January 1, 2010

ထေရ၀ါဒဗုဒ္ဓဘာသာ တို့သည် ကိုးကွယ်နေကြသည့် ဘုရားသည် ဘုရားမှား ဘုရားတု ဖြစ်သည်ဟု စော်ကားရေးသားထားသောမိုးပြာဂိုဏ်း၏ ဟောပြောချက်များ

သျှင်သာမိ - မုံရွာ | 11:09 PM |

ထေရ၀ါဒ ဗုဒ္ဓဘာသာ တို့သည် ကိုးကွယ်နေကြသည့် ဘုရားသည် ဘုရားမှား ဘုရားတု ဖြစ်နေသောကြောင့်ယင်းဘုရားကို ကိုးကွယ်နေကြသော ထေရ၀ါဒီတို့သည် တရားမရနိုင်သူများ ဖြစ်ကြသည် စသည်ဖြင့် ရေးသား ဖြန့်ဝေထားချက်နှင့် ပတ်သက်၍ တင်ပြချက်

ရှင်ဥာဏ။ ။ -“တေ,ဇ,သု,နေ,မ,ဘူ,စံ,နာ,၀ိ,ဝေ” ဆိုတဲ့ ဇာတ်ကြီးတွေနဲ့ ဇာတ်တွေထဲမှာ ဘုရားလောင်းဇာတ်လိုက်တွေ သိကြပါတယ် ဘုရား။ အဲဒါတွေကို သူတို့ တကယ် သိနိုင်ကြပါ့မလား။

တပည့်။ ။ကိုယ့်ရှေ့ လူကပြောတော့ သိရတာပေါ့ဘုရား။(ပ)

ကြားနာ ဖတ်ရှူသိမှ ဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်လို့ သိရင် ဘုရားတွေ
အဲဒီလောက်ဘ၀တွေ ဖြစ်ရတယ်လို့ မသိပေဘူးလား။ ဘုရားက ရှေ့ ဘ၀ နောက်ဘ၀ ဖြစ်မဖြစ်အယူတွေကို သူမယူဘူးလို့ ပြောပါတယ်။ အဲသည်တော့ ဘုရားက သူမယူဘူးလို့ပြောတာကို ကြားနာ ဖတ်ရှူသိနဲ့ ဘုရားသိနေသူက ယူနေတယ်ဆိုတော့ အဲသည်လိုယူနေတဲ့ ဘုရားဟာ ဘုရားမှား ဖြစ်နေပါတယ်။ တကယ့်ဘုရားက မှားတာလား။ သူတို့အသိထဲက ဘုရားမှားတာလားဆိုတော့

တပည့်။ ။ သူတို့အသိထဲက ဘုရားကမှားတာပါဘုရား။

ရှင်ဥာဏ။ ။အသိမှားခံရထားရတဲ့ ဘုရားက သပ္ပုရိသလား၊ အသပ္ပုရိသလား ဆိုတော့ အသပ္ပုရိသပေါ့။ အသပ္ပုရိသ ကို ဆည်းကပ်မိသူဟာ တရားမရနိုင်ပါဘူး။ တရားမရသူဟာ လူ့တန်ဖိုးမကျအောင် ဘာနဲ့မှ တားစရာ မရှိပါဘူး။ (ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ လမ်းညွန်စာအုပ်- နှာ- ၇၆-၇၇)


***
အထက်ပါ စကားရပ်တွင် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းကာလတိုင်အောင် ရှေးဘ၀ပေါင်း မြောက်မြားစွာ ရှိခဲ့သူဖြစ်၍ ဘုရားမှားဖြစ်သည်။ အသပ္ပုရိသဘုရား( ဘုရားယုတ်မာ) ဖြစ်သည်ဟု ကဲ့ရဲ့ ရှုတ်ချထားပါသည်။

ယင်းသို့ပါရမီ ဖြည့်ကျင့်ခဲ့သော ဘုရားကို ကိုးကွယ်လျှင် တရားမရနိုင်သူများသာ ဖြစ်၍ ယနေ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် အားလုံးသည် တရားမရနိုင်သူများချည်း ဖြစ်သည်ဟု စွပ်စွဲထားခြင်းပင် ဖြစ်ပါသည်။

ယင်းအဆို အားလုံးသည် အဓမ္မ၀ါဒများသာ ဖြစ်ပါသည်။ ထေရ၀ါဗုဒ္ဓဘာသာကို စွပ်စွဲပုတ်ခတ် ဖျက်ဆီးထားသော အဆိုများ ဖြစ်ပါသည်။

2 comments:

  1. လေးသင်္ချေနှင့် ကမ္ဘာတသိန်း Pls Teach me, How to Count? Logically or Something? I haven't seen that in Maths Law. Thanks

    ReplyDelete
  2. please trad page 301 onwards http://dhammadownload.com/File-Library/Ashin-Janakabhivamsa/Ashin-Janakabhivamsa-YadanaGoneYee.pdf
    and this
    http://mawluu.blogspot.com/2009/01/blog-post_9876.html

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories