January 29, 2010

ရှေ့ဘဝ နောက်ဘဝ မြတ်ဗုဒ္ဓဟောပါသည်

Dr Phyo Wai Kyaw | 7:40 AM | | | Be the first to comment!


မြတ်ဗုဒ္ဓက ရှေ့ဘဝ နောက်ဘဝတို့အကြောင်းကို အကျယ်တဝင့် ဟောထားပါလျက် ''ရှေ့ဘဝ နောက်ဘဝအကြောင်း မြတ်ဗုဒ္ဓ မဟော''ဟူ၍ ရေးသားထားသော အဓမ္မဝါဒစာပေများ ပြန့်ပွါးနေကြပါသည်။

ပစ္စုပ္ပန်ကမ္မဝါဒီက-

''ကျုပ်တို့က သူတို့ကို အဓိကဆုံးမတာမှာ ဘယ်တရားမှ မရချင်နေ ရချင်ရ ရှေ့ဘဝ နောက်ဘဝကိုတော့ မတွေးရဘူးနော်-လို့ ဆိုတာလောက်ကတော့ ကျုပ်တို့ကို ချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။ (ပ)။ အဲဒီအစဆုံးဖြစ်တဲ့ ရှေ့ဘဝ-နောက်ဘဝ မတွေးရဘူးလို့ ဆိုတဲ့ဟာကို (သူက လျှောက်ထားလာတယ်။) ရှေ့ဘဝ-နောက်ဘဝဟာ တကယ်မြတ်စွာဘုရား မဟောဘူး။ ကျုပ်တို့ကလဲပဲ ရှေ့ဘဝ နောက်ဘဝကိုတော့ဖြင့် လုံးဝ မဟောပြောဘူး။ ရှေ့ဘဝ နောက်ဘဝကို ယူဆတဲ့သူဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအနေအထားမှာ ရှိတယ်လို့ ပြောတာကို သူ မကြားခဲ့ဖူးသလို ဖြစ်နေတယ်''ဟု ရေးသားထားပါသည်။ (ပစ္စုပ္ပန်ကမ္မဝါဒီ၏ စာအုပ်-နှာ-၂။)

ရှေ့ဘဝနောက်ဘဝအကြောင်း ဟောကြားချက်များ

(က) အထက်ပါစကားရပ်၌ ''ရှေ့ဘဝနောက်ဘဝကို မြတ်ဗုဒ္ဓ မဟော''ဆိုသည့် အချက်သာ အဓိက ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ဝိနယပိဋက၌ ရှေးဘဝမှာ နွားဖြစ်ခဲ့ဖူးသူက ယခုဘဝမှာ ရဟန်းဖြစ်လာကြောင်း၊ ထိုရဟန်းမျိုးက ညအခါမှာ စားမြုံ့ပြန်လျှင် ဝိကာလဘောဇနသိက္ခာပုဒ်အရ အာပတ်မသင့်ကြောင်း ပညတ်တော်မူထားပါသည်။
ယခုဘဝမှာ ပါရာဇိကသိက္ခာပုဒ်တော်ကို ကျူးလွန်သည့် ရဟန်းတို့သည် နောက်ဘဝမှာ ငရဲကျရမည်ဖြစ်ကြောင်း တိရစ္ဆာန်ဖြစ်ရမည်ဖြစ်ကြောင်း ပညတ်တော်မူပါသည်။ သုတ္တန္တပိဋက ဇာတကပါဠိတော်တို့မှာ ရှေ့ဘဝအကြောင်း များကို အကျယ်တဝင့် ဟောထားပါသည်။ အင်္ဂုတ္တိုရ်ပါဠိတော် စသည်တို့မှာ နောက်ဘဝအကြောင်းတို့ကိုလည်း အကျယ်တဝင့် ဟောထားတော်မူပါသည်။ အဘိဓမ္မာပိဋက ခန္ဓယမက ဥပ္ပါဒအတီတပုဂ္ဂလောကာသဝါရ စသည်တို့မှာ အတိတ်ဘဝခန္ဓာတစ်ပါးဖြစ်ဖူးသူ၊ ခန္ဓာငါးပါးဖြစ်ဖူးသူ စသည်တို့ကို ဟောကြားထားပါသည်။ ၎င်း အနာဂတပုဂ္ဂလောကာသဝါရ စသည်တို့မှာ အနာဂါတ်ဘဝ ခန္ဓာလေးပါး ဖြစ်လိမ့်မည့်သူ ခန္ဓာငါးပါး ဖြစ်လိမ့်မည့်သူ စသည်တို့ကို ဟောထားပါသည်။

(ခ) ရှေ့ဘဝနောက်ဘဝအကြောင်းများကို ဟောပြထားသည့် မြတ်ဗုဒ္ဓ၏ ဒေသနာတော်တို့သည် ဗုဒ္ဓပါဝစနခေါ် ပိဋကသုံးပုံလုံးမှာပင် အနှံ့အပြား အများအပြား ရှိနေကြပါသည်။ အဋ္ဌကထာဋီကာတို့မှာလည်း ပါဠိတော် လာရှိသည့်အတိုင်း အမြောက်အမြား ရှိနေကြပါသည်။ သို့ပါလျက် ပစ္စုပ္ပန်ကမ္မဝါဒီတို့က ''ရှေ့ဘဝ နောက်ဘဝကို ဗုဒ္ဓ မဟော''ဟု ရေးသားခြင်းမှာ အကြီးအကျယ်လိမ်ညာလျက် မျက်နှာပြောင်တိုက်၍ မြတ်ဗုဒ္ဓကို ခုတုံးလုပ်ခြင်းသာ ဖြစ်ပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် သူတို့၏ကိုယ်ပိုင်ဝါဒကို ကိုယ်တိုင်တည်ထောင် နိုင်စွမ်း မရှိခြင်းကြောင့် မြတ်စွာဘုရားကို ခုတုံးလုပ်ထားကြပါသည်။ သူတို့၏ ကိုယ်ပိုင်ဝါဒသည် မြတ်ဗုဒ္ဓ၏ ပဋိပက္ခအနေအထားမှာ တည်ရှိပါလျက် သူတို့၏ဝါဒကို မြတ်ဗုဒ္ဓဝါဒဖြစ်လေယောင် ဟန်ဆောင်ထားကြပါသည်။

များစွာသော ဗုဒ္ဓဘာသာဝင်တို့သည် သေချာတိကျ မသိကြသော်လည်း ရှေ့ဘဝ နောက်ဘဝတို့ကို မြတ်ဗုဒ္ဓ ဟောထားတော်မူကြောင်း အကြမ်းဖျင်းအားဖြင့် သိတော်မူကြပြီးဖြစ်၍ ထိုအသိစိတ်များကို မြတ်ဗုဒ္ဓဖြင့်ပင် တိုက်လှဲချပစ်ရန် အကြံကြီးကြီးကြံလျက် ပြောင်ပြောင်တင်းတင်း ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ဟောပြောရေးသား ဖြန့်ဝေနေကြပါသည်။

ရှေ့ဘဝနောက်ဘဝအကြောင်း ဟောပြောသူ မှန်လျှင်ပင် မိစ္ဆာဒိဋ္ဌိ ဖြစ်သည်-တဲ့
(ဂ) မည်မျှအထိ ပြောင်ပြောင် တင်းတင်း ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား လုပ်သနည်းဟူမူကား ရှေ့ဘဝ နောက်ဘဝတို့ကို ဟောတော်မူသည်သာလျှင် ဖြစ်သော မြတ်ဗုဒ္ဓသည်လည်း မိစ္ဆာဒိဋ္ဌိက ဖြစ်သည်။ သူတို့နှင့် ပဋိပက္ခအရာမှာ တည်သည်။ ရှေ့ဘဝ နောက်ဘဝတို့ကို လက်ခံယုံကြည်သည်သာလျှင် ဖြစ်သော ဗုဒ္ဓဘာသာဝင် သံဃာတော်များအားလုံးနှင့် လူပုဂ္ဂိုလ်(ဒကာ-ဒကာမ) အားလုံး သည်လည်း မိစ္ဆာဒိဋ္ဌိကများ ဖြစ်ကြသည်။ သူတို့နှင့် ဆန့်ကျင်ဘက်ရန်သူများ ဖြစ်ကြသည်ဟူ၍ပင် ပြောဟောရေးသားထားကြပေသည်။ အမှန်အားဖြင့်မူ မြတ်ဗုဒ္ဓသည် ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒကို သန့်သန့်ကြီး တည်ထောင်နိုင်သည့် အတုမဲ့ အရှင်မြတ်ကြီး ဖြစ်ပါသည်။ အခြားသူတို့၏ ဘာသာဝါဒအတွင်းဝင်ပြီး သူတစ်ပါးတို့၏ ယုံကြည်မှုကို အယောင်ဆောင် မျက်နှာဖုံးစွပ်လျက် အတင်းသိမ်းသွင်းယူခဲ့ခြင်း လုံးဝ မရှိပါ။ ခိုင်ခိုင်မတ်မတ် ရပ်တည်တော်မူလျက် သန့်သန့်ရှင်းရှင်းကြီး ဟောပြောကာ ဘာသာဝါဒသစ်ကို တည်ထောင်တော်မူခဲ့ခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓသည် မိစ္ဆာဒိဋ္ဌိက မဟုတ်ချေ။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည်သာ မိစ္ဆာဒိဋ္ဌိက ဖြစ်ကြသည်။ မြတ်ဗုဒ္ဓသည် ပစ္စုပ္ပန်ကမ္မဝါဒီတို့၏ ပဋိပက္ခအရာမှာ တည်သောရန်သူ မဟုတ်ချေ။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည်သာ မြတ်ဗုဒ္ဓ၏ ပဋိပက္ခအရာမှာတည်သော ရန်သူကြီးများ ဖြစ်ကြသည်။ သူပုန်ကြီးများ ဖြစ်ကြသည်။ ပစ္စုပ္ပန် ကမ္မဝါဒီတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒသစ်ကို သန့်သန့်ရှင်းရှင်း တည်ထောင်နိုင်စွမ်းရှိသူများ မဟုတ်ကြချေ။

မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဝါဒအတွင်းဝင်နေပြီး ဗုဒ္ဓဝါဒယောင် ဆောင်ထားသော မျက်နှာဖုံးစွပ်ဖြင့် ဗုဒ္ဓဘာသာဝင် ဒကာဒကာမအများနှင့် မသိနားမလည်သူအများကို အတင်းသိမ်းသွင်း၍ (သူတို့၏အယူဝါဒ လက်အောက် ကျရောက်လာအောင်) လုယူနေသူများ ဖြစ်ကြပါသည်။ မြတ်ဗုဒ္ဓ၏နှုတ်ထွက်တော် ဝေါဟာရတို့ကို အခွံချွတ်ယူပြီး လက်ကိုင်တုတ်လုပ်လျက် ရှုပ်ရှုပ်ထွေးထွေးဖြစ်အောင် ပူးသတ်နေသူများ ဖြစ်ကြသည်။

ထို့ကြောင့်
ပစ္စုပ္ပန်ကမ္မဝါဒီတို့၏ ရှေ့ဘဝနောက်ဘဝ မတွေးရကြောင်း ဟောပြောချက် ရေးသားချက် ဖြန့်ဝေချက် မှန်သမျှသည်လည်းကောင်း၊ ရှေ့ဘဝ နောက်ဘဝ မရှိကြောင်း ဟောပြောရေးသားဖြန့်ဝေချက် မှန်သမျှ သည်လည်းကောင်း၊ မြတ်ဗုဒ္ဓက ရှေ့ဘဝနောက်ဘဝတို့ကို မဟောကြားပါဟု လိမ်ညာလှည့်စားထားသည့် ဟောပြောချက် မှန်သမျှသည်လည်းကောင်း မြတ်ဗုဒ္ဓဟောပြအပ်သော ဓမ္မဝါဒမဟုတ်ကြောင်း (မြတ်ဗုဒ္ဓ မဟောအပ်သော အဓမ္မဝါဒသာ ဖြစ်ကြောင်း) မှတ်ယူကြရမည် ဖြစ်ပါသည်။

(ဃ) အနှစ်ချုပ်အားဖြင့်မူ မြတ်ဗုဒ္ဓသည် ရှေ့ဘဝနောက်ဘဝတို့ကို ဟောတော်မူပါသည်။ မြတ်ဗုဒ္ဓ၏ ဘာသာဝါဒထဲမှာ ရှေ့ဘဝနောက်ဘဝတို့ ရှိကြပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် ရှေ့ဘဝနောက်ဘဝကို မဟောကြချေ။ သူတို့၏ ဘာသာဝါဒ (အတု)ထဲမှာ ရှေ့ဘဝနောက်ဘဝတို့ မရှိကြပေ။ ယခုပစ္စုပ္ပန် တစ်ဘဝမျှသာ ရှိကြပေသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် ဤမျှလောက်အထိ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်ပါလျက်နှင့်ပင် မြတ်ဗုဒ္ဓ၏ ဒေသနာတော်များ ဝေါဟာရများကို အတင်းလုယူ သုံးစွဲပြီး မသိနားမလည်သူ ဗုဒ္ဓဘာသာဝင်များကို ဖျက်ဆီးလျက် ရှိကြပါသည်။

ပစ္စုပ္ပန်ကမ္မ၀ါဒကို စာပေတင်၍ စိစစ်ချက်


တောင်သာအောင်

Credit to- http://yellow1color.blogspot.com/
Read more ...

January 21, 2010

မိုးပြာဂိုဏ်းနှင့် သာသနာ့အန္တရာယ်

သျှင်သာမိ - မုံရွာ | 6:32 AM | 2 Comments so far
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံသားများစွာတို့၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြွေယူတိုက်စားသွားခဲ့ကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ အကယ်၍ ၎င်းအန္တရာယ်ဆိုးကြီးကို အချိန်မီကြိုတင်သိရှိကာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေနိုင်မည်ဆိုပါက လူပေါင်းများစွာတို့ အသက်ဘေးမှ ကင်းဝေးနိုင်ကြမည်မှာ အမှန်ပင်ဖြစ်သည်။
ယခုအခါတွင်လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအတွင်းသို့ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဟု နာမည်ပေးထားသည့် မိုးပြာရောင် သာသနာဖျက်မုန်တိုင်းကြီးသည် မင်းကွန်း၊ မန္တလေးနှင့် စစ်ကိုင်းတို့၌ အခြေတည်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၍ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးပစ်မည့် မုန်တိုင်းအသွင်ပြောင်းကာ တဖြည်းဖြည်းအင်အားကြီးထွားလာပြီးလျှင် မြန်မာနိုင်ငံတစ်ဝန်းလုံး သာမက ကမ္ဘာ့ဗုဒ္ဓသာသနာရပ်ဝန်းကြီး တစ်ခုလုံးဆီသို့ တိုက်ခတ်ရန် ဦးတည်လျှက်ရှိနေပါသည်။

သဘာဝမုန်တိုင်း ဘေးအန္တရာယ်သည် မိမိ၏ အသက်တစ်ခု၊ ဘ၀တစ်ခုမျှကိုသာ ဒုက္ခပေးနိုင်သော်ငြားလည်း ထို မိစ္ဆာဒိဋ္ဌိ မုန်တိုင်းကြီးကမူ သံသရာတစ်လျှောက်လုံး ဒုက္ခပေး၍ အပါယ်ဘေးသို့တိုင်အောင်နစ်စေနိုင်ပါသည်။ သို့ပါ၍ထေရ၀ါဒဗုဒ္ဓဘာသာဝင်သူတော်စင်၊သူတော်ကောင်းလောင်းလျာတို့အတွက်
ဤသာသနာဖျက်မုန်တိုင်းကြီး၏ဘေးမှ ဝေးစွာရှောင်ရှား၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်စေသောငှာ ထိုဂိုဏ်းကြီး၏ဟောပြောချက်၊ ၀ါဒဖြန့်ချိချက်များကို အကျဉ်းချုပ်၍ တင်ပြလိုက်ရပါသည်။

ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းချုပ်
ဓမ္မ၀ိဟာရီ ဦးဥာဏ၏ ကိုယ်ရေးအကျဉ်း


အမည် - ဓမ္မ၀ိဟာရီ ဦးဥာဏ
အသက် - ၇၂ နှစ်
နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် - ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀
ကိုးကွယ်သည့်ဘာသာ - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ
အလုပ်အကိုင် - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ ဆည်းကပ်လေ့လာကြသူများအား ဆုံးမသြ၀ါဒပေးခြင်း။
နေရပ်လိပ်စာ - (၁) အမှတ် ၂၀၊ မိုးပြာခြံ၊ သစ္စာပန်းလမ်း၊ မြဥယျာဉ်၊ (ဌ} ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တိုင်းနှင့်
(၂) အနုပါဒါယဉ်ကျေးမှုတရားဌာန၊ မိုးပြာခြံ၊ ရန်ကင်းတောင်ခြေ၊ ကျီကုန်းစု၊ ပုသိမ်ကြီးမြို့၊ မန္တလေးတိုင်း။
မိဘအမည် - ဦးမြဒင် + ဒေါ်လှထွန်း
မွေးသက္ကရာဇ် - ၁၃၀၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။
မွေးရာဇာတိ - ဂေါင်းကွဲကျေးရွာ၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။
လူမျိုး - မြန်မာ
အရပ် - ၅ ပေ၊ ၅ လက်မ
ထင်ရှားသည့်အမှတ်အသား - ညာဘက်နှုတ်ခမ်းအထက်မှဲ့ရှိ။
ပညာသင်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း။
ကိုရင်ဝတ်သည့်နှစ် - ၁၃၁၄ ခုနှစ်
ကိုရင်ဝတ်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်။
ကိုရင်ဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ရဟန်းခံသည့်နှစ် - ၁၃၁၉ ခုနှစ်
ရဟန်းဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ပိဋကတ်စာပေသင်ယူရာဌာန - မစိုးရိမ်တိုက်၊ ဂန္ထဓူရကျောင်း။
ငယ်၊ လတ်၊ ကြီးအောင်ဌာန - မစိုးရိမ်ကျောင်းတိုက်
စာချတန်းစာဝါလိုက်ဌာန - မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းကျောင်း (စာချတန်းမပြီးပါ)
သင်ကြားပေးသည့် ဆရာတော်များ - မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက် ဆရာတော်များ၊ တောင်သမန်တိုက်ဆရာတော်များ။
စာသင်နှစ် - အသက် ၂၅ နှစ်၊ ၅ ၀ါထိ။
တောကျောင်းထွက်နေသည့်နှစ် - အသက် ၂၅ နှစ်မှအထက်။
တောကျောင်းနေရာဌာန - ရှင်မတောင်ရွာတောကျောင်းနှင့်မင်းကွန်းစံတော်မူတောင်နှင့် ရွှေမြင်တင်တောင်၊ (အရှေ့ရိုးမ အခြေ)၊ ငွေတောင်နှင့် မိုးပေါက်ကျချောင်။
လက်ရှိနေရာ၌စတင်နေသည့်နှစ် - ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ။
ဘာသာပြောင်းသည့်နှစ် - ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီ၊ မိနစ် ၃၀။
ဘာသာပြောင်းရသည့်အကြောင်း - ထေရ၀ါဒ၌နေစဉ် ထေရ၀ါဒ လက်ခံကျင့်သုံးနေသော ရှေးဘ၀၊ ခုဘ၀၊ နောင်ဘ၀ အယူများသည် ဘုရားဟောနှင့်မညီ၊ ဘုရားရှင်မယူသော မိစ္ဆာဒိဋ္ဌိအယူများဖြစ်နေကြောင်း၊ နိုင်ငံတော် သံဃ မဟာနာယကထံသို့တင်ပြ၍ တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း သာသနာရေး ဦးစီးမှူးက စတုတ္ထပါရာဇိကဖြင့် ပြန်လည်တရားစွဲခဲ့ပြီး ဗဟိုဝိနိစ္ဆယထိ တရားရှုံးသောကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ရဟန်းအဖြစ်ကို စွန့်လွှတ်ရသည်။ မိုးပြာဂိုဏ်းထောင်၍ ဆည်းကပ် သူများအား ဆုံးမလမ်းညွှန်နေခြင်းဖြစ်သည်။


ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီး၏ ထေရ၀ါဒနှင့်လုံးဝဆန့်ကျင်သော အယူဝါဒအချို့ကို ထုတ်နုတ်ပြရမည်ဆိုလျှင်.....
(၁) အဘိဓမ္မာပိဋကတ်ကို ဘုရားဟောမဟုတ်ဟု ယူကြသည်။
(၂) ပိဋကတ်သုံးပုံတို့သည်လည်း ဘုရားဟောအစစ် မဟုတ်ကြဟု ယူကြသည်။
(၃) ရှေ့ဘ၀၊ နောက်ဘ၀မရှိဟု ယူကြသည်။
(၄) ကံနှင့် ကံ၏အကျိုးမရှိဟု ယူကြသည်။
(၅) သုံးဆယ့်တစ်ဘုံမရှိဟု ယူကြသည်။
(၆) ဗြဟ္မာ၊ နတ်၊ ငရဲသားစသူတို့သည် လူကောင်ဖြစ်ခိုက် လူကောင်၏ပုံကြီးမျှသာဖြစ်သည်ဟု ယူကြသည်။
(၇) ဘုရားရှိခိုးခြင်း၊ ဆင်းတုတော်ပူဇော်ခြင်း၊ ဥပုသ်စောင့်ခြင်းစသည်တို့ကို မပြုသင့်ဟု ယူကြသည်။
(၈) နိဗ္ဗာန်နှင့် သံသရာကို အယုံအကြည်မရှိဟု ယူကြသည်။
(၉) လူအစစ်သည် လူသာဖြစ်သည်။ မူလခန္ဓာဖြစ်သည်။ ၎င်းင်းကို တရားမရှုရ၊ ရှုလျှင်တရားမဟုတ်ဟု ယူကြသည်။
(၁၀) သမထ၊၀ိပဿနာ ဘာဝနာတို့ကို ဘာဝနာမဟုတ်ဟု ယူကြသည်။
(၁၁) ပရမတ္ထတရားတို့ကို အယုံအကြည်မရှိဟု ယူကြသည်။
(၁၂) ကုသိုလ်ကောင်းမှုတို့ကို မပြုကောင်းဟု ယူကြသည်။
(၁၃) လူအစစ်ဖြစ်သော မူလခန္ဓာပေါ်တွင် စွဲထင်တွယ်ကပ်လာသည့် ဥပါဒါန်နှင့် ခန္ဓာအရိပ်တုတို့ကို ပယ်ခွာနိုင်လျှင်တရားဖြစ်သည်။ အရိယာဖြစ်သည်ဟု ယူကြသည်။
(၁၄) ပိဋကတ်ဒေသနာတို့ဖြင့် လူတို့ကိုလှည့်စား၍ မိမိတို့ဂိုဏ်းအတွင်း သိမ်းသွင်းကြရမည်ဟု ယူကြသည်။ ကာမရာဂကို အားပေး ကြရမည်ဟု ယူကြသည်။
(၁၅) မာရ်နတ်ဆိုသည်မှာ သီးခြားနတ်ဘုံမှ နတ်မဟုတ်ဟု ယူကြသည်။
(၁၆) ဗြဟ္မာဆိုသည်မှာ သီးခြားဗြဟ္မာဘုံမှ ဗြဟ္မာမဟုတ် လူသာဖြစ်သည်ဟု ယူကြသည်။
(၁၇) ထေရ၀ါဒဗုဒ္ဓဘာသာတို့သည် အာကာသ ခေါ် နတ္ထိဘာဝကို နိဗ္ဗာန်ဟု ထင်မှတ်မှားသူများဖြစ်ကြသည်ဟု ကျောက်သင်္ဘော ၀ါဒဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာတို့ကို စွပ်စွဲကြသည်။
(၁၈) မိမိကိုယ်တိုင် သိမြင်ခြင်းဖြင့်သာ အသိအမြင်ပြည့်စုံသည်ဟု ယူကြသည်။
(၁၉) သိဒ္ဓတ္ထဘ၀မှ ဗုဒ္ဓဘ၀သို့ တိုးတက်လာခြင်း၊ ဘုရားအသိÓဏ်ရရှိလာခြင်းသည် ဘာမှမလုပ်ဘဲ သာမန်လူလိုနေခြင်းကြောင့် ရသည်ဟု ယူကြသည်။
(၂၀) လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာရသော ဗုဒ္ဓကို မိစ္ဆာဗုဒ္ဓဟု ယူကြသည်။


မိုးပြာဦးဥာဏ၏ ဟောပြောချက်၊ ရေးသားချက်တချို့ကို မူရင်းအတိုင်း ကောက်နုတ်တင်ပြပါမည်။

ရှေးဘ၀၊ နောက်ဘ၀ လက်မခံ
ကျုပ်တို့က သူတို့ကို အဓိကဆိုဆုံးမတာမှာ ... ဘယ်တရားမှ မရချင်နေ၊ ရချင်ရ၊ ရှေ့ဘ၀၊ နောက်ဘ၀တော့ မတွေးရဘူးလို့ ဆိုတာ လောက်ကတော့ ကျုပ်တို့ကိုချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။
အဲဒီတော့ သူဆိုတာက ကျုပ်တို့အနားမှာ အချဉ်းကပ်ရဆုံးသူလည်း ဖြစ်တယ်။ ကျုပ်တို့ကို ငွေနဲ့ကြေးနဲ့ အများဆုံး အကုန်ကျခံရဆုံး ပြုစုတဲ့သူလည်း ဖြစ်တယ်။ အဲဒါတောင်မှ ကျုပ်တို့ရဲ့ အစဆုံးဖြစ်တဲ့ (ရှေးဘ၀၊ နောက်ဘ၀ မတွေးရဘူးဆိုတဲ့) ဟာကို (လာလျှောက်တယ်)၊ ရှေးဘ၀၊ နောက်ဘ၀ကို တကယ်မြတ်စွာဘုရား မဟောပါဘူး။ ကျုပ်တို့ကလည်းပဲ ရှေးဘ၀၊ နောက်ဘ၀ကို လုံးဝမဟောကြားဘူး။ ရှေး ဘ၀၊ နောက်ဘ၀ကို ယူဆတဲ့သူဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိဆိုပြီးသကာလ ... ကျုပ်တို့နဲ့ ပဋိပက္ခအနေအထားမှာ ရှိတယ်။
(ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၂၊ ၁၉၉၆)

လက်ခံလျှင် အကျိုးမရှိ
တို့ နောက်ဘ၀သိလား။ (မသိဘူး)၊ အေး ... မသိဘူးစာရင်းထဲ အသေကို ထည့်သွင်းရမယ်။ နည်းနည်းကလေးမှ ခေါင်းပြူမလာစေနဲ့။ မသိတာကို မသိတဲ့အတိုင်း မသိစာရင်းထဲ ထည့်မထားမိဘူးဆိုရင်ဖြစ်ဖြစ် သို့မဟုတ် မသိတာကို မသိစာရင်းထဲထည့်ပေမဲ့ ခေါင်းထောင် လာပြီး လူရည်လည်လုပ်တာကို ခံရတယ်ဆိုရင်ဖြစ်ဖြစ်၊ ဘယ်လောက်ထိ ဘာသာတရားရဲ့အမှုတော်တွေကို ထမ်းထမ်း၊ ဘယ်လောက်ထိ ဘာသာတရားကို ကျိုးကျိုးနွံနွံ ကိုင်းကိုင်းရှိုင်းရှိုင်း ဆည်းကပ်ဆည်းကပ်၊ ဘယ်တော့မှ အဲဒီဘာသာတရားရဲ့ အကျိုးကျေးဇူးကို မခံစားရဘူး။
(ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၁၁-၁၃၊)

၃၁ ဘုံ လက်မခံ
ဗုဒ္ဓဘုရားရဲ့တရားဟာ ကြံဆချက်သက်သက်တွေ မပါတဲ့ (အတက္ကာဝစရ) တရားဓမ္မဖြစ်လို့ (အဲဒီ ဗုဒ္ဓတရားထဲမှာ) မမွေးမီနဲ့ သေပြီးတို့၊ အထက်ဘ၀ဂ်၊ အောက်အ၀ီစိတို့ ... မပါဘူး။
(ဓမ္မ၀ီဟာရီ၏ ဗုဒ္ဓသာသနာနှင့် မြန်မာပြည်၊ စာ ၁၀၊ ၂၀၀၆)

လူကိုတော့ မသတ်နှင့်
လူသိများတာက ဘုရားဟာ သတ်မှုက ရှောင်ရမဲ့အသက်ကို အားလုံးရဲ့အသက်အဖြစ် ဟောတာလို့သိနေကြတယ်။ ဒီလို သိမှား တာကတော့ ဟိန္ဒူနဲ့နွှယ်ပြီး သိမိလို့ပါပဲ။ ဟိန္ဒူက မသတ်ရတဲ့ဟာ အားလုံးရဲ့အသက်ပါပဲ။ သစ်ပင်လောက်ပဲ ကျန်ပါတယ်။
(ဘုရား၊ စာ ၁၃၁)
ဒါတွေကြောင့်ဘုရားရဲ့မသတ်ရမဲ့အချက်ရဲ့အနက်ဟာလူ့အသက်ပဲဖြစ်တယ်။ အခြားအကောင်ပလောင်တွေရဲ့ အသက်မဟုတ်ဘူး။
(ဘုရား၊ စာ ၁၃၅)

အများပိုင်ပစ္စည်း ခိုးနိုင်သည်
နိုင်ငံပိုင်ပစ္စည်းခိုးတာဟာ ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) မပျက်ဘူး။ မြို့ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့အစည်းပိုင်၊ သမ၀ါယမ ပိုင်ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) အရ အခိုးမမြောက်ဘူး။ (ခိုးကောင်းတယ်ဟူလို။)

မမူးအောင်သောက်
သေရည်သေရက် မူးယစ်သေစာကို မေ့လျော့တဲ့နေရာအထိ မူးယစ်ခြင်းမှရှောင်မယ်ဆိုတာမျိုး အဓိပ္ပာယ်ရှိတယ်။ ဒီတော့ ဒီသိက္ခာပုဒ် အဓိပ္ပာယ်ဟာ သေရည်သေရက် (မူးယစ်ဆေးဝါး) မသောက်သုံးရဘူးလို့သာ အဓိပ္ပာယ်မရဘူး။ မေ့လျော့တဲ့အထိ ဒါတွေ မသောက်သုံး ရဘူးလို့ အဓိပ္ပာယ်ရတယ်။ အတိုင်းအထွာရှိရှိ ယစ်မူး၊ သောက်စားရင် ပမာဒဌာန မရောက်ဘူး။ သူတို့ဟာ ဘာမှမမှားဘူး။ အပြုအမူလည်း မမှားဘူး၊ အပြောအဆိုလည်း မမှားဘူး။ အနေအထိုင်လည်း မမှားဘူး နဂိုအတိုင်းပဲ။
(ဘုရား၊ စာ ၁၅၁၊ ၁၆၉-၁၇၀)

ဘာသာတရား မလိုအပ်
လောကကြီးမှာ ဘာသာတရားတွေကတောင် အပိုဖြစ်နေတယ်။ ဘာသာတရားမဟုတ်တော့ဘဲ ပကတိ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အရာတွေနဲ့သာ နေထိုင်လိုက်မယ်ဆိုရင် ပြီးသွားမှာ။ မြတ်စွာဘုရားဆိုရင် အဲဒီ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့အရာတွေ ကိုပဲ ပြောခဲ့တာပါ။ ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုတာတွေ ကို တားမြစ်ခဲ့တာပါ။
(ဓမ္မ၀ိဟာရီ၏ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား၊ စာ ၃၊ ၁၉၉၀ ပြည့်နှစ်)

စိဉ္စမာနလက်သစ်
“တပည့်တော်တို့ သိခဲ့ကြတာ မှားလှပါတယ် ဘုရား”
“ဘယ်လိုလဲ”
“ဖိုမ ကိစ္စဆိုရင် လွန်ကျူးတာ၊ စိတ်ကူးရင်တောင် ယုတ်မာတယ် ထင်တာဘုရာ”
“ဒီကိစ္စ ဆောင်ရွက်ဖို့ဆိုရင် စိတ်လည်းကူးရမှာပေါ့”
“အဲဒီစိတ်ကူးမျိုးဆိုရင် စိတ်ယုတ်တွေဖြစ်နေတာလို့ ပြောကြတာပဲ ဘုရား”
“မသိလို့ ပြောကြတာပဲ”
“ဘာမသိတာလဲ ဘုရား”
ဒီလို စိတ်ကူးမျိုး ဘုရားတောင် ကူးခဲ့လောက်တယ်ဆိုတာ မသိကြဘူး”
“ဟုတ်ပမလားဘုရား”
တွက်ကြည့်ရမှာပေါ့”
“ဘာတွက်မှာလဲ ဘုရား”
“မာနတ်က မှိုင်နေလို့ သမီးသုံးယောက်က မေးတော့ ဘုရားကို ရှုံးခဲ့လို့ ပြောတဲ့အခါ
ဒါ သူတို့ လုပ်ပေးမယ်ဆိုပြီး သမီးတွေက ဘုရားရှင်ဆီ ချဉ်းကပ်တယ်ဆိုတာကြားဖူးမှာပဲ”
“ဒါ တစ်ကမ္ဘာလုံး အသိပဲ ဘုရား”
“မာနတ်ရော သမီးတွေပါ တကယ်နတ်သား နတ်သမီးတွေ မဟုတ်ဘဲ ဘုရားစိတ်တော်
ဖြစ်တွေဆိုတာ သိလောက်ပြီပေါ့နော်”
“သိပါပြီဘုရား”
“အဲဒါပဲပေါ့”
ဘယ်လိုလဲ ဘုရား”
“မာနတ်ရဲ့ သမီးလတ်ဆိုသူ အပျိုရွရွဖားဖားနဲ့ ဖိုမ ဆက်ဆံမလားပေါ့ ဥတ္တရိမနုဿဓမ္မ
ကို လူတွေဆီ ဖြန့်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ဆုံးဖြတ်ချက်ချတယ်။
ဒီထက်သာမယ့် ကိုယ်ဝန်ရှိစ မာရ်နတ်သမီးကြီးနဲ့ ဖိုမဆက်ဆံမလားပေါ့၊ ဒါ ခံစားယစ်မူးပြီး
ဥတ္တရိမနုဿဓမ္မ ဖြန့်ဝေမူ့ အပျက်ခံလို့ ဘယ်ဖြစ်မလဲ လို့ဖြစ်တယ်။
“အပျိုဖော်ဝင်စ မာရ်နတ်သမီးငယ် အပျိုပေါက်နဲ့ ဖိုမဆက်ဆံမလားပေါ့၊
ဒါတွေနဲ့ ဥတ္တရိမနုဿဓမ္မ ကို လူတွေရတာ မဖြစ်ထိုက်ဘူးလို့ စိတ်တော်မှာဖြစ်ခဲ့တယ်”
“မာရ်နတ် သမီးသုံးယောက်ကို ဘုရားအောင်ခံနိုင်တယ် ဆိုတာလား ဘုရား”
“ဟုတ်တယ်”
“ဟုတ်ပါ့မလား ဘုရား”
“ဟုတ်တာပေါ့”
“ဒါတွေ ဘယ်လိုသိလဲ ဘုရား”
“တရားအလျှောက် သိတဲ့ဥာဏ်နဲ့ လျှောက်ပြီးသိတာပေါ့”
“ဘယ်လို တရားအလျှောက် လဲဘုရား”
“ကာမရူပ၊ အရူပ ကံ ၀ိပါက်တွေဟာ ဒုက္ခတရားတွေ မဟုတ်ဘူးလား”
“ဟုတ်တာပေါ့ဘုရား”
“ဒုက္ခဖြစ်တာတွေကိုပဲ မမက်ကြဘူလား”
“မက်ကြပါတယ်ဘုရား”

(အရှင်ဥာဏ၏ ဓမ္မကထာ၊ စာ-၂၂၇-၂၂၉၊ ၂၀၀၅-ခုနှစ်၊သြဂုတ်လထုတ်)

ဦးဥာဏဆိုသည်မှာ
မင်းကွန်းတောင်ရိုးတွင် တရားကျင့်ကြံရာမှ မိမိကိုယ်ကို ရဟန္တာဖြစ်သည်ဟု ကြေညာခဲ့သည်။ သံဃာ့ဝိနည်းဓိုရ်အဖွဲ့က ၁၉၈၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးခဲ့သည်။
မြို့နယ်ဝိနည်းဓိုရ်၊ တိုင်းဝိနည်းဓိုရ်၊ နိုင်ငံတော်ဝိနည်းဓိုရ် အဆင့်သုံးဆင့်စလုံးတွင် ရှုံးနိမ့်သည့်အတွက် ဦးဥာဏကို လူဝတ်လဲစေခဲ့သည်။
ထို့ပြင် ၀ိနည်းဓမ္မကံ (၉-၁၁) တို့ဖြင့် တရားစွဲခံရပြီး ၁၉၈၃ မှ ၁၉၈၆ ခုနှစ်တိုင်အောင် ထောင်သုံးနှစ် ကျခံခဲ့ရသည်။
ဝိနည်းဓမ္မကံ (၉-၁၁) အရ တရားစွဲခံရသော်လည်း မင်းကွန်းတိပိဋကဆရာတော်ဘုရား၏ မေတ္တာရပ်ခံမှုကြောင့် ထောင်သုံးနှစ်သာ အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။

ထောင်မှလွတ်သောအခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေကို အခြေပြုလျက် မိုးပြာခြံကိုတည်ထောင်ပြီး ပစ္စုပ္ပန်ကမ္မ ၀ါဒ ဗုဒ္ဓဘာသာအမည်ဖြင့် သာသနာပ၀ါဒများကို ဖြန့်ချိဟောကြားခဲ့သည်။
ဓမ္မပါမောက္ခ၀တ်စုံဟု အမည်ပေးကာ မိုးပြာရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအပွတို့ကို ၀တ်ဆင်ခဲ့သည်။ အနုပါဒါယဉ်ကျေးမှုဌာနဟူ၍ ပစ္စုပ္ပန်ကမ္မ၀ါဒအယူအဆများကို စာပေး၊ စာယူပုံစံဖြင့် သင်ကြား ပို့ချခဲ့သည်။

၁၉၉၁ခုနှစ်တွင်ထေရ၀ါဒသာသနာတော်အတွင်းမှသံဃာဂိုဏ်းသီးသန့်ထောင်ရန် ကြိုးပမ်းမှုဖြင့်တရားစွဲဆိုခံရသည်။
ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရကြောင်း သိရသည်။ သို့သော် လျှော့ရက်များဖြင့် ၁၉၉၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့ပြီး ၎င်းအယူဝါဒများကို ဆက် လက်ဟောပြောခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သစ္စာပန်းလမ်း၊ (ဌ) ရပ်ကွက်၊ ခြံအမှတ် ၂၀ ကို ဌာနချုပ်ပြုလုပ်လျက် ပစ္စုပ္ပန် ကမ္မ၀ါဒ (အဓမ္မ၀ါဒ) အယူများကို ပို့ချခဲ့သည်။ လိုအပ်လျှင် အိမ်တိုင်ရာရောက်ပုံစံဖြင့်လည်းကောင်း၊တစ်ဦးချင်းဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း လိုက်လံစည်းရုံးဟောပြောလေ့ရှိကြောင်း သိရသည်။

အင်တာနက်အသုံးပြုသူများကိုလည်း ...
(၁) www.forums.myanmarcommunity.com
(၂) http://sayamvasi.goolgepages.com (ပစ္စုပ္ပန်ကမ္မ၀ါဒ)
(၃) http://www.yatanar.co.cc (ရတနာ)
(၄) http://human-buddha.blogspot.com (လူသားဗုဒ္ဓ)
(၅) http://buddhismabc.blogspot.com (ဗုဒ္ဓဘာသာကကြီးခခွေး)
(၆) http://buddhismabc.blogspot.com (ဘာသာရေးဆွေးနွေးခန်း)
(၇) http://forums.myanmarcommunity.com (ဆွေးနွေးခန်း)
(၈) http://www.mandalaygazette.net (မန္တလေးဂေဇက်မဂ္ဂဇင်း)
(၉) http://azai.mmgenius.com (အပါယ်ရတနာ)
(၁၀) http://dhammaviharri.org (ဓမ္မ၀ိဟာရီ)
တို့ဖြင့် စည်းရုံးနေကြောင်း သိရသည်။


ပညာရှင်အင်အား၊ ဘာသာဝင်အင်အား၊ ငွေကြေးအင်အား၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးအင်အား
အကြီးမားဆုံး၊ အခိုင်မာဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီးဖြစ်
ငွေရတုပူဇော်ပွဲစာအုပ်ကို သေချာလေ့လာကြည့်လျှင် အလွန်ပင်ထင်ရှားမည် ဖြစ်ပါသည်။
ပညာတတ်အမည်ခံ ဦးဥာဏိန္ဒာလင်္ကာရ၊
ဦးဝိစိတ္တသာရာဘိဝံသ၊
ဦးစိုးအောင် (သ-စ-အ ဓမ္မာစရိယ၊ သုတေသနကျမ်းပြုဌာနမှူးဟောင်း) စသည်များအပြင်
စာရေးတတ်သူ၊ဟောပြောတတ်သူအများအပြားရှိနေကြသည်။အခြေခံသင်တန်းများရော၊ ဓမ္မ၀ိဟာရီသင်တန်းများပါ ရှိကြောင်းသိရပါသည်။
ဓမ္မ၀ိဟာရီသင်တန်းတို့တွင် အာသ၀က္ခယ ၀ိဟာရီစာတမ်း ပြုစုကြရကြောင်းလည်း သိရပါသည်။ ဓမ္မဆရာ ဦးရန်အောင်၏ ဟောပြော ချက်များအရ သြဠာရိက+သုခမ တိုင်းရင်းဆေးပညာရှင်များ အုပ်စုလိုက်ကြီးပင် ထိုဂိုဏ်းသားများ ဖြစ်ကြကြောင်းလည်း သိရပါသည်။ အင်းဝဘဏ်မှ ဦးရင်စိန်ကဲ့သို့သော သူများကြောင့်လည်းကောင်း၊ ဦးမြင့်ဝင်းမောင် (အေဇက်စာပေအိမ်) ကဲ့သို့ ပုံနှိပ်တိုက်ပိုင်ရှင် ကျွမ်းကျင်သူ များကြောင့်လည်းကောင်း၊ စာအုပ်အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။
ဦးဝိစိတ္တသာရာဘိဝံသသည် စာအုပ်များစွာတို့ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ထုတ်ဝေလျက် နေရာများစွာသို့ သွားရောက်ပေးဝေ စည်းရုံးနေကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံတွင် ပညာသင်ကျောင်းသားအဖြစ် နေထိုင်လျက် ၀ါဒဖြန့်နေသူ ဦးကုမာရာလင်္ကာရလို နိုင်ငံတကာ ဆက်သွယ်ရေးကွန်ရက်များကို ဖန်တီးနိုင်ခြင်းကြောင့်လည်းကောင်း၊ ဦးÓဏကိုယ်တိုင်ကပင် ၀ိဟာရီအမည်ခံလျက် အင်တာနက် အသုံးပြုဟောပြောချက်၊ ဆွေးနွေးချက်တို့ကို ပြုလုပ်နေခြင်းကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင်လည်း တစ်ဘ၀သာရှိသည့် ပဋိစ္စသမုပ္ပာဒ်ဝါဒီ ရှင်ဗုဒ္ဓဒတ္တလို ထိုင်းဘုန်းကြီးများရှိနေခြင်းကြောင့်လည်းကောင်း၊ အင်တာနက်အားဖြင့်လည်း ကမ္ဘာသို့တိုင်အောင် ပေါက်ရောက်ကျယ်ပြန့် လျက်ရှိနေကြောင်း သိရပါသည်။
စင်္ကာပူဗုဒ္ဓဘာသာလူငယ်များကြားတွင် အလွန်ရေပန်းစားသောဂိုဏ်းဖြစ်၍ စင်္ကာပူနေ မြန်မာဗုဒ္ဓဘာသာများက မှာယူသဖြင့် ပေးပို့ ရောင်းချသည့်စာအုပ်များမှာ များပြားလှကြောင်း သိရပါသည်။
အရိယဘဏ္ဍာရန်ပုံငွေကဲ့သို့သော ရန်ပုံငွေများလည်း အလှူခံလေ့ရှိခြင်းကြောင့် အလွန်တိုးတက်ကြီးထွားနေကြောင်း သိရပါသည်။ ထို့ပြင် လစဉ်ထုတ်ပေးစာများကို ရောင်းချသည့်ဝင်ငွေများနှင့် အခွန်လွတ်ထုတ်ဝေထားသည့် စာအုပ်ကြီးတို့ကို တစ်အုပ်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချသည့်အတွက် ဂိုဏ်းဝင်များထံမှ ရောင်းရငွေများကြောင့် အလွန်စည်ကားနေကြောင်း သိရသည်။ လွတ်လပ်တဲ့လူတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ ငွေရတုပူဇာတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ သင်တန်းခွေတစ်စုံလျှင် ကျပ် ၅၀၀၀ စသည်)။
ဤသို့ဖြစ်နေသည့် အင်အားများကြောင့် ၎င်းအဓမ္မ၀ါဒီဂိုဏ်းကြီးသည် အခိုင်မာဆုံး၊ အင်အားအကြီးဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီး ဖြစ်နေရပေသည်။

သတိထား၍ ရှောင်ရှားကြပါကုန်
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ

Read more ...

January 18, 2010

မိုးညှင်းမြို့၊ အရှေ့ရိပ်သာဆရာတော်

အရှင်ကောဝိဒ (ယော) | 10:43 AM | Be the first to comment!
မဟာနာယကကျောင်းတော်ကြီး၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့

ဆက်ကပ်ပါရန်
ဥက္ကဋ္ဌဆရာတော်
ပြည်နယ်သံဃနာယကအဖွဲ့
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
အကြောင်းအရာ။ ။ မိုးညှင်းမြို့၊ မဟာသတိပဋ္ဌာန်အရှေ့ရိပ်သာဆရာတော် ဟောကြားသော တရားတော်များ စိစစ်ချက် တင်ပြလာခြင်းကိစ္စ

၁။ အကြောင်းအရာပါ ကိစ္စနှင့်စပ်လျဉ်း၍ ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ တတိယအကြိမ် ဆဋ္ဌ အစည်းအဝေးက ဖော်ပြလတ္တံ့ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်ဘုရား။
ဆုံးဖြတ်ချက်
မိုးညှင်းမဟာသတိပဋ္ဌာန် အရှေ့ရိပ်သာဆရာတော် ဟောကြားသော တရားတော်များ စိစစ်ချက် တင်ပြခြင်းနှင့် စပ်လျဉ်း၍ မဟာသတိပဋ္ဌာန် အရှေ့ရိပ်သာဆရာတော်သည် ဆုံးဖြတ်ပြီးသော အဓမ္မ၀ါဒများ ထည့်သွင်းဟောကြားနေသောကြောင့် တရားဟောခွင့်ကို ယာယီပိတ်ပင်ထားရန်၊
၂။ သို့ဖြစ်ပါ၍ အထက်ပါ ဆုံးဖြတ်ချက်ကို သိရှိပါရန်နှင့် ဆက်လက်ညွှန်ကြား ဆောင်ရွက်သွာနိုင်ပါရန် အကြောင်းကြား လျှောက်ထားပါသည်ဘုရား။



ဘဒ္ဒန္တဣန္ဒသိရီ
အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်
မိတ္တူကို
-ဥက္ကဋ္ဌဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့၊ မိုးညှင်းမြို့
-ဥက္ကဋ္ဌ၊ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
-ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဋ္ဌာန၊ နေပြည်တော်
-ညွှန်ကြားရေးမှူး၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဋ္ဌာနခွဲ၊ ရန်ကုန်မြို့
-ပြည်နယ်သာသနာရေးမှူး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
-ဥက္ကဋ္ဌ၊ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊မိုးညှင်းခရိုင်၊ မိုးညှင်းမြို့
-ဥက္ကဋ္ဌ၊ မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ မိုးညှင်းမြို့
-မြို့နယ်သာသနာရေးမှူး၊ မိုးညှင်းမြို့
-လက်ခံစာတွဲ
-မျှောစာတွဲ
Read more ...

January 15, 2010

ဓမ္မဥပဒေပြန့်ပွားရေးအသင်းချုပ်၏ ရည်ရွယ်ချက်

သျှင်သာမိ - မုံရွာ | 2:18 AM | Be the first to comment!
၁။ သင်္ဂါယနာခြောက်တန် တင်ထားအပ်ပြီးသော ထေရဝါဒသာသနာတော် - ပိဋကတ်သုံးပုံလာ တရားတော်များ ပြန့်ပွားစေလျက် ဗုဒ္ဓသာသနာဝင် ရဟန်းရှင်တို့နှင့် ဥပါသကာ၊ ဥပါသိကာအားလုံး အဆိုပါ ပိဋကတ်သုံးပုံလာတရားတော်တို့အတိုင်း ကျင့်ကြံပွားများအားထုတ်၍ ပစ္စုပ္ပန်၊ သံသရာ ကောင်းကျိုးနှစ်ဖြာတို့နှင့် နိဗ္ဗာန်ချမ်းသာ တိုင်အောင် ကောင်းကျိုးများ ခံစားနိုင်ကြစေရန်။ 

၂။ နိုင်ငံတော် သံဃဝိနိစ္ဆယဌာနနှင့် သာသနာရေးဌာနတွင် အဓမ္မဝါဒဖြစ်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးထား ရှိပြီး နေရာဟောင်းတွင်ပင်ဖြစ်စေ၊ အခြားမြို့-ရွာ-နေရာသစ်တွင်ဖြစ်စေ၊ အမည်ဟောင်းဖြင့်ဖြစ်စေ၊ အခြား အမည်သစ်ဖြင့်ဖြစ်စေ အဓမ္မဝါဒများ ဆက်လက်ဟောပြော၊ ဖြန့်ချိနေမှုများကို သံဃဝိနိစ္ဆယကာကွယ်စောင့် ရှောက်ရေး ဥပဒေပုဒ်မအရ သာသနာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထုတ်ဖော်စွဲဆိုချက်များ တင်သွင်း သွားရန်။ 

၃။ အဓမ္မဝါဒသစ်တစ်ခုခု၏ ပျံ့နှံ့မှုပမာဏအရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တင်ပြပြီး နိုင်ငံတော်သံဃ ဝိနိစ္ဆယဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့က အဓမ္မဝါဒသစ်ကို စစ်ဆေးဆုံးဖြတ်၍ တားဆီး၊ ဖယ်ရှားနိုင်ရေး အတွက် စောဒနာလွှာများ ပြုစုတင်သွင်းသွားရန်။ 

၄။(ထေရဝါဒဗုဒ္ဓသာသနာတော်(ပိဋကတ်သုံးပုံ)သည်နိုင်ငံတော်၏ဘာသာသာသနာဖြစ်သည်)ဟု ယုံကြည်သည်နှင့်အညီ ထေရဝါဒဗုဒ္ဓသာသနာတော် (ပိဋကတ်သုံးပုံ) အား စော်ကား၊ ပုတ်ခတ်၊ တိုက်ခိုက်၊ နစ်နာစေမှုများကို စုံစမ်း၍ ဖော်ထုတ်၊ တားဆီး၊ ဖယ်ရှားမှုများကို ဓမ္မလမ်းကြောင်းအတွင်းမှ အစွမ်းရှိသမျှ ဆက်လက်ဆောင်ရွက်သွားရန်။

 ၅။ (ထေရဝါဒဗုဒ္ဓသာသနာတော် (ပိဋကတ်သုံးပုံ) သည် နိုင်ငံတော်၏ ဘာသာသာသနာဖြစ်သည်)ဟု ယုံကြည် သည်နှင့်အညီ ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့စေရန် စာအားဖြင့်လည်းကောင်း၊ တစ်ဦးချင်းလည်းကောင်း၊အစုအဖွဲ့အလိုက်လည်းကောင်း၊ကွန်ရက်နည်းပညာများဖြင့်လည်းကောင်း စုံစမ်း ဖော်ထုတ်၍ ပြန်လည်ဖြန့်ချိပေးရန်။
Read more ...

ဓမ္မဥပဒေပြန့်ပွားရေးအသင်းချုပ်အကြောင်း

သျှင်သာမိ - မုံရွာ | 12:28 AM | Be the first to comment!

အသင်းချုပ်၏ အမည်၊ တည်နေရာ၊ တည်ထောင်သည့်နေ့၊


(က) အသင်းချုပ်၏ အမည်
ဤအသင်းချုပ်ကို (ဓမ္မဥပဒေပြန့်ပွားရေးအသင်းချုပ်)ဟု ခေါ်တွင်စေရမည်။ အသင်းချုပ်၏ အသင်းခွဲများ ဖြစ်ပေါ်လာလျှင် အမည်၏နောက်တွင် မြန်မာနိုင်ငံတော်ကို ဖြည့်စွက်ခေါ်တွင်ရမည်။ (ဥပမာ-ဓမ္မဥပဒေ ပြန့်ပွားရေး အသင်းချုပ်၊ မြန်မာနိုင်ငံတော်) အသင်းခွဲအမည်များတွင် အသင်းချုပ်ဟုသုံးစွဲခြင်း မရှိစေရ။ (ဥပမာ-ဓမ္မဥပဒေ ပြန့်ပွားရေးအသင်း၊ ဗဟန်းမြို့နယ်)

(ခ) အသင်းချုပ်၏ တည်နေရာ
၁။ ဤအသင်းချုပ်၏ တည်နေရာသည် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း၌ တည်ရှိစေရမည်။ 
၂။ ဤအသင်းချုပ်ဝင် အသင်း၊ အဖွဲ့များ၏ တည်နေရာသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် တည်ရှိစေရမည်။
၃။ ဤအသင်းချုပ်၏ အသင်းခွဲများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် တည်ရှိစေရမည်။

(ဂ) အသင်းချုပ်တည်ထောင်သည့်နေ့
ဤအသင်းချုပ်ကို သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ အဘိဓမ္မာအခါတော်နေ့၊ မြန်မာနှစ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ စနေနေ့တွင် စတင်တည်ထောင်သည်။
Read more ...

အသင်းချုပ်တည်ထောင်ရသည့် အကြောင်းရင်း

သျှင်သာမိ - မုံရွာ | 12:13 AM | Be the first to comment!
ဤအသင်းချုပ်တည်ထောင်ရခြင်း အကြောင်းရင်းမှာ - 

 ၁။ လွန်ခဲ့သော ၁၉၈၃ ခုနှစ်က အဓမ္မဝါဒအဖြစ် ကြေညာထားအပ်ပြီးဖြစ်သော အဓမ္မဝါဒအဟောင်းကြီးက နာမည်သစ်ဖြင့် ပြန်လည်၍အင်အားကြီးလာခြင်း၊ 
၂။ အခြားသော အဓမ္မဝါဒဟောင်းများလည်း အုပ်စုအသီးသီးဖွဲ့စည်း၍ ပြန်လည်ခေါင်းထောင်လာကြခြင်း၊ 
၃။ အဆိုပါအဓမ္မဝါဒ ဖြန့်ချိသူများက သိုသိုသိပ်သိပ်ဖြင့် ဝါဒဖြန့်နေသည်တို့ကို ကြားမြင်တွေ့ကြုံနေကြရသော် လည်း တစ်ဦးတည်း၊ တစ်ယောက်တည်းဖြင့် ဆောင်ရွက်နိုင်ရန် ခက်ခဲလှသည်ဖြစ်၍ ကိုယ်နှင့်မဆိုင်သကဲ့သို့ လျစ်လျူရှုနေကြရခြင်း၊ 
၄။ ထိုသို့ လျစ်လျူရှုကာ ရှောင်လွှဲသည်းခံနေကြရသဖြင့် ထိုထို အဓမ္မဝါဒအင်အားစုများ ပြန်လည်စုမိလာခြင်း၊ 
၅။ အဓမ္မဝါဒအသစ် တည်ထောင်ဟောပြောဖြန့်ချိနေသည့် အဖွဲ့အစည်းသစ်များလည်း တိုးပွားလာနေခြင်း၊ ၆။ အဆိုပါ အဓမ္မဝါဒဟောင်းများ၊ အဓမ္မဝါဒသစ်များနှင့်စပ်လျဉ်း၍ တစ်ဦးချင်း၊ တစ်ယောက်ချင်းအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲလှစွာသော အဓမ္မဝါဒ ဖော်ထုတ်၊ တားဆီး၊ ဖယ်ရှားရေးကိစ္စအဆင့်ဆင့်တို့ကို တူညီသောအသင်း၊ အဖွဲ့၊ ပုဂ္ဂိုလ်များကတာဝန်ယူ၍ ကျွမ်းကျင်သူများဖြင့် ဖြစ်မြောက်အောင် ဆောင်ရွက်ပေး လိုခြင်းတို့ကြောင့် တည်ထောင်ရခြင်းဖြစ်သည်။ 

အသင်းချုပ်၏အမည်နှင့် တံဆိပ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်
အသင်းချုပ်၏ အမည်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် 

 ၁။ (ဓမ္မ) ဟူသည်မှာ- ထေရဝါဒဗုဒ္ဓသာသနာတော် (ပိဋကတ်သုံးပုံ) ကို ဆိုလိုသည်။ 
၂။(ဥပဒေ)ဟူသည်မှာ- ထေရဝါဒဗုဒ္ဓသာသနာတော်မှ သွေဖည်သော၊ ချွတ်ချော်တိမ်းစောင်းသော၊ လမ်းလွဲသော အပြုအမူ၊ အပြောအဆို၊ အရေးအသားတို့ကို စိစစ်ပေးမည့် ဗုဒ္ဓ၏ပြဋ္ဌာန်းချက် ဓမ္မဝိနယကို ဆိုလိုသည်။ ၃။ (ပြန့်ပွားရေး)ဟူသည်မှာ- ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးမှ ချွတ်ချော်၊ သွေဖည်၊ လမ်းလွဲမှုများကို ဓမ္မဝိနယ တို့ဖြင့် စိစစ်ပြီး နှုတ်အားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း၊ တစ်ဦးချင်းလည်းကောင်း၊ အစုအဖွဲ့ အလိုက်လည်းကောင်း၊ ကွန်ရက်နည်းပညာများဖြင့်လည်းကောင်း ပြန်လည်ဖြန့်ချိပေးမည်ကို ဆိုလိုသည်။ 
၄။(အသင်းချုပ်)ဟူသည်မှာ- ဤသို့သော လုပ်ငန်းရပ်များတွင် စိတ်တူညီမျှကြသူ အသင်းများ၊ အဖွဲ့များ၊ ပုဂ္ဂိုလ်များ စုပေါင်းပါဝင်ဆောင်ရွက်ကြသည့်အတွက် ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။ 

  အသင်းချုပ်၏ တံဆိပ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် 

 ၁။ (ဓမ္မစကြာ}၏အဓိပ္ပာယ်မှာ- ထေရဝါဒဗုဒ္ဓသာသနာဝင် အသင်း၊ အဖွဲ့၊ ပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက်သည့် အထိမ်းအမှတ်အဖြစ် ဆိုလိုသည်။ 
၂။ (ဆည်းလည်း}၏အဓိပ္ပာယ်မှာ- မြတ်ဗုဒ္ဓ၏ ထေရဝါဒဓမ္မဝိနယများသည် ပျံ့နှံ့ဝေလွင်စေလိုသည့် အထိမ်း အမှတ်အဖြစ် ဆိုလိုသည်။ 
၃။ တစ်ဖက်တစ်ချက်ရှိ (ကလပ်ပေါ်မှ ပေစာထုပ်}၏အဓိပ္ပာယ်မှာ- အသင်းချုပ်၏မည်သည့်ကိစ္စရပ်မဆို မြတ် ဗုဒ္ဓ၏ဓမ္မဝိနယ မူဘောင်အတွင်းကသာ ဆောင်ရွက်မည်ကို ဆိုလိုသည်။ 

  အသင်းချုပ်ဝင် အမျိုးအစား 

အသင်းချုပ်ဝင် အသင်း-အဖွဲ့တစ်ခုခုတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက် အသင်းချုပ်ဝင် အဖြစ် အဆိုပြုသူများနှင့် အသင်းခွဲတစ်ခုခုတွင် ပါဝင်ဆောင်ရွက်လို၍ ဆန္ဒပြုသူများမှ အသင်းချုပ်က သတ်မှတ် ချက်နှင့်လျော်ညီ အသိအမှတ်ပြုသူများကို အသင်းချုပ်ဝင်အဖြစ် သတ်မှတ်သည်။
Read more ...

January 5, 2010

လိမ်ညာပြောတိုင်း သီလမပျက်ဟူသော ဟောပြောရေးသားချက်ကို ဖြေရှင်းချက်

သျှင်သာမိ - မုံရွာ | 6:10 AM | Be the first to comment!
အရွင္ဥာဏ က
ချွတ်ရွင်းပြောတိုင်း သီလမပျက်
ဂရုဓမ္မသီလ မလိမ်ရသိက္ခာပုဒ်မှာ ယူရမယ့် မလိမ်ရပုံကို ဘုရားဘယ်လိုဖွင့်တယ်လို့ ကြည့်ရမယ်။
စကားမှန်မူ့ အားလုံးကို ရှောင်ရှားခြင်းလို့ ဒီသိက္ခာပုဒ်အရ ယူရမယ့် ပုဒ်မရှိဘူး ဘုရားဟာ ၀ိနည်းပညတ်ချက်မှာ
မမှန်စကားကို အမျိုးအစားနှစ်ခုခွဲခြားပြီး ပညတ်တာရှိတယ်။ ကိုယ့်ဘ၀နဲ့ စပ်ပြီး ပြောတဲ့ မမှန်စကားနဲ့ ကိုယ့်ဘဝ
မဟုတ်တဲ့ အရာကို ပြောတဲ့ မမှန်စကားတွေပဲ။


ချွတ်ရွင်းစကား နှစ်မျိုးပြား
ကိုယ့်မှာ မရှိဘဲ ရှိတယ်ပြောတာမျိုး ကိုယ့်မှာ မဖြစ်ဘဲ ဖြစ်တယ်ပြောတာမျိုး ကိုယ်မသိဘဲ သိတယ်ပြောမျိုး
ဒါတွေဟာ ကိုယ့်ဘ၀နဲ့ စပ်ပြီးပြောတဲ့ မမှန်စကားတွေပဲ။ တခြားမဟုတ်စကားတွေကတော့ ကိုယ့်ဘ၀နဲ့ မစပ်တာမျိုးပေါ့။
ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြိးတဲ့အရာကို မကြီးဘူး။
ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး။
အစရှိတဲ့ ဘ၀နဲ့ မပတ်သက်တဲ့ နေရာတွေမှာ ပြောဆိုချက်တွေဟာ မမှန်တဲ့စကားတွေပဲ ဒါတွေဟာ
ကိုယ့်ဘ၀ မဟုတ်တဲ့ အရာတွေကို ပြောတဲ့မမှန်စကားတွေပဲ။

ဘ၀လိမ်မှ သိလပျက်
ဒီမမှန်တဲ့ စကားနှစ်မျိုးဟာ လိမ်တာတွေပဲ။ ဒီသိက္ခာပုဒ်မှာ ဒီနှစ်လိမ်လုံး ရဖို့ မရှိဘူး။ ရှေ့တလိမ်ပဲ ယူဖို့ရှိတယ်။
နောက်တစ်လိမ်ပဲ သိက္ခာပုဒ်အရ အကျုံမ၀င်လောက်ဘူး။ နောက် လိမ်နည်းနှစ်မျိုးနဲ့ လိမ်လို့
မလိမ်ရတဲ့ ဂရုဓမ္မသီလ မပျက်ဘူးလို့ ဆိုတယ်။
(ဘုရား စာအုပ်- နှာ- ၁၆၀)

ဒါကြောင့် လိမ်တာနဲ့ စပ်ပြီး အပျော်အပြောင်တောင် မပြောဝံ့ရလို့ သိနေတာတွေကို ကျော်လွားရမယ်။
ကိုယ့်မှာ ရှိတဲ့ ပစ္စည်းသူလာတောင်းတဲ့ အခါ မပေးနိုင်လို့ မရှိဘူးပြောလဲ လိမ်တာလို့ ဒီသီလမှာ ယူဖို့ မဟုတ်ဘူး။
ကိုယ်ရောင်းတဲ့ ပစ္စည်း အမြတ်ရအောင် ပိုပြောထားတဲ့ ဈေးကို အရင်းအတိုင်းဈေးပါပဲလို့ ပြောတာလည်း
ဒီသီလမှာ လိမ်တာ မမြောက်ဘူး။ ဒါမျိုးတွေကို အများအပြားသိရမယ်။
(ဘုရား စာအုပ်- နှာ- ၁၆၁)

ဒီစာတွေ အရ လိမ်တာဟာ မကောင်းတာချည်း မဟုတ်ဘူးလို့ ဆိုလိုတယ်။
မကောင်းတဲ့ လိမ်တာတွေရှိသလို မကောင်းတာ မဟုတ်တဲ့ လိမ်တာလဲ ရှိတယ်လို့ ဆိုရာရောက်တာပေါ့။
ဒီတော့ မကောင်းတဲ့ လိမ်တာကို ကွဲကွဲပြားပြား သိမှဖြစ်မယ်။
ဒါမှ ဂရုဓမ္မသီလက တားတဲ့ လိမ်တာကို သိရမယ်” ဟု ဟောပြောရေးသားထားပါသည်။
(ဘုရား စာအုပ်- နှာ- ၁၆၃)


ရှင်းလင်း ဖြေရှင်းချက်

အရှင်ဥာဏ သည် “ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ“ ဟူ၍ နာမည်တပ်ကာ အဖွဲ့အစည်းကြီး တခု ဖွဲ့ထား၏။
ထိုအဖွဲ့အစည်းကြီး ၏ ခေါင်းဆောင်သည် အရှင်ဥာဏ ဖြစ်နေ၏။
အရှင်ဥာဏသည် သူ၏ အဖွဲ့ဝင် အားလုံးတို့အား
သတ်နည်း အမျိုးမျိုး၊
ခိုးနည်း အမျိုးမျိုး၊
လိမ်ညာနည်း အမျိုးမျိုး၊
မူးယစ်သေစာ သုံးစွဲနည်း အမျိုးမျိုးတို့ကို သင်ကြားပေးနေ၏။

တစ်နည်းပြောရလျှင်......
သီလ သာသနာ၊
သမာဓိ သာသနာ၊
ပညာသာသနာကို ဖျက်စီးနေပါသည်။

နောက်တမျိုးပြောရလျှင်...........
ပရိယတ်သာသနာ၊
ပရိပတ်သာသနာ၊
ပဋိဝေဓ သာသနာ ကို အုပ်စုဖွဲ့၍ ဖျက်စီးနေပါသည်။

အရှင်ဥာဏက ကိုယ့်မှာမရှိဘဲ ရှိတယ်ပြောတာမျိုး၊ ကိုယ့်မှာ မဖြစ်ဘဲ ဖြစ်တယ် ပြောတာမျိုး၊
ကိုယ်မသိဘဲ သိတယ်ပြောတာမျိုး ဒါတွေဟာ ကိုယ့်ဘ၀နဲ့ စပ်ပြီးပြောတဲ့ မမှန်စကားတွေပဲ ဟုဆိုကာ
ဤကဲ့သို့ လိမ်ညာပြောဆိုမှ မုသာဝါဒ သိက္ခာပုဒ်အရ သိလပျက်မှုဖြစ်တယ်လို့ ဆိုထားပါသည်။

ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြိးတဲ့အရာကို မကြီးဘူး။
ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး။
အစရှိတဲ့ ဘ၀နဲ့ မပတ်သက်တဲ့ နေရာတွေမှာ ပြောဆိုချက်တွေဟာ မမှန်တဲ့စကားတွေပဲ ဒါတွေဟာ
ကိုယ့်ဘ၀ မဟုတ်တဲ့ အရာတွေကို ပြောတဲ့မမှန်စကားတွေပဲ ဟု ဆိုကာ ဤကဲ့သို့ လိမ်ညာပြောဆိုလျှင်
မုသာဝါဒ သိက္ခာပုဒ်အရ အပြစ်မရှိ၊ သီလ မပျက် ဟု ဆိုထားပါသည်။

အရှင်ဥာဏသည် စတုတ္ထပါရာဇိကလာ လိမ်ညာပြောဆိုမူ့မျိုးကိုသာ မုသာဝါဒ သိက္ခာပုဒ်အရ အပြစ်ရှိ၍၊
သီလပျက်စီးကြောင်းဟု ပြောဆိုကာ သုဒ္ဓပါစိတ်၊ မုသာဝါဒ သိက္ခာပုဒ်လာ လိမ်ညာပြောဆိုမူ့ကိုကား
ဤမုသာဝါဒ သိက္ခာပုဒ်အရ အပြစ်မရှိ၊ သီလ မပျက် ဟု ဆိုထားပါသည်။

အဌကထာတို့၌

မုသာတိ ၀ိသံဝါဒန......(ပ)...........စေတနာ မုသာဝါဒေါ။
(သံယုတ် အဌကထာ၊ ၂၊ ၁၃၅၊
မဇ္ဈိမ ပဏ္ဏာသ အဌကထာ-၁၊ ၂၀၃။
အဘိဓမ္မာ အဌကထာ-၁၊ ၁၄၁)
မုသာသည် မဟုတ်မမှန်သော ၀တ္ထု( အကြောင်းအရာ ) ကိုယ်ဟော၏။
ဝါဒသည် ပြောဆိုခြင်း၊ (၀ါ) ပြောဆိုကြောင်း စေတနာကို ဟော၏။
မုသာဝါဒ ဆိုသည်မှာ ချွတ်ရွင်းဖောက်ပြန် မဟုတ်မမှန်ပြောဆိုမူ့ကို ရှေးရှူသောသူ၏ သူတစ်ပါး
အကျိုးစီးပွားကို ပျက်ပြာစေတတ်သော နှုတ်ဖြင့် လိမ်ညာခြင်း၊ ကိုယ်ဖြင့် လိမ်ညာခြင်းတို့ ဖြစ်သည်။
တနည်းအားဖြင့် နှုတ်ဖြင့် လိမ်ညာခြင်း၊ ကိုယ်ဖြင့် လိမ်ညာခြင်းတို့ကို ဖြစ်စေတတ်သော အကုသိုလ်
စေတနာသည် မုသာဝါဒ မည်၏။........ဟု ဖွင့်ဆိုထားကြ၏။

မုသာဝါဒအင်္ဂါတို့မှာ လေးပါးရှိ၏။ ၄င်းလေးပါးတို့မှာ
၁။ မဟုတ်မမှန်သော အကြောင်းအရာ ၀တ္တုဖြစ်ခြင်း၊
၂။ မှားယွင်းစေလိုသော စိတ်ရှိခြင်း၊
၃။ မှားယွင်းစေလိုသော စိတ်မျိုးဖြင့် ကိုယ်နှုတ်တို့ဖြင့် လုံးလ ပြုခြင်း၊ လိမ်ညာခြင်း၊
၎။ အလိမ်ခံရသူက လိမ်သည့် အတိုင်းသိရှိယုံကြည်ခြင်း တို့ဖြစ်ပါသည်။

သို့ဖြစ်၍ ရှင်ဥာဏ၏ ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြိးတဲ့အရာကို မကြီးဘူး။
ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး အစရှိတဲ့ လိမ်ညာပြောဆိုမူသည် မုသာဝါဒ ပင်ဖြစ်ပါသည်။
သီလပျက်စီးမူ့ ဖြစ်ပါသည်။

တစ်ဖန် အဌကထာတို့၌

ဂဟဌာနံ အတ္တနော..........(ပ)............၀ဒန္တာနံ မဟာသာဝဇ္ဖော။

(သံယုတ် အဌကထာ၊ ၂၊ ၁၃၅၊
မဇ္ဈိမ ပဏ္ဏာသ အဌကထာ-၁၊ ၂၀၃။
အဘိဓမ္မာ အဌကထာ-၁၊ ၁၄၂)

လူတို့မှာ မိမိ၏ ပစ္စည်းဝတ္ထု တစ်ခုခုကို ငှားယူလို၍ဖြစ်စေ၊ ၀ယ်ယူလို၍ဖြစ်စေ
ထိုပစ္စည်းရှိပါသလားဟု မေးသည့်အခါ အမှန်ရှိနေပါလျက် မငှါးလို မရောင်းလိုသည့်အတွက် မရှိပါ ဟု
လိမ်ခြင်းမျိုးသည် အပြစ်မကြီးသော်လည်း မုသာဝါဒ အင်္ဂါနှင့် ညီသဖြင့် မုသာဝါဒဖြစ်၍
သိက္ခာပုဒ်ပျက်စီးပါသည်။
သူတပါး အကျိုးစီးပွါးပျက်ပြားအောင် မတရားသက်သေခံ၍ မဟုတ်မမှန် ပြောဆိုခြင်းမျိုးကား
မုသာဝါဒလည်းဖြစ် ကမ္မပထ လည်းမြောက်၍ အပြစ်ကြီးပါသည်။

ရဟန်း သာမဏေတို့ ရွာထဲမှ ဆီ ထောပတ်တို့ကို အနည်းငယ်သာ ရပါလျက် အခြားသီတင်းသုံးဖော်တို့နှင့်
တွေ့သည့်အခါ ပြောင်လောင် ပျက်ရယ်လိုသည့် သဘောဖြင့်
“ဒီကနေ့ ရွာထဲမှ ဆီတွေ ထောပတ်တွေ မြစ်ကြီးစီးနေသလိုပဲ” ဟု စကားကြီး စကားကျယ် ချဲ့ကားပြောဆိုခြင်းသည်
မပြစ်မကြီးသော်လည်း မုသာဝါဒ ဖြစ်ပါသည်။

မမြင်ဘဲ မြင်၏၊ မကြားဘဲ ကြား၏၊ မတွေ့ဘဲ တွေ့၏၊ မသိဘဲ သိ၏။
မြင်ပါလျက် မမြင်၊ ကြားပါလျက် မကြား၊ တွေ့ပါလျက် မတွေ့၊ သိပါလျက် မသိ ဟု
လိမ်ညာ ပြောဆိုခြင်းသည် ကမ္မပထလည်းမြောက် သီလသိက္ခာလည်း ပျက် အပြစ်လည်း ကြိးပါသည် ဟု
ဖွင့်ဆိုထားပါသည်။
ဤ အဌကထာ အဖွင့်တို့ကို ကြည့်သောအားဖြင့်
ရှင်ဥာဏ ၏
ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြိးတဲ့အရာကို မကြီးဘူး။
ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး အစရှိတဲ့ လိမ်ညာပြောဆိုမူသည် မုသာဝါဒဖြစ်၍
သီလသိက္ခာပျက်စီးပါသည်။
သို့ဖြစ်ပါ၍ ရှင်ဥာဏ ၏ ဟောပြောရေးသားချက်များသည်
အဓမ္မ၀ါဒ ဖြစ်ကြောင်း ရှင်းလင်း တင်ပြအပ်ပါသည်။

Read more ...

ဈင်ဘာသာအကြောင်းသိလိုပါသည် (ဖြေ-ချမ်းမြေ့ဆရာတော်)

Dr Phyo Wai Kyaw | 5:16 AM | | | Be the first to comment!
ယနေ့ထေရ၀ါဒဗုဒ္ဓဘာသာထဲ ထိုးဖောက်ရန်ကြိုးစားနေသော ဈင်ဘာသာအကြောင်း...
(စ်င္ဘာသာ=တာအုိ၀ါဒ+သုည၀ါဒ)
ချမ်းမြေဆရာတော်၏
တက္ကသိုလ်ဓမ္မသဘင်အမေးအဖြေမှ

C-M Zin Buddhism 3
Read more ...

ပစ္စုပ္ပန်ကမ္မ၀ါဒကို စာပေတင်၍စစ်ဆေးချက် (တောင်သာအောင်)

Dr Phyo Wai Kyaw | 4:13 AM | | | Be the first to comment!

M.P
Read more ...

ဓမ္မစေတီရှင်းတမ်းစာတမ်းလွှာ

Dr Phyo Wai Kyaw | 4:09 AM | | | Be the first to comment!
Read more ...

ဘိက္ခုနီဝိနိစ္ဆယစာတမ်း

Dr Phyo Wai Kyaw | 12:35 AM | | Be the first to comment!
Read more ...

January 4, 2010

ခွေးရူးထက်ကြောက်စရာကောင်းသူ

ကိုဦး(ထားဝယ်) | 5:53 AM | | | 1 Comment so far
တစ်ယောက်ယောက်က အောက်ပါမေးခွန်းမျိုးမေးလာခဲ့သော် မိတ်ဆွေအနေနဲ့ ဘယ်လို

ဖြေမည်နည်း ။

မေးခွန်း (၁) ။ ။ ဗုဒ္ဓဟောကြားတဲ့ အနတ္တ သဘောတရားအရ ပုဂ္ဂိုလ်သတ္တ၀ါ မရှိ ၊ ငါမရှိ ၊

အတ္တမရှိ ၊ ယောက်ျား မရှိ ၊ မိန်းမ မရှိ ရင် တစ်စုံတစ်ခုကို ပြုသူဆိုတာကော ရှိပါ့မလား ။ အကယ်

၍ တစ်စုံတစ်ခုကို ပြုသူ မရှိရင် သူ့အသက်ကို သတ်ခြင်း ၊ သူ့ဥစ္စာခိုးခြင်း ၊ မူးယစ်ခြင်း အစရှိတဲ့

ဒုစရိုက်မှု ဆိုတာကော ရှိပါ့မလား ။သူငါသတ္တ၀ါ မရှိတာမှန်ရင် ၊ ပြုသူမရှိတာမှန်ရင် ၊ ပြုလုပ်ခြင်း

ဆိုတာ မရှိတာမှန်ရင် ပြုခြင်းအတွက် ကျထိုက်တဲ့ တာဝန်ဝတ္တရား ဆိုတဲ့ သဘောတွေ ၊ ကုသိုလ်

အကုသိုလ် ဆိုတဲ့ သဘောတွေ ၊ အကျိုးအပြစ် ဆိုတဲ့ သဘောတွေကော ရှိပါတော့မလား ။

အကယ်၍ ဒီသဘောတွေ ပျောက်ကွယ်သွားခဲ့ရင် လူ့ဘ၀ဟာ အဓိပ္ပာယ်ကော ရှိပါ့မလား ။


မေးခွန်း (၂) ။ ။ အကယ်၍ ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါ အတ္တ , မရှိဘူး ၊ အမှန်ဆိုရင် ဗုဒ္ဓ၀ါဒ အရ

လွတ်မြောက်သူ ပေါ့ ။ ဗုဒ္ဓစကားအရ ပြောရရင်တော့ မဂ်ဖိုလ်နိဗ္ဗာန် ရသူဟာ ဘယ်သူဖြစ်မလဲ ။

နိဗ္ဗာန်ရအောင် ကျင့်ကြံ အားထုတ်တဲ့ အခါ သူ ၊ ငါ ၊ သတ္တ၀ါ , မရှိတော့ ဘယ်သူ့ကို နိဗ္ဗာန် ရသူ

ရယ်လို့ သတ်မှတ်ရပါ့မလဲ ။


အထက်ပါ မေးခွန်းမှာ ဗုဒ္ဓ ၏ အနတ္တ၀ါဒကို သဘောမပေါက်သောသူတို့ မေးလေ့မေးထ ရှိတဲ့မေး

ခွန်းပါ ။ ဒီလိုမေးခွန်းမျိုးကို မိလိန္ဒမင်းလည်း အရှင်နာဂသေန ကို မေးခဲ့ဖူးပါတယ် ။

ဆရာတော်ဘုရားကြီးတစ်ပါး က အထက်ပါမေးခွန်းနဲ့ပတ်သက်ပြီး ဤသို့ သြ၀ါဒ ပေးဖူးလေသည် ။

" ပရမတ်အစစ်မပေါက်ဘဲ ပညတ်ကို ဖျောက်လျှင် ခွေးရူးထက် ကြောက်စရာ ကောင်းတယ် ။ ဘာ

ဖြစ်လို့လည်းဆိုတော့ ဘုရားတို့ ၊ ရဟန်းသံဃာတို့ နဲ့ လူဝတ်ကြောင် ၊ အမိအဘ နဲ့ အခြားယောက်ျား

မိန်းမ စတဲ့ သူ့ဂုဏ် ၊ သူ့အမည် ပညတ် နဲ့ သီးခြားစီ ရှိကြတာကို အတူတူ ၊ ဓာတ်လေးပါး အခြေခံတွေ

ချည်းပဲလို့ ယူကြည့်ပါလား ၊ လောကမှာ သည့်ထက် ကြောက်စရာကောင်းတဲ့လူ ရှိပါဦးမလား ။"

" တကယ့် ပရမတ်အစစ်ကိုပေါက်ပြီး သစ္စာလေးပါးကို ထိုးထွင်းသိပြီးလို့ ငါ ၊ သူတစ်ပါး ၊

ယောက်ျား ၊ မိန်းမ ရယ်လို့ , မရှိဘူးလို့သိတာက တစ်မျိုးပါ ။ ဒါက ၀ိပဿနာဥာဏ်အမြင်နဲ့ကြည့်တဲ့

အခိုက်ပြောတာ ။ လောကထဲမှာ ပြောတာ ၊ ဆိုတာ ၊ သိမှတ်တာ ကျတော့ သူ့ပညတ် နဲ့ သူ ခွဲပြီး

တော့ပဲ သုံးရတယ် ။ အားလုံးကို အတူတူလို့ သိမှတ်မယ်ဆိုရင် ကိုယ့်မိခင် နှင့် ကိုယ့်အိမ်သူ ကို အတူ

တူပဲလို့ သဘောထားကြည့်ပါလား ၊ ခွေးရူးထက် ကြောက်စရာ မကောင်းဘူးလား ၊ လောကီနယ်မှာ

ပညတ် ဟာ သူ့တန်ဖိုးနဲ့သူ ၊ သူ့အဆင့်အတန်းနဲ့သူ တန်ဖိုးချင်း ၊ ဂုဏ်ချင်း ခြားနားတယ် ။ ဒါကို ခြား

ခြားနားနား ပဲ သိမှတ်ရတယ် ။ ၀ိပဿနာနယ် ၊ လောကုတ္တရာနယ်မှာ ကျတော့လည်း ပရမတ် က

သူ့တန်ဖိုးနဲ့သူပေါ့ " ဟူ၍ သြ၀ါဒ ပေးတော်မူခြင်း ဖြစ်၏ ။


မေတ္တာရှင် (ရွှေပြည်သာ)ရှင်ဇ၀န


သညာသိနဲ့ပညာသိ - စာ-63

Read more ...

ညောင်လေးပင်နယ်မှ ၀ါဒရေးရာ ပြဿနာ

ကိုဦး(ထားဝယ်) | 5:41 AM | | 1 Comment so far


... ညောင်လေးပင်မြို့မှ အရှေ့ဘက် ၁၄-မိုင်ကျော်ကျော် ၁၅-မိုင်ကျော်ကျော်ခန့်ဝေးသော “ သောင်ကြီးရွာ “ တွင်ဖြစ်၏ ။ ထိုရွာနေ အများစု ပုဂ္ဂိုလ်တို့မှာ စီးပွားရေးကောင်းကြ၏ ။ အများအားဖြင့် ချမ်းသာကြွယ်ဝ ပြည့်စုံကြ၏ ။ ရွာဦးကျောင်းဆရာတော်ကြီးမှာလည်း နှယ်နှယ်ရရ မဟုတ်ပေ ။ သီလ ၊ သမာဓိ ၊ ပညာ နှင့် ပြည့်စုံ၍ ပရိယတ်ဂုဏ် - ပဋိပတ်ဂုဏ် ရှိသောကြောင့် “ ဂိုဏ်းထောက် ဆရာတော်ကြီး “ အဖြစ် ခန့်အပ်ခြင်းခံရသော မထေရ်ကြီး တစ်ပါးပင် ဖြစ်၏ ။

သို့ရာတွင် ထိုရွာနေ လူတစ်စုတို့က မထေရ်ကြီးအပေါ် ပြစ်တင်ရှုတ်ချ ကဲ့ရဲ့စကားဆိုကြ၏ ။ သူတို့ ကဲ့ရဲ့ကြပုံမှာ -

“ ဘယ့်နှယ်……တို့ကျောင်းဆရာတော်ကြီးက တစ်ခါလာလည်း ဒါန သီလဟော ၊ နောက်တစ်ခါလာလည်း ဒါန သီလအကြောင်းဟော ၊ ဒါနက ဘ၀စည်းစိမ်တွေ ပြည့်စုံစေတယ်လို့ ဆိုတယ် ၊ သီလက လူ့ပြည် နတ်ပြည်ဆိုတဲ့သုဂတိတွေကို ရစေသတဲ့ ။

ဒီလိုဆိုတော့ ဒုက္ခအသေးစားကနေ ဒုက္ခ အကြီးစား ရဖို့ချည်း သူဟောနေတာပေါ့ ၊ ဟောရာ ရောက်တော့တာပေါ့ ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာတရားကောင်းလေးများ တစ်ခါတစ်လေမှ မဟောဖူးဘူး ၊ မဟောတတ်ဘူးလား မသိပါဘူး “

ဤသို့စသည်ဖြင့် ကဲ့ရဲ့စကားပြောကြားကြ၏ ။ ထိုပုဂ္ဂိုလ်တို့သည် သဂြိုဟ်အခြေခံလည်း အတော်အတန်ရှိသူများ ဖြစ်ကြ၏ ။ ၀ိပဿနာစာအုပ် များကိုလည်း ဖတ်ကြားလေ့လာသူများ ဖြစ်ကြ၏ ။ ဤသို့ အခြေခံအစအနရှိကြ ၍လည်း ပြောလာကြခြင်း ဖြစ်လေ၏ ။ ပြောရုံတွင်မက အဖော်ညှိကြပြီးလျှင် ရွာဦး ကျောင်းကိုပင် မသွားဘဲ နေလာကြတော့၏ ။ ဤနည်းအားဖြင့် သူတို့လူစုတွေ အတော်ပင် ဦးရေများလာသည် ဖြစ်၏ ။

ထိုသောင်ကြီးရွာသား မျက်စိကုဆရာကြီးဦးထွန်းသာသည် ညောင်လေးပင် မြို့ပေါ်တွင်နေသဖြင့် ဆရာတော်လေး ဦးဝိမလ ( မိုးကုတ်ဆရာတော်ဘုရာကြီး ) နှင့် ရင်းနှီးနေ၏ ။ သို့ဖြစ်၍ သောင်ကြီးရွာကိစ္စအကြောင်းကို လျှောက်ထားပြီးလျှင် “ အရှင် ဘုရား ကြွရောက်ဖြေရှင်းပေးပါ “ ဟုတောင်းပန်လျှောက်ထားခဲ့၏ ။

ဆရာတော်လေးဦးဝိမလမှ ဖြစ်ပုံအခြင်းအရာအား သေသေချာချာစုံလင် အောင်မေးပြီးမှ ၁၂၉၇ခုနှစ် တပေါင်းလဆုတ်ထဲတွင် သောင်ကြီးရွာသို့ ကြွရောက် လိုက်ပါတော်မူလေ၏ ။ ခင်တန်းကျောင်း ဦးသုမနလည်း လိုက်ပါခဲ့၏ ။

သောင်ကြီးရွာသို့ရောက်သောအခါ ဆိုင်ရာဒကာတို့ကို ကျောင်းသို့ခေါ် လိုက်၏ ။ စုံညီစွာရောက်ကြသောအခါ ဆရာတော်လေးက အမိန့်ရှိ၏ ။

“ ဒကာတို့…..အခုလို ဘုန်းကြီး ဒီရွာကိုရောက်လာရတာဟာ ဒီရွာဦးကျောင်း ဆရာတော်ကြီးနှင့် ဒကာတို့ ၀ါဒရေးရာ အယူအဆ မတူကြလို့ မညီမမျှ ဖြစ်နေကြ တယ် ဆိုတာ ကြားရပါတယ် ၊ ဒီကိစ္စကို ပြေလည်အောင် လုပ်ပေးနိုင်မလား လို့ လာရ ခြင်းပါပဲ “

ဤသို့ မိန့်သောအခါလှုပ်လှုပ်ရွရွ ဖြစ်လာကြပြီးလျှင် တစ်ယောက်တစ် ပေါက် မကျေနပ်ချက်တို့ကို လျှောက်ကြတော့၏ ။ သူတစ်မျိုး ငါတစ်ဖုံ စုံနေတော့၏ ။ ထိုအခါဆရာတော်လေးက -

“ နေကြပါဦး - ဒီလိုလုပ်နေလို့ မပြီးနိုင်ဘူး ၊ တစ်ယောက်စီပြောပါ ၊ ဒါမှမဟုတ် အားလုံးရဲ့ကိုယ်စားတစ်ဦးက ပြောပါ ၊ မိမိတို့ရဲ့ အယူဝါဒကို တင်ပြပါ။ မရှင်းတာ ကိုမေးနိုင်ပါတယ် ၊ ဘုန်းကြီးကဖြေပါမယ် ၊ ဒကာတို့ရဲ့အမေးကို ပြေလည်အောင် ဘုန်းကြီးက မဖြေနိုင်ရင် ဒကာတို့ရဲ့ဝါဒကို ဘုန်းကြီးက ထောက်ခံသွားမယ် ။

အဲဒီနောက် ဘုန်းကြီးကတစ်ဖန် ဒကာတို့ကိုပြန်ပြီး မေးဦးမယ် ။ ဒကာတို့ရဲ့ အယူအဆများဟာ ( သုတ် ၊ ၀ိနည်း ၊ အဘိဓမ္မာ ) နဲ့ မကိုက်ညီရင် ဒကာတို့က ဒီကျောင်းဆရာတော်ကြီးကို ဦးစွာ ကန်တော့ကြရမယ် ။ ပြီးတော့ ဒကာတို့ရဲ့အရွယ် ရောက်တဲ့သားတွေ ၊ တူတွေကို ဒီကျောင်းမှာ သင်္ကန်းစည်းစေပြီးတော့ ဆရာတော် ကြီးကို ၀တ်ကြီးဝတ်ငယ် ပြုကြရမယ် ၊ ဘယ့်နှယ်လဲ….”

ဤသို့ စည်းကမ်းသတ်မှတ် ဘောင်ခတ်၍ မေးလိုက်သောအခါ “ ကောင်းပါတယ် ဘုရား “ ဟူ၍ ၀န်ခံကြ၏ ။ “ ကဲ..ဒါဆိုရင် ကိုယ့်အယူဝါဒကို တင်ပြလျှောက်ထားကြ စမ်း “ ဟုခွင့်ပြုလိုက်သဖြင့် ဒကာများက လျှောက်ထားကြတော့၏ ။

“ ဒီလိုပါဘုရား ၊ တပည့်တော်တို့ အခုကိုးကွယ်နေတဲ့ ရွာဦးကျောင်းဆရာ တော်ကြီးက တရားဟောတိုင်း ဒါန - သီလ အကြောင်းချည်း ဟောနေတယ်ဘုရား ။ တပည့်တော်တို့ စာတွေထဲ ဖတ်ရလို့ သိရသလောက် ဒါနဟာ ဘ၀သံသရာမှာ စည်းစိမ်တွေမောက်ဖြိုး အကျိုးပေးစေတယ် - လို့ ဆိုပါတယ် ။ သီလ ကတော့ ကောင်းတဲ့ ဘ၀နဲ့ ရုပ်ရည် အဆင့်အတန်း မြင့်မြင့်ကို ရစေတယ်လို့ ဆိုပါတယ် ။ ပြီးတော့ တစ်ခါ ဒီစည်းစိမ် ၊ ဒီ ဘ၀တွေဟာ ဒုက္ခသစ္စာတွေပါ ၊ အနှစ်မရှိပါဘူး - လို့ လည်း ဆိုပြန်ပါတယ် ။

တပည့်တော်တို့က အားလုံးပါပဲ ၊ ကန်တော့ကြတဲ့အခါ “ နိဗ္ဗာန်ကို ရရလိုပါ၏ “ ဆိုတော့ လိုချင်တာက နိဗ္ဗာန် ၊ ဟောတာက ဒုက္ခတွေရဖို့ ဖြစ်နေလို့ တပည့်တော်တို့ အားမရကြဘူး ဘုရား “ ဟူ၍ လျှောက်ကြ၏ ။

ထို့အပြင်လည်း “ ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ ဖြစ်ပြီးတာနဲ့ ပျက်ကုန် တာ “ - လို့ သဂြိုဟ်ကျမ်းထဲမှာ တွေ့ကြရတယ်ဘုရား ၊ ဒီတော့ ဘယ့်နှယ်လုပ်ပြီး နောက် ဘ၀ တွေလိုက် အကျိုးပေးနေရဦးမှာလည်း ဘုရား “ ဤသို့စသည်ဖြင့်လည်း စုံစုံလင်လင် တစ်နာရီခွဲခန့်မျှကြာအောင် လျှောက်တင်နေကြလေ၏ ။

ဒကာတွေက သူတို့၏ အယူအဆများကို အားရအောင် လျှောက်တင်ကြ လေ၏ ။ ထို့နောက် သူတို့၏ ချွတ်ချော်နေသော အယူအဆတို့ကို ဆရာတော်လေးက မှန်ကန်အောင် တည့်မတ်ပေးရလေတော့၏ ။

“ ခုတိုင်းဆိုရင် ဒကာတို့ဟာက ဒါန ၊ သီလ ၊ သမထတွေကို ပယ်ထားရာ ရောက်နေပြီ ၊ ဘုရားရှင် ကိုယ်တော်တိုင်ပင် ပွင့်တော်မူစမှာ သတ္တ၀ါတွေက အသိ ဥာဏ် မရင့်ကျက်သေးတော့ နက်နဲ ခက်ခဲသော ပရမတ္ထသစ္စာ တို့ကို ဦးစွာမဟော သေးပါဘူး ။

ဒါနကထာ ၊ သီလကထာ ၊ သဂ္ဂကထာ စသည်တို့ဖြင့် နူးညံ့သိမ်မွေ့ ယဉ် ကျေးလာအောင် ဦးစွာ ပထမ ဟောရပါသေးတယ် ၊ ပြီးမှ ယဉ်ကျေး သိမ်မွေ့လာ တော့မှ ၀ဋ်ဒုက္ခတို့မှ လွတ်မြောက်ကြောင်း နိက္ခမ္မကထာကို ဟောရပါတယ် ။

ပုဂ္ဂိုလ်ကလည်း အစားစား ရှိတာမဟုတ်လား ၊ အဲဒါတွေကို မြတ်စွာဘုရားတို့ သာလျှင် သိနိုင်ပါတယ် ။ က္ကန္ဒြယပရော ပရိယတ္တိဥာဏ်ပိုင်ရှင်ကိုး - ။ ဘုန်းကြီးနှင့် တကွ ဟောဒီ ကြွလာကြတဲ့ သံဃာတော်များအားလုံးကတော့ အဲဒီဥာဏ်မျိုးမရရှိလို့ အစဉ်အတိုင်းပဲ ဒါန ၊ သီလ ကစပြီးဟောကြရပါတယ် ။ နောက် - ရင့်ကျက်မြင့်တက် လာတော့မှသာ ၀ိပဿနာကို ဟောကြရတာပါ ။

ဒါကြောင့် ဒီကျောင်းက ဆရာတော်ဘုရားကြီးလည်း ဒီအစီအစဉ်အတိုင်းဟော တော်မူနေခြင်း ဖြစ်ပါလိမ့်မယ် “

ပြီးတော့ စောစောတုန်းက ဒကာတို့ လျှောက်ကြတယ် “ ပြုလုပ်သမျှကုသိုလ်ကံ တွေ - အကုသိုလ်ကံတွေဟာ ပြုလုပ်ပြီးရင် ပျောက်ပျက်ကုန်တာပဲ ၊ ဘာတစ်ခုမှ နောက်ဘ၀သို့ မလိုက်ပါကြဘူး ၊ ဘယ်လိုလုပ် အကျိုးပေးဦးမှာလည်း - တဲ့ ။ ဖြစ်ပြီး ရင် ချက်ချင်း ပျက်ကုန်တာပဲဟာ “ လို့ ဆိုကြတယ် ။

ဒီနေရာမှာ သတိထားကြပါ ၊ ဆရာကောင်း အလွန် လိုအပ်ပါတယ် ၊ ဆရာနည်း မရရင် အံချော်တတ်ကြပါတယ် ၊ “ ပြုလုပ်သမျှ ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ ပြုလုပ်ပြီးရင် ပျောက်ပျက်ကုန်တာပဲ ၊ ဘာတစ်ခုမှ နောက်ဘ၀သို့ မလိုက်ပါကြဘူး - လို့ ယူဆထားရင် ဥစ္ဆေဒ ဒိဋ္ဌိ ၊ ( ပြတ်ကုန်တယ်လို့ ယူတဲ့ ဒိဋ္ဌိ ) မှားတယ် ။

တစ်ခါ ပြုလုပ်သမျှ ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ ပျောက်ပျက်မကုန်ဘဲ နောက်ဘ၀သို့ ( အရိပ်ပမာ တကောက်ကောက် ) လိုက်ပါသည်လို့ ယူဆပြန်ရင် လည်း သဿတ ဒိဋ္ဌိ ( မြဲတယ် ၊ ခိုင်တယ် လို့ ယူဆတဲ့ ဒိဋ္ဌိ ) ဒါလည်း မှားပြန်တာပဲ။

နည်းနည်းချဲ့ ပြောပါဦးမယ် ၊ ဒါအရေးကြီးတယ် ၊ ကုသိုလ်ကံ - အကုသိုလ်ကံ တွေဟာ ( ဆာယာဝ အနုပါယိနီ ) အရိပ်ပမာ အစဉ်တစိုက် နောက်က လိုက်ပါသည် - ဆိုတဲ့ စကား ။ ( စက္ကံဝ ၀ဟတော ပဒံ ) လှည်းရုန်းသောနွား၏ ခြေရာနောက်သို့ လှည်းဘီးက တကောက်ကောက် လိုက်ပါသကဲ့သို့ လိုက်ပါသည် ဆိုတဲ့စကားတွေဟာ ဘုရားဟောပါပဲ ၊ ဘုရားနှုတ်ထွက်တော်တွေပါပဲ ၊ ဓမ္မပဒမှာ ပါတယ် ။

ဒါပေမယ့် အဲဒီနေရာတွေမှာက လူတွေ မြင်လွယ် ထင်လွယ်အောင် ဟောရ တာ ၊ ဥာဏ်နုတဲ့သူတွေဆိုတော့ သဘောပေါက်လွယ်အောင် ဥပမာဆောင် ဟောရ တာ ၊ ဒါ့ကြောင့် ဘုရားဟော ဒေသနာက ၂ မျိုး ရှိတယ်လို့ မှတ်ပါ ။

(က) နီတတ္ထဒေသနာ = တိုက်ရိုက်သိမှတ်ရတဲ့ တရားတစ်မျိုး ၊ (ခ) နေယျတ္ထဒေသနာ = ဆောင်၍ သွယ်ဝိုက်၍ သိမှတ်ရတဲ့ တရားတစ်မျိုးလို့ (၂) မျိုးရှိတယ် ။

ဥပမာ - အဘိဓမ္မာတွေထဲမှာ မြတ်စွာဘုရားက “ ခန္ဓာငါးပါးရှိတယ် ၊ ရူပက္ခန္ဓာ ၊သညာက္ခန္ဓာ ၊ သင်္ခါရက္ခန္ဓာ ၊ ၀ိညာဏက္ခန္ဓာ လို့ ငါးပါး “

အဲဒီလိုဟောရင် ဟောတဲ့အတိုင်း ဖြောင့်ဖြောင့် အဓိပ္ပာယ်ယူလိုက်ရုံပဲ ၊ အဲလို ယူရတာမျိုးဟာ(က) နီတတ္ထဒေသနာ = တိုက်ရိုက် သိမှတ်ရတဲ့ တရားမျိုးထဲမှာ ပါ တာပေါ့ ။

( ဆာယာဝ အနုပါယိနီ ) တို့လို ၊ ( စက္ကံဝ ၀ဟတော ပဒံ ) တို့လို တရား မျိုး ကျတော့ တိုက်ရိုက်ယူလို့ မရဘူး ၊ ယူရင်မှားကုန်မယ် ၊ ဒါကသိလွယ်မြင်လွယ်အောင် လို့ ဥပမာဆောင်ပြီး ဟောရတာ ၊ အဲဒီလို တရားမျိုးကျတော့ (ခ) နေယျတ္ထဒေသနာ= ဆောင်၍ သွယ်ဝိုက်၍ သိမှတ်ရတဲ့ တရားမျိုးထဲ ပါသွားတယ် ။

ဒီတော့ ဒကာတို့… ဒီလိုမှတ်ပါ ၊ အများပြောနေကြသလို ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ အရိပ်ပမာ နောက်ဘ၀ကို လိုက်ပါတယ် - ဆိုတဲ့စကားလည်း မှားတယ် ၊ အခု ဒကာတို့ ပြောနေကြသလို ရုပ်အစု နာမ်အစုတွေဟာ ဖြစ်ပြီး ပျက်ကုန် ကြတာပဲ ၊ ဘာတစ်ခုမျှ ကျန်တာ မဟုတ်ဘူး ၊ နောက်ဘ၀ကို လိုက်စရာ မရှိဘူး - လို့ ယူတဲ့ စကားလည်း မှားတယ် ။

ယူရမှာက ရုပ်အစု ၊ နာမ်အစုတွေ မလိုက်သည်ကားမှန်၏ ။ ဖြစ်ပြီးပျက်ကုန် သည်မှာလည်း မှန်၏ ။ သို့သော် အကျိုးပေးဖို့ရာ သတ္တိကား ကျန်ရစ်သည်သာ ၊ ထို သတ္တိက အကျိုးပေးသည် - လို့ ယူရမယ် “

ဒါနဲ့ပတ်သက်လို့ ကျမ်းဂန်တွေထဲမှာ မိန့်ဆိုထားချက်တွေ ရှိပါတယ် ၊ ဘယ်လို လည်းဆိုတော့ -

သန္တာနေဒံ ကမ္မံ နာမ ၊

န နိရုဇ္ဈတိ သဗ္ဗသော ။

ဝိသေသံ နိဒေတွာ ဟိ ၊

သမယမှိ ၀ိပစ္စိတုံ ။ ။

သန္တာနေ - ပြုလုပ်သော ပုဂ္ဂိုလ်၏ သန္တာန်တွင် ၊ က္ကဒံ

ကမ္မံ နာမ - ဤကောင်းကံ - မကောင်းကံအမျိုးမျိုးသည် ၊

သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အလုံးစုံ အကုန်မကျန် ၊ န

နိရုဇ္ဈတိ - ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်၍ သွားကြသည် မဟုတ်ပေ ။

ဟိ - မှန်၏ ၊ သမယမှိ - အကျိုးပေးဖို့ အချိန်ကျသောအခါတွင် ၊ ၀ိပစ္စိတုံ - အကျိုးပေး ဖို့ရာ ၊ ၀ိသေသံ - အကျိုးပေးဖို့ သတ္တိထူးကို ၊ နိဒေတွာ - မြှပ်နှံထားပြီး၍ ၊ (၀ါ) မြှပ်နှံပြီး မှသာ ၊ ( နိရုဇ္ဈတိ - သဘာဝအလျောက် ချုပ်ပျောက်၍ သွားတော့၏ ။ ) တဲ့ ။

“ ကဲ….ဘုန်းကြီးက လက်တွေ့ဥပမာတစ်ခုပြပါဦးမယ် “ ဟု ဆိုပြီးလျှင် နောက် ပါ ကိုယ်တော် ဦးသုမန ထံမှ လက်နှိပ်ဓာတ်မီး တောင်းလိုက်၏ ။ ပြီးလျှင် “ ဟော……. ကြည့်ကြ “ ဟုဆို၍ အတွင်းဘက် အနည်းငယ် မှောင်သော နံရံ အလင်းရောင် ထိုးပြ လိုက်သည် ၊ ပြီးလျှင် ဆရာတော်လေးက -

“ ဒကာတို့….. တွေ့ရဲ့လား ၊ ဟောဟို နံရံမှာ အလင်းရောင် ၊ အဲဒီအလင်းဟာ ဟောဒီ လက်နှိပ်ဓာတ်မီးကြီး နံရံကို သွားကပ်လို့ လင်းတာလား ၊ မီးသီးရောက်သွားလို့ လင်းတာလား ( မဟုတ်ပါဘုရား ) ၊ ဒါဖြင့် ဓာတ်ခဲတွေ ရောက်သွားလို့ လင်းတာလား ( အဲဒီလိုလည်း မဟုတ်ပါဘုရား ) ။ အေး ….ပစ္စည်းအထည်အဒြပ်တွေ နံရံကို လိုက်ပါ သွားတာတော့ မဟုတ်ဘူး ၊ ဒါပေမယ့် ဟောဒီ ဓာတ်ခဲအတွင်းက အလင်းရောင်သတ္တိ တွေတော့ နံရံကို ရောက်သွားတယ် ( မှန်ပါဘုရား ) ။ အထည်ဝတ္ထုတွေတော့ လိုက်ပါ မသွားဘူး ၊ သတ္တိပဲ လိုက်ပါသွားတယ် ( မှန်ပါဘုရား ) ။ အေး….ဒီအတိုင်းပဲဒကာတို့..၊ ကုသိုလ်ကံ ၊ အကုသိုလ်ကံတွေဆိုတာတွေဟာ သင်္ခတတရားတွေမို့ ဖြစ်ပြီး ပျက်ကုန် ကြရတာ မှန်ပါတယ် ။

ကုသိုလ်စေတနာ - အကုသိုလ်စေတနာတွေဟာ ဖြစ်ပေါ်လာပြီး ပျောက်ကုန်ရ တာ မှန်ပါတယ် ၊ နောက်ဘ၀ကို လိုက်နေချိန် မရလိုက်ပါဘူး ။ သို့သော်လည်း ပျက် ကုန်တဲ့ နေရာလေးတွေမှာ အရှိန်အ၀ါ သတ္တိလေးများ ကျန်ရစ်ပါသေးတယ် ။သတ္တိ လေးများ ထားခဲ့ပါသေးတယ် ၊ အဲဒီအရှိန်အ၀ါ သတ္တိကလေးများက အကျိုးပေးတာပါ။

ဖော်ပြပြီးခဲ့တဲ့အတိုင်း ယူမှ သဿတ ဒိဋ္ဌိကလည်းလွတ်မယ် ၊ ဥစ္ဆေဒ ဒိဋ္ဌိက လည်းလွတ်မယ် ၊ ကံတွေ လိုက်သွားတယ်ဆိုရင် သဿတဒိဋ္ဌိ ဖြစ်နေမယ် ၊ မလိုက် ဘူး - လုံးဝပြတ်သွားတယ် ၊ ဘာမှ မကျန်တော့ဘူး ဆိုပြန်ရင်လည်း ဥစ္ဆေဒ ဒိဋ္ဌိဖြစ်နေ ပြန်တယ် ။

သဿတက တစ်ဘက်အစွန်း ၊ ဥစ္ဆေဒကလည်း တစ်ဘက်အစွန်း ၊ အဲဒီအစွန်း (၂)ပါးကို မငြိစေပဲ အခုလို အလယ်က သွားမှသာ ( မဇ္ဈိမပဋိပဒါ ) ဘုရားလမ်းစဉ်ကျ တယ် ။

ကဲ…ရှင်းကြပြီလား ၊ ရှင်းလောက်ပါပြီနော် ။ ( မှန်ပါ - ရှင်းပါတယ်ဘုရား ) အားလုံးလိုလိုပင် တစ်ပြိုင်နက် အားတက်ရွှင်လန်းစွာ ဖြေကြ၏ ။သူတို့၏မျက်နှာများ သည် ကျေနပ်သည့်အသွင်များဖြင့် လန်းဆန်းနေကြ၏ ။ တစ်စုံတစ်ဦးမျှ နောက်ထပ် မမေးကြတော့ ၊ အချိန်ကလည်း ည (၈) နာရီထိုး၍သွားချေပြီ ။ ထို့ကြောင့် ထိုနေ့ည ထိုမျှဖြင့်ပင် ရပ်နားကြဖို့ ဆရာတော်လေးက အမိန့်ရှိ၏ ။ နောက်တစ်နေ့ နံနက် (၇) နာရီ ထပ်မံချိန်းလိုက်၏ ။

ဒုတိယနေ့ နံနက် (၇) နာရီထိုးသောအခါ ချိန်းထားသည့်အတိုင်း ဒကာတို့ စုံညီစွာပင် ရောက်လာကြတော့၏ ။ ဒကာတို့၏ မျက်နှာများမှာ လန်းဆန်း၍နေကြ၏။ ကျေနပ်နေသည့် လက္ခဏာတို့ကိုပြနေကြ၏ ။ ဆရာတော်လေးဦးဝိမလ က -

“ ဒကာတို့ဟာ ဗဟုသုတကြွယ်ဝသူများ ဖြစ်ကြတယ်လို့ ဘုန်းကြီး ကြားသိခဲ့ ရပါတယ် ၊ ကြိုတင် သိထားပါတယ် ။ ဒီလိုပုဂ္ဂိုလ်များကို ဟောရ ပြောရ ရှင်းပြရတာ ဟာ အင်မတန်မှ လွယ်ကူပါတယ် ၊ သိလွယ် သဘောပေါက်လွယ်ပါတယ် ။ နောက် ထပ် ရှင်းပြဖို့ အသင့်ပါပဲ ၊ ကဲ…နောက်ထပ် ဘာများ လျှောက်ချင်ကြသေးလဲ ၊ လျှောက်နိုင်ပါတယ် ၊ လွတ်လွတ်လပ်လပ်ပဲ မေးနိုင်ပါတယ် “

ဟု မိန့်လိုက်သောအခါ အားလုံးပင် လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏ ။ လျှောက်ထားခွင့် တံခါးဖွင့်ပေးလိုက်သည် မဟုတ်ပါလော ၊ ထို့ကြောင့် ၀မ်းသာအားရ လျှောက်ထား ကြသည် -

“ တပည့်တော်တို့ ကျေနပ်ကြပါတယ်ဘုရား ၊ မနေ့ညက ဆရာတော်ဥပမာ ပြပြီး ဟောလိုက်တာတွေ သဘောကျပါတယ် ၊ ညတုန်းက ဒီကပြန်တော့ ရွာထဲမှာ လည်း သန်းခေါင်ကျော်အထိ တပည့်တော်တို့ ပြန်လည် သုံးသပ်ဆွေးနွေးကြပါတယ် ဘုရား ။

ယခင်ကလိုဆိုရင် တပည့်တော်တို့ဟာ ဥစ္ဆေဒ ဒိဋ္ဌိအယူဖြစ်နေကြတာ ၊ အခု တော့ အဲဒီအယူက လွတ်ပါပြီ ၊ ဘုရားဟော ဒေသနာ မဇ္ဈိမပဋိပဒါကျကျ သိရပါပြီ ၊ ဒါ့ ကြောင့်တပည့်တော်တို့ ကျေးဇူးတင်ပါတယ်ဘုရား ။ ဒါနဲ့တစ်ဆက်တည်းလျှောက်ရ ရင် အခုပဲ ဒီကျောင်းက ဆရာတော်ဘုရားကြီးကို တပည့်တော်တို့ ကန်တော့ကြပါမယ် ဘုရား ။ ပြီးတော့ ဒီကနေ့ပဲ ( ဆရာတော်ထံ ၀န်ခံခဲ့တဲ့အတိုင်း ) တပည့်တော်တို့ရဲ့ သားများ ၊ တူများကို ဒီကျောင်းမှာ ရှင်ပြုကြပါမယ်ဘုရား ၊ ဒီကရှေ့မှာ တပည့်တော်ရဲ့ ရွာဦးကျောင်းဆရာတော်ဘုရားကြီးကို ဆက်လက်ကြည်ညို ဆည်းကပ်သွားကြပါမယ် ဘုရား “ ဟူ၍ ၀မ်းသာအားရ လျှောက်ကြလေ၏ ။

ဆရာတော်ကလေး ဦးဝိမလ မပြန်ခင်ပင် ပတ်ဝန်းကျင်ရွာ(၄)ရွာမှဆရာတော် သံဃာတော်များကိုအကုန်ပင့်၍ ရှင်ပြုလှူဒါန်းပွဲ ပြုလုပ်ကြသဖြင့် အားလုံး ရွှင်ပြုံးဝမ်း သာကြရလေသည် ။ပတ်ဝန်းကျင် သံဃာတော်များကလည်း သာဓုအကြိမ်ကြိမ်ခေါ်၍ ကျန်ရစ်ကြ၏ ။ သံဃာတော်များနှင့် ရွာသူရွာသားတို့၏ မြိုင်ဆိုင်လှသော သာဓုသံတို့ သည် ၀န်းကျင်ချာပတ် - ပဲ့တင်ထပ်လျက် - ထက်ရပ်နဘံမြည်ဟည်း၍ ကျန်ရစ်တော့ သတည်း ။


ကျမ်းကိုး -

အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း အဂ္ဂမဟာ ပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး၏တစ်ဘ၀ သာသနာ

( တစ်ဘ၀သာသနာ - အရှင်ဃောသိတ )
Read more ...

January 2, 2010

မြန်မာ ဘလော့ဂါတို့ ဖျက်သည်ရှိသော်

မေတ္တာတံခွန် | 11:08 PM | | | Be the first to comment!
လွန်ခဲ့သော ဆယ်စုနှစ်အထဲတွင် အရှေ့မှ ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံသည် အစ္စလာမ်ဘာသာဝင်နိုင်ငံအဖြစ် ခံယူသွားခဲ့သည်။ ထိုကိစ္စအတွက် ၀မ်းနည်းရမည်လား။ ၀မ်းသာရမည်လား ဝေခွဲရခက်နေစဉ်တွင်ပင် ယခု ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်၌ ထေရ၀ါဒနိုင်ငံပေါင်း (၁၁) နိုင်ငံဖြစ်လာသည်။ သို့သော် ထိုသို့ ရေတွက်၍ ရလာသော ထေရ၀ါဒ (၁၁) နိုင်သည် အနောက်မှ ဖြစ်သည်။ မည်မျှအထိ အနောက်ရောက်သွားသနည်း ဆိုသော် အမေရိကန်သည် ထေရ၀ါဒ (၁၁) နိုင်ငံထဲမှ နိုင်ငံတစ်နိုင်ငံ အဖြစ်ပါဝင်လာခြင်းဖြစ်သည်။ ထိုသို့ဆိုရသော် အရှေ့မှ ထေရ၀ါဒနိုင်ငံ တစ်နိုင်ငံ ပျောက်ဆုံးသွားခြင်းနှင့် အနောက်မှ ထေရ၀ါဒနိုင်ငံများ တိုးပွားလာခြင်းတို့သည် မည်သို့ ဆက်စပ်နေသနည်း။ ထေရ၀ါဒနိုင်ငံသည် အနောက်သို့ အားနဲ့ မာန်နဲ့ တက်သွားပြီလား။ အရှေ့မှ ထေရ၀ါဒနိုင်ငံများ ကျရှုံးတော့မည်လား။

မြန်မာနိုင်ငံတွင် အစပထမ၌ ရွှေကျင် သုဓမ္မာစသဖြင့် စတင်ဂိုဏ်းကွဲသည်။ ထိုဂိုဏ်းကွဲမှုသည် ရဟန်းသံဃာကြားများ၌ အတန်ကြာ အနှောင့်အယှက်ဖြစ်နေခဲ့သည်။ ထိုကွဲပြားမှုသည် ထိုအချိန်မှ စတင်ပြီးနောက် ပြန်လည်ပေါင်းစပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သည့် အနအထားသို့ တဖြည်းဖြည်းရောက်လာရင်း ယခုဆိုလျှင် သီးသန့်နေထိုင်မှုအထိ ကွဲပြားနေသည်။ ထိုသို့ သံဃာကြား ကွဲပြားလာပြီးနောက် မြန်မာ့သာသနာသည် မိုးကုတ် မဟာစည်စသဖြင့် လူထုကြား စတင်ကွဲပြားလာသည်။ သူ့နည်းက မှန်တယ် ငါ့နည်းက မှန်တယ်ဆိုပြီး ကွဲပြားလာသည်။ ပုတ်ခတ်လာသည်။ ဝေဖန်လာကြသည်။ ဆရာတော် တစ်ပါး၏ စကားကို ငှါးပြောရလျှင် ရင်ထဲစိုက်နေသော အ၀ိဇ္ဇာလှံတံကို နှုတ်ဖို့ တရားစခန်းကို သွားရာ အပြန်တွင် ငါ့ဆရာတော်နည်းမှ မှန်တယ်ဆိုသော ဒိဋ္ဌိလှံတစ်ချောင်း အပိုအစိုက်ခံလိုက်ရသည့် အဖြစ်မျိုး မြန်မာ့သာသနာ့နယ်ပင် တွင်ဖြစ်ပေါ်နေသည်။

ထိုသို့ ကွဲပြားလာရင်း မြန်မာတို့သည် ဂိုဏ်းစိုက်ထူခြင်းကို ၀ါသနာပါသည်ဟု ဆိုရမည်လားမသိရလောက်အောင် ဂိုဏ်းရောဂါရလာသည်။ ထိုဂိုဏ်းစွဲရောဂါတို့သည် နောက်လိုက်ဘ၀မှ နေ၍ ရှေ့ဆောင်ဘ၀သို့ လိုချင်လာကြသည့် အနေအထားသို့ ရောက်လာကြသည်။ ထိုသို့ ဂိုဏ်းကို မည်သို့ထောင်မည်နည်း။ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာများသည် ထေရ၀ါဒဟု ပါးစပ်မှ သွေးစိမ်းရှင်ရှင် ထွက်အောင် အော်နေလင့်ကစား တကယ်တမ်း ဗုဒ္ဓ၏ တရားတော်ကို ထိထိမိမိ ထဲထဲဝင်ဝင် သိသူက ရှားသည်။ သို့သော် မြန်မာတို့အားလုံးသည် မိမိကိုယ်ကို မိမိ ဗုဒ္ဓဘာသာဟု လုံးဝယုံကြည်ထားကြသည်။ ဤနေရာမှ အလွှဲများ စတင်လာသည်။ ဂိုဏ်းဂဏထောင်ချင်သော ပုဂ္ဂိုလ်များက “ချမ်းသာသော၊ အသိဉာဏ်ပညာမြင့်မားသော၊ ရာထူးအာဏာရှိသော” ပုဂ္ဂိုလ်များကို ကပ်ကြသည်။ မိမိ ၀ါဒကို ဘုရားရှင်၏ စကားလုံးများဖြင့် ရိုက်သွင်းသည်။ ယုံကြည်လာသော လူကုံထံများမှ အထောက်အပံ့ကို ရယူ၍ ဘုရားရှင်၏ စကားလုံးများကို ပုံစံပြောင်းကာ ၀ါဒဖြန့်သည်။ ထို့နောက် ထမီကို သာသနာ့အလံလုပ်ကာ ဂိုဏ်းထောင်လာကြပြီး ကျူရှင်ပြီး ကျူရှင်တက်ကာ ကိုယ့်ကိုယ်ကို ငါ ဗုဒ္ဓဘာသာဟုသိသော နိုင်ငံတကာရောက် ဗုဒ္ဓဘာသာဝင်တို့ကို စတင်ဆွဲဆောင်သည်။ မြူဆွယ်သည်။ အစွန်းရောက်စေသည်။ နည်းပညာကို အသုံးပြု၍ ၀ါဒဖြန့်သည်။

လက်ရှိ စာတတ်ပေတတ် ဘုန်းတော်ကြီးများက မိမိ၏ စာတတ်ပေတတ် တပည့်သံဃာတော်များကို နည်းပညာနဲ့ နီးစပ်လျှင် အာရုံပျက်ပြားလွယ်သဖြင့် စာကိုသာ တစိုက်မတ်မတ် ကျက်ခိုင်း ရွတ်အံခိုင်းနေမှန်း သိသဖြင့် ၀ါဒဖြန့်သူများ၏ အကြိုက်ဖြစ်နေသည်။ ထို့အတူ အွန်လိုင်းပေါ်မှ ဗုဒ္ဓဘာသာဆိုသူများသည် တကယ်တမ်း ဒီတရားဟာ ဗုဒ္ဓတရားတော် အမှန်လား။ အမှန်မဟုတ်ဘူးလားဆိုသည်ကို သိသည့်သူများက အလွန့်အလွန်နည်းပါးလာသည်။ တစွန်းတစ ဆွဲထုတ်ထားသော ဘုရားရှင်၏ တရားတော်ကို အဆုံးအထိ ယူမထားသော တရားများကို ကျမ်းကိုး ကျမ်းကားများဖြင့် ရေးသားထားသည်ကို အမှန်ဟု ယုံကြည်လာကြသည်။ အပြင်စာပေလောကတွင် စာပေစိစစ်ရေး ထား၍ ရသော်လည်း E-mail တစ်ခုတွင် blog ကို အကန့်အသတ်မဲ့ လုပ်နိုင်ခြင်းက ကန့်သတ်ဖို့ ခက်ခဲလာသည်။


သို့ဖြင့် မြန်မာ ဘလော့ဂါတို့ ဖျက်သည်ရှိသော် ထေရ၀ါဒနိုင်ငံသည် အနောက်သို့ အရှိန်အဟုန်နှင့် တက်သွားတော့မည်။ မြန်မာနိုင်ငံတွင် ပေါ်လာသော ဂိုဏ်းအသီးသီးများက ထေရ၀ါဒနိုင်ငံဆိုသည့် အခေါ်အဝေါ်ကို မြန်မာနိုင်ငံမှ ကျရှုံးစေလိမ့်မည်။ မကြာမီ မြန်မာနိုင်ငံသည် ကြောင်ကြား ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ပေတော့မည်။

ဂျေဂျူဝိုင် » http://www.jjqqyy.com/archives/529
 ကူးယူ ဖော်ပြပါသည်........
Read more ...

ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) ၏ ၀န်ခံကတိပြုချက်

သျှင်သာမိ - မုံရွာ | 6:50 AM | Be the first to comment!
မဟာနာယကကျောင်းတော်ကြီး၊
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့


တယ်လီဖုန်း
ဥက္ကဋ္ဌဆရာတော် -၆၅၁၀၀၇
ဒုတိယဥက္ကဋ္ဌဆရာတော်- ၆၆၁၀၀၆၊ ၆၆၁၇၄၆
အကျိုးတော်ဆောင်ဆရာတော် -၆၂၁၀၀၈
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်-၆၆၀၈၀၄၊ ၆၆၄၁၅၇

ဝိနိစ္ဆယအဖွဲ့ငယ် - ၆၆၁၀၀၅
သာသနာရေးရာအဖွဲ့ငယ် -၆၆၀၇၉၉
ပညာရေးရာအဖွဲ့ငယ် - ၆၆၀၇၆၆၊ ၆၆၄၄၆၅

ရက်စွဲ၊ ၁၃၇၁-ခုနှစ်၊ ၀ါခေါင် လပြည့်ကျော် ၉ ရက်
(၂၀၀၉ -ခုနှစ်၊ သြဂုတ်လ ၁၄ ရက် )

ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) ၏ ၀န်ခံကတိပြုချက်

၁၃၇၁ ခုနှစ်၊ ၀ါဆိုလဆန်း ၇ ရက်၊ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသော ဆဌမအကြိမ်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဌမအစည်းဝေးက ဆုံးဖြတ်ချက် အပိုဒ် (၄)
အရ အင်တာနက်တွင် လွင့်တင်ထားသော တပည့်တော် ဥတ္တမသာရ (ဆူနာမီ) ၏ တရားများကို
ပြန်လည်ရုပ်သိမ်းမည် ဖြစ်ပါကြောင်း ၀န်ခံကတိပြု လက်မှတ်ရေးထိုးပါသည်။

(ဦးဥတ္တမသာရ)

ဆရာတော်ကြီးများ ရှေ့မှောက်တွင်

၁။ ဘဒ္ဒ န္တတေဇောသာရာဘိဝံသ
(အဂ္ဂမဟာ ပဏ္ဍိတ)
ဒုတိယ ဥက္ကဌ ဆရာတော်

၂။ ဘဒ္ဒ န္တရေ၀တ
(အဂ္ဂမဟာ ပဏ္ဍိတ)
ဒုတိယ ဥက္ကဌ ဆရာတော်

၃။ ဘဒ္ဒ န္တဇောတိကာဘိဝံသ
(အဂ္ဂမဟာ ပဏ္ဍိတ)
အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်

၎။ ဘဒ္ဒ သြဘာသာဘိဝံသ
(အဂ္ဂမဟာ ပဏ္ဍိတ)
အဖွဲ့ဝင် ဆရာတော်

၅။ ဘဒ္ဒ န္တက္ကုဒ္ဓိဗလ
္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
ဥက္ကဌ၊ တိုင်းသံဃနာယက အဖွဲ့၊ ရန်ကုန်တိုင်း

Read more ...

စောဒနာတင်သွင်းလွှာ အမှတ် ၁... ဘာသာမဲ့ ရုပ်ဝါဒီများဖြစ်ကြောင်း စောဒနာချက်...(လူသေလူဖြစ်)

Dr Phyo Wai Kyaw | 6:43 AM | | | | Be the first to comment!
Zoom ဆွဲပြီးဖတ်ပါက စာလုံးသေးသေးများကို ကောင်းစွာ ဖတ်နိုင်ပါလိမ့်မည်။

Zoom=Ctl + Scroll or (+ )

(ဒဿန ခရီးစဉ်ဘလော့ဂ်မှ ယူပါသည်။)

စောဒနာတင်သွင်းလွှာ အမှတ် ၁...

ဘာသာမဲ့ ရုပ်ဝါဒီများဖြစ်ကြောင်း စောဒနာချက်...

ဦးဥက္ကဋ္ဌ ၀ါဒသည် ရုပ်ဝါဒ ရုပ်ကြမ်းဝါဒီ။
ဦးကိုကိုလေး ၀ါဒသည် ရုပ်ဝါဒ ရုပ်ကြမ်းဝါဒီ။
သခင်မြတ်ဆိုင်၏ ၀ါဒသည် ရုပ်ဝါဒ ရုပ်ကြမ်းဝါဒီ။
သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ချုပ်၏ ၀ါဒသည် ရုပ်ဝါဒ ရုပ်ကြမ်းဝါဒီ။ စာမျက်နှာ-၄၃၇






Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories