September 11, 2011

တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဉာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၃ -

သျှင်သာမိ - မုံရွာ | 2:00 AM | Be the first to comment!


သာသနာတော်၌ အဓမ္မဝါဒီ အဝိနယဝါဒီများ ပေါ်ပေါက်လာခဲ့ပြီဆိုလျှင် အနုနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်။ အကြမ်းနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်။ တစ်ပါးတည်း ဖြေရှင်းရသည်လည်းရှိသည်။ အုပ်စုဖွဲ့၍ ဖြေရှင်းရသည်လည်း ရှိသည်။ 

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သံဃာ့ပရိသတ်နှင့်တကွ ဥပုသ်ပြုရန် ဥပုသ်အိမ်ထဲ၌ သီတင်းသုံးတော်မူလျှက်ရှိပါသည်။ ထိုအခါ သံဃာ့ပရိသတ်ထဲတွင် ဒုဿီလ - သီလမဲ့ ရဟန်းတပါး ပါဝင်နေ၍ မြတ်စွာဘုရားက ဥပုသ်ပြုတော်မမူဘဲ ထိုင်လျှက်သာ သီတင်းသုံး နေတော်မူပါသည်။ ဤသို့နှင့် ညဉ့်သုံးယာမ်ပတ်လုံး ကုန်ဆုံး သွားသည့်အခါ အရှင်မဟာမောဂ္ဂလာန်က အဘိညာဉ်တန်ခိုးဖြင့် ကြည့်တော်မူသောအခါ ဒုဿီလရဟန်း တစ်ပါးကိုတွေ့မြင်၍ သုံးကြိမ်တိုင်တိုင် အပြင်ထွက်ဖို့ တောင်းပန်ရှာပါသည်။ သုံးကြိမ်တောင်းပန်လျှက် မရသောအခါ ဒုဿီလရဟန်းကို လက်မောင်းကိုကိုင်လျက် အပြင်သို့ ဆွဲထုတ်ခေါ်ယူသွားခဲ့ပါသည်။ 

အထခေါ အာယသ္မာ မဟာမောဂ္ဂလာနော တံ ပုဂ္ဂလံ ဗာဟာယံ ဂဟေတွာ ဗဟိဒွါရကောဌကာ နိက္ခာမေတွာ…….။ (ဥပေါသထသုတ်) (အံ၊ ၃။ ၄၄/၅) 

ဤဝတ္ထုကိုထောက်လျှင် သာသနာတော်၏ ခလုတ်ဆူးငြောင့်များ အင်အားမကောင်းပါက တစ်ပါးတည်းဖြင့် သုတ်သင်ရှင်းလင်းသည့် အစဉ်အလာ ရှိခဲ့သည်ကို တွေ့မြင်ရပေမည်။ သို့တည်းမဟုတ် သာသနာ့ရန်ဆူးရန်ငြောင့်တို့ အုပ်စုဖွဲ့၍ မိုက်တွင်းနက်နေပါလျှင် အင်အားသုံး၍ ချေမှုန်းရန် ဘဘုရားကိုယ်တိုင် ခွင့်ပြုတော်မူခဲ့သည်ကို တွေ့ရှိရပါသည်။ အခါတစ်ပါး၌ ကီဋာဂီရိဂိုဏ်းသားရဟန်းများသည် ကုလဒူသကအနေသနမျိုးစုံဖြင့် သာသနာကို ဖျက်ဆီးလျှက်ရှိရာ မြတ်စွာဘုရားက အရှင်သာရိပုတြာ နှင့် အရှင်မဟာမောဂ္ဂလာန် တို့ကိုခေါ်၍ “ ချစ်သားတို့ ကီဋာဂီရိဇနပုဒ်ကို သွားကြ၊ သာသနာ့ ရန်ဆူးရန်ငြောင့်တို့ကို မောင်းထုတ်ကြ ” ဟု စေခိုင်းတော်မူပါသည်။ 

ထိုအခါ အရှင်သာရိပုတြာက “ စဏ္ဍာ တေ ဘိက္ခူ ဖရုသာ - မြတ်စွာဘုရား၊ အဲဒီရဟန်းတွေဟာ ခက်ထန်ကြမ်းကြုတ်လှပါတယ်ဘုရား။ ဘယ်လိုပုံမျိုးဖြင့် နှင်ထုတ်ရပါမလဲဘုရား ” ဟု လျှောက်တော်မူပါသည်။ ထိုအခါ မြတ်စွာဘုရားက….. “ တေနဟိ တုမှေ သာရိပုတ္တာ ဗဟုကေဟိ ဘိက္ခူဟိ သဒ္ဓိ ံ ကစ ္ဆထ - ဒါဆိုရင် ရဟန်းများစွာ ခေါ်သွား အင်အားသုံးပြီး နှင်ထုတ်ကြ ” ဟု နည်းပေးခွင့်ပြုတော်မူခဲ့ပါသည်။ အဂ္ဂသာဝကနှစ်ပါးလည်း ရဟန်းများစွာခေါ်သွားကာ သာသနာ့ရန်ဆူး ရန်ငြောင့်တို့ကို အပြီးတိုင် ခုတ်ထွင်ရှင်းလင်း သုတ်သင်တော်မူခဲ့ပါသည်။ (ပါရာဇိကဏ်ပါဠိတော်၊ ကုလဒူသကသိက္ခာပုဒ်နိဒါန်း) ဤဝတ္ထုကို သာဓကပြုလျှင် အဓမ္မဝါဒီတို့ အားကောင်းပါက အင်အားသုံး၍ ချေမှုန်းသည့် အစဉ်အလာသည် မြတ်စွာဘုရားလက်ထက်ကတည်းက ရှိခဲ့သည် ဆိုတာကို သဘောပေါက်ရပေမည်။ 

ဆိုအပ်ခဲ့ပြီးသော သာဓကတို့ဖြင့် မိုးပြာခေါင်းဆောင် ဦးဉာဏ ကို သံဃမဟာနာယက နှင့် အာဏာပိုင်များမှ ထောင်ချခြင်းသည် ဘုရားရှင်၏ အဆုံးအမနှင့် လျော်ညီစွာ ထိုက်တန်သော အပြစ်ဒဏ်ခတ်ခြင်းသာ ဖြစ်ပါ၏။ ဤအကြောင်းကို ထင်ရှားစေဖို့ မိုးပြာဦးဉာဏ၏ သမိုင်းကြောင်းနှင့် သူ၏လုပ်ရပ်တို့ အကျဉ်းချုပ်မျှ တင်ပြရပေမည်။ လွန်ခဲ့သည့်ကာလ (၂၇) နှစ်က ဦးဉာဏသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။ ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။ ထိုအကြောင်းကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယက အဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။ ရှင်ဉာဏ နှင့် ရှင်ဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။ တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက ထံသို့ သူတို့ကပင် စောဒနာ တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။ နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင် သုံးနှစ်ကြခဲ့ပါသည်။ နိုင်ငံတော် သံဃနာယကဆရာတော် ဘဒ္ဒန္တမာနိတသီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ သိရသည်မှာ (၁၉၈၃-၁၉၈၆ ခုနှစ်က ဝိနည်းဓမ္မကံ (၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက ပြတ်ပြတ်သားသား အရေးယူဖို့ စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ်မျှဖြင့် ပြီးသွားရခြင်းပင်) ဟူ၍ ဖြစ်ပါသည်။ ၁၉၉၁-၁၉၉၈ ခုနှစ်တွင် ထေရဝါဒအတွင်းမှ ဂိုဏ်းသီးသန့်ထောင်မူဖြင့် ထောင် (၁၀) နှစ်ကျခဲ့ပါသည်။ ထောင်ကျခံပြီး ထွက်လာပြီးနောက်တွင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံလျက် ဂိုဏ်းထူးထောင်ပြီး မိလိန္ဒပဥှာဝတ္တု စသည်တို့ကိုပါ ပြန်လည်ကူးယူဖြန့်ဝေကြောင်းတွေ့ရပြီး (၂၀၀၂-၂၀၀၈)တို့မှာ အကြီးအကျယ် အင်အားကြီးဂိုဏ်းဖြစ်လာကြောင်း တွေ့ရပေသည်။ ဒုတိယအကြိမ် ထောင်မှ ထွက်လာပြီးကတည်းက ထေရဝါဒ သာသနာကို ရစရာမရှိအောင် ဖျက်ဆီး၊ ထေရဝါဒ ပိဋကတ်သုံးပုံကိုဖျက်ဆီးကာ ဘုရားဟောမဟုတ်သည်ကို ဘုရားဟော လုပ်၊ ဘုရားရှင်ကို အမျိုးမျိုးစွပ်စွဲပုတ်ခတ်ကာ ဝါဒသစ်ထူထောင်ခြင်းသည် ခိုင်လုံသော အကြောင်းတရားဖြစ်ပေ၏။ 

ပိဋကတ်ကျမ်းစာတို့ကို ဖျက်ဆီးထားသည်များကို ပြည့်ပြည့် စုံစုံသိလိုပါက စာရေးသူ၏ http://www.dhammaanalysis.multiply.com/ တွင် လေ့လာနိုင် ပါသည်။ ထို့အပြင် မြန်မာအင်ဂျင်နီယာ ဖိုရမ် တွင်လည်း လေ့လာနိုင်သည်။ ဦးဉာဏသည် ထေရဝါဒဗုဒ္ဓဘာဝင်တို့ လိုက်နာရမည့် အနိမ့်ဆုံးဖြစ်သော ငါးပါးသီလကိုပင် ရစရာမရှိအောင် ဖျက်ဆီးထားပေသည်။ 

ပါဏာတိပါတာ - တိရိစ ္ဆာန်အားလုံး၏ အသက်ကို သတ်ကောင်း၏၊ အဒိန္နာဒါနာ - အဖွဲ့အစည်းပိုင်၊ အများပိုင်၊ အစိုးရပိုင် ပစ္စည်းခိုးကောင်း၏။ ကာမေသု - အမျိုးသမီးကျေနပ်က ကုသိုလ်တောင်ရ၊ မုသာ - လိမ်ပြောကောင်း။ သုရာ - လူမှန်းသူမှန်းမသိ မူးကွဲနေအောင် မသောက်ရင်ပြီးရော အရက်သောက်ကောင်း၏။ ဤအချက်ငါးချက်ဖြင့်ပင် ပိဋကတ်ကိုဖျက်ဆီးသော ပြစ်မှု့ဖြင့် ထောင်ချ၍ ရနိုင်သောအကြောင်း တရားထင်ရှားပေသည်။ ဒါကိုပင် ဝင့်ထန်း နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သော ဆရာတော် ဦးဇဝန တို့ မသိခြင်းကြောင့် သံဃနာယကကို အနိုင်ကျင့်သည်ဟု ဆိုလေသလော၊ ဦးဉာဏကို ထောင်ချခြင်းသည် သံဃမဟာနာယက၏ အပြစ်လည်းမဟုတ် အာဏာပိုင်များ၏ အပြစ်လည်း မဟုတ်ချေ၊ ဗာလော ဒဏ္ဍေန ဒမ္မတေ - လူမိုက်ကို ဒုတ်ကြီးကြီးဖြင့် ဆုံးမအပ်သည် ဟူသော အဆုံးအမနှင့် အညီ တတိယအကြိမ် ထောင်ဒဏ် အပြစ်ပေး၍ ဆုံးမခြင်းသာ ဖြစ်သည်။ ယခုအချိန်ထိ တရားခံအစစ် အကြောင်းတရားအစစ်ကို မသိရှိကြသေး သောကြောင့် ဝင့်ထန်း နှင့် ဦးဇဝနတို့က အနိုင်ကျင့်သည်ဟု အထင်ရောက်ချေသည်။ တိတ္ထိဝါဒနှင့် ဗုဒ္ဓဝါဒ ကွာခြားသည်မှာလည်း ဤသို့ပင်ဖြစ်၏ တိတ္ထိတို့ဝါဒသည် အကြောင်းတရားကို မပယ်၊ မူလအရင်းခံရေသောက်မြစ်ကို မပယ်ဘဲ အကျိုးတရားကိုသာ ပယ်သတ်တတ်ပေ၏။ ထိုကဲ့သို့ တရားခံအစစ် အကြောင်းတရားအစစ်ကို မသိသေးသမျှ ကာလပတ်လုံး........ သုဝါနဝုတ္တိနော ပန တိတ္ထိယာ။ (ဝိသုဒ္ဓိ၊ ၂။ ၁၃၈။ ပဋိသံ၊ ဌ၊ ၁။ ၁၄၇) ခဲဖြင့် ပစ်သူကို အရေးမစိုက် ခဲကိုသာ လိုက်ကိုက်တတ်သော ခွေးမိုက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ဥပမာအားဖြင့် အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင်အိမ်ရှင်၏ အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်၏။ ပြစ်မူကျူးလွန်သူကို ထိုက်တန်သည့် ဒဏ်ချရာ၌ တရားစီရင်သူ၏ အပြစ်မဟုတ်၊ ဒုစရိုက်ကောင်၏ အပြစ်သာ ဖြစ်၏။ ထိုနည်းတူစွာပင် ဓမ္မကို စော်ကားလာသူကို သုတ်သင်ရာ၌ သုတ်သင်သူ၏ အပြစ်မဟုတ်၊ စော်ကားသူ၏ အပြစ်သာ ဖြစ်၏။ ဗုဒ္ဓကို စွပ်စွဲလာ၍ ဒဏ်ခတ်ရာ၌ ဒဏ်ခတ်သူ၏ အပြစ်မဟုတ်၊ စွပ်စွဲသူ၏ အပြစ်သာ ဖြစ်၏။ ထို့ကြောင့် ဒဏ်ခတ် မခံချင်လျှင် အစကတည်းက ဗုဒ္ဓကို မစွပ်စွဲသင့်ချေ၊ ဓမ္မကို မစော်ကားသင့်ချေ၊ သာသနာကို မဖျက်စီးသင့်ချေ၊ 


အရှင်ဝရသာမိ 
Read more ...

September 7, 2011

တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဉာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၂ -

သျှင်သာမိ - မုံရွာ | 12:57 AM | Be the first to comment!


သာသနာကို ဖျက်စီးဖို့ကြိုးစားလာလျှင်၊ သာသနာကို စော်ကားဖို့ကြိုးစားလာလျှင် ဘုရားအစ ရှိသောသူတော်ကောင်းများ လက်ပိုက်ကြည့်မနေဘူးဆိုတာ အပိုင်း - ၁ - မှ သာဓကဖြစ်စဉ် များကိုကြည့်ပါက ထင်ထင်ရှားရှားသိမြင်နိုင်ပေသည်။ အခြားသောသာဓကများကိုလည်း ဤအပိုင်းတွင် ထပ်မံ၍ တင်ပါဦးမည်။ 

သာသနာတော်၌ အဓမ္မဝါဒီမိစ္ဆာတစ်ယောက် ပေါ်ပေါက်လာလျှင် ဘုရားအစရှိသော သူတော်ကောင်းများ အဘယ်သို့ စိတ်နှလုံးတုန်လှုပ်ခြောက်ခြားအောင် ထိတ်လန့်တုန်လှုပ်စွာ ခံစားကြရသည်ကို ရှေးဦးစွာ သိထားဖို့ လိုအပ်ပေသည်။ မြတ်စွာဘုရားရှင်တို့သည် ဓမ္မဥပဒေကို ချိုးဖောက်သူ၊ ဓမ္မကို စော်ကားလာသူများကိုလည်း ခေါင်းမဖော်ဝံ့အောင် နှိပ်ကွပ်တော်မူမြဲပင်ဖြစ်၏။ 

မြတ်စွာဘုရားရှင်လက်ထက်က တံငါသည်သား သာတိ မည်သော ရဟန်းတစ်ပါး ရှိခဲ့ဘူးသည်။ ထိုရဟန်းကား ဗဟုသုတနည်းပါးသည့်အလျှောက် သဿတဒိဌိ ရှိသူဖြစ်၏။ ထိုရဟန်း ယူဆပုံက “ခန္ဓာငါးပါးအနက် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခ ါရတို့သည် ဖြစ်လေရာ ဘဝမှာပင် ချုပ်ပျောက်ခဲ့လေသည်၊ ဝိညာဉ်သည်ကား ဤဘဝမှ ထိုဘဝသို့လည်းကောင်း၊ ထိုဘဝမှ ဤဘဝသို့ လည်းကောင်း ကျင်လည်ကျက်စားကူးသွား၏ ” ဟူ၍ ဖြစ်၏။ 

ဝိညာဉ်သည် မြဲ၏ဟူသော သဿတဒိဌိအယူပင် ဖြစ်၏။ အမှားတွေကို အမှန်လုပ်ပြီး လိုက်လံဟောပြော ပြသနေ၏။ မတရားတွေကို တရားလုပ်ပြီး လိုက်လံဟောပြောပြသနေ၏။ ဘုရားဟော မဟုတ်ပါဘဲ ဘုရားဟောဟု ဟောပြောပြသနေ၏။ ထိုသာတိရဟန်းအား ရဟန်းကောင်းတို့က ဝိုင်းဝန်းကဲ့ရဲ့ကြပြီး မြတ်စွာဘုရားထံ အပ်နှံကြပေသည်။ ထိုအခါ မြတ်စွာဘုရားက သာတိရဟန်းအား မောဃပုရိသဘွဲ့တံဆိပ်များကို ပလူပျံအောင် ချီးမြင့်ပြီး ခေါင်းမဖော်ဝံ့အောင် နှိပ်ကွပ်တော်မူပုံကို အောက်ပါအတိုင်း သိရှိနိုင်ပေသည်။

 “မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောကျာၤး(အလကားကောင်)- အဘယ်မည်သောသူအား ငါ ဤသို့ဟောအပ်သည်ကို သင် သိသနည်း၊ မောဃပုရိသ - (အလကားကောင်) ငါသည် “ဝိညာဉ်သည် အကြောင်းကိုစွဲ၍ ဖြစ်၏။ အကြောင်းကိုကြဉ်၍ ဝိဉာဏ်ဖြစ်ခြင်းမည်သည် မရှိ” ဟု များစွာသောအကြောင်းဖြင့် ဟောကြားသည် မဟုတ်လော။ မောဃပုရိသ - (အလကားကောင်)၊ ထိုသို့ဟောထားပါလျှက် သင်သည် မိမိအမှားကို ယူဆခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏။ မိမိကိုယ်ကိုလည်း ဖြိုဖျက်၏။ များစွာသော မကောင်းမူ့ကိုလည်း ဖြစ်ပွါးစေ၏၊ မောဃပုရိသ - (အလကားကောင်)၊ ထိုအမှားကို ယူဆခြင်းသည် သင့်အားရှည်ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့“ ဟု မိန့်တော်မူ၏။ တံငါသည်သား သာတိရဟန်းသည် နှုတ်ဆိတ်၍ မျက်နှာမသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ခါ မျက်နှာအောက်ချပြီး မှိုင်တွေလိုက် ထိုင်နေရလေ၏။ ဤကား မြတ်စွာဘုရားကိုယ်တိုင် အဓမ္မဝါဒီ မိစ္ဆာရဟန်းကို ပရိသတ် အလည်၌ ပြင်းပြင်းထန်ထန် ချိုးနှိမ်နှိပ်ကွပ်ပုံဖြစ်၏။ 
(မဟာတဏှာသင်္ခယသုတ်) (မ၊ ၁၊ ၃၂၃။ မြန်မာပြန်-၃၃၂) 

ဤကဲ့သို့ သာသနာတော်၌ မိစ္ဆာကောင် တစ်ယောက် ပေါ်ပေါက်လာလျှင် ကြည်ညိုသူအပေါင်း ဆင်းရဲကြောင်းသာဖြစ်သောကြောင့် မိစ္ဆာကောင်သည် သာသနာတော်၌ မဟာစောရ(ဗုဒ္ဓကို ပုန်ကန်သည့် မဟာသူပုန်ကြီး) ဟု အမည်ပေးရပေသည်။ မြတ်စွာဘုရား၏ သာဝကတို့သည် မြတ်စွာဘုရားနည်းတူ ဓမ္မကိုစော်ကားလာသူများအား ရံဖန်ရံခါ၌ ဓမ္မဘက်မှ ဒဏ်ခတ်သည့် ဖြစ်ရပ်တခုကို ဆက်၍ပြပါဦးမည်။ မြတ်စွာဘုရားလက်ထက်က သာဋိမတ္ထိယ အမည်ရသော မထေရ်တစ်ပါး ရှိခဲ့ဘူးသည်။ ထို မထေရ်သည် ဈာန်အဘိဉာဉ်ရဆဠာဘိည ရဟန္တာတစ်ပါးဖြစ်၏။ ထိုမထေရ်ကို ကြည်ညို ကုန်သော ဒကာ ဒကာမများအနက် ရုပ်ရည်ရူပကာ ချောမောလှပ၍ ရှူ့ချင်စဖွယ်အမျိုးသမီးငယ် တစ်ယောက်သည် မထေရ် အား အမြဲတန်းရိုသေစွာ ဆွမ်းဆက်ကပ် လောင်းလှူသူဖြစ်၏။ ထိုအကြောင်းကို သိရှိသော မာရ်နတ်ကြီးက “ဒီရဟန်း မကောင်းသတင်းထွက်အောင် ငါလုပ်မည်၊ ဒီရဟန်း ထောက်တည်ရာမရအောင် ငါလုပ်မည်” ဟုကြံစည်ကာ သာဋိမတ္ထိယမထေရ် အယောင်ဆောင်၍ ဆွမ်းခံကြွရင်း အမျိုးသမီးလက်ကို ဆွဲကိုင်လိုက်ပါသည်။ ထိုအခြင်းအရာကို သိမြင်သော အိမ်သူအိမ်သားအပေါင်းတို့က ထိုမထေရ်ကို အကြည်ညိုပျက်ခါ မရိုသေ မလေးစားကြတော့ပေ။ မထေရ်ကလည်း အိမ်ရှင်တို့၏ အရိုအသေမဲ့သော အမူအရာကို မြင်၍ ဆင်ခြင်ကြည့်တော်မူသောအခါ မာရ်နတ်၏လက်ချက် ဖြစ်နေသည်ကို တွေ့ရှိလိုက်ပေသည်။ ထိုသို့ သိရှိလိုက်သည်နှင့် တပြိုင်နက် မာရ်နတ်ကို ဒဏ်ခတ်သောအားဖြင့် “မာရ်နတ်၏ လည်ပင်း၌ ခွေးသေပုတ်ကြီး စွပ်စေသတည်း” ဟု အဓိဌာန်လိုက်၏။ ဤပြဿနာကို မာရ်နတ်ကိုယ်တိုင် ပြန်လည်ဖြေရှင်းပေးပြီးမှ ခွေးသေပုတ်ကို ရုပ်သိမ်း လိုက်တော့ပေသည်။ (ထေရ၊ ဌ၊ ၁၊ ၄၆၁ ) 

ဤသာဓက ဖြစ်စဉ်ကိုကြည့်ပါက မြတ်စွာဘုရား၏ သာဝကတို့သည် ဓမ္မဝိနယကို စော်ကားလာပါက လက်ပိုက်ကြည့်မနေဘဲ မာရ်နတ်ကြီးကိုပင် ဒဏ်ခတ်ပြီး နှိမ်နှင်းသည်ကို တွေ့ရှိရမည် ဖြစ်ပေသည်။ ထိုသာဓကများကိုကြည့်၍ တိတ္ထိဂိုဏ်းဆရာမိုးပြာဦးဉာဏ အား သံဃမဟာနာကမှ စိစစ်သုံသပ်၍ အာဏာပိုင်များမှ ထောင်ချလိုက်ခြင်းသည် မှန်ကန်သော လုပ်ရပ်တခု ဖြစ်ကြောင်း ရှေ့တွင် တင်ပြသွားပါမည်။ တဖက်မှ ဆောင်းပါးရှင်ဝင့်ထန်းက မိုးပြာဝါဒ နဲ့ပတ်သက်၍ မြန်မာအင်ဂျင်နီယာဖိုရမ် မှ အင်ဂျင်နီယာများက မိုးပြာဝါဒအကြောင်းကို ဆွေးနွေးထားသည် ဟု တင်ပြထားပါသည်။ ဝင့်ထန်း ၏ တင်ပြပုံမှာ မိုးပြာဦးဉာဏ၏ ဝါဒကို စိတ်ဝင်စား၍ သဘောကျ၍ ဆွေးနွေးထားသလိုမျိုး ထင်အောင် ရေးထားပေသည်။ မှန်ပေ၏ မြန်မာအင်ဂျင်နီယာဖိုရမ် တွင် မိုးပြာဝါဒ အကြောင်းကို အကျယ်တဝင့်ဆွေးနွေးထားတာကို တွေ့ရပါသည်။ ထိုဆွေးနွေးချက်များသည် မိုးပြာဝါဒကိုကြိုက်၍ ဆွေးနွေးထားသော ဆွေးနွေးချက်များမဟုတ်ပေ။ သာသနာကို ဖျက်စီးနေသည့် မိုးပြာဝါဒ ဟု ပို့စ်ပိုင်ရှင် ကိုနိုဗယ်မန်း မှ စတင်၍ ဆွေးနွေးထားသော ဆွေးနွေးချက်တခုဖြစ်ကြောင်း တွေ့ရှိရပေသည်။ ဝိုင်းဝန်းဆွေးနွေးသူ ကိုယ်ဟယ်ရီလွင်၊ အအောင်၊ ကိုတာတေ၊ ကိုကျော် 81 နဲ့ ဓမ္မမိတ်ဆွေ အများစုက မိုးပြာဝါဒကို ရှေ့တွင် ဆိုအပ်ခဲ့သော အနာထပိဏ်သူဌေးကြီးမှ မိစ္ဆာဒိဌိတွေကို နှိပ်ကွပ်သလို နှိပ်ကွပ်ဆုံးမထားသော ဆွေးနွေးချက်များကို တွေ့ရပါသည်။ ထိုအကြောင်းကို သက်ဆိုင်ရာဖိုရမ်သို့ စာဖတ်သူကိုယ်တိုင် သွားရောက်လေ့လာပါက သိရှိနိုင်ပေ၏။ မြန်မာအင်ဂျင်နီယာ ဖိုရမ် တွင်မကသေး မြန်မာကျူးပစ်ဖိုရမ် မှာလည်း ရှိပါသေး သည်။ ထိုဖိုရမ်တွင်လည်း ကိုတေဇဟိန်း နှင့် သာသနပါလအဖွဲ့သား ဓမ္မမိတ်ဆွေ များက သာသနာကို ဖျက်ဆီးနေသည့် ဝါဒတခုအဖြစ် ရှူ့မြင်သုံးသပ်၍ ဆွေးနွေးထားသည်ကို တွေ့ရပါသေးသည်။ တိုးတက်လာသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ သာသနာကို မီဒီယာ ကဏ္ဍဖြင့် ဘုရားရှင်နှင့်သူတော်ကောင်းတို့၏ အဆုံးမကို နာခံ၍ ကာကွယ်စောင့်ရှောက်နေသည်ကို တွေ့ရမည် ဖြစ်ပေ၏။ 

အရှင်ဝရသာမိ
Read more ...

တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဉာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၁ -

သျှင်သာမိ - မုံရွာ | 12:46 AM | Be the first to comment!
မိုးပြာဦးဉာဏကို ထောင်ချတာ အနိုင်ကျင့်တာလားဆိုတဲ့ အမေးကို စာရေးသူက ပြတ်ပြတ်သားသား အဖြေပေးချင်လို့ ဒီခေါင်းစဉ်ကိုပေးပြီး ဒီပို့စ်ကို ရေးဖို့ဖြစ်လာပါတယ်။ တဖက်မှဆောင်းပါးရှင် ဝင့်ထန်း ရဲ့ အဆိုပြုချက်ကို ခိုင်လုံသော အထောက်ထားပြဆိုပြီးတော့မိုးပြာဦးဉာဏကို ထောင်ချလိုက်တာဟာ ထေရဝါဒ ဗုဒ္ဓသာသနာအတွက် မှန်ကန်သော လုပ်ရပ်တခုဖြစ်ကြောင်း သက်သေပြဖို့အတွက် အပိုင်းခွဲပြီး တင်ပြသွားပါမယ်၊ 

ဆောင်းပါးရှင် ဝင့်ထန်းက ဗုဒ္ဓဝါဒ ဟာ အစဉ်အလာထုံစံအားဖြင့် အကြမ်းဖက်မှု့ကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို လျှောက်လှမ်းတဲ့ ဘာသာတခုဖြစ်ကြောင်း ဆိုလာပါတယ်။ မှန်ပါတယ် ဒါဟာလုံး၀ မှန်ကန်သော စကားပါပဲ။ ဗုဒ္ဓဝါဒဟာ ဘာသာအယူဝါဒ မတူသူများအပေါ်ကို အနိုင်ကျင့်ပြီး ဗုဒ္ဓအယူဝါဒ ကို လက်ခံလာအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး ဒါကို ကမ္ဘာတဝန်းလုံးက ဘာသာတရားကို စိတ်ဝင်စားတဲ့ လူတွေ အားလုံးသိပါတယ်။ မြတ်ဗုဒ္ဓ၏ တရားဂုဏ်တော် (၆) ပါးတို့တွင် ဧဟိပဿိက ဂုဏ်တော်ပါဝင်တယ်။ ဧဟိပဿိက ဆိုတာ အစမ်းသပ် ခံရဲခြင်းပါပဲ။ လာလှည့် ရှူ့လှည့်စမ်းသပ်လှည့် ဟု ဖိတ်ခေါ်ရဲခြင်းပဲ။ ထိုသို့ ဖိတ်ခေါ်ရဲခြင်း မှာလည်း “သွာက္ခာတော ဘဂဝတာ ဓမ္မော” မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထား ခြင်းကြောင့်ဖြစ်၏။ ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသောကြောင့် ဖြစ်၏။ သန္ဒိဌိကော-တကယ်ရှူ့လျင်တကယ်မြင် တကယ်သိ သောကြောင့် ဖြစ်၏။ အကာလိကော- အချိန်မရွေး အကျိုးပေးခြင်း၊ ချက်ခြင်းလက်ငင်းအကျိုးပေးခြင်းကြောင့် ဖြစ်၏။ ဒီအချက်ကြည့်ပါက ထင်ထင်ရှားရှား သိနိုင်ပါတယ် တခြားသောဘာသာဝင်တွေကိုလည်း လာလှည့် ရှူ့လှည့် ဆိုပြီး ရဲရဲတင်းတင်း ဖိတ်ခေါ်ရဲတဲ့ ဘာသာတခုပါ၊ အစမ်းသပ်ခံရဲတဲ့ ဘာသာတခု ဘာသာအယူဝါဒ မတူသူတွေလိုက်ခံတိုက်ခိုက်နေတာမျိုး မရှိသလို၊ အတင်းအကျပ် ဗုဒ္ဓဘာသာထဲဝင်ရန် ဆွဲခေါ်နေတာမျိုးလည်း မရှိခဲ့ပါဘူး၊ သို့သော်လည်း ဗုဒ္ဓအယူဝါဒကို တိုက်ခိုက်လာမယ်ဆိုရင် ဘုရားရှင် ကိုယ်တော်တိုင် လက်ပိုက်ကြည့်မနေခဲ့တဲ့ အစဉ်အလာတော့ ထင်ရှားစွာ ရှိပါတယ်။ သာသနာတော်မှာ အန ္တရာယ်ကျရောက်လာပြီဆိုရင် မြတ်စွာဘုရားတောင်မှ ကောသလမင်းတောင်မှ သိကြားမင်းတောင်မှ အငြိမ်မနေ လက်ပိုက်ပြီးကြည့်မနေခဲ့ဘူးဆိုတာ အစဉ်အလာရှိခဲ့ပါတယ်။ ဇိနတ္ထပကာသနီ ကိုအကျဉ်းချုပ်လောက်မျှ ဖတ်ကြည့်လျှင် စာဖတ်သူ သိပါလိမ့်မယ်။ ပုရာဏကဿကြီး ဦးဆောင်တဲ့ ဒိဌိတွေက မြတ်စွာဘုရားနဲ့ တန်ခိုးပြိုင်မယ် လို့ပြောတဲ့အခါ မြတ်စွာဘုရားက တကယ်တန်ခိုးပြိုင်ခဲ့ပါတယ်။ အဲဒီလို တန်ခိုးပြိုင်တဲ့အခါမှာ တန်ခိုးပြပြီး မိစ ္ဆာဒိဌိတွေကို နှိမ်နှင်းခဲ့ပါတယ်။ ကိုယ့်သာသနာကို စော်ကားလာတဲ့သူကို တန်ခိုးနဲ့ နှိမ်နှင်းတယ်၊ အဲဒီလို တန်ခိုးနဲ့ နှိမ်နှင်းတဲ့အခါမှာ ကောသလမင်းကလည်း အစွမ်းကုန်ကူညီပါတယ်၊ ပရိတ်သတ်တွေ လူတွေ စုပေးတယ်၊ စည်တီးလှည့်လှည်ပြီးတော့ ကြေညာတယ် လာကြဟေ့ တိတ္ထိတွေကို မြတ်စွာဘုရားက တန်ခိုး ပြပြီး နှိမ်နှင်းတော့မယ် ကြည့်ကြ တန်ခိုးပြပွဲကို သာဝတ္ထိပြည် တပြည်လုံး မကြည့်မနေရ ပုံစံမျိုးနဲ့ စည်တီး လှည့်လှည်ပြီးတော့ ကြေညာမောင်းခပ်ပါတယ်။ နောက် သိကြားမင်းကလည်း ဘုရားသာသနာကို ဘာအရည် အချင်းမှ မရှိတဲ့ကောင်တွေက ဘုရားကို အန်တုတယ် သေပေစေ့ဆိုပြီး အဲဒီတိတ္ထိတွေကို ရေရယ် လေရယ် နေရယ် ပေါင်းပြီးတိုက်ခိုက်ပါတယ်။ သာသနာ့အန ္တရာယ်ကျရောက်လာတဲ့အခါ သိကြားမင်းလည်း အငြိမ်မနေပါဘူး။ နောက်တစ်ခါ ကရဏီဆိုတဲ့ ဥပါသိကာမလေးကလည်း ကောင်းကင်ပေါ်တက်ပြီး မြတ်စွာဘုရားကို လျှောက်တယ် မြတ်စွာဘုရားကိုယ်တိုင် မနှိမ်နှင်းပါနဲ့ တပည့်တော် ဒီကောင်တွေကို နှိမ်နှင်းမယ်ဆိုပြီး လျှောက် တယ် - နောက် ခုနှစ်နှစ်သားကိုရင်လေးကလည်း ဒီလိုပဲ အနာထပိဏ်သူဌေး နဲ့ ရှင်မဟာမောဂ္ဂလာန်၊ ဥပ္ပလ ဝဏ်ထေရီ တို့ကလည်း မြတ်စွာဘုရားကို ကိုယ်တိုင်မနှိမ်နှင်းပါနဲ့ တပည့်တော်တို့ကိုယ်တိုင် နှိမ်နှင်းပါမယ်ဆိုပြီး ကျရောက်လာတဲ့ သာသနာ့အန ္တရာယ်ကို အပြိုင်အဆိုင် နှိမ်နှင်းကြပါတယ်။ နောက်ဆုံးတော့ ပုရာဏကဿပ တိတ္ထိဂိုဏ်းဆရာကြီး ဘုရားကိုအန်တုလို့မရလို့ အရှက်ကွဲပြီး ရေထဲငုံ့ပြီး သေသွားရရှာပါတယ်။ ဒါကိုကြည့်မယ် ဆိုရင် ဒီကောင်တွေကို မြတ်စွာဘုရားက တန်ခိုးပြစရာမလိုဘူး အဘိဉာဉ်ရတဲ့ ခုနှစ်နှစ်သားကိုရင်လေးကို ဆုံမခိုင်းရင်ကိုရတယ် ဒါပေမယ့် မြတ်စွာဘုရားက ကိုယ်တိုင်ကို ဆုံးမတယ် နှိပ်ကွပ်တယ်၊ ဒါကိုကြည့်သော အားဖြင့် သူတည်ထောင်ထားတဲ့ သာသနာတော်ကြီးကို ဖျက်လို့ဖျက်ဆီးလုပ်လာရင် ဘုရားရှင်ကိုယ်တော်တိုင် ခန ္တီမနေဘူး လက်ပိုက်ကြည့်မနေဘူး ကြောင့်ကြမဲ့မနေဘူး ဆိုတာကို သိနိုင်ပါတယ်။ မြတ်စွာဘုရားဟာ ဝါသနာ နဲ့တကွ ကိလေသာအားလုံးကို အကုန်ပယ်ထားပါတယ်။ သို့သော်လည်း ပုရာဏကဿပကြီးကို သူ တန်ခိုးပြဋိယာ ပြလိုက်လို့ရှိရင် သေမယ်ဆိုတာကိုလည်း သိထားတာပါပဲ၊ ဒါပေမယ့် ထည့်မတွက်နိုင်ဘူး သေစေလိုတဲ့စိတ်တော့မရှိဘူး၊ သို့သော်လည်း နှိမ်နှင်းမယ်ဆိုတဲ့ စိတ်ကတော့ရှိနေတယ် သာသနာတော်ကို စော်ကားလာရင် ဒီပုံဒီနည်းနဲ့ နှိပ်ကွပ်ကြဆိုပြီး မြတ်စွာဘုရားက နှုတ်တော်က ထုတ်ဖော်မပြောရုံတမယ်ပဲ ရှေ့ကနေလုပ်ပြသွားတဲ့ အစဉ်လာသာဓက ထင်ရှားရှိပါတယ်။ ဒါဟာ လူမင်းဘက်က ကောသလမင်း၊ နတ်မင်းဘက်က သိကြားမင်း၊ ရဟန်းဘက်က ဘုရား သုံးဦးပေါင်းပြီး သာသနာမှာကျရောက်လာတဲ့ အန ္တရာယ်ကို ကာကွယ်နှိမ်နှင်းခဲ့တာပါပဲ၊ မြတ်စွာဘုရားဟာ ကိုယ်တော်တိုင် ရှေ့ကနေ လုပ်ပြသွားခဲ့သလို နှုတ်တော်က ထုတ်ဖော်ပြီး ပြောကြားသွားတဲ့ သုတ္တန်တခု ရှိပါသေးတယ်၊ 

အဲဒီသုတ္တန်က ကိ ံဒိဌိက သုတ်(မင်းဘာအယူရှိ သလဲဆိုတဲ့ အဓိပ္ပါယ်ပါပဲ) အဂုၤတ္ထရနိကယ်၊ ဒဿကနိပါတ်၊ ဥပါလိဝဂ်မှာ ပါရှိပါတယ်။ အခါတစ်ပါးမှာ အနာထပိဏ်သူဌေးက တိတ္ထိတွေရဲ့ကျောင်းကိုသွားပြီးတော့ အယူဝါဒ စစ်ထိုးတယ်၊ တိတ္ထိတွေက သင်ဘာအယူရှိသလဲ လို့မေးတယ် အနာထပိဏ်သူဌေးက ငါ မြတ်စွာဘုရားရဲ့အယူဝါဒအားလုံး ကိုမသိဘူးတဲ့ အဲဒါဆိုရင် ရဟန်းတွေကကော ဘာအယူရှိသလဲတဲ့ ရဟန်းတွေရဲ့အယူ အကုန်လုံးကို ငါမသိဘူး တဲ့ အဲဒါဆိုရင် သင်ကကော တဲ့ အဲဒီမှာ အနာထိပိဏ်သူဌေးက ပြန်ပြောပါတယ် ငါ့အယူကိုသိချင်ရင် မင်းတို့ အယူကိုအရင်ပြောပေါ့ အဲဒီတော့ ဒိဌိတွေက သူတို့အယူဖြစ်တဲ့ သဿတ ဥစ္ဆေဒ တို့ကို အကုန်ပြောပါတယ်။ အနာထိပိဏ်သူဌေးကြီးကလည်း အေးအေးဆေးဆေး ထိုင်နားထောင်လို့လည်းပြီးရော တလုံးချင်းခေါင်းငုံ့ပြီး နေရအောင် အရှက်ရလောက်အောင် မျက်နှာမသာမယာဖြစ်အောင် တခွန်းတလေမှ ပြန်မပြောနိုင်အောင် ခေါင်းမထောင်နိုင်အောင် ပြန်နှိပ်ကွပ်တယ်၊ တိတ္ထိတွေရဲ့အယူ ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာကို ပြော ဆိုပြီး နှိပ်ကွပ်တယ်၊ အဲဒီမှာ တိတ္ထိတွေ အရှုံးကြီးရှုံးပြီး သူဌေးကြီးကိုဘာမှပြန်မပြောနိုင်တော့ သူဌေးကြီးလည်း တိတ္ထိတွေရဲ့ကျောင်းမှ ပြန်၍ မြတ်စွာဘုရားထံကိုသွားပြီးတော့ အကြောင်းစုံကို မြတ်စွာဘုရားအား ဝမ်းသာ အားရလျှောက်ပြပါတယ်။ အဲဒီမှာ မြတ်စွာဘုရားက သာဓု ခေါ်ပါတယ်၊ နောင်မလုပ်ပါနဲ့ကွာ သူတို့ဘာသာသူတို့ အယူမှားတာ နေပါစေ ကမ္မသကာပေါ့ဆိုတဲ့ စကားမျိုးကို ဘုရားမသုံးပါဘူး “သာဓု သာဓု ဂဟပတိ - သူဌေးကြီး ကောင်းတယ် ကောင်းတယ်” “ဧဝံ ဟောတေ မောဃပုရိသာ ကာလေန ကာလံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတဗ္ဗာ - ဒီလိုပဲ ဒီအလကားကောင်တွေကို၊ နိဂ္ဂဟေတဗ္ဗာ - နှိပ်ကွပ်ရမယ် ဘယ်လို နှိပ်ကွပ်ရမလဲဆိုရင် သုနိဂ္ဂဟိတံ - ကောင်းကောင်းကို နှိပ်ကွပ်ဆုံးမရမယ် တဲ့ ဒါပေမယ့် အသားလွတ်ကြီး လားဆိုတော့ မဟုတ်ပါဘူး - သဟဓမ္မေန - ယုတ္တိယုတ္တန်ပြပြီးတော့ ဆုံးမကွ” ဆိုပြီး ဘုရားက သေချာသင် ပေးခဲ့ပါတယ်။ တစ်ခါတရံပဲလားဆိုတော့ မဟုတ်သေးပါဘူး၊ ကာလေန ကာလံ - ရံဖန် ရံခါ အခါခွင့် သင့်ရင် သင့်သလို အခွင့်အရေးရရင် ရသလို ကြုံရင် ကြုံသလို နှိပ်သာနှိပ်ကွပ်ကွာဆိုပြီး ဆုံးမခဲ့တာပါပဲ၊ အနာထပိဏ် သူဌေးကြီးကိုလည်း ချီးမွမ်းတော်မူပါတယ်။ သူဌေးကြီး ပြန်သွားတဲ့အခါမှာ မြတ်စွာဘုရားက ရဟန်းပရိသတ် ကို မိန့်တယ် “ယောသိတော ဘိက္ခေ၀ ဘိက္ခူ ဣမသ္မိ ံဝဿသရူပ သပနေ ္တာ ဣမသ္မိ ံ ဓမ္မဝိနယေ - ချစ်သား တို့ ငါဘုရားရဲ့သာသနာတော်မှာ အသက်တစ်ရာ ဝါတစ်ရာ့နှစ်ဆယ်ရတဲ့ပုဂ္ဂိုလ် ဖြစ်စေကာမူ၊ သောဟိ ဧ၀ မေဝံ အညတိတ္ထိယေ ပရိဗ္ဗာဇကေ သုနိဂ္ဂဟိတံ နိဂ္ဂဏေယျ - ဝါ တစ်ရာရလို့ အသက်တစ်ရာ့နှစ်ဆယ်ရတဲ့ မထေရ်ကြီးဖြစ်စေ ထိုင်မနေရဘူး သာသနာပဖြစ်တဲ့ တခြားသော တိတ္ထိတွေကို ဒီပုံဒီနည်းနဲ့ ကောင်းကောင်း နှိပ်ကွပ်ဆုံးမရမယ် - ဘယ်လိုလဲဆိုတော့ ယထာတံ အနာထပိဏ္ဍိကေန ဂဟပတိနာ နိဂ္ဂဟိတာ - သူဌေးကြီး ဆုံးမသလိုမျိုး ဆုံးမရမယ်” လို့ မိန့်တော်မူပါတယ်။ ဒါဟာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သာဓက ပါ။ နောက်တခု ရှိပါသေးတယ် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး တတိယသံဃာယနာတင်တဲ့အချိန်က ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟာ အာဏာပိုင်မင်းတစ်ပါးဖြစ်တဲ့ သိရိဓမ္မာသောက မင်းကြီးနဲ့ပေါင်းပြီး သံဃာယနာမတင်ခင်မှာ တိတ္ထိတွေကို နှိမ်နှင်းခဲ့ပါတယ်။ အဲဒီ တတိယသံဃာယနာ ဘာကြောင့်တင်သလဲ ဆိုရင် ဘုရားရှင်၏ သာသနာမှာ သာသနာ့အန္တရာယ်တွေ ကျရောက်နေခဲ့လို့ပါပဲ၊ အဲဒီအချိန်တုန်းက အိန္ဒိယပြည်မှာ ရဟန်းသံဃာပေါင်း ၆ သန်း(သိန်း - ၆၀) ရှိပါတယ်၊ သိလဝန္တရဟန်းတွေပါပဲ၊ အဲဒီ သိန်းခြောက်ဆယ်ရှိတဲ့ ရဟန်းသံဃာတွေထဲမှာ ၆ သောင်းရှိတဲ့ ဒုဿီလရဟန်းတွေ မည်သူမှ ရဟန်းခံသင်္ကန်းဝတ်ပေးခြင်း မရှိဘဲနဲ့ ကိုယ်တိုင်သင်္ကန်းကောက်ဝတ်ပြီး သာသနာတော်ကို ဖျက်ဆီးဖို့ကြိုးစားတော့တာပါပဲ။ အဲဒီအချိန်မှာ ရဟန်းတု ဒုဿီလရဟန်းတွေ နဲ့ ရဟန်းစစ်တွေကိုခွဲခြားဖို့အတွက် အသောကမင်းကြီးကိုယ်တိုင် ရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်ထံမှာ ခုနှစ်ရက်တိုင်တိုင် ဗုဒ္ဓအယူဝါဒတွေကိုသင်ယူပြီး မင်းကြီးကိုယ်တိုင် စစ်ဆေး မေးမြန်းပြီး အဲဒီတိတ္ထိတွေကို လူဝတ်လဲပြီး တိုင်းပြည်ကနှင်ထုတ်ခဲ့ပါတယ်၊ နောက် တတိယသံဃာယနာ တင်ခဲ့တယ် တတိယသံဃာယနာတင်တယ်ဆိုတာက တိတ္ထိတွေရဲ့တရားနဲ့ ဗုဒ္ဓရဲ့ တရားမရောနှောအောင် လုပ်လိုက် တာပါပဲ ကထာဝတ္ထုကျမ်းကို လေ့လာမယ်ဆိုရင် ဒီအကြောင်းတွေကို အကုန်သိနိုင်ပါတယ်။ 

အရှင်ဝရသာမိ 
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညှနျကွားလှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories