဆရာတော် သံဃာတော်များသြဇာကျလာတာနဲ့ ကြုံပါဘုရား ။
လောကဓါတ်ကျောင်းများရဲ့ သင်ကြားမှုဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနဲ့ ဝေးသထက်ဝေးလာပြီး လောကဓါတ်ကျောင်းထွက်တွေရဲ့  ဘာသာရေးဗဟုသုတရော ဆရာတော်သံဃာတော်များကို လေးမြတ်မှုပါ လျော့သထက်လျော့လာပါဘုရား ။
တချိန်ထဲမှာဘဲ ပထမအစု ဘုန်းတော်ကြီးကျောင်းကနေ လယ်ထဲ ချောင်းထဲရောက်တဲ့  အစုကလဲ နည်းသထက် နည်းလာပြီး လောကဓါတ်ကျောင်း တက်လာတဲ့  လူစုက ပိုများလာပါဘုရား ။
ဒီတင် ဗုဒ္ဓဘာသာရဲ့ အခြေခံလောက်တောင် သိမှတ်မိတဲ့  လူနည်းသထက်နည်းလာပြီး အမည်ခံရုံ ဗုဒ္ဓဘာသာတွေ ပေါများလာပါဘုရား ။ ဘာသာတရားကိုယ်ခံနဲတဲ့ အခါကျတော့ အလွဲ အမှားဟောတဲ့  ဆရာနဲ့  တွေ့ ရင် အမှန်အမှားခွဲခြားနိုင်မှုလဲလျော့လာပါဘုရား
တပြိုင်ထဲမှာဘဲ ဂုဏ်ကြီးသူ လောကီမှာအောင်မြင်နေတဲ့  ဒကာများရဲ့  အကြိုက်လိုက် အလိုက်အထိုက် ဟောရာကနေ ပါမှန်းမသိပါပြီး ကိုယ့်ဟာကိုယ် လွဲမှန်းမသိ လွဲရာကနေ ပိုပိုလွဲ ။ နောက်ဆုံးတော့ လက်ခုတ်တီးပေးတဲ့  ပရိဿတ်နောက် ကောက်ကောက်ပါအောင်လိုက်မိတဲ့  သံဃာတော်များလဲ ပေါများလာပါဘုရား ။
ဒီအခြေအနေမှာ လယ်တီဆရာတော်ဘုရား မာန်လည်ဆရာတော်ဘုရား ကျီးသဲဆရာတော်ဘုရားတို့ စလို့  လူထုထဲ ဗုဒ္ဓဘာသာ အခြေခံတွေ အယူမှန်တွေကို တည့်မတ်ဖြန့် ဖြူးပေးမဲ့  ဆရာတော်များစဉ်ဆက်မပြတ်ပေါ်ခဲ့  တည့်မတ်ပေးခဲ့သော်လဲ သူတို့  စာတွေကို နားမလည်နိုင် နားလည်အောင်မဖတ်နိုင်တဲ့  ပညာတတ်။လူရည်တတ် ဆိုသော ဒကာမိုက်များလောကမှာတော့ အယူလွဲ ကိုယ်တော်များ ဆက်လက်တွင်ကျယ်နေဆဲပါဘုရား ။
မျက်မှောက်ခေတ်မှာ ၁၉၈၀ကစခဲ့တဲ့  ၀ိနိစ္ဆယခုံရုံးများနဲ့  အယူလွဲများကို တည့်ခဲ့သော်လဲ ကျားကျားမီးယပ် လူစုတွေ ၊ နိုင်ငံရေးနဲ့  ဘာသာရေးမခွဲခြားနိုင်တဲ့  လူမိုက်တွေကြားမှာတော့ အမှန်တရားဟာ မထွန်းကားနိုင်သေးပါဘုရား
ဘုရားတပည့်တော် စာရှည်ကို ချုပ်ရရင်တော့ တပည့်တော်တို့ ရဲ့  အဓမ္မ၀ါဒီများကို ဖေါ်ထုတ်ဆန့် ကျင်ခြင်းဆိုတဲ့  လုပ်ငန်းသည် ရေဆန်လမ်းကို လျှောက်ရသလို ခက်ခဲနေဆဲပါဘုရား။
သို့ သော်မသိနားမလည်ခြင်းကို အခြေခံပြီး ဖြစ်လာတဲ့  ပြဿနာမို့  ခနိုးခနဲ့  စောင်းကာရွဲ့ ကြသော်လည်း သည်းခံပြီးသာ မှန်ရာကို ဆက်လက်တင်ပြ ဖြန့် ဖြူးကြရုံသာ ရှိပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား

2 comments:

  1. ဓမ္မလောအဖွဲ့(သို့) အစွန်းရောက်ထေရ၀ါဒီများသို့

    http://mandalaygazette.com/60505/uncategorized-other/copypaste

    ReplyDelete
  2. လာတင်ပေးထားတဲ့  စာဖတ်ရတော့ ကျေးဇူးတကယ်တင်တယ်ဗျာ ။
    ဘာကြောင့်လဲဆိုတော့ အသက်လဲ တ၀က်လောက် ပြန်ငယ်သွားတယ် ။
    ကျေးဇူးရှင်ဆရာများရဲ့  ဂုဏ်ကျေးဇူးကိုလဲ အောင့်မေ့ရလို့  ကုသိုလ်လဲ ပွားရပါတယ် ။
    မျက်စေ့ထဲ ခုတောင်မြင်နေသေးတယ် ။
    မနက် ရောင်းလှည့်တော့ သူ့ မူအတိုင်း ချစ်စရာ အပြုံးကြီးနဲ့ 
    ကို ---- မခွဲခင် ဘာဖြစ်တယ်ဆိုတာ သိလားဗျတဲ့  ။
    ဆရာကလဲ ဟုတ်ကဲ့ ပါဆရာကြီး။ သိပါတယ်ဆိုတော့
    ကိုယ်ပြောချင်တာက ကိုရင် Midline နဲ့  ၀င်ထားတာကိုပါ ။ မခက်ဘူးလားဗျ။ right paramedian နဲ့ ဆို သူ့ အပေါက်ပေါ် တည့်တည့်ဘဲ။
    ဆရာကလဲ ဟုတ်ကဲ့ပါဆရာကြီး ။ ကျွန်တော်က တခါထဲ DV & Pyloroplasty ရမလာလို့ ပါ ။
    အဲ---- ခင်ဗျားကလဲ ။ လွယ်တာကို ခက်အောင် ။
    ဒီစကားမျိုးတွေက မကြာခဏ ကြားနေရတဲ့  စကားတွေပါ ။
    ဆရာကြီး သွန်သင်တာကို ကြားရလို့  ဆရာ့ ကို အထင်မသေးဘူးသလို ဆရာကြီးနဲ့  ဆရာ အယူအဆ မတူကြလို့  ခွဲစိတ်ပညာကြီး မှားနေတယ်လို့  တခါမှ အတွေးမ၀င်ခဲ့ မိတဲ့  ကိုယ့်ဟာကိုယ်လဲ ကျေနပ်မိပါတယ် ။
    ဒါကို သတိရမိတာက ခု လာတင်ထားတဲ့  လင့်မှာပါတဲ့  ဦးဥေးယျ နဲ့  ဦးဗုဓ်တို့ ရဲ့  သိမ်သမုဒ်ရာမှာ အယူအဆ မတူကြဆိုတဲ့  ( difference of opinion in practical application ) သေးသေးလေးကနေ ထေရ၀ါဒတခုလုံးမှာ အမှားတွေ ပါနေနိုင်တယ်တဲ့  leap of logic ကို သြချမလောက် တွေ့ လိုက်ရတာပါဘဲ ။
    တော်သေးသဟ။ ငါဒီလို အတွေးအခေါ်မျိုး မ၀င်ခဲ့ မိအောင် ဆရာကောင်းများနဲ့  ရင်အုပ်မကွာ နေခဲ့ ရတာ ကံကောင်းလေခြင်းလို့  ဆရာများကျေးဇူးကို အကြိမ် ကြိမ် ဦးနှိမ်မိပါ ။

    ReplyDelete