November 5, 2021

မိုးပြာဝိနိစ္ဆယ ကောက်နှုတ်ချက်များ (၂)

သျှင်သာမိ - မုံရွာ | 2:53 PM |

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ အဖွဲ့အမှတ် (၁၇/၂၀၁၁) ၏

ပစ္စုပ္ပန္နကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာရှင်ဉာဏ ဦးဆောင်သော


မိုးပြာဝါဒဝိနိစ္ဆယ

-------------------------------------------------------------------


နိဒါန်း

ပြည်ထောင်စု မြန်မာနိုင်ငံတော် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းရွာ၊ အနုပါဒါယဉ်ကျေးမှုမိုးပြာခြံ၌ သီတင်းသုံး- နေထိုင်သော ရှင်ဉာဏဦးဆောင်သည့်ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာဂိုဏ်းသားတို့သည် ထေရဝါဒဗုဒ္ဓသာသနာတော်အား အခြေခံမှ စ၍ စော်ကားပုတ်ခတ်သည့် စာအုပ် စာတန်းများ ထုတ်ဝေခြင်း၊ ဟောပြောပြသခြင်း၊ သင်တန်းများ ဖွင့်လှစ်၍ ပို့ချခြင်း၊ အင်တာနက်သို့ တင်၍ ကမ္ဘာအရပ်ရပ်သို့ ဖြန့်လွှင့် ခြင်းများ ပြုလုပ်နေသဖြင့် ယင်းအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဓမ္မ- အဓမ္မ စိစစ်ပြီး အဓမ္မအဖြစ် ဆုံးဖြတ်ပေးပါရန်-

၁။ ဘဒ္ဒန္တအဂ္ဂဉာဏ၊ ချမ်းမြေ့သာစည်ကျောင်းတိုက်၊ ဘုရားချောင်းရပ်ကွက်၊ မြောင်းမြမြို့။

၂။ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ၊ ဓမ္မဂါရဝကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။

၃။ ဘဒ္ဒန္တနာရဒ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ ဟိုပင်မြို့။

၄။ ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ၊ နိရုတ္တိနယူပဒေသကျောင်း၊ မစိုးရိမ်တိုက်၊ မန္တလေးမြို့။

၅။ ဘဒ္ဒန္တနန္ဒာဘိဝံသ၊ ဓမ္မပါကဋကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။

၆။ ဘဒ္ဒန္တဣန္ဒာစရိယာဘိဝံသ၊ သာသနပါရဂူကျောင်းတိုက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့- တို့က ၂၀၀၉-ခုနှစ်၊ ဇွန်လ ၈- ရက်၊ တနင်္လာနေ့တွင် နိုင်ငံတော် သံဃမဟာနာယက -အဖွဲ့ထံသို့ စောဒနာလွှာ တင်သွင်းခဲ့ကြပေသည်။

ထိုစောဒနာလွှာအရ- မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်ဉာဏဦးဆောင်သော ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာဂိုဏ်းသားတို့ထံသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အနေဖြင့် ၃-၉-၂၀၀၉- ရက်စွဲဖြင့် သောဓနာလွှာ တင်သွင်းရန် တောင်းခံခဲ့ပေသည်။ ထိုသို့တောင်းခံခဲ့သော် လည်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်ဉာဏဦးဆောင်သော ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာဂိုဏ်းသားတို့ထံမှ “သူတို့အဖွဲ့သည် ထေရဝါဒဗုဒ္ဓဘာသာအဖြစ်မှ နှုတ်ထွက်ပြီး၊ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းလဲပြီးဖြစ်၍ သောဓနာလွှာ တင်သွင်းရန် မလိုကြောင်း” ၂၄- ၉- ၂၀၀၉- ရက်စွဲပါစာဖြင့် တင်သွင်းလာခဲ့ပေသည်။


ထို့ကြောင့်-

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က-

ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ၊ အခန်း (၇)၊ အပိုဒ် (၅၇)၊ အပိုဒ်ခွဲ (င) နှင့်

ဝိနိစ္ဆယလက်စွဲ၊ အခန်း (၁၃)၊ အပိုဒ် (၃၂)၊ အပိုဒ်ခွဲ (ခ) တို့ အရ- နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်နိုင်ရန် နိုင်ငံတော် သီးခြားသံဃဝိနိစ္ဆယအဖွဲ့၊ အဖွဲ့အမှတ် (၁၇/၂၀၁၁)ကို-


၁၃၇၂-ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် ၉-ရက်၊ ( ၂၈- ၁- ၂၀၁၁) သောကြာနေ့တွင် ဖွဲ့စည်း၍ အောက်ပါ ဝိနည်းဓိုရ်ဆရာတော်များကို တာဝန်ပေးအပ်ခဲ့ပေသည်။


သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ

စဉ် ဘွဲ့တော် သက်တော်/သိက္ခာ ကျောင်း/ကျောင်းတိုက်

၁။ ဘဒ္ဒန္တကဝိန္ဒာစာရ ၇၆/၅၇ ဓမ္မာလင်္ကာရရေအားလျှပ်စစ်ကျောင်းတိုက်၊ သာစည်မြို့။

၂။ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ၆၄/၄၅ မင်းကျောင်းပဌမပြန်စာသင်တိုက်၊ သံလျင်မြို့။

၃။ ဘဒ္ဒန္တသောဘဏ ၆၃/၄၃ မဟာဝိသုတာရာမအလယ်တိုက်၊ ပခုက္ကူမြို့။

၄။ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ ၆၂/၄၂ သာသနဇောတာရုံကျောင်းတိုက်၊ မတ္တရာမြို့။

၅။ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ၅၇/၃၇ ဓမ္မသမိဒ္ဓိကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။


ဝိနည်းဓိုရ်ဆရာတော်ကြီးများသည်-


၁။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေးအပ်လာသည့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရန်


၂။ တင်ပြလာသော စောဒနာလွှာများကို ဗုဒ္ဓသာသနာတော်နှင့် ညီ/မညီ သေချာစွာ လေ့လာစိစစ်ကြပြီး ဆုံးဖြတ်ချက်ချရန် သဘောထားကြသည်။


အဓမ္မဝါဒရှင်းလင်းသုတ်သင်ရန်


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လွှဲအပ်ချက်ကို နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ အဖွဲ့အမှတ် (၁၇/၂၀၁၁) ဝိနည်းဓိုရ်ဆရာတော်ကြီး များက လက်ခံတော်မူကြပြီး ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာဂိုဏ်းသားတို့၏ အဓမ္မဝါဒဟူသော ကျောက်တောင်ကြီးကို ပိဋကသုံးသွယ် နိကာယ်ငါးရပ် ပါဠိ အဋ္ဌကထာ ဋီကာတည်းဟူသော ဝဇီရစိန် (=ဝရဇိန်) လက်နက်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သုဓ်သင်ရှင်းလင်းရမည်-။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၅- ၁၆- ၁၈)


= အဓမ္မ အဝိနယ ဝါဒီများကား အမြဲတမ်း အကွက်အချက် ရခိုက် ခေါင်းထောင်လာကြပြန်သည်။ ယင်းတို့ကား လူသေလူဖြစ်၊ ကျောက်သင်္ဘော စသည် စသည်အားဖြင့် ဖြစ်ပေါ်လာကြသော အဓမ္မဝါဒများပေတည်း။


= ထေရဝါဒ ဓမ္မဝိနယများကို လှုပ်ယိုင်နှဲ့နှုတ်ရန် ခေတ်ပေါ်အဓမ္မဝါဒီများ ကြိုးစားနေကြသော်လည်း ဘေးအမျိုးမျိုးမှ ကာကွယ်ရန် ဝန်းရံစောင့်ကြပ် နေကြသော ပုဂ္ဂိုလ်များရှိ၍ နေကြပြီ။ ၎င်းပုဂ္ဂိုလ်များကား မြန်မာသက္ကရာဇ် ၁၃၄၂-ခုနှစ်တွင် စတင်ပေါ်ထွန်းလာသော ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်း ကြီးပင် ဖြစ်သတည်း။


= “မြတ်ဗုဒ္ဓ၏ ဓမ္မဝိနယ ကျောက်တိုင်တော်ကြီးကို နှုတ်ပစ်ဖို့ မဆိုထားနှင့်။ လှုပ်ယိုင်ရန်အတွက်ပင် မချဉ်းကပ်လာကြလေနှင့်” ဟု ဆိုသကဲ့သို့ပင် ရှိနေတော့သည်။ ထို့ကြောင့်ပင် ၁၃၄၂-ခုနှစ်မှ စ၍ အဓမ္မဝါဒီများကို စိစစ်ဖယ်ရှားခဲ့သည်မှာ (၁၇) မျိုးပင် ရှိနေပြီ။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၄၂၅)


ဓမ္မနှင့်မညီ၊ ဆန့်ကျင်သည်ကို၊ ရုံးတည်သုံးသပ်၊ ဆုံးဖြတ်ပြီးရာ၊

အာဏာမလိုက်၊ ပြစ်မထိုက်ရင်၊ လူမိုက်အများ၊ အငြင်းပွားလိမ့်။

ဤကားဓမ္မ၊ အဓမ္မနှင့်၊

လုံးဝမပြီး၊ အချီးနှီးပင်၊ အထင်အရှား၊ အငြင်းပွားခဲ့။

စဉ်းစားကြပါ၊ အဖြေရှာကြ၊ ရှေ့မှာထင်ရှား၊ နောက်ထင်ရှားထိ၊ ထင်ရှားဖြေပြ၊ ဆိုထားကြပြီ။ 

ကြားကြပါစေ- ကြားပါစေ၊

မြင်ကြပါစေ- မြင်ပါစေ၊

တွေ့ကြပါစေ- တွေ့ပါစေ။

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညှနျကွားလှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories