ကမ္ပဿ ကာရကော နတ္ထိ၊ ဝိပါကဿ စ ဝေဒကော။
သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝေတံ သမ္မဒဿနံ။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာလာ ဂါထာကို ရုပ်ဝါဒနှင့် ညီအောင် လိုသလိုဆွဲယူထားပြီး ''ပြုလုပ်သူ ကာရကသည် ရုပ်တုံး ရုပ်ခဲ၊ ခံစားသူဝေဒကလည်း ရုပ်သဘာဝပင်''ဟူသော ရုပ်တရားကို အတ္တဟုယူရာရောက်သဖြင့် အတ္တဒိဋ္ဌိသာ ဖြစ်ရကား အဓမ္မဝါဒသာ ဖြစ်ပါသည် ဘုရား၊ ဟု စောဒကဆရာတော်များက ဦးဥက္ကဋ္ဌသည် ရုပ်ဝါဒီများ ဖြစ်ပုံကို စွဲချက်တင်ထားကြသည်။
ယင်းသို့ ရုပ်နှင့် နာမ်တို့ အကြောင်းအားလျော်စွာ သူ့သဘောသူဆောင်လျက် ဖြစ်ပေါ်လာကြရာတွင် အပြင်အပမှ တိုက်တွန်းနှိုးဆော်တတ်, စေခိုင်းတတ်သော အတ္တဝိညာဉ်လည်း မရှိ၊ အတွင်းသို့ ဝင်၍ ခံစားခြင်း ပြုလုပ်ခြင်း စသော ကိစ္စကို ဆောင်ရွက်တတ်သော မည်သည့်အတ္တဝိညာဉ်မျှလည်း မရှိပေ၊ ရုပ်တရား နာမ်တရား ပရမတ်အသား စင်စစ်သည်သာလျှင် မိမိ မိမိ၏ ကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာစေသည်၊
ထို့ပြင် ကမ္မဿ ကာရကော နတ္ထိ-ဟူသော ပါဠိကို ဦးဥက္ကဋ္ဌ ယူဆသည့်အတိုင်း သဒ္ဒါနည်းကျကျ၊ အနက်ပေးရသည်ရှိသော် ကမ္မဿ ကာရကော=ကံကို ပြုတတ်သော ကာရက ရုပ်တုံးရုပ်ခဲသည်၊ နတ္ထိ=မရှိ ဟူ၍ ဖြစ်ပေသည်၊ ထို့ကြောင့် ဦးဥက္ကဋ္ဌလုပ်ပုံသည် သဒ္ဒါနည်း အနက်နည်းတို့ဖြင့် ကျကျနန စစ်ဆေးလိုက်သည့်အခါတွင် အနှစ်သာရ ရှာမရ၊ ပိဏ္ဍတ္ထကောက်၍ မရသောသူရူး၏ စကားကဲ့သို့ ဖြစ်ကြောင်း တွေ့ရပေသည်။
''ရုပ်သည် အခြေခံဖြစ်၍ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် ရုပ်ကို တည်ရာမှီရာထား၍ ဖြစ်ပေါ်လာသော အကျိုးတရား (ဝါ)အခိုးသတ္တိ (ဝါ)ရုပ်၏ အဟုန်မျှသာ ဖြစ်ပေသည်''ဟူသော ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ် ရေးသားသူ ဦးကိုကိုလေး၏ အဆိုသည်လည်းကောင်း၊
''အလုပ်လုပ် ဆိုတာ တကယ်ရှိတဲ့ ရုပ်ကို ကောင်းအောင် အလုပ်လုပ်ကြရမှာ၊ စိတ်ကို ကောင်းအောင် လုပ်လို့ မရဘူး''ဟူသော ဦးဥက္ကဋ္ဌ၏ အဆိုသည်လည်းကောင်း၊
''အဆင့်ဆင့် အကဲခတ် လေ့လာသောအခါ ဤဘူတရုပ်တို့တွင် ရုပ်ဟုလည်းကောင်း၊ နာမ်ဟုလည်းကောင်း စသည်ဖြင့် ဖြစ်နေသောကြောင့် အားလုံး ရုပ်သဘာဝ အခြေခံချည်း ဖြစ်နေသည်ကို တွေ့ရပေသည်'' ဟူသော ဗုဒ္ဓဝိပဿနာ ပထမတွဲ၊ နှာ-၈၄၊ ၈၅ ၌ ရေးသားထားသော သခင်မြတ်ဆိုင်၏ အဆိုသည်လည်းကောင်း၊ ယင်းစာအုပ် နှာ-၁၃ဝ ၌ ထပ်မံဖော်ပြသော-
''ရုပ်နှင့်နာမ် ၂-ခုမှာ တစ်ခုနှင့်တစ်ခု မကွဲပေ၊ ရုပ်လည်း နာမ်၊ နာမ်သည်ပင် ရုပ်အဖြစ် ဒွန်တွဲကာ အစဉ် အတူ ဖြစ်ပျက်နေသည်ကို တွေ့မြင်မှသာ ချက်ချင်း ဖြစ်သည်ကို ဖြစ်မှန် သိသည်'' ဟူသော သခင်မြတ်ဆိုင်၏ ဒုတိယအဆိုသည်လည်းကောင်း ရုပ်ဝါဒကိုအခြေခံ၍ ဗုဒ္ဓဓမ္မကို ကပြက်ကချော် ရေးသားပြောဟောခြင်းမျှသာ ဖြစ်သည်၊ ဤအနက်သဘောမျိုးကို မည်သည့်အခါမှ ဗုဒ္ဓမြတ်စွာ မဟောပေ၊ ဗုဒ္ဓဝါဒ အတွင်းသို့ ထိုသူတို့၏ ရုပ်ဝါဒ သွတ်သွင်းလာခြင်းသာ ဖြစ်သည်၊ တစ်နည်းဆိုသော် ဗုဒ္ဓဝါဒ မျက်နှာဖုံးတပ်၍ ရုပ်ဝါဒကို ဖြန့်ဖြူးနေခြင်းဖြင့် ဗုဒ္ဓသာသနာကိုပျက်စီးအောင် အားထုတ်နေခြင်းသာ ဖြစ်သည်။
ဤ ၂ဝ-ရာစုခေတ်၌ အသစ်အဆန်းလုပ်၍ ရှေ့တန်းတင် ပြောဆိုရေးသားနေသော ဦးဥက္ကဋ္ဌ၏ အဆိုကို ဗုဒ္ဓမြတ်စွာဘုရား မပွင့်မပေါ်မီ နှစ်ပေါင်းများစွာကပင် ပေါ်ထွန်းနေသော ဗြာဟ္မဏလူမျိုး ကျာရ်ဗာက စသော ဆရာကြီးတို့၏ ရုပ်ဝါဒနှင့် တစ်ထပ်တည်း တူညီနေပုံကို အောက်ပါအတိုင်း တွေ့ရှိရသည်။
က- မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးသည် အမှန်သဘောတွေ ဖြစ်သည်၊
ခ- ဤဓာတ်ကြီးလေးပါးတို့၏ အစုအပေါင်းကို ကိုယ်ခန္ဓာ၊ အာရုံစိတ်၊ အာရုံ ဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။
ဂ- ယင်း ဓာတ်ကြီးလေးပါးမှ စိတ်ဟူသော အသိသဘော ပေါ်လာသည်။
ဃ- တဆေးစသည်မှ မူးယစ်စေတတ်သော သတ္တိ ပေါ်လာသကဲ့သို့ ယင်း ဓာတ်ကြီးလေးပါးမှ ဝိညာဉ်ပေါ်လာသည်၊ ဓာတ်ကြီး လေးပါးတို့ကသာလျှင် စဉ်းစားတွေးတောကုန်၏။
င- စိတ် ဝိညာဉ်ဖြင့် အထူးပြုအပ်သော ရုပ်ကြမ်းကြီးပင် အတ္တ(ဝါ)သတ္တဝါဖြစ်သည်။
စ- ရေပွက်သည် ရေ၏ အပေါ်၌ ရုတ်ချည်းမြင် ရုတ်ချည်းပျောက်သွားသကဲ့သို့ ဇီဝသည်လည်း ရုတ်ချည်းမြင် ရုတ်ချည်းပျောက်သွားလေသည်။
ဆ- နိဗ္ဗာန်(ဝါ)လွတ်မြောက်ခြင်းဟူသည် သေဆုံးကွယ်လွန်ခြင်းပင်တည်း။
ဇ- စီးပွား ဥစ္စာနှင့် ကာမချမ်းသာသည်သာ သတ္တဝါတို့၏ လိုရင်အကျိုးဖြစ်သည်။ (တရားကျင့်ခြင်း, လွတ်မြောက်ခြင်း ဟူသည် စင်စစ် အနက်အဓိပ္ပာယ်မရှိပေ။)
ဈ- လောကသားတို့၏ လမ်းစဉ်ကိုသာ လိုက်ရမည်။ (လောကုတ္တရာလမ်းကြောင်းဟူ၍ မရှိ။)
ည- တမလွန်ဘဝ၌ ရှိသော သတ္တဝါဟူ၍ မရှိသောကြောင့် တမလွန်လောကဟူသည်လည်း မရှိပေ။
ဋ- မျက်စိ, နား, နှာ, လျှာ, ကိုယ်တို့ဖြင့် ထိတွေ့ခံစားအပ်သော မျက်တွေ့ လက်တွေ့သည်သာ ခိုင်လုံသော ပမာဏဖြစ်သည် (မျက်တွေ့, လက်တွေ့ မဟုတ်သော အရာသည် မခိုင်လုံ၊ ပမာဏ မမည်။) (လောကာယတသုတ် ခေါ် (ဗြိဟတ်ဆပတိ) ရေးသောသုတ်)
အထက်ပါသုတ်တွင် (ခ) အမှတ်စကားအရ ပ, အာ, ဝါ, တေ ဓာတ် ၄-ပါးကိုပင် ခန္ဓာကိုယ်ဟူ၍လည်းကောင်း၊ စ, သ, ဃ, ဇ, က ခေါ် ပသာဒ ၅-ပါး၊ ဆင်း, သံ, နံ, စား, တွေ့ အာရုံ ၅-ပါးဟူ၍လည်းကောင်း ခေါ်သည်ဟုဆိုထားရာ ရုပ်သည် နာမ်၊ နာမ်သည် ရုပ်ဟု ဆိုသော လူသေလူဖြစ် ဆရာတပည့်တို့၏ ဝါဒနှင့် တစ်ထပ်တည်းကျနေ၏။
ဦးဥက္ကဋ္ဌနှင့် သခင်မြတ်ဆိုင်တို့သည် လေနှင့် တေဇော တွေ့လျှင် အား/အသက်ဟူ၍ ပေါ်လာ၏ဟု ဆိုကြ၏၊ ဦးကိုကိုလေးက နာမ်သည် ရုပ်၏အခိုးဟု ဆို၏၊ (ဃ)အမှတ်ပြ အထက်ပါသုတ်လာ အရက်မျိုးစေ့မှ မူးယစ်စေတတ်သော သတ္တိ ပေါ်လာသကဲ့သို့ ဓာတ်၎-ပါးမှ ဝိညာဉ်ပေါ်လာသည်ဟူသောစကားနှင့် တစ်သားတည်း ကျလေတော့၏။
(ည)အမှတ်ပြ စကားအရ တမလွန်ဘဝ၌ရှိသော သတ္တဝါဟူ၍ မရှိသောကြောင့် တမလွန်လောကဟူသည်လည်း မရှိပေဟူသော လောကာယတသုတ်အဆိုသည် စုဒိတကတို့၏ ပခက်နှင့် ခေါင်းအကြားသာ စဉ်းစား၍ အခြားဘာကိုမျှ မစဉ်းစားဟူသော အဆိုနှင့် နှစ်ပေါင်း ၃ဝဝဝ-ခန့် ခြားသော်လည်း မပြားမကွဲ တစ်သားတည်း ဖြစ်၍နေသည်ကို တွေ့ကြရ၏။
(ဋ)အမှတ်ပြ မျက်တွေ့လက်တွေ့သာ ခိုင်လုံသော ပမာဏ ဖြစ်သည်ဟူသော အဆိုနှင့် လူသေလူဖြစ် ဦးဥက္ကဋ္ဌ၊ သူ၏တပည့် သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများ၏ လက်တွေ့မျက်တွေ့ဝါဒသည် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေကဲ့သို့ တစ်သားတည်း ရောနှောညီညွတ် လေတော့၏။
ထို့ပြင် ဗုဒ္ဓမြတ်စွာမပေါ်မီ နှစ်ပေါင်း ၅ဝဝ-လောက် စော၍ ပေါ်ထွန်းခဲ့သော အမည်မထင်ရှားသူ ရေးသည့် ဆန္ဒောဂျဥပနိသျှဒ်၌ ဤသို့ ဆို၏။
စားလိုက်သော အစာသည် သုံးမျိုးကွဲ၍ ထွက်သည်၊ အကြမ်းစားဓာတ်တစ်စုသည် ကျင်ကြီး ဖြစ်သည်၊ အလတ်စား ဓာတ်တစ်စုသည် အသားဖြစ်သည်၊ အနုဆုံးဖြစ်သော ဓာတ်တစ်စုသည်ကား စိတ်ဝိညာဉ် ဖြစ်ပေါ်လာသည်။
သောက်လိုက်သော ရေသည် ၃-မျိုးကွဲ၍ ထွက်သည်၊ အကြမ်းစားဓာတ်တစ်စုသည် ကျင်ငယ် ဖြစ်သည်၊ အလတ်စား ဓာတ်စုသည် သွေး ဖြစ်သည်၊ အနုဆုံးဖြစ်သော ဓာတ်တစ်စုသည်ကား အသက် ဖြစ်ပေါ်လာသည်။
ဤဝါဒသည် ဆယ့်ကိုးရာစု ဝန်းကျင်တွင် ဂျာမနီပြည်၌ စတင် ခေတ်စားလာသောဝါဒ ဖြစ်သည်၊ လူဗစ်ဗျူးခနဲ(Kari Vogt lud B chner)အမည်ရှိ ဂျာမန်အမျိုးသားနှင့် ဂျက်ကော့မောလေးရှော့(Jacou Molescholt)ဆိုသူ ဒတ်ခ်ျအမျိုးသားတို့သည် ရုပ်ကြမ်းဝါဒီများ ဖြစ်ကြသည်၊ သူတို့ အဆိုကား တံတွေးအကျိတ်များမှ တံတွေးယိုထွက်သလို အသည်းမှ သည်းခြေယိုထွက်သလို ဦးနှောက်မှ စိတ်ခေါ်သော ရုပ်တစ်မျိုး စိမ့်ထွက်နေသည်ဟု ဆိုကြ၏၊ စိတ်အစဉ်သည် ဦးနှောက်တွင် ထင်ဟပ်သော ရုပ်၏ အရိပ်အသွင် ဖြစ်သော်လည်း မြင်ကောင်းသော အရိပ် မဟုတ်၊ ထိတွေ့ရကောင်းသော အရိပ်အသွင်မဟုတ်၊ ဓာတ်ပုံရိုက်ယူ၍ မရကောင်းပေ။
အထက်ပါ စိစစ်ချက်များအရ ရုပ်လည်း နာမ်၊ နာမ်လည်း ရုပ် အတူတူပင် ဖြစ်သည်ဟူသော ဦးကိုကိုလေး၊ ဦးဥက္ကဋ္ဌ၊ သခင်မြတ်ဆိုင်တို့နှင့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့၏ ဝါဒသည် လောကာယတသုတ်၌ ဗြိဟတ်ဆပတိဆရာ ရေးသားထားသော ဗုဒ္ဓမပွင့်ပေါ်မီက ပေါ်ခဲ့သော ရှေးဟောင်းဗြာဟ္မဏလူမျိုး ကျာရ်ဗာကဝါဒနှင့် တစ်ထပ်တည်း တူညီနေသည်ကို တွေ့ရ၏၊ ထို့ပြင်ရှေးဟောင်းဆန္ဒောဂျ ဥပနိသျှာဒ်ကျမ်း အဆိုနှင့်လည်းကောင်း၊ လူဒ်ဗစ်ဗျူးခနဲနှင့် ဂျက်ကော့မောလေးရှော့တို့၏ ရုပ်ကြမ်းဝါဒနှင့်လည်းကောင်း ချွတ်စွပ်တူနေသည်ကို တွေ့ကြရပေသည်။
သို့ဖြစ်၍ ယနေ့ တောင်တွင်းကြီး ဦးဥက္ကဋ္ဌတို့ ရေးသားပြောဟောနေသော ဝါဒသည် ရှေးဟောင်း ရုပ်ကြမ်းဝါဒကို ပြန်လည်ဆန်းသစ်ထားခြင်းမျှသာ ဖြစ်ကြောင်း လယ်ပြင်ဆင်သွားသကဲ့သို့ ထင်ရှားလှပေသည်၊ ထို့ကြောင့် တောင်တွင်းကြီး ဦးဥက္ကဋ္ဌ၏ ဝါဒသည် ရုပ်ဝါဒ၊ ဦးဥက္ကဋ္ဌ၏သည် ရုပ်ကြမ်းဝါဒီ၊ ဦးကိုကိုလေး၏ ဝါဒသည် ရုပ်ဝါဒ၊ ဦးကိုကိုလေးသည် ရုပ်ကြမ်းဝါဒီတစ်ဦး၊ သခင်မြတ်ဆိုင်၏ ဝါဒသည် ရုပ်ဝါဒ၊ သခင်မြတ်ဆိုင်သည် ရုပ်ကြမ်းဝါဒီတစ်ဦး၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ ဝါဒသည် ရုပ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသီ ဆိုသူတို့သည် ရုပ်ဝါဒီများသာ ဖြစ်ကြောင်းကို ခပ်ရှင်းရှင်း သိရှိမှတ်သားနိုင်ကြပေသည်၊ ဗုဒ္ဓဟူသော စကားလုံး, သမ္မာဒိဋ္ဌိဟူသော စကားလုံးများကို အကာအကွယ်ယူပြီး ရုပ်ဝါဒလက်နက်ဖြင့် ဗုဒ္ဓသာသနာကို အတွင်းကနေ ပျက်စီးအောင် ဖျက်ဆီးနေကြသော ပုဂ္ဂိုလ်များ၏ ဇာတ်ရုပ်ကို ပေါ်လွင်အောင် သာသနာတော်ကြီး၏ နောင်ရေးကို မျှော်တွေးရှုငဲ့ပြီး ဖော်ထုတ်စိစစ်လိုက်ရပေသည်။
ထို့ကြောင့် ဦးဥက္ကဋ္ဌနှင့် တပည့်အသိုင်းအဝိုင်းတို့၏ ရုပ်ဝါဒအမြင်ဖြင့် လုပ်သမျှသည် ပရမတ္ထ အဘိဓမ္မာသဘောတရားနှင့် မညီညွတ်ရကား အဓမ္မဝါဒသာဖြစ်သည်ဟု အမှတ်(၂) သီးခြားဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝေတံ သမ္မဒဿနံ။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာလာ ဂါထာကို ရုပ်ဝါဒနှင့် ညီအောင် လိုသလိုဆွဲယူထားပြီး ''ပြုလုပ်သူ ကာရကသည် ရုပ်တုံး ရုပ်ခဲ၊ ခံစားသူဝေဒကလည်း ရုပ်သဘာဝပင်''ဟူသော ရုပ်တရားကို အတ္တဟုယူရာရောက်သဖြင့် အတ္တဒိဋ္ဌိသာ ဖြစ်ရကား အဓမ္မဝါဒသာ ဖြစ်ပါသည် ဘုရား၊ ဟု စောဒကဆရာတော်များက ဦးဥက္ကဋ္ဌသည် ရုပ်ဝါဒီများ ဖြစ်ပုံကို စွဲချက်တင်ထားကြသည်။
ဗုဒ္ဓဝါဒ နာမ်ရုပ်
နာမ်သဘောတရားနှင့် ကင်း၍ရုပ်ချည်းသက်သက်ဖြင့် ပြုလုပ်ခြင်း ခံစားခြင်း မြင်ခြင်း ကြားခြင်း စသည် မည်သည့်အခါမျှ မဖြစ်နိုင်ချေ၊ ရုပ်တရားသည် အကန်းနှင့်တူ၍ နာမ်တရားသည် အကျိုးနှင့် တူသည်၊ အကန်းသည် အကျိုးကို ထမ်းပိုး၍ လမ်းသွားသောအခါ လမ်းကောင်း လမ်းဆိုး အနိမ့် အမြင့် စသည်ကို အကျိုးက မြင်၍ အကျိုး၏ လမ်းညွှန်ချက်အတိုင်း အကန်းက လိုရာခရီးသို့ ရောက်အောင် သွားရဘိသကဲ့သို့ ရုပ်တရားသည် သူ့ချည်းသက်သက် ပြုခြင်း ခံစားခြင်း စသည် မပြုတတ်မူ၍ နာမ်တရား၏ စေစားချက်အရသာ ပြုခြင်း ခံစားခြင်း စသော ကိစ္စကို ပြီးစေရသည်၊ ထို့အတူပင် နာမ်တရားချည်း သက်သက်လည်း မြင်ခြင်း ကြားခြင်း သွားလာလှုပ်ရှားခြင်းကို မပြုတတ်ဘဲ ရုပ်တရားကို မှီရမှသာ ယင်း ကိစ္စကို ဆောင်ရွက်နိုင်သည်။ယင်းသို့ ရုပ်နှင့် နာမ်တို့ အကြောင်းအားလျော်စွာ သူ့သဘောသူဆောင်လျက် ဖြစ်ပေါ်လာကြရာတွင် အပြင်အပမှ တိုက်တွန်းနှိုးဆော်တတ်, စေခိုင်းတတ်သော အတ္တဝိညာဉ်လည်း မရှိ၊ အတွင်းသို့ ဝင်၍ ခံစားခြင်း ပြုလုပ်ခြင်း စသော ကိစ္စကို ဆောင်ရွက်တတ်သော မည်သည့်အတ္တဝိညာဉ်မျှလည်း မရှိပေ၊ ရုပ်တရား နာမ်တရား ပရမတ်အသား စင်စစ်သည်သာလျှင် မိမိ မိမိ၏ ကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာစေသည်၊
ထို့ပြင် ကမ္မဿ ကာရကော နတ္ထိ-ဟူသော ပါဠိကို ဦးဥက္ကဋ္ဌ ယူဆသည့်အတိုင်း သဒ္ဒါနည်းကျကျ၊ အနက်ပေးရသည်ရှိသော် ကမ္မဿ ကာရကော=ကံကို ပြုတတ်သော ကာရက ရုပ်တုံးရုပ်ခဲသည်၊ နတ္ထိ=မရှိ ဟူ၍ ဖြစ်ပေသည်၊ ထို့ကြောင့် ဦးဥက္ကဋ္ဌလုပ်ပုံသည် သဒ္ဒါနည်း အနက်နည်းတို့ဖြင့် ကျကျနန စစ်ဆေးလိုက်သည့်အခါတွင် အနှစ်သာရ ရှာမရ၊ ပိဏ္ဍတ္ထကောက်၍ မရသောသူရူး၏ စကားကဲ့သို့ ဖြစ်ကြောင်း တွေ့ရပေသည်။
ရုပ်လည်းနာမ်၊ နာမ်လည်း ရုပ်ဟုဆိုရာ၌ စိစစ်သုံးသပ်ချက်
''ရုပ်သည် အခြေခံဖြစ်၍ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် ရုပ်ကို တည်ရာမှီရာထား၍ ဖြစ်ပေါ်လာသော အကျိုးတရား (ဝါ)အခိုးသတ္တိ (ဝါ)ရုပ်၏ အဟုန်မျှသာ ဖြစ်ပေသည်''ဟူသော ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ် ရေးသားသူ ဦးကိုကိုလေး၏ အဆိုသည်လည်းကောင်း၊
''အလုပ်လုပ် ဆိုတာ တကယ်ရှိတဲ့ ရုပ်ကို ကောင်းအောင် အလုပ်လုပ်ကြရမှာ၊ စိတ်ကို ကောင်းအောင် လုပ်လို့ မရဘူး''ဟူသော ဦးဥက္ကဋ္ဌ၏ အဆိုသည်လည်းကောင်း၊
''အဆင့်ဆင့် အကဲခတ် လေ့လာသောအခါ ဤဘူတရုပ်တို့တွင် ရုပ်ဟုလည်းကောင်း၊ နာမ်ဟုလည်းကောင်း စသည်ဖြင့် ဖြစ်နေသောကြောင့် အားလုံး ရုပ်သဘာဝ အခြေခံချည်း ဖြစ်နေသည်ကို တွေ့ရပေသည်'' ဟူသော ဗုဒ္ဓဝိပဿနာ ပထမတွဲ၊ နှာ-၈၄၊ ၈၅ ၌ ရေးသားထားသော သခင်မြတ်ဆိုင်၏ အဆိုသည်လည်းကောင်း၊ ယင်းစာအုပ် နှာ-၁၃ဝ ၌ ထပ်မံဖော်ပြသော-
''ရုပ်နှင့်နာမ် ၂-ခုမှာ တစ်ခုနှင့်တစ်ခု မကွဲပေ၊ ရုပ်လည်း နာမ်၊ နာမ်သည်ပင် ရုပ်အဖြစ် ဒွန်တွဲကာ အစဉ် အတူ ဖြစ်ပျက်နေသည်ကို တွေ့မြင်မှသာ ချက်ချင်း ဖြစ်သည်ကို ဖြစ်မှန် သိသည်'' ဟူသော သခင်မြတ်ဆိုင်၏ ဒုတိယအဆိုသည်လည်းကောင်း ရုပ်ဝါဒကိုအခြေခံ၍ ဗုဒ္ဓဓမ္မကို ကပြက်ကချော် ရေးသားပြောဟောခြင်းမျှသာ ဖြစ်သည်၊ ဤအနက်သဘောမျိုးကို မည်သည့်အခါမှ ဗုဒ္ဓမြတ်စွာ မဟောပေ၊ ဗုဒ္ဓဝါဒ အတွင်းသို့ ထိုသူတို့၏ ရုပ်ဝါဒ သွတ်သွင်းလာခြင်းသာ ဖြစ်သည်၊ တစ်နည်းဆိုသော် ဗုဒ္ဓဝါဒ မျက်နှာဖုံးတပ်၍ ရုပ်ဝါဒကို ဖြန့်ဖြူးနေခြင်းဖြင့် ဗုဒ္ဓသာသနာကိုပျက်စီးအောင် အားထုတ်နေခြင်းသာ ဖြစ်သည်။
ဤ ၂ဝ-ရာစုခေတ်၌ အသစ်အဆန်းလုပ်၍ ရှေ့တန်းတင် ပြောဆိုရေးသားနေသော ဦးဥက္ကဋ္ဌ၏ အဆိုကို ဗုဒ္ဓမြတ်စွာဘုရား မပွင့်မပေါ်မီ နှစ်ပေါင်းများစွာကပင် ပေါ်ထွန်းနေသော ဗြာဟ္မဏလူမျိုး ကျာရ်ဗာက စသော ဆရာကြီးတို့၏ ရုပ်ဝါဒနှင့် တစ်ထပ်တည်း တူညီနေပုံကို အောက်ပါအတိုင်း တွေ့ရှိရသည်။
ကျာရ်ဗာက ရုပ်ကြမ်းဝါဒ
က- မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးသည် အမှန်သဘောတွေ ဖြစ်သည်၊
ခ- ဤဓာတ်ကြီးလေးပါးတို့၏ အစုအပေါင်းကို ကိုယ်ခန္ဓာ၊ အာရုံစိတ်၊ အာရုံ ဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။
ဂ- ယင်း ဓာတ်ကြီးလေးပါးမှ စိတ်ဟူသော အသိသဘော ပေါ်လာသည်။
ဃ- တဆေးစသည်မှ မူးယစ်စေတတ်သော သတ္တိ ပေါ်လာသကဲ့သို့ ယင်း ဓာတ်ကြီးလေးပါးမှ ဝိညာဉ်ပေါ်လာသည်၊ ဓာတ်ကြီး လေးပါးတို့ကသာလျှင် စဉ်းစားတွေးတောကုန်၏။
င- စိတ် ဝိညာဉ်ဖြင့် အထူးပြုအပ်သော ရုပ်ကြမ်းကြီးပင် အတ္တ(ဝါ)သတ္တဝါဖြစ်သည်။
စ- ရေပွက်သည် ရေ၏ အပေါ်၌ ရုတ်ချည်းမြင် ရုတ်ချည်းပျောက်သွားသကဲ့သို့ ဇီဝသည်လည်း ရုတ်ချည်းမြင် ရုတ်ချည်းပျောက်သွားလေသည်။
ဆ- နိဗ္ဗာန်(ဝါ)လွတ်မြောက်ခြင်းဟူသည် သေဆုံးကွယ်လွန်ခြင်းပင်တည်း။
ဇ- စီးပွား ဥစ္စာနှင့် ကာမချမ်းသာသည်သာ သတ္တဝါတို့၏ လိုရင်အကျိုးဖြစ်သည်။ (တရားကျင့်ခြင်း, လွတ်မြောက်ခြင်း ဟူသည် စင်စစ် အနက်အဓိပ္ပာယ်မရှိပေ။)
ဈ- လောကသားတို့၏ လမ်းစဉ်ကိုသာ လိုက်ရမည်။ (လောကုတ္တရာလမ်းကြောင်းဟူ၍ မရှိ။)
ည- တမလွန်ဘဝ၌ ရှိသော သတ္တဝါဟူ၍ မရှိသောကြောင့် တမလွန်လောကဟူသည်လည်း မရှိပေ။
ဋ- မျက်စိ, နား, နှာ, လျှာ, ကိုယ်တို့ဖြင့် ထိတွေ့ခံစားအပ်သော မျက်တွေ့ လက်တွေ့သည်သာ ခိုင်လုံသော ပမာဏဖြစ်သည် (မျက်တွေ့, လက်တွေ့ မဟုတ်သော အရာသည် မခိုင်လုံ၊ ပမာဏ မမည်။) (လောကာယတသုတ် ခေါ် (ဗြိဟတ်ဆပတိ) ရေးသောသုတ်)
အထက်ပါသုတ်တွင် (ခ) အမှတ်စကားအရ ပ, အာ, ဝါ, တေ ဓာတ် ၄-ပါးကိုပင် ခန္ဓာကိုယ်ဟူ၍လည်းကောင်း၊ စ, သ, ဃ, ဇ, က ခေါ် ပသာဒ ၅-ပါး၊ ဆင်း, သံ, နံ, စား, တွေ့ အာရုံ ၅-ပါးဟူ၍လည်းကောင်း ခေါ်သည်ဟုဆိုထားရာ ရုပ်သည် နာမ်၊ နာမ်သည် ရုပ်ဟု ဆိုသော လူသေလူဖြစ် ဆရာတပည့်တို့၏ ဝါဒနှင့် တစ်ထပ်တည်းကျနေ၏။
ဦးဥက္ကဋ္ဌနှင့် သခင်မြတ်ဆိုင်တို့သည် လေနှင့် တေဇော တွေ့လျှင် အား/အသက်ဟူ၍ ပေါ်လာ၏ဟု ဆိုကြ၏၊ ဦးကိုကိုလေးက နာမ်သည် ရုပ်၏အခိုးဟု ဆို၏၊ (ဃ)အမှတ်ပြ အထက်ပါသုတ်လာ အရက်မျိုးစေ့မှ မူးယစ်စေတတ်သော သတ္တိ ပေါ်လာသကဲ့သို့ ဓာတ်၎-ပါးမှ ဝိညာဉ်ပေါ်လာသည်ဟူသောစကားနှင့် တစ်သားတည်း ကျလေတော့၏။
(ည)အမှတ်ပြ စကားအရ တမလွန်ဘဝ၌ရှိသော သတ္တဝါဟူ၍ မရှိသောကြောင့် တမလွန်လောကဟူသည်လည်း မရှိပေဟူသော လောကာယတသုတ်အဆိုသည် စုဒိတကတို့၏ ပခက်နှင့် ခေါင်းအကြားသာ စဉ်းစား၍ အခြားဘာကိုမျှ မစဉ်းစားဟူသော အဆိုနှင့် နှစ်ပေါင်း ၃ဝဝဝ-ခန့် ခြားသော်လည်း မပြားမကွဲ တစ်သားတည်း ဖြစ်၍နေသည်ကို တွေ့ကြရ၏။
(ဋ)အမှတ်ပြ မျက်တွေ့လက်တွေ့သာ ခိုင်လုံသော ပမာဏ ဖြစ်သည်ဟူသော အဆိုနှင့် လူသေလူဖြစ် ဦးဥက္ကဋ္ဌ၊ သူ၏တပည့် သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများ၏ လက်တွေ့မျက်တွေ့ဝါဒသည် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေကဲ့သို့ တစ်သားတည်း ရောနှောညီညွတ် လေတော့၏။
ထို့ပြင် ဗုဒ္ဓမြတ်စွာမပေါ်မီ နှစ်ပေါင်း ၅ဝဝ-လောက် စော၍ ပေါ်ထွန်းခဲ့သော အမည်မထင်ရှားသူ ရေးသည့် ဆန္ဒောဂျဥပနိသျှဒ်၌ ဤသို့ ဆို၏။
စားလိုက်သော အစာသည် သုံးမျိုးကွဲ၍ ထွက်သည်၊ အကြမ်းစားဓာတ်တစ်စုသည် ကျင်ကြီး ဖြစ်သည်၊ အလတ်စား ဓာတ်တစ်စုသည် အသားဖြစ်သည်၊ အနုဆုံးဖြစ်သော ဓာတ်တစ်စုသည်ကား စိတ်ဝိညာဉ် ဖြစ်ပေါ်လာသည်။
(အဓျာယ ၆၊ ကဏ္ဍ ၅၊ အပိုဒ် ၁)
သောက်လိုက်သော ရေသည် ၃-မျိုးကွဲ၍ ထွက်သည်၊ အကြမ်းစားဓာတ်တစ်စုသည် ကျင်ငယ် ဖြစ်သည်၊ အလတ်စား ဓာတ်စုသည် သွေး ဖြစ်သည်၊ အနုဆုံးဖြစ်သော ဓာတ်တစ်စုသည်ကား အသက် ဖြစ်ပေါ်လာသည်။
(အဓျာယ ၆၊ ကဏ္ဍ ၅၊ အပိုဒ် ၂)
ရုပ်ကြမ်းဝါဒ
ထိုမှတပါး ရုပ်နှင့်နာမ်ကို ထပ်တူ ယူဆသော Vulgar materialism ရုပ်ကြမ်းဝါဒ၏ သဘောကို ရှင်းပြဦးမည်။ဤဝါဒသည် ဆယ့်ကိုးရာစု ဝန်းကျင်တွင် ဂျာမနီပြည်၌ စတင် ခေတ်စားလာသောဝါဒ ဖြစ်သည်၊ လူဗစ်ဗျူးခနဲ(Kari Vogt lud B chner)အမည်ရှိ ဂျာမန်အမျိုးသားနှင့် ဂျက်ကော့မောလေးရှော့(Jacou Molescholt)ဆိုသူ ဒတ်ခ်ျအမျိုးသားတို့သည် ရုပ်ကြမ်းဝါဒီများ ဖြစ်ကြသည်၊ သူတို့ အဆိုကား တံတွေးအကျိတ်များမှ တံတွေးယိုထွက်သလို အသည်းမှ သည်းခြေယိုထွက်သလို ဦးနှောက်မှ စိတ်ခေါ်သော ရုပ်တစ်မျိုး စိမ့်ထွက်နေသည်ဟု ဆိုကြ၏၊ စိတ်အစဉ်သည် ဦးနှောက်တွင် ထင်ဟပ်သော ရုပ်၏ အရိပ်အသွင် ဖြစ်သော်လည်း မြင်ကောင်းသော အရိပ် မဟုတ်၊ ထိတွေ့ရကောင်းသော အရိပ်အသွင်မဟုတ်၊ ဓာတ်ပုံရိုက်ယူ၍ မရကောင်းပေ။
Brain is instrument of thinking or organ of thought, but it is mind or thinking itself.
''ဦးနှောက်သည် တွေးခေါ်စဉ်းစားရန် လက်နက်ကိရိယာ၊ တစ်နည်း- စဉ်းစားတွေးတောသည့် အင်္ဂါရပ်ဖြစ်သည်၊ သို့သော် ယင်းဦးနှောက်သည်ပင် စိတ်(ဝါ)အတွေးအခေါ် ဖြစ်သည်''ဟူ၍ ဆိုလေသည်။(မြန်မာလုပ်သားနေ့စဉ်၊ ၁၅-၃-၆၈၊ မောင်ချစ်လှိုင်)
အထက်ပါ စိစစ်ချက်များအရ ရုပ်လည်း နာမ်၊ နာမ်လည်း ရုပ် အတူတူပင် ဖြစ်သည်ဟူသော ဦးကိုကိုလေး၊ ဦးဥက္ကဋ္ဌ၊ သခင်မြတ်ဆိုင်တို့နှင့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့၏ ဝါဒသည် လောကာယတသုတ်၌ ဗြိဟတ်ဆပတိဆရာ ရေးသားထားသော ဗုဒ္ဓမပွင့်ပေါ်မီက ပေါ်ခဲ့သော ရှေးဟောင်းဗြာဟ္မဏလူမျိုး ကျာရ်ဗာကဝါဒနှင့် တစ်ထပ်တည်း တူညီနေသည်ကို တွေ့ရ၏၊ ထို့ပြင်ရှေးဟောင်းဆန္ဒောဂျ ဥပနိသျှာဒ်ကျမ်း အဆိုနှင့်လည်းကောင်း၊ လူဒ်ဗစ်ဗျူးခနဲနှင့် ဂျက်ကော့မောလေးရှော့တို့၏ ရုပ်ကြမ်းဝါဒနှင့်လည်းကောင်း ချွတ်စွပ်တူနေသည်ကို တွေ့ကြရပေသည်။
သို့ဖြစ်၍ ယနေ့ တောင်တွင်းကြီး ဦးဥက္ကဋ္ဌတို့ ရေးသားပြောဟောနေသော ဝါဒသည် ရှေးဟောင်း ရုပ်ကြမ်းဝါဒကို ပြန်လည်ဆန်းသစ်ထားခြင်းမျှသာ ဖြစ်ကြောင်း လယ်ပြင်ဆင်သွားသကဲ့သို့ ထင်ရှားလှပေသည်၊ ထို့ကြောင့် တောင်တွင်းကြီး ဦးဥက္ကဋ္ဌ၏ ဝါဒသည် ရုပ်ဝါဒ၊ ဦးဥက္ကဋ္ဌ၏သည် ရုပ်ကြမ်းဝါဒီ၊ ဦးကိုကိုလေး၏ ဝါဒသည် ရုပ်ဝါဒ၊ ဦးကိုကိုလေးသည် ရုပ်ကြမ်းဝါဒီတစ်ဦး၊ သခင်မြတ်ဆိုင်၏ ဝါဒသည် ရုပ်ဝါဒ၊ သခင်မြတ်ဆိုင်သည် ရုပ်ကြမ်းဝါဒီတစ်ဦး၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ ဝါဒသည် ရုပ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသီ ဆိုသူတို့သည် ရုပ်ဝါဒီများသာ ဖြစ်ကြောင်းကို ခပ်ရှင်းရှင်း သိရှိမှတ်သားနိုင်ကြပေသည်၊ ဗုဒ္ဓဟူသော စကားလုံး, သမ္မာဒိဋ္ဌိဟူသော စကားလုံးများကို အကာအကွယ်ယူပြီး ရုပ်ဝါဒလက်နက်ဖြင့် ဗုဒ္ဓသာသနာကို အတွင်းကနေ ပျက်စီးအောင် ဖျက်ဆီးနေကြသော ပုဂ္ဂိုလ်များ၏ ဇာတ်ရုပ်ကို ပေါ်လွင်အောင် သာသနာတော်ကြီး၏ နောင်ရေးကို မျှော်တွေးရှုငဲ့ပြီး ဖော်ထုတ်စိစစ်လိုက်ရပေသည်။
ထို့ကြောင့် ဦးဥက္ကဋ္ဌနှင့် တပည့်အသိုင်းအဝိုင်းတို့၏ ရုပ်ဝါဒအမြင်ဖြင့် လုပ်သမျှသည် ပရမတ္ထ အဘိဓမ္မာသဘောတရားနှင့် မညီညွတ်ရကား အဓမ္မဝါဒသာဖြစ်သည်ဟု အမှတ်(၂) သီးခြားဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
No comments:
Post a Comment