Showing posts with label အသင်းအကြောင်း. Show all posts
Showing posts with label အသင်းအကြောင်း. Show all posts

January 15, 2010

ဓမ္မဥပဒေပြန့်ပွားရေးအသင်းချုပ်၏ ရည်ရွယ်ချက်

သျှင်သာမိ - မုံရွာ | 2:18 AM | Be the first to comment!
၁။ သင်္ဂါယနာခြောက်တန် တင်ထားအပ်ပြီးသော ထေရဝါဒသာသနာတော် - ပိဋကတ်သုံးပုံလာ တရားတော်များ ပြန့်ပွားစေလျက် ဗုဒ္ဓသာသနာဝင် ရဟန်းရှင်တို့နှင့် ဥပါသကာ၊ ဥပါသိကာအားလုံး အဆိုပါ ပိဋကတ်သုံးပုံလာတရားတော်တို့အတိုင်း ကျင့်ကြံပွားများအားထုတ်၍ ပစ္စုပ္ပန်၊ သံသရာ ကောင်းကျိုးနှစ်ဖြာတို့နှင့် နိဗ္ဗာန်ချမ်းသာ တိုင်အောင် ကောင်းကျိုးများ ခံစားနိုင်ကြစေရန်။ 

၂။ နိုင်ငံတော် သံဃဝိနိစ္ဆယဌာနနှင့် သာသနာရေးဌာနတွင် အဓမ္မဝါဒဖြစ်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးထား ရှိပြီး နေရာဟောင်းတွင်ပင်ဖြစ်စေ၊ အခြားမြို့-ရွာ-နေရာသစ်တွင်ဖြစ်စေ၊ အမည်ဟောင်းဖြင့်ဖြစ်စေ၊ အခြား အမည်သစ်ဖြင့်ဖြစ်စေ အဓမ္မဝါဒများ ဆက်လက်ဟောပြော၊ ဖြန့်ချိနေမှုများကို သံဃဝိနိစ္ဆယကာကွယ်စောင့် ရှောက်ရေး ဥပဒေပုဒ်မအရ သာသနာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထုတ်ဖော်စွဲဆိုချက်များ တင်သွင်း သွားရန်။ 

၃။ အဓမ္မဝါဒသစ်တစ်ခုခု၏ ပျံ့နှံ့မှုပမာဏအရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တင်ပြပြီး နိုင်ငံတော်သံဃ ဝိနိစ္ဆယဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့က အဓမ္မဝါဒသစ်ကို စစ်ဆေးဆုံးဖြတ်၍ တားဆီး၊ ဖယ်ရှားနိုင်ရေး အတွက် စောဒနာလွှာများ ပြုစုတင်သွင်းသွားရန်။ 

၄။(ထေရဝါဒဗုဒ္ဓသာသနာတော်(ပိဋကတ်သုံးပုံ)သည်နိုင်ငံတော်၏ဘာသာသာသနာဖြစ်သည်)ဟု ယုံကြည်သည်နှင့်အညီ ထေရဝါဒဗုဒ္ဓသာသနာတော် (ပိဋကတ်သုံးပုံ) အား စော်ကား၊ ပုတ်ခတ်၊ တိုက်ခိုက်၊ နစ်နာစေမှုများကို စုံစမ်း၍ ဖော်ထုတ်၊ တားဆီး၊ ဖယ်ရှားမှုများကို ဓမ္မလမ်းကြောင်းအတွင်းမှ အစွမ်းရှိသမျှ ဆက်လက်ဆောင်ရွက်သွားရန်။

 ၅။ (ထေရဝါဒဗုဒ္ဓသာသနာတော် (ပိဋကတ်သုံးပုံ) သည် နိုင်ငံတော်၏ ဘာသာသာသနာဖြစ်သည်)ဟု ယုံကြည် သည်နှင့်အညီ ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့စေရန် စာအားဖြင့်လည်းကောင်း၊ တစ်ဦးချင်းလည်းကောင်း၊အစုအဖွဲ့အလိုက်လည်းကောင်း၊ကွန်ရက်နည်းပညာများဖြင့်လည်းကောင်း စုံစမ်း ဖော်ထုတ်၍ ပြန်လည်ဖြန့်ချိပေးရန်။
Read more ...

ဓမ္မဥပဒေပြန့်ပွားရေးအသင်းချုပ်အကြောင်း

သျှင်သာမိ - မုံရွာ | 12:28 AM | Be the first to comment!

အသင်းချုပ်၏ အမည်၊ တည်နေရာ၊ တည်ထောင်သည့်နေ့၊


(က) အသင်းချုပ်၏ အမည်
ဤအသင်းချုပ်ကို (ဓမ္မဥပဒေပြန့်ပွားရေးအသင်းချုပ်)ဟု ခေါ်တွင်စေရမည်။ အသင်းချုပ်၏ အသင်းခွဲများ ဖြစ်ပေါ်လာလျှင် အမည်၏နောက်တွင် မြန်မာနိုင်ငံတော်ကို ဖြည့်စွက်ခေါ်တွင်ရမည်။ (ဥပမာ-ဓမ္မဥပဒေ ပြန့်ပွားရေး အသင်းချုပ်၊ မြန်မာနိုင်ငံတော်) အသင်းခွဲအမည်များတွင် အသင်းချုပ်ဟုသုံးစွဲခြင်း မရှိစေရ။ (ဥပမာ-ဓမ္မဥပဒေ ပြန့်ပွားရေးအသင်း၊ ဗဟန်းမြို့နယ်)

(ခ) အသင်းချုပ်၏ တည်နေရာ
၁။ ဤအသင်းချုပ်၏ တည်နေရာသည် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း၌ တည်ရှိစေရမည်။ 
၂။ ဤအသင်းချုပ်ဝင် အသင်း၊ အဖွဲ့များ၏ တည်နေရာသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် တည်ရှိစေရမည်။
၃။ ဤအသင်းချုပ်၏ အသင်းခွဲများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် တည်ရှိစေရမည်။

(ဂ) အသင်းချုပ်တည်ထောင်သည့်နေ့
ဤအသင်းချုပ်ကို သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ အဘိဓမ္မာအခါတော်နေ့၊ မြန်မာနှစ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ စနေနေ့တွင် စတင်တည်ထောင်သည်။
Read more ...

အသင်းချုပ်တည်ထောင်ရသည့် အကြောင်းရင်း

သျှင်သာမိ - မုံရွာ | 12:13 AM | Be the first to comment!
ဤအသင်းချုပ်တည်ထောင်ရခြင်း အကြောင်းရင်းမှာ - 

 ၁။ လွန်ခဲ့သော ၁၉၈၃ ခုနှစ်က အဓမ္မဝါဒအဖြစ် ကြေညာထားအပ်ပြီးဖြစ်သော အဓမ္မဝါဒအဟောင်းကြီးက နာမည်သစ်ဖြင့် ပြန်လည်၍အင်အားကြီးလာခြင်း၊ 
၂။ အခြားသော အဓမ္မဝါဒဟောင်းများလည်း အုပ်စုအသီးသီးဖွဲ့စည်း၍ ပြန်လည်ခေါင်းထောင်လာကြခြင်း၊ 
၃။ အဆိုပါအဓမ္မဝါဒ ဖြန့်ချိသူများက သိုသိုသိပ်သိပ်ဖြင့် ဝါဒဖြန့်နေသည်တို့ကို ကြားမြင်တွေ့ကြုံနေကြရသော် လည်း တစ်ဦးတည်း၊ တစ်ယောက်တည်းဖြင့် ဆောင်ရွက်နိုင်ရန် ခက်ခဲလှသည်ဖြစ်၍ ကိုယ်နှင့်မဆိုင်သကဲ့သို့ လျစ်လျူရှုနေကြရခြင်း၊ 
၄။ ထိုသို့ လျစ်လျူရှုကာ ရှောင်လွှဲသည်းခံနေကြရသဖြင့် ထိုထို အဓမ္မဝါဒအင်အားစုများ ပြန်လည်စုမိလာခြင်း၊ 
၅။ အဓမ္မဝါဒအသစ် တည်ထောင်ဟောပြောဖြန့်ချိနေသည့် အဖွဲ့အစည်းသစ်များလည်း တိုးပွားလာနေခြင်း၊ ၆။ အဆိုပါ အဓမ္မဝါဒဟောင်းများ၊ အဓမ္မဝါဒသစ်များနှင့်စပ်လျဉ်း၍ တစ်ဦးချင်း၊ တစ်ယောက်ချင်းအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲလှစွာသော အဓမ္မဝါဒ ဖော်ထုတ်၊ တားဆီး၊ ဖယ်ရှားရေးကိစ္စအဆင့်ဆင့်တို့ကို တူညီသောအသင်း၊ အဖွဲ့၊ ပုဂ္ဂိုလ်များကတာဝန်ယူ၍ ကျွမ်းကျင်သူများဖြင့် ဖြစ်မြောက်အောင် ဆောင်ရွက်ပေး လိုခြင်းတို့ကြောင့် တည်ထောင်ရခြင်းဖြစ်သည်။ 

အသင်းချုပ်၏အမည်နှင့် တံဆိပ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်
အသင်းချုပ်၏ အမည်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် 

 ၁။ (ဓမ္မ) ဟူသည်မှာ- ထေရဝါဒဗုဒ္ဓသာသနာတော် (ပိဋကတ်သုံးပုံ) ကို ဆိုလိုသည်။ 
၂။(ဥပဒေ)ဟူသည်မှာ- ထေရဝါဒဗုဒ္ဓသာသနာတော်မှ သွေဖည်သော၊ ချွတ်ချော်တိမ်းစောင်းသော၊ လမ်းလွဲသော အပြုအမူ၊ အပြောအဆို၊ အရေးအသားတို့ကို စိစစ်ပေးမည့် ဗုဒ္ဓ၏ပြဋ္ဌာန်းချက် ဓမ္မဝိနယကို ဆိုလိုသည်။ ၃။ (ပြန့်ပွားရေး)ဟူသည်မှာ- ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးမှ ချွတ်ချော်၊ သွေဖည်၊ လမ်းလွဲမှုများကို ဓမ္မဝိနယ တို့ဖြင့် စိစစ်ပြီး နှုတ်အားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း၊ တစ်ဦးချင်းလည်းကောင်း၊ အစုအဖွဲ့ အလိုက်လည်းကောင်း၊ ကွန်ရက်နည်းပညာများဖြင့်လည်းကောင်း ပြန်လည်ဖြန့်ချိပေးမည်ကို ဆိုလိုသည်။ 
၄။(အသင်းချုပ်)ဟူသည်မှာ- ဤသို့သော လုပ်ငန်းရပ်များတွင် စိတ်တူညီမျှကြသူ အသင်းများ၊ အဖွဲ့များ၊ ပုဂ္ဂိုလ်များ စုပေါင်းပါဝင်ဆောင်ရွက်ကြသည့်အတွက် ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။ 

  အသင်းချုပ်၏ တံဆိပ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် 

 ၁။ (ဓမ္မစကြာ}၏အဓိပ္ပာယ်မှာ- ထေရဝါဒဗုဒ္ဓသာသနာဝင် အသင်း၊ အဖွဲ့၊ ပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက်သည့် အထိမ်းအမှတ်အဖြစ် ဆိုလိုသည်။ 
၂။ (ဆည်းလည်း}၏အဓိပ္ပာယ်မှာ- မြတ်ဗုဒ္ဓ၏ ထေရဝါဒဓမ္မဝိနယများသည် ပျံ့နှံ့ဝေလွင်စေလိုသည့် အထိမ်း အမှတ်အဖြစ် ဆိုလိုသည်။ 
၃။ တစ်ဖက်တစ်ချက်ရှိ (ကလပ်ပေါ်မှ ပေစာထုပ်}၏အဓိပ္ပာယ်မှာ- အသင်းချုပ်၏မည်သည့်ကိစ္စရပ်မဆို မြတ် ဗုဒ္ဓ၏ဓမ္မဝိနယ မူဘောင်အတွင်းကသာ ဆောင်ရွက်မည်ကို ဆိုလိုသည်။ 

  အသင်းချုပ်ဝင် အမျိုးအစား 

အသင်းချုပ်ဝင် အသင်း-အဖွဲ့တစ်ခုခုတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက် အသင်းချုပ်ဝင် အဖြစ် အဆိုပြုသူများနှင့် အသင်းခွဲတစ်ခုခုတွင် ပါဝင်ဆောင်ရွက်လို၍ ဆန္ဒပြုသူများမှ အသင်းချုပ်က သတ်မှတ် ချက်နှင့်လျော်ညီ အသိအမှတ်ပြုသူများကို အသင်းချုပ်ဝင်အဖြစ် သတ်မှတ်သည်။
Read more ...

November 15, 2009

ဓမ္မဥပဒေပြန့်ပွားရေး အသင်းချုပ်အကြောင်း

မေတ္တာတံခွန် | 7:45 AM | | 1 Comment so far
သာသနာနှစ် ၂၅၅၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်)နေ့ (၃ အောက်တိုဘာ ၂၀၀၉) တွင် 

တစ်သီးပုဂ္ဂလ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ၊

အဓမ္မဝါဒဖော်ထုတ်- တားဆီး-ဖယ်ရှားရေးအဖွဲ့၊

ဓမ္မရံသီ နှင့် ဓမ္မရတနာ ဓမ္မကလောင်ရှင်များ အဖွဲ့၊

မြတ်ပန်းရဂုံ ဓမ္မကလောင်ရှင်များ အဖွဲ့၊

သဒ္ဓါဓိက လူငယ်အဖွဲ့၊

မေတ္တာတံခွန် အသင်း တို့ ပူးပေါင်း၍ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (၄အောက်တိုဘာ ၂၀၀၉) တွင်

အသင်းချုပ်၏ နာယက အဖွဲ့၊

အလုပ်အမှုဆောင်အဖွဲ့တို့ကို ရွေးချယ်၍ ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညှနျကွားလှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories