Showing posts with label သီတဂူဆရာတော်. Show all posts
Showing posts with label သီတဂူဆရာတော်. Show all posts

March 11, 2010

အိန္ဒိယပြည်မှာ ဗုဒ္ဓဘာသာ ဘာကြောင့်ကွယ်ခဲ့သလဲ

သျှင်သာမိ - မုံရွာ | 9:41 PM | | Be the first to comment!

အိန္ဒိယပြည်မှာဗုဒ္ဓဘာသာဘာကြောင့်ကွယ်သွားရတာလဲ
ဆိုတာ ဘုန်းကြီးတို့ လေ့လာလို့
ရသလောက် ပြောရရင် အခြေခံအကြောင်း ၃-ခုကို တွေ့ရပါတယ်။

၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု့)

၂။ အတ္တ၀ါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု့)

၃။ သဒ္ဓါတရားနည်းပါးခြင်းတို့ကြောင့် အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်။

အပြည်အစုံအကျယ်ကို သိရှိလိုလျှင်
အနှစ်ကိုးပါးတရားတော် (သီတဂူဆရာတော်) -စာအုပ်ကို ၀ယ်ယူ၍ ဖတ်ရှူကြလေကုန်......


နောက်တခု သာသနာကွယ်ခြင်းရဲ့ အကြောင်းက ဘာလဲဆိုရင် လူတွေရဲ့ နှလုံးသားထဲမှာ
သဒ္ဓါတရား ခေါင်းပါးလာမှု့ပါပဲ။
ဘာသာခြားတွေက သဒ္ဓါတရား ခေါင်းပါးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ။ အရာရာမှာ
ကိုယ့်ဘာသာ ရှေ့တန်းက နေရာရဖို့၊ အသာစီးရဖို့၊ ခေါင်းတစ်လုံးသာဖို့ ဆိုတဲ့ မကောင်းတဲ့
စိတ်တွေ ဖြစ်လာတယ်။ သူများဘာသာက ကိုယ့်ဘာသာထက် သာသွားမှာကို မလိုလားဘူး။

ဗုဒ္ဓဘာသာ အရှိန်အ၀ါ ကောင်းမှာကို မလိုလားဘူး။ ဒီတော့ မနာလိုစိတ်တွေ ပြင်းထန်လာတယ်။
ဒါကြောင့် ဘာသာခြားများက ဗုဒ္ဓသာသနိက အဆောင်အဦ တွေကို ဖျက်ဆီးတယ်။

သမိုင်းမှတ်တမ်းများ ဖတ်ရှူ့လိုလျှင်
http://dhammaanalysis.multiply.com/market/item/8


သတိမူရင် မြူကို မြင်တယ်

နာလန္ဒာ ဗုဒ္ဓတက္ကသိုလ် ကြီးဆိုရင် တချိန်တုံးက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို
မလိုလားတဲ့ ဘာသာခြားတွေက တက္ကသိုလ်ကြီးကို မီးရှို့ပြီး ဖျက်ဆီးတယ်။
သံဃာတွေကို ညှင်းပန်း နှိပ်စက်တယ်။
သတိမူရင် မြူကို မြင်တယ်။ သတိမမူရင်တော့ ဂူကိုတောင် မြင်မှာ မဟုတ်ဘူး ဒီလို မမြင်ခဲ့ကြလို့
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဘာသာခြားအဆောက်အဦးတွေ မင်းမူနေတာကို
တွေ့ရတယ်။

ပြီးတော့ ရှိသေးတယ်။ ဗောဓိပင်ကြီးနဲ့ မဟာဗောဓိစေတီတော်ကြီးကို `မဟန့်´ ဆိုတဲ့
ဟိန္ဒူဘုန်းကြီးက အင်မတန်ကြီးမားတဲ့ အဆောက်အဦတွေကို မကြည့်နိုင်တဲ့ အတွက်ကြောင့်
`ဒါတွေပျောက်အောင် ငါလုပ်လေမှပဲ´ ဆိုပြီး လုပ်လိုက်တာ ပျောက်လုမတတ် ဖြစ်သွားတယ်။

ဗောဓိပင်သမိုင်းမှတ်တမ်း ဖတ်ရှူ့လိုလျှင်
http://dhammaanalysis.multiply.com/journal/item/8


မင်းတုန်းမင်းကြီးရဲ့ ဇရပ်ကို ဖျက်ပြီးတော့ သူ့ကျောင်းဆောက်ထားတာကို ကြည့်ပါ။
ဗောဓိစေတီကြီးထဲမှာ သူတို့ရဲ့ ရုပ်ပုံတွေကို သွင်းထားတာကိုလည်း ကြည့်ပါဦး။
ဘယ်လောက်ထိ ရက်စက်သလဲဆိုတာ ထင်ရှားလှပါတယ်။

အဲဒါ အချိန်မီ ထိန်းသိမ်းထားနိုင်လို့သာ။ မထိန်းသိမ်းနိုင်ရင် ဒီနေရာ ဗုဒ္ဓစေတီ လို့ မပြောဘဲနဲ့
ဟိန္ဒူတို့ရဲ့ ဘုရားကျောင်းကြီး ဖြစ်မှာ။ ဘာသာခြားတို့ရဲ့ ဖျက်ဆီးခြင်းဟာလည်း သာသနာ
ကွယ်ခြင်းရဲ့ အကြောင်းတခုပါပဲ။ အဲဒါ သဒ္ဓါတရား ခေါင်းပါးလာလို့ပါပဲ။

မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်

ဒါကြောင့် သာသနာကို ချစ်မြတ်နိုးကြတဲ့ သူများဟာ ကိုယ့်ဘာသာကို နှောင့်ယှက်တဲ့သူများကို
ခုခံကာကွယ်ဖို့ လိုပါတယ်။ အလျှော့ပေးလို့ မဖြစ်ဘူး။
အလျှော့ပေးရင် ကန်းတက်ပြီး ပိုပြီးတော့ စော်ကားလာလိမ့်မယ်။
ရခိုင်ပြည်နယ်က ဘင်္ဂလားနယ်စပ်ဒေသမှာ ဆိုရင် ဘာသာခြား အဆောက်အဦးတွေကို
မြောက်မြားစွာ တွေ့ရတယ်။ မြန်မာလူမျိုးဆိုတာ အတော်ကို ရှာကြည့်ရတယ်။

မြန်မာနိုင်ငံဖြစ်ပြီးတော့ မြန်မာလူမျိုးပျောက်နေတာဟာ နိုင်ငံနှင့်သာသနာအတွက်
အန္တရာယ် သိပ်များတယ်။
မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်´ တဲ့ သတိ ၀ိရိယ ရှိဖို့ လိုပါတယ်။

ကိုယ့်အမျိုး ဘာသာ သာသနာကို ကာကွယ်ပိုင်ခွင့် ရှိတယ်။ အခြားသော ဘာသာများကို
သတိထားရမယ်။ ` သူတို့ ဘာလုပ်နေကြသလဲ´ ဆိုတာကို မျက်ခြေမပြတ် ကြည့်ဖို့
လိုပါတယ်။
`ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်ပါ´

အနှစ်ကိုးပါးတရားတော် (သီတဂူ ဆရာတော်)

Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories