Showing posts with label အဓမ္မ၀ါဒမိုးပြာ. Show all posts
Showing posts with label အဓမ္မ၀ါဒမိုးပြာ. Show all posts

February 22, 2010

ဥုံ-အမှန်တရား (၀ရဇိန်-ပျဉ်းမနား)

Dr Phyo Wai Kyaw | 7:59 AM | | | | 3 Comments so far
ကျော်မြသန်းတို့က ဘိုးတော်ကင်းတို့ ဘိုးတော်ဂျိုကာတို့လို၊ ယုံလွယ်အထိနာတို့လို စာအုပ်မျိုး ရေးခဲ့တယ်။ ဒါပေမဲ့ မျက်မှောက် မြန်မာပြည်မှာ ဘိုးတော်တွေ ပပျောက်မသွားသေးဘူး။ အကြောင်းကတော့ စာဖတ်နည်းကြလို့ပဲ။ စာဖတ်နည်းတာဟာ ယုံလွယ်ခြင်းရဲ့ တစ်ခုသော အကြောင်းဖြစ်တယ်။ လူတချို့က ဘာသာရေးသမားတွေဟာ မလိမ်တတ်ဘူး၊ မညာတတ်ဘူး ဒီလို ထင်နေကြတာ ရှိတယ်။ အမြဲပဲ ရိုးသား ဖြောင့်မတ်လိမ့်မယ်လို့ ဒီလိုလည်း ထင်ကြတယ်။ ဒီအထင်အမြင်ကြောင့် သူတို့ယုံကြည်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မယုံထိုက်သူတွေပါ လို့ ရှင်းပြရင် အကြောက်အကန် ငြင်းဆန်ပြီး မရတဲ့တစ်နေ့ ရှင်းပြသူတွေကို ရန်ပြုကြတယ်။

အမှန်ကတော့ သာမန်လူတွေထဲမှာလိုပဲ ဘာသာရေးသမားတွေထဲမှာ လူညာတွေရှိတယ်။ ဒါကိုသတိထားကြရမယ်။ တချို့က ဒီလိုသတိထားတာ မရှိဘူး။ ဘာသာရေး တရားပြသူက "တရားစစ်မယ်၊ အ၀တ်အစားတွေ ချွတ်" လို့ အမိန့်ပေးရင်လည်း ယုံယုံကြည်ကြည် ချွတ်တာပဲ။ နောက်တော့ အမှုအခင်းတွေ ဖြစ်ကြတယ်။ မခံမရပ်နိုင် အော်ဟစ်ကြတယ်။

တကယ်က အဆန်းထွင်လာတဲ့ ဘာသာရေး ဟောပြောမှုတွေထဲမှာ မဖြောင့်မတ်တဲ့ သဘောတွေ ပါတယ်။ ဥပမာအားဖြင့် ပစ္စုပ္ပန်ကမ္မ၀ါဒလို ဘာသာမျိုးဟာ အတွေးအခေါ် ဒဿနနယ်ပယ်ထဲကို ရိုးရိုးသားသား အဆင့်အတန်းရှိရှိ တိုးဝင်လို့မရလို့ ဗုဒ္ဓဘာသာရဲ့ ဂုဏ်အရှိန်အ၀ါ နာမည်ကို အလွဲသုံးစားလုပ်လိုက်တဲ့ အတွေးအခေါ်ဝါဒ တစ်ရပ်သာ ဖြစ်တယ်။ ဒီကိစ္စက ရှင်းရှင်းလင်းလင်း သိသာနေလို့ ထားတော့။

တချို့ မသိမသာ လှုပ်ရှားတာတွေကျတော့ ပိုခက်သွားတယ်။ တချို့ ဘာသာရေး လှုပ်ရှားသူတွေဟာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ လက်အောက်ကနေ သူတို့ရဲ့ တပည့်တွေကို ပဉ္စမံတပ်သားစုနည်းမျိုး နဲ့စုစည်းနေကြတယ်။ ဒီလိုတပည့်စုတဲ့ ဟောပြောမှုမျိုးဟာ မဖြောင့်မတ်မှု သက်သက်ပဲ။ ဘာသာတရားရဲ့ ကောင်းကျိုးရစေလိုတဲ့ စေတနာနဲ့ ဟောပြောတာမဟုတ်ဘဲ ကိုယ်ပိုင် တပည့်စုခြင်းဟာ ဘယ်လိုနည်းနဲ့မှ ဓမ္မမဖြစ်နိုင်ဘူး။ အဓမ္မသာ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထေရ်ကြီးဝါကြီးတွေရဲ့ ဆုံးမချက်တွေကို ဘယ်တော့မှ နာယူလေ့ မရှိဘူး။ ဒီလို မနာယူတတ်သူဟာ ဘယ်လိုလုပ်ပြီး လူကောင်းတစ်ယောက် ဖြစ်နိုင်မလဲ။ လူဆိုးတစ်ယောက်ပဲ ဖြစ်ဖို့ရှိတာ ထင်ရှားတယ်။ ဘုရားဟော တရားတွေနဲ့ မတူညီတဲ့ ဟာတွေကို ဘုရားဟော တရားတွေအနေနဲ့ ဟောပြောနေကြတယ်။

တချို့ကလည်း ဒီဘာသာရေး အတုအယောင် သမားတွေက ပေးနိုင်သလောက် ဟောပြော ပေးကမ်းနေတာကို အသာအယာ လက်ခံထားမယ်လို့ ယူဆကြတယ်။ ရောင်းသူဝယ်သူ ကျေနပ်ရင် အလုပ်ဖြစ်တာပဲ ဒီလိုပြောနေကြတယ်။ ဒါဟာ အမြော်အမြင် မကြီးတာပဲ။ ဘာသာရေး အတုအယောင် သမားတွေဟာ ရှေ့လျှောက်မှာ ပိုဆိုးတဲ့ လုပ်ရပ်တွေ လုပ်ဖို့ ရှိတယ်။ ဘာသာရေး ယုံကြည်မှုကို အသုံးချပြီး စီးပွားရေးတွေ နိုင်ငံရေးတွေလည်း လုပ်ကြမှာပဲ။ ဒီ့ထက် ပိုဆိုးတာတွေလည်း လုပ်ဖို့ရှိတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်တွေကို လျှော့တွက်နေကြတာဟာ လုံးလုံးမှားတယ်။ သူတို့လုပ်ရပ်တွေက လူသားတွေကို မထိခိုက်တောင် မူလဘာသာတွေက အယူအဆ ကျမ်းဂန်တွေ မှေးမှိန်သွားဖို့ ရှိတယ်။

ဒီစကားကို ပိုထင်ရှားရဖို့အတွက် ၁၉၉၅မှာ ဖြစ်ပွားခဲ့တဲ့ ဆာရင်ဓာတ်ငွေ့နဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဥုံရှင်ရီကျိုဂိုဏ်း (Aum Shinrikyo) (ဥုံ-သစ္စာတရားဂိုဏ်း) ကို တည်ထောင်သူ ဂုရုကြီး အာဆာဟာရ ရှိုကိုအကြောင်း ကို ပြန်လေ့လာကြည့်ကြရမယ်။

၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက်နေ့ မနက်ပိုင်း။ ဥုံရှင်ရီကျို ဂိုဏ်းသားတွေက တိုကျိုမြို့မှာရှိတဲ့ မြေအောက် မီးရထားလိုင်းထဲကို ဆာရင်( Sarin) အဆိပ်ငွေ့တွေ လွှတ်ပြီး လူထုကို တိုက်ခိုက်တယ်။ ဒီတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးတယ်။ ၅၄ ယောက် ဒဏ်ရာရတယ်။ လူ ၉၈၀ လည်း အတော်အသင့် ဒဏ်ရာရကုန်တယ်။ အချို့က လူငါးထောင်ထက် မနည်း ထိခိုက် ကုန်ကြတယ်လို့ ပြောကြတယ်။

နောက်တစ်ပါတ်အတွင်းမှာ ဖူဂျီရာမတောင်ခြေက ကာမိကူရှီကီ ရပ်ကွက်ဥုံဂိုဏ်းပိုင် အဆောက်အအုံမှာ ရဲတွေက စစ်လက်နက် ပစ္စည်းတွေနဲ့ ဇီဝပိုးမွှားလက်နက် တွေကို ရှာတွေ့တယ်။ ရုရှားလုပ် MIL Mi-17 ဟယ်လီကော်ပတာ တစ်စင်းကိုတွေ့တယ်။ မကြာပါဘူး.. မတ်လ ၃၀ မှာ ရဲတပ်ဖွဲ့ (National Police Agency) အကြီးအကဲ တာကာဂျီ ကူနီမတ်ဆု ဟာ တိုကျိုနားက သူ့အိမ်အနီးမှာ လေးကြိမ်တိုင်တိုင် သေနတ်နဲ့ အပစ်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ ဒါကို ဥုံ ဘာသာဝင်တွေလုပ်တာလို့ သံသယရှိကြတယ်။ ဂိုဏ်းခေါင်းဆောင် အာဆာဟာရက အဖမ်းမခံရအောင် ရှောင်တိမ်းနေရင်းကပဲ အူကြောင်ကြောင် ခြိမ်းခြောက်မှုတွေ လုပ်တယ်။ မေလငါးရက်နေ့မှာ တိုကျိုက ရှင်ဂျူကူဘူတာမှာ လူ၂၀၀၀၀ ကျော်သတ်နိုင်တဲ့ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်အဆိပ်တွေကို ဖမ်းဆီးရမိတယ်။ ဂုရုကြီးကို မေ ၁၆ ရက်မှာမိတယ်။ သူ့တပည့် ဆယ်ယောက်လောက်ကိုလည်း ဖမ်းမိတယ်။ အဲဒီနေ့မှာပဲ တိုကျိုမြို့ရဲ့ အစိုးရ ရုံးဆီကို ဥုံဂိုဏ်းသားတစ်ဦးက ပါဆယ်ဗုံးတစ်လုံး လက်ဆောင် ပေးပို့လိုက်တယ်။ ကံကောင်းချင်တော့ အတွင်းရေးမှူး တစ်ယောက်ပဲ လက်ပြတ်သွားရုံနဲ့ ကိစ္စပြီးသွားတယ်။ ဂုရုကြီးကို လူသတ်မှု ၂၇ မှုနဲ့ အခြားပြစ်မှုတွေနဲ့ စွဲချက်တင်ပြီး သေဒဏ်ချခံရတယ်။ ဒါပေမဲ့ ဘာလို့ ဒီလိုတွေ လုပ်သလဲဆိုတာ ဘယ်သူမှခုထိ မရှင်းပြတတ်သေးဘူး။

ဒီလိုလူတစ်ယောက်ရဲ့ ဘ၀အခြေအနေကို အများက လေးစားကြရတဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်သူ ရှိုကိုအီဂါဝါ (Shoko Egawa )က ၁၉၉၁ ခုနှစ်မှာတည်းက ဖွင့်ချထားပြီးသား ဖြစ်တယ်။ ဒါကို ကိုးကားပြီး နောက်ပိုင်းမှာ တိုင်းမ်မဂ္ဂဇင်းက သတင်းဆောင်းပါး တစ်ခု ဖော်ပြတယ်။ (တကယ်တော့ ရေးကြတာတွေက အများကြီးပါ) အဲဒီ အချက်အလက်တွေအရ အာဆာဟာရ အကြောင်းကို ပိုပိုပြီး သိလာရတယ်။ အာဆာဟာရကို ကျူရှူးကျွန်းမှာ ၁၉၅၅ မှာမွေးတယ်။ မွေးကင်းစတုန်းက မျက်လုံးတစ်လုံး မမြင်ရဘူး။ ကျန်တဲ့တစ်လုံးကတော့ နည်းနည်း မြင်ရတယ်။ ဒါကြောင့် အသက်ခြောက်နှစ်မှာ အာဆာဟာရဟာ မျက်မမြင်ကျောင်းမှာ ကျောင်းတက်ရတယ်။ ဘွဲ့ရပြီးတဲ့နောက် အပ်စိုက်ကုတစ်ယောက်အနေနဲ့ ကူမာမိုတိုမှာ အသက်မွေးတယ်။ နောက်တော့ တိုကျိုမြို့ကို ပြောင်းသွားတယ်။ နောက်ဆုံးတော့ ဖူနာဘာရှီမှာ အိမ်ခန်းငှားပြီး နေတယ်။ ၁၉၇၈ မှာ ကောလိပ်ကျောင်းသူ တစ်ယောက်နဲ့ လက်ထပ်ပြီး တရုတ်တိုင်းရင်းဆေးတွေ ဖော်စပ်ရောင်းချတယ်။ ၁၉၈၂ မှာ ဆေးဝါးအတုတွေ ရောင်းချမှုနဲ့ အဖမ်းခံရတယ်။ အဲဒီဖြစ်ရပ်က သူ့ဘ၀အလှည့်အပြောင်းကို ဖြစ်စေတော့တယ်။ သူပြန်လွတ် လာတော့ ဆေးဖော်ရောင်းဖို့ မဖြစ်နိုင်တော့တာ တွေ့ရတယ်။ မူလနေရာမှာလည်း ဆက်နေလို့ မဖြစ်တော့လို့ နယ်သစ်ပယ်သစ်နဲ့ အလုပ်အကိုင်သစ်ကို ရှာဖွေဖို့ တမြို့တရွာကို ထွက်လာခဲ့တယ်။

၁၉၈၄ မှာ အနာဂတ်ရဲ့ တမန်တော်လောင်းလျာကြီးဟာ စီးပွားရေးအကွက်အကွင်း တစ်ရပ်ကို မြင်တယ်။ အဲဒါကတော့ အောင်မြင်တဲ့ ယောဂသင်တန်းကျောင်း ဖွင့်လိုက်ခြင်းပါပဲ။ သူ့တပည့်ဟောင်း တစ်ယောက်ကတော့ ပြောတယ်။ "ကျုပ်တို့ဟာ အာဆာဟာရရဲ့ တပည့်တွေ မဟုတ်ပါဘူးဗျာ။ အဖွဲ့ဝင်တွေသာ ဖြစ်ပါတယ်" ဒီလိုဆိုတယ်။ ဂုရုတွေပေါ်ပေါက်ဖို့ အချိန်ကာလက ရင့်မှည့်လာပြီ ဆိုရမယ်။ ၁၉၇၀နဲ့ ၈၀ အတွင်းက ကဆုန်ဆိုင်းပြေးနေတဲ့ ဂျပန်နိုင်ငံရဲ့ အံ့စဖွယ် စီးပွားရေးက ဂျပန်လူမျိုးတွေကို ရုပ်ဝတ္ထုတွေအပေါ် ငြီးငွေ့မှုတွေ ဖြစ်စေတယ်။ ဒီမှာတင် အာဆာဟာရရဲ့ "ဘာသာသစ်"ဟာ ၀ုန်းကနဲ ဒိုင်းကနဲ ပေါ်ပေါက်လာတယ်။ ဘာသာသစ်က ရုပ်ဝတ္ထုတွေအပေါ် ငြီးငွေ့မှုတွေကနေ စိတ်သက်သာရာ ရစေမယ်လို့ ကမ်းလှမ်းတယ်။ ဘာသာသစ်ရှင်ရဲ့ ဥပဓိရုပ်ကလည်း ကြည်ညိုစဖွယ် ရှိတယ်။ ရေငတ်သူတွေ ရေတွင်းထဲ ကျသလို ဖြစ်ကြရတာပေါ့။ အချို့ကတော့ ဒီတရားမှ ဒီတရား ဒီလိုဖြစ်ကုန်ကြတယ်။

ဟိမ၀န္တာက အပြန်မှာ အာဆာဟာရက သူ့ကိုယ်သူ အမှန်တရားကို ထိုးထွင်းသိမြင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ဖြစ်တယ်(မဟာယာနကျမ်းလာ ရုတ်တရက်ဥာဏ် အလင်းရမှု- ဂျပန်လို ဆတောရီရပြီ) လို့ ကြေငြာတယ်။ ဈာန်ပျံလို့လည်း ရတယ်လို့ ဆိုတယ်။ သူသိတဲ့ အသိဥာဏ်တွေကို ဟောပြောပြမယ် လို့ ကြေညာမောင်းခတ်တယ်။

၁၉၈၇ မှာ အာဆာဟာရက ဥုံမဖောက်မပြန်မှန်ကန်တဲ့သစ္စာတရား (ဥုံရှင်ရီကျို) ကို တည်ထောင်တယ်။ မကြာမီပဲ သူ့ကိုယ်သူ ယနေ့ခေတ် ခရစ်တော်အသစ်၊ ရာစုနှစ်ရဲ့ တမန်တော်လို့ ကြေညာတယ်။ သူ့အသင်းသားတွေဟာ ဂျပန်မှာ တော်တော်မြန်မြန်ကို ပျံ့နှံ့ကုန်တယ်။ မကြာမီ ယူအက်စ်နဲ့ ဂျာမနီကိုပါ ပြန့်နှံ့တယ်။ သေချာတာပေါ့။ ရုရှားလည်း ပါတယ်။ အာဆာဟာရဟာ ရုရှားနိုင်ငံ မော်စကိုမြို့ အားကစားရုံတစ်ခုမှာ လူပေါင်း တစ်သောင်းငါးထောင်ရဲ့ ရှေ့မှာ တရားဟောဖူးတဲ့ သူတစ်ယောက် ဖြစ်တယ်။

သူ့ဘာသာဟာ အခြေခံအားဖြင့်တော့ ဗုဒ္ဓဘာသာပါပဲ ဒါကို ခေတ်နဲ့လျော်ညီအောင် ခရစ်ယာန်ဘာသာတို့၊ တရားထိုင်နည်းတို့၊ ယောဂတို့နဲ့ မွမ်းမံ ပြင်ဆင်ထားတာပေါ့။ ဂုရုကြီးရဲ့ တရားတွေမှာ ကမ္ဘာပျက်မယ် ဆိုတာလည်း ပါတယ်။ သူက ၁၉၉၇ နဲ့ ၂၀၀၀ ကြားမှာ ကမ္ဘာပျက်မယ်လို့ ဆိုတယ်။ သူဟာ တပည့်တွေရဲ့ အထက်မှာ ထိုင်တယ်။ သူ့ကို ရှိခိုးရတယ်။ ခြေမကို နမ်းရတယ်။ ဒီလိုအရှိန်အ၀ါတွေနဲ့ အာဆာဟာရဟာ သူ့ပွဲဦးထွက် ခြေလှမ်းတွေကို ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့ပြီး သူ့နောက်ပိုင်း လုပ်ရပ်တွေကို မခန့်မှန်းသာအောင် ဖုံးကွယ်ထားနိုင်ခဲ့တယ်။ နောက်ဆုံးတော့ သူအမှားတွေ လုပ်တယ်။ ဒါအတွက် သေဒဏ် ပေးခံရတယ်။ ဒါနဲ့ပဲ ဇာတ်သိမ်းသွားပြီလား ဆိုတော့ လောလောဆယ် ဒီလိုပဲ ပြောရတော့မှာပဲ။ သူတည်ထောင်ခဲ့တဲ့ ဘာသာကတော့ သုံးနှစ်လောက် စောင့်ကြပ်ထိန်းသိမ်းမှုခံခဲ့ရပြီး အခုတော့ အမည်တမျိုးနဲ့ ဆက်လက် ရှင်သန်နေတယ်။

၁၉၉၅ မတိုင်မီက အာဆာဟာရ စည်းရုံးခဲ့တာလေး တစ်ခု ကြားဖူးတယ်။ "သင်တို့ထိုင်နေတဲ့နေရာကို ညူကလီးယားဗုံးပဲ ပြုတ်ကျလာပါစေဦး၊ သင်တို့အလွယ်တကူ ခုခံလို့ရတယ် အရည်ကြည် တံတိုင်းတစ်ခုကို ကာထားလိုက်ရုံပဲ။ ဒါတွေက စိတ်တန်ခိုးရှိရင် တကယ်လုပ်လို့ ဖြစ်ပါတယ် " ဒီလိုကို ပြောခဲ့တာ။ ဒီလိုတောရမ်းမယ်ဖွဲ့ ဟောပြောနေတာကိုလည်း လူတွေက တကယ်ယုံကြည်ကြတာပဲ။ ဂျပန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ဘာသာပေါင်း ၁၈၃၀၀၀ ရှိတယ်။ ဘာကြောင့် ဘာသာတွေ ဒီလောက်များနေရသလဲ ဆိုတာကို လေ့လာရေးသားရရင် ဒုတိယမ္ပိ ဆောင်းပါးတစ်ပုဒ် ထွက်လာမယ်။ မြန်မာပြည်အနေနဲ့ အဲဒီလောက် ဘာသာအသစ်တွေ များများ မလိုဘူး။ ဒါ့ထက် အရေးကြီးတာက ထေရ၀ါဒဗုဒ္ဓဘာသာကို ကချော်ကချွတ် ဟောပြောတာတွေ လုပ်နေတာကို ဗုဒ္ဓဘာသာဝင်တွေက လက်ခံလို့ မဖြစ်ဘူး။ တုံ့ပြန် ရှင်းလင်းသင့်တာကို ဖြေကြားရှင်းလင်းကြဖို့ ဗုဒ္ဓဘုရားက မိန့်မှာကြားထားတာ ရှိတယ်။ ဒီမိန့်မှာကြားချက်ကို လိုက်နာသော အားဖြင့် မဟုတ်မမှန် ဟောပြော နေကြတာတွေကို အစွမ်းကုန် တားဆီးကြရမှာ ဖြစ်တယ်။

ဒါပေမဲ့ မဟုတ်တာတွေကို ရှင်းဖို့ဆိုတာ ဝေဖန်သဘောတရားရေး တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ အာဏာစက်နဲ့ အမြော်အမြင်က ကောင်းကောင်း လိုတယ်။ ဒါတွေကိုလည်း အသုံးပြုရမယ်။ တခါ အာဏာစက် ကောင်းကောင်း လိုအပ်တာ မှန်ပေမဲ့ မမှန်ကန်တဲ့ တရားအမှိုက် တွေကို ရှင်းလင်းဖို့ အခရာအကျဆုံးဟာ ဝေဖန်ရေးနဲ့ သဘောတရားတွေပဲ ဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက် ကြရမယ်။ မှန်ကန်တဲ့ ဝေဖန်ရေး လုပ်နိုင်ရင် အာဏာစက်ဟာ နောက်က ကပ်လျက် ပါလာမှာပဲ။ ဒီလို အာဏာစက်ကို သုံးရင် မုန်းတဲ့သူတွေ ပေါ်လာမှာပဲ။ ဝေဖန်ရေးတွေ လုပ်ရပြီဆိုရင်လည်း အဝေဖန်ခံရတဲ့ အဖွဲ့တွေက လတ်တလော အနေအားဖြင့် မနှစ်မြို့တာတွေ ပြလာကြလိမ့်မယ်။ ဒါပေမဲ့ ဒါတွေကို ငဲ့နေလို့ မဖြစ်ဘူး။ လုပ်သင့် လုပ်ထိုက်တာကို လုပ်ကြရမှာပဲ။ ဒီလိုနဲ့ နှစ်ပေါင်း တော်တော်ကြာလာရင် မနှစ်မြို့တဲ့ သူတွေဟာလည်း နှစ်မြို့တတ် နားလည်တတ် လာမှာပဲ ဖြစ်တယ်။ အခု ကျော်မြသန်းတို့ကို ကျုပ်တို့ ကျေးဇူးတင်သလို ဝေဖန်သူတွေ ၀ိနိစ္ဆယပြုသူတွေကို ကျေးဇူးတင်လာကြလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်... အမှန်တရားကို အမှန်တရားလို့ ရိုးရိုးပြောရင် ကိစ္စမရှိဘူး။ အမှန်တရားရှေ့မှာ ကွန့်ညွန့်ပြီး ဥုံအမှန်တရားလို့ ဟောပြောပြီဆိုတာနဲ့ သံသယ ထားကြရလိမ့်မယ်။ ဆန်းပြားတဲ့တရားဟာ လိမ်ညာမှု ဖြစ်နိုင်သလို ရာဇ၀တ်မှု တစ်ရပ်လည်း ဖြစ်နိုင်တယ်ဆိုတာ အားလုံး ဗဟုသုတရှိကြပြီး ဖြစ်သကိုး။




(၀ရဇိန်-ပျဉ်းမနား)

Ref:
http://en.wikipedia.org/wiki/Shoko_Asahara
http://en.wikipedia.org/wiki/Aum_Shinrikyo
http://www.time.com/time/magazine/article/0,9171,982749,00.html





Reblog this post [with Zemanta]
Read more ...

January 21, 2010

မိုးပြာဂိုဏ်းနှင့် သာသနာ့အန္တရာယ်

သျှင်သာမိ - မုံရွာ | 6:32 AM | 2 Comments so far
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံသားများစွာတို့၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြွေယူတိုက်စားသွားခဲ့ကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ အကယ်၍ ၎င်းအန္တရာယ်ဆိုးကြီးကို အချိန်မီကြိုတင်သိရှိကာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေနိုင်မည်ဆိုပါက လူပေါင်းများစွာတို့ အသက်ဘေးမှ ကင်းဝေးနိုင်ကြမည်မှာ အမှန်ပင်ဖြစ်သည်။
ယခုအခါတွင်လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအတွင်းသို့ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဟု နာမည်ပေးထားသည့် မိုးပြာရောင် သာသနာဖျက်မုန်တိုင်းကြီးသည် မင်းကွန်း၊ မန္တလေးနှင့် စစ်ကိုင်းတို့၌ အခြေတည်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၍ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးပစ်မည့် မုန်တိုင်းအသွင်ပြောင်းကာ တဖြည်းဖြည်းအင်အားကြီးထွားလာပြီးလျှင် မြန်မာနိုင်ငံတစ်ဝန်းလုံး သာမက ကမ္ဘာ့ဗုဒ္ဓသာသနာရပ်ဝန်းကြီး တစ်ခုလုံးဆီသို့ တိုက်ခတ်ရန် ဦးတည်လျှက်ရှိနေပါသည်။

သဘာဝမုန်တိုင်း ဘေးအန္တရာယ်သည် မိမိ၏ အသက်တစ်ခု၊ ဘ၀တစ်ခုမျှကိုသာ ဒုက္ခပေးနိုင်သော်ငြားလည်း ထို မိစ္ဆာဒိဋ္ဌိ မုန်တိုင်းကြီးကမူ သံသရာတစ်လျှောက်လုံး ဒုက္ခပေး၍ အပါယ်ဘေးသို့တိုင်အောင်နစ်စေနိုင်ပါသည်။ သို့ပါ၍ထေရ၀ါဒဗုဒ္ဓဘာသာဝင်သူတော်စင်၊သူတော်ကောင်းလောင်းလျာတို့အတွက်
ဤသာသနာဖျက်မုန်တိုင်းကြီး၏ဘေးမှ ဝေးစွာရှောင်ရှား၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်စေသောငှာ ထိုဂိုဏ်းကြီး၏ဟောပြောချက်၊ ၀ါဒဖြန့်ချိချက်များကို အကျဉ်းချုပ်၍ တင်ပြလိုက်ရပါသည်။

ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းချုပ်
ဓမ္မ၀ိဟာရီ ဦးဥာဏ၏ ကိုယ်ရေးအကျဉ်း


အမည် - ဓမ္မ၀ိဟာရီ ဦးဥာဏ
အသက် - ၇၂ နှစ်
နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် - ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀
ကိုးကွယ်သည့်ဘာသာ - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ
အလုပ်အကိုင် - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ ဆည်းကပ်လေ့လာကြသူများအား ဆုံးမသြ၀ါဒပေးခြင်း။
နေရပ်လိပ်စာ - (၁) အမှတ် ၂၀၊ မိုးပြာခြံ၊ သစ္စာပန်းလမ်း၊ မြဥယျာဉ်၊ (ဌ} ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တိုင်းနှင့်
(၂) အနုပါဒါယဉ်ကျေးမှုတရားဌာန၊ မိုးပြာခြံ၊ ရန်ကင်းတောင်ခြေ၊ ကျီကုန်းစု၊ ပုသိမ်ကြီးမြို့၊ မန္တလေးတိုင်း။
မိဘအမည် - ဦးမြဒင် + ဒေါ်လှထွန်း
မွေးသက္ကရာဇ် - ၁၃၀၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။
မွေးရာဇာတိ - ဂေါင်းကွဲကျေးရွာ၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။
လူမျိုး - မြန်မာ
အရပ် - ၅ ပေ၊ ၅ လက်မ
ထင်ရှားသည့်အမှတ်အသား - ညာဘက်နှုတ်ခမ်းအထက်မှဲ့ရှိ။
ပညာသင်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း။
ကိုရင်ဝတ်သည့်နှစ် - ၁၃၁၄ ခုနှစ်
ကိုရင်ဝတ်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်။
ကိုရင်ဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ရဟန်းခံသည့်နှစ် - ၁၃၁၉ ခုနှစ်
ရဟန်းဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ပိဋကတ်စာပေသင်ယူရာဌာန - မစိုးရိမ်တိုက်၊ ဂန္ထဓူရကျောင်း။
ငယ်၊ လတ်၊ ကြီးအောင်ဌာန - မစိုးရိမ်ကျောင်းတိုက်
စာချတန်းစာဝါလိုက်ဌာန - မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းကျောင်း (စာချတန်းမပြီးပါ)
သင်ကြားပေးသည့် ဆရာတော်များ - မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက် ဆရာတော်များ၊ တောင်သမန်တိုက်ဆရာတော်များ။
စာသင်နှစ် - အသက် ၂၅ နှစ်၊ ၅ ၀ါထိ။
တောကျောင်းထွက်နေသည့်နှစ် - အသက် ၂၅ နှစ်မှအထက်။
တောကျောင်းနေရာဌာန - ရှင်မတောင်ရွာတောကျောင်းနှင့်မင်းကွန်းစံတော်မူတောင်နှင့် ရွှေမြင်တင်တောင်၊ (အရှေ့ရိုးမ အခြေ)၊ ငွေတောင်နှင့် မိုးပေါက်ကျချောင်။
လက်ရှိနေရာ၌စတင်နေသည့်နှစ် - ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ။
ဘာသာပြောင်းသည့်နှစ် - ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီ၊ မိနစ် ၃၀။
ဘာသာပြောင်းရသည့်အကြောင်း - ထေရ၀ါဒ၌နေစဉ် ထေရ၀ါဒ လက်ခံကျင့်သုံးနေသော ရှေးဘ၀၊ ခုဘ၀၊ နောင်ဘ၀ အယူများသည် ဘုရားဟောနှင့်မညီ၊ ဘုရားရှင်မယူသော မိစ္ဆာဒိဋ္ဌိအယူများဖြစ်နေကြောင်း၊ နိုင်ငံတော် သံဃ မဟာနာယကထံသို့တင်ပြ၍ တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း သာသနာရေး ဦးစီးမှူးက စတုတ္ထပါရာဇိကဖြင့် ပြန်လည်တရားစွဲခဲ့ပြီး ဗဟိုဝိနိစ္ဆယထိ တရားရှုံးသောကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ရဟန်းအဖြစ်ကို စွန့်လွှတ်ရသည်။ မိုးပြာဂိုဏ်းထောင်၍ ဆည်းကပ် သူများအား ဆုံးမလမ်းညွှန်နေခြင်းဖြစ်သည်။


ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီး၏ ထေရ၀ါဒနှင့်လုံးဝဆန့်ကျင်သော အယူဝါဒအချို့ကို ထုတ်နုတ်ပြရမည်ဆိုလျှင်.....
(၁) အဘိဓမ္မာပိဋကတ်ကို ဘုရားဟောမဟုတ်ဟု ယူကြသည်။
(၂) ပိဋကတ်သုံးပုံတို့သည်လည်း ဘုရားဟောအစစ် မဟုတ်ကြဟု ယူကြသည်။
(၃) ရှေ့ဘ၀၊ နောက်ဘ၀မရှိဟု ယူကြသည်။
(၄) ကံနှင့် ကံ၏အကျိုးမရှိဟု ယူကြသည်။
(၅) သုံးဆယ့်တစ်ဘုံမရှိဟု ယူကြသည်။
(၆) ဗြဟ္မာ၊ နတ်၊ ငရဲသားစသူတို့သည် လူကောင်ဖြစ်ခိုက် လူကောင်၏ပုံကြီးမျှသာဖြစ်သည်ဟု ယူကြသည်။
(၇) ဘုရားရှိခိုးခြင်း၊ ဆင်းတုတော်ပူဇော်ခြင်း၊ ဥပုသ်စောင့်ခြင်းစသည်တို့ကို မပြုသင့်ဟု ယူကြသည်။
(၈) နိဗ္ဗာန်နှင့် သံသရာကို အယုံအကြည်မရှိဟု ယူကြသည်။
(၉) လူအစစ်သည် လူသာဖြစ်သည်။ မူလခန္ဓာဖြစ်သည်။ ၎င်းင်းကို တရားမရှုရ၊ ရှုလျှင်တရားမဟုတ်ဟု ယူကြသည်။
(၁၀) သမထ၊၀ိပဿနာ ဘာဝနာတို့ကို ဘာဝနာမဟုတ်ဟု ယူကြသည်။
(၁၁) ပရမတ္ထတရားတို့ကို အယုံအကြည်မရှိဟု ယူကြသည်။
(၁၂) ကုသိုလ်ကောင်းမှုတို့ကို မပြုကောင်းဟု ယူကြသည်။
(၁၃) လူအစစ်ဖြစ်သော မူလခန္ဓာပေါ်တွင် စွဲထင်တွယ်ကပ်လာသည့် ဥပါဒါန်နှင့် ခန္ဓာအရိပ်တုတို့ကို ပယ်ခွာနိုင်လျှင်တရားဖြစ်သည်။ အရိယာဖြစ်သည်ဟု ယူကြသည်။
(၁၄) ပိဋကတ်ဒေသနာတို့ဖြင့် လူတို့ကိုလှည့်စား၍ မိမိတို့ဂိုဏ်းအတွင်း သိမ်းသွင်းကြရမည်ဟု ယူကြသည်။ ကာမရာဂကို အားပေး ကြရမည်ဟု ယူကြသည်။
(၁၅) မာရ်နတ်ဆိုသည်မှာ သီးခြားနတ်ဘုံမှ နတ်မဟုတ်ဟု ယူကြသည်။
(၁၆) ဗြဟ္မာဆိုသည်မှာ သီးခြားဗြဟ္မာဘုံမှ ဗြဟ္မာမဟုတ် လူသာဖြစ်သည်ဟု ယူကြသည်။
(၁၇) ထေရ၀ါဒဗုဒ္ဓဘာသာတို့သည် အာကာသ ခေါ် နတ္ထိဘာဝကို နိဗ္ဗာန်ဟု ထင်မှတ်မှားသူများဖြစ်ကြသည်ဟု ကျောက်သင်္ဘော ၀ါဒဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာတို့ကို စွပ်စွဲကြသည်။
(၁၈) မိမိကိုယ်တိုင် သိမြင်ခြင်းဖြင့်သာ အသိအမြင်ပြည့်စုံသည်ဟု ယူကြသည်။
(၁၉) သိဒ္ဓတ္ထဘ၀မှ ဗုဒ္ဓဘ၀သို့ တိုးတက်လာခြင်း၊ ဘုရားအသိÓဏ်ရရှိလာခြင်းသည် ဘာမှမလုပ်ဘဲ သာမန်လူလိုနေခြင်းကြောင့် ရသည်ဟု ယူကြသည်။
(၂၀) လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာရသော ဗုဒ္ဓကို မိစ္ဆာဗုဒ္ဓဟု ယူကြသည်။


မိုးပြာဦးဥာဏ၏ ဟောပြောချက်၊ ရေးသားချက်တချို့ကို မူရင်းအတိုင်း ကောက်နုတ်တင်ပြပါမည်။

ရှေးဘ၀၊ နောက်ဘ၀ လက်မခံ
ကျုပ်တို့က သူတို့ကို အဓိကဆိုဆုံးမတာမှာ ... ဘယ်တရားမှ မရချင်နေ၊ ရချင်ရ၊ ရှေ့ဘ၀၊ နောက်ဘ၀တော့ မတွေးရဘူးလို့ ဆိုတာ လောက်ကတော့ ကျုပ်တို့ကိုချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။
အဲဒီတော့ သူဆိုတာက ကျုပ်တို့အနားမှာ အချဉ်းကပ်ရဆုံးသူလည်း ဖြစ်တယ်။ ကျုပ်တို့ကို ငွေနဲ့ကြေးနဲ့ အများဆုံး အကုန်ကျခံရဆုံး ပြုစုတဲ့သူလည်း ဖြစ်တယ်။ အဲဒါတောင်မှ ကျုပ်တို့ရဲ့ အစဆုံးဖြစ်တဲ့ (ရှေးဘ၀၊ နောက်ဘ၀ မတွေးရဘူးဆိုတဲ့) ဟာကို (လာလျှောက်တယ်)၊ ရှေးဘ၀၊ နောက်ဘ၀ကို တကယ်မြတ်စွာဘုရား မဟောပါဘူး။ ကျုပ်တို့ကလည်းပဲ ရှေးဘ၀၊ နောက်ဘ၀ကို လုံးဝမဟောကြားဘူး။ ရှေး ဘ၀၊ နောက်ဘ၀ကို ယူဆတဲ့သူဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိဆိုပြီးသကာလ ... ကျုပ်တို့နဲ့ ပဋိပက္ခအနေအထားမှာ ရှိတယ်။
(ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၂၊ ၁၉၉၆)

လက်ခံလျှင် အကျိုးမရှိ
တို့ နောက်ဘ၀သိလား။ (မသိဘူး)၊ အေး ... မသိဘူးစာရင်းထဲ အသေကို ထည့်သွင်းရမယ်။ နည်းနည်းကလေးမှ ခေါင်းပြူမလာစေနဲ့။ မသိတာကို မသိတဲ့အတိုင်း မသိစာရင်းထဲ ထည့်မထားမိဘူးဆိုရင်ဖြစ်ဖြစ် သို့မဟုတ် မသိတာကို မသိစာရင်းထဲထည့်ပေမဲ့ ခေါင်းထောင် လာပြီး လူရည်လည်လုပ်တာကို ခံရတယ်ဆိုရင်ဖြစ်ဖြစ်၊ ဘယ်လောက်ထိ ဘာသာတရားရဲ့အမှုတော်တွေကို ထမ်းထမ်း၊ ဘယ်လောက်ထိ ဘာသာတရားကို ကျိုးကျိုးနွံနွံ ကိုင်းကိုင်းရှိုင်းရှိုင်း ဆည်းကပ်ဆည်းကပ်၊ ဘယ်တော့မှ အဲဒီဘာသာတရားရဲ့ အကျိုးကျေးဇူးကို မခံစားရဘူး။
(ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၁၁-၁၃၊)

၃၁ ဘုံ လက်မခံ
ဗုဒ္ဓဘုရားရဲ့တရားဟာ ကြံဆချက်သက်သက်တွေ မပါတဲ့ (အတက္ကာဝစရ) တရားဓမ္မဖြစ်လို့ (အဲဒီ ဗုဒ္ဓတရားထဲမှာ) မမွေးမီနဲ့ သေပြီးတို့၊ အထက်ဘ၀ဂ်၊ အောက်အ၀ီစိတို့ ... မပါဘူး။
(ဓမ္မ၀ီဟာရီ၏ ဗုဒ္ဓသာသနာနှင့် မြန်မာပြည်၊ စာ ၁၀၊ ၂၀၀၆)

လူကိုတော့ မသတ်နှင့်
လူသိများတာက ဘုရားဟာ သတ်မှုက ရှောင်ရမဲ့အသက်ကို အားလုံးရဲ့အသက်အဖြစ် ဟောတာလို့သိနေကြတယ်။ ဒီလို သိမှား တာကတော့ ဟိန္ဒူနဲ့နွှယ်ပြီး သိမိလို့ပါပဲ။ ဟိန္ဒူက မသတ်ရတဲ့ဟာ အားလုံးရဲ့အသက်ပါပဲ။ သစ်ပင်လောက်ပဲ ကျန်ပါတယ်။
(ဘုရား၊ စာ ၁၃၁)
ဒါတွေကြောင့်ဘုရားရဲ့မသတ်ရမဲ့အချက်ရဲ့အနက်ဟာလူ့အသက်ပဲဖြစ်တယ်။ အခြားအကောင်ပလောင်တွေရဲ့ အသက်မဟုတ်ဘူး။
(ဘုရား၊ စာ ၁၃၅)

အများပိုင်ပစ္စည်း ခိုးနိုင်သည်
နိုင်ငံပိုင်ပစ္စည်းခိုးတာဟာ ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) မပျက်ဘူး။ မြို့ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့အစည်းပိုင်၊ သမ၀ါယမ ပိုင်ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) အရ အခိုးမမြောက်ဘူး။ (ခိုးကောင်းတယ်ဟူလို။)

မမူးအောင်သောက်
သေရည်သေရက် မူးယစ်သေစာကို မေ့လျော့တဲ့နေရာအထိ မူးယစ်ခြင်းမှရှောင်မယ်ဆိုတာမျိုး အဓိပ္ပာယ်ရှိတယ်။ ဒီတော့ ဒီသိက္ခာပုဒ် အဓိပ္ပာယ်ဟာ သေရည်သေရက် (မူးယစ်ဆေးဝါး) မသောက်သုံးရဘူးလို့သာ အဓိပ္ပာယ်မရဘူး။ မေ့လျော့တဲ့အထိ ဒါတွေ မသောက်သုံး ရဘူးလို့ အဓိပ္ပာယ်ရတယ်။ အတိုင်းအထွာရှိရှိ ယစ်မူး၊ သောက်စားရင် ပမာဒဌာန မရောက်ဘူး။ သူတို့ဟာ ဘာမှမမှားဘူး။ အပြုအမူလည်း မမှားဘူး၊ အပြောအဆိုလည်း မမှားဘူး။ အနေအထိုင်လည်း မမှားဘူး နဂိုအတိုင်းပဲ။
(ဘုရား၊ စာ ၁၅၁၊ ၁၆၉-၁၇၀)

ဘာသာတရား မလိုအပ်
လောကကြီးမှာ ဘာသာတရားတွေကတောင် အပိုဖြစ်နေတယ်။ ဘာသာတရားမဟုတ်တော့ဘဲ ပကတိ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အရာတွေနဲ့သာ နေထိုင်လိုက်မယ်ဆိုရင် ပြီးသွားမှာ။ မြတ်စွာဘုရားဆိုရင် အဲဒီ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့အရာတွေ ကိုပဲ ပြောခဲ့တာပါ။ ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုတာတွေ ကို တားမြစ်ခဲ့တာပါ။
(ဓမ္မ၀ိဟာရီ၏ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား၊ စာ ၃၊ ၁၉၉၀ ပြည့်နှစ်)

စိဉ္စမာနလက်သစ်
“တပည့်တော်တို့ သိခဲ့ကြတာ မှားလှပါတယ် ဘုရား”
“ဘယ်လိုလဲ”
“ဖိုမ ကိစ္စဆိုရင် လွန်ကျူးတာ၊ စိတ်ကူးရင်တောင် ယုတ်မာတယ် ထင်တာဘုရာ”
“ဒီကိစ္စ ဆောင်ရွက်ဖို့ဆိုရင် စိတ်လည်းကူးရမှာပေါ့”
“အဲဒီစိတ်ကူးမျိုးဆိုရင် စိတ်ယုတ်တွေဖြစ်နေတာလို့ ပြောကြတာပဲ ဘုရား”
“မသိလို့ ပြောကြတာပဲ”
“ဘာမသိတာလဲ ဘုရား”
ဒီလို စိတ်ကူးမျိုး ဘုရားတောင် ကူးခဲ့လောက်တယ်ဆိုတာ မသိကြဘူး”
“ဟုတ်ပမလားဘုရား”
တွက်ကြည့်ရမှာပေါ့”
“ဘာတွက်မှာလဲ ဘုရား”
“မာနတ်က မှိုင်နေလို့ သမီးသုံးယောက်က မေးတော့ ဘုရားကို ရှုံးခဲ့လို့ ပြောတဲ့အခါ
ဒါ သူတို့ လုပ်ပေးမယ်ဆိုပြီး သမီးတွေက ဘုရားရှင်ဆီ ချဉ်းကပ်တယ်ဆိုတာကြားဖူးမှာပဲ”
“ဒါ တစ်ကမ္ဘာလုံး အသိပဲ ဘုရား”
“မာနတ်ရော သမီးတွေပါ တကယ်နတ်သား နတ်သမီးတွေ မဟုတ်ဘဲ ဘုရားစိတ်တော်
ဖြစ်တွေဆိုတာ သိလောက်ပြီပေါ့နော်”
“သိပါပြီဘုရား”
“အဲဒါပဲပေါ့”
ဘယ်လိုလဲ ဘုရား”
“မာနတ်ရဲ့ သမီးလတ်ဆိုသူ အပျိုရွရွဖားဖားနဲ့ ဖိုမ ဆက်ဆံမလားပေါ့ ဥတ္တရိမနုဿဓမ္မ
ကို လူတွေဆီ ဖြန့်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ဆုံးဖြတ်ချက်ချတယ်။
ဒီထက်သာမယ့် ကိုယ်ဝန်ရှိစ မာရ်နတ်သမီးကြီးနဲ့ ဖိုမဆက်ဆံမလားပေါ့၊ ဒါ ခံစားယစ်မူးပြီး
ဥတ္တရိမနုဿဓမ္မ ဖြန့်ဝေမူ့ အပျက်ခံလို့ ဘယ်ဖြစ်မလဲ လို့ဖြစ်တယ်။
“အပျိုဖော်ဝင်စ မာရ်နတ်သမီးငယ် အပျိုပေါက်နဲ့ ဖိုမဆက်ဆံမလားပေါ့၊
ဒါတွေနဲ့ ဥတ္တရိမနုဿဓမ္မ ကို လူတွေရတာ မဖြစ်ထိုက်ဘူးလို့ စိတ်တော်မှာဖြစ်ခဲ့တယ်”
“မာရ်နတ် သမီးသုံးယောက်ကို ဘုရားအောင်ခံနိုင်တယ် ဆိုတာလား ဘုရား”
“ဟုတ်တယ်”
“ဟုတ်ပါ့မလား ဘုရား”
“ဟုတ်တာပေါ့”
“ဒါတွေ ဘယ်လိုသိလဲ ဘုရား”
“တရားအလျှောက် သိတဲ့ဥာဏ်နဲ့ လျှောက်ပြီးသိတာပေါ့”
“ဘယ်လို တရားအလျှောက် လဲဘုရား”
“ကာမရူပ၊ အရူပ ကံ ၀ိပါက်တွေဟာ ဒုက္ခတရားတွေ မဟုတ်ဘူးလား”
“ဟုတ်တာပေါ့ဘုရား”
“ဒုက္ခဖြစ်တာတွေကိုပဲ မမက်ကြဘူလား”
“မက်ကြပါတယ်ဘုရား”

(အရှင်ဥာဏ၏ ဓမ္မကထာ၊ စာ-၂၂၇-၂၂၉၊ ၂၀၀၅-ခုနှစ်၊သြဂုတ်လထုတ်)

ဦးဥာဏဆိုသည်မှာ
မင်းကွန်းတောင်ရိုးတွင် တရားကျင့်ကြံရာမှ မိမိကိုယ်ကို ရဟန္တာဖြစ်သည်ဟု ကြေညာခဲ့သည်။ သံဃာ့ဝိနည်းဓိုရ်အဖွဲ့က ၁၉၈၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးခဲ့သည်။
မြို့နယ်ဝိနည်းဓိုရ်၊ တိုင်းဝိနည်းဓိုရ်၊ နိုင်ငံတော်ဝိနည်းဓိုရ် အဆင့်သုံးဆင့်စလုံးတွင် ရှုံးနိမ့်သည့်အတွက် ဦးဥာဏကို လူဝတ်လဲစေခဲ့သည်။
ထို့ပြင် ၀ိနည်းဓမ္မကံ (၉-၁၁) တို့ဖြင့် တရားစွဲခံရပြီး ၁၉၈၃ မှ ၁၉၈၆ ခုနှစ်တိုင်အောင် ထောင်သုံးနှစ် ကျခံခဲ့ရသည်။
ဝိနည်းဓမ္မကံ (၉-၁၁) အရ တရားစွဲခံရသော်လည်း မင်းကွန်းတိပိဋကဆရာတော်ဘုရား၏ မေတ္တာရပ်ခံမှုကြောင့် ထောင်သုံးနှစ်သာ အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။

ထောင်မှလွတ်သောအခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေကို အခြေပြုလျက် မိုးပြာခြံကိုတည်ထောင်ပြီး ပစ္စုပ္ပန်ကမ္မ ၀ါဒ ဗုဒ္ဓဘာသာအမည်ဖြင့် သာသနာပ၀ါဒများကို ဖြန့်ချိဟောကြားခဲ့သည်။
ဓမ္မပါမောက္ခ၀တ်စုံဟု အမည်ပေးကာ မိုးပြာရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအပွတို့ကို ၀တ်ဆင်ခဲ့သည်။ အနုပါဒါယဉ်ကျေးမှုဌာနဟူ၍ ပစ္စုပ္ပန်ကမ္မ၀ါဒအယူအဆများကို စာပေး၊ စာယူပုံစံဖြင့် သင်ကြား ပို့ချခဲ့သည်။

၁၉၉၁ခုနှစ်တွင်ထေရ၀ါဒသာသနာတော်အတွင်းမှသံဃာဂိုဏ်းသီးသန့်ထောင်ရန် ကြိုးပမ်းမှုဖြင့်တရားစွဲဆိုခံရသည်။
ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရကြောင်း သိရသည်။ သို့သော် လျှော့ရက်များဖြင့် ၁၉၉၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့ပြီး ၎င်းအယူဝါဒများကို ဆက် လက်ဟောပြောခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သစ္စာပန်းလမ်း၊ (ဌ) ရပ်ကွက်၊ ခြံအမှတ် ၂၀ ကို ဌာနချုပ်ပြုလုပ်လျက် ပစ္စုပ္ပန် ကမ္မ၀ါဒ (အဓမ္မ၀ါဒ) အယူများကို ပို့ချခဲ့သည်။ လိုအပ်လျှင် အိမ်တိုင်ရာရောက်ပုံစံဖြင့်လည်းကောင်း၊တစ်ဦးချင်းဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း လိုက်လံစည်းရုံးဟောပြောလေ့ရှိကြောင်း သိရသည်။

အင်တာနက်အသုံးပြုသူများကိုလည်း ...
(၁) www.forums.myanmarcommunity.com
(၂) http://sayamvasi.goolgepages.com (ပစ္စုပ္ပန်ကမ္မ၀ါဒ)
(၃) http://www.yatanar.co.cc (ရတနာ)
(၄) http://human-buddha.blogspot.com (လူသားဗုဒ္ဓ)
(၅) http://buddhismabc.blogspot.com (ဗုဒ္ဓဘာသာကကြီးခခွေး)
(၆) http://buddhismabc.blogspot.com (ဘာသာရေးဆွေးနွေးခန်း)
(၇) http://forums.myanmarcommunity.com (ဆွေးနွေးခန်း)
(၈) http://www.mandalaygazette.net (မန္တလေးဂေဇက်မဂ္ဂဇင်း)
(၉) http://azai.mmgenius.com (အပါယ်ရတနာ)
(၁၀) http://dhammaviharri.org (ဓမ္မ၀ိဟာရီ)
တို့ဖြင့် စည်းရုံးနေကြောင်း သိရသည်။


ပညာရှင်အင်အား၊ ဘာသာဝင်အင်အား၊ ငွေကြေးအင်အား၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးအင်အား
အကြီးမားဆုံး၊ အခိုင်မာဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီးဖြစ်
ငွေရတုပူဇော်ပွဲစာအုပ်ကို သေချာလေ့လာကြည့်လျှင် အလွန်ပင်ထင်ရှားမည် ဖြစ်ပါသည်။
ပညာတတ်အမည်ခံ ဦးဥာဏိန္ဒာလင်္ကာရ၊
ဦးဝိစိတ္တသာရာဘိဝံသ၊
ဦးစိုးအောင် (သ-စ-အ ဓမ္မာစရိယ၊ သုတေသနကျမ်းပြုဌာနမှူးဟောင်း) စသည်များအပြင်
စာရေးတတ်သူ၊ဟောပြောတတ်သူအများအပြားရှိနေကြသည်။အခြေခံသင်တန်းများရော၊ ဓမ္မ၀ိဟာရီသင်တန်းများပါ ရှိကြောင်းသိရပါသည်။
ဓမ္မ၀ိဟာရီသင်တန်းတို့တွင် အာသ၀က္ခယ ၀ိဟာရီစာတမ်း ပြုစုကြရကြောင်းလည်း သိရပါသည်။ ဓမ္မဆရာ ဦးရန်အောင်၏ ဟောပြော ချက်များအရ သြဠာရိက+သုခမ တိုင်းရင်းဆေးပညာရှင်များ အုပ်စုလိုက်ကြီးပင် ထိုဂိုဏ်းသားများ ဖြစ်ကြကြောင်းလည်း သိရပါသည်။ အင်းဝဘဏ်မှ ဦးရင်စိန်ကဲ့သို့သော သူများကြောင့်လည်းကောင်း၊ ဦးမြင့်ဝင်းမောင် (အေဇက်စာပေအိမ်) ကဲ့သို့ ပုံနှိပ်တိုက်ပိုင်ရှင် ကျွမ်းကျင်သူ များကြောင့်လည်းကောင်း၊ စာအုပ်အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။
ဦးဝိစိတ္တသာရာဘိဝံသသည် စာအုပ်များစွာတို့ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ထုတ်ဝေလျက် နေရာများစွာသို့ သွားရောက်ပေးဝေ စည်းရုံးနေကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံတွင် ပညာသင်ကျောင်းသားအဖြစ် နေထိုင်လျက် ၀ါဒဖြန့်နေသူ ဦးကုမာရာလင်္ကာရလို နိုင်ငံတကာ ဆက်သွယ်ရေးကွန်ရက်များကို ဖန်တီးနိုင်ခြင်းကြောင့်လည်းကောင်း၊ ဦးÓဏကိုယ်တိုင်ကပင် ၀ိဟာရီအမည်ခံလျက် အင်တာနက် အသုံးပြုဟောပြောချက်၊ ဆွေးနွေးချက်တို့ကို ပြုလုပ်နေခြင်းကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင်လည်း တစ်ဘ၀သာရှိသည့် ပဋိစ္စသမုပ္ပာဒ်ဝါဒီ ရှင်ဗုဒ္ဓဒတ္တလို ထိုင်းဘုန်းကြီးများရှိနေခြင်းကြောင့်လည်းကောင်း၊ အင်တာနက်အားဖြင့်လည်း ကမ္ဘာသို့တိုင်အောင် ပေါက်ရောက်ကျယ်ပြန့် လျက်ရှိနေကြောင်း သိရပါသည်။
စင်္ကာပူဗုဒ္ဓဘာသာလူငယ်များကြားတွင် အလွန်ရေပန်းစားသောဂိုဏ်းဖြစ်၍ စင်္ကာပူနေ မြန်မာဗုဒ္ဓဘာသာများက မှာယူသဖြင့် ပေးပို့ ရောင်းချသည့်စာအုပ်များမှာ များပြားလှကြောင်း သိရပါသည်။
အရိယဘဏ္ဍာရန်ပုံငွေကဲ့သို့သော ရန်ပုံငွေများလည်း အလှူခံလေ့ရှိခြင်းကြောင့် အလွန်တိုးတက်ကြီးထွားနေကြောင်း သိရပါသည်။ ထို့ပြင် လစဉ်ထုတ်ပေးစာများကို ရောင်းချသည့်ဝင်ငွေများနှင့် အခွန်လွတ်ထုတ်ဝေထားသည့် စာအုပ်ကြီးတို့ကို တစ်အုပ်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချသည့်အတွက် ဂိုဏ်းဝင်များထံမှ ရောင်းရငွေများကြောင့် အလွန်စည်ကားနေကြောင်း သိရသည်။ လွတ်လပ်တဲ့လူတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ ငွေရတုပူဇာတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ သင်တန်းခွေတစ်စုံလျှင် ကျပ် ၅၀၀၀ စသည်)။
ဤသို့ဖြစ်နေသည့် အင်အားများကြောင့် ၎င်းအဓမ္မ၀ါဒီဂိုဏ်းကြီးသည် အခိုင်မာဆုံး၊ အင်အားအကြီးဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီး ဖြစ်နေရပေသည်။

သတိထား၍ ရှောင်ရှားကြပါကုန်
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ

Read more ...

January 5, 2010

လိမ်ညာပြောတိုင်း သီလမပျက်ဟူသော ဟောပြောရေးသားချက်ကို ဖြေရှင်းချက်

သျှင်သာမိ - မုံရွာ | 6:10 AM | Be the first to comment!
အရွင္ဥာဏ က
ချွတ်ရွင်းပြောတိုင်း သီလမပျက်
ဂရုဓမ္မသီလ မလိမ်ရသိက္ခာပုဒ်မှာ ယူရမယ့် မလိမ်ရပုံကို ဘုရားဘယ်လိုဖွင့်တယ်လို့ ကြည့်ရမယ်။
စကားမှန်မူ့ အားလုံးကို ရှောင်ရှားခြင်းလို့ ဒီသိက္ခာပုဒ်အရ ယူရမယ့် ပုဒ်မရှိဘူး ဘုရားဟာ ၀ိနည်းပညတ်ချက်မှာ
မမှန်စကားကို အမျိုးအစားနှစ်ခုခွဲခြားပြီး ပညတ်တာရှိတယ်။ ကိုယ့်ဘ၀နဲ့ စပ်ပြီး ပြောတဲ့ မမှန်စကားနဲ့ ကိုယ့်ဘဝ
မဟုတ်တဲ့ အရာကို ပြောတဲ့ မမှန်စကားတွေပဲ။


ချွတ်ရွင်းစကား နှစ်မျိုးပြား
ကိုယ့်မှာ မရှိဘဲ ရှိတယ်ပြောတာမျိုး ကိုယ့်မှာ မဖြစ်ဘဲ ဖြစ်တယ်ပြောတာမျိုး ကိုယ်မသိဘဲ သိတယ်ပြောမျိုး
ဒါတွေဟာ ကိုယ့်ဘ၀နဲ့ စပ်ပြီးပြောတဲ့ မမှန်စကားတွေပဲ။ တခြားမဟုတ်စကားတွေကတော့ ကိုယ့်ဘ၀နဲ့ မစပ်တာမျိုးပေါ့။
ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြိးတဲ့အရာကို မကြီးဘူး။
ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး။
အစရှိတဲ့ ဘ၀နဲ့ မပတ်သက်တဲ့ နေရာတွေမှာ ပြောဆိုချက်တွေဟာ မမှန်တဲ့စကားတွေပဲ ဒါတွေဟာ
ကိုယ့်ဘ၀ မဟုတ်တဲ့ အရာတွေကို ပြောတဲ့မမှန်စကားတွေပဲ။

ဘ၀လိမ်မှ သိလပျက်
ဒီမမှန်တဲ့ စကားနှစ်မျိုးဟာ လိမ်တာတွေပဲ။ ဒီသိက္ခာပုဒ်မှာ ဒီနှစ်လိမ်လုံး ရဖို့ မရှိဘူး။ ရှေ့တလိမ်ပဲ ယူဖို့ရှိတယ်။
နောက်တစ်လိမ်ပဲ သိက္ခာပုဒ်အရ အကျုံမ၀င်လောက်ဘူး။ နောက် လိမ်နည်းနှစ်မျိုးနဲ့ လိမ်လို့
မလိမ်ရတဲ့ ဂရုဓမ္မသီလ မပျက်ဘူးလို့ ဆိုတယ်။
(ဘုရား စာအုပ်- နှာ- ၁၆၀)

ဒါကြောင့် လိမ်တာနဲ့ စပ်ပြီး အပျော်အပြောင်တောင် မပြောဝံ့ရလို့ သိနေတာတွေကို ကျော်လွားရမယ်။
ကိုယ့်မှာ ရှိတဲ့ ပစ္စည်းသူလာတောင်းတဲ့ အခါ မပေးနိုင်လို့ မရှိဘူးပြောလဲ လိမ်တာလို့ ဒီသီလမှာ ယူဖို့ မဟုတ်ဘူး။
ကိုယ်ရောင်းတဲ့ ပစ္စည်း အမြတ်ရအောင် ပိုပြောထားတဲ့ ဈေးကို အရင်းအတိုင်းဈေးပါပဲလို့ ပြောတာလည်း
ဒီသီလမှာ လိမ်တာ မမြောက်ဘူး။ ဒါမျိုးတွေကို အများအပြားသိရမယ်။
(ဘုရား စာအုပ်- နှာ- ၁၆၁)

ဒီစာတွေ အရ လိမ်တာဟာ မကောင်းတာချည်း မဟုတ်ဘူးလို့ ဆိုလိုတယ်။
မကောင်းတဲ့ လိမ်တာတွေရှိသလို မကောင်းတာ မဟုတ်တဲ့ လိမ်တာလဲ ရှိတယ်လို့ ဆိုရာရောက်တာပေါ့။
ဒီတော့ မကောင်းတဲ့ လိမ်တာကို ကွဲကွဲပြားပြား သိမှဖြစ်မယ်။
ဒါမှ ဂရုဓမ္မသီလက တားတဲ့ လိမ်တာကို သိရမယ်” ဟု ဟောပြောရေးသားထားပါသည်။
(ဘုရား စာအုပ်- နှာ- ၁၆၃)


ရှင်းလင်း ဖြေရှင်းချက်

အရှင်ဥာဏ သည် “ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ“ ဟူ၍ နာမည်တပ်ကာ အဖွဲ့အစည်းကြီး တခု ဖွဲ့ထား၏။
ထိုအဖွဲ့အစည်းကြီး ၏ ခေါင်းဆောင်သည် အရှင်ဥာဏ ဖြစ်နေ၏။
အရှင်ဥာဏသည် သူ၏ အဖွဲ့ဝင် အားလုံးတို့အား
သတ်နည်း အမျိုးမျိုး၊
ခိုးနည်း အမျိုးမျိုး၊
လိမ်ညာနည်း အမျိုးမျိုး၊
မူးယစ်သေစာ သုံးစွဲနည်း အမျိုးမျိုးတို့ကို သင်ကြားပေးနေ၏။

တစ်နည်းပြောရလျှင်......
သီလ သာသနာ၊
သမာဓိ သာသနာ၊
ပညာသာသနာကို ဖျက်စီးနေပါသည်။

နောက်တမျိုးပြောရလျှင်...........
ပရိယတ်သာသနာ၊
ပရိပတ်သာသနာ၊
ပဋိဝေဓ သာသနာ ကို အုပ်စုဖွဲ့၍ ဖျက်စီးနေပါသည်။

အရှင်ဥာဏက ကိုယ့်မှာမရှိဘဲ ရှိတယ်ပြောတာမျိုး၊ ကိုယ့်မှာ မဖြစ်ဘဲ ဖြစ်တယ် ပြောတာမျိုး၊
ကိုယ်မသိဘဲ သိတယ်ပြောတာမျိုး ဒါတွေဟာ ကိုယ့်ဘ၀နဲ့ စပ်ပြီးပြောတဲ့ မမှန်စကားတွေပဲ ဟုဆိုကာ
ဤကဲ့သို့ လိမ်ညာပြောဆိုမှ မုသာဝါဒ သိက္ခာပုဒ်အရ သိလပျက်မှုဖြစ်တယ်လို့ ဆိုထားပါသည်။

ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြိးတဲ့အရာကို မကြီးဘူး။
ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး။
အစရှိတဲ့ ဘ၀နဲ့ မပတ်သက်တဲ့ နေရာတွေမှာ ပြောဆိုချက်တွေဟာ မမှန်တဲ့စကားတွေပဲ ဒါတွေဟာ
ကိုယ့်ဘ၀ မဟုတ်တဲ့ အရာတွေကို ပြောတဲ့မမှန်စကားတွေပဲ ဟု ဆိုကာ ဤကဲ့သို့ လိမ်ညာပြောဆိုလျှင်
မုသာဝါဒ သိက္ခာပုဒ်အရ အပြစ်မရှိ၊ သီလ မပျက် ဟု ဆိုထားပါသည်။

အရှင်ဥာဏသည် စတုတ္ထပါရာဇိကလာ လိမ်ညာပြောဆိုမူ့မျိုးကိုသာ မုသာဝါဒ သိက္ခာပုဒ်အရ အပြစ်ရှိ၍၊
သီလပျက်စီးကြောင်းဟု ပြောဆိုကာ သုဒ္ဓပါစိတ်၊ မုသာဝါဒ သိက္ခာပုဒ်လာ လိမ်ညာပြောဆိုမူ့ကိုကား
ဤမုသာဝါဒ သိက္ခာပုဒ်အရ အပြစ်မရှိ၊ သီလ မပျက် ဟု ဆိုထားပါသည်။

အဌကထာတို့၌

မုသာတိ ၀ိသံဝါဒန......(ပ)...........စေတနာ မုသာဝါဒေါ။
(သံယုတ် အဌကထာ၊ ၂၊ ၁၃၅၊
မဇ္ဈိမ ပဏ္ဏာသ အဌကထာ-၁၊ ၂၀၃။
အဘိဓမ္မာ အဌကထာ-၁၊ ၁၄၁)
မုသာသည် မဟုတ်မမှန်သော ၀တ္ထု( အကြောင်းအရာ ) ကိုယ်ဟော၏။
ဝါဒသည် ပြောဆိုခြင်း၊ (၀ါ) ပြောဆိုကြောင်း စေတနာကို ဟော၏။
မုသာဝါဒ ဆိုသည်မှာ ချွတ်ရွင်းဖောက်ပြန် မဟုတ်မမှန်ပြောဆိုမူ့ကို ရှေးရှူသောသူ၏ သူတစ်ပါး
အကျိုးစီးပွားကို ပျက်ပြာစေတတ်သော နှုတ်ဖြင့် လိမ်ညာခြင်း၊ ကိုယ်ဖြင့် လိမ်ညာခြင်းတို့ ဖြစ်သည်။
တနည်းအားဖြင့် နှုတ်ဖြင့် လိမ်ညာခြင်း၊ ကိုယ်ဖြင့် လိမ်ညာခြင်းတို့ကို ဖြစ်စေတတ်သော အကုသိုလ်
စေတနာသည် မုသာဝါဒ မည်၏။........ဟု ဖွင့်ဆိုထားကြ၏။

မုသာဝါဒအင်္ဂါတို့မှာ လေးပါးရှိ၏။ ၄င်းလေးပါးတို့မှာ
၁။ မဟုတ်မမှန်သော အကြောင်းအရာ ၀တ္တုဖြစ်ခြင်း၊
၂။ မှားယွင်းစေလိုသော စိတ်ရှိခြင်း၊
၃။ မှားယွင်းစေလိုသော စိတ်မျိုးဖြင့် ကိုယ်နှုတ်တို့ဖြင့် လုံးလ ပြုခြင်း၊ လိမ်ညာခြင်း၊
၎။ အလိမ်ခံရသူက လိမ်သည့် အတိုင်းသိရှိယုံကြည်ခြင်း တို့ဖြစ်ပါသည်။

သို့ဖြစ်၍ ရှင်ဥာဏ၏ ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြိးတဲ့အရာကို မကြီးဘူး။
ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး အစရှိတဲ့ လိမ်ညာပြောဆိုမူသည် မုသာဝါဒ ပင်ဖြစ်ပါသည်။
သီလပျက်စီးမူ့ ဖြစ်ပါသည်။

တစ်ဖန် အဌကထာတို့၌

ဂဟဌာနံ အတ္တနော..........(ပ)............၀ဒန္တာနံ မဟာသာဝဇ္ဖော။

(သံယုတ် အဌကထာ၊ ၂၊ ၁၃၅၊
မဇ္ဈိမ ပဏ္ဏာသ အဌကထာ-၁၊ ၂၀၃။
အဘိဓမ္မာ အဌကထာ-၁၊ ၁၄၂)

လူတို့မှာ မိမိ၏ ပစ္စည်းဝတ္ထု တစ်ခုခုကို ငှားယူလို၍ဖြစ်စေ၊ ၀ယ်ယူလို၍ဖြစ်စေ
ထိုပစ္စည်းရှိပါသလားဟု မေးသည့်အခါ အမှန်ရှိနေပါလျက် မငှါးလို မရောင်းလိုသည့်အတွက် မရှိပါ ဟု
လိမ်ခြင်းမျိုးသည် အပြစ်မကြီးသော်လည်း မုသာဝါဒ အင်္ဂါနှင့် ညီသဖြင့် မုသာဝါဒဖြစ်၍
သိက္ခာပုဒ်ပျက်စီးပါသည်။
သူတပါး အကျိုးစီးပွါးပျက်ပြားအောင် မတရားသက်သေခံ၍ မဟုတ်မမှန် ပြောဆိုခြင်းမျိုးကား
မုသာဝါဒလည်းဖြစ် ကမ္မပထ လည်းမြောက်၍ အပြစ်ကြီးပါသည်။

ရဟန်း သာမဏေတို့ ရွာထဲမှ ဆီ ထောပတ်တို့ကို အနည်းငယ်သာ ရပါလျက် အခြားသီတင်းသုံးဖော်တို့နှင့်
တွေ့သည့်အခါ ပြောင်လောင် ပျက်ရယ်လိုသည့် သဘောဖြင့်
“ဒီကနေ့ ရွာထဲမှ ဆီတွေ ထောပတ်တွေ မြစ်ကြီးစီးနေသလိုပဲ” ဟု စကားကြီး စကားကျယ် ချဲ့ကားပြောဆိုခြင်းသည်
မပြစ်မကြီးသော်လည်း မုသာဝါဒ ဖြစ်ပါသည်။

မမြင်ဘဲ မြင်၏၊ မကြားဘဲ ကြား၏၊ မတွေ့ဘဲ တွေ့၏၊ မသိဘဲ သိ၏။
မြင်ပါလျက် မမြင်၊ ကြားပါလျက် မကြား၊ တွေ့ပါလျက် မတွေ့၊ သိပါလျက် မသိ ဟု
လိမ်ညာ ပြောဆိုခြင်းသည် ကမ္မပထလည်းမြောက် သီလသိက္ခာလည်း ပျက် အပြစ်လည်း ကြိးပါသည် ဟု
ဖွင့်ဆိုထားပါသည်။
ဤ အဌကထာ အဖွင့်တို့ကို ကြည့်သောအားဖြင့်
ရှင်ဥာဏ ၏
ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြိးတဲ့အရာကို မကြီးဘူး။
ရှိတဲ့ အရာ ဖြစ်တဲ့အရာကို မရှိဘူး မဖြစ်ဘူး အစရှိတဲ့ လိမ်ညာပြောဆိုမူသည် မုသာဝါဒဖြစ်၍
သီလသိက္ခာပျက်စီးပါသည်။
သို့ဖြစ်ပါ၍ ရှင်ဥာဏ ၏ ဟောပြောရေးသားချက်များသည်
အဓမ္မ၀ါဒ ဖြစ်ကြောင်း ရှင်းလင်း တင်ပြအပ်ပါသည်။

Read more ...

ပစ္စုပ္ပန်ကမ္မ၀ါဒကို စာပေတင်၍စစ်ဆေးချက် (တောင်သာအောင်)

Dr Phyo Wai Kyaw | 4:13 AM | | | Be the first to comment!

M.P
Read more ...

January 1, 2010

အရဟံ ဂုဏ်တော်ကို ရွတ်ဆိုသူများသည် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြတော့ပြီ ဖြစ်ကြောင်း မိုးပြာဂိုဏ်း၏ဟောပြောရေးသားထားမူ

သျှင်သာမိ - မုံရွာ | 11:28 PM | Be the first to comment!
"အရဟံ- ဆိုပါတော့။ အရဟ၊ အရ-ဟ၊ အ-ရဟ လို့ သုံးပုဒ်လုပ်ပြီး ပူဇော်ခံထိုက်သူ၊ ကိလေသာဝေးသူ၊ သံသရာ စက်အကန့်ကို ချိုးဖျက်သူ။ သည်သူဟာ ဘုရားပဲလို့ ပြောတာပေါ့။ အေး အဲဒီစာတွေက သိပ်မြင့်တယ်။ တို့လူတွေနဲ့ မတန်ဘူး။မတန်မရာတွေကို တို့က ရွတ်ဆိုနေမိကြတာပဲ။ အကျိုးထက် အပြစ်များဖို့ ရှိတယ်။ သည်စာတွေဟာ စိတ္တဇ= အပြစ်ဖြစ်စေမယ်။ ဘုရားမို့ လူကို စိတ္တဇ မပေးနိုင်ဘူးလို့ မအောက်မေ့နဲ့။ ဖန်ဆင်းရှင် ဘုရားကို ကိုးကွယ်သူတွေက ဖန်ဆင်းရှင် ဘုရားကို စိတ်ထဲမှာ ထင်သလိုမျိုး ဖြစ်သွားတာပေါ့။ အဲဒီလို စိတ္တဇ ဖြစ်သွားတော့ အပြစ်ကြီးတယ်။။ ဗုဒ္ဓဘာသာ မဟုတ်တော့ဘူးလို့ ဖြစ်တယ်။ သိပ်ကြီးကျယ် သွားလိမ့်မယ်။ ဒီအကြောင်း ဒီလောက်ပဲ ပြောကြရအောင်။" -ဥာဏကထာ (ပထမတွဲ) စာအုပ်(နှာ-၁၂၀-၁၂၂)


***
အထက်ပါ စကားရပ်သည် အရဟံ ဟု ရွတ်ဆိုသူများသည် စိတ္တဇ ဖြစ်၍ ကိလေသာ ဖြစ်နေကြသောကြောင့် ဗုဒ္ဓဘာသာဝင် အဖြစ်မှပင် ပျက်ရကြောင်း ရေးသား၍ ဘုရား၏ စာများကို ဖျက်စီးထားပါသည်။ အဓမ္မ၀ါဒမိုးပြာဂိုဏ်း၏ ဟောပြောရေးသားချက်များကို ဗုဒ္ဓဘာသာဝင်များ သိစေရန် တင်ပြအပ်ပါသည်။
Read more ...

ထေရ၀ါဒဗုဒ္ဓဘာသာ တို့သည် ကိုးကွယ်နေကြသည့် ဘုရားသည် ဘုရားမှား ဘုရားတု ဖြစ်သည်ဟု စော်ကားရေးသားထားသောမိုးပြာဂိုဏ်း၏ ဟောပြောချက်များ

သျှင်သာမိ - မုံရွာ | 11:09 PM | 2 Comments so far

ထေရ၀ါဒ ဗုဒ္ဓဘာသာ တို့သည် ကိုးကွယ်နေကြသည့် ဘုရားသည် ဘုရားမှား ဘုရားတု ဖြစ်နေသောကြောင့်ယင်းဘုရားကို ကိုးကွယ်နေကြသော ထေရ၀ါဒီတို့သည် တရားမရနိုင်သူများ ဖြစ်ကြသည် စသည်ဖြင့် ရေးသား ဖြန့်ဝေထားချက်နှင့် ပတ်သက်၍ တင်ပြချက်

ရှင်ဥာဏ။ ။ -“တေ,ဇ,သု,နေ,မ,ဘူ,စံ,နာ,၀ိ,ဝေ” ဆိုတဲ့ ဇာတ်ကြီးတွေနဲ့ ဇာတ်တွေထဲမှာ ဘုရားလောင်းဇာတ်လိုက်တွေ သိကြပါတယ် ဘုရား။ အဲဒါတွေကို သူတို့ တကယ် သိနိုင်ကြပါ့မလား။

တပည့်။ ။ကိုယ့်ရှေ့ လူကပြောတော့ သိရတာပေါ့ဘုရား။(ပ)

ကြားနာ ဖတ်ရှူသိမှ ဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်လို့ သိရင် ဘုရားတွေ
အဲဒီလောက်ဘ၀တွေ ဖြစ်ရတယ်လို့ မသိပေဘူးလား။ ဘုရားက ရှေ့ ဘ၀ နောက်ဘ၀ ဖြစ်မဖြစ်အယူတွေကို သူမယူဘူးလို့ ပြောပါတယ်။ အဲသည်တော့ ဘုရားက သူမယူဘူးလို့ပြောတာကို ကြားနာ ဖတ်ရှူသိနဲ့ ဘုရားသိနေသူက ယူနေတယ်ဆိုတော့ အဲသည်လိုယူနေတဲ့ ဘုရားဟာ ဘုရားမှား ဖြစ်နေပါတယ်။ တကယ့်ဘုရားက မှားတာလား။ သူတို့အသိထဲက ဘုရားမှားတာလားဆိုတော့

တပည့်။ ။ သူတို့အသိထဲက ဘုရားကမှားတာပါဘုရား။

ရှင်ဥာဏ။ ။အသိမှားခံရထားရတဲ့ ဘုရားက သပ္ပုရိသလား၊ အသပ္ပုရိသလား ဆိုတော့ အသပ္ပုရိသပေါ့။ အသပ္ပုရိသ ကို ဆည်းကပ်မိသူဟာ တရားမရနိုင်ပါဘူး။ တရားမရသူဟာ လူ့တန်ဖိုးမကျအောင် ဘာနဲ့မှ တားစရာ မရှိပါဘူး။ (ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ လမ်းညွန်စာအုပ်- နှာ- ၇၆-၇၇)


***
အထက်ပါ စကားရပ်တွင် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းကာလတိုင်အောင် ရှေးဘ၀ပေါင်း မြောက်မြားစွာ ရှိခဲ့သူဖြစ်၍ ဘုရားမှားဖြစ်သည်။ အသပ္ပုရိသဘုရား( ဘုရားယုတ်မာ) ဖြစ်သည်ဟု ကဲ့ရဲ့ ရှုတ်ချထားပါသည်။

ယင်းသို့ပါရမီ ဖြည့်ကျင့်ခဲ့သော ဘုရားကို ကိုးကွယ်လျှင် တရားမရနိုင်သူများသာ ဖြစ်၍ ယနေ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် အားလုံးသည် တရားမရနိုင်သူများချည်း ဖြစ်သည်ဟု စွပ်စွဲထားခြင်းပင် ဖြစ်ပါသည်။

ယင်းအဆို အားလုံးသည် အဓမ္မ၀ါဒများသာ ဖြစ်ပါသည်။ ထေရ၀ါဗုဒ္ဓဘာသာကို စွပ်စွဲပုတ်ခတ် ဖျက်ဆီးထားသော အဆိုများ ဖြစ်ပါသည်။
Read more ...

December 18, 2009

ကာမေသုမိစ္ဆာစာရကို မှားယွင်းစွာ ဟောပြောရေးသားချက်ကို ဖြေရှင်းချက်

သျှင်သာမိ - မုံရွာ | 2:09 AM | Be the first to comment!

ပစ္စုပ္ပန်ဝါဒီတို့၏ အလို

“အတွေ့မှ အထူးအားဖြင့် လိင်ဆက်ဆံမူ့၊ မေထုန်မူ အတွေ့မှ ကာမဂုဏ်မဟုတ်ဘူး။ အာရုံငါးပါးကို ကိုယ့်လိုအင်နဲ့ တွေ့ထိမူတွေဟာ ကာမဂုဏ်တွေပဲ။ ဒါတွေကို မှားယွင်းကျက်စားတာဟာ ကာမဂုဏ် မှားယွင်းကျက်စားမူပဲ”
(ဘုရား၊ စာအုပ်- စာ-၁၅၃)

“မှားယွင်းကျက်စားမူကို အဓိပ္ပါယ် နည်းနည်းဖွင့်ရမယ်။ ကာမဂုဏ် ကျက်စားတာ မှားယွင်းကျက်စားနဲ့ မမှားမယွင်း ကျက်စား နှစ်မျိုးနှစ်စားရှိတယ်။ စားစရာတွေလဲ ကာမဂုဏ်တွေပဲ။ ၀တ်စရာတွေလဲ ကာမဂုဏ်တွေပဲ။ ကျန်တဲ့ လူအသုံးအဆောင် ပစ္စည်းတွေ အားလုံးလည်း ကာမဂုဏ်တွေပဲ။ အသုံးကို လွန်ပြီး အကြိုက် အစွဲ အလျောက် ကျက်စားတာဟာ မှားယွင်းတဲ့ ကျက်စားမူပဲ။(ဘုရား၊ စာအုပ်- စာ-၁၅၄)

ကာမပိုင်လဲ မိစ္ဆာစာရဖြစ်

“ကာမဂုဏ် မှားယွင်းကျက်စား ရှောင်မူဟာ ကိုယ့်ကာမပိုင် မဟုတ်သူကို မေထုန်မူပြုလို့ အဓိပ္ပါယ် ရမှာမဟုတ်ဘူး။
ပစ္စည်းအသုံးအဆောင် အားလုံးမှာ အကြောင်းမဲ့ သုံးဆောင်မူ (ဖြုန်းတီးမှု) တွေ ဖြစ်လာမယ်။ လိုအပ်တာထက် ပိုပြီး စားတာ၊ ၀တ်တာ၊ သုံးဆောင်တာတွေဟာ ကာမဂုဏ် မှားယွင်းကျက်စားမူတွေပဲ။ ကာမပိုင် ဖို မ ပင်ဖြစ်ပါစေ အကြောင်းမဲ့ လိင်ဆက်ဆံမူ ဖြစ်ရင် ကာမဂုဏ် မှားယွင်းကျက်စားမူ ဖြစ်မယ်”(ဘုရား၊ စာအုပ်- စာ-၁၅၄)

"စားတယ်၊ ၀တ်တယ် သုံးဆောင်တယ်၊ ကြည့်တယ် အစရှိတာတွေလဲ ကိုယ်နဲ့ပဲ လုပ်ရတာ ဖြစ်တယ်။ ဒီကိုယ်နဲ့ အမှုတွေမှာ မှားယွင်းကျက်စားတာတွေဟာ ကာမဂုဏ် မှားယွင်းကျက်စားတာတွေပဲ။(ဘုရား၊ စာအုပ်- စာ-၁၅၅)

ဘယ်သူ့အာရုံ ငါးပါးဖြစ်ဖြစ် မှားယွင်းကျက်စားက ကာမေသုမိစ္ဆာစာရပဲ။ အလှအပတစ်ခုကို အပျော်သဘောသက်သက်နဲ့ ကြည့်မယ်ဆိုရင် ကာမဂုဏ်မှားယွင်းကျက်စားမူက လွတ်ဖို့မရှိဘူး။ အဲဒီ အာရုံကို အပျော်သဘောသက်သက် ဆွဲမြူညို့ယူလဲ ဒီလိုပဲ။ သီိချင်း၊ ဂီတ ကို အကြောင်းတစုံတစ်ရာမရှိဘဲ ခံစားရဖို့အတွက် နားထောင်သီဆိုတာလဲ အပျော်သက်သက်ပေါ့။ ဒါဆိုရင် ကာမမိစ္ဆရ ပဲ။ ကိုယ်က မွေးထားတဲ့ ခလေးကို အကြောင်းမရှိဘဲ နမ်းရှုံ့ ပွေ့ဖက်တာလဲ
ကာမဂုဏ် မှားယွင်းကျက်စားမူ ဖြစ်တယ်။ ခလေးရဲ့ ကျန်းမာရေး၊ ကိုယ်အနံ့၊ အငွေ့သိဖို့ နမ်းတာ၊ ပွေ့ဖက်တာတွေဟာ
အဲဒါတွေရဲ့ အကြောင်းတွေပဲ။ ကာမပိုင် လင်မယားလည်း ဒီအတိုင်းပဲ။ ကာမပိုင်ဖြစ်ပေမယ့် အပျော်သက်သက်နမ်းရှုံပွေ့ဖက်ရင် အမှားပဲ။ တစ်စုံတစ်ခုကို တွေ့သိဖို့ နမ်းရှုံ့ ပွေ့ဖက်မှ ကာမဂုဏ်မှားယွင်းကျက်စားမှုက လွတ်မယ်။”(ဘုရား၊ စာအုပ်- စာ-၁၅၅)


ယင်းတို့ကား မိုးပြာဂိုဏ်းခေါင်းဆောင် ရှင်ဥာဏ၏ ဟောပြောရေးသားထားချက်များ ဖြစ်ပါသည်။

ရှင်းလင်းချက်

အရှင်ဥာဏသည် “ကာမေသုမိစ္ဆာစာရ” ၌ ကာမေသု ကို “အာရုံငါးပါး” ဟု ဘာသာပြန်၍ အာရုံငါးပါးကို ခံစားပါက ကာမေသုမိစ္တာစာရကံ” ထိုက်သည်ဟု ဆိုထားပါသည်။ ကိုယ့်သားသမိးကို ပွေ့ဖက်နမ်းရှုံ့မူ ကိုပင် ကာမေသုမိစ္ဆာစာရ ဟု ဆိုထားပါသည်။

ကာမေသုမိစ္ဆာစာရ ၌ ကာမေသုသည် အရှင်ဥာဏ ဟောပြောသကဲ့သို့ အာရုံငါးပါးကို ဆိုလိုသည်မဟုတ်ပါ။

သံယုတ်အဌကထာ၌...

ကာမေသူတိ မေထုန သမာစာရေသု။
(သံယုတ်အဌကထာ-၂၊ ၁၃၄။)
(မဇ္ဈီမ ပဏ္ဏာသ အဌကထာ ၁၊ ၂၀၂)
(ပဋိသံ၊ ဌ၊ ၁၊၂၀၄)

"ကာမေသု ဆိုတာ ရာဂအားဖြင့် တူကုန်သော သူနှစ်ယောက်တို့၏ အကျင့်တို့၌ (မေထုန်အကျင့်)"တို့၌ ဟု ဖွင့်ဆိုထားပါသည်။
ထို့ကြောင့် ကာမ ဆိုသည်မှာ မေထုန် အကျင့်ပင်ဖြစ်၍၊ ကာမေသုမိစ္ဆာစာရ ဆိုသည်မှာ မေထုန်အကျင့်(မေထုန ၀တ္ထု)တို့၌
တကယ်ကဲရဲ့ထိုက်စွာ ယုတ်မာသော အကျင့်ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။

မေထုန်အကျင့် ဆိုသည်မှာ မိန်းမ ယောက်ျား နှစ်ဦးသားတို့၏ ပျော်ပါးရွှင်မြူး ကြည်နူးပေါင်းဖက် စပ်ယှက်ခြင်းပင် ဖြစ်ပါသည်။
ယောက်ျား တို့အဖို့ မိမိပိုင် ဇနိးမယားနှင့် ပျော်ပါးခြင်း၊ မိန်းမ တို့ အဖို့ မိမိ၏ကာမပိုင် လင်ယောက်ျားနှင့် ပျော်ပါးခြင်းတို့မှာ
လောကအလိုက် မကဲ့ရဲ့ ထိုက်သဖြင့် ယုတ်မာသည်ဟု မဆိုသာသဖြင့် ကာမေသုမိစ္ဆာစာရ မဖြစ်ပါ၊ မိမိဇနီးမောင်နှံမှ တပါး မသွားလာအပ်သူ အမျိုးသမိးနှစ်ဆယ်နှင့် ပျော်ပါးခြင်းတို့ကား လောက အလိုက်ကဲ့ရဲ့ ထိုက်၍ ယုတ်မာသော အကျင့် ဖြစ်သောကြောင့် ကာမေသုမိစ္ဆာစာရ ကံ ထိုက်ပါသည်။

ဤ၌ မသွားလာထိုက်သော မိန်းမ(၂၀) ဆိုသည်ကို အကျယ်ရေးပြပါမည်

၁-မိခင်စောင့်ထိန်းသောမိန်းမ။
၂-ဘခင်စောင့်ထိန်းသောမိန်းမ။
၃-မိဘနှစ်ပါးစောင့်ထိန်းသောမိန်းမ။
၎-မောင်ကြီးမောင်ငယ်စောင့်ထိန်းသောမိန်းမ။
၅-အစ်မညီမစောင့်ထိန်းသောမိန်းမ။
၆-ဆွေမျိုးစောင့်ထိန်းသောမိန်းမ။
၇-အနွယ်တူစောင့်ထိန်းသောမိန်းမ။
၈-သီတင်းသုံးဖော်စောင့်ထိန်းသောမိန်းမ၊
၉-၀မ်းတွင်းကပင်မှန်း၍စောင့်ရှောက်ထားသောမိန်းမ။(အမိဝမ်းတွင်းကပင် ဖွားမြင်လာလျှင် မယားအဖြစ်လက်ထပ်ယူရန် တောင်းရမ်းသတ်မှတ်ထားသောမိန်းမ)။
၁၀-မင်းဒဏ်ထားသောမိန်းမ(အာဏာပိုင်တို့က ကိုယ်တိုင်သိမ်းပိုက်ရန်ရည်ရွယ်ထားသဖြင့် ဤမိန်းမကိုသွားလာကျူးလွန်လျှင် ဤအပြစ်ဒဏ်သင့်စေ ဟု သတ်မှတ်ထားသောမိန်းမ)
၁၁-ဥစ္စာဖြင့်ဝယ်ယူထားသောမယား။
၁၂-အလိုတူနေထိုင်သောမယား။
၁၃-စည်းစိမ်အတွက်သွားရောက်နေထိုင်သောမယား(ယောက်ျားထံမှ ဆုံ၊ကျည်ပွေ့ စသော အိမ်အသုံးအဆောင်ကိုရ၍ မယားအဖြစ်ခံယူသောမိန်းမ)။
၁၄-ထမီအတွက်နေထိုင်သောမယား(၀တ်ရုံလောက်ကာမျှသော အ၀တ်ထမီကိုရ၍ မယား အဖြစ်ခံယူသောမိန်းမ)။
၁၅-ရေခွက်၌ လက်နှစ်ဘက်ချ၍ ထိမ်းမြားသောမယား
(ဤရေသည်မကွဲမပြားသကဲ့သို့ သင်တို့နှစ်ယောက်မကွဲမပြားစေသတည်းဟု ရေတစ်ခွက်တည်း၌ လက်နှစ်ဘက်ကိုချကာမိဘနှစ်ပါးစုံထိမ်းမြားပေးသောမယား)။

၁၆-ခေါင်းခုကိုချခိုင်း၍ နေစေသောမယား
(ထင်းခွေ၊ ရေခပ်ခြင်းအမှုကို ပြုလုပ်နေသောအမျိုးသမီးကို မယားအဖြစ် သိမ်းပိုက်လို၍ သင်ယနေ့မှစ၍ ထင်းခွေ၊ ရေခပ်ခြင်းအမှုကိုမပြုနဲ့တော့ ဟုပြောဆိုသိမ်းပိုက်ထားသောမယား။
၁၇-ကျွန် မယား(မယားအဖြစ်သိမ်းပိုက်ထားသောကျွန်မ)၊
၁၈-အမှုလုပ်မယား(မယားအဖြစ်သိမ်းပိုက်ထားသော အိမ်စေမိန်းမ)။
၁၉-စစ်အောင်သဖြင့် အောင်လံစိုက်ထောင်၍ ယူဆောင်အပ်သောသုံ့ပန်းမယား။
၂၀-တစ်ခဏမျှပေါင်းဖော်ရသော ပြည့်တန်ဆာ စသောမိန်းမများ ဖြစ်ပါသည်

ထို့ကြောင့် အဌကထာတို့၌..

အသဓမ္မာ ဓိပ္ပါယေန ကာယဒွါရ ပ၀တ္တာ အဂမနီယဌာန ၀ီတိက္ကမစေတနာ ကာမေသုမိစ္ဆာစာရရော။
(သံယုတ်အဌကထာ-၂၊ ၁၃၄။)
(မဇ္ဈီမ ပဏ္ဏာသ အဌကထာ ၁၊ ၂၀၂)
(ပဋိသံ၊ ဌ၊ ၁၊၂၀၄)

"ယုတ်မာသော မသူတော်တို့၏ အလိုသဘောဖြင့် မသွားလာထိုက်သော မိန်းမတို့၌ လွန်ကျူးကြောင်း ကာယကံ စေတနာသည် ကာမေသုမိစ္ဆာစာရ မည်၏။“ ဟု ဖွင့်ဆိုထားပါသည်။

ကာမေသုမိစ္ဆာစာရ၌ ကမ္မပထမြောက်သည့် အဂါၤေလးပါးရွိ၏။

ဤ အဂါၤေလးပါး တို့မှာ..

၁။ မသွားလာထိုက်သော မိန်းမဆိုသည့် အဂမနီယ ၀တ္ထုဖြစ်ခြင်း၊
၂။ ထိုဝတ္ထု၌ မှီဝဲပေါင်းသင်းဆက်ဆံလိုသည့် စိတ်ရှိခြင်း။
၃။ မှီဝဲမူ လုံးလမယောဂ ပြုခြင်း။
၎။ မှီဝဲ ပေါင်းသင်းဆက်ဆံရာ၌ သာယာခြင်း.. တို့ဖြစ်၏။

ဤ အဂါင်္လေးပါးနှင့် မညီလျှင် ကမ္မပထ မမြောက်ဘဲ လေးပါးညီမှသာလျှင် ကမ္မပထ မြောက်၏။“ဟု အဌကထာဆရာတို့
ဖွင့်ဆိုထားပါသည်။ အထက်ဖော်ပြပါ အဌကထာ အဖွင့်တို့ အရ ငါးဖြာအာရုံ ကာမဂုဏ်ခံစားမူ။ ကလေးပွေ့မူ။ မိမိကာမပိုင်ကို မှီဝဲမူတို့သည် ကာမေသုမိစ္ဆာစာရ မထိုက်ကြောင်း ထင်ရှားပါသည်။

သို့ဖြစ်ပါ၍ အရှင်ဥာဏ၏ ကာမေသုမိစ္ဆာစာရကို မှားယွင်းစွာဟောပြောရေးသားချက် များသည် အဓမ္မ၀ါဒ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။


(အရှင်ဝရသာမိကောက်နုတ်တင်ပြသည်)
Read more ...

December 17, 2009

နိုင်ငံတော်ပိုင် အဖွဲစည်းပိုင် ပစ္စည်းခိုးတာဟာ အဒိန္နဒါနကံ မထိုက် သီလမပျက်” ဟူသော ဟောပြောရေးသားချက်ကို ဖြေရှင်းချက်

သျှင်သာမိ - မုံရွာ | 2:20 AM | Be the first to comment!
အရှင်ဥာဏက-“ဂရုဓမ္မသီလထဲက မခိုးရသိက္ခာပုဒ်ရဲ့ အနက်မှာနည်းနည်းပါးပါး ခိုးယူမူ့ မပါဝင်ဘူး။ ဒါသိဖို့လိုတယ်။ ဒါကလေးလောက်တောင် လိုက်နာဖို့ ဖြစ်လာရင် ဒီသီလဟာ လူတွေမလိုက်နာနိုင် ဖြစ်လာမယ်။ လူမလိုက်နာနိုင်တဲ့ ဟာကို ဘုရားကတရားလို့ မလုပ်ဘူး။”(ဘုရား-စာအုပ်-စာ-၁၄၅)

ဒါတွေကို ထောက်ပြီး အသေးအမွားခိုးမူ့ဟာ မဂ်သီလဖြစ်တဲ့ “ဂရုဓမ္မသီလ မဖြစ်ဘူး”။ ဒါဟာ ဘုရားဖွင့်တဲ့ “ဂရုဓမ္မသီလ မခိုးရသိက္ခာပုဒ်ရဲ့ အနက်ပဲ ဒါရဲ့ အနက်ကို ဘုရားဖွင့်တာ ကျန်ပါသေးတယ် ဆက်ဖွင့်ရအောင်။(ဘုရား-စာအုပ်-စာ-၁၄၇)

မဂ်သီလဖြစ်တဲ့ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ်အရမှာ လူပိုင်မဟုတ်တဲ့ ပစ္စည်းအများအပြား ခိုးယူခြင်း မပါဝင်ဘူး။ သူပိုင်မဟုတ်တဲ့ ပစ္စည်းအများအပြားကို ခိုးယူပေမယ့် ခိုးရင် သီလမပျက်ဘူးလို့ ဆိုလိုတယ်။ ဒါကိုတော်တော်ကြီး သိဖို့ကောင်းတယ်။ သူမဟုတ် သူပိုင်ပစ္စည်းခိုးမိပြီး စိတ်ပျက်နေကြသူတွေ အများကြီးရှိတယ်။ ဒါ ဆုတ်ယုတ်ဖို့ပဲ။ (ဘုရား-စာအုပ်-စာ-၁၄၇/၈)

“နိုင်ငံတော်ဆိုတာ နတ်ကြီးတစ်ပါးပါပဲ။ မြို့၊ ရွာဆိုတာတွေလည်း နတ်တွေပဲ၊ သမ၀ါယမအဖွဲ့၊ ရဲအဖွဲ့ မီးသတ်တပ်ဖွဲ့၊ စစ်တပ်အဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ကူးသန်းရောင်းဝယ်ရေးအဖွဲ့၊ ဒါတွေလည်း နတ်တွေပဲ နတ်တွေ နတ်ဖြစ်ကြောင်း ရှင်းရင် သိပ်ရှည်သွားမယ်။ အကျဉ်းချုပ်လိုက်ရင်တော့ လူတစ်ဦးချင်း ပုဂ္ဂလိကပိုင်မဟုတ်တဲ့ ပစ္စည်းတွေဟာ နတ်ပိုင် ပစ္စည်းတွေပဲ။" (ဘုရား-စာအုပ်-စာ-၁၄၉)

"လူနဲ့ နတ်တို့ ဒီလိုခွဲရမှာဖြစ်တယ်။ လူအစုအမှတ်တွေဟာ လူဆိုတဲ့ ဂုဏ်ရည်က ကျော်သွားပြီ။ အဲဒီလူတွေပိုင်တဲ့ ပစ္စည်းဟာ လူပိုင်ပစ္စည်းအဖြစ်ကို ကျော်ပြီး နတ်ပိုင်ပစ္စည်းတွေဖြစ်သွားတယ်။ အဲဒီပစ္စည်းကို ခိုးယူခြင်းဟာ ဒီသီလ သိက္ခာမှာ အခိုးမမြောက်ဘူး၊ သီလမပျက်သေးဘူးပေါ့။"(ဘုရား-စာအုပ်-စာ-၁၅၀)

"နိုင်ငံပစ္စည်း ခိုးတာဟာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး။ ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိက မဟုတ်ဘဲ နိုင်ငံတော်ဖြစ်နေလို့ပဲ။ မြို့ ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့ အစည်းပိုင်၊ သမ၀ါယမပိုင် ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရ သိက္ခာပုဒ်) အရအခိုးမမြောက်ဘူး။(ဘုရား-စာအုပ်-စာ-၁၅၁)

***
ရှင်းလင်းချက်
အရှင်ဥာဏ၏ အထက်ပါ ဟောပြောချက်တို့ကို အဋ္ဌကထာဆရာတို့၏ အလိုနှင့် ညှိနှိုင်းတိုက်ဆိုင် ကြည့်သောအခါ................

သံယုတ်စသော အဌကထာတို့၌

“အဒိန္နဿ အာဒါနံ အဒိန္နဒါနံ။
ပရဿ ဟရဏံ ထေယျံ စောရိကာတိ ၀ုတ္တံ ဟောတိ။"
(သံယုတ် အဌကထာ-၂၊ ၁၃၄။
က္ကုတိဝုတ် အဌကထာ-၂၁၈။
မဇ္ဈိမ ပဏ္ဏာသ အဌကထာ-၁၊ ၂၀၂။
အဘိဓမ္မာ အဌကထာ-၁၊ ၁၄၁)

အရှင်သည် ကိုယ်နုတ်ဖြင့် မပေးအပ်သော သူတပါး ဥစ္စာကို ခိုးယူခြင်းသည် အဒိန္နဒါန မည်၏။
သူတပါး ဥစ္စာကို ဆောင်ခြင်း၊ ခိုးခြင်း၊ ၀ှက်ခြင်း ဟု ဆိုလိုခြင်းဖြစ်၏။“ ဟု ဖွင့်ဆိုထားသောကြောင့်
သူတပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။“ ဟု ဆိုရာ၌ သူတပါးဟူသည်
မိမိမှ တပါး အခြားသော သူတို့ကို သူတပါးဟု ဆိုရပါသည်။

သံယုတ် အဌကထာ စသည်တို့၌-
“အဒိန္န န္တိ ပရပရိဂ္ဂဟိတံ၊ (သံယုတ် အဌကထာ-၂၊ ၁၃၄)
အဒိန္နံ ဆိုတာ သူပါးသိမ်းဆည်းအပ်သော ဥစ္စာတည်းဟု“ ဖွင့်သလို

ကခါင်္ဝိတရဏီ အဌကထာ စာမျက်နှာ ၁၁၅ ၌လည်း
“အဒိန္နံတိ အညဿ မနုဿ ဇာတိကဿ သန္တကံ။”
အဒိန္နံ ဆိုတာ မိမိမှ တစ်ပါး အခြားလူဇာတ် ရှိသူ၏ ဥစ္စာတည်း” ဟု ဖွင့်ဆိုထား၏။

ထို့ကြောင့် မိမိမှ တပါး အခြားသူ တစ်ဥိးတစ်ယောက်ပိုင် ပစ္စည်းဖြစ်စေ၊
နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်စေ၊
ရပ်ကွက်ပိုင် ပစ္စည်း ဖြစ်စေ၊
အဖွဲ့စည်းပိုင် ပစ္စည်းဖြစ်စေ ခိုးယူပါက အဒိန္နဒါနပင် ဖြစ်ပါသည်။

အဒိန္နဒါန ကံ ၌.......
၁။ သူတပါး ဥစ္စာဖြစ်ခြင်း၊
၂။ သူတပါး ဥစ္စာဟုသိခြင်း၊
၃။ ခိုးယူလိုသော စိတ်ရှိခြင်း၊
၎။ ခိုးယူကြောင်းဖြစ်သော ကိုယ်မူ၊ နှုတ်မူ လုံးလ တစ်ခုခုကို ပြုခြင်း၊
၅။ ခိုးယူခြင်း၊
ဟူသော အင်္ဂါ (၅) ချက်နှင့်ပြည့်စုံလျှင် အဒိန္နဒါနကံ မြောက်ပါ၏။
(ခုဒ္ဒက အဌကထာ-၂၁၊
အဘိဓမ္မာ အဌကထာ-၁၊ ၁၄၁)

အရှင်ဥာဏ သည် “ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ“ ဟူ၍ နာမည်တပ်ကာ အဖွဲ့အစည်းကြီး တခု ဖွဲ့ထား၏။
ထိုအဖွဲ့အစည်းကြီး ၏ ခေါင်းဆောင်သည် အရှင်ဥာဏ ဖြစ်နေ၏။
အရှင်ဥာဏသည် သူ၏ အဖွဲ့ဝင် အားလုံးတို့အား
သတ်နည်း အမျိုးမျိုး၊
ခိုးနည်း အမျိုးမျိုး၊
လိမ်ညာနည်း အမျိုးမျိုး၊
မူးယစ်သေစာ သုံးစွဲနည်း အမျိုးမျိုးတို့ကို သင်ကြားပေးနေ၏။

တစ်နည်းပြောရလျှင်......
သီလ သာသနာ၊
သမာဓိ သာသနာ၊
ပညာသာသနာကို ဖျက်စီးနေပါသည်။

နောက်တမျိုးပြောရလျှင်...........
ပရိယတ်သာသနာ၊
ပရိပတ်သာသနာ၊
ပဋိဝေဓ သာသနာ ကို အုပ်စုဖွဲ့၍ ဖျက်စီးနေတယ်ဆိုတဲ့ အကြောင်း
ဗုဒ္ဓဘာသာဝင် သူတော်စင် သူတော်ကောင်း အပေါင်း သိစေရန်
နမူနာမျှ တင်ပြအပ်ပါသည်။
Read more ...

ပစ္စုပ္ပန်ဝါဒီတို့အလို ပါဏာတိပါတကံကို သုံးသပ်ချက်

သျှင်သာမိ - မုံရွာ | 2:12 AM | | Be the first to comment!


ပစ္စုပ္ပန်ဝါဒီတို့၏ အလို။ ။

-လူသိများတာက ဘုရားဟာ သတ်မူက ရှောင်ရမယ် အသက်ကို အားလုံးရဲ့ အသက်အဖြစ် ဟောတာလို့ သိနေကြတယ်။ ဒီလို သိမှားတာကတော့ ဟိန္ဒူနဲ့နွယ်ပြီး သိမိလို့ပါပဲ။ ဟိန္ဒူက မသတ်ရတဲ့ဟာ အားလုံးရဲ့ အသက်ပါပဲ။ သစ်ပင်လောက်ပဲ ကျန်ပါတယ်။(ဘုရား၊ စာ-၁၃၁)

-ဒါတွေကြောင့် ဘုရားရဲ့ မသတ်ရမယ့် အချက်ရဲ့ အနက်ဟာ လူ့အသက်ပဲ ဖြစ်တယ် အခြားအကောင်ပလောင်တွေရဲ့ အသက် မဟုတ်ဘူး။(ဘုရား၊ စာ-၁၃၅)

-ဘုရားရဲ့ သမာတဲ့အပြုအမူထဲက အသက်ရှောင်မှုဆိုတာ လူအသက်သတ်တာ ရှောင်မှုလို့အဓိပ္ပါယ် ထင်ရှားတယ်။
ဘုရားဟောတဲ့ အသက်သတ်ရဲ့ အနက်ဟာ ရောဟိတသကို ဟောချက်လူမှုဆက်ဆံရေး နယ်ပယ်ဟောချက် ဒီအချက်တွေကြောင့် လူ့အသက်ပဲဟောတာဖြစ်တယ် လူကတခြားဖြစ်သူတွေရဲ့
အသက် မဟုတ်ပါဘူး။(ဘုရားစာအုပ်၊စာ-၁၃၀)

ဒါနဲ့စပ်လို့ တွေးစရာရှိပါတယ်။ ဘုရားဟော ဒီလိုမဟုတ်ဘူး ထင်တယ်လို့ပါပဲ။ လူသိများတာက ဘုရားဟာ သတ်မှုကရှောင်ရမယ်
အသက်ကို အားလုံးရဲ့အသက်အဖြစ်ဟောတာလို့ သိနေကြတယ် ဒီလိုသိမှားတာကတော့ ဟိန္ဒူနဲ့နွယ်ပြီး သိမိလို့ပါပဲ။ ဟိန္ဒူက မသတ်ရတဲ့အရာဟာ အားလုံးရဲ့အသက်ပါပဲ။ သစ်ပင်လောက်ပဲ ကျန်ပါတယ်။(ဘုရားစာအုပ်၊စာ-၁၃၁)

-ဒါတွေကြောင့်ဘုရားရဲ့ မသတ်ရမယ့်အချက်ရဲ့အနက်ဟာ လူ့အသက်ပဲဖြစ်တယ်။ အခြား အကောင်ပလောင် တွေရဲ့ အသက် မဟုတ်ဘူး။ (ဘုရား၊ စာ-၁၃၅)

-ဒါကြောင့် ဒီကနေ့ ဗုဒ္ဒဘာသာတွေ အသားစားရှောင်မှုဟာ ဘုရားနဲ့ လားလားမျှမဆိုင်ဘူး။ ဘုရားက အသားစားတာကို ခွင့်ပြုခဲ့တယ် ဒါကိုထောက်ရင် ရှောင်ရှားရမယ့် အသက်ဟာ အသက်အားလုံးမဟုတ်ဘူးလို့ ပေါ်လွင်တယ်။ စားတာဟာ သတ်တာ မဟုတ်ပေမယ့် သတ်တာကို သွယ်ဝိုက်အားပေးတာပဲ။ မသတ်သင့်ဘူးဆိုရင် မစားသင့်ဘူးလို့ ပညတ်တန်ရာတယ်။ မပညတ်တာကို ထောက်ရင် မသတ်ရမယ့် အသက်ဟာ အားလုံးမဟုတ်လို့ပဲ။အဲ့သည့်အချက်တွေအရ ဘုရားရဲ့သတ်မှုက ရှောင်ကြဉ်ရမယ့် အသက်ဟာ လူအသက်ပဲ ဆိုတာထင်ရှားတယ်။(ဘုရား၊ စာ-၁၃၉)

-ဒါကြောင့် ဓမ္မမှာဘုရားရဲ့ မသတ်ကောင်းတဲ့အသက် ဟောချက်ဟာ လူ့အသက်ဖြစ်တယ်။ ဒါကြောင့်ဘုရားဟောတဲ့ သီလမှာပါတဲ့ မသတ်ဘူးဆိုတဲ့ အသက်ဟာ လူ့အသက်ပဲဖြစ်တယ်။ အခြားအကောင်ပလောင်တွေရဲ့ အသက်တွေ အကျုံးမဝင်ပါဘူး။ လူမဟုတ်သူတွေရဲ့ အသက်သတ်ဖြတ်မှုဟာ ဓမ္မအရာမဝင်တဲ့ အမှုသာဖြစ်တယ်။ မပြောပလောက်တဲ့အမှုပေါ့။ သို့မဟုတ် အမှုမမြောက်တဲ့ အမှုဖြစ်တယ်။ (ဘုရား၊ စာ-၁၄၂)

-ဘုရားဟာ ဂရုဓမ္မသီလမှာပါတဲ့ အသက်သတ်ရှောင်ရှားမှု အဓိပ္ပါယ်ကို အလွန်အချက်ကျကျ ဟောပြောသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟောပြောချက်ဟာ လူ လက်လှမ်းမီပါတယ်။ လူမလိုက်နိုင်အောင် မကျယ်ဝန်းပါဘူး။ ပိုးသတ်ဆေး၊ သားစား တိရိစ္ဆာန် ဒါတွေဟာ လူနဲ့ မကင်းတာတွေပဲ။ ဒါတွေကို လူရှောင်ရှားရမယ် ဆိုရင် လူ ကဏ္ဍဟာ ကျဉ်းမြောင်းလာလိမ့်မယ်။ ဒါကြောင့် ဒါတွေဟာ လူလက်လှမ်းမမှီတာတွေပဲ။(ဘုရား၊ စာ-၁၄၂/၁၄၃)


***


ယင်းကောက်နုတ်ချက်များဟာ "ပါဏာတိပါတ" ပုဒ်အရ "မသတ်ရဘူးဆိုတာ လူအသက်ပဲဟောတာဖြစ်တယ်" ဟူသော မိုးပြာ ဂိုဏ်းခေါင်းဆောင် ရှင်ဥာဏ၏ ဟောပြောရေးသားချက်များ ဖြစ်ပါသည်။



ဗုဒ္ဓ၀ါဒီများနှင့် ဗုဒ္ဓ၀ါဒီဝင်များ အမှတ်မမှားအောင် အဲဒီ ဟောပြော ရေးသားချက်တွေကို ဖြေရှင်းပါမည်။

အရှင်ဉာဏ၏ အထက်ပါဟောပြောချက်သည် ပါဏာတိပါတအရ မသတ်ရဟူသည် လူ့အသက်ပင် ဖြစ်ကြောင်း ပြောဆိုထားသော ဟောပြောချက် ဖြစ်နေပါသည်။

ထေရဝါဒပိဋကတ် ကျမ်းစာတို့တွင် ပါဏာတိပါတအရ မသတ်ရဟူသည် လူသာမက ပိုးရွ၊ခြပုံး စသောသက်ရှိသတ္တဝါအားလုံးကို ဟောထားပါသည်။ ထေရဝါဒ ပိဋကတ်ကျမ်းစာတို့တွင် ပါဏာတိပါတဟူသော ပုဒ်ကို -

"ပါဏဿ အတိပါတော ပါဏာတိပါတော၊ ပါဏဝဓေါ ပါဏဃာတောတိဝုတ္တံ ဟောတိ ၊ ပါဏောတိစေတ္ထ
ဝေါဟာရတော သတ္တော ၊ ပရမတ္ထတော ဇီဝိတိန္ဒြိယံ ။

(သံယုတ်အဌကထာ၂၊၁၃၃။
မဇ္ဇျိမပဏ္ဏာသအဌကထာ၊၁၊၂၀၁။
ပဋိသံ၊အဌကထာ၊၁၊၂၀၃။)

"သတ္တဝါ ဇီဝိတိနြေ္ဒကိုလျင်စွာချခြင်းကြောင့် ပါဏာတိပါတ ဟုခေါ်၏။ ပါဏဟူသည် ဝေါဟာရ ပညတ်အားဖြင့် သတ္တဝါကိုရ၏။ ပရမတ်အားဖြင့် ရုပ်ဇီဝိတ၊နာမ်ဇီဝိတ နှစ်ပါးကိုရ၏။ "ဟုဖွင့်ဆိုကြ၏။

သို့အတွက်ကြောင့် ပါဏာတိပါတအရ သူတပါးအသက် မသတ်ရဟုဆိုရာ၌ လူ၏ အသက်သာမက အသက်ရှိ သတ္တ၀ါများ ဖြစ်ကြသော ပိုးရွ၊ ခြပုံး၊ ကြမ်းပိုး၊ သန်းဥ၊ ခရု၊ ကျွဲ၊ နွားတိရိစ္ဆာန် စသည်တို့၏ အသက်ကိုလည်း မသတ်ရဟု မှတ်ယူရပါမည်။
သတ်လျှင် ပါဏာတိပါတ ဖြစ်ပါသည်။

ဤနေရာ၌ ပါဏာတိပါတကံ မြောက်သောတရားများကို မြန်မာလိုသာ ရေးသား ထုတ်ပြပါမည်။

ပါဏာတိပါတကံ ၌
၁။ အသက်ရှိသတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟူသော အမှတ်လည်းရှိခြင်း။
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၎။ သတ်အံသော လုံးလ ပယောဂရှိခြင်း၊
၅။ လုံးလပယောဂကြောင့် သေခြင်း ဟူသော အင်္ဂါ (၅)ပါးနှင့် ပြည့်စုံလျှင်
ပါဏာတိပါတကံထိုက်၏။

သို့ဖြစ်ပါ၍ အရှင်ဥာဏ၏ "ပါဏာတိပါတ အရ မသတ်ရဘူးဆိုတာ လူအသက်ပဲ ဟောတာဖြစ်တယ်" ဟူသော ဟောပြောရေးသားချက် များသည် အဓမ္မ၀ါဒ တရားများသာ ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်များ သိစေရန် ဖော်ပြအပ်ပါသည်။


(အရှင်ဝရသာမိ ကောက်နုတ်ဖော်ပြသည်။)


Read more ...

December 5, 2009

မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့ နှင့် သူတို့၏ ထုတ်ဝေပြီးသော စာအုပ်များ

သျှင်သာမိ - မုံရွာ | 9:30 PM | Be the first to comment!

မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့
(၁) ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။

(၂) ဘုရားရဲ့ နတ်အရကောက်ဟာ မိုးပေါ်ကသူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်တယ်။

(၃) ဒီလောက်တန်ဖိုးများ ဒါနကြီးအတွက် ဘုရားဟောတဲ့ တစ်ဂါထာတည်းမှာ နတ်ပြည်လည်း မပါဘူး။ လူ့ ပြည်လည်း မပါဘူး။ ငရဲလည်း မပါဘူး။ နောင်ဘ၀လည်း မပါဘူး။ ဒါနအကျိုးကို ဘုရားက နတ်ပြည်လို့ မဟောဘူး။

(၄) ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘ၀မဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။

(၅) နတ်ပြည်ရဲ့ တည်ရာက မြင်းမိုရ်တောင်ပဲ။ သည်တောင်ဟာ ကမ္ဘာ့ပထ၀ီမှာ တကယ်မရှိတဲ့တောင်ပဲ။ ဒါ့ကြောင့် သည်လောက် ယုတ္တိမဲ့တဲ့အရာလို့ပဲ ပြောပါရစေ။

(၆) ဘယ်တရားမှ မရချင်နေ။ ရှေ့ဘ၀၊ နောက်ဘ၀ကိုတော့ မတွေးရဘူး။ ရှေးဘ၀၊ နောက်ဘ၀ တွေးတဲ့သူဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအရာမှာ ရှိတယ်။

(၇) ဆဋ္ဌသံဂါယနာတင်ပွဲဟာ ဦးနုနဲ့ ဖဆပလအဖွဲ့တို့၊ ဦးဝိစိတ္တတို့၊ မဟာစည်တို့၊ ညောင်ရမ်းတို့ ဂုဏ်သိက္ခာတွေရတာကလွဲလို့ တခြားအကျိုးကတော့ မပြောလောက်ပဲ ဖြစ်တယ်။

(၈) အရဟံဆိုပါတော့။ အေး သည်စာတွေက သိပ်မြင့်တယ်။ တို့လူတွေနဲ့ မတန်ဘူး။ မတန်မရာတွေကို တို့လူတွေက ရွတ်ဆိုနေမိကြတာပဲ။ သည်စာတွေဟာ စိတ္တဇအပြစ်ဖြစ်တယ်။ ဘုရားကို အထင်ရောက်သွားတော့ စိတ္တဇအပြစ်ဖြစ်စေတယ်။ အပြစ်ကကြီးတယ်။ ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလို့ ဖြစ်တယ်။

(၉) တရားဓမ္မဆွေးနွေးတဲ့အခါ ပရမတ်တွေအကြောင်း မပြောစေချင်ပါဘူး။ ပရမတ်တွေဟာ တရားမဟုတ်လို့ပါပဲ။

(၁၀) သည်လိုဆိုရင် သည်စာသင်တိုက်ကြီးတွေက တလွဲဖြစ်ထွန်းနေတာမို့ ဗုဒ္ဓဘာသာတရားဓမ္မအရ လိုလားစရာမဟုတ်ဘူး။

(၁၁) လူသားလျှောက်ရမည့်လမ်းဟူသည် ဘုရားသခင်၏ အစေအပါးအဖြစ် ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိကိုယ်ကို မိမိကပင် ဘုရားသခင်အဖြစ် ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။

(၁၂) လေးသင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည် မှားယွင်းသောကြောင့် မိစ္ဆာသမ္မာသမ္ဗုဒ္ဓဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန်ဘ၀တစ်ခုတည်း၌ ဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဘ၀သံသရာဟူသည်မရှိ။ ပစ္စုပ္ပန်ဘ၀တစ်ခုသာ ရှိသည်။

(၁၃) ဂေါတမဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာရှိသေးသည်။

(၁၄) ဗုဒ္ဓသည် မာရ်နတ်၏ သမီး နတ်သမီးသုံးယောက်နှင့် ပျော်ပါးစံစားရန် စိတ်ကူးမိကြောင်း ဖော်ပြထားသဖြင့် ကိလေသာ မကုန်သေးဟု ဆိုရမည်။

(၁၅) ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တ၀ါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။

(၁၆) ပုဂ္ဂလိကတစ်ဦးတည်းပိုင် ပစ္စည်းကို ခိုးယူလုယက်ခြင်းသည် အပြစ်ရှိသည်။ အများပိုင်ပစ္စည်းကို ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများမှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။

(၁၇) ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။

(၁၈) မိမိတစ်ဦးတစ်ယောက် အကျိုးအတွက် လိမ်လည်ပြောလျှင် အကုသိုလ်ဖြစ်သည်။ အများကောင်းကျိုးအတွက် လိမ်လည်လျှင် အပြစ်မရှိ။

မိုးပြာဂိုဏ်းမှ တရားမ၀င် ထုတ်ဝေဖြန့်ချိထားသည့် စာအုပ်ပေါင်းမှာ ၆၀ ကျော်ရှိပြီး ၎င်းတို့မှ အချို့မှာ -

၁။ ၀ိမုတ္တိဒေသနာ ခေါ် လွတ်လပ်ရေးဒေသနာ (စာမျက်နှာ ၁၁၀၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၂။ ဘုရား(စာမျက်နှာ ၂၂၈)၊

၃။ ဘာသာတရားများအကြောင်း ယေဘူယျနှိုင်းယှဉ်ချက် (စာမျက်နှာ ၅)၊

၎။ ဓမ္မပူဇာ (စာမျက်နှာ ၂၄၇)၊

၅။ စိတ်စိတ်ဖြာဖြာ ဥပါဒါနက္ခန္ဓာ (စာမျက်နှာ ၁၆၃)၊

၆။ ဓမ္မ (စာမျက်နှာ ၃၉၀၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ်စာအုပ်)၊

၇။ မိုးပြာကျောင်းမှ ပေးစာများ-၁(မိုးပေါက်ကျချောင်) (စာမျက်နှာ ၄၄၉၊ ထုတ်ဝေနှစ် ၁၃၅၂)၊

၈။ ဘာသာတရားကပေးသော ဆုလာဘ်
(စာမျက်နှာ ၄၆၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ် စာအုပ်)၊

၉။ တဏှာရှင်းတမ်း (စာမျက်နှာ ၄၀၀၊ ထုတ်ဝေနှစ် ၁၉၉၆)၊

၁၀။ ဓမ္မကထာ (စာမျက်နှာ ၂၃၂၊ ထုတ်ဝေနှစ် ၂၀၀၅)၊

၁၁။ ဓမ္မ၀ိဟာရီငွေရတုပူဇာ (စာမျက်နှာ ၂၂၄၊ ထုတ်ဝေနှစ် ၂၀၀၈၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ်)

၁၂။ လွတ်လပ်တဲ့သူ (စာမျက်နှာ ၃၉၉၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၁၃။ ဉာဏကထာ (ပထမအုပ်) (စာမျက်နှာ ၃၅၆)၊

၁၄။ မဟာပေါဋ္ဌက (ပထမတွဲ) (စာမျက်နှာ ၃၉၄/၂၀၄/၃၀၂= စုစုပေါင်း = ၁၁၀၀)၊

၁၅။ အရိယဝေါဟာရ ဉေယျဓမ္မတ္ထကထာ (စာမျက်နှာ ၁၁၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၁၆။ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား (စာမျက်နှာ ၉၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊

၁၇။ ဗုဒ္ဓဘုရားသာသနာနှင့်မြန်မာပြည် (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၁၈။ အရိယသစ္စကထာ (စာမျက်နှာ ၂၇၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊

၁၉။ ဥတ္တရိမနုဿဓမ္မဒဿစာစဉ်-၁ (စာမျက်နှာ ၇၀၊ ထုတ်ဝေနှစ် ၁၃၆၄၊ သက္ကာယမိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့-မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိ-ဗုဒ္ဓဘုရားရဲ့ လောကအမြင်မိတ်ဆက် - သုံးမျိုးစု)၊

၂၀။ ဥတ္တရိမနုဿဓမ္မဒဿန စာစဉ်-၂ (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဗုဒ္ဓဘာသာက မယူသော မိစ္ဆာဒိဋ္ဌိများ- ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်-ရှေ့ဘ၀နောက်ဘ၀- ဦးနှောက်၏ ချွတ်ယွင်းဖောက်ပြန်မှုများ - လေးမျိုးစု)၊

၂၁။ သဒ္ဓမ္မသုံးဖြာ (ပထမတွဲ) (စာမျက်နှာ ၂၀၆၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၂။ သဒ္ဓမ္မသုံးဖြာ (ဒုတိယတွဲ) (စာမျက်နှာ ၂၀၇ မှ ၃၄၇၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၃။ ငြိမ်းချမ်းရေးသစ္စာ ဓမ္မစကြာဒေသနာ (စာမျက်နှာ ၃၉၆၊ ထုတ်ဝေနှစ် ၁၃၅၆)၊

၂၄။ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာလမ်းညွှန် (စာမျက်နှာ ၁၂၉၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၅။ တောစကားတောင်စကား (စာမျက်နှာ ၃၉)၊

၂၆။ အရိယသစ္စဓမ္မပေတံ (စာမျက်နှာ ၂၅၅၊ ထုတ်ဝေနှစ် ၂၀၀၇)၊

၂၇။ သက္ကာယဒိဋ္ဌိရှင်းတမ်း (စာမျက်နှာ ၂၈၊ ထုတ်ဝေနှစ် ၂၀၀၈)၊

၂၈။ ဘာသာတရားဆိုတာ ဘာလဲနှင့် လွန်ကျူးမှုကို ဘယ်လိုနားလည်ရမလဲ (စာမျက်နှာ ၇၂၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၉။ နိဗ္ဗာန်နှင့် သက္ကာယမိစ္ဆာဒိဋ္ဌိ (စာမျက်နှာ ၈၆၊ ထုတ်ဝေနှစ် ၂၀၀၀)၊

၃၀။ ဓမ္မစကြာညွှန်ပြချက် (စာမျက်နှာ ၁၇၂၊ ထုတ်ဝေနှစ် ၂၀၀၃)၊

၃၁။ လူသားလျှောက်ရမည့်လမ်း (စာမျက်နှာ ၆၀)၊

၃၂။ လူသားမှန်သမျှ ကျင့်ပွားဖွယ်ရာ ပုညကြိယာဝတ္ထုဆယ်ဖြာ (စာမျက်နှာ ၁၂၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၃၃။ ဓမ္မ၀ိဟာရာရာမမိုးပြာခြံမှ ပေးစာနှစ်စောင်တွဲ (စာမျက်နှာ ၃၂၊ ထုတ်ဝေနှစ် ၂၀၀၇-၂၀၀၈)၊

၃၄။ ဓမ္မ၀ိဟာရီသို့ ဦးခိုက်ခြင်း (စာမျက်နှာ ၁၆)၊

၃၅။ မိလိန္ဒပဉှာဝတ္ထုဘယ်လဲ (စာမျက်နှာ ၃၁၂၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊

၃၆။ ၀ိသုဒ္ဓိမဂ်ဘယ်လဲ (စာမျက်နှာ ၄၀၈၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊

၃၇။ နိဗ္ဗာနဒီပနီဘယ်လဲ (စာမျက်နှာ ၂၃၀၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)တို့ ဖြစ်ပါသည်။

ဦးဉာဏ၏ စာရေးသားသည့် အမည်ခွဲများမှာ

- သျှင်မိုးပြာ (ခ)ရှင်မိုးပြာ
(ခ) အရှင်ဉာဏ (ခ) ရှင်ဉာဏ (ခ)ဉာဏ
(ခ)ဓမ္မ၀ိဟာရီ (ခ) ဓမ္မ၀ိဟာရီအရှင်ဉာဏ (ဂ) ဓမ္မ၀ိဟာရီရှင်ဉာဏ (ခ) ဓမ္မ၀ိဟာရီဉာဏ (ခ) ဓမ္မ၀ိဟာရီ ရှင်မိုးပြာ (ခ)
ဘကြီးဝိဟာရီ ( www.forums.myanmarcommunity.com )
(ခ) အနုပါဒါ (ခ) ဗောဓိဉာဏ (ခ) မောင်ဉာဏ်ထက် (ခ) ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာပုရုသျှ (ဘုရား)
(ခ) ခေါင်းဆောင်ကြီးတို့ ဖြစ်ကြပါသည်။
Read more ...

သာသနာကို ဖျက်စီးမည့် အဓမ္မ၀ါဒီတို့၏ လှုပ်ရှားပုံနှင့် ၄င်းတို့၏ အမည်နာမများ

သျှင်သာမိ - မုံရွာ | 9:20 PM | Be the first to comment!
ပစ္စုပ္ပန်ကမ္မ၀ါဒီ တို့၏ လှုပ်ရှားပုံ နှင့် ပစ္စုပ္ပန်ကမ္မ၀ါဒီ ဘက်မှ နာမည်ကြီး ပုဂ္ဂိုလ် များကို သိစေရန် အလို့ငှာ တင်ပြပါအုံးမည်
ပစ္စုပ္ပန်ကမ္မ၀ါဒီ အဖွဲ့သည် ဗုဒ္ဓဘာသာစာပေနှင့် အသင့်အတင့် ရင်းနှီး ကျွမ်းဝင်သူများ ဖြစ်လျှင်
ဗုဒ္ဓစာပေ နှင့် မဆန့်ကျင်အောင် ဟောပြော၍ သိမ်းသွင်းကာ
ဗုဒ္ဓစာပေ ကို လုံးဝ မသိသူဖြစ်လျှင် ဗုဒ္ဓကို လုံးဝ ဆန့်ကျင်သွားအောင်
ဟောပြော၍ သိမ်းသွင်းကြသည်ဟု သိရပါသည်
ထိုအဖွဲ၏ လှုပ်ရှားပုံမှာ သိုသိပ်ကြပါသည်။
မြန်မာနိုင်ငံတွင် ပြန့်ပွါးနေသော မြို့ကြိးများမှာ

ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးညင်း၊ မိုးကောင်း
ပဲခူတိုင်း တောင်ငူ၊ ပြည် စသည်တို့တွင် အများအပြား ပြန့်နှံ့ နေပါသည်

ပစ္စုပ္ပန်ကမ္မ၀ါဒီ ဘက် အဓိက ဂိုဏ်းခေါင်းဆောင်

၁။ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာပုရုသျှ (ဘုရား)၊
ခေါင်ဆောင်ကြိး (ခ)သျှင်မိုးပြာ (ခ) ရှင်မိုးပြာ (ခ) အရှင်ဥာဏ (ခ) ရှင်ဥာဏ (ခ) ဥာဏ (ခ) ဓမ္မ၀ိဟာရီ (ခ) ဓမ္မ၀ိဟာရီ အရှင်ဥာဏ
(ခ) ဓမ္မ၀ိဟာရီ ရှင်ဥာဏ (ခ) ဓမ္မ၀ိဟာရီ ဥာဏ (ခ) ဓမ္မ၀ိဟာရီ ရှင်မိုးပြာ (ခ) ဘကြိး ၀ိဟာရီ (www.forums.myanmarcommunity.com)
(ခ) အနုပါဒါ (ခ) ဗောဓိဥာဏ (ခ)မောင်ဥာဏ်ထက်

၎င်း အမည်များသည် ဂိုဏ်းခေါင်းဆောင်ကြီး တဥိးတည်းသာ ဖြစ်ပါသည်။

-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။


၂။ ဓမ္မ၀ိဟာရီ ရှင်ဂုဏ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

၃။ ဓမ္မ၀ိဟာရီ ရှင်ဇဋိလ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

၎။ ဓမ္မ၀ိဟာရီ ရှင်နာဂ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

၅။ဓမ္မ၀ိဟာရီ ဒေါ်သီလနန္ဒီ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

(ဤငါးဥိးသား တို့သည် မူလဖြစ်သူများ၊ ဂိုဏ်းထောင်သူများ ဖြစ်ကြပါသည်)

၁။အရှင်ဥာဏိန္ဒာလင်္ကာရ (သင်္ကန်းဝတ်ဘက်က ဒုတိယခေါင်းဆောင်ကြီး)
စည်ပင်ဂိုဏ်းအုပ်ကျောင်း၊ တောင်ငူမြို့၊ ပဲခူးတိုင်း။(အနောက်ခြမ်း)
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။

၂။အရှင်ဝိစိတ္တသာရာဘိဝံသ ((သင်္ကန်းဝတ်ဘက်က တတိယခေါင်းဆောင်ကြီး)
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။


ဦးခေမိန္ဒ(မိုးညှင်းမြို့သတိပဌာန်ရိပ်သာဆရာတော်)နှင့် ဦးဝိစိတ္တသာရာဘိဝံသ(မြစ်ကြီးနားမြို့ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော်) တို့၏ဝါဒကို အဓမ္မဝါဒဟု ဝိနိစ္ဆယချမှတ်တော်မူသည်။(၂၀၀၈)


ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ က ရွေးချယ်ဖွဲ့စည်းအပ်သော
နိုင်ငံတော် သီခြားဝိနည်းဓိုလ် အဖွဲ့အမှတ် (၁၆/၂၀၀၈)၏ ဆုံးဖြတ်ချက်
ဦးဝိစိတ္တသာရာဘိဝံသ
မြစ်ကြီးနားမြို့၊ ကျောင်းထိုင်ဘုန်းကြိး သင်တန်းကျောင်း၊
ဦးဝိစိတ္တသာရာဘိဝံသ ၏(မိုးပြာဝါဒနှင့်နွယ်သော)ဝါဒကို အဓမ္မဝါဒဟု ဝိနိစ္ဆယချမှတ်တော်မူသည်။

ဆုံးဖြတ်ချက် ချမှတ်သည့်နေ့- ၁၃၇၀- ပြည့်နှစ်၊ တပိုတွဲ လပြည့်ကျော် ၈-ရက်(17.2.2009) အင်္ဂါနေ့

ယခုအခါ ထို ဆရာတော်ကို ဖမ်းဝရမ်းထုတ်ထားပါသည်
ထွက်ပြေးတိန်းရှောင်နေသည် ဟု သိရပါသည်

၃။အရှင်ကုမာရာလင်္ကာရ (kumara@rollerboys.com)
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။


သင်္ကန်းဝတ်ဘက်မှ ၁၅ ပါးရှိသည့်အနက် အဓိက အကျဆုံးပုဂ္ဂိုလ်များသာ ဖော်ပြလိုက်ပါသည်။


၁။ ဆရာဦးစိုးအောင်
(ဓမ္မနာယက+စာစုဂေါပက+ လူပုဂ္ဂိုလ် ဘက်က ပထမခေါင်းဆောင်ကြီး၊
အမှတ် ၈၅၊ ၃-လမ်း၊ မာလာမြိုင်၊ ၁၆-ရပ်ကွက်၊ အုပ်ကျင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။


၂။ဆရာကြီးဦးရန်အောင်
(ဓမ္မဆရာ+စာစုဂေါပက+ လူပုဂ္ဂိုလ် ဘက်က ဒုတိယခေါင်းဆောင်ကြီး၊
အမှတ် ၂၈၄၊ ဇင်္ဂမလမ်း၊ ၆-ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့၊
(ဖုံးနံပါတ်- ၀၁-၅၄၀၉၆၀၊ 09-80-25444)
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။

၃။ ဦးမြင့်ဝင်းမောင် (ရှင်မိုးပြာ စာအုပ်များကို ထုတ်ဝေရန် ပုံနှိပ်သည့် မူပိုင်စာပုံနှိပ်တိုက်)
အေဇက်စာပေအိမ်၊ ၃၄-လမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။

၎။ဦးရင်စိန် (ဓမ္မဆရာ) (အင်းဝဘဏ်လီမီတက်)
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
(အရိယ ဘဏ္ဍာငွေ၊ ငွေစာရင်းအမှတ်-၈၂-၂၃၇၀၉၊ အင်းဝဘဏ်လီမီတက်၊ ရန်ကုန်မြို့။
အမှတ် - ၅၅၄/၅၅၆၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြီု့။ ပေးစာအမှတ်(၅/၂၀၀၈။ ၁၃၇၀- ခုနှစ်၊
ကဆုန်လပြည့်နေ့၊ ထုတ်ဝေသည့် စာစောင်ငယ်မှာ ကြည့်)


ထိုပုဂ္ဂိုလ်များသည် မိုးပြာဂိုဏ်း ၂၅-နှစ်ပြည့် ငွေရတုပူဇာ စာအုပ်ထဲမှ
မိုးပြာဂိုဏ်း၏ မြောက်မြားစွာသော ပုဂ္ဂိုလ် များထဲမှ ထုတ်နုတ် တင်ပြအပ်ပါသည်။

Read more ...

December 2, 2009

မိုးပြာဂိုဏ်းကိုတည်ထောင်သူ ရှင်ဥာဏ၏သမိုင်းနောက်ခံ

သျှင်သာမိ - မုံရွာ | 12:17 AM | Be the first to comment!



လွန်ခဲ့သည့်ကာလ (၂၅) နှစ်က ရှင်ဥာဏ(ခ) ရှင်မိုးပြာသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။
ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။
ထိုအကြောင်းကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က
စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။
ရှင်ဥာဏ နှင့် ရှင်ဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။
တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက ထံသို့ သူတို့ကပင် စောဒနာ
တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန်
တောင်းဆိုခဲ့ကြသည်။ နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင် သုံးနှစ်ကြခဲ့ပါသည်။
နိုင်ငံတော် သံဃနာယကဆရာတော် ဘဒ္ဒန္တမာနိတသီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ သိရသည်မှာ
(၁၉၈၃-၁၉၈၆ ခုနှစ်က ၀ိနည်းဓမ္မကံ (၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက ပြတ်ပြတ်သားသား အရေးယူဖို့
စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ်မျှဖြင့်
ပြီးသွားရခြင်းပင်) ဟူ၍ ဖြစ်ပါသည်။
၁၉၉၁-၁၉၉၈ ခုနှစ်တွင် ထေရ၀ါဒအတွင်းမှ ဂိုဏ်းသီးသန့်ထောင်မူဖြင့် ထောင် (၁၀) နှစ်ကျခဲ့ပါသည်။
ထောင်နှစ်ကျခံပြီး ထွက်လာပြီးနောက်တွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ အမည်ခံလျက်ဂိုဏ်းထူးထောင်ပြီး
မိလိန္ဒပဥှာဝတ္တု စသည်တို့ကိုပါ ပြန်လည်ကူးယူဖြန့်ဝေကြောင်းတွေ့ရပြီး (၂၀၀၂-၂၀၀၈)တို့မှာ
အကြီးအကျယ် အင်အားကြီးဂိုဏ်းဖြစ်လာကြောင်း တွေ့ရပါသည်။

၁၉၉၁ ခုနှစ်တွင် ထေရ၀ါဒသာသနာတော်ကြီး စော်ကားခံခဲ့ကြရပြီးဖြစ်ပါသည်။

တစ်ဖန် ၁၉၉၈ ခုနှစ်မှ စ၍ ယခုတိုင်အောင် ဆက်တိုက်ပင် ထေရ၀ါဒသာသနာတော်ကြီးကို ဖျက်စီးခံနေရပါပြီ။

ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ အမည်ခံဂိုဏ်းကြိးသည် ပညာရှင်အင်အား ဘာသာဝင်အင်အား ငွေကြေးအင်အား
ပုံနှိပ်ထုတ်ဝေဖြန့်ချီအင်အား အခိုင်မာဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီးဖြစ်ပါသည်။
ငွေရတု ပူဇာ စာအုပ်ကို လေ့လာကြည့်လျှင် အလွန်ပင် ထင်ရှားမည်ဖြစ်ပါသည်။
ပညာတတ် အမည်ခံ အရှင်ဥာဏိန္ဒာလင်္ကာရ အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) စသူများ၊
ဥိးစိုးအောင် (သ.စ.အ- ဓမ္မာစရိယ၊သုတေသန) စသည်များ အပြင် စာရေးတတ်သူ ဟောပြောတတ်သူ
အများအပြားရှိနေကြပါသည်။
အခြေခံသင်တန်းများရော ဓမ္မ၀ိဟာရီ သင်တန်းများပါရှိကြကြောင်း သိရပါသည်။
ဓမ္မ၀ိဟာရီ သင်တန်းတို့တွင် အာသ၀က္ခယ၀ိဟာရီစာတမ်းပြုစုရကြောင်းလဲ သိရပါသည်။

ဓမ္မဆရာ ဥိးရန်အောင်၏ ဟောပြောချက်များအရ သြဠာရိကသုခုမ ဆေးပညာရှင်များအုပ်စုလိုက်ကြီးပင်
ထိုပစ္စုပ္ပန်ကမ္မ၀ါဒဂိုဏ်းသားများဖြစ်သွားကြောင်း ကြားသိရပါသည်။

အင်းဝဘဏ်သူဌေး ဦးရင်စိန် တို့လို သူဌေးများကြောင့်လည်းကောင်း၊
ဦးဝင်းမြင့်မောင် လို ပုံနှိပ်တိုက်ကျွမ်းကျင်သူများကြောင့်လည်းကောင်း၊

အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) လို သိန်းပေါင်း ထောင်သောင်းချီချမ်းသာသူများကြောင့်လည်းကောင်း၊
စာအုပ်များ အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။

အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) သည် စာအုပ်များစွာကို ကိုယ်တိုင်ရေးပြီး
ကိုယ်တိုင်ထုတ်ဝေလျက် ကိုယ်တိုင်ပင် နေရာများစွာသို့ လိုက်လံသွားလာကာ ပေးဝေစည်းရုံးနေကြောင်း
သိရပါသည်။

ထိုင်နိုင်ငံတွင် ပညာသင်ကျောင်းသား အဖြစ်ဖြင့်နေထိုင်လျက် ၀ါဒဖြန့်နေသူ အရှင်ကုမာရာလင်္ကာရ လို(kumara@rollerboys.com) နိုင်ငံတကာ
ဆက်သွယ်ရေးကွန်ယက်များကို ဖန်တီးနိုင်ခြင်းကြောင့်လည်းကောင်း၊
ဓမ္မ၀ီဟာရီ ရှင်ဥာဏ ကိုယ်တိုင်ပင် ၀ိဟာရီ အမည်ခံလျက် အင်တာနက် အသုံးပြု
ဟောပြောချက် ဆွေးနွေးချက်တို့ကိုပြုလုပ်နေခြင်းကြောင့်လည်းကောင်း၊(www.forums.myanmarcommunity.com)
ထိုင်းနိုင်ငံတွင်လည်း တစ်ဘ၀သာရှိသည့် ပဋိစ္စသမုပ္ပါဒ်ဝါဒီ ရှင်ဗုဒ္ဓဒတ္ထ လို ထိုင်းဘုန်းကြီးများ
ရှိနေခြင်းကြောင့်လည်းကောင်း၊
အင်တာနက်အားဖြစ်လည်း ကမ္ဘာသို့တိုင်အောင် ပေါက်ရောက်ကျယ်ပြန့်လျက်ရှိနေကြောင်း
သိရပါသည်။

စင်္ကာပူဗုဒ္ဓဘာသာလူငယ်များ အကြားတွင် အလွန်ရေပန်းစားသော ဂိုဏ်းဖြစ်၍ စင်္ကာပူနေ မြန်မာူဗုဒ္ဓဘာသာလူက
မှာယူသဖြင့် ပေးပို့ရောင်းချရသည့် စာအုပ်များ များပြားကြောင်းလည်း သိရပါသည်။

အရိယဘဏ္ဍာရန်ပုံငွေကဲ့သို့သော ရန်ပုံငွေများလည်း အလှူခံလေ့ရှိခြင်းကြောင့် အလွန်တိုးတက် ကြီးထွားနေကြောင်း
သိရပါသည်။ ထို့ပြင် လစဉ်ထုတ် ပေးစာများကို ရောင်းချသည့် သွင်းငွေများနှင့် အခွန်လွတ်ထုတ်ဝေထားသည့်
စာအုပ်ကြီးတို့ကို တအုပ်လျင် (၃၀၀၀) ကျပ်နုံးဖြင့် ရောင်းချသည့်အတွက် အသင်းဝင်များထံမှ
ရောင်းရငွေများကြောင့် အလွန်ပင် တိုးတက်စည်ကားနေကြောင်းလည်း သိရပါသည်။
မိုးပြာဂိုဏ်းမှ ထုတ်ဝေဖြန့်ချီနေသော စာအုပ်များမှာ သိရသလောက်တော့
လေးဆယ်ကျော် ရှိပါသည်။ နောင်သီးသန့် တင်ပြပေးပါမည်။


ဆိုခဲ့အပ်ပြီးသော အဓမ္မ၀ါဒီဂိုဏ်းကြီးသည် ၂၅ နှစ်သက်တမ်း ကာလအတွင်း အကြီးအကျယ်
ထွန်းကားပြန့်ပွားနေပါသည်။

ဦးဇင်း မမွေးခင်ကတည်းက တည်ထောင်လာတဲ့ အဓမ္မ၀ါဒီဂိုဏ်းကြီး
၂၇ နှစ်ထဲကို ၀င်ရောက်လာပါပြီ။

ထေရ၀ါဒ ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီးအား အတိုက်စားဆုံး အစော်ကားဆုံး အဖျက်စီးဆုံး
အန္တရာယ်ကြီး ဖြစ်နေပါသဖြင့် ပြန့်ပွါးမလာအောင်
ထေရ၀ါဒ သာသာသနာတော်အတွက် ကာကွယ်နိုင်ရန် ဗုဒ္ဓဘာသာဝင်
သူတော်စင် သူတော်ကောင်းတို့အား တင်ပြအပ်ပါသည်။

Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories