အရှင်ဥာဏ က
“ချွတ်ရွင်းပြောတိုင်း သီလမပျက်
ဂရုဓမ္မသီလ မလိမ်ရသိက္ခာပုဒ်မှာ ယူရမယ့် မလိမ်ရပုံကို ဘုရားဘယ်လိုဖွင့်တယ်လို့ ကြည့်ရမယ်။
စကားမှန်မူ့ အားလုံးကို ရှောင်ရှားခြင်းလို့ ဒီသိက္ခာပုဒ်အရ ယူရမယ့် ပုဒ်မရှိဘူး ဘုရားဟာ ၀ိနည်းပညတ်ချက်မှာ
မမှန်စကားကို အမျိုးအစားနှစ်ခုခွဲခြားပြီး ပညတ်တာရှိတယ်။ ကိုယ့်ဘ၀နဲ့ စပ်ပြီး ပြောတဲ့ မမှန်စကားနဲ့ ကိုယ့်ဘဝ
မဟုတ်တဲ့ အရာကို ပြောတဲ့ မမှန်စကားတွေပဲ။
ချွတ်ရွင်းစကား နှစ်မျိုးပြား
ကိုယ့်မှာ မရှိဘဲ ရှိတယ်ပြောတာမျိုး ကိုယ့်မှာ မဖြစ်ဘဲ ဖြစ်တယ်ပြောတာမျိုး ကိုယ်မသိဘဲ သိတယ်ပြောမျိုး
ဒါတွေဟာ ကိုယ့်ဘ၀နဲ့ စပ်ပြီးပြောတဲ့ မမှန်စကားတွေပဲ။ တခြားမဟုတ်စကားတွေကတော့ ကိုယ့်ဘ၀နဲ့ မစပ်တာမျိုးပေါ့။
ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြိးတဲ့အရာကို မကြီးဘူး။
ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး။
အစရှိတဲ့ ဘ၀နဲ့ မပတ်သက်တဲ့ နေရာတွေမှာ ပြောဆိုချက်တွေဟာ မမှန်တဲ့စကားတွေပဲ ဒါတွေဟာ
ကိုယ့်ဘ၀ မဟုတ်တဲ့ အရာတွေကို ပြောတဲ့မမှန်စကားတွေပဲ။
ဘ၀လိမ်မှ သိလပျက်
ဒီမမှန်တဲ့ စကားနှစ်မျိုးဟာ လိမ်တာတွေပဲ။ ဒီသိက္ခာပုဒ်မှာ ဒီနှစ်လိမ်လုံး ရဖို့ မရှိဘူး။ ရှေ့တလိမ်ပဲ ယူဖို့ရှိတယ်။
နောက်တစ်လိမ်ပဲ သိက္ခာပုဒ်အရ အကျုံမ၀င်လောက်ဘူး။ နောက် လိမ်နည်းနှစ်မျိုးနဲ့ လိမ်လို့
မလိမ်ရတဲ့ ဂရုဓမ္မသီလ မပျက်ဘူးလို့ ဆိုတယ်။
(ဘုရား စာအုပ်- နှာ- ၁၆၀)
ဒါကြောင့် လိမ်တာနဲ့ စပ်ပြီး အပျော်အပြောင်တောင် မပြောဝံ့ရလို့ သိနေတာတွေကို ကျော်လွားရမယ်။
ကိုယ့်မှာ ရှိတဲ့ ပစ္စည်းသူလာတောင်းတဲ့ အခါ မပေးနိုင်လို့ မရှိဘူးပြောလဲ လိမ်တာလို့ ဒီသီလမှာ ယူဖို့ မဟုတ်ဘူး။
ကိုယ်ရောင်းတဲ့ ပစ္စည်း အမြတ်ရအောင် ပိုပြောထားတဲ့ ဈေးကို အရင်းအတိုင်းဈေးပါပဲလို့ ပြောတာလည်း
ဒီသီလမှာ လိမ်တာ မမြောက်ဘူး။ ဒါမျိုးတွေကို အများအပြားသိရမယ်။
(ဘုရား စာအုပ်- နှာ- ၁၆၁)
ဒီစာတွေ အရ လိမ်တာဟာ မကောင်းတာချည်း မဟုတ်ဘူးလို့ ဆိုလိုတယ်။
မကောင်းတဲ့ လိမ်တာတွေရှိသလို မကောင်းတာ မဟုတ်တဲ့ လိမ်တာလဲ ရှိတယ်လို့ ဆိုရာရောက်တာပေါ့။
ဒီတော့ မကောင်းတဲ့ လိမ်တာကို ကွဲကွဲပြားပြား သိမှဖြစ်မယ်။
ဒါမှ ဂရုဓမ္မသီလက တားတဲ့ လိမ်တာကို သိရမယ်” ဟု ဟောပြောရေးသားထားပါသည်။
(ဘုရား စာအုပ်- နှာ- ၁၆၃)
ရှင်းလင်း ဖြေရှင်းချက်
အရှင်ဥာဏ သည် “ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ“ ဟူ၍ နာမည်တပ်ကာ အဖွဲ့အစည်းကြီး တခု ဖွဲ့ထား၏။
ထိုအဖွဲ့အစည်းကြီး ၏ ခေါင်းဆောင်သည် အရှင်ဥာဏ ဖြစ်နေ၏။
အရှင်ဥာဏသည် သူ၏ အဖွဲ့ဝင် အားလုံးတို့အား
သတ်နည်း အမျိုးမျိုး၊
ခိုးနည်း အမျိုးမျိုး၊
လိမ်ညာနည်း အမျိုးမျိုး၊
မူးယစ်သေစာ သုံးစွဲနည်း အမျိုးမျိုးတို့ကို သင်ကြားပေးနေ၏။
တစ်နည်းပြောရလျှင်......
သီလ သာသနာ၊
သမာဓိ သာသနာ၊
ပညာသာသနာကို ဖျက်စီးနေပါသည်။
နောက်တမျိုးပြောရလျှင်...........
ပရိယတ်သာသနာ၊
ပရိပတ်သာသနာ၊
ပဋိဝေဓ သာသနာ ကို အုပ်စုဖွဲ့၍ ဖျက်စီးနေပါသည်။
အရှင်ဥာဏက ကိုယ့်မှာမရှိဘဲ ရှိတယ်ပြောတာမျိုး၊ ကိုယ့်မှာ မဖြစ်ဘဲ ဖြစ်တယ် ပြောတာမျိုး၊
ကိုယ်မသိဘဲ သိတယ်ပြောတာမျိုး ဒါတွေဟာ ကိုယ့်ဘ၀နဲ့ စပ်ပြီးပြောတဲ့ မမှန်စကားတွေပဲ ဟုဆိုကာ
ဤကဲ့သို့ လိမ်ညာပြောဆိုမှ မုသာဝါဒ သိက္ခာပုဒ်အရ သိလပျက်မှုဖြစ်တယ်လို့ ဆိုထားပါသည်။

ကိုယ့်ဘ၀ မဟုတ်တဲ့ အရာတွေကို ပြောတဲ့မမှန်စကားတွေပဲ ဟု ဆိုကာ ဤကဲ့သို့ လိမ်ညာပြောဆိုလျှင်
မုသာဝါဒ သိက္ခာပုဒ်အရ အပြစ်မရှိ၊ သီလ မပျက် ဟု ဆိုထားပါသည်။
အရှင်ဥာဏသည် စတုတ္ထပါရာဇိကလာ လိမ်ညာပြောဆိုမူ့မျိုးကိုသာ မုသာဝါဒ သိက္ခာပုဒ်အရ အပြစ်ရှိ၍၊
သီလပျက်စီးကြောင်းဟု ပြောဆိုကာ သုဒ္ဓပါစိတ်၊ မုသာဝါဒ သိက္ခာပုဒ်လာ လိမ်ညာပြောဆိုမူ့ကိုကား
ဤမုသာဝါဒ သိက္ခာပုဒ်အရ အပြစ်မရှိ၊ သီလ မပျက် ဟု ဆိုထားပါသည်။
အဌကထာတို့၌
မုသာတိ ၀ိသံဝါဒန......(ပ)...........စေတနာ မုသာဝါဒေါ။
(သံယုတ် အဌကထာ၊ ၂၊ ၁၃၅၊
မဇ္ဈိမ ပဏ္ဏာသ အဌကထာ-၁၊ ၂၀၃။
အဘိဓမ္မာ အဌကထာ-၁၊ ၁၄၁)
မုသာသည် မဟုတ်မမှန်သော ၀တ္ထု( အကြောင်းအရာ ) ကိုယ်ဟော၏။
ဝါဒသည် ပြောဆိုခြင်း၊ (၀ါ) ပြောဆိုကြောင်း စေတနာကို ဟော၏။
မုသာဝါဒ ဆိုသည်မှာ ချွတ်ရွင်းဖောက်ပြန် မဟုတ်မမှန်ပြောဆိုမူ့ကို ရှေးရှူသောသူ၏ သူတစ်ပါး
အကျိုးစီးပွားကို ပျက်ပြာစေတတ်သော နှုတ်ဖြင့် လိမ်ညာခြင်း၊ ကိုယ်ဖြင့် လိမ်ညာခြင်းတို့ ဖြစ်သည်။
တနည်းအားဖြင့် နှုတ်ဖြင့် လိမ်ညာခြင်း၊ ကိုယ်ဖြင့် လိမ်ညာခြင်းတို့ကို ဖြစ်စေတတ်သော အကုသိုလ်
စေတနာသည် မုသာဝါဒ မည်၏။........ဟု ဖွင့်ဆိုထားကြ၏။
မုသာဝါဒအင်္ဂါတို့မှာ လေးပါးရှိ၏။ ၄င်းလေးပါးတို့မှာ
၁။ မဟုတ်မမှန်သော အကြောင်းအရာ ၀တ္တုဖြစ်ခြင်း၊
၂။ မှားယွင်းစေလိုသော စိတ်ရှိခြင်း၊
၃။ မှားယွင်းစေလိုသော စိတ်မျိုးဖြင့် ကိုယ်နှုတ်တို့ဖြင့် လုံးလ ပြုခြင်း၊ လိမ်ညာခြင်း၊
၎။ အလိမ်ခံရသူက လိမ်သည့် အတိုင်းသိရှိယုံကြည်ခြင်း တို့ဖြစ်ပါသည်။
သို့ဖြစ်၍ ရှင်ဥာဏ၏ ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြိးတဲ့အရာကို မကြီးဘူး။
ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး အစရှိတဲ့ လိမ်ညာပြောဆိုမူသည် မုသာဝါဒ ပင်ဖြစ်ပါသည်။
သီလပျက်စီးမူ့ ဖြစ်ပါသည်။
တစ်ဖန် အဌကထာတို့၌
ဂဟဌာနံ အတ္တနော..........(ပ)............၀ဒန္တာနံ မဟာသာဝဇ္ဖော။
(သံယုတ် အဌကထာ၊ ၂၊ ၁၃၅၊
မဇ္ဈိမ ပဏ္ဏာသ အဌကထာ-၁၊ ၂၀၃။
အဘိဓမ္မာ အဌကထာ-၁၊ ၁၄၂)
လူတို့မှာ မိမိ၏ ပစ္စည်းဝတ္ထု တစ်ခုခုကို ငှားယူလို၍ဖြစ်စေ၊ ၀ယ်ယူလို၍ဖြစ်စေ
ထိုပစ္စည်းရှိပါသလားဟု မေးသည့်အခါ အမှန်ရှိနေပါလျက် မငှါးလို မရောင်းလိုသည့်အတွက် မရှိပါ ဟု
လိမ်ခြင်းမျိုးသည် အပြစ်မကြီးသော်လည်း မုသာဝါဒ အင်္ဂါနှင့် ညီသဖြင့် မုသာဝါဒဖြစ်၍
သိက္ခာပုဒ်ပျက်စီးပါသည်။
သူတပါး အကျိုးစီးပွါးပျက်ပြားအောင် မတရားသက်သေခံ၍ မဟုတ်မမှန် ပြောဆိုခြင်းမျိုးကား
မုသာဝါဒလည်းဖြစ် ကမ္မပထ လည်းမြောက်၍ အပြစ်ကြီးပါသည်။
ရဟန်း သာမဏေတို့ ရွာထဲမှ ဆီ ထောပတ်တို့ကို အနည်းငယ်သာ ရပါလျက် အခြားသီတင်းသုံးဖော်တို့နှင့်
တွေ့သည့်အခါ ပြောင်လောင် ပျက်ရယ်လိုသည့် သဘောဖြင့်
“ဒီကနေ့ ရွာထဲမှ ဆီတွေ ထောပတ်တွေ မြစ်ကြီးစီးနေသလိုပဲ” ဟု စကားကြီး စကားကျယ် ချဲ့ကားပြောဆိုခြင်းသည်
မပြစ်မကြီးသော်လည်း မုသာဝါဒ ဖြစ်ပါသည်။
မမြင်ဘဲ မြင်၏၊ မကြားဘဲ ကြား၏၊ မတွေ့ဘဲ တွေ့၏၊ မသိဘဲ သိ၏။
မြင်ပါလျက် မမြင်၊ ကြားပါလျက် မကြား၊ တွေ့ပါလျက် မတွေ့၊ သိပါလျက် မသိ ဟု
လိမ်ညာ ပြောဆိုခြင်းသည် ကမ္မပထလည်းမြောက် သီလသိက္ခာလည်း ပျက် အပြစ်လည်း ကြိးပါသည် ဟု
ဖွင့်ဆိုထားပါသည်။
ဤ အဌကထာ အဖွင့်တို့ကို ကြည့်သောအားဖြင့်
ရှင်ဥာဏ ၏

ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး အစရှိတဲ့ လိမ်ညာပြောဆိုမူသည် မုသာဝါဒဖြစ်၍
သီလသိက္ခာပျက်စီးပါသည်။
သို့ဖြစ်ပါ၍ ရှင်ဥာဏ ၏ ဟောပြောရေးသားချက်များသည်
အဓမ္မ၀ါဒ ဖြစ်ကြောင်း ရှင်းလင်း တင်ပြအပ်ပါသည်။

No comments:
Post a Comment