Showing posts with label သမ္မုတိရသံဃာ့အဖွဲ့. Show all posts
Showing posts with label သမ္မုတိရသံဃာ့အဖွဲ့. Show all posts

February 21, 2010

သန့်ရှင်းသာသနာဆောင်ရွက်စရာ

Anonymous | 10:01 AM | | | 1 Comment so far
The most beautiful Buddha in the worldImage by Wonderlane via Flickr



သာသနာတော် သန့်ရှင်း တည်တန့် ပျံ့ပွားရေးအတွက် ဘုရားရှင် ကိုယ်တော်တိုင်က ရှေ့ဆောင်လမ်းပြ လုပ်ခဲ့တာ ပိဋကတ်တော်တွေမှာ အထင်ရှားရှိတယ်။ အဲလိုပဲ သာသနာတော် ပျက်စီကြောင်း တရားတွေကိုလည်း ဘုရားရှင် ဟောကြားတော် မူခဲ့ပြီးသားပါ။ အဆိုးဆုံးက ဘုရားဟော မဟုတ်တာကို ဘုရားဟောလုပ်ခြင်းပါပဲ။

အဓမ္မ ကို ဓမ္မ လို့ဟောပြော ရေးသားခြင်း မှန်သမျှဟာ သာသနာတော်ကို လုံးဝဖျက်ဆီးနေခြင်းပါပဲ ဒီတော့ အဓမ္မ၀ါဒတွေကို တားဆီးဖို့ ဘုရားအလိုတော်ကျ ကျင့်သုံးနေထိုင်ကြကုန်သော သံဃာတော် အရှင်မြတ်ကြီးတွေက ခေတ်အဆက်ဆက် အသက်နဲ့ ဆက်ပြီး ဒီဘက်ခေတ်အထိ သယ်ဆောင်တော် မူလာခဲ့ကြတယ်။ ဒါပေမဲ့ သာသနာတော် သန့်ရှင်း၊ တည်တံ့ ပြန့်ပွားရေး အတွက် ရဟန်တော်တွေ တင်မက လူ၊ ဥပါသကာ၊ ဥပါသကီ တွေမှာလည်း တာဝန်ရှိတယ်လို့ မြတ်စွာဘုရားရှင်က လမ်းညွန် မိန့်ကြားတော် မူခဲ့ပြီး ဖြစ်တာကို သိပြီးဖြစ်ပါလျှက် ဥပက္ခာပြုကိုယ်နဲ့ မဆိုင် ဘေးထိုင်နေကြေး ဆိုရင်တော့ ကျနော်တို့ဆီမှာ သာသနာတော် ကြာရှည် တည်နေဖို့ဆိုတာမလွယ်ဘူး။ ဒီတော့ ရှေးဆရာတော်ကြီးတွေရဲ့ မှတ် သားလိုက်နာဖွယ် ဩ၀ါဒတော်တွေကို ကောက်နုတ် တင်ပြလိုက်ပါတယ်။


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

၁၃၄၂ ခု - နယုန်လပြည့် (28 – 5- 1980)

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏ လှိုင်ဂူတော်ကြီး၌ အဘိဓဇမဟာရဋ္ဌဂုရုနှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆပ်ကပ်ပူဇော်ပွဲ အခမ်းနားတွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် အဘိဓဇ မဟာရဋ္ဌဂုရု ပဋ္ဌာန်း ဆရာတော် ဘဒ္ဒန္တ၀ိသုဒ္ဓါဘိဝံသ မိန့်ကြားတော်မူသည့် ဩ၀ါဒကထာ ကောက်နတ်ချက်။


ယခုသမ္မုတိရ သံဃာ့အဖွဲကြီးက အဓိကလုပ်ငန်းကြီး သုံးရပ်ကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ် -

(၁) သာသနာတော်သန့်ရှင်းရေးလုပ်ငန်း။

(၂) သာသနာတော်တည့်တံ့ရေးလုပ်ငန်း

(၃) သာသနာတော်ပြန့်ပွားရေး လုပ်ငန်း ပဲဖြစ်ပါတယ်။

ဟူ၍ လုပ်ငန်းကြီးသုံးရပ်ဖြစ်ပါတယ်။

ထို လုပ်ငန်းကြီး သုံးရပ်တွင် အရေးကြီးဆုံးလုပ်ငန်းကတော့ ပထမအချက် ဖြစ်တဲ့ သာသနာတော်သန့်ရှင်းရေးလုပ်ငန်းကြီးပဲ ဖြစ်ပါတယ် သာသနာတော်သန့်ရှင်းအောင် ဆောင်ရွက်ရာမှာတော့ -

(၁) သံဃာတု၊ သံဃာယောင်တွေ ကွယ်ပျောက်သွားအောင် နှင့်

(၂) တရားတု၊ တရားယောင်တွေ ကွယ်ပျောက်သွားအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သံဃာတု၊ သံဃာယောင် တွေကတော့၊ ခုသာသနာဝင် မှတ်တမ်းကို ပြုလုပ်ခြင်းအားဖြင့် ရာခိုင်နှုန်း အပြည့်လောက် ကွယ်ပျောက်သွားမှာ သေချာ ပါတယ်။

မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားတော် မဟုတ်ပါပဲလျှက် တရားတု တရားယောင်များကို ဟောကြား ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲတွေချုပ်ပျောက်သွားအောင် သံဃာတော် အရှင်သူမြတ်တို့မှာ အလွန်ကြီးလေးသော တာဝန်ရှိပါတယ်။

သာသနာတော် ပျက်စီးခြင်း အကြောင်းထဲမှာ အဓမ္မကို ဓမ္မ၊ အ၀ိနယ ကို ၀ိနယ လို့ဟောပြောနေသာ ပုဂ္ဂိုလ်များရှိခြင်းပင် ဖြစ်တယ်လို့ မြတ်စွာဘုရးရှင်က ဟောကြားခဲ့ပါတယ်။

ဒါကြောင့် သာသနာတော်သန့်ရှင်းရေးအတွက် -

(၁) သံဃာတု၊ သံယာယောင် များ မရှိအောင်နဲ့

(၂) တရားတု၊ တရားယောင်များ ဟောပြောနေကြခြင်း မရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ သာသနာတော် တည်တံ့အောင် ကတော့ ဆရာတော်များသည် ဂန္ထဓုရ သော်လည်းကောင်း ၊ ၀ိပဿနာဓုရ သော်လည်းကောင်း ဖြည့်ကျင့် အားထုတ်ရမှာ ဖြစ်ပါတယ်ဘုရား။

တတိယအချက် ဖြစ်တဲ့ သာသနာတော် ပြန့်ပွားအေင်ကတော့ ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ သိင်္ဂါလောဝါဒ သုတ်မှာပါတဲ့ အတိုင်း အတိအကျ ဆောင်ရွက်ရန် ဖြစ်ပါတယ်ဘုရား။

သံဃာတော်များ ဆောင်ရွက်ရမည့် ၀တ္တရား (၆) ပါးထဲမှာ တရာတော်များကို ဒါယကာ၊ ဒါယိကာမ များအား ဟောကြား ညွန်ပြရမှာ ဖြစ်ပါတယ် ဘုရား။

ယခုအခါ ရှေးရိုးကြီးအတိုင်း မိမိထံပူဇော်လာတဲ့ လူတွေကိုသာ တရားဟောနေရုံမျှနှင့် မပြီးပါ။ တရားတော်ကို အိမ်တိုင်း အိမ်တိုင်း အရောက်ပို့မှ ဖြစ်ပါလိမ့်မယ်။ သို့မှသာ မြတ်စွာဘုရားဟောကြားတဲ့ တရားစစ် တရားမှန်ကို သိနားလည်ကြမှာ ဖြစ်ပါတယ်။ ယခုအခါ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များပင်လျှင် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ ဂုဏ်တော် များလောက်ကိုမှ မသိသူတွေ အလွန် ပေါများနေပါတယ်။ အဲဒီတော့ အခြေခံကစပြီး အဆင့်ဆင့် နားလည်အောင် အိမ်ပေါက်စေ့ ဟောကြားရန်အချိန် ရောက်နေပါပြီလို့ လျှောက်ထားလိုပါတယ်ဘုရား။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



ဒါဟာ မှတ်သားလောက်တဲ့ ဆရာတော်ကြီးရဲ့ ဩ၀ါဒတော်ထဲက ကောက်နတ်ချက်အချို့ ဖြစ်ပါတယ် ဒီမှာ ကျနော်တို့ ဘာလုပ်ရမယ် ဆိုတာကို ပြောပြီးသား မိန့်တော်မူပြီးသားပါ။ ကျနော်တို့ လူတွေဘက်က အတော်ခက်တယ် နာမယ်ကြီးပြီးရော ဆိုပြီး နာမယ်ကြီးတဲ့သူတွေနောက် တကောက်ကောက် လိုက်ပြီး နေတယ်။တရားနာကြပြီတဲ့ မှားလားမှန်လား သေချာမသိ ၊သိအောင်လည်းမကြိုးစား အဲလိုဖြစ်နေတယ်၊ မသိရင်တကယ် တတ်တဲ့ ဆရာတော်ကြီးတွေဆီ မေးပါမြန်းပါ နာယူပါ။ တရားနာလာတဲ့ ဒကာကို နှင်ထုတ်တဲ့ ဆရာတော် ဗမာပြည်မှာမရှိပါ တခြား ဘယ်နေရာမှ လည်း ရှိမှာ မဟုတ်ပါ။ ဒါပေမဲ့ တရားအကြောင်း သာသနာတော်အကြောင်း မဟုတ်ပဲ တခြားအကြောင်း ဆိုရင်တော့ အချိန်ကုန်ခံပြီး နားမထောင်သော ဆရာတော်ကြီးများကို ဖူးတွေ့ခဲ့ဖူးပါတယ်။

ဒါလည်း ပဋိပတ် အလုပ်ဖင့်မှာ စိုးလို့ပါ။ တရားအကြောင်းသာမေး နားမလည်တဲ့ဟာသာမေး ဘုရားအလိုတော်ကျ ဘာလဲဆိုတာ ဖြန်းဖြန်းကွဲ ဖြေကြပါလိမ့်မယ်။ ကျနော်တို့လူတွေဖက်က အားနည်းချက်က အဆန်းကြိုက်တာပါပဲ။ တရားဆို မဆန်းနဲ့လို့ အဆိုရှိတယ်ဗျ။ လောဘကင်းကြောင်း ဒေါသကင်းကြောင်း မောဟကင်းကြောင်း ဖြစ်တဲ့ ဘုရားရဲ့ တရားတော်ကို လောဘနဲ့ စတင်ချဉ်းကပ်မိမှတော့ … နောက်ဆက်တွဲက.. ဘာတွေဖြစ်လာမလဲ လေ….။




မှတ်ချက် ။ ။ ဆရာတော်ကြီး၏ ဩ၀ါဒတော် အပြည့်စုံကို နာကြားဖတ်ရှုလိုသူများ ဆရာကြီး ဓမ္မဃောသက ဦးမောင်မောင်၏ သံဃာအား ဘုရားယုံခဲ့သည် ကျမ်းစာဒုတိယတွဲ တွင်ဖတ်ရှုနိုင်ပါသည်ခင်ဗျား။

လေးစားစွာဖြင့်

ဥပသကာ

ငြိမ်းချမ်းကြပါစေ။
Reblog this post [with Zemanta]
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories