October 23, 2010

ဦးကျော်ဟိန်းအား ဟောကြားအပ်သော ပါချုပ်ဆရာတော်၏ တရားတော် - ၁ -

''ကြွပါ၊ ကြွပါ၊ ဘယ်မှာသီတင်းသုံးသလဲ''
''မော်လမြိုင်မှာ တစ်ခါတစ်လေ ပဲခူးမှာပါ''

''ဘယ်ကျောင်းမှာသီတင်းသုံးတာလဲ''

''မော်လမြိုင်မှာ မိုးမခကျောင်းပါဘုရား''

'' ဘယ်ဆရာတော်ကြီးဆီမှာလဲ''

''ဆရာတော်ဓမ္မပါ----------၊ ငယ်ငယ်ရှိပါသေးတယ်ဘုရား၊ဆင်ဖြူကျောင်းတိုက်----ကျိုက်သလ္လံဘုရားအရှေ့ဘက်'

"မော်လမြိုင်ကို နှစ်ခေါက်လောက်ပဲ ရောက်ဖူးတယ်။ ကျိုက်သလ္လံဘုရားတော့ မသိဘူး။ ဘယ်နှစ်ဝါရပြီလဲ''

'နှစ်ဝါပြည့်တော့မယ်ဘုရား၊ တပည့်တော်အပြီးဝတ်လိုက်တာ'

''ကောင်းပါတယ်''

''ဘာမှကို မရှိတော့ဘူး၊ တပည့်တော်၏ ရည်ရွယ်ချက်က လူဖြစ်ရတုံးလူဖြစ်ကျိုးနပ်ချင်တယ် ၊လူ့ဘဝတုံးက
လုပ်လို့ရတာ အစွမ်းရှိသမျှအကုန် တပြည်လုံးကို အကျိုးပြုတယ်ဘုရား၊ အခုရဟန်းဘဝရောက်တယ်၊
ဘုန်းဘုန်းတို့ ရှေ့ကသွား၊ တပည့်တော်တို့ နောက်ကလိုက်၊ ဘုန်းဘုန်းတို့ ဘုရားတရားတော်တွေနဲ့ တပည့်တော်
လူ့ဘဝတုန်းက ကြိုးစားအားထုတ်ထားတာနဲ့ ကိုက်ညီမကိုက်ညီ မဟာစည်ဆရာတော်ဘုရားရေးတဲ့ စာအုပ်တွေ
တပည့်တော် ဖတ်တယ်ဘုရား၊ ပုရာဘေဒသုတ်၊ အနတလက္ခဏသုတ်၊ ဓမ္မစကြာ၊ ပဋိစ္စသမုပ္ပါဒ် ပထမတွဲ၊
ဒုတိယတွဲ၊ တပည့်တော် လူ့ဘဝတုန်းက အကြမ်းဖြင်း သဘောပေါက်ထားတာ-- ဝါသနာပါလို့ဘုရား၊ နောက်ပြီး
လူ့ဘဝရဲ့ အဓိပါယ် လူဖြစ်တုန်း ဘာလုပ်သင့်သလဲ၊ ထိုက်ထိုက်တန်တန် အသုံးချခြင်လို့
ဆရာတော်ဘုရားပေါင်းများစွာ တပည့်တော်လိုက်တွေ့ပါတယ်၊ ဆရာ တော်ဖြေလေ၊ မေးခွန်းတွေ
မေးပါမယ်။ တပည့်တော်ကိုယ်တိုင်အားထုတ်ကြည့်တယ်၊ ဒီနေ့ ဆိုရင် တပည့်တော်၏ မိတ်ဆွေ ဦးရဲထွန်း
အရင်တုန်းက ဦးချန်ထွန်း၊ဒေါက်တာဘမော်၊ သမက် ---တပည့်တော်ထက် ၁ဝနှစ်ကြီးတယ်ဘုရား၊
အခု ၆၃ နှစ်၊ တပည့်တော်ရဲ့ အသိုင်း အဝိုင်း တပည့်တော်ရဲ့ ပတ်ဝန်းကျင်မှာတော့ အသက်တွေကြီးပြီးတော့
သေသေချာချာ ကိုယ့်ကိစ္စရော သူများကိစ္စရော မကျေတဲ့လူအများကြီးပဲ၊ တပည့်တော်ကတော့
တပည့်တော်ပတ်ဝန်းကျင်မှာ ကိုယ်တိုင်လည်းတာဝန်ကျေချင်တယ်၊ ဆရာတော်ဘုရားတို့လုပ်နေတာတွေ
တပည့်တော် အရမ်းအားကျတယ၊် တပည့်တော်တို့ ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းမှာ ပျော်နေကြတယ၊်
အဲဒါတွေ တကယ်တမ်းတော့ ဒုက္ခတွေရောက်နေကြတာ ၊ တပည့်တော် လူတွေနားလည်အောင်
လိုက်ဆွေးနွေးတာဘုရား၊ ဒါပေမဲ့ တပည့်တော်မှာ ဘာအပြစ်ဖြစ်လဲဆိုတော့၊ ဘာဝါမှမရဘဲ သူက
ဘာတွေလုပ်မှာတုံးဆိုပြီး တပည့်တော်ကို အမြင်မကြည်လင်ဘူးဘုရား၊ အဲဒါ ဆရာတော်ဘုရားဆီကို
တပည့်တော်လာလျှောက်တာပါ၊ တပည့်တော်သိတာထားတွေ၊ ကြိုးစားအားထုတ်ထားတာတွေဟာ
ဆရာတော်ဘုရားတို့လို ဆရာတော်ဘုရားကြီးတွေ သိထားအောင်လို့၊ လွဲနေလား၊ လာလျှောက်တာ၊
တပည့်တော်က အခုကလေးတွေကို အဓိကထားပြီး သြကာသအဓိပါယ် - တစ်ကြိမ်၊တော်တော်များများ
သြကာသမသိဘူးဘုရား၊ လူကြီးတွေလည်း မသိတဲ့အတွက် ကလေးတွေလဲ မသိဘူး၊ တပည့်တော်က
ဧရာဝတီတိုင်းက ရွှေဖလားကျွန်းကို ရောက်တယ်။ အဲဒီကလေးတွေ ရဲ့ ဆရာမတစ်ယောက်က သူ့ကလေးတွေတဲ့
တခြားဘာသာက သိမ်းသွင်းခြင်းကို ခံလိုက်ရတယ်၊ ဟိုဘက် ဘုရားက သိကြားလုံး ကျွေးတယ်၊ ဒီဘက်ဘုရားက
ဘာမှလည်း မကျွေးဘူး၊ အဲဒါဦးဇင်းကြီးကယ်ပါဦးလို့ ပြောတယ်၊ အဲဒီတုံးကတော့ တပည့်တော်
ရုပ်ရှင်လောကလူ့ဘဝတုံးက ကျော်ဟိန်းဆိုတဲ့နာမည်ကို နည်းနည်းအသုံးချလိုက်တယ်၊ ဟာ
ကျော်ဟိန်းလာနေပြီဆို သူတို့လာတယ် တပည့်တော် သြကာသ ရှင်းပြတယ်။ တပည့်တော် လေ့လာရှာဖွေထားပြီး
သိသလောက် ပြီးတော့မှ ရပ်ပြစ်ရှစ်ပါး၊ အဲဒီရပ်ပြစ်ရှစ်ပါးထဲက တပည့်တော်က ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ
သက်တော်ထင်ရှားရှိစဉ်က တပည့်တော် ဆရာတော်ဘုရားကို သွားလျှောက်တယ်၊ ဆရာတော်ဘုရားတို့က
နိဗ္ဗာန်အကြောင်း သိပ်ပြောတယ်၊ နိဗ္ဗာန်ဆိုတာရှိသလား ၊ ဆရာတော်ဘုရားရောက်ဖူးလား၊ ဘယ်နားမှာတုံး
တပည့်တော်သွားချင်တယ်၊ လိုက်ပို့ပေးပါ၊ 'မင်းဟာ ငါတို့ဗုဒ္ဓကိုလာတိုက်ခိုက်တာလား၊' ဟုတ်ပါဘူးဘုရား၊
တပည့်တော်က ဗုဒ္ဓဘာသာ အစစ်ဖြစ်ချင်တာ၊ ဗုဒ္ဓဘာသာအစစ်ဆိုတာ ဘာလုပ်ရတာလဲ၊နောက် ကလေးတွေကို
အဲဒီကနေ ကိုယ့်အကြောင်းကို စပြောတာ၊ သူက တပည့်တော် ဘာပြန်ပြောတုန်းဆိုတော့ 'မင်းကမမြင်ဘူးတာနဲ့
မရှိဘူးပြောရအောင် ရှိတာကို သိတဲ့အသိဥာဏ် မင်းမှာဘယ်လောက်ရှိလို့လဲ၊' အဲဒီမှာတရားတော်တွေကို
သိနားလည်ချင်လို့ ကြိုးစားအားထုတ်တယ်ဘုရား၊ စာဖတ်လို့ သိတာထက် အဲဒီစာထဲမှာပါတာကို
ကိုယ်တိုင်ကျင့်ကြည့်တဲ့အခါ နောက်ထပ်သိတာ၊ အဲဒါ တပည့်တော် အခု ရောက်တဲ့အရပ်မှာ
ဦးဇင်းကျော်ဟိန်းဆိုပြီး လာပါဦးဗျာဆိုပြီး တပည့်တော် ဆွေးနွေးတာ၊ ပလ္လင်ပေါ်မှာထိုင်ပြီး
တရားဟောတာမဟုတ်ဘူး၊ ဆွေးနွေးတာ၊ ဒကာတို့ ဒကာမတို့ တစ်နေ့တစ်နေ့စိတ်ဒုက္ခရောက်တဲ့အချိန်
စိတ်သက်သာတဲ့အချိန် ဘယ်အချိန်ပိုများလဲ တပည့်တော်က မေးတယ်၊ စိတ်ဒုက္ခရောက်တဲ့အချိန် ပိုများတယ်တဲ့၊
အဲဒါကို ဦးဇင်းဆွေးနွေးကြည့်မယ်၊ ကိုယ်စိတ်ကို ဒုက္ခပေးနေတာ ကိုယ်တွေးနေတဲ့ အတွေးကြောင့်
မဟုတ်ဘူးလားလို့၊ မဖြစ်သေးတာတွေစဉ်းစားတယ်၊ ဖြစ်ပြီးတာတွေပြန်မရနိုင်မှန်း သိရဲ့သားနဲ့
စဉ်းစားတယ်၊ ဒုက္ခအရောက်ခံနေတာမဟုတ်ဘူးလား၊ အခု ပစ္စုပ္ပန်တဲ့တဲ့မှာ ကိုယ်စိတ်ကိုထားနိုင်ရင်
သက်သာလိမ့်မယ်၊ သူတို့နားလည်နိုင်တဲ့ စကားတွေနဲ့ တရားတွေကို တပည့်တော်ဆွေးနွေးပါတယ်ဘုရား။
အဓိကကတော့ ကိုယ်စိတ်ကိုယ်ကို ပစ္စုပ္ပန်မှာထားနိုင်ရင်သက်သာမယ်လို့ သူတို့ကို ကျေးဇူးဆပ်တဲ့သဘော။
တပည့်တော် ၄၁ နှစ် သရုပ်ဆောင်မှုကိုအားပေးခဲ့တဲ့ ပရိသတ်ကိုကျေးဇူးပြန်ဆပ်တယ်၊ တခြား တော့ဘာမှ
မဟုတ်ဘူး၊ ဆရာတော်ဘုရားရဲ့ ပညာဂုဏ်နဲ့ တပည့်တော်အခုလျှောက်တာ၊ ဘုရားစကားနဲ့ လွဲနေလား၊

- ''ပစ္စုပ္ပန်တည့်တည့်ထားတယ်ဆိုတာ ထားပုံထားနည်းလေးကော ပြောသေးလား၊

''ပြောတယ်ဘုရား၊ အဲတော့ ဦးဇင်းကြီးကဘယ်လိုလုပ်တုံး ဦးဇင်းကြီးကိုယ်စိတ်ကို စောင့်ကြည့်တယ်၊
စောင့်ကြည့်တဲ့အခါ ခန္ဓာရှိရင် ပစ္စည်း ၆ ခုကနေ ကိုယ်ကို တလှည့်ပြီးတလှည့် တစ်ခုပြီးတစ်ခု ဆက်တိုက်ကို
ဝင်တာ၊ သိမှန်းသိတာက စတယ်၊ ကို ဝင်တာ ဝင်မှန်းသိတယ်၊ သိလိုက်တဲ့အချိန်မှာ လက်မခံဘူး၊
ပြန်ထွက်သွားတာ သဘာဝဖြစ်နေတယ်၊ အဲဒီတော့ မသိဘဲနဲ့ လက်ခံလိုက်တဲ့အခါမှာ သူတို့ကကိုယ့်စိတ်မှာ
ဖြစ်ခွင့်ရသွားပြီး ကိုယ့်စိတ်ကိုနှိပ်စက်တာ၊ အဲတော့ အဲဒီအာရုံ ၆ ပါးကြောင့် ဝင်လာတာတွေကို သတိထားပြီး
ကိုယ့်စိတ် ကိုပစ္စုပ္ပန်တည့်တည့်ထားနိုင်ရင် အဲဒီအာရုံပေါင်းများစွာဟာ ကိုယ့်စိတ်ကို ........ အလေ့
အကျင့်ဖြစ်နေတယ်၊ ဝင်လာပေမယ့် သူဟာသူပြန်ထွက်သွားတယ်၊ အဲဒီလိုဆိုရင် သက်သာမယ်၊
ဒါပေမယ့် အဲဒီသက်သာ .....လုပ်နိုင်ရင်ခဏပဲ၊ ဆက်တိုက်လုပ်နိုင်ရင် ..........မြတ်စွာဘုရား
နောက်ဆုံးဟောကြားတော်မူတဲ့ အပ္ပမာဒေနသမ္ပဒေထ- မမေ့မလျော့ မပေါ့မဆ ဆိုတဲ့စကား အဓိပ္ပာယ်ကို
တပည့်တော်တို့က လူ့ဘဝမှာအကြာကြီး နှစ်ပေါင်း ၆၁-နှစ်နေခဲ့တာ၊ တပည့်တော်ကို အားပေးတဲ့သူတွေကလည်း
အဲဒီအသက်အတိုင်း မမေ့မလျော့မပေါ့မဆ မမေ့ခြင်းဟာ သတိပဲ၊ သတိကို အထူးတလယ် တပည့်တော်
သူတို့နားလည်အောင်ပြောပါတယ်၊ တပည့်တော်က သတိကြီးစွာ ထားပါ၊ တရားအားထုတ်တယ်ဆိုတာ
အမှတ်တမဲ့နေနေတဲ့စိတ်တွေကို သတိစိတ်အဖြစ် ပြောင်းလဲတာ၊ သူတို့နားလည်တယ်၊
သူတို့သဘောပေါက်တယ်၊ အဲဒါကို ဆရာတော်ဘုရား ကိုလျှောက်တာ၊

''ပစ္စုပ္ပန်ထားဆိုတာ ပြောတော့တော့လွယ်တာပေါ့နော်၊ အာရုံကိုတော့
နှစ်မျိုးကြည့်ရမယ်၊ အာရုံတိုင်းကို ပုတ်ထုတ်ရမှာမဟုတ်ဘူး၊''

''မှန်ပါ့ဘုရား''

''ဝင်လာတဲ့အာရုံက အာရုံပေါ်မှာမူတည်ပြီးတော့စိတ်ဖြစ်ပုံက ၂ မျိုးရှိတယ်၊ ဆိုပါတော့
မျက်စိရှိလို့ မြင်စရာတော့မြင်မှာပေါ့နော်၊ မြင်စရာအာရုံသည် မြင်လာသည့်အာရုံသည်
လိုချင်စရာကောင်းတဲ့ (desirable object) ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်အဖို့မှာနော် ၊ နှစ်သက်စရာ
အာရုံဖြစ်ချင်ဖြစ်မယ်၊ မနှစ်သက်စရာ မုန်းတီးစရာ အာရုံဖြစ်ချင်ဖြစ်မယ်၊ ဘာမျှမဟုတ်ဘဲနဲ့ ကိုယ်က၊
အာရုံရဲ့သဘောကို တွေဝေစရာအာရုံဖြစ်ချင် ဖြစ်မယ်၊ တစ်ခုကတော့ လိုချင်စရာအာရုံနဲ့
မုန်းတီးစရာလို့၊ အာရုံနှစ်ခု ဝင်လာနိုင်တယ်၊ အဲတော့ ဝင်လာတဲ့အခါ ဘယ်အာရုံပဲဝင်ဝင်
အဓိကိကကတော့ ကိုယ်ရဲ့အတွင်း အဇ္ဈတ္တက ထိုအာရုံပေါ်မှာ ဆင်ခြင်သုံးသပ်တဲ့ ယောနိသောမနသိကာရ
နဲ့ ၊ အယောနိသော မနသိကာရ လို့နှစ်ခုရှိတယ်၊ နှစ်သက်စရာ အာရုံလေးကို ကြည့်ပြီးတော့ 'ဟာ
နှစ်သက်စရာ ကောင်းလိုက်တာ' လို့ဆိုလို့ရှိရင် ဒီအတွေးကြောင့် လောဘဖြစ်လာတယ်၊
မနှစ်သက်စရာအာရုံဆိုလို့ရှိရင် 'အို မုန်းစရာကောင်းလိုက်တဲ့ အာရုံကြီးပဲ၊ ငါမကြိုက်တာကြီးပဲ'လို့
အဲဒီအာရုံပေါ်မှာ အဲဒီလို နှလုံးသွင်းလိုက်မယ်ဆိုလို့ရှိရင် ဒေါသဖြစ်လာတယ်၊ အာရုံရဲ့ သဘာဝ
အစစ်အမှန်ကို မသိလိုက်လို့ရှိရင်လဲဘဲ တွေဝေမှုဆိုတာ ဖြစ်သွားတယ်၊ အဲဒီတော့ ကိုယ်သန္တာန်မှာ
ဘာထူထောင်ရမလဲဆိုလို့ရှိရင် ဘယ်အာရုံပဲလာလာ ယောနိသော မနသိကာရ ထားနိုင်ဖို့ပဲ၊
အဲဒါကိုလေ့ကျင့်တာပါ တရားအားထုတ်တယ်ဆိုတာ၊ ယောနိသောမနသိကာရထားရမယ်၊
နှစ်သက်စရာအာရုံကို တွေ့လိုက်တဲ့အခါမှာလဲဘဲ လောဘမဖြစ်အောင်ထိန်းရမယ်နော်၊
မုန်းတီးစရာအာရုံ ပေါ်လာရင်လည်းဒေါသမဖြစ် အောင်ထိန်းပါ၊ နှစ်သက်စရာလဲမဟုတ်ဘူး၊
မုန်းတီးစရာလဲမဟုတ်ဘူး။ အာရုံရဲ့ သဘာဝကို တွေဝေစရာ အာရုံဝင်လာလို့ရှိရင်လဲဘဲ
အာရုံရဲ့သဘာဝကိုအမှန်သိအောင် ကြိုးစားရမယ်၊ မောဟမဖြစ်အောင်ပါ ထိန်းပါ။ အဲဒီလို
ထိန်းလိုက်တဲ့ အလေ့အကျင့်တစ်ခုက ကမ္မဌာန်းတရား အားထုတ်တာပဲ၊ ဆိုလိုတာက သတိဆိုတဲ့ဟာ
ထားလိုက်သည့်အတွက်ကြောင့် နှစ်သက်စရာ အာရုံကိုနှစ်သက်စရာအာရုံ၊ မနှစ်သက်စရာအာရုံကို
မနှစ်သက်စရာအာရုံလို့ သတိထားတတ်လာပြီးဆိုတဲ့ အခါကျတော့ နောက်က ဆင်ခြင်ဥာဏ်ဆိုတဲ့
သမ္ပဇညတရား လိုက်လာတာပေါ့နော်၊ ဆင်ခြင်ဥာဏ်ဆိုတဲ့ သမ္ပဇညတရား လိုက်လာတဲ့အခါမှာ
ကောင်းတဲ့အာရုံပဲဖြစ်ဖြစ် မကောင်းတဲ့ အာရုံပဲဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ အကယ်၍ လောဘဖြစ်သွား
ရင်လဲ ပြန်ထိမ်းလိုက်နိုင်တယ်၊ သြော် ငါလောဘဖြစ်သွားတယ်၊ ဒေါသဖြစ်သွားရင်လဲ
ပြန်ထိန်းလိုက်နိုင်တယ်၊ မောဟဖြစ်သွားလို့ရှိရင်လဲပြန်ထိန်းလိုက်နိုင်တယ်၊ ဒါ့ပြင် ဣဿာ ၊ မစ္ဆရိယ
ဘာညာဖြစ်ရင်လဲပြန်ထိမ်းလိုက်နိုင်တယ်။ အစမှာတော့မထိမ်းလိုက်နိုင်လို့ လွတ်သွားတာတွေ
အများကြီးရှိနိုင်တာပေါ့နော်၊ နောက်တဖြည်းဖြည်းကျတော့ လေ့ကျင့်ပါများတဲ့ အခါကျတော့
အာရုံကိုဖမ်းထိမ်းလိုက်နိုင်ပြီ ဆိုလို့ရှိရင် နှစ်သက်စရာအာရုံကိုလည်း နှစ်သက်မှုဆိုတဲ့
လောဘမဖြစ်လာတော့ဘူး၊ မုန်းတီးစရာ အာရုံပေါ်မှာလဲ ဒေါသဖြစ်မလာတော့ဘူး၊
အာရုံကိုမြင်ရင်မြင်တဲ့အဆင့် လောက်မှာဘဲထားတယ်၊ ချစ်ခြင်းမုန်းခြင်းနှစ်ခုကို
တားဆီးထားနိုင်တယ်၊ မြတ်စွာဘုရားက မာလုကျပုတ္တ ကိုဟောခဲ့တာရှိတယ်၊ ဗာဟိယဒါရုစိယ
ကိုလည်း ဟောခဲ့တာရှိတယ်၊ ဒိဌေ ဒိဌမတ္တံ- ပေါ့လေ၊ သေချာစဉ်းစား ကြည့်ရင် စိတ်က
မြန်လွန်းအားကြီးလို့ လူတွေဟာမြင်မြင်ခြင်း လောဘဖြစ်တာတော့မဟုတ်ဘူး၊ တွေးလိုက်တာ၊
မြင်တဲ့အာရုံပေါ်မှာ လိုချင်စရာကောင်းလိုက်တာဆိုတဲ့ အတွေးပေါ်မှာ လောဘဖြစ်လာတာ၊
အဲဒီနေရာမှာဖမ်းထိမ်းနိုင်လိုက် ပြီဆိုလို့ရှိရင် မြင်စရာအာရုံနှင့်ပတ်သက်ပြီး လောဘဆိုတာ
မလာတော့ဘ့ဘူးး၊ ဒေါသဆိုတုတာလဲ မလာတော့ဘ့ဘူးး၊ အဲဒီ အဆင့်ေ့ရောက်အောင် လေ့ကျင့်နိုင်ပြီဆိုရင်တော့
ပစ္စုပ္ပန် ကျကျထားတယ်လို့ ခေါ်တာပေါ့နော်၊ ဒါလဲပဲ ပြောရတာတော့ အင်မတန်လွယ်တယ်၊ စိတ်က
အမြဲတမ်း အာရုံတစ်ခုနဲ့ တွေတဲ့အခါ အလေ့အကျင့်ရနေတဲ့အတွက် ဖျပ်ဖျပ်ဖျပ်ဆို ဖြစ်သွားလို့
ကိုယ်ကအမြဲတမ်း နောက်ကျတာချည်းပဲ၊ ပုထုဇဉ်တွေအနေနဲ့အမြဲတမ်း နောက်ကျတယ်၊
နောက်ကျမှပြန်ထိမ်းနိုင်တယ်၊ စိတ်အစဉ်နဲ့ပြောမယ်ဆိုရင် လက်ဖျစ် တစ်တွက်အတွင်းမှာ
ကုဋေတစ်သိန်းလောက် ဖြစ်နိုင်ပါတယ်၊ မီးစက်ဝိုင်း ဥပမာ နဲ့ပြောမယ်ဆိုရင် ဒါဟုတ်တယ်၊
အင်မတန်လျှင်မြန်တဲ့ အခါကျတော့ အဝိုင်းကြီးလို့ထင်ရတယ်၊ သို့သော် အပေါ်ရောက်တဲ့အခါ
အောက်မှာမရှိဘူး သေချာတယ်။ အလွန်လျှင်မြန်တဲ့ အချိန်မှာ ဖမ်းထိန်းဖို့ဆိုတာ သာမန်ပုဂ္ဂိုလ်တွေအဖို့
အလွန်ပဲခဲ့ယဉ်းပါတယ်၊ ဖြစ်လိုက်တာနဲ့ ဖြစ်ပြီးသွားပြီ အကုန်လုံးဟာ လွန်သွားပြီ၊ အဲတော့ ပထမမှာ
သူက တပည့်တော်တို့ ကိလေသာကိုဖယ်ရှားဖို့အတွက် အဆင့်သုံးဆင့် သတ်မှတ်ထားတယ်၊
အဆင့်သုံးဆင့်ကို ကျင့်စဉ်သုံးရပ်အနေနဲ့ မြတ်စွာဘုရား သတ်မှတ်ထားတယ်၊ ကိလေသာ
အဆင့်သုံးဆင့်ဆိုတာ ဒါ သူက သူ့သဘာဝပဲ၊ ပထမပေါ်လာတဲ့ အဆင့်ပေါ့နော်၊ ပထမအတွင်းထဲမှာ
ရှိနေတဲ့အ့အဆင့်၊့၊ အခုခေတ် ဆေးပညာနဲ့ ပြောရင် Positve- ပေါ့၊့၊ ရောဂါ ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။
Posibility - မဖြစ်သေးဘူး အဲဒါက။ ဖြစ်နိုင်တဲ့ အနေအထား ရှိတဲ့အဆင့်၊ ဖြစ်လာတဲ့အဆင့်၊
မီးဆိုလို့ရှိရင် မီးဖြစ်နိုင်တဲ့ အနေအထား၊ မီးးတောက်လာတဲ့အဆင့် တောက်ပြီး လောင်က်ကျွမ်းးတဲ့အ့အဆင့်၊
သုံးဆင့် ရှိတာပေါ့နော်၊ ကိလေသာမှာလည်းပဲ အဲဒီ Positve- လို့ ဆိုတဲ့ ဖြစ်နိုင်တဲ့ အနေအထားရှိတဲ့
အဆင့်ကို သူက အနုသယလို့ ခေါ်တာပေါ့၊ အကြောင်းတိုက်ဆိုင်လို့ ဘွားကနဲ့ ဖြစ်လာပြီဆိုလို့ရှိရင်
ပရိယဌာနလို့ ခေါ်တယ်၊ သူက မီးတောက်လာတဲ့အဆင့်၊ တောက်လာလို့ သူ့ရဲ့ပတ်ဝန်းကျင်ကို
လောင်ကျွမ်းတဲ့အဆင့်ကို ဒါ ဝီတိက္ကမ-လို့ ခေါ်တာပေါ့။ ဘယ်ကိလေသာပဲဖြစ်ဖြစ် သူက
ဒီအဆင့်သုံးဆင့်နဲ့ လာတာပေါ့နော်၊ အဲဒီအဆင့်သုံးဆင့်ကို ပထမအဆင့်က လောင်ကျွမ်းတယ်ဆိုတဲ့အဆင့်ကို
ဘာနဲ့ ဖမ်းထိန်းရတုန်းဆို ကိုယ်ကျင့်သီလနဲ့ ဖမ်းထိန်းလိုက်တယ်။ ကိုယ်ကျင့်သီလကို
ဖြည့်ကျင့်ခြင်းဖြင့် ဒီလောင်ကျွမ်းတယ်ဆိုတာ မဖြစ်အောင် ချုပ်တည်းတာ။ ဘာကို ချုပ်တည်းလဲဆိုလို့ရှိရင်
ကာယကံမှုကို ချုပ်တည်းလိုက်တယ်၊ ဝစီကံမှုကို ချုပ်တည်းလိုက်တယ်၊ အများကို
သိသိသွားအောင် လုပ်တဲ့အ့အဆင့်ေ့တွေ အများနဲ့ ပတ်သက်တဲ့ အဆင့်ေ့တွေက ဝစီကီကံနဲ့ ကာယကံပဲ။ ဒီနှစ်ခုဟာ
အမြင်ဖြစ်သွားပြီပေါ့နော်၊ အပြောပြောလိုက်ပြီ၊ ဥပမာ- နှစ်သက်စရာ အာရုံဆို 'ဟာ လှလိုက်တာ'
လို့ဆိုရင် ဝစီကံ ဖြစ်သွားပြီးပေါ့၊ လှလို့ ရဖို့ကြိုးစားလိုက်ရင် ကာယကံ ဖြစ်သွားပြီပေါ့၊
အဲဒီအဆင့်နှစ်ဆင့်ကို ကိုယ်ကျင့်သီလနဲ့ ထိန်းလိုက်တယ်။ စိတ်ထဲက ဘယ်လို လိုချင်လိုချင်
လိုချင်တယ်လို့ မပြောမိအောင် လှလိုကတာလို့ မပြောမိအောင် ဝစီကံကို ထိန်းလိုက်တယ်၊ ကြိုးစားခြင်းး
မပြုမိအောင် ကာယကံကိုထိန်းလိုက်တယ်။


ဆက်လက်ဖော်ပြပါမည်.........

နိဗ္ဗာန်ရောက်ကြောင်း ပါရမီနှင့် လူလောကယန္တရား

ဖိုရမ်တစ်ခုတွင် ဘာသာရေးသည် လူလောက ယန္တာရားကို လည်ပတ်ဖို့အတွက် အထောက်အကူမပြုနိုင်ကြောင်းနှင့် နိဗ္ဗာန်ရောက်ကြောင်းသာ အားလုံးလုပ်ကြမည်ဆိုပါက လောကယန္တရား ရပ်တန့်သွားမည်ဟု တင်ပြထားသည်ကို ပြန်လည်ဖြေရှင်းသောအားဖြင့် သည်ဆောင်းပါးကို တင်ပြပါသည်..

အပါဒါနအဋ္ဌကထာမှာ သူတော်ကောင်းတစ်ဦး နိဗ္ဗာန်ရရှိရေးအတွက် အခြေခံအချက်နှစ်ချက်လိုကြောင်း ရှင်းထားပါသည်...

၁။ မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်တော်မြတ်ကို ဆုတောင်းပန်ထွာခြင်း ပတ္ထနာ

၂။ ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှုးသယ်ဆောင်ပေးသည့် ပါရမီတရားအပေါင်း အဘိနီဟာရ

တခါထပ်ပြီ အဘိနီဟာရဆိုတာ ဘာလဲဆိုတော့

၁။ အဓိကာရ ကောင်းမှု ကုသိုလ်ရှိခြင်း

၂။ မိမိမျှော်မှန်းထားသည့် ဗောဓိဉာဏ်တော်မြတ်ကို လိုလား တောင့်တသည့် ဆန္ဒဓာတ် ပြင်းပြခြင်း

သည်လိုဆိုရင် ပါရမီ ပြည့်စုံသည် မည်သည်။ (အပါဒါန၊ဋ္ဌ၊၁၊၁၅၈)

အဓိကာရကောင်းမှုဆိုတာ....

ပရိယတ္တိ.. ဘုရားစကားတော်များကို သင်ယူခြင်း။ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း
သဝန.... အရိုအသေအလေးမြတ်ပြု၍ အလွန်လိုလားသည့်စိတ်ဖြင့် သူတော်ကောင်းတရားကို နာကြားခြင်း
ပရိပုစ္ဆာ... ခက်ခဲနက်နဲ့သော ပုဒ်တို့ကို သင်ယူခြင်း။ တနည်း အဋ္ဌကထာကို သင်ယူခြင်း.
ပုဗ္ဗယောဂ.. ရှေးရှေးဘုရားရှင်တို့ ထံမှာ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဝိပဿနာ အားထုတ်ဖူးခြင်း..

ထိုအဓိကာရကောင်းမှုတို့ကို
သာဝကသုံးမျိုးတွင် ၁။ အဂ္ဂသာဝကတို့သည် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း...
၂။ မဟာသာဝကတို့သည် ကမ္ဘာတစ်သိန်း
၃။ ပကတိသာဝကတိုသည် အဘိနီဟာရပြည့်စုံလုံလောက်သည့် ဘဝတို့ ပတ်လုံး... ပါရမီတရားအပေါင်းကို ဖြည့်ကျင့်ရပါသည်..

သို့သော်လယ်တီဆရာက သာဝကပါရမီဉာဏ်အရာမှာ အဓိကာရကောင်းမှုအရ

၁။ ဝိဇ္ဇာမျိုးစေ့
၂။ စရဏမျိုးစေ့ နှစ်မျိုးလုံးပင် ဆိုလိုကြောင်း ပါရမီ ဒီပနီတွင် ရှင်းလင်ထားပါသည်..

ဝိဇ္ဇာမျိုးစေ့အရ ဝိဇ္ဇာရှစ်ပါးတွင် ပါဝင်သော ဝိပဿနာဉာဏ်ကို ဆိုလိုပေသည်.. ဝိပဿနာဉာဏ်သည် အဓိကာရကုသိုလ်ပါရမီ မျိုးစေ့ပင်ဖြစ်သည်..

တဖန် စရဏတရား (၁၅)ပါးတွင် ဝိပဿနာဉာဏ် (ပညာ)လည်း ပါဝင်ပေသည်.. ဝိပဿနာသည် စရဏတရားလည်း မှန်၏။ ဝိဇ္ဇာတရားလည်း မှန်ပေသည်.. ထို့ကြောင့် ဝိပဿနာသည် နိဗ္ဗာန်ကို လိုလားလျက်ရှိသော သူတော်ကောင်းသည် အတိတ်ဘဝ၊ ယခုဘဝ၌ ဝိပဿနာအဓိကာရကောင်းမှုကုသိုလ်ကို ဖြည့်ကျင့်ရပေမည်..

စရဏတရားသည် လက်ခြေနှင့် တူကြ၏။ လက်ခြေရှိက အလိုရှိရာ ပြုနိုင်သကဲ့သို့ စရဏပါရမီသည် နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို ဟောကြားပေးနိုင်မည့် ဆရာကောင်း မိဘကောင်းစသည့်တို့နှင့် တွေ့ကြုံအောင် ပို့ဆောင်ပေမည်ဖြစ်သည်။
စရဏတရားဟူသည် ဒါန(သီလ) အစရှီိသော တရားများဖြစ်ကြသည်...

စရဏပါရမီကြောင့် ဘုရားအစရှိသော ဆရာသမားကောင်နှင့် တွေ့ဆုံသောအခါ သစ္စာလေးပါးနှင့် စပ်သော တရားစကားကို နားကြားခွင့်ရပီ.. ဝိဇ္ဇာမျိုးစေ့ ပါရမီတရားများက ဗောဓိဉာဏ်တို့ရောက်အောင် အားပေးထောက်ပံ့ကြမှာ ဖြစ်ပါသည်...


ထို့ကြောင့်အဆုံးအန္တိမပန်းတိုင်ကို သွားရန် အခြေခံအာဖြင့် မူနှစ်ရပ်လိုအပ်ပါသည်.. နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားများကို ဟောကြားပေးနိုင်သော ဆရာသမားနဲ့ တွေ့ရန်လိုသည်.. ထိုအခြေအမျိုးရရန် စရဏပါရမီ ပြည့်စုံလုံ့လောက်ရပေသည်.. သို့ရာတွင် ထိုအခြေအနေမျိုး ဗုဒ္ဓဘာသာတိုင်း၌ မရှိနိုင်...
ထိုအခြေအနေမျိုးနဲ့ ကြုံသော်လည်း အတိတ်ဓာတ်ခံ ဝိဇ္ဇာပါရမီ ချို့တဲ့ပြန်ကလည်း အဆုံးအန္တိမပန်းတိုင်သည် ချက်ချင်းဖြစ်ပေါ်မလာပေ..ဘဝတစ်ခုနှစ်ခုသော်လည်းကောင်း၊ဘဝများစွာသော်လည်း ကောင်း စောင့်ဆိုင်းရပေသည်...

ဗုဒ္ဓဒေသနာတော်အရပင်လျှင် ဗုဒ္ဓဘာသာပင် ဖြစ်လင့်ကစား အဆုံးအန္တိမပန်းတိုင်တို့ ရောက်ရှိဖို့ရန် ပြည့်စုံလုံ့လောက်သော အခြေအနေများ ဖြစ်ဖို့ မလွယ်ကူကြောင်း သိသာသည်.. ထို့ကြောင့် အဆုံးအမပန်းတိုင်ကို ဗုဒ္ဓဘာသာတိုင်း လျှောက်လှမ်းနိုင်ကြမည်မဟုတ်ပေ.. အနည်းငယ်မျှသော သူတို့သည်သာလျှင် နိဗ္ဗာန်သို့ ရကြသည်ဟု ဆိုကြပေသည်...

အဆုံးအမပန်းတိုင်ကို လျှောက်လှမ်းနေကြသော်လည်း လူလောကစက်ရန္တယားကား လည်ပတ်နေမည်သာဖြစ်ပါသည်.. ဥပမာ.. နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိနေသော တိုင်းပြည်အုပ်ချုပ်သူများ. စစ်သူကြီးများ. သူဌေးသူကြွယ်များ မင်းညီမင်းသားများ သာမာန်အရပ်သူ အရပ်သားများ... များစွာရှိခဲ့ပါသည်။ ထိုသူတို့သည် မိမိတို့၏ လူ့အသိုင်းအဝန်း၏ အကျိုးစီးပွားကို ဆောင်ရွက်မြဲ ဆောင်ရွက်ကြပါသည်..လောကယန္တရားကို လည်ပတ်မြဲ လည်ပတ်ကြပါသည်.. ငါတို့သည် နိဗ္ဗာန်ရောက်ကြောင်းတရားများ အားထုတ်နေပါသဖြင့် လူလောကီအလုပ်များ မလုပ်ကြဟူ၍ကား မဟုတ်.. နိဗ္ဗာန်ရောက်ကြောင်း အခြေခံကျင့်စဉ်ဖြစ်တဲ့ သီလကျင့်စဉ်ပိုင်း`၌ပင်လျှင် အလှူဒါနများ.. သားသမီး ကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ ဆရာကျင့်ဝတ်များ မင်္ဂလသုတ်လာ လူမှုရေးကျင့်ဝတ်များ.. ကြီးပွားတိုးတက်ရေး တရားများသည်.. လူ့လောက ယန္တရား လည်ပတ်ကြောင်း တရားများဖြစ်ကြသည်..

အဆုံးအန္တိမပန်းတိုင်ကို ရောက်ရှိသောမူကြသည်ရဟန္တာအရှင်မြတ်ကြီးများပင်လျှင် လောကအကျိုးစီးပွားကို ဆောင်ရွက်ကြသေးသည်ဆိုလျှင် အဆုံးအန္တိမပန်းတိုင်းတို့ ရောက်ရန် ကျင့်ဆဲသူများမှာ အဘယ်မှာလျှင် လောကယန္တရားကို မလည်စေဘဲ ရှိပါအံ့နည်း....

မြတ်ဗုဒ္ဓကိုသာလျှင် ကြည့်မည်ဆိုပါက ကျင့်ဆဲကာလ၌သာ မိမိကိုယ်တိုင် ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် ရှေးဦးစွာ ကြိုးစားတော်မူသည်.. ကိုယ်တိုင်လွတ်မြောက်တော်မူပြီးသောအခါ (၄၅)ဝါတိုင်တိုင် မနားမနေ လောကအစီးအပွားကို ဆောင်ရွက်တော်မူခဲ့သည်မှာ အထင်အရှားဖြစ်သည်..
ထို့ကြောင့် ဘာသာရေးမှ လွတ်ကင်းနေသူများသာလျှင် လူ့လောက အင်ဂျင်များကို လည်ပတ်နေသည် ဟူသော အဆိုမှာ မှန်ကန်မှု မရှိခဲ့ရပါ....

လူ့လောက အင်ဂျင်များကို လည်ပတ်ဖို့ရန် အခြေခံအားဖြင့် နှလုံးသားကောင်းဖို့လည်း လိုတယ်. အသိပညာရှိုဖို့လည်းလိုပါသည်.. အသိပညာသာရှိပီ နှလုံးသားမကောင်းပါက လူ့လောကကို အန္တရာယ်ပြုနိုင်ပါသည်.. ထိုအခါဘာသာရေးက နှလုံးသားကောင်းအောင် သွန်သင်၍ လူ့လောက အင်ဂျင်များကို ကောင်းမွန်စွာ လည်ပတ်စေမည်ဖြစ်ကြောင်းတင်ပြလိုက်ရပေသည်..