June 22, 2010

မကျက်တကျက် အန္တရာယ် နှင့် ဦးချစ်ငယ်တပည့်

Dr Phyo Wai Kyaw | 12:43 PM | |
မိမိတို့ရဲ့ ဓမ္မဥပဒေပြန့်ပွားရေးအသင်းက ဖော်ပြတဲ့ ဆောင်းပါးတွေဟာ သြ၀ါဒါစရိယ ဆရာတော်များ၊ နာယက ဆရာတော်ကြီးများရဲ့ ဆုံးမညွှန်ကြားချက်များ၊ သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်များကို လေ့လာပြီးမှ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ အသင်းရဲ့မူဝါဒနဲ့ ကိုက်ညီတဲ့ ဆောင်းပါးတွေကို ဖတ်ရှုမိတဲ့အခါတွေမှာလည်း ခွင့်ပြုချက်နဲ့အညီ အသင်းစာမျက်နှာမှာ ဖော်ပြတာတွေလည်း ရှိပါတယ်။ အရေးကြီးတဲ့နေရာတွေမှာ ကျမ်းဂန်အကိုးအကားများ မလွတ်စေဘဲ အငြင်းပွားစရာပေါ်ပေါက်လာရင် ရဟန်းပညာရှိ လူပညာရှိကြီးများကို မေးမြန်းစုံစမ်းပြီးမှ သိက္ခာရှိရှိတင်ပြတဲ့ ဆောင်းပါးတွေ ဖြစ်တယ်ဆိုတာကို ပြောလိုတယ်။

မိမိတို့အသင်းဟာလည်း သာသနာနှစ် ၂၅၅၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်)နေ့ (၃ အောက်တိုဘာ ၂၀၀၉) မှာတစ်သီးပုဂ္ဂလ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ၊ အဓမ္မ၀ါဒ ဖော်ထုတ်- တားဆီး-ဖယ်ရှားရေးအဖွဲ့၊ ဓမ္မရံသီ နှင့် ဓမ္မရတနာ ဓမ္မကလောင်ရှင်များ အဖွဲ့၊ မြတ်ပန်းရဂုံ ဓမ္မကလောင်ရှင်များ အဖွဲ့၊ သဒ္ဓါဓိက လူငယ်အဖွဲ့၊ မေတ္တာတံခွန် အသင်းတို့ ပူးပေါင်း၍ ဖွဲ့စည်း တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး သီတင်းကျွတ် လပြည့်ကျော် ၁ ရက်(၄ရက် အောက်တိုဘာ ၂၀၀၉)တွင် အသင်းချုပ်၏ နာယကအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ တို့ကို ရွေးချယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။

အင်တာနက် ခေတ်ဖြစ်တဲ့အတွက် အသင်းရဲ့ ဆောင်းပါးတွေကို ဓမ္မဥပဒေပြန့်ပွားရေးအသင်း ၀ဘ်စာမျက်နှာပေါ်မှာ ဖော်ပြရပြီး တချို့ကိုတော့ ဘာသာရေးမဂ္ဂဇင်းတွေမှာ ဖော်ပြရတာတွေ ရှိပါတယ်။ အဲဒါတွေကို လေ့လာမှုအားနည်းတဲ့ အွန်လိုင်းသတင်းဋ္ဌာနတစ်ခုဟာ တည်းမဖြတ်တဲ့ စာမျက်နှာကနေ အသင်းရဲ့ ဆောင်ရွက်ချက်များနဲ့ ပါဝင်တဲ့ သံဃာတော်များရဲ့ ဆောင်ရွက်ချက်များအပြင် အခြားသံဃာတော်အချို့ကို သရော်မော်ကား ပြုတဲ့ ဆောင်းပါးကို ဖော်ပြထားတာ ရှိပါတယ်။

အမှန်တရားကို လိုလားလှပါတယ်ဆိုတဲ့ အဆိုပါ သတင်းဋ္ဌာနက ၀ိုင်းတော်သားများဟာ ဓမ္မရံသီစာမျက်နှာနဲ့တကွ မြန်မာပြည်ထောင်စုက ထုတ်တဲ့ အခြားသော ဘာသာရေးမဂ္ဂဇင်းများ၊ အွန်လိုင်းစာမျက်နှာမှာပင် အလွယ်တကူရှာဖွေ လေ့လာနိုင်တဲ့ ၀ိနိစ္ဆယများ၊ သံဃမဟာနာယကအဖွဲ့က ထုတ်တဲ့ ညွှန်ကြားလွှာများ၊ အသင်းက ဦးထိပ်ထားတဲ့ ဆရာတော်များဖြစ်တဲ့ မုံရွာနေဇာတို့၊ ဓမ္မဓူတအရှင်ပညိဿရတို့ အပါအ၀င် အခြားသော ပရိယတ်ပဋိပတ် နှစ်သွယ်ပြည့်ဝတဲ့ သံဃာတော် အရှင်မြတ်များ ရေးသားတဲ့ ဘာသာရေးစာအုပ်များကို လေးငါးဆယ်လနေလို့ တစ်ပုဒ်မျှပင်မဖတ်ဖူးတာ သေချာလှပါတယ်။ အမှန်တရားကို ဘယ်လောက်လိုလားပါတယ်ပဲဆိုဆို နည်းပါးတဲ့ ဗဟုသုတ၊ လျော့လျဲတဲ့ သတင်းဌာန မူဝါဒအောက်မှာ အများပြည်သူဖတ်ရှုတဲ့ စာပေအဆင့်အတန်းတစ်ရပ် မီအောင်မရေးသားထားတဲ့ စာရေးသူ၊ အဆင့်အတန်းမီအောင် မတည်းဖြတ်ထားတဲ့ အယ်ဒီတာလက်အောက်က ဆောင်းပါးတစ်ပုဒ်ဟာ အမှန်တရား အနားကို နည်းနည်းမှတောင် သီနိုင်မယ်လို့ မိမိတို့မထင်ပါ။ မြန်မာနိုင်ငံရေးအခြေအနေနှင့် ယှဉ်တွဲသုံးသပ်နိုင်ရန် သူတို့ကဖော်ပြရခြင်း ဖြစ်ပါတယ်လို့တောင် မဆီမဆိုင် အကြောင်းပြချက်ပေးကာ ဂုဏ်တင်ထားတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာ ပတ်သက်နေသလဲတော့ မသိပါ။

အခုရေးတဲ့ ဆောင်းပါးဟာ အဲဒီ သတ်ပုံကစပြီး တည်းဖြတ်စရာ ဗရပွဖြစ်နေတဲ့ ဆောင်းပါးကို ချေပရေးသားတဲ့ ဆောင်းပါးတော့ မဟုတ်ပါ။ ချေပစရာလည်း မလိုပါ။ ဆောင်းပါးရှင် မခံမရပ်နိုင်ဖြစ်နေတဲ့ ဦးချစ်ငယ်(ဒဿန)နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မိမိတစ်ဦးတည်းရဲ့ အမြင်နဲ့ စာဖတ်သူများ ချိန်ထိုးလေ့လာနိုင်အောင် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အဓမ္မ၀ါဒများကို တားဆီးဘို့ ဆို လုပ်လာကြတော့ ဦးချစ်ငယ်လဲ အဓမ္မ၀ါဒီစာရင်း ထဲပါလာပါတယ်။ သူ့ အကြောင်းကို သိနေတာ ကြာလှပါပြီ။ ဒါပေမဲ့ အခုလို အဖွဲ့နဲ့ တကယ်တမ်း ဆောင်ရွက်လုပ်ကိုင်လာတော့ ဒီစာမျက်နှာမှာ သူ့အမှားတွေကို ထည့်ပြီး မရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။(လက်ျာရဲ့ စာတန်းမှာ အစွန်းအစပါတာလေးနဲ့ ဘဲ ထားလိုက်ပါတော့လို့ ဆုံးဖြတ်ခဲ့မိပါတယ် )

ဒါကလည်း အကြောင်းရှိပါတယ်။ သူ့  ပရိသတ်ကို ကြည့်လိုက်တော့ ကြက်ပွဲသာသာမို့ သာသနာရေးကို ခုနေခါ အနှောင့်အယှက်ပြုနိုင်တဲ့  အစွမ်းအစက မရှိသလောက်ကို ကိုယ်က သွားရေးမှ ကြော်ငြာပေးသလိုဖြစ်ပြီး မြန်မာပြည်မှာ အရေးယူခံထားရတဲ့ သာသနာပြု လူစွမ်းကောင်းကြီးဆိုပြီး "ခွကောင်တွေ အသိုက်အ၀ိုင်း"ထဲ ထင်ပေါ်နေရင် အခက်ဆိုပြီး လက်ရှောင်ပေးထားတာပါ ။

ခုတော့လဲ သင့်သလောက် ဖော်ပြဖို့ ဆုံးဖြတ်ရပြန်ပါပြီ။

စာဖတ်သူများအနေနဲ့ အဲဒီသတင်းဋ္ဌာနက ဆောင်းပါးကို မဖတ်ရှုဖူးဘဲ ကျွန်တော့်ရဲ့ ဆောင်းပါးကို တန်းပြီးဖတ်ရရင် သိပ်ပြီး လိပ်ပတ်လည်မယ်တော့ မထင်ပါ။ ဒါကြောင့် အဲဒီကအနှစ်ချုပ်ကို အခုလို ဆွဲထုတ်ပြလိုက်ပါမယ်။

လိုရင်းရောက်အောင် မရေးသားနိုင်တဲ့ အဲဒီစာကို လိုရင်း ဆွဲထုတ်ပြရတာကတော့ အတော်ခက်ခဲပါတယ်။ ဒါပေမယ့် အတော်ကြိုစားပြီး ဘာသာပြန်ဖတ်ရှုလိုက်တဲ့အခါမှာ အခုလို တွေ့ရပါတယ်။

၁)အသင်းက မိုးကုတ်ဆရာတော်ဘုရားကို စွပ်စွဲနေပါတယ်ဆိုတဲ့  စွပ်စွဲချက်

၂) ခုလုပ်ဆောင်နေတာဟာ မဟာစည်ဆရာတော်ဘုရား (ပိန်ဖေါင်း အုပ်စုဆိုပြီး နာမည်ကို ရိုးတိုးရိပ်တိတ်ဖေါ်ပြထားတယ် ) ရဲ့  အသိုက်အ၀န်းက မိုးကုတ်ဆရာတော်ဘုရားနဲ့  မတည့်လို့ ဆိုတဲ့  စွဲချက်

၃)"ဆရာမြတ် " တနည်း" ဒေါက်တာ "ချစ်ငယ် PhD (Cloverfield university) ဟာ အရိယာကြီးပဲ မပြစ်မှားနဲ့  ဆိုတဲ့ အချက်

၎)ခုခါမှာ သာသနာပြုနေကြတဲ့  ဆရာတော်ဘုရားများ ( သီတဂူဆရာတော်ကို ရိတ်တိတ်တိတ်ချိတ် ထားတာတွေ့ရ)ဟာ ၀ိနည်းမလိုက်နာပါဘူး ။ မဟုတ်တာတွေလုပ်နေပါတယ်ဆိုတဲအချက်

အပါအ၀င် စွဲချက်လေးမျိုးကို အဓိက တွေ့ရပါတယ်။


ဒီနေရာမှာ နံပါတ်(၄)အချက်ကိုတော့ ဖြေရှင်းစရာမလို ။ ဒီလိုအလုပ်လုပ်နေတဲ့  ဆရာတော်များထံ လှူတန်းဘူးသူတိုင်း အသိပါ။ ဘယ်လောက် စနစ်တကျ လုပ်ရတယ်ဆိုတာကို ။

၁)ကိုစပြီးကြည့်ရအောင် ။ အခု ဓမ္မဥပဒေပြန့် ပွားရေးအသင်းသားတွေရေးခဲ့ တဲ့ စာတွေဟာ နက်ထဲမှာ ထင်ရှားစွာ ဖတ်လို့ ရပါတယ်။ ဘယ်စာများ မိုးကုတ် ဆရာတော်ဘုရားကို စွပ်စွဲတာ ပါပါသလဲ ။ ထောက်ပြပါ ။ မစွပ်စွဲခဲ့တဲ့  အပြင် မိုးကုတ် ၀ိနိစ္ဆယနဲ့ ပါတ်သက်ပြီး နားစွန်နားဖျားနဲ့ သံသယရှိနိုင်တဲ့ မိမိကိုယ်တိုင် ပရိသတ်ကို ရှင်းပြခဲ့ဖူးပါတယ် ။ အကျယ်ကိုသိလိုရင် အောက်က အကိုးလေး တချက်လောက်ကြည့်ပါ ။ click here ဒီတော့ မိုးကုတ်ဆရာတော်ဘုရားကိုစွပ်စွဲတယ်ဆိုတဲ့  အချက်ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာ ဖြစ်နေပါတယ်။

(၂)အချက်ကိုကြည့်ရအောင်

မဟာစည်ဆရာတော်ဘုရား ရဲ့  တပည့်တပန်းများဆိုတဲ့  ကိစ္စမှာလဲ မိုးကုတ်ဆရာတော်ကို သော်လည်းကောင်း၊ အခြားရိပ်သာနည်းများကို သော်လည်းကောင်း စွပ်စွဲဟောပြောချက် ရှိပါက သက်သေပြရန်တာဝန်မှာ ရေးသူရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ဓမ္မဥပဒေပြန့်ပွားရေးအသင်းဝင်များဟာ ဘုရားတရားသံဃာ ရတနာသုံးပါးရဲ့ တပည့်သာဝကများသာပြီး လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော် စွန်းလွန်းဆရာတော် စတဲ့ ပဋိပတ္တိအကျော် ဆရာတော်တို့ရဲ့ တရားနည်းလမ်းများကို အားထုတ်ဖူးသူများ ပါဝင်ပါတယ်။ အဲဒီလို အခြေအမြစ်မရှိရေးသားတဲ့ အရေးအသားနဲ့ ဘောင်ဝင်သူတွေ မဟုတ်ပါဘူး။ သူရေးတဲ့ပုံစံက  အကိုးအကားမပါတဲ့အပြင် နည်းလမ်းမကျပါဘူး။ သံဃာများ မညီမညွတ်ဖြစ်အောင် ချောပစ် ဂိုဏ်းခွဲရာကျနေပါတယ်။

(၃)ဒါကတော့ အသားပါဘဲ ။

ကဲ "ဆရာမြတ် " " ဒေါက်တာ " ချစ်ငယ် Ph D (Cloverfield University, UK) ကို လေ့လာကြရအောင် ။ ပထမဆုံး သူ့ ရဲ့  ဒေါက်တာ cloverfild university ကြီးကို အရင်ပြောရပါ့မယ် ။ မှန်ပါတယ် ။ အင်္ဂလန်ရဲ့  မြို့ တော် လန်ဒန့်မြို့ ကြီးမှာ ယူနီဗာစီတီ ဆိုတာတွေ ပေါလှပါတယ် ။ ဒါပေမဲ့ တက္ကသိုလ် တွေအကုန်လုံးကို ယူကေ ပညာရေးဋ္ဌာနက ချုပ်ကိုင်ထားပြီး နှစ်စဉ် စာရင်းထုတ်ပြန်ပေးရပါတယ် ။ ဟောဒီမှာကြည့်ပါ။ ယူကေက C နဲ့ စတဲ့  ယူနီတွေ စာရင်း

ကဲ

မရှိတဲ့  တက္ကသိုလ်တစ်ခုက ဘယ်လိုများ အကြင်ဆရာမြတ်ကို ဘယ်လိုများ PhD ဘွဲ့ထူးကြီးပေးလိုက် နိုင်ပါသလဲ။ အရိယာတယောက် ဟာ ကိုယ်မရတဲ့ ဘွဲ့ ဒီဂရီကို တပ်ပါ့မလားဗျာ ။ ဒီနေရာမှာတော့ အရိယာဖယ်ထားပါလေ။ သာမန် မိမိကိုယ်ကိုလေးစားတဲ့  ပညာရှင်တယောက်တောင် အလုပ်အပြင်မှာ မိမိဘာဘွဲ့ တွေရတယ်ဆိုတာ ထုတ်ပြောလေ့မရှိပါ ။


"အရိယာဆိုတာ ထုတ်မပြောရဲကြတဲ့  အဖွဲ့ တွေထဲမှာ သူရဲကောင်းကြီး ဦးချစ်ငယ်ကဘဲ ထုတ်ပြောတာ ။ "
ဒါနဲ့ ပါတ်သက်ပြီး ပထမဆုံး သိရမှာက အရိယာ သံဃာတော်များဘာလို့  ထုတ်မပြောလဲဆိုတာကိုပါ။
ဒါကို ကျွန်တော် အကျယ်ရေးစရာမလို ။ ဘူတာရောစနသိက္ခာပုဒ် ကို လေ့လာဖူးတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီဝါကျမျိုးကို ရေးသားမှာမဟုတ်ဘူးလို့ပဲ ပြောလိုပါတယ်။

''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူအား လူတို့၏ ကုသိုလ် ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ပြောကြားငြားအံ့၊ ပြောတိုင်း ဟုတ်မှန်သော် ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြ ကုန်လော့ဟု မိန့်တော်မူ ၏။ 57, 8 - 69


စာဖတ်သူများ အဲဒီသိက္ခာပုဒ်ရဲ့ အကျယ်ကို လေ့လာနိုင်ဖို့ လင့်ခ်ဖော်ပြပါမယ်။ ဦးချစ်ငယ်ဟာ လူဖြစ်လို့ ရဟန်းသိက္ခာပုဒ်များနဲ့ မဆိုင်ဘူးလို့ လှည့်ပတ်ငြင်းဆန်ရင် ဆန်နိုင်ပေမယ့် အရိယာတို့ရဲ့ အလိုဆိုးနည်းမှုနဲ့ ပတ်သက်ပြီး တစေ့တစောင်း သိရှိပြီးချင့်ချိန်နိုင်ဖို့ ဖော်ပြတာ ဖြစ်ပါတယ်။ ဖော်ပြရတဲ့ အခြားအကြောင်းတစ်ရပ်အနေနဲ့ ဦးချစ်ငယ်ရဲ့ အထုပ္ပတ္တိကို (သူ့အပြောမဟုတ်ဘဲ)တိတိကျကျ သိသူများပါရင်တော့ အဲဒီသိက္ခာပုဒ်ကို ဖတ်ရရုံနဲ့ ကျွန်တော်ဘာကိုဆိုလိုသလဲ တန်းပြီး သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ Click here


တတိယအချက်

" ငါနိဗ္ဗာန်မြင်တယ်ကွ ၊ ငါပြောတာယုံ" ဆိုတဲ့ ဦးချစ်ငယ်ရဲ့ အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်လိုတယ်။

နိဗ္ဗာန်မြင်တယ်ဆိုတာ မဂ်ဥာဏ်ရမှပါ .။ မဂ်အခိုက် ၀ီထိကို ယောဂီတောင် သိဘို့ ခက်တယ်ဆိုတာ မှန်ပါတယ် ။ ဒီတော့ ယောဂီမဂ်ရတာ မှန်မမှန်ဆိုတာ စစ်မရတော့ဘူးလား ။ အဲလိုသာ စစ်ဆေးမရဘဲ မျက်စိမှိတ်ယုံကြည်ရတဲ့ ဘာသာတရား တစ်ရပ် ဆိုမှတော့ ကျွန်တော့်အနေနဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်မနေတော့ဘူး။ တွေ့ တဲ့  လူက ငါ ဘာကွလို့ ပြောတိုင်းသာ ယုံရမယ်ဆို "ဆိုင်းဘာဘာ" ကြီးကို ကိုးကွယ်နေတာ ကြာပေါ့ ။

ဆရာချစ်ငယ်ကို ကောင်းကောင်းသာသိရင် အဲဒီဆရာခမျာမှာ အဲလိုစစ်မယ်ဆိုတဲ့  အသံကြားရင် ရာမဆိုတဲ့  အသံကြားတဲ့  ဒဿဂီရိလောက်ကို ကြောက်တယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ခုချိန်ထိကို သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်ကို ဂွတိုက် ကြွေးကြော်နေတာဘဲကြည့်ပါတော့။

(ဆက်ရေးရင် ကျမ်းလေးရုံ ၊ လက်ညောင်းရုံမို့  သိသာရုံသာ တိုစိရေးလိုက်ရပါတယ် ။ ဆက်လက်ဆွေးနွေးလိုပါက ဖိတ်ခေါ်ပရစေ။ မိမိရေးတဲ့ ဆွေးနွေးမှုကိုတော့ မိမိကိုယ်တိုင် တာဝန်ယူနိုင်မှ ရေးဖို့ အကြံပြုလိုပါတယ်။ )

လောကနီတိဆရာက ခုလို ရေးပါတယ်။

"အပ္ပပညော မဟာသကော အပ္ပပူရော ဃဋောခေါဘေ"
"တော်လွန်းရင် အန္တရာယ်မရှိ။
ညံ့လွန်းရင် အန္တရာယ်မရှိ။
မညံ့တညံ့ ၀ါ မကျက်တကျက်က အန္တရာယ်ရှိတယ်။"

သတင်းဌာနများအနေနဲ့ မိမိတို့ အာဘော်မဟုတ်ရင်လည်း မှတ်ချက်နဲ့တကွ စည်းကမ်းတကျ ဖော်ပြပေးစေလိုပါတယ်။ မိမိတို့ အာဘော်ဆိုရင်လည်း ၀န်ခံချက်နဲ့တကွ ဖော်ပြသင့်ပါတယ်။ ဟိုလိုလို ဒီလိုလို ဆောင်းပါးများဟာ စကားဖောင်းပွရုံမျှသာဖြစ်ပါတယ်။ လူခေါ်တဲ့ ဆောင်းပါးကို တင်တယ်လို့ ယူဆစရာ ဖြစ်ပေမယ့် ဘာသာရေးကို ခုတုံးလုပ်ပြီး လူမခေါ်သင့်ကြောင်း ရေးသားရင်း...

ဒေါက်တာတင့်ဦး


8 comments:

  1. http://hittai.net/?show=rm&fileid=14&t=home12&id=12
    သို့ 
    ဟစ်တိုင်
    မိမိ၏ ဓမ္မဥပဒေပြန့် ပွားရေးဆိုက်တွင်တင်ထားသော ဆောင်းပါးကို ဆိုက်မှ မည်သူတဦးတယောက်၏ ခွင့်ပြုချက်လဲ မယူ
    source credit လဲမပေးဘဲ ဟဟစ်တိုင်တွင်တင်ထားသည်ကို တွေ့ ရှိရသည်။
    ခွင့်ပြုချက်မရဘဲ ကူးယူဖေါ်ပြသည့်အတွက် ပြင်းထန်စွာ ရှုံ့ ချကြောင်းနှင့် ချက်ချင်းဖြုတ်ပေးပါရန်တောင်းဆိုလိုက်ပါသည်
    ဒေါက်တာ တင့်ဦး

    ReplyDelete
  2. အလုပ်ကိစ္စနဲ့  ကွန်ပြူတာကို လုံးဝ မကိုင်နိုင်တာ ၄၈နာရီတောင်မပြည့်သေး ။ ပြဿနာနဲ့  တည့်တည့်တိုးနေတာပါဘဲ ။
    ဟစ်တိုင်ကို ဘာလို့ ကန့် ကွက်ရလဲသလဲ မေးရင် ပထမတချက်က သတင်းဋ္ဌာန အမည်ခံပြီး သူတပါးစာကို ကူးယူဖေါ်ပြချင်ရင် စာနဲ့ ရေးတောင်းရမယ်။ စာနဲ့ ခွင့်ပြုချက်ရမှ တင်ရမယ်ဆိုတဲ့  အခြေခံအချက်လေးကို မလိုက်နာလို ။
    နောက်တချက်က ဒီဆိုက်က ကူးသွားပါတယ်လို့  မဖေါ်ုပြတဲ့ အခါကျတော့ ကျွန်တော်ကဘဲ သူတို့ ဆီစာမူပို့ သလိုဖြစ်နေတယ် ။ ဆရာဒီးဒုတ်ဦးဘချိုရဲ့  ငှက်ဆရာဒီးဆိုတဲ့  တေးထပ်လေးရဲ့  အချပိုက်လေးနဲ့ ဘဲ ပြောလိုက်ချင်တော့တယ် ။့ 
    နောက်ဆုံးနဲ့ အရေးကြီးဆုံး အချက်က ကျွန်တော်စာရေးရင်အင်မတန်သတိထားတယ် ။ အကိုးအထောက်မပါဘဲမရေးဘူး ။ အဲဒီအကိုးအထောက်ကိုလဲ လင့်တွေနဲ့  ပေးလေ့ရှိတယ် ။ ခုဟစ်တိုင်က ယူတင်တဲ့ အခါမှာ ပြီးစလွယ်ကူးတင်လိုက်တော့ လင့်တွေက အလုပ်မလုပ်တော့ဘူး ။ ဒီတော့ ရေးတာရဲ့  တ၀က်တောင်ဖတ်တဲ့ သူက မရနိုင်တော့ဘူး ။ ကျွန်တော်ရေးတဲ့ စာက လင့်တွေနဲ့  တွဲဖတ်မှသာ လိပ်ပါတ်လည် လိုရင်းရောက်မဲ့ စာကို ဖျက်ဆီးရာကျနေတယ် ။ ဒါတွေကြောင့် ကန့် ကွက်ရတာဘဲ

    ReplyDelete
  3. ဟုတ်တယ်။ ကျွန်တော် သွားကြည့်လိုက်တယ်။ အရေးကြီးတဲ့ လင့်ခ်တွေကိုတောင် ပြန်ဖော်ပြမထားဘူး။

    ReplyDelete
  4. ဟစ်တိုင်သည် အားအား ယားယား- ကမြင်းကြော ထနေသည့် အင်တာနက် စာမျက်နှာ မဟုတ်ပါ။
    ဟစ်တိုင်သို့  တင်ပေးရန် ဘာသာရေး စိတ်ဝင်စားသူတဦးမှ တုန့် ပြန်ဖော်ပြပေးပါရန် ပေးပို့ လာသည့်အတွင် တင်ပေးခြင်း ဖြစ်ပါသည်။
    တရားမျှတတ ဆောင်ရွက်ပေးနေသည့် စာမျက်နှာ ဖြစ်ပါသည်။

    လူကြီးမင်း ပေးပို့ လာသည့် ယခု ပေးစာ စာမူကို ဟစ်တိုင်၏ ပေးစာ ကဏ္ဍတွင် တင်ပေးပါဦးမည်။

    ထပ်မံပြီး ပေးပို့ ရန်လည်း ပန် ကြားပါသည်။

    ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတောနိုင်ကြစေရန် ပေးပို့နိုင်ပါသည်။

    မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။



    အမှန်တရား လိုလားသူ လူယဉ်ကျေး စာရေးဆရာများကို အစဉ်လေးစားပါသည်။

    ဟစ်တိုင်တွင် တင်ပြီးခဲ့သော စာရေးဆရာတို့၏ စာများကို ဟစ်တိုင် တည်ရှိသရွေ့ ဖြုတ်ခြင်း၊ ဖျက်ခြင်း၊ ပယ်ချခြင်းမပြုပါ။

    မိမိတို့ အနေဖြင့် ဟစ်တိုင်ဆာဗာ အတွက် နှစ်စဉ်ကြေး ၁၀-နှစ်စာ အခွန်ဆောင်ထားပြီး ဖြစ်ပါသည်။ စာရေးဆရာ တို့၏ အမည်နှင့်ရေးပြီးသမျှတို့ကို ပြန်ခေါ်ကြည့်နိုင်ရန် မိမိတို့ စီစဉ်နေပါသည်။

    စေတနာ ဖြူစင်သည့် စာရေးဆရာများနှင့် စာဖတ်သူ မြန်မာပြည်သားတို့ အကြား ဆက်သွယ်ပေးနေပါသည်။

    ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

    လွတ်လပ်ခြင်း၊ငြိမ်းချမ်းခြင်းနှင့် အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်ချက်ဖြင့်

    ဟစ်တိုင် ၀ိုင်းတော်သားများ
    (ကို့ ဆရာလေး
    ကိုယ့်လူတို့  ၁၀နှစ်ဆောင်တာ မဆောင်တာ ကိုယ်စိတ်မ၀င်စားဘူး
    ခုကိုယ်တောင်းဆိုတာက ရှင်းရှင်းလေး
    ကိုယ်ဆောင်းပါးတပုဒ်ရေးတယ်။ ဓမ္မလောမှာ စီစဉ်တဲ့ သူတွေကို ကိုယ်ယုံကြည်လို့  ပေးတယ် ။
    အဲဒီစာကို ကိုယ့်ဆီက ဖြစ်စေ၊ ဓမ္မလောစီစဉ်သူတွေဆီက ဖြစ်စေ ခွင့်ပြုချက်မယူဘဲ ထပ်ဆင့်ဖေါ်ပြခွင့်မရှိဘူး
    နောက်တချက်က ကိုယ့်စာမှာ လင့်တွေပါတယ် ။ လင့်တွေ မပါဘဲ စာသက်သက်ဆိုလဲ ဘာမှ လိပ်ပါတ်မလည်ဘူး
    ဒါတွေကြောင့် ကိုယ့်စာကို ရေးတဲ့ သူကိုယ်တိုင်က ကိုရင်တို့ ဆိုက်မှာတင်ခွင့်မပေးနိုင်ဘူး ဖြုတ်ပေးလို့ တောင်းဆိုတာ
    ဒီထက်ရှင်းတာတောင် ဒီလောက်မရှင်းဘူး )

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ဒေါက်တာတင့်ဦး သို့ပေးစာ
    မကျက်တကျက် အန္တရာယ်နျင့် ဦးချစ်ငယ်တပည့်ဆိုတဲ့ အမည်နဲ့ www.dhammalaws.org ဆိုတဲ့ ၀က်ဆိုက်ဒ်မှာလည်းဖတ်ရပါတယ်၊ hittaing.net မှာလည်းတွေ့ပါတယ်၊ ကောင်းပါတယ်၊ ရေးတော့လည်းဖတ်ရတာပေါ့၊ ဖတ်တော့လည်း သိရတာပေါ့။ အဲ့ဒါဟစ်တိုင်ဝက်ဆိုဒ်ကတင်တာကို ဘာလို့ဖြုတ်ချခိုင်းရတာလဲ။ ကိုယ်စာကို လူတွေအများကြီးဖတ်လေကောင်းလေမှို့လား။ ဒေါက်တာတင့်ဦးက ပဲပို့ပို့၊ အခြားသူတယောက်ကပဲ ကြားထဲကနေပြီးပို့ပို့ဘာဖြစ်သလဲဗျာ၊ ဖတ်သူများလေ အကျိုးရှိလေပဲမဟုတ်ပါလား။
    ဒေါက်တာတင့်ဦးရဲ့တားမြစ်ချက်ကိုအကြောင်းပြတဲ့ လင့်ခ်တွေနဲ့တွဲမဖတ်ရင်လိုရင်းမရောက်နှိုင်ဘူး၊ တ၀က်လောက်တောင် လိပ်ပတ်မလည်နှိုင်ဘူးလို့လဲဆိုပါတယ်။ ဒါလောက်တောင်ပဲလားဗျာ၊ ချေပဆောင်းပါးရှည်ကြီးတပုဒ်လုံးရေးထားတာတောင် လင့်ခ်တွေနဲ့ တွဲဖက်မှ လိပ်ပတ်လည်မှာတဲ့လား။ ဖတ်ရတဲ့ကျွန်တော်ကတော့ လိပ်ပတ်လည်တယ်လို့ထင်ပါတယ်၊ ရေးတဲ့ကာယကံရှင်အတွက်တော့မသိဘူး။
    ယဉ်ကျေးသော၊ တရားမျှတသော၊ လူသားတွေအကျိုးရှိစေသောဝန်းကျင်ကြီးက အစဉ်အမြဲကြိုဆိုနေမြဲပါ၊ ဆက်ပြီးကြိုးစားကြပါ။
    နေရဗာန်
    ကမ္ဘာ့မြောက်ခြမ်း

    ReplyDelete
  7. အူးချစ်ငယ်က အရိယာကြီးဆိုတော့ ဒေါသကို လုံးဝပယ်သတ်နိုင်ပြီပေါ့ ။အူးချစ်ငယ် အရိယာဖြစ်ပြီ ၀န်ခံတာ ဟာ အမှန်လား ကြွားလုံးထုတ်လိမ်ညာတာလား ။အရိယာအဆင့်လေးဆင့်သူမှာ အနိမ့်ဆုံး သောတာပန်ဖြစ်သူတောင် ရတနာသုံးပါးကို အသက်ပေးကြည်ညိုတယ်တဲ့။ သံဃာတော်တစ်ပါးကို သူတောင်းစားကို မောင်းထုတ်သလို ကြိမ်းမောင်းသူဟာ အရိယာ မပြောနှင့် တရားပြည့်သူသူတော်ကောင်းတစ်ယောက်တောင် ဟုတ်မဟုတ် ကျနော် သံသယရှိပါတယ်။
    အရိယာကြီးဆိုသူ ဦးချစ်ငယ်ရဲ့ ဒေါသတကြီးနဲ့ ဘုန်းကြီးတစ်ပါးကို ဘီလူးဆိုင်းတီးပြီး ကြိမ်းမောင်းထားတဲ့ အသံဖိုင်လေးပါဗျာ။ အသံကတော့ အတော်ရွံရှာစက်ဆုပ်စရာကောင်းပါတယ်ဗျာ။ ဘာသာရေးသမားဆိုသူတွေ အသံတွေထဲမှာ ခုလို ကြားလိုက်ရတာနဲ့ အကုသိုလ်ပွားလောက်အောင် ကျက်သရေတုံး ကြမ်းတမ်းတာ အူးချစ်ငယ် အသံဖိုင် နားထောင်မှ ကြားဖူးတော့တယ်ဗျာ။
    http://www.mediafire.com/?otjmro2y5mj

    ReplyDelete
  8. ဟစ်တိုင်ဝိုင်းတော်သားများခင်ဗျာ
    ဦးချစ်ငယ်နဲ့ ပတ်သက်တဲ့ ပေးစာတွေ ကျနော့အီးမေးလ်မှာထပ်ရထားတယ်။ကျနော် ဆက်ပို့ပေးမယ်။
    ဟစ်တိုင်မှာ တင်ပေးမယ်လို့ မျှော်လင့်ပါတယ်။ယခင်တခေါက်က ကျနော်တဆင့်ပေးပို့တဲ့စာကို ဖော်ပြပေးတာလည်း ကျေးဇူးတင်ပါတယ်။
    အခုဟစ်တိုင်မှာ ဦးချစ်ငယ်နဲ့ပတ်သက်ပြီး အကျယ်အကျယ် မငြိမ်းဖွယ် အသံတွေညံလာတာဟာ ကျနော်ကစခဲ့တာပါ။
    ဟစ်တိုင်ကို ပို့ခဲ့တဲ့ ကျနော့ ဖော်ဝပ်မေးလ်ထဲက စာကနေ စတင်ညံလာတာပါ။ထပ်ရှင်းရရင် ကျနော့်အီးမေးလ်ထဲကိုရောက်လာတဲ့ ဦးချစ်ငယ်နဲ့နေရဗာန်ကိုဝေဖန်ထားတဲ့ ဒေါက်တာတင့်ဦးရဲ့စာကို ကျနော်က ဟစ်တိုင်ကိုတင်ပေးဖို့ပို့ခဲ့ရာက ဟစ်တိုင်မှာ ဖော်ပြပြီးချိန်က စခဲ့တာပါ။အဲဒီစာမတိုင်ခင်ကတည်းက ကျနော့အီးမေးလ်ထဲကို ဟစ်တိုင်မှာဖော်ပြထားတဲ့ ဦးချစ်ငယ်ကို ထောက်ခံတဲ့ နေရဗာန်ရဲ့ဆောင်းပါး၂ပုဒ် ဖော်ဝပ်မေးလ် ရရှိခဲ့လို့ ဖတ်ခဲ့ရပါသေးတယ်။
    သိပ်မကြာခင်ပဲ ဦးချစ်ငယ်နဲ့နေရဗာန်ကို ကန့်ကွက်တဲ့ ဒေါက်တာတင့်ဦးရဲ့ ဓမ္မဥပဒေဘလော့ဂ်မှာတင်ထားတဲ့(မကျက်တကျက်အန္တရာယ်နဲ့ဦးချစ်ငယ်တပည့်)ဆိုတဲ့စာကိုလည်း ဖော်ဝပ်မေးလ်ရလို့ ဖတ်ခဲ့ရပြန်ပါတယ်။ ကျနော်နှစ်ဘက်လုံးက စာတွေကို ထပ်မံ ဖတ်ရှု လေ့လာရပါတော့တယ်။
    ဒီလိုနဲ့ ဟစ်တိုင်မှာသွားဖတ်ကြည့်တော့ ဦးချစ်ငယ်ကို ထောက်ခံတဲ့စာတွေပဲ တွေ့နေရပြီး ပြန်လည်ကန့်ကွက်တဲ့စာ မတွေ့ရတဲ့အတွက် ကျနော် ဟစ်တိုင်အယ်ဒီတာတွေကိုတောင် အထင်လွဲခဲ့တယ်။ဟစ်တိုင်ဟာ ဦးချစ်ငယ်ဘက် ဘက်လိုက်နေတဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့မညီတဲ့ မီဒီယာတခုများလားပေါ့လေ။အဲဒီလို သံသယဖြစ်ခဲ့တယ်။ဒါနဲ့ ကျနော်မကျေမနပ်ဖြစ်ရင်း တခြားဘာသာရေး ဘလော့ဂ်တချို့မှာ ဦးချစ်ငယ်ကို ဝေဖန်ထားတဲ့ဆောင်းပါးတွေကို ကျနော်သွားဖတ်ရပြန်ပါတယ်။
    ဘယ်သူ တရားတယ်။ဘယ်သူ မတရားဘူးဆိုတာကို သတင်းမီဒီယာတခု ၊ဘလော့ဝက်ဘ်ဆိုဒ်တခုက ဆုံးဖြတ်လို့မရပါဘူး။
    ဟစ်တိုင်လို မျှတတဲ့ ဘက်မလိုက်တဲ့ မီဒီယာတခုအနေနဲ့လည်း အမှားအမှန် ဆုံးဖြတ်ပေးလို့မရပါဘူး။ စာဖတ်ပရိသတ်တွေဘက်ကရော ထေရ၀ါဒဗုဒ္ဓသာသနာကို တကယ်လေ့လာလိုက်စားနေသူတွေဘက်ကပါ အခုပြဿနာဖြစ်နေကြတဲ့ ထောက်ခံသူဘက်က စာတွေရယ်၊
    ကန့်ကွက်တဲ့သူတွေဘက်ကစာတွေရယ်ကို တပြိုင်တည်း တနေရာတည်း ဖတ်ကြရပါမှသာ အများပရိသတ်က ဝေဖန်ဆုံးဖြတ်ကြမှာပါ။ဒီလိုရည်ရွယ်ချက်နဲ့ ကျနော်က ပြည်တွင်းပြည်ပက အွန်လိုင်းပရိသတ် အားလုံးကျယ်ကျယ်ပြန့်ပြန့် တနေရာတည်းမှာ ထောက်ခံစာ+ကန့်ကွက်စာတွေကို ဖတ်စေချင်တဲ့အတွက် အများအကျိုးရှိမယ်ထင်လို့ ဒေါက်တာတင့်ဦးရဲ့(မကျက်တကျက်အန္တရာယ်နဲ့ဦးချစ်ငယ်တပည့်)ဆိုတဲ့ ကော်ပီရခဲ့တဲ့စာကို ဟစ်တိုင်ကို ပို့ပေးလိုက်တာပါ။
    (အပြည့်အစုံကို ဟစ်တိုင်ပေးစာမှာဖတ်ပါ။)
    လေးစားလျှက်...
    မောင်အိုးဝေအောင်

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories