January 2, 2010

ဦးဥတ္တမသာရ (ဆူနာမီဆရာတော်)

သျှင်သာမိ - မုံရွာ | 6:04 AM |
ပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
မဟာနာယကကျောင်းတော်ကြီး၊
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့


တယ်လီဖုန်း
ဥက္ကဋ္ဌဆရာတော် -၆၅၁၀၀၇
ဒုတိယဥက္ကဋ္ဌဆရာတော်- ၆၆၁၀၀၆၊ ၆၆၁၇၄၆
အကျိုးတော်ဆောင်ဆရာတော် -၆၂၁၀၀၈
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်-၆၆၀၈၀၄၊ ၆၆၄၁၅၇

ဝိနိစ္ဆယအဖွဲ့ငယ် - ၆၆၁၀၀၅
သာသနာရေးရာအဖွဲ့ငယ် -၆၆၀၇၉၉
ပညာရေးရာအဖွဲ့ငယ် - ၆၆၀၇၆၆၊ ၆၆၄၄၆၅

ရက်စွဲ၊ ၁၃၇၁-ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၉ ရက်
(၂၀၀၉ -ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် )

အကြောင်းအရာ
ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) အား သံဃနာယက အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန် ကိစ္စ

၁။ ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) နှင့် ယင်းပုဂ္ဂိုလ် နေထိုင်သော ကျောင်းအဖြစ် အသိအမှတ် မပြုသော နေရာများကိစ္စ တိုင်းသာသနာမူးမှ အစီရင်ခံစာတင်ပြလာခြင်းကိစ္စ နှင့် စပ်လျဉ်း၍ ၂၈-၆-၂၀၀၉ နေ့တွင် ကျင်းပသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ အဌမ အစည်းအဝေးက ဖော်ပြပါလတ္တံ့ အတိုင်း ဆုံးဖြတ်ခဲ့သည်။

ဆုံးဖြတ်ချက်
ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) နှင့် ယင်းပုဂ္ဂိုလ် နေထိုင်သော ကျောင်းအဖြစ် အသိအမှတ် မပြုသော နေရာများကိစ္စ တိုင်းသာသနာမူးမှ အစီရင်ခံစာတင်ပြလာခြင်းကိစ္စ နှင့် စပ်လျဉ်း၍

၁။ ၃၁-၁၀- ၂၀၀၈ နေ့တွင် ဆဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ၏) တတိယ အကြိမ် ပန္နရသမ အစည်းဝေးက ဆုံးဖြတ်ခဲ့သော `ယခင် ဆုံးဖြတ်ချက်များကို ခေတ္တ ဆိုင်းငံရန်´ ဟူသော ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန်

၂။ ၂၂-၁၁-၂၀၀၇ နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တိုင်းသံဃမဟာနာယကအဖွဲ့၊ မြို့နယ် သံဃမဟာနာယကအဖွဲ့ ဆရာတော်များ ရှေ့မှောက်၌ မိမိကိုယ်တိုင် ၀န်ခံကတိပြု လက်မှတ် ရေးထိုးခဲ့သော ၀န်ခံကတိပြုချက်ကို ဖောက်ဖျက်ကျူးလွန်၍ ၀န်ခံကတိပြုချက် (ခ) အရ သံဃနာယက အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် တိတိကျကျ အရေးယူဆောင်ရွက်နိုင်ရေး သာသနာရေး ဦးစီး ဌာနသို့ လွဲအပ်ရန်

၃။ ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) နှင့် တပည့် ရဟန်းသာမဏေများသည် ဘုန်းတော်ကြီးကျောင်း အဖြစ် အသိအမှတ် မပြုသော အဆောင်အဦး၌ သီတင်းသုံးနေထိုင်ကြောင်း စိစစ်တွေ့ရှိပါက ဆိုင်ရာမြို့နယ် သံဃနာယကအဖွဲ့များက ညွန်ကြားလွာ (၇၅) ဆိုင်ရာ လုပ်ထုံး လုပ်နည်းများဖြင့် အရေးယူ ဆောင်ရွက်ရန်

၎။ အင်တာနက်ပေါ်တွင် လွင့်တင်ထားသော ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) ၏ တရားများကို ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) မှ ပြန်လည်ရုပ်သိမ်းရေးအတွက် တာဝန်ကျ အဖွဲ့ခွဲက ခေါ်ယူ၍ ၀န်ခံကတိပြု လက်မှတ်ရေးထိုးစေရန်

သို့ဖြစ်ပါ၍ ဆဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇) စုံညီ အစည်းဝေး ဆုံးဖြတ်ချက် အပိုဒ် ၂ နှင့် အညီ ဦးဥတ္တမသာရ (ဆူနာမီဆရာတော်)အား သံဃနာယက အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်။

ဘဒ္ဒ န္တဇောတိကာဘိဝံသ
အဂ္ဂမဟာမဏ္ဍိတ
တွဲဖက် အကျိုးတော်ဆောင်ဆရာတော်


1 comment:

  1. it is not a comment. may i respectfully ask what the reason is so that we are aware of it altho' i have never listen to the above mentioned dhamma talks. thank you and humbly respect all sayadaws who are striving to purify the 'sasana'.

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories