January 1, 2010

နိုင်ငံတော် သံဃမဟာနာယကအဖွဲ၏ ညွှန်ကြားလွှာ အမှတ် (၉၄)

သျှင်သာမိ - မုံရွာ | 11:49 PM |
ပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
မဟာနာယကကျောင်းတော်ကြီး၊
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့


တယ်လီဖုန်း
ဥက္ကဋ္ဌဆရာတော် -၆၅၁၀၀၇
ဒုတိယဥက္ကဋ္ဌဆရာတော်- ၆၆၁၀၀၆၊ ၆၆၁၇၄၆
အကျိုးတော်ဆောင်ဆရာတော် -၆၂၁၀၀၈
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်-၆၆၀၈၀၄၊ ၆၆၄၁၅၇

ဝိနိစ္ဆယအဖွဲ့ငယ် - ၆၆၁၀၀၅
သာသနာရေးရာအဖွဲ့ငယ် -၆၆၀၇၉၉
ပညာရေးရာအဖွဲ့ငယ် - ၆၆၀၇၆၆၊ ၆၆၄၄၆၅
စာအမှတ်၊ ၀ ၀ ၁ / ညွှန်ကြား / ၄ / သာ - မ ဟ န
ရက်စွဲ၊ ၁၃၇၁-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်
(၂၀၀၉ -ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် )

ညွှန်ကြားလွှာ အမှတ် (၉၄)

အကြောင်းအရာ။ ။သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများသည် ဂန္ထဓုရ ၀ိပဿနာဓုရ ကိုသာ အားထုတ် ဆောင်ရွက်ကြလျက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် အရှည် တည်တံ့ခိုင်မြဲစေရေး အလေးထား ဆောင်ရွက်ကြရန် ညွှန်ကြားခြင်း။

၁။ သာသနာတော် သန့်ရှင်းတည်တံ့ပြန့် ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးက သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းကို အတည်ပြုပြဋ္ဌာန်းခဲ့၍ ယင်းအခြေခံစည်းမျဉ်းနှင့်အညီ သံဃာ့ဂိုဏ်းကြီး (၉)ဂိုဏ်း ပါဝင် သော
သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း သီတင်းသုံးနေထိုင် ကြသော ရဟန်းသာမဏေ ဟူသမျှသည် သံဃာ့နာယကအဖွဲ့ တစ်ဖွဲ့ဖွဲ့၏ ကြီးကြပ်အုပ်ချုပ်မှု အောက်၌ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက် ရှိကြပါသည်။

၂။ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော တရားဥပဒေများကို တစ်ဦးချင်းဖြစ်စေ၊ အုပ်စုဖွဲ့၍ ဖြစ်စေ အကြမ်းဖက် ကျူးလွန်မှုများတွင် ရဟန်းသာမဏေများ မပါဝင်စေရေး အတွက် လည်းကောင်း၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်အုပ်ချုပ်မှုကို မခံယူသည့် တရားမ၀င် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်ခြင်း၊ ပါဝင်ခြင်း၊ အားပေး ထောက် ခံခြင်း မပြုရေးအတွက် လည်းကောင်း၊ ရဟန်းသာမဏေ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို မလွဲမသွေ ဖြစ်ပေါ် စေမည့် ပါတီနိုင်ငံရေးများ၌ ပါဝင်ပတ်သက်မှု ကင်းရှင်းစေရေး အတွက်လည်းကောင်း၊ ဗုဒ္ဓသာသနာတော် ဂုဏ် ကျက်သရေ ညှိုးမှိန်စေပြီး သာမဏေ သာရုပ္ပ မဖြစ်သည့်အမှုများကို ရဟန်းသာမဏေများ မကျူးလွန်ကြစေရန် ဆုံးမ သွန်သင်ကြစေရေး အတွက်လည်းကောင်း၊ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများအား လောကီလူမှုကိစ္စ များ၌ ပါဝင် ပတ်သတ်မှု မရှိကြဘဲ ဂန္ထဓူရ၊ ၀ိပဿနာဓုရ တာဝန်နှစ်ရပ်ကိုသာ အားထုတ်ကြစေရေးအတွက် လည်း ကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာများ ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။

ထို့ပြင်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် မပေါ်မီ ကပေါ်ပေါက်ခဲ့သော သာသနာတော်ကြီး တိမ်းပါးပျက်စီးသွားနိုင်သည့် တောင်တွင်းကြီး ရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသန၀ါဒ၊ ရွှေအဘိဓမ္မာ ၀ါဒ၊ကျောက်သင်္ဘောဝါဒ၊ ကျောက်ပုံတောရ ဦးစံရင်း၏ ကမ္ဘာ့ဝိပဿနာဝါဒ၊ ကြောင်ပန်းတောရ၀ါဒ စသည်တို့ ကို နိုင်ငံတော် သီခြားဝိနည်းဓိုရ် အဖွဲ့များက အဓမ္မ၀ါဒ ဟု ဆုံးဖြတ်ထားပြီးဖြစ်၍ ယင်းဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည့် အပြုအမူအားလုံးကို မပြုလုပ်တော့ပါကြောင်း နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ရှေ့မှောက်၌ ၀န်ခံကတိပြု၍ လက်မှတ် ရေးထိုးထားပြီးဖြစ်ပါသည်။

ယင်းသို့ဖြစ်သော်လည်း ထိုဝါဒများကို အထင်အရှားဖြစ်စေ၊ မထင်မရှားဖြစ်စေ ဟောပြောခြင်း၊ ဆွေးနွေးခြင်း၊ မိတ္တူ ကူး၍ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း စသည်များ ပြုလုပ်နေကြပါသည်။ ထို့ပြင် ပထမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၅)ပါးစုံညီ အစည်းအဝေးက အဓမ္မ၀ါဒ ဟု ဆုံးဖြတ်ထားပြီး ဖြစ်သော ဆူးလေဦးမြင့်သိန်းဝါဒ (စကားချပ်။ ။ယခု ဓမ္မစေတီ ဦးကောသလ္လ ဟောပြောဖြန့်ဝေနေသော ၀ါဒကို ဆိုလို) နှင့် ရှင်ဥာဏ၀ါဒ (ဓမ္မ၀ိဟာရီမိုးပြာဂိုဏ်းဝါဒ) စသည် တို့ကိုလည်း ယခုအခါ အသွင်အမျိုးမျိုးဖြင့် ပြန်လည် ထုတ်ဖော်လျက် ထေရ၀ါဒဗုဒ္ဓသာသနာတော် အတွင်း ဓမ္မ၊ အဓမ္မ ၀ိဝါဒါ ဓိကရုဏ်း ဖြစ်အောင် လှုံ့ဆော် ဖန်တီးလာကြပါ သည်။ ထို့ပြင် အချို့ပုဂ္ဂိုလ်များကလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကာလကို အခွင့်ကောင်းယူ၍ ပရိယတ် ပဋိပတ် ကို အေးချမ်းစွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေကြသော သံဃာထု အတွင်းသို့ ထိုးဖောက် ၀င်ရောက်ကာ စည်းလုံးလှုံ့ဆော်ကြသဖြင့် အချို့ရဟန်းသာမဏေ များသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း (၂) အပိုဒ် (၄)ပြဋ္ဌာန်းထားသော

“ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်း၌ ဤစည်းမျဉ်းအရ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံ ပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာ ရှိရမည်”

ဟူသော ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်၍ အမည်အမျိုးမျိုးဖြင့် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်း၍ သာသနာတော် ကွယ်စေနိုင်သော နတ်လူအများ စီးပွားချမ်းသာမဲ့ရန် အကြောင်းဖြစ်သော အဓမ္မကို ဓမ္မဟုလည်းကောင်း၊ အ၀ိနယကို ၀ိနယဟု လည်းကောင်း ပြုလုပ် ဆောင်ရွက်နေ ကြပါသည်။ ဤသို့ပြုလုပ် ဆောင်ရွက်ခြင်းသည် သာသနာတော်ကို ကွယ်စေနိုင်၍ နတ်လူအများ စီးပွားချမ်းသာမဲ့ ရန်အကြောင်း ဖြစ်သည့်အပြင် သံဃာအချင်းချင်း ကွဲပြားစေရန် ဆောင်ရွက်ခြင်းဖြစ်၍ အနာဂတ် သာသနာတော် အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။


နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန့်ကြားလွှာများသည် ထေရ၀ါဒဗုဒ္ဓသာ သာတော်မြတ်ကြီး သန့်ရှင်း တည်တံ့ပြန့်ပွားစေရန်နှင့် သံဃာ့ဦးသျှောင် မထေရ်မြတ်ကြီးများ ခဲခဲယဉ်းယဉ်း တည်ဆောက်ထားရသော ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေးကြီး မပြိုကွဲစေရန် ရည်ရွယ်၍ ထုတ်ပြန်ထားခြင်း ဖြစ်ပါသဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဂိုဏ်းပေါင်းစုံ သံဃာ့ အဖွဲ့အစည်းအောက်တွင် ရှိကြသည့် ရဟန်း၊ သာမဏေ အားလုံးတို့သည် ဘုရားရှင် ပညတ်တော်မူထားသည့် ၀ိနည်းသိက္ခာပုဒ်တော်များကို ကျင့်သုံးလိုက်နာကြသည့် နည်းတူ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့၏  ညွှန်ကြားလွှာများ၊ အတည်ပြု ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာကြရန် ညွှန်ကြားပါသည်။


(ဘဒ္ဒန္တကုမာရ)
(ဘဒ္ဒန္တသြသဓာဘိဝံသ)
အဘိဓဇမဟာရဋ္ဌဂုရု
အဘိဓဇမဟာရဋ္ဌဂုရု
အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက
အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက
ဥက္ကဋ္ဌဆရာတော်
အကျိုးတော်ဆောင်ဆရာတော်


No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories