November 5, 2021

မိုးပြာဝိနိစ္ဆယ ကောက်နှုတ်ချက်များ (၄)

သျှင်သာမိ - မုံရွာ | 2:56 PM | Be the first to comment!

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်


နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က


ရွေးချယ်ဖွဲ့စည်းအပ်သော


နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့


အမှတ်(၁၇/၂၀၁၁)-၏ ဆုံးဖြတ်ချက်



လုပ်ထုံးလုပ်နည်းများ အပိုဒ် (၅၇) (င)


၁၃၇၃-ခုနှစ်၊ ဝိနည်းဓမ္မကံမှုခင်းအမှတ် (၁၇/၂၀၁၁)



ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဘုရားချောင်းရပ်ကွက်၊ ချမ်းမြသာစည်ကျောင်းတိုက် -နေ စောဒက ဘဒ္ဒန္တအဂ္ဂဉာဏပါ (၆)ပါး နှင့်


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းရွာ၊ အနုပါဒါယဉ်ကျေးမှုမိုးပြာခြံ၌ သီတင်းသုံး-နေထိုင်သော စုဒိတကရှင်ဉာဏဦးဆောင်သော မိုးပြာဂိုဏ်းသားတို့ ဖြစ်ပွားသော မိုးပြာဂိုဏ်းသားတို့၏ ဟောပြောရေးသားချက်တို့နှင့် စပ်လျဉ်း၍ ဓမ္မ- အဓမ္မ အငြင်းပွား ဝိဝါဒါဓိကရုဏ်းမှုခင်းကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ရွေးချယ်ဖွဲ့စည်းအပ်သည့် ဝိနည်းဓိုရ်ဆရာတော်များ ပါဝင်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၇/၂၀၁၁)-က ကိုယ်တိုင်လက်မှတ်ရေးထိုး၍ ဝိနည်းတရားတော်နှင့်အညီ ဆုံးဖြတ်ချက်ချမှတ်လိုက်သည်-။


ဆုံး ဖြတ် ချက်


စောဒကဆရာတော်(၆)ပါးတို့က အမှတ်(၁)စောဒနာလွှာမှ အမှတ်(၅၂)စောဒနာလွှာအထိ တင်ပြသော-


၁။ “မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းရွာ၊ အနုပါဒါယဉ်ကျေးမှုမိုးပြာခြံ ရှင်ဉာဏဦးဆောင်သည့် မိုးပြာဂိုဏ်းသားတို့၏ ဟောပြောချက်၊ ရေးသားချက်များသည်- သင်္ဂါယနာခြောက်တန်တင် ထေရဝါဒ ပိဋကပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့နှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒ ဖြစ်သည်” ဟု လည်းကောင်း၊


၂။ “ထိုဝါဒတို့ကို ဟောပြောသူ၊ လက်ခံသူ၊ ပုံနှိပ်ဖြန့်ဝေသူတို့သည် အဓမ္မဝါဒီများ ဖြစ်ကြသည်” ဟု လည်းကောင်း၊


၃။ “ထိုဝါဒများကို အသံသွင်းထား- ပုံနှိပ်ထား- ရေးသားထား- အင်တာနက်တင်ထား- မှတ်တမ်းတင်ထားသော အရာဝတ္ထု အစုစုတို့သည် အဓမ္မ ဝတ္ထုများ ဖြစ်ကြသည်” ဟု လည်းကောင်း ဝိနည်းဓိုရ်ဆရာတော်ကြီးများက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။



သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ


စဉ် ဘွဲ့တော် သက်တော်/သိက္ခာ ကျောင်း/ကျောင်းတိုက်


၁။ ဘဒ္ဒန္တကဝိန္ဒာစာရ ၇၆/၅၇ ဓမ္မာလင်္ကာရရေအားလျှပ်စစ်ကျောင်းတိုက်၊ သာစည်မြို့။


၂။ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ၆၄/၄၅ မင်းကျောင်းပဌမပြန်စာသင်တိုက်၊ သံလျင်မြို့။


၃။ ဘဒ္ဒန္တသောဘဏ ၆၃/၄၃ မဟာဝိသုတာရာမအလယ်တိုက်၊ ပခုက္ကူမြို့။


၄။ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ ၆၂/၄၂ သာသနဇောတာရုံကျောင်းတိုက်၊ မတ္တရာမြို့။


၅။ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ၅၇/၃၇ ဓမ္မသမိဒ္ဓိကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။


စာအမှတ်.......... ရက်စွဲ၊ ၁၅- ၁၁- ၂၀၁၁-။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၄၃၁)



အထူးသတိပြုဖွယ်ရာ


၁။ ဖော်ပြပါအတိုင်း “၂။ “ထိုဝါဒတို့ကို ဟောပြောသူ၊ လက်ခံသူ၊ ပုံနှိပ်ဖြန့်ဝေသူတို့သည် အဓမ္မဝါဒီများ ဖြစ်ကြသည်” ဟု ” ဆုံးဖြတ်တော်မူမြဲပင် ဖြစ်တော်မူကြသည်ကို တွေ့ရမြဲပင် ဖြစ်ပါသည်။


သို့ရာတွင်


၂။ ဖော်ပြပါအတိုင်း “အဓမ္မဝါဒအဟောင်းများကို ပြန်လည်ဟောပြောရေးသားထားခြင်း ဟုတ်/မဟုတ် စိစစ်ဆုံးဖြတ်ချက်= မိုးပြာအဖွဲ့ ခေါင်းဆောင် ဓမ္မဝိဟာရီ အရှင်ဉာဏသည် အဓမ္မဝါဒအဟောင်းများကို အသစ်တဖန် ပြန်လည်ဟောပြော ရေးသားထားပါကြောင်း စောဒနာ နောက်ဆက် တွဲအဖြစ် တင်ပြထားကြသည်။ စောဒကတို့ တင်ပြထားသော မိုးပြာအဖွဲ့ခေါင်းဆောင် ဓမ္မဝိဟာရီ အရှင်ဉာဏ၏ ဟောပြောရေးသားချက်တို့ကို စောဒကတို့ ညွှန်ပြထားသော ဝိနိစ္ဆယစာတမ်းများ၌ ပါဝင်ပြီးဖြစ်သော အဓမ္မဝါဒများ ဟုတ်/မဟုတ်သာ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့အမှတ် (၁၇/၂၀၁၁) အဖွဲ့ဝင် ဆရာတော်များက စိစစ်၍ ဆုံးဖြတ်ချက်ချပါအံ့” ဟု တွေ့ရပါသည်။


၃။ ဤဖော်ပြပါ (၁။ ၂) တို့တွင် “မည်သူကပင်ဖြစ်ဖြစ် အဓမ္မဝါဒအဟောင်းများကို ပြန်လည်ဟောပြောရေးသားထားခြင်း ဟုတ်မှန်နေကြောင်း တွေ့မြင်ရလျှင် ထိုသူ့အပေါ် ဥပဒေအရ အရေးယူမှုတို့ကို တစ်ခါတည်းပင် အတည်ပြု စီရင်ချက်ချမှတ်နိုင်မှသာလျှင် အဓမ္မဝါဒဟောင်းများကို ပြန်လည်ဟောပြောရေးသားခြင်းများ ကင်းရှင်းသွားမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်များ၏ ဆုံးဖြတ်ချက်များအပေါ် ဓမ္မဝါဒီ အဓမ္မဝါဒီ အားလုံးတို့က အလေးထား လာကြမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက နိုင်ငံတော် သီးခြားဝိနည်းဓိုရ်များ၏ ဆုံးဖြတ်ချက်များ အပေါ် အဓမ္မဝါဒီတို့က အလေးထားခြင်း မရှိသည့်အတွက် မပြီးဆုံးနိုင်သော စောဒနာတင်မှု သောဓနာတင်မှု ဆုံးဖြတ်မှုတို့ဖြင့် အမှုအခင်းများ ရှုပ်ထွေးနေကြလျက် ဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားစရာများ တိုးပွားနေကြမည်ဖြစ်ကြောင်း” သတိပြုကာ တင်ပြအပ်ပါသတည်း။


၄။ “အဓမ္မဝါဒအဟောင်းများကို ပြန်လည်ဟောပြောရေးသားထားခြင်း ဟုတ်မှန်နေကြောင်း တွေ့မြင်ရလျှင် ထိုသူ့အပေါ် ဥပဒေအရ အရေးယူမှုတို့ကို တစ်ခါတည်းပင် အတည်ပြု စီရင်ချက်ချမှတ်နိုင်အောင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ နိုင်ငံတော်သမ္မတကြီး”တို့ထံသို့ တင်ပြ-တောင်းဆို-အတည်ပြုနိုင်အောင် ဆောင်ရွက်တော်မူကြရန် လိုအပ်နေပါပြီ။


(အားလုံး ဝိုင်းဝန်း စဉ်းစားကြည့်တော်မူကြပါရန် တင်ပြခြင်းမျှသာ ဖြစ်သည်။)

Read more ...

မိုးပြာဝိနိစ္ဆယ ကောက်နှုတ်ချက်များ (၃)

သျှင်သာမိ - မုံရွာ | 2:55 PM | Be the first to comment!

လူသေလူဖြစ် နောက်လိုက် မိုးပြာ


မိုးပြာရှင်ဉာဏသည်-


လူသေလူဖြစ်ဝါဒကို မျိုးစေ့ချပေးသွားသော ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိ သုတေသနဆိုသူတို့၏ “အဘိဓမ္မာကို ဘုရား မဟော”ဟု ပြောဆိုချက်များနောက် သံယောင်လိုက်ကာ “ပဋ္ဌာန်းအဘိဓမ္မာကို ဘုရား မဟော” ဟု ပြောဆိုရေးသားခြင်းသာ ဖြစ်သည်။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၃၅၂)


ပစ္စုပ္ပန်ကမ္မဝါဒဟု နာမည်ပေးသော်လည်း


မိုးပြာဂိုဏ်းခေါင်းဆောင် အရှင်ဉာဏက ဘုရား၊ ၁၈၃-၌-


“ဘုရားက ပဟာသငရဲကျသူလဲ ရှိတယ်ဆိုတဲ့အကြောင်း ဖြေတယ်။ ဒီနေရာမှာ စာစောင်က မှားထားတာ ရှိတယ်။ ငရဲချည်းပဲ ကျသလိုမျိုးပေါ့။ သူတို့ရဲ့ အကအပေါ် မြင်တာနဲ့ ထပ်မိအောင် ဆောင်ထားတာပဲ” ဟူ၍ ဟောပြောရေးသားထားသည်။


အဆိုပါစကားသည် သင်္ဂါယနာတင် သံယုတ်ပါဠိတော်လာ စကားတို့ကို ယူ၍ ပြောဆိုရေးသား နေသည်ကို တွေ့မြင်ရသောကြောင့် ထေရဝါဒကို စွန့်လွှတ်ပြီး၊ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာကို ပြောင်းလဲယူလိုက်ပြီဟု နှုတ်ကပြော၊ စာဖြင့် ပို့နေသော်လည်း အကယ်စင်စစ် မိုးပြာဂိုဏ်းခေါင်းဆောင် အရှင်ဉာဏက ထေရဝါဒကျမ်းဂန်တို့ကို သုံးနှုန်း၍ မိမိကိုယ်ကို “ထေရဝါဒပါပဲ” လို့ ဝန်ခံလိုက်ရာရောက်ကြောင်း သုံးသပ်တော်မူကြသည်။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၄၂)


အရှင်ဉာဏိန္ဒာလင်္ကာရကလဲ ဆရာမိုးပြာကဲ့သို့ပါပဲ


ဘုရားဟောပါဠိတော်ဖြစ်စေ၊ အဋ္ဌကထာဖြစ်စေ၊ ဋီကာဖြစ်စေ မိုးပြာအရှင်ဉာဏသည် မိမိအယူအဆနှင့် ကိုက်ညီလျှင် လိုလျှင် သုံး၏။ မိမိအယူ အဆနှင့် မကိုက်ညီလျှင် မလိုလျှင် မသုံး။ “တဏှာရှင်းတမ်း နှာ ၁၁- စသည်၌ “သဗ္ဗေ ဓမ္မာ အနတ္တာ” ဆိုထားတဲ့ ဓမ္မပဒက ဂါထာပိုဒ်ကို ကြည့်လိုက်မယ် ဆိုရင် (လ) နိဗ္ဗာန်မပါတဲ့ ဓမ္မအားလုံးကို ဆိုလိုတာလို့ သေသေချာချာ ဖွင့်ဆိုထားတာ တွေ့ရပါလိမ့်မယ်။ ဒါ အာဂမယုတ္တိပေါ့” ဟူ၍ သုံးထားသည်။ ဤစကားကို ကြည့်လိုက်လျှင်ပင် ပါဠိအဋ္ဌကထာကို လိုလျှင် သုံးကြောင်း သိနိုင်ပါ၏။ သို့ဖြစ်ပါ၍ အရှင်ဉာဏိန္ဒာလင်္ကာရ၏ အမှတ်(၅၂) စောဒနာလွှာပါ ဟောပြောရေးသားချက်များသည် အဋ္ဌကထာအပေါ် ပုတ်ခတ်စော်ကားချက်များ၊ ထေရဝါဒ ပိဋကတ်တော်လာ ကျမ်းဂန်များနှင့် ဆန့်ကျင်သော ဟောပြော ရေးသားချက်များ ဖြစ်ကုန်၏ဟု ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြပါသည်။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၃၈၈)


ဝိနည်းဓိုရ်ဆရာတော်များ၏ စိစစ်ချက်


စောဒကဆရာတော်များက မိုးပြာကြီး၏ အမှားတွေကို များစွာ ထုတ်ပြတော်မမူကြ။ တစ်ခုမျှသာ ထုတ်ပြကြ၏။ မဟာသမုဒ္ဒရာ၏ ရေများကို အကုန်သောက်ကြည့်စရာ မလို။ တစ်စက်မျှသာ တို့ကြည့်ခြင်းအားဖြင့် မဟာသမုဒ္ဒရာရေအားလုံးသည် ငန်တူးစပ်ရှားသော အရသာအားဖြင့် အတူတူပင် ဟု သိရှိနိုင်သလို သဘောမနောဆိုး၍ အတွေးအခေါ်တိမ်းယိမ်းနေသော မိုးပြာကြီး၏ တစ်ခုသော ဘာသာပြန်ချက်ကို ကြည့်ခြင်းဖြင့် ကျန်သည့် ရေးသားပြန်ဆိုချက်များ သည်လည်း ဤနည်းတူ အပိုအလိုတွေ၊ မှားယွင်းတိမ်းယိမ်းနေသော အရာတွေသာဟု ပြဆိုလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြရပေသည်။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၂၉၀)



နိဂမနကထာ နှင့် ဥယျောဇနကထာ


ဤသို့လျှင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းရွာ၊ အနုပါဒါယဉ်ကျေးမှုမိုးပြာခြံ၌ သီတင်းသုံး- နေထိုင်သော ရှင်ဉာဏဦးဆောင်သည့် ပစ္စုပ္ပန်ကမ္မဝါဒ အမည်ခံ မိုးပြာဂိုဏ်းသားတို့သည် ထေရဝါဒဗုဒ္ဓသာသနာ တော်အား အခြေခံမှ စ၍ စော်ကားပုတ်ခတ်သည့် စာအုပ်စာတန်းများ ထုတ်ဝေခြင်း၊ ဟောပြောပြသခြင်း၊ သင်တန်းများ ဖွင့်လှစ်၍ ပို့ချခြင်း၊ အင်တာနက်သို့ တင်၍ ကမ္ဘာအရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းများ ပြုလုပ်နေသဖြင့် ယင်းအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဓမ္မ- အဓမ္မ စိစစ်ပေးရန် စောဒကဆရာတော် များက စောဒနာလွှာ တင်သွင်းခဲ့ကြသည်။


စုဒိတကအဖွဲ့က သောဓနာလွှာ တင်သွင်းခြင်း မပြုခဲ့ပေ။


ထိုသို့စုဒိတကအဖွဲ့က သောဓနာလွှာ မတင်သွင်းသော်လည်း စောဒကဆရာတော်များ တင်ပြထားသည့် ဝိမုတ္တိဒေသနာ စသော မိုးပြာဂိုဏ်းဝါဒ စာအုပ်များကို ကြည့်ရှုသုံးသပ်တော်မူကြပြီး ယင်းမိုးပြာဂိုဏ်း၏ ဝါဒတို့ကို မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပါဠိတော်များကို အခြေခံပဓာန ထား၍ အဋ္ဌကထာဋီကာအဆိုများကို သင့်လျော်ရုံမျှသာ အကိုးသာဓကပြုကာ စိစစ်သုံးသပ်ပြီး…


“မိုးပြာဂိုဏ်း၏ ဟောပြောရေးသားချက်များအားလုံးတို့ကို အဓမ္မဝါဒအဖြစ် ဓမ္မဝိနယနှင့်အညီ ဆုံးဖြတ်”၍ ပြီးပေပြီ။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၄၁၃)


ဝိနည်းဓိုရ်ဆရာတော်များ၏ စိစစ်သုံးသပ်ချက်


အထက်ပါ စောဒနာစကားရပ်တို့တွင် “ဝဋ်ဆိုတာ ကျုပ်တို့ ပေးတာက ကောင်းမှုပဲ။ ပေးတာဟာ ကုသိုလ်ကောင်းမှုပဲ။ (ပ) ဒါလေး ပြောရမယ်ဗျာ” ဟူသောစကားဖြင့် အကြောင်း ကုသိုလ်ကံကို ပယ်ရမည်ဟု ပြောလိုရင်း ဖြစ်သည်ကို တွေ့ရှိရသည်။ “ဝိပါက်ဆိုတဲ့ဟာကဖြင့်ရင် (ပ) သူခိုးဖြစ်ပြီပေါ့။ ဒါ ဝိပါက်ပေါ့” ဟူသောစကားဖြင့် အကျိုးဝိပါက်ကို ပယ်ရမည်ဟု ပြောလိုရင်း ဖြစ်သည်ကို တွေ့ရှိရသည်။


“အယူဝါဒကို ဗုဒ္ဓဘာသာဟု အမည်ပေးထားသော်လည်း”


ဤသို့အကြောင်းအကျိုး နှစ်မျိုးကို ပယ်သည်ကို တွေ့ရှိရသောကြောင့် အရှင်ဉာဏ ဦးဆောင်သည့် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံယူသော သူတို့သည် နတ္ထိကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ ဟူသော ဒိဋ္ဌိသုံးမျိုးသို့ သက်ရောက်၍ နေပေတော့သည်။ ဤဒိဋ္ဌိသုံးမျိုးတို့တွင် နတ္ထိကဒိဋ္ဌိသည် အကျိုးဝိပါက်ကို ပယ်သည်။ အကိရိယဒိဋ္ဌိသည် အကြောင်းကံကို ပယ်သည်။ အဟေတုကဒိဋ္ဌိသည် အကြောင်းအကျိး နှစ်မျိုးလုံးကို ပယ်။ ထိုနှစ်မျိုးတို့တွင် အကြောင်းကံကို ပယ်သဖြင့် အကျိုးဝိပါက်ကိုလည်း ပယ်သည်မည်၏။ အကျိုးဝိပါက်ကို ပယ်သဖြင့်လည်း အကြောင်းကံကို ပယ်သည်မည်၏။ ဤသို့သောအကြောင်းကြောင့် အကြောင်းအကျိုး နှစ်ပါးစုံကို ပယ်တတ်ကုန်သော အလုံးစုံသော သူတို့သည် အနက်သဘောအားဖြင့် နတ္ထိကဝါဒရှိသူတို့ သည်လည်းကောင်း၊ အကိရိယဝါဒရှိသူတို့သည်လည်းကောင်း၊ အဟေတုကဝါဒရှိသူတို့သည် လည်းကောင်း ဖြစ်ကုန်၏။ (မ၊ ဋ္ဌ၊ ၂၊ ၈၅။)


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၅၄-၅၅)



အဓမ္မဝါဒအဟောင်းများကို ပြန်လည်ဟောပြောရေးသားထားခြင်း


ဟုတ်/မဟုတ် စိစစ် ဆုံးဖြတ်ချက် ( ၂၅ )


မိုးပြာအဖွဲ့ခေါင်းဆောင် ဓမ္မဝိဟာရီ အရှင်ဉာဏသည် အဓမ္မဝါဒအဟောင်းများကို အသစ်တဖန် ပြန်လည်ဟောပြောရေးသားထားပါကြောင်း စောဒနာ နောက်ဆက်တွဲအဖြစ် တင်ပြထားကြသည်။ စောဒကတို့ တင်ပြထားသော မိုးပြာအဖွဲ့ခေါင်းဆောင် ဓမ္မဝိဟာရီ အရှင်ဉာဏ၏ ဟောပြောရေး သားချက်တို့ကို စောဒကတို့ ညွှန်ပြထားသော ဝိနိစ္ဆယစာတမ်းများ၌ ပါဝင်ပြီးဖြစ်သော အဓမ္မဝါဒများ ဟုတ်/မဟုတ်သာ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့အမှတ် (၁၇/၂၀၁၁) အဖွဲ့ဝင် ဆရာတော်များက စိစစ်၍ ဆုံးဖြတ်ချက်ချပါအံ့-။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၃၈၉)



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအား တိုက်တွန်းခြင်း


ဤသို့အားဖြင့် ဓမ္မ- အဓမ္မ အငြင်းပွားမှုကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၀၇/၂၀၁၁) ဝိနည်းဓိုရ်ဆရာတော်များသည် စောဒနာလွှာ များကို သေချာစွာ လေ့လာကြည့်ရှုကြပြီး ပါဠိ အဋ္ဌကထာ ဋီကာ အဖြာဖြာတို့နှင့် ညှိနှိုင်းလျက် ဖြစ်သင့်သည့်အတိုင်း ဆုံးဖြတ်ထားကြသော အဆုံးအဖြတ် ဖြစ်သည်။ ဤဝိနိစ္ဆယချမှတ်ပြီးသည့်အခါ အကောင်အထည် ဖော်ရာ၌ ချောမွေ့စေရေး ဝိနိစ္ဆယတည်ရှိရေး သာသနာတော်၏ ဆန့်ကျင်ဘက်အကျင့်တို့ကို ဆက်လက်မကျင့်စေရေးတို့သည် “ရာဇာ ပဓာနံ = မင်း ပြဋ္ဌာန်း၏” ဆိုသည့်အတိုင်း အာဏာစက် လိုက်ပါဆောင်ရွက်မှသာ ဖြစ်ပေမည်။ ထို့ကြောင့် ပထမသင်္ဂါယနာ တင်စဉ်အခါ၌ အဇာတသတ်မင်းကြီးသည်-


“သာဓု ဘန္တေ ဝိဿတ္ထာ ကရောထ၊ မယှံ အာဏာစက္ကံ၊ တုမှာကံ ဓမ္မစက္ကံ ဟောတု။ အာဏာပေထ ဘန္တေ ကိံ ကရောမိ။” (ဝိ၊ ဋ္ဌ၊ ၁၊ ၉။ ဒီ၊ ဋ္ဌ၊ ၁၊ ၉)


“အရှင်ဘုရားတို့ ကောင်းပါပြီ ရွံရှာခြင်းကင်းသော စိတ်နှလုံးရှိသည်ဖြစ်၍ ဆောင်ရွက်တော်မူကြပါ။ တပည့်တော်၏ အာဏာစက် ဖြစ်ပါစေ။ အရှင်ဘုရားတို့၏ ဓမ္မစက် ဖြစ်ပါစေ။ အရှင်ဘုရားတို့ စေခိုင်းတော်မူကြပါ။ အဘယ်ကို ပြုရပါမည်နည်း” ဟု လျှောက်ထားသကဲ့သို့-


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့်လည်း-


အဓမ္မဝိနိစ္ဆယ= ဓမ္မစက်၏နောက်က အာဏာစက် လိုက်ပါဆောင်ရွက်ပေးပါရန် အထူးအားဖြင့် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။


အမှတ်(၁၇/၂၀၁၁) နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၄၂၉)

Read more ...

မိုးပြာဝိနိစ္ဆယ ကောက်နှုတ်ချက်များ (၂)

သျှင်သာမိ - မုံရွာ | 2:53 PM | Be the first to comment!

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ အဖွဲ့အမှတ် (၁၇/၂၀၁၁) ၏

ပစ္စုပ္ပန္နကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာရှင်ဉာဏ ဦးဆောင်သော


မိုးပြာဝါဒဝိနိစ္ဆယ

-------------------------------------------------------------------


နိဒါန်း

ပြည်ထောင်စု မြန်မာနိုင်ငံတော် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းရွာ၊ အနုပါဒါယဉ်ကျေးမှုမိုးပြာခြံ၌ သီတင်းသုံး- နေထိုင်သော ရှင်ဉာဏဦးဆောင်သည့်ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာဂိုဏ်းသားတို့သည် ထေရဝါဒဗုဒ္ဓသာသနာတော်အား အခြေခံမှ စ၍ စော်ကားပုတ်ခတ်သည့် စာအုပ် စာတန်းများ ထုတ်ဝေခြင်း၊ ဟောပြောပြသခြင်း၊ သင်တန်းများ ဖွင့်လှစ်၍ ပို့ချခြင်း၊ အင်တာနက်သို့ တင်၍ ကမ္ဘာအရပ်ရပ်သို့ ဖြန့်လွှင့် ခြင်းများ ပြုလုပ်နေသဖြင့် ယင်းအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဓမ္မ- အဓမ္မ စိစစ်ပြီး အဓမ္မအဖြစ် ဆုံးဖြတ်ပေးပါရန်-

၁။ ဘဒ္ဒန္တအဂ္ဂဉာဏ၊ ချမ်းမြေ့သာစည်ကျောင်းတိုက်၊ ဘုရားချောင်းရပ်ကွက်၊ မြောင်းမြမြို့။

၂။ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ၊ ဓမ္မဂါရဝကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။

၃။ ဘဒ္ဒန္တနာရဒ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ ဟိုပင်မြို့။

၄။ ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ၊ နိရုတ္တိနယူပဒေသကျောင်း၊ မစိုးရိမ်တိုက်၊ မန္တလေးမြို့။

၅။ ဘဒ္ဒန္တနန္ဒာဘိဝံသ၊ ဓမ္မပါကဋကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။

၆။ ဘဒ္ဒန္တဣန္ဒာစရိယာဘိဝံသ၊ သာသနပါရဂူကျောင်းတိုက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့- တို့က ၂၀၀၉-ခုနှစ်၊ ဇွန်လ ၈- ရက်၊ တနင်္လာနေ့တွင် နိုင်ငံတော် သံဃမဟာနာယက -အဖွဲ့ထံသို့ စောဒနာလွှာ တင်သွင်းခဲ့ကြပေသည်။

ထိုစောဒနာလွှာအရ- မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်ဉာဏဦးဆောင်သော ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာဂိုဏ်းသားတို့ထံသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အနေဖြင့် ၃-၉-၂၀၀၉- ရက်စွဲဖြင့် သောဓနာလွှာ တင်သွင်းရန် တောင်းခံခဲ့ပေသည်။ ထိုသို့တောင်းခံခဲ့သော် လည်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်ဉာဏဦးဆောင်သော ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာဂိုဏ်းသားတို့ထံမှ “သူတို့အဖွဲ့သည် ထေရဝါဒဗုဒ္ဓဘာသာအဖြစ်မှ နှုတ်ထွက်ပြီး၊ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းလဲပြီးဖြစ်၍ သောဓနာလွှာ တင်သွင်းရန် မလိုကြောင်း” ၂၄- ၉- ၂၀၀၉- ရက်စွဲပါစာဖြင့် တင်သွင်းလာခဲ့ပေသည်။


ထို့ကြောင့်-

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က-

ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ၊ အခန်း (၇)၊ အပိုဒ် (၅၇)၊ အပိုဒ်ခွဲ (င) နှင့်

ဝိနိစ္ဆယလက်စွဲ၊ အခန်း (၁၃)၊ အပိုဒ် (၃၂)၊ အပိုဒ်ခွဲ (ခ) တို့ အရ- နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်နိုင်ရန် နိုင်ငံတော် သီးခြားသံဃဝိနိစ္ဆယအဖွဲ့၊ အဖွဲ့အမှတ် (၁၇/၂၀၁၁)ကို-


၁၃၇၂-ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် ၉-ရက်၊ ( ၂၈- ၁- ၂၀၁၁) သောကြာနေ့တွင် ဖွဲ့စည်း၍ အောက်ပါ ဝိနည်းဓိုရ်ဆရာတော်များကို တာဝန်ပေးအပ်ခဲ့ပေသည်။


သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ

စဉ် ဘွဲ့တော် သက်တော်/သိက္ခာ ကျောင်း/ကျောင်းတိုက်

၁။ ဘဒ္ဒန္တကဝိန္ဒာစာရ ၇၆/၅၇ ဓမ္မာလင်္ကာရရေအားလျှပ်စစ်ကျောင်းတိုက်၊ သာစည်မြို့။

၂။ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ၆၄/၄၅ မင်းကျောင်းပဌမပြန်စာသင်တိုက်၊ သံလျင်မြို့။

၃။ ဘဒ္ဒန္တသောဘဏ ၆၃/၄၃ မဟာဝိသုတာရာမအလယ်တိုက်၊ ပခုက္ကူမြို့။

၄။ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ ၆၂/၄၂ သာသနဇောတာရုံကျောင်းတိုက်၊ မတ္တရာမြို့။

၅။ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ၅၇/၃၇ ဓမ္မသမိဒ္ဓိကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။


ဝိနည်းဓိုရ်ဆရာတော်ကြီးများသည်-


၁။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေးအပ်လာသည့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရန်


၂။ တင်ပြလာသော စောဒနာလွှာများကို ဗုဒ္ဓသာသနာတော်နှင့် ညီ/မညီ သေချာစွာ လေ့လာစိစစ်ကြပြီး ဆုံးဖြတ်ချက်ချရန် သဘောထားကြသည်။


အဓမ္မဝါဒရှင်းလင်းသုတ်သင်ရန်


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လွှဲအပ်ချက်ကို နိုင်ငံတော်သီးခြားသံဃဝိနိစ္ဆယအဖွဲ့ အဖွဲ့အမှတ် (၁၇/၂၀၁၁) ဝိနည်းဓိုရ်ဆရာတော်ကြီး များက လက်ခံတော်မူကြပြီး ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာဂိုဏ်းသားတို့၏ အဓမ္မဝါဒဟူသော ကျောက်တောင်ကြီးကို ပိဋကသုံးသွယ် နိကာယ်ငါးရပ် ပါဠိ အဋ္ဌကထာ ဋီကာတည်းဟူသော ဝဇီရစိန် (=ဝရဇိန်) လက်နက်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သုဓ်သင်ရှင်းလင်းရမည်-။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၅- ၁၆- ၁၈)


= အဓမ္မ အဝိနယ ဝါဒီများကား အမြဲတမ်း အကွက်အချက် ရခိုက် ခေါင်းထောင်လာကြပြန်သည်။ ယင်းတို့ကား လူသေလူဖြစ်၊ ကျောက်သင်္ဘော စသည် စသည်အားဖြင့် ဖြစ်ပေါ်လာကြသော အဓမ္မဝါဒများပေတည်း။


= ထေရဝါဒ ဓမ္မဝိနယများကို လှုပ်ယိုင်နှဲ့နှုတ်ရန် ခေတ်ပေါ်အဓမ္မဝါဒီများ ကြိုးစားနေကြသော်လည်း ဘေးအမျိုးမျိုးမှ ကာကွယ်ရန် ဝန်းရံစောင့်ကြပ် နေကြသော ပုဂ္ဂိုလ်များရှိ၍ နေကြပြီ။ ၎င်းပုဂ္ဂိုလ်များကား မြန်မာသက္ကရာဇ် ၁၃၄၂-ခုနှစ်တွင် စတင်ပေါ်ထွန်းလာသော ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်း ကြီးပင် ဖြစ်သတည်း။


= “မြတ်ဗုဒ္ဓ၏ ဓမ္မဝိနယ ကျောက်တိုင်တော်ကြီးကို နှုတ်ပစ်ဖို့ မဆိုထားနှင့်။ လှုပ်ယိုင်ရန်အတွက်ပင် မချဉ်းကပ်လာကြလေနှင့်” ဟု ဆိုသကဲ့သို့ပင် ရှိနေတော့သည်။ ထို့ကြောင့်ပင် ၁၃၄၂-ခုနှစ်မှ စ၍ အဓမ္မဝါဒီများကို စိစစ်ဖယ်ရှားခဲ့သည်မှာ (၁၇) မျိုးပင် ရှိနေပြီ။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၄၂၅)


ဓမ္မနှင့်မညီ၊ ဆန့်ကျင်သည်ကို၊ ရုံးတည်သုံးသပ်၊ ဆုံးဖြတ်ပြီးရာ၊

အာဏာမလိုက်၊ ပြစ်မထိုက်ရင်၊ လူမိုက်အများ၊ အငြင်းပွားလိမ့်။

ဤကားဓမ္မ၊ အဓမ္မနှင့်၊

လုံးဝမပြီး၊ အချီးနှီးပင်၊ အထင်အရှား၊ အငြင်းပွားခဲ့။

စဉ်းစားကြပါ၊ အဖြေရှာကြ၊ ရှေ့မှာထင်ရှား၊ နောက်ထင်ရှားထိ၊ ထင်ရှားဖြေပြ၊ ဆိုထားကြပြီ။ 

ကြားကြပါစေ- ကြားပါစေ၊

မြင်ကြပါစေ- မြင်ပါစေ၊

တွေ့ကြပါစေ- တွေ့ပါစေ။

Read more ...

မိုးပြာဝိနိစ္ဆယ ကောက်နုတ်ချက်များ ( ၁ )

သျှင်သာမိ - မုံရွာ | 2:50 PM | Be the first to comment!

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်/ 

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ / 

အမှတ် (၁၇/၂၀၁၁)က ဆုံးဖြတ်တော်မူသည်


မိုးပြာဝိနိစ္ဆယ ကောက်နုတ်ချက်များ ( ၁ )


မိုးပြာအရှင်ဉာဏသည်-

= “၁၉၇၄- ခုနှစ် အခြေခံဥပဒေ တည်ဆဲကာလဖြစ်တဲ့ ၁၉၈၃-ခုနှစ် ဖေဖော်ဝါရီလ ၁၀- ရက်နေ့မှာ ထေရဝါဒနှင့် ထေရဝါဒရဟန်းသမဏ အဖြစ်ကို စွန့်လွှတ်ပြီး ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာနဲ့ ဓမ္မဝိဟာရီအဖြစ် ကြေညာရပ်တည်ခဲ့သူ ဖြစ်ပါတယ်” ဟု လည်းကောင်း၊

= “ထေရဝါဒနှင့် မဟာယာနတို့သည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ကွဲပြားကြသော်လည်း ထိုနှစ်ဂိုဏ်းသည် ရှေ့ဘဝနောက်ဘ၀ ခံယူမှု တူညီကြသည်။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာသည် ဤခံယူမှု၌ ဤဂိုဏ်းများနဲ့ မတူသောကြောင့် ဝိသေသဗုဒ္ဓဘာသာ ဖြစ်လေသည်” ဟု လည်းကောင်း၊

= “ထေရဝါဒဗုဒ္ဓဘာသာဟာ ပရမတ်ကို သစ္စာခံတဲ့ ဗုဒ္ဓဘာသာ ဖြစ်တယ်။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာဟာ ကံကို သစ္စာခံတဲ့ ဗုဒ္ဓဘာသာ ဖြစ်တယ်။ ဒီ ဗုဒ္ဓဘာသာ ၂- ရပ်ဟာ မိုးနဲ့မြေပမာ အလွန်ဝေးကွာတဲ့ ဘာသာ ၂- ရပ် ဖြစ်တာ သိကြရမှာပေါ့” ဟု လည်းကောင်း ဆိုထားသည်။

= ထိုကြောင့် (ထိုသို့ဆိုထားသောစကား ထင်ရှားရှိနေခြင်းကြောင့်) မိုးပြာဝါဒသည် မဟာယာန မဟုတ်။

(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၁)

မိုးပြာအရှင်ဉာဏသည်-


= ထေရဝါဒလမ်းကြောင်းအတွင်းမှ ထေရဝါဒကို ဖျက်ဆီးနေသော-မိမိအတွက် သက်သာရာသက်သာခွင့်ကို ရှာနေသူ သာသနာမှီခို ကြည်ညိုနေသူတို့၏ သဒ္ဓါစစ်သဒ္ဓါမှန်ကို ဖျက်ဆီးနေသူ သာသနာ့အတွင်းရန်သူ ဖြစ်သည်။

ထိုကြောင့် မိုးပြာဝါဒသည် ထေရဝါဒပင် ဖြစ်နေသည်။ ထေရဝါဒမှ မလွတ်ကင်းသေးဘဲ ရှိနေသည်။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၂)


= ၁၃၄၁- ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁- ရက်၊ ၁၉၈၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁- ရက်နေ့တွင်-


“ယင်းနေ့မတိုင်မီ တည်ရှိခဲ့သော ဂိုဏ်းကြီး ၉- ဂိုဏ်းကို ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနက တည်ရှိခွင့် ပြုခဲ့သည်။ နောက် ထပ်မံ၍ ဂိုဏ်းသစ်တည်ထောင်မှုကို ပိတ်ပင် တားမြစ်ခဲ့ သည်” ဟူ၍ အတည်ပြုထားပါသည်။


= သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ အခန်း ၂-၊ အပိုဒ် ၄- တွင်-


“ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာ ရှိရမည်” ဟူ၍ အတည်ပြုထားပါသည်။


= ဥပဒေကဲ့သို့ ထပ်တူ အာဏာသက်ရောက်သော အထက်ဖော်ပြပါ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ အခန်း ၂-၊ အပိုဒ် ၄- အရ ယင်းဥပဒေကို အတည်ပြုပြီးချိန် ၁၃၄၁- ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁- ရက်၊ ၁၉၈၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁- ရက်နေ့၏ နောက်ပိုင်း၌ ဗုဒ္ဓဘာသာဂိုဏ်းသစ် ထပ်မံ ထူထောင်ခွင့် မရှိသောကြောင့် မြန်မာနိုင်ငံတွင် ၁၃၄၁- ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁- ရက်၊ ၁၉၈၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁-ရက်နေ့ မတိုင်မီ တည်ရှိပြီး ဂိုဏ်းကြီး ၉- ဂိုဏ်းမှ တပါး အခြားဂိုဏ်းသစ်ကို တည်ထောင်ခွင့် မရှိ။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၂)


နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည်-


၁။ သံဃာထုချည်းသက်သက် သံဃဆန္ဒဖြင့်ချည်း ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်း မဟုတ်- နိုင်ငံတော် အစိုးရ၏ လျှောက်ထားချက်၊ သံဃာထု၏ သဘောတူညီချက်တို့ဖြင့် နိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် တွဲဖက်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သောကြောင့်လည်းကောင်း၊


၂။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာများ ကျမ်းစာအုပ်၊ စာမျက်နှာ ၄၃- တွင်-


“ဝိနိစ္ဆယဥပဒေကို လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ နောက်မှာ ဝိနိစ္ဆယ လုပ်ထုံးလုပ်နည်းရော၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် သူ့ရဲ့လုပ်ထုံးလုပ်နည်းတွေပါ ဆက်သွယ်ပြီး အကျိုးသက်ရောက်သွားတယ်။ အားလုံး ဥပဒေထဲ အကျုံးဝင်သွားတယ်။ ဒါ့ကြောင့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းကို သာမန်အများစု ဆုံးဖြတ်ချက်လောက် မယူဆရဘူး။ အားလုံး ဥပဒေအကျိုး သက်ရောက်သွားတယ်” ဟု ဆိုထားသည် ဖြစ်၍ ဝိနိစ္ဆယလုပ်ထုံးလုပ်နည်း၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် သူ့ရဲ့လုပ်ထုံးလုပ်နည်းတို့သည် နိုင်ငံတော် ဥပဒေနှင့် အလားတူ အာဏာသက်ရောက်သောကြောင့်လည်းကောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် N.G.O မဟုတ်ပါ။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၃)

= နောက်ဆုံး ခြုံငုံဆိုရလျှင် “ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာသည် ဤခံယူမှု၌ ဤဂိုဏ်းများနှင့် မတူသောကြောင့် ဝိသေသဗုဒ္ဓဘာသာ ဖြစ်လေသည်” ဟု စွဲမြဲစွာ ဆိုပါလျှင် “ဂိုဏ်းသစ်တည်ထောင်သည် ဖြစ်သောကြောင့်” ၁၃၄၁- ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁- ရက်၊ ၁၉၈၀- ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁- ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ အခန်း ၂-၊ အပိုဒ် ၄-ကို လွန်ကျူးသူ ဖြစ်သည်။

သို့ဖြစ်ပါ၍ “မိုးပြာဂိုဏ်းကို တည်ထောင်သူနှင့် ယင်းဂိုဏ်းဝင်ပုဂ္ဂိုလ်များသည် နိုင်ငံတော် ဥပဒေကို ချိုးဖောက်သူများဖြစ်၍ တည်ဆဲဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်” ။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၃ - ၁၄)


တနည်းအားဖြင့်--

၁။ ၎င်းတို့ကိုယ်တိုင်းလည်း မဟာယာနဟု ဝန်ခံမှု ပြောဆိုမှု မရှိ၊ ၎င်းတို့ ဟောပြောရေးသားချက်တို့တွင် မဟာယာနဂိုဏ်း လက္ခဏာ တစ်စုံတစ်ခုကိုမျှ မတွေ့ရ၍ မဟာယာနဂိုဏ်းဝင် မဟုတ်သောကြောင့်လည်းကောင်း၊


၂။ ၎င်းတို့၏ ဟောပြောရေးသားချက်တို့သည် ထေရဝါဒပိဋကတ် ပါဠိတော်အဋ္ဌကထာတို့ကိုသာ မှီကပ်၍ ကြံဆဟောပြော ရေးသားသည်မှာ ထင်ရှားသောကြောင့်လည်းကောင်း၊


၃။ ထေရဝါဒ၌ပင် အတွင်းဝင်သောဝါဒဖြစ်၍ ယင်းတို့၏ ဟောပြောရေးသားချက်များ၏ ဓမ္မ-အဓမ္မ၏အဖြစ်ကို ထေရဝါဒ ပိဋကတ် ပါဠိအဋ္ဌကထာတို့နှင့် ကိုက်ညီမှု ရှိ-မရှိဖြင့်သာ စိစစ်ဆုံးဖြတ်ထိုက်သောဝါဒ ဖြစ်ပါသောကြောင့်လည်းကောင်း၊


၄။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရှိ အမြင့်ဆုံးတရားဝင် သံဃာ့အဖွဲ့အစည်း ဖြစ်သောကြောင့်လည်းကောင်း- ယင်း(နိုင်ငံတော် သံဃမဟာနာယက)အဖွဲ့အစည်း၏ အဆုံးအဖြတ်ကို ခံယူရမည်သာ ဖြစ်ပါသည်။


(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၄)


= “သူတစ်ပြန် ကိုယ်တစ်ပြန် အပြန်ပြန် အလှန်လှန် စွပ်စွဲနေကြခြင်းဖြင့်လည်း ဝိဝါဒဟူသည် ငြိမ်းရိုးထုံးစံ မရှိ- အပြန်ပြန် အလှန်လှန် စွပ်စွဲလိုက် စစ်ဆေးလိုက် လုပ်နေတာ ကြာလာလျှင် ဝိနည်းဓိုရ်များပင် စုဒိတကဘ၀ ရောက်လာနိုင်သည်။

= သာသနာတော်အတွက် အကျိုးစီးပွား မဖြစ်နိုင်။ သာသနာမှီခိုသူများအတွက်လည်း အကျိုးစီးပွား မဖြစ်နိုင်။

(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၄၂၇)


“ဓမ္မနှင့်မညီ၊ ဆန့်ကျင်သည်ကို၊ ရုံးတည်သုံးသပ်၊ ဆုံးဖြတ်ပြီးရာ၊

အာဏာမလိုက်၊ ပြစ်မထိုက်ရင်၊ လူမိုက်အများ၊ အငြင်းပွားလိမ့်။

ဤကားဓမ္မ၊ အဓမ္မနှင့်၊ လုံးဝမပြီး၊ အချီးနှီးပင်၊ အထင်အရှား၊ အငြင်းပွားခဲ့။စဉ်းစားကြပါ၊ အဖြေရှာကြ၊ ရှေ့မှာထင်ရှား၊ နောက်ထင်ရှားထိ၊ ထင်ရှားဖြေပြ၊ ဆိုထားကြပြီ။ 

ကြားကြပါစေ- ကြားပါစေ၊

မြင်ကြပါစေ- မြင်ပါစေ၊

တွေ့ကြပါစေ- တွေ့ပါစေ။

Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညှနျကွားလှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories