June 27, 2011

ခြင်္သေ့ လည်ပြန်

tint | 8:29 AM |

အဓမ္မ၀ါဒီများဖေါ်ထုတ်ဟန့် တားတဲ့  အသင်းလေးရယ်လို့  ဖြစ်လာတော့ အားပေးတဲ့ သူလဲ ရှိသလို ကန့် ကွက်ရှုံ့ ချတဲ့ သူတွေလဲ ရှိပါတယ်။
လောကဓံ တရားထဲ အ၀င်မို့ မဆန်းလို့ ပြောလို့  ရသလို အသင်းအနနဲ့ လဲ မိမိဦးတည်ရာကို လျှော့လိမ့်မယ်လို့ မဟုတ်ပါ ။
ဒါပေမဲ့  ခြင်္သေ့ လည်ပြန်ပေါ့လေ ။ ကန့် ကွက်ကြသူတွေ ဆဲဘာပေးကြသူတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ကြစို့  ။

@အုပ်စု ၁) အသင်းမှ အဓမ္မ၀ါဒီအဖြစ်ဖေါ်ထုတ် ခံရသူများနဲ့  အပေါင်းပါများ @
ဒီပုဂ္ဂိုလ်တွေကိုတော့  အထူးပြောစရာမရှိလို့ ဘဲ ဆိုပရစေ ။
နိုင်ငံတော်သီးခြားခုံရုံး အမှတ် ၂) လူသေလူဖြစ်ဝိနိစ္ဆယဆရာတော်များ မိန့် ကြားခဲ့သလိုပါဘဲ ။
မိမိဘာသာ ယူချင်တဲ့  အယူယူခြင်းသည် ခုံရုံးရောက်ကြောင်းမဟုတ် ။ ဗုဒ္ဓဘာသာလို့  အမည်ခံပြီး ဗုဒ္ဓဟောမြွက်တော်မူသော တရားတော်များနဲ့  ဆန့် ကျင်ဘက် ဟောကြားဖြန့် ဝေနေခြင်းသည်သာ အကြောင်းဖြစ်ပါတယ် ။
ဦးဥက္ကဋ္ဌဘာသာ ၊ ဦးဥာဏဘာသာ လို့ လွတ်လပ်စွာ ထူထောင်ကြပါက မိမိတို့ အနေနဲ့ ပါတ်သက်စရာမရှိပါ ။ ဗုဒ္ဓဘာသာလို့  ပါနေလို့ သာ မိမိတို့  ပါတ်သက်နေရတာပါ ။
ဒီနေရာမှာ တချက် ထောက်ပြလိုတာက မိမိတို့ အနေနဲ့ လဲ အရိယာများနဲ့  ဖွဲ့ စည်းထားတဲ့ အဖွဲ့ မဟုတ်လို့  အမှားလုံးဝကင်းမယ်လို့  မခံယူထားပါ ။ မိမိတို့ ရေးသားခဲ့ တဲ့  ဆောင်းပါ့းများမှာ အမှားပါတယ်ဆိုပါက ဘာကြောင့်မှားတယ်ဆိုတာကို ပါဠိတော် ၊အဋ္ဌာကထာဋီကာအကိုးအထောက်များနဲ့  ဖြေရှင်းနိုင်က မိမိတို့ အနေနဲ့  အမှားကို ၀န်ခံ တောင်းပန်ဘို့ အမြဲ အသင့်ပါ ။ ( ခုချိန်ထိတော့ အဲလိုဖြေရှင်းတာ မတွေ့ ရသေးဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သော ဆဲစာများသာ ၀မ်းနဲစွာတွေ့ နေရပါတယ် ။ )

@အုပ်စု၂) ဒီမိုကရေစိခေတ်ကြီးထဲ မင်းတို့ တွေထေ၇၀ါဒစည်းတွေ ကမ်းတွေ လုပ်မနေပါနဲ့  ။ ဟူမင်းရိုက်ဆိုတာ ငါတို့ ထင်ရာလုပ်ခွင့်ကွတဲ့  ။ @
အင်း ။ ဒီလူစုတွေအတွက်ကတော့ အသင်းနဲ့ ဆိုင်မယ် မထင်ပါဘူး နိုင်ဂံယေးဆြာကြီးတွေသာ သူတို့ လူသူတို့ ရှင်းရမှာပါ ။
ဒိသတင်းတိုလေးသာဖတ်ကြပါတော့ပြောရမလိုပါဘဲ ။
http://www.bbc.co.uk/news/uk-england-london-12159581

@အုပ်စု၃) ကိုယ့်ဆရာတို့ အော်နေတာလဲ အာညောင်းလှရော့မယ် ။ ကိုယ့်ဆရာတို့ အော်လို့  ဘယ်အဓမ္မ၀ါဒီမှ ပလိပ်ဖမ်းတယ်လဲ မကြားမိပါဘူး ။ ဒီတော့ လေကုန်ခံမနေပါနဲ့ @
ဒါကတော့ အသင်းနဲ့  ဥပဒေဆိုင်ရာ အဖွဲ့ အစည်းများကို ခွဲမမြင်တာပါ ။ အသင်းရဲ့ တာဝန်က အယူတခုဟာ ထေရ၀ါဒနဲ့  မကိုက်မညီဘဲ ဗုဒ္ဓဘာသအမည်ခံနေသော အယူများကို ထောက်ပြဘို့ သာဖြစ်ပါတယ် ။ အရေးယူခြင်းမယူခြင်းဟာ တည်ဆဲ ဥပဒေနဲ့  သက်ဆိုင်ရာ အဖွဲ့ အစည်းများနဲ့ သာဆိုင်ပါတယ်

@အုပ်စု၎) ကိုယ့်ဆရာတို့ ထေရ၀ါဒတိပိဋကတွေ နဲ့  ခုကိုးကားနေတဲ့  ဆဋ္ဌမူဟာ ဘယ်လောက်တိကျလို့ လဲ @
ဒါမှာတော့ သံဂါယနာဆိုတဲ့  သဘောကို သိပြီးသူတွေ ဒီအမေးမျိုးမမေးပါ။
တချက်ဘဲထောက်လိုတာက သီရိလင်္ကာ နဲ့  ထိုင်းဆရာတော်များဟာ စတုတ္ထသံဂါယနာ ပါဠိတော်များကို အဓိက သုံးဆဲပါ ။ မြန်မာကတော့ ဆဋ္ဌမူသုံးပါတယ် ။ ဒီမူ ၂ခုကို အင်္ဂလိပ်ပြန်နဲ့ မြန်မာပြန်များ အလွယ်တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ် ။ မိမိကိုယ်တိုင် ၆နှစ်မက အင်္ဂလိပ်မူရော မြန်မာမူပါ သုံးနေခဲ့တာမှာ ကွဲလွဲချက်ကြီးကြီးမားမားမတွေ့ မိပါ ။

@အုပ်စု ၅) ကွာ လူ့ ဘ၀တိုလှတဲ့ ထဲ မင်းတို့ တွေ သူများလိုက်ပြောနေ အချိန်ကုန်ပါတယ် ။ ကိုယ့်ဟာကိုယ်မဂ်ဖိုလ်ရအောင်လုပ်စမ်းပါ @
ဒါမှာ အပေါ်ယံကြည့်ရင်မှန်ပါတယ် ။ တကယ်လဲ အချိန်မရကြပါဘူး ။ ရဟန်းလဲ ရဟန်းကိစ္စ။လူလဲ လူကိစ္စနဲ့ ပါ ။ နောက်တချက်က သူများဝေဘန်မယ်ဆိုတဲ့ အလုပ်က မလွယ်ပါဘူး။ သူရေးတာ ပြောတာကို သဘောပေါက်တဲ့ ထိ အဖန်ဖန်ဖတ်ရနားထောင်ရပါတယ် ။ တခါမှားနေတယ်လို့  ယဆရင် ဘယ်လိုမှားလဲဆိုတာ ပါဠိတော်အဋ္ဌာကထာဋီကာ နဲ့  ရှာပြီးထောက်ရပါတယ်။ အဲလိုစုံပြန်တော့ ချရေးရ တင်ပြရပြပါတယ် ။ တင်ပြပြီးနဲ့ ပြီးသလားဆိုတော့ မဟုတ်ပြန်ပါ ။ မိမိတင်ပြခဲ့ တဲ့ အဆိုကို ထောက်ပြလာခဲ့သော် ပြန်လှန် ရှင်းပြနိုင်ဘို့  ပြင်ထားရပြန်ပါတယ် ။
ဒါဆိုရဘာလို့ လုပ်နေသေးလဲ ။ မေးစရာပါ ။
ရတနာ ၃ပါးဟာ မိမိတို့ ဘ၀မှာကျေးဇူးကြီးလှပါတယ် ။
ထိုကျေးဇူးကြီးလှသော ရတနာ ၃ပါးအ၀င်တရားတော်တွေကို ပြင်ဆင်လာ နောင်လူတွေအထင်မှားအောင်လုပ်လာတဲ့  အခါ ငါနဲ မဆိုင်ပါဘူးလို့  ထိုင်ကြည့်နေမယ်ဆို ရပါတယ်။ ဒါပေမဲ့  မိမိတို့  ဘ၀မှာကျေးဇူးများလှတဲ့  တရားတော်တွေ နှောင်းလူတွေ အကျိုးမခံစားရတော့မဲ့ အနေကို လက်ပိုက်ကြည့်မယ်လို့  တွေးမိတိုင်း အရှင်မဟာကဿပကစလို့  ပျံလွန်တော်မူသွားပြီဖြစ်တဲ့  မြောင်းမြဆရာတော်ဘုရား ဦးဥာနက နဲ့  မကွေးဆရာတော်ဘုရားတို့ ရဲ့  ကျေးဇူးဂုဏ်ကို သတိရလို့  သူတို့ မျက်နှာတော်ထောက်ရမယ်ဆိုတဲ့  အသိက အမြဲဝင်ဝင်လာပါတယ်။ ဒီကိုယ်တော်ကြီးများ သာကြောင့်ကြမဲ့ နေခဲ့သော် ငါတို့ တွေ ဘုရားရှင်နှုတ်ခပါတ်တော်ကို နာနိုင်မယ်မဟုတ်ဆိုတဲ့ အသိလေးကြောင့် သားကျွေးမှုမယားကျွေးမှု ၊ ပညာရေး ၊ လူမှုရေး အလုပ်တွေကြားက ရသမျှရေးဖြစ်ညှစ်ရေးနေခဲ့ တာဖြစ်ပါကြောင်း

10 comments:

  1. ဒီလိုဆိုရင် မဟာယနဗုဒ္ဓဘာသာ ကိုကြတော့ဘာလို့အဓမ္မ၀ါဒလို့မပြောတာလဲ ။သူတိုမှာကိုယ်ပိုင်ကျမ်းစာရှိတယ် ဆိုတဲ့စကားဟာအကြောင်းပြချက်မဟုတ်ဘူး။ သူတို့ရဲ့ကိုယ်ပိုင်ကျမ်းစာဟာ ဘုရားဟောဆိုရင် ထေရ၀ါဒရဲ့ ကျမ်းစာတွေဟာဘုရားဟောဖြစ်နိုင်ပါ့မလား။ ဗုဒ္ဓဘာသာ ဟာ မဟာယနဗုဒ္ဓဘာသာ ထေရ၀ါဒဗုဒ္ဓဘာသာဆိုပြီ ခွဲခြားဟောသွားတာလား။ ပထမသံဂါယနာဟာ ဗုဒ္ဓဘာသာဂိုဏ်းကွဲမရှိသေးတဲ့အတွက် ထေရ၀ါဒဟာလည်း မူလဗုဒ္ဓဘာသာ မဟုတ်ပါ။ ကျမ်းစာရှိယုံနဲ့ ဘုရားဟောမဟုတ်လည်းပဲ ဗုဒ္ဓဘာသာ အမည်ခံခွင့်ရှိပါသလား။ ခေတ်ရဲ့စိန်ခေါ်မှုကို လက်မခံနိုင်တော့တဲ့ ထေရ၀ါဒကို လူတွေလက်မခံတော့ပဲ ခေတ်ရဲ့စိန်ခေါ်မှု အချိန်ကာလရဲ့ တိုက်စားမှုကို ခံနိုင်တဲ့ တရားစံပေတံဂုဏ်တော်၆ ပါးနဲ့ ကိုက်ညီတဲ့ မူလဗုဒ္ဓဘာသာ နဲ့အနီးစပ်ဆုံးတရားတွေကို လူတွေလက်ခံယုံကြည်တာ ဘယ်နေရာမှာမှားပါသလဲ။

    ReplyDelete
  2. အဲလိုလေးလုပ်ပါ ကိုချမ်းငြိမ်းရယ်
    သဘောထားကွဲလွဲတာကို အချက်ကျကျ ပညာရှင်ပီပီပေါ့ ။
    အမေးက ၃ပိုင်းခွဲဖြေရမှာပါ ။
    ၁) မဟာယာနပေါ် သဘောထား
    ၂) ထေရ၀ါဒမှာ ဘုရားဟောမဟုတ်တဲ့  ကျမ်းစာပါလား
    ၃) ဗုဒ္ဓဟောမြွက်တော်မူသော သုတ်၊၀ိနည်း အဘိဓမ္မာထဲမှာ ခေတ်နဲ့  မညီလို့ ဆိုပြီး ပြောင်းစရာပါလား
    အဲလို ၃ချက်ထွက်ပါတယ်
    အဲကနေ တဆက်ထဲ နွယ်လာတာက ဗုဒ္ဓဘာသာဟာ အလွန်လွတ်လပ်ပါတယ် ။ ဒါပေမဲ့ စည်းကမ်းမမဲ့ ဘူးဆိုတဲ့  စကားလေးကို သဘောပေါက်နိုင်ဘို့ လိုပါတယ် ။
    အဲလို အချက်တွေ စုံအောင်တော့ ပို့ စ် တခု တင်မှပါ ။ ဒီရက်တော့ မဖြစ်နိုင်သေးပါ ။
    တရက်လုပ်မှ တရက်စားမို့  ခု ကိစ္စလေးတွေပြေးလိုက်အုံးမယ် ။
    watch this space

    ReplyDelete
  3. အဖွဲ့ ရည်ရွယ်ချက်ကောင်းမွန်ပါသော်လည်း မနာလိုစိတ် ရောပြွန်းမှုများ ကို ဒီထက်လျော့နိုင်ပါမှ အဆင်ပြေပါလိမ့်မည်။ ယနေ့မိုးပြာ ၀ါဒကို အဓမ္မအဖြစ် ဖော်ပြမှုမှလွဲပြီး ကျန် ရဟန်း ရှင် လူ (ဆရာတော် ဓမ္မစေတီဆရာတော်၊ ဆူနာမီဆရာတော်၊ ဆရာကြီးပါရဂူ၊ ဦးချစ်ငယ် ၊ ဦးကျော်ဟိန်း စသည်ဖြင့် ) များကို စွပ်စွဲမှုများမှာ ခိုင်လုံမှုမရှိပါ။ ဗန်းမော်ဆရာတော်ကြီး တာဝန်ယူပြီးနောက်ပိုင်း မတရား စွပ်စွဲတိုင်ကြားမှုများ အမုန်အတိုင်း ဆုံးဖြတ်နိုင်သဖြင့် ယခုအဖွဲ့မှ စွပ်စွဲမှုများသည် အချည်းနှီးဖြစ်ရသည်ဟု မြင်မိပါသည်

    ReplyDelete
  4. မနာလိုစိတ်ရောပြွန်းတယ်လို့ဆိုရအောင် ဒီပုဂ္ဂိုလ်တွေထက် ဟောဒီအဖွဲ့က ဆရာတော်တွေက များစွာသာလွန်ပါတယ်။ "ဘိဝံသ" ဘွဲ့ရထားတဲ့ ကိုယ်တော်တွေတင် မနည်းပါ။ "မနာလိုခြင်း"ဟူသည် ယုတ်နိမ့်တဲ့သူက ကိုယ့်ထက်သာလွန်သူကို ဖြစ်တာမျိုးပါ။ အဆိုပါပုဂ္ဂိုလ်(၅)ဦးဟာ ဘယ်လိုပင်တရားတွေ လျှောက်ဟောဟော လျှောက်ရေးရေး ဒီဆရာတော်တွေကို မမှီပါ။ အခုဒီမှာ ထောက်ပြပြောဆိုတာတွေကို မခိုင်လုံဘူးထင်ရင် လွယ်ပါတယ်။ သံဃာ့နာယကထံတက် ၀ိနစ္ဆယခံကြည့်လိုက်ပါ။ "ရွှေစစ်ရင်မီးမကြောက်ဘူး"တဲ့။ "မိုးကုတ်ဝိနစ္ဆယ" "အောင်ဆန်းတောရ၀ိနစ္ဆယ" တို့လိုပေါ့။ ကိုယ်ကမှန်နေရင် ဘာမှမဖြစ်ပါ။ လောလောဆယ်ကို ဆူနာမီကတော့ အပိတ်ခံလိုက်ရပါပြီ။ ဒါဒီကိုယ်တော်ရဲ့ တရားတွေ ဓမ္မလမ်းကြောင်းအတိုင်းမဟုတ်လို့သာပေါ့။ ဒါလောက်ဆိုရင် ဒီထောက်ပြတာတွေ ခိုင်လုံလားမခိုင်လုံလား တွေးကြည့်နိုင်ပါပြီ။

    ReplyDelete
  5. နောက်ဆုံးစာကြောင်းကိုတော့ သိပ်နားမလည်ပါ။ နားလည်သလောက်ပြောရရင် ဒီမှာထောက်ပြတာတွေ မခိုင်လုံလို့ မတရားစွပ်စွဲလို့ သံဃာနာယက၊ ၀ိနည်းဓိုရ်အဖွဲ့တွေက အရေးမယူသေးတာမဟုတ်။ ယုံကြည်လက်ခံတဲ့သူသိပ်မရှိ၊ သိပ်အန္တရာယ် မရှိတာကြောင့် သံဃာနာယက၊ သာသနာရေးဦးစီးတို့ထိ သေသေချာချာ တက်တိုင်တဲ့သူမရှိသေးလို့ပါ။ တိုင်သူမရှိဘဲ ဒီတိုင်းအရေးယူတာရှားလွန်းပါတယ်။ တော်တော်လေးဆိုးဆိုးရွားရွားမှပါ။ ဒါလောက်ဆိုရင် ဘာလို့ဒီပုဂ္ဂိုလ်တွေ ခုထိပိတ်ပင်မခံရလဲ သဘောပေါက်လောက်ပါပြီ။

    ReplyDelete
  6. ဘာလို့လဲဆိုတော့ အထက်က comment မှာရေးထားတာက ဗန်းမော်ဆရာတော်ကြီးတို့က ဒီဓမ္မစေတီတို့ ဦးချစ်ငယ်တို့ရဲ့တရားတွေကို အမှန်တွေပါလို့ ဆုံးဖြတ်ပြီးသယောင်ယောင်၊ ဒီအဖွဲ့ကဘဲ တက်တိုင်ပြီးမှ မတရားစွပ်စွဲမိလို့ အချည်းနှီးဖြစ်သယောင်ယောင် အဓိပ္ပါယ်ထွက်နေလို့ပါ။

    ReplyDelete
  7. ဦးတင့်ရေ။ ကိုချမ်းငြိမ်းကိုပြောထားတဲ့အတိုင်း post တစ်ခုမြန်မြန်ရေးလိုက်ပါဦး။ ကိုယ့်စားဝတ်နေရေးအတွက် မအားလပ်တာသိပေမယ့် "စခဲ့မိဟာပေါ့။ တစ်နေ့မှာဆုံးရာရောက်ပါလိမ့်" ဆိုသလို၊ ဒီသူတွေကို ကရုဏာရှေ့ထား ဥပေက္ခာမပြုဘဲ ဗုဒ္ဓမြတ်စွာသာသနာအတွက် "နိုင်ရာဝန်ထမ်းကိုယ်စီစွမ်း" စိတ်ရှေ့တင်ကာရေးလိုက်ပါဦးဗျာ။

    ReplyDelete
  8. >>ကို vitoaung ရေ သိပ်ပြီး ရီစရာမပြောပါနဲ့လားဗျာ။
    ....မနာလိုစိတ်ရောပြွန်းတယ်လို့ဆိုရအောင် ဒီပုဂ္ဂိုလ်တွေထက် ဟောဒီအဖွဲ့က ဆရာတော်တွေက များစွာသာလွန်ပါတယ်။ "ဘိဝံသ" ဘွဲ့ရထားတဲ့ ကိုယ်တော်တွေတင် မနည်းပါ။ ... များစွာသာလွန်တယ်ဆိုတာ ဘာကို ဆိုလိုတာပါလဲ။ ကျွန်တော်ကတော့ လူတွေ ကို ဘယ်လောက် ရုပ်ပိုင်း၊ စိတ်ပိုင်း အသိဥာဏ်ပိုင်းဆိုင်ရာ မည်မျှအကျိုးပြုနိုင်ခဲ့သလဲ ဆိုတာနဲ့ပဲ တိုင်းတာပါတယ်။ .....
    "မနာလိုခြင်း"ဟူသည် ယုတ်နိမ့်တဲ့သူက ကိုယ့်ထက်သာလွန်သူကို ဖြစ်တာမျိုးပါ။ အဆိုပါပုဂ္ဂိုလ်(၅)ဦးဟာ ဘယ်လိုပင်တရားတွေ လျှောက်ဟောဟော လျှောက်ရေးရေး ဒီဆရာတော်တွေကို မမှီပါ။ ...ဒီဆိုဒ်မှ စာရေးဆရာများ တကယ်က လောကီ အကျိုးပြု နာမည်ကြီးမှုချင်ပင် အဆိုပါပုဂ္ဂိုလ်(၅)ဦး ထဲမှ တစ်ဦးကိုပင် မမှီကြပါ။

    ReplyDelete
  9. ကိုငြိမ်း
    တကယ်ကျေးဇူးတင်တယ်ဗျာ။
    ကျွန်တော်ခုဖြစ်နေတာက အလုပ်ကလဲ တပါတ် ၆ရက် ။ အလုပ်ထဲမလဲ ပေးထားတဲ့ လူကနဲ တဲ့ အပေါ် ရှိတဲ့ လူနဲ့  ဖြစ်အောင်လုပ်ဆိုတော့ အင်မတန် ခက်နေတဲ့  အချိန်
    တခါ တခြားကိစ္စတွေကလဲ မနဲ ။
    ကိုချမ်းငြိမ်းကိုပြန်ပါမယ်လို့  ကတိကရှိတော့ ရေးနေတဲ့ စာကလဲ တိုပြန်ရင် မပြည့်စုံ ရှည်ပြန်တော့ မဖတ်မှာစိုးနဲ့  ရေးလိုက်ပြင်လိုက် ဖျက်ပစ်လိုက်နဲ့  က တပိုင်း
    အဲကြားထဲ ခု ကိုငြိမ်းရေးတာ ဖတ်ရတာ ကျွန်တော့ အသက်တော်တော်ပြန်ငယ်သွားတယ်
    ငယ်တုန်းက ဘုန်းဘုန်းကျောင်းမှာ ကပ်စားတုန်းက ကျွန်တော်လဲ အဲလိုငြင်းတာဘဲဗျ
    ရွာနား အလှူရှိလို့  ကျောင်းတွေ စုံ ဘုန်းကြီးကျောင်းသားတွေ ဆုံကြပြီဆိုမှဖြင့် သူ့ ကျောင်း ကိုယ့်ကျောင်း သူ့ ဘုန်းကြီး ကိုယ့်ဘုန်းကြိးပြိုင်ကြတာဘဲ။
    အဲ ကလေးကိုးဗျ။ ကိုယ့်ဘုန်းကြီစာတတ်တာ ၊၀ိနည်းလေးစားတာတော့ ဘယ်ပြိုင်တတ်မလဲ ။ ( သိကိုမသိတာ )
    အဲတော့ ဆွမ်းဘယ်လောက်ပေါ ။ သင်္ကန်းဘယ်လောက်ပေါ ၊ကျောငးဘယ်လောက်ကြီး မြို့ က နာမည်ကြီး ဘယ်သူ ကျောင်းလာ ။ နောက်ဆုံးပြိုင်စရာမရှိရင် ကျောင်းအောက်က ကြွက် ဘယ်လောက်ကြီးလဲဆိုတာ ပြိုင်တာကိုး
    ( ဘုန်းကြိးကျောင်းသားဆိုတာ နဲနဲတော့ ကြွားတတ်ရတယ်ဗျ။ :P )

    ReplyDelete
  10. ဦးတင့် နှင့် တကွ ဓမ္မလော အဖွဲ့ သိစေရန်
    http://moemaka.blogspot.com/2011/07/ashin-pyinnyar-nanda-what-is-thanga.html

    စီဘောက်ထဲမှာဆို ဦးဝရ ဖျက်ပစ်မှာစိုးလို့။ ဦးတင့်ကလည်း comment မှာလာရှင်းမှကြိုက်တယ်။

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories