November 5, 2021

မိုးပြာဝိနိစ္ဆယ ကောက်နှုတ်ချက်များ (၃)

သျှင်သာမိ - မုံရွာ | 2:55 PM |

လူသေလူဖြစ် နောက်လိုက် မိုးပြာ


မိုးပြာရှင်ဉာဏသည်-


လူသေလူဖြစ်ဝါဒကို မျိုးစေ့ချပေးသွားသော ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိ သုတေသနဆိုသူတို့၏ “အဘိဓမ္မာကို ဘုရား မဟော”ဟု ပြောဆိုချက်များနောက် သံယောင်လိုက်ကာ “ပဋ္ဌာန်းအဘိဓမ္မာကို ဘုရား မဟော” ဟု ပြောဆိုရေးသားခြင်းသာ ဖြစ်သည်။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၃၅၂)


ပစ္စုပ္ပန်ကမ္မဝါဒဟု နာမည်ပေးသော်လည်း


မိုးပြာဂိုဏ်းခေါင်းဆောင် အရှင်ဉာဏက ဘုရား၊ ၁၈၃-၌-


“ဘုရားက ပဟာသငရဲကျသူလဲ ရှိတယ်ဆိုတဲ့အကြောင်း ဖြေတယ်။ ဒီနေရာမှာ စာစောင်က မှားထားတာ ရှိတယ်။ ငရဲချည်းပဲ ကျသလိုမျိုးပေါ့။ သူတို့ရဲ့ အကအပေါ် မြင်တာနဲ့ ထပ်မိအောင် ဆောင်ထားတာပဲ” ဟူ၍ ဟောပြောရေးသားထားသည်။


အဆိုပါစကားသည် သင်္ဂါယနာတင် သံယုတ်ပါဠိတော်လာ စကားတို့ကို ယူ၍ ပြောဆိုရေးသား နေသည်ကို တွေ့မြင်ရသောကြောင့် ထေရဝါဒကို စွန့်လွှတ်ပြီး၊ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာကို ပြောင်းလဲယူလိုက်ပြီဟု နှုတ်ကပြော၊ စာဖြင့် ပို့နေသော်လည်း အကယ်စင်စစ် မိုးပြာဂိုဏ်းခေါင်းဆောင် အရှင်ဉာဏက ထေရဝါဒကျမ်းဂန်တို့ကို သုံးနှုန်း၍ မိမိကိုယ်ကို “ထေရဝါဒပါပဲ” လို့ ဝန်ခံလိုက်ရာရောက်ကြောင်း သုံးသပ်တော်မူကြသည်။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၄၂)


အရှင်ဉာဏိန္ဒာလင်္ကာရကလဲ ဆရာမိုးပြာကဲ့သို့ပါပဲ


ဘုရားဟောပါဠိတော်ဖြစ်စေ၊ အဋ္ဌကထာဖြစ်စေ၊ ဋီကာဖြစ်စေ မိုးပြာအရှင်ဉာဏသည် မိမိအယူအဆနှင့် ကိုက်ညီလျှင် လိုလျှင် သုံး၏။ မိမိအယူ အဆနှင့် မကိုက်ညီလျှင် မလိုလျှင် မသုံး။ “တဏှာရှင်းတမ်း နှာ ၁၁- စသည်၌ “သဗ္ဗေ ဓမ္မာ အနတ္တာ” ဆိုထားတဲ့ ဓမ္မပဒက ဂါထာပိုဒ်ကို ကြည့်လိုက်မယ် ဆိုရင် (လ) နိဗ္ဗာန်မပါတဲ့ ဓမ္မအားလုံးကို ဆိုလိုတာလို့ သေသေချာချာ ဖွင့်ဆိုထားတာ တွေ့ရပါလိမ့်မယ်။ ဒါ အာဂမယုတ္တိပေါ့” ဟူ၍ သုံးထားသည်။ ဤစကားကို ကြည့်လိုက်လျှင်ပင် ပါဠိအဋ္ဌကထာကို လိုလျှင် သုံးကြောင်း သိနိုင်ပါ၏။ သို့ဖြစ်ပါ၍ အရှင်ဉာဏိန္ဒာလင်္ကာရ၏ အမှတ်(၅၂) စောဒနာလွှာပါ ဟောပြောရေးသားချက်များသည် အဋ္ဌကထာအပေါ် ပုတ်ခတ်စော်ကားချက်များ၊ ထေရဝါဒ ပိဋကတ်တော်လာ ကျမ်းဂန်များနှင့် ဆန့်ကျင်သော ဟောပြော ရေးသားချက်များ ဖြစ်ကုန်၏ဟု ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြပါသည်။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၃၈၈)


ဝိနည်းဓိုရ်ဆရာတော်များ၏ စိစစ်ချက်


စောဒကဆရာတော်များက မိုးပြာကြီး၏ အမှားတွေကို များစွာ ထုတ်ပြတော်မမူကြ။ တစ်ခုမျှသာ ထုတ်ပြကြ၏။ မဟာသမုဒ္ဒရာ၏ ရေများကို အကုန်သောက်ကြည့်စရာ မလို။ တစ်စက်မျှသာ တို့ကြည့်ခြင်းအားဖြင့် မဟာသမုဒ္ဒရာရေအားလုံးသည် ငန်တူးစပ်ရှားသော အရသာအားဖြင့် အတူတူပင် ဟု သိရှိနိုင်သလို သဘောမနောဆိုး၍ အတွေးအခေါ်တိမ်းယိမ်းနေသော မိုးပြာကြီး၏ တစ်ခုသော ဘာသာပြန်ချက်ကို ကြည့်ခြင်းဖြင့် ကျန်သည့် ရေးသားပြန်ဆိုချက်များ သည်လည်း ဤနည်းတူ အပိုအလိုတွေ၊ မှားယွင်းတိမ်းယိမ်းနေသော အရာတွေသာဟု ပြဆိုလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြရပေသည်။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၂၉၀)



နိဂမနကထာ နှင့် ဥယျောဇနကထာ


ဤသို့လျှင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းရွာ၊ အနုပါဒါယဉ်ကျေးမှုမိုးပြာခြံ၌ သီတင်းသုံး- နေထိုင်သော ရှင်ဉာဏဦးဆောင်သည့် ပစ္စုပ္ပန်ကမ္မဝါဒ အမည်ခံ မိုးပြာဂိုဏ်းသားတို့သည် ထေရဝါဒဗုဒ္ဓသာသနာ တော်အား အခြေခံမှ စ၍ စော်ကားပုတ်ခတ်သည့် စာအုပ်စာတန်းများ ထုတ်ဝေခြင်း၊ ဟောပြောပြသခြင်း၊ သင်တန်းများ ဖွင့်လှစ်၍ ပို့ချခြင်း၊ အင်တာနက်သို့ တင်၍ ကမ္ဘာအရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းများ ပြုလုပ်နေသဖြင့် ယင်းအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဓမ္မ- အဓမ္မ စိစစ်ပေးရန် စောဒကဆရာတော် များက စောဒနာလွှာ တင်သွင်းခဲ့ကြသည်။


စုဒိတကအဖွဲ့က သောဓနာလွှာ တင်သွင်းခြင်း မပြုခဲ့ပေ။


ထိုသို့စုဒိတကအဖွဲ့က သောဓနာလွှာ မတင်သွင်းသော်လည်း စောဒကဆရာတော်များ တင်ပြထားသည့် ဝိမုတ္တိဒေသနာ စသော မိုးပြာဂိုဏ်းဝါဒ စာအုပ်များကို ကြည့်ရှုသုံးသပ်တော်မူကြပြီး ယင်းမိုးပြာဂိုဏ်း၏ ဝါဒတို့ကို မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပါဠိတော်များကို အခြေခံပဓာန ထား၍ အဋ္ဌကထာဋီကာအဆိုများကို သင့်လျော်ရုံမျှသာ အကိုးသာဓကပြုကာ စိစစ်သုံးသပ်ပြီး…


“မိုးပြာဂိုဏ်း၏ ဟောပြောရေးသားချက်များအားလုံးတို့ကို အဓမ္မဝါဒအဖြစ် ဓမ္မဝိနယနှင့်အညီ ဆုံးဖြတ်”၍ ပြီးပေပြီ။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၄၁၃)


ဝိနည်းဓိုရ်ဆရာတော်များ၏ စိစစ်သုံးသပ်ချက်


အထက်ပါ စောဒနာစကားရပ်တို့တွင် “ဝဋ်ဆိုတာ ကျုပ်တို့ ပေးတာက ကောင်းမှုပဲ။ ပေးတာဟာ ကုသိုလ်ကောင်းမှုပဲ။ (ပ) ဒါလေး ပြောရမယ်ဗျာ” ဟူသောစကားဖြင့် အကြောင်း ကုသိုလ်ကံကို ပယ်ရမည်ဟု ပြောလိုရင်း ဖြစ်သည်ကို တွေ့ရှိရသည်။ “ဝိပါက်ဆိုတဲ့ဟာကဖြင့်ရင် (ပ) သူခိုးဖြစ်ပြီပေါ့။ ဒါ ဝိပါက်ပေါ့” ဟူသောစကားဖြင့် အကျိုးဝိပါက်ကို ပယ်ရမည်ဟု ပြောလိုရင်း ဖြစ်သည်ကို တွေ့ရှိရသည်။


“အယူဝါဒကို ဗုဒ္ဓဘာသာဟု အမည်ပေးထားသော်လည်း”


ဤသို့အကြောင်းအကျိုး နှစ်မျိုးကို ပယ်သည်ကို တွေ့ရှိရသောကြောင့် အရှင်ဉာဏ ဦးဆောင်သည့် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံယူသော သူတို့သည် နတ္ထိကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ ဟူသော ဒိဋ္ဌိသုံးမျိုးသို့ သက်ရောက်၍ နေပေတော့သည်။ ဤဒိဋ္ဌိသုံးမျိုးတို့တွင် နတ္ထိကဒိဋ္ဌိသည် အကျိုးဝိပါက်ကို ပယ်သည်။ အကိရိယဒိဋ္ဌိသည် အကြောင်းကံကို ပယ်သည်။ အဟေတုကဒိဋ္ဌိသည် အကြောင်းအကျိး နှစ်မျိုးလုံးကို ပယ်။ ထိုနှစ်မျိုးတို့တွင် အကြောင်းကံကို ပယ်သဖြင့် အကျိုးဝိပါက်ကိုလည်း ပယ်သည်မည်၏။ အကျိုးဝိပါက်ကို ပယ်သဖြင့်လည်း အကြောင်းကံကို ပယ်သည်မည်၏။ ဤသို့သောအကြောင်းကြောင့် အကြောင်းအကျိုး နှစ်ပါးစုံကို ပယ်တတ်ကုန်သော အလုံးစုံသော သူတို့သည် အနက်သဘောအားဖြင့် နတ္ထိကဝါဒရှိသူတို့ သည်လည်းကောင်း၊ အကိရိယဝါဒရှိသူတို့သည်လည်းကောင်း၊ အဟေတုကဝါဒရှိသူတို့သည် လည်းကောင်း ဖြစ်ကုန်၏။ (မ၊ ဋ္ဌ၊ ၂၊ ၈၅။)


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၅၄-၅၅)



အဓမ္မဝါဒအဟောင်းများကို ပြန်လည်ဟောပြောရေးသားထားခြင်း


ဟုတ်/မဟုတ် စိစစ် ဆုံးဖြတ်ချက် ( ၂၅ )


မိုးပြာအဖွဲ့ခေါင်းဆောင် ဓမ္မဝိဟာရီ အရှင်ဉာဏသည် အဓမ္မဝါဒအဟောင်းများကို အသစ်တဖန် ပြန်လည်ဟောပြောရေးသားထားပါကြောင်း စောဒနာ နောက်ဆက်တွဲအဖြစ် တင်ပြထားကြသည်။ စောဒကတို့ တင်ပြထားသော မိုးပြာအဖွဲ့ခေါင်းဆောင် ဓမ္မဝိဟာရီ အရှင်ဉာဏ၏ ဟောပြောရေး သားချက်တို့ကို စောဒကတို့ ညွှန်ပြထားသော ဝိနိစ္ဆယစာတမ်းများ၌ ပါဝင်ပြီးဖြစ်သော အဓမ္မဝါဒများ ဟုတ်/မဟုတ်သာ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့အမှတ် (၁၇/၂၀၁၁) အဖွဲ့ဝင် ဆရာတော်များက စိစစ်၍ ဆုံးဖြတ်ချက်ချပါအံ့-။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၃၈၉)



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအား တိုက်တွန်းခြင်း


ဤသို့အားဖြင့် ဓမ္မ- အဓမ္မ အငြင်းပွားမှုကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၀၇/၂၀၁၁) ဝိနည်းဓိုရ်ဆရာတော်များသည် စောဒနာလွှာ များကို သေချာစွာ လေ့လာကြည့်ရှုကြပြီး ပါဠိ အဋ္ဌကထာ ဋီကာ အဖြာဖြာတို့နှင့် ညှိနှိုင်းလျက် ဖြစ်သင့်သည့်အတိုင်း ဆုံးဖြတ်ထားကြသော အဆုံးအဖြတ် ဖြစ်သည်။ ဤဝိနိစ္ဆယချမှတ်ပြီးသည့်အခါ အကောင်အထည် ဖော်ရာ၌ ချောမွေ့စေရေး ဝိနိစ္ဆယတည်ရှိရေး သာသနာတော်၏ ဆန့်ကျင်ဘက်အကျင့်တို့ကို ဆက်လက်မကျင့်စေရေးတို့သည် “ရာဇာ ပဓာနံ = မင်း ပြဋ္ဌာန်း၏” ဆိုသည့်အတိုင်း အာဏာစက် လိုက်ပါဆောင်ရွက်မှသာ ဖြစ်ပေမည်။ ထို့ကြောင့် ပထမသင်္ဂါယနာ တင်စဉ်အခါ၌ အဇာတသတ်မင်းကြီးသည်-


“သာဓု ဘန္တေ ဝိဿတ္ထာ ကရောထ၊ မယှံ အာဏာစက္ကံ၊ တုမှာကံ ဓမ္မစက္ကံ ဟောတု။ အာဏာပေထ ဘန္တေ ကိံ ကရောမိ။” (ဝိ၊ ဋ္ဌ၊ ၁၊ ၉။ ဒီ၊ ဋ္ဌ၊ ၁၊ ၉)


“အရှင်ဘုရားတို့ ကောင်းပါပြီ ရွံရှာခြင်းကင်းသော စိတ်နှလုံးရှိသည်ဖြစ်၍ ဆောင်ရွက်တော်မူကြပါ။ တပည့်တော်၏ အာဏာစက် ဖြစ်ပါစေ။ အရှင်ဘုရားတို့၏ ဓမ္မစက် ဖြစ်ပါစေ။ အရှင်ဘုရားတို့ စေခိုင်းတော်မူကြပါ။ အဘယ်ကို ပြုရပါမည်နည်း” ဟု လျှောက်ထားသကဲ့သို့-


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့်လည်း-


အဓမ္မဝိနိစ္ဆယ= ဓမ္မစက်၏နောက်က အာဏာစက် လိုက်ပါဆောင်ရွက်ပေးပါရန် အထူးအားဖြင့် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။


အမှတ်(၁၇/၂၀၁၁) နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၄၂၉)

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညှနျကွားလှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories