Showing posts with label ဆူနာမီ. Show all posts
Showing posts with label ဆူနာမီ. Show all posts

March 5, 2010

ဝမ်းသာမိပါသည် ဆူနာမီ... ပို့စ် ပြန်တင်ခြင်း...( ဒဿန ခရီးစဉ်)

မေတ္တာတံခွန် | 11:10 PM | | 9 Comments so far
ဝမ်းသာမိပါသည် ဆူနာမီ... ပို့စ် ပြန်တင်ခြင်း...

ဘယ်ကယူလာမှန်း မသိတော့တဲ့ပုံပါ

တပည့်တော်ရေ...

တပည့်တော် အသိပေးမှုကြောင့် ခဏ ပိတ်ထားတဲ့ပို့စ်

ဘာသာခြားတွေ အထင်သေးမှာစိုးရတာထက်

ဗုဒ္ဓဘာသာဝင်တွေ အသိလွဲမှာ စိုးလို့ ပြန်ဖွင့်ပေးထားလိုက်ပါတယ်...

စိတ်ချမ်းသာပါစေ...



သစ္စာ ရေ...

သစ္စာက ဖြေရှင်းချက်ဆိုလို့ ပိတ်ထားတဲ့ ပို့စ်အဟောင်း ပြန်ဖွင့်ပေးလိုက်ပါတယ်...


အရင်ကတော့ နားမလို့ပါပဲကွယ်

ဘာသာခြားတွေထက် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ အမြင်အသိမှန်ဖို့ ၇-ရက်နေ့မှာ


စာတစ်စောင်တော့ ထပ်ရေးပေးပါဦးမယ်...


ဇွတ်ငြင်းနေတာထက် အေးချမ်းစွာ လမ်းမှန်ရောက်စေချင်ကြတာပါ...

မှန်တယ်ဆိုရင်လည်း ရှိပါစေတော့လေ...

တပည့်တော်ရေ...

တပည့်တော် အသိပေးမှုကြောင့် ခဏ ပိတ်ထားတဲ့ပို့စ်
ဘာသာခြားတွေ အထင်သေးမှာစိုးရတာထက်
ဗုဒ္ဓဘာသာဝင်တွေ အသိလွဲမှာ စိုးလို့ ပြန်ဖွင့်ပေးထားလိုက်ပါတယ်...
စိတ်ချမ်းသာပါစေ...




ဆူနာမီ ဆရာတော် ဦးဥတ္တမသာရ
အရှင်ဘုရားကို စင်တစ်ခုနဲ့ အပူဇော်ခံရတော့ ၀မ်းသာမိပါတယ်ဘုရား




ဒါပေမဲ့ ကြာရင် ဘုရားစင်နဲ့ အပြိုင် ဖြစ်လာမှာတော့ စိုးရိမ်သား
စိုးရိမ်တာ အပြစ်မမြင်ပါနဲ့ဘုရား
စိုးရိမ်စရာတွေက တစ်ခုပြီးတစ်ခု ဆိုတာလို ထွက်လာနေလို့ပါ



ဒီပုံလေး စမြင်ရတော့
အော် ဒီဘာသာရေးဆိုက်က ဒကာတွေ မတင်သင့်တာတွေ တင်နေတာပဲ
ဒီလိုသဘောနဲ့ ကြည့်မိပါတယ်...

အောက်ကို ဆက်ကြည့်လိုက်တော့
ဒုက္ခပါပဲလား ဒါမျိုးက သူငယ်ချင်းတွေ အပျော်ရိုက်ထားရင်လည်း
သိမ်းထားသင့်တာပေါ့လို့ တွေးမိပြန်ပါတယ်




အောက်ကပုံကတော့
မြတ်ဗုဒ္ဓရဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမျှ အပင်ပန်းခံ ရှာဖွေဖေါ်ထုတ်ခဲ့ရတဲ့ ဒေသနာတော်ကို
ပညတ်ပါကွာဆိုပြီ အရှင်ဘုရား ဖျက်ဆီးလိုက်တယ်လို့ ခံစားရပါတယ်ဘုရား။



ဒီပုံကိုတွေ့ရတော့ တပည့်တော်ရင်ထဲ မချိပါဘူးဘုရား
ဒါ့ကြောင့် ပုံပေါ်မှာ စာတွေ ရေးလိုက်ပါတယ်
စာထဲမှာပါတဲ့ ကိုယ်တော်ချောဆိုတာက ဗုဒ္ဓဘာသာကို ဆဲဆို
ဘုရားပုံတော် ကြက်ချေခတ် ဘုန်းကြီးပုံတွေ ကြက်ချေခတ်နေတဲ့ ဘာသာခြားသူပါ
ခု ဘုရားသားတော်တစ်ပါးရဲ့ တရားစခန်း မြင်လိုက်ရတော့
ကိုယ်တော်ချောထက် အရှင်ဘုရားက ပိုဆိုးသွားပါပြီ
တပည့်တော် အရမ်းအံ့သြမိပါတယ်။

အရှင်ဘုရားရဲ့ အဖြစ်အပျက်တွေ ကြည့်ပြီးနောက်

တပည့်တော်ကို မြတ်ဗုဒ္ဓရဲ့ထေရ၀ါဒစစ်စစ် နှစ်သက်အောင် ပြုပေးခဲ့သူ ကျေးဇူးရှင်အားလုံးကို
ဒီနေရာနေ ကျေးဇူးအထူးတင်ကြောင်း ပြောပါတယ်။

တပည့်တော် သူတော်ကောင်း မထေရ်ကြီးများရဲ့ ထေရ၀ါဒကို မြတ်နိုးသူ ဖြစ်ပါတယ် ဘုရား။





ဒါနဲ့ပါတ်သက်ပြီး ဒကာလေးတစ်ယောက်က မေးလျှောက်တော့
အရှင်ဘုရားက ဖြေကြားပေးခဲ့ပါတယ်
အဖြေရတော့မှ ပိုပြီး စိတ်ဆင်းရဲရပါတယ်ဘုရား...


ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းပုံတော်ကို ပုံနှိပ်စက်က ပျက်ဆီးနေလို့ အရှင်ဘုရားကို လာလှူရင်တောင်
အရှင်ဘုရားအနေနဲ့ ဒီလိုတရားထိုင်နေသူများအတွက် ခင်းပြီး မသုံးသင့်ပါဘူးဘုရား...
ဒီလောက်ကလေးတော့ အရှင်ဘုရား အသိဉာဏ်ရှိသင့်တယ်လို့ ထင်မိပါတယ်...
အရှင်ဘုရားကပြောသေးတယ် ယောဂီတွေ တရားအားထုတ်တာ ပိုအရေးကြီးတယ်
ဒါ (ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းပုံတော်) သတ်မှတ်ချက်ပဲလေတဲ့
အရှင်ဘုရားပါးစပ်က ထွက်လာသမျှ ရွံရှာဖွယ်ရာ အံ့သြစရာတွေချည့်ပါပဲဘုရား...
ဒကာဒကာမတို့ အမေးအဖြေ အသံလေးသာ နားထောင်ပါတော့ ၁ မိနစ်နဲ့ ၄၆ စက္ကန့်ထဲပါ
http://www.nartha.org/audios/UOttamasara2010-02-22_b(00-06_00-08).mp3

[ငြိမ်းချမ်းပါစေ...]


အရှင်ဘုရား ပညတ်ကို အတော်ပယ်ချင်နေတယ်
ဘုရားပုံတော် ဆင်းတုတော် သာသနာ့အလံ စသည်များ ပျက်ဆီးနေခဲ့သော်
ပုံပျက်အောင် ဖျက်ဆီးပြီး စွန့်ပြစ်ဖို့ ဆရာတော်ကြီးများက ညွှန်ကြားထားပါတယ်ဘုရား
ခုတော့ အရှင်ဘုရား လုပ်လိုက်ပုံက
တရားကျင့်လိုတဲ့သူတွေ မတရားဖြစ်အောင် ဖျက်ဆီးလိုက်သလိုပါပဲ
ဒီဘုန်းကြီးနဲ့ ဒီမယ်သီလ ဒီယောဂီတွေ ဘာတရားထူးရမယ် ထင်နေပါသလဲ
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ပုံတော်ပေါ် တရားထိုင်မှတော့
ဘာတရားမှ အရထူးမှာ မဟုတ်ပါဘူး တပည့်တော်ပြောပါတယ်။
ဒီလုပ်ငန်းစဉ်ကို လက္ခံခဲ့ ကျင့်သုံးခဲ့တဲ့ အရှင်ဘုရားမှာလည်း ဒီအချိန်ထိတော့ မထင်။







ပြောစရာတွေ ကျန်သေးတယ်ဘုရား
ခုတော့ စိတ်ပျက်တယ်
စိတ်ပျက်တယ်ဆိုတော့ အနာဂါမ်မဖြစ်သေးတာ သေချာသွားပါပြီ။


ဒီဒကာမဆိုကြည့်စမ်း အ၀ိဇ္ဇာနဲ့တဏှာပေါ် တက်ထိုင်နေတယ်






အရှင်ဘုရား မျက်စိလေးဖွင့်ပြီး ဆွမ်းဒကာ ဒကာမတွေ တချက်ကလေး ငဲ့ကြည့်ပေးပါဘုရား။

အားလုံးငြိမ်းချမ်းစွာနဲ့ အလယ်လမ်းမှန်ပေါ် ရောက်နိုင်ကြပါစေ...

(credit to ဒဿနခရီးစဉ်)

by အရှင်လောကနာထ
Read more ...

February 25, 2010

အချိန်မနှောင်းခင် ပြင်စေချင်

Anonymous | 10:15 AM | | | 1 Comment so far
Worli Bandra Sea LinkImage by Swami Stream via Flickr
ခက်တော့ခက်သားဗျ.. ဘာခက်တာလဲလို့ မေးလာရင်တော့.. ပြောရမှာ ခက်တယ်လို့ပဲ ဆိုရတော့မှာပါ၊

မပြောပြန်ရင်လည်း အနာဂတ် သာသနာတော် အရေးကို မတွေးကြည့်မိသူ တာဝန်မကျေသူဖြစ်မယ်။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျမှာထက် သူတစ်ပါးကို မနာလိုလို့ပြောတယ် ဖြစ်မယ်။ “သူ့ထက်သာမနာလို ”  ဆိုတဲ့ ဆောင်ပုဒ်ကို အကျယ်ချဲ့ပြီး ဘာဘာညာညာ ဆိုတာတွေ ပြောလာကြလိမ့်မယ်။ ဒါပေမဲ့ အခုဟာက မဟုတ်တာတွေ များလွန်းနေတယ်။

"စူနာမီဆရာတော် တရားကို နားလည်ချင်ရင် လွယ်ပါတယ်။ ခုပြောနေတဲ့  အရိယာဆိုတာလဲ ပညတ်ဘဲ။ အွန်လိုင်းလွှင့်တာ ပိတ်တယ် ဖွင့်တယ်ဆိုတာလဲ ပညတ်ဘဲ။ ချစ်မြတ်နိုးဆိုတာလည်း ပညတ်ဘဲ။ မဟာနာယက ဆရာတော်များသည်လဲ ပညတ်ဘဲ။ အင်တာနက် ဆိုတာလဲ ပညတ်ဘဲ။ လူဆိုတာလဲ ပညတ်ဘဲ။ ၃၁ဘုံဆိုတာလဲ ပညတ်ဘဲ။ ၅ပါးသီလတို့  ၀ိနည်းတို့ လဲ ပညတ်ဘဲ။ အပါယ်ငရဲလဲ ပညတ်ဘဲ။ ပညတ်တွေဆိုတာ ဘာမှမဟုတ်ဘူး။အဲတော့ စူနာမီဆရာတော်ပြောတာတွေဟာ ဘာမှမဟုတ်ဘူးလို့ မှတ်။ ဘာမှမဟုတ်မှတော့ ဘာမှကိုပြောနေစရာမရှိတော့ဘူး" တဲ့။

အဲဒီအချက်လေးကိုပဲ ဖတ်ကြည့်တယ် အရာအားလုံးပညတ်တွေပဲ ပညတ်မှန်သမျှ အကုန်ပယ်တဲ့တရားက စူနာမီတရားပဲဖြစ်မယ် ဘုရားရှင်ဟောတဲ့ တရားတော့ မဟုတ်ဘူး ဘုရားရှင်က ပညတ်နဲ့ ပါရမတ်ကို သူ့နေရာနဲ့သူ တန်ဖိုးထားတယ် တန်ဖိုးထားလို့လည်း မင်္ဂလသုတ်တော်ကြီးကို မြတ်စွာဘုရားဟောတာလေ၊ သေချာ တွေးကြည့်ပါ မဟာမင်္ဂလသုတ်တော် လို့ဆိုထိုက်တဲ့ မင်္ဂလသုတ်တော်မှာ ပထမဦးဆုံး ဟောတာက လူမိုက်ကို မပေါင်းသင်း မဆက်ဆံနဲ့လို့ ဟောတော်မူတာ၊ အကယ်စင်စစ် စူနာမီဟောသလို အရာအားလုံးဟာ ဘာမှမဟုတ်ဘူးဆိုဆိုရင် လူမိုက်ကို မပေါင်းရလို့ ဘုရားရှင် ဟောတော်မူမှာ မဟုတ်ပါ၊ သေချာလေးတွေးပါ။ ဘုရားသာသနာကိုဖျက်ဆီးသူထဲမှာ ကိုယ်ပါနေလားဆိုတာ၊ ပညာရှိကိုပေါင်းပါလို့ ဒုတိယမင်္ဂလာအနေနဲ့ ဘုရားရှင် ထပ်ပြီးဟောတယ်။ ပညာရှိဆိုတာ ပရမတ်လား ပညတ်လား စဉ်းစားပါ၊ အဲလိုပဲ လူမိုက် ဆိုတာကကော ပရမတ်လား၊ သေချာတွေးပါ၊ စူနာမီပြောသလို ဘာမှမဟုတ်တာချည်း ဆိုရင် အမိသတ်ကံ အဖသတ်ကံ ဆိုတာ ဘုရားဟောမှာ မဟုတ်ပါဘူး၊ အခုဟာက လူတွေကို လမ်းကြောင်းလွှဲနေတယ်၊ ဘုရားမဟောတာကို ဘုရားဟောလုပ်နေတယ်။ ဒီလိုအယူတွေသာပြန့်ပွားသွားရင် အနာဂတ်သာသာနာ ဘယ်လိုဖြစ်သွားမလဲ လာမဲ့ဗုဒ္ဓဘာသာမျိုးဆက်တွေဘာဖြစ်သွားမလဲ၊ ကျနော်ဖတ်ဖူးတဲ့ နတ်မှီတောရ ဆရာတော်ကြီးရဲ့ ဩ၀ါဒကိုသွားသတိရတယ် ဘာလဲဆိုတော့...

တစ်ခါတုံးက ၀က်သားအလွန်ကြိုက်တဲ့ ဒကာကြီးတစ်ယောက်က ဆရာတော်ကြီးဆီ အဖူးမြော် ရောက်သတဲ့။ ဒါနဲ့ဆရာတော်ကြီးက ဒကာကြီးလက်ထဲက ဘာလဲလို့ မေးတော့ အသားမစားတဲ့ ဆရာတော်ကြီး ကို ဒကာက အားနာဟန် တူပါတယ် ဖြေလိုက်ပုံလေးကတော့ သင်းပါ့။ ဘယ်လိုလဲ ဆိုတော့ ဘာမှမဟုတ်ပါဘူးဘုရား။ ဓာတ်ကြီးလေးပါး ပါပဲတဲ့လေ။ ဒီတော့ ဆရာတော်ကြီးက ပြန်မေးတယ် ဒကာတဲ့ ဒကာကြီးဈေးထဲမှာ ၀က်သားဝယ်တုံးက ဓာတ်ကြီးလေးပါး ငါးဆယ်သား ရောင်းပါလို့ ပြောပြီး ၀ယ်ခဲ့ လားတဲ့၊ ဒီဒကာကြီးဘာမှ မဖြေနိုင်တော့ ဘူးလေ၊ ဒီမှာတင် ဆရာတော်ကြီးမိန့်တာက။


"ပရမတ်အစစ်ကို မပေါက်ပဲ ပညတ်ကို ဖျောက်ရင် ခွေးရူးထက် ကြောက်စရာကောင်းတယ်" တဲ့ဗျာ။

ဒါလေး ဖတ်ဖူးကြပြီးသားပါ။ ပညတ်ဆိုပြီး ရမ်းမပယ်နဲ့။ အဲလိုသာ ရမ်းပယ်ရင် အရမ်းကို အပါယ်ရောက်သူတွေများလာ မှာသေချာတယ်။ မင်္ဂလ သုတ်တော်ကို သေချာနာ ပါ။ တွေးပါ ဆင်ခြင်ပါ။ ပညတ်တွေကို နေရာတိုင်း မပယ်တာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ငါးပါးသီလ သူ့အသက်သတ်ခြင်း မှ သူရာမေရိယပုဒ် အထိက ပညတ်တွေကို ဘုရားမပယ်လို့ပဲ ပညတ်တော်မူထားခဲ့တာ နေရာတကာ လျှောက်ပယ်နေရင် မိဘ ဆိုတာလဲ ဓာတ်ကြီးလေးပါး ပညတ်ပဲ သတ်လို့ ဘာမှမဖြစ်ဘူး ဆိုတဲ့ အတွေးတွေ လုပ်ရပ်တွေအတွက် ဘယ်သူမှာ တာဝန်ရှိပါသလဲ။ အဲလောက်ထိ လောကကို အမှောင်ဖုံးစေနိုင်တဲ့ တရား၊ ဘုရားမဟောတာကို ဘာဖြစ်လို့ အဆန်းထွင် ဟောချင်နေရပါလိမ့်။

"ရှေးကဆရာတော်၊ သံဃာတော်တွေရဲ့ နည်းတွေဟာ လိုရင်းရောက်တဲ့ နည်းတွေမဟုတ်ဘူး၊ ရှေးကနည်းများအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တဲ့ ယောဂီတွေဟာ လိုရင်းရောက်နိုင်မယ် မထင်ဘူး"

အထက်က စကားကိုလည်း စူနာမီကပြောခဲ့တယ် အခုလည်း ပြောနေတယ် ၊ ဘာကြောင့် အဲဒီလိုပြောလဲတော့ မသိ ကိုယ်တိုင်က ဘယ်လိုလဲမသိ။ မသိခြင်းပေါင်း များစွာနဲ့ ကျနော်တွေးနေမိတယ်။

ပုဂံခေတ်ကနေ ကနေ့အထိ ဗမာပြည်မှာ ရဟန္တာတွေ မဆိတ်သုဉ်းခဲ့ဘူး။ သာသနာတော် သမိုင်းကိုပဲ ကြည့်ကြည့် ။ အတ္ထုပတ္တိ ကျမ်းစာတွေလည်း ရှိနေပါတယ်။ ဓာတ်တော်တွေကို ဖူးတွေ့နေရဆဲ။ ဒါကို သိနေလျှက်ကယ်နဲ့ ရှေးက ဆရာတော်နည်း တွေက လိုရင်းမရောက်ဘူး ဆိုတော့ ဘာအကြောင်း ကိုထောက်ပြီး ပြောတာလဲ။ ယုံတဲ့သူတွေကလည်း ချင့်ယုံပါ။ အများမိုးခါးရေ သောက်တိုင်း ကိုယ် လည်း မိုးခါးရေ သောက်တယ်ဆိုတာ ဓမ္မဥပေဒသမှာမရှိဘူး။ ကိုယ်လုပ်တာ ကိုယ်ခံပဲ၊ တခြားဘယ်သူမှ ၀င်ပြီး အစားထိုးလို့ မရ ဘူး။ ဒါကို အဟုတ်မှတ်ပြီး အရူးဘုံမြှောက် လုပ်တဲ့အတွက် နောင်တ ရရလိမ့်မယ်။၊ ကိုယ်ကျော်ကြား လူသိများဖို့ သာသနာတော်ကို ခုတုံးမလုပ်သင့်ဘူး။ မာယာ သာဋ္ဌေယျတွေနဲ့ လူတွေကို မလှည့်ပတ် သင့်ဘူး၊ နောက်ပြီး စူနာမီဆရာတော်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ တပည့်တပန်းတွေဟာ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လူအများ နားလည်အောင် မိုးကုတ်ဆရာတော်ဘုရား နည်းပေးထားခဲ့တဲ့ မိုးကုတ်စက်ဝိုင်းတွေကို ဖင်ခုထိုင်ထားတယ်။ ဒါတွေကို တွေ့လိုက်ရတော့ … ဟာကနဲ ဖြစ်သွားတယ်။

မဟာပရိနဗ္ဗာန သုတ်တော်မှာ

"ချစ်သားအာနန္ဒာ ငါဘုရားမရှိတဲ့နောက် ငါဟောခဲ့တဲ့ တရားတော်တွေကို ငါ့ကိုယ်စား ကိုးကွယ်ရစ်ကြ"

လို့ တရားတော်တွေကို အရိုအသေ အလေးအမြတ်ပြုကြအောင် ဘုရားရှင်က သေသေချာချာ မိန့်မှာတော် မူခဲ့ပါလျှက်ကယ်နဲ့ ဒေသနာတရားကို ဖင်ခုထိုင်ပြပြီး စတန့်ထွင်တာကတော့ ဘုရားရှင်ကို စော်ကားသလို ဖြစ်နေတယ်။ အလားတူ တရားတော်ကို စော်ကားရာရောက်တယ်။ နောက်ပြီး ဒီတရားတော်တွေကို စောင့်ရှောက် ထိန်းသိမ်းထားတော် မူကြတဲ့ သံဃာတော်များ ကိုလည်း စော်ကားတာပါပဲ။

အဲဒီလို ရတနာသုံပါးကို အဖန်တလဲလဲ စော်ကားနေသူကိုမှ ဆရာတင်ပြီး ကိုးကွယ်ရာမှားလိုက်နေကြတဲ့ သူများ အချိန်မီ ပြုပြင်သင့်ပါတယ်။ မဟုတ်ရင် ကိုယ့်သား ကိုယ့်သမီး၊ ကိုယ့်မြေး၊ နောင်လာမဲ့ မျိုးဆက်အတွက် အဆိပ်ထက် ကြောက်စရာ ကောင်းတဲ့ မိစ္ဆာအယူကို ကိုင်စွဲပြီး လောကကို ဖျက်ဆီး လာလိမ့် မယ်၊ အဆိပ်သင့်တာက တစ်ဘ၀ပဲသေတယ်။ အယူဝါဒမှားရင် သံသရာအဆက်ဆက် မှောင်နေတဲ့ ဘ၀ကို ဖန်တီးတဲ့သူတွေက တစ်ခြားသူတွေမဟုတ်ပဲ ကိုယ်တိုင်ပဲဖြစ်ပါ လိမ့်မယ်။

အချိန်မီ အမှန်တရားကို သိကြပါစေ။

လေးစားစွာဖြင့် ဥပသကာ
Reblog this post [with Zemanta]
Read more ...

February 22, 2010

ဝိပဿနာကို အတုလုပ်ရောင်းချသူများ

သျှင်သာမိ - မုံရွာ | 11:06 PM | | | 3 Comments so far
Tsunami Photo - UnknownImage by astanhope via Flickr
စာမေးပွဲနီးနေသည်က တစ်ကြောင်း၊ မြန်မာပြည်၌ အင်တာနက်ကွန်ယက်များ အဆက်ပြတ်ပြီး ဘလော့များထဲ ၀င်ဖို့ အခက်အခဲ ဖြစ်နေသည်က တစ်ကြောင်း စသည့် အခက်ခဲများကြောင့် အွန်လိုင်းပေါ်က ပွဲဆူနေတဲ့ ဆူနာမီဆရာတော်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု့များကို ၀င်ရောက် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ဆူနာမီဆရာတော် ဦးဥတ္တမသာရ နဲ့ ပတ်သက်သော ဆွေးနွေးပွဲအသံဖိုင်များ အချက်များကို တတ်အားသ၍ နဲနဲချင်းစီလေ့လာခဲ့ပေ၏။

ဒီနေရာမှာ ပန်းကမ္ဘာမှ ဆရာတော် ရေးသားထားသောပို့စ်လေးထဲမှ စာသားများကို သဘောကျသဖြင့် အလွယ်တကူ ယူ၍ပြလိုက်ပါအုံးမည်။

@@@@@@@@@@@@@@@
အင်္ဂုတ္တရ ပါဠိတော် မှာ လည်း နောင်အခါ ငါဘုရား သာသနာကို ဖျက်မယ် ဆိုရင် တရားစစ်တရားမှန်တွေကို တရားတုတွေက အစစ်အမှန် ဖြစ်လေဟန် ဟောပြောကြလိမ့်မယ်၊ ထိုကဲ့သို့ ဟောပြောခြင်းသည်ပင် သာသနာကွယ်ကြောင်းတရားပဲ လို့ ဟောကြားထားပါတယ်။ အခုလဲ လာပြန်ပါပြီ - ဘုရားရှင် ဓမ္မတွေကို ကိုယ်ပိုင်ဓမ္မဖြစ်လေ ဟန် နဲ့ ဟောပြောနေတာကြားရတော့

အော် သံကို သံဖျက် သံချေးတက် - ဆိုတာ ဒါမျိုးပါလား လို့ သံဝေဂ ရမိပါရဲ့ ဘာတဲ့ -ကိုယ်ပိုင်ဓမ္မနဲ့ သစ္စာတရားတွေကို ဖြန့်ဝေနေတယ်၊ သူ့တရားမှန်သမျှဟာ အာနာပါန ဖောင်းပိန်၊ နောက်ဆုံး ကမ္မဋ္ဌာန်း ၄၀ ကနေတောင် လွတ်နေသ တဲ့။ အစွဲ မှန်သမျှ အားလုံးပြုတ်ပြီ။ လုံးဝ အစွဲကင်းသွားပြီ တဲ့။ ၃၁ ဘုံ၊ နိဗ္ဗာန်တွေက ပညတ်သက်သက်သာပဲ၊ ဘာမှ အနှစ်သာရမရှိဘူး၊ ပ၇မတ္ထတရားကမှ တရားအစစ်အမှန်ဆိုပဲ၊

အရှင်ဘုရားက အရိယာ ရဟန္တာဖြစ်ပြီလား ဆိုတော့ လွတ်လပ်စွာ ထင်မြင်နိုင်ပါတယ်၊ ထုံးတမ်းစဉ်လာ ဖြစ်တဲ့ သာမာန်သူလို ကိုယ်လို ယောဂီတွေရဲ့ တရားသဘောသိနိုင်မှု့ နားလည်မှု့တွေကို လွန်မြောက်သွားပါပြီ တဲ့။

စာသင်နေသော ဘုန်းကြီးတွေသာ ၀ိနည်းလိုက်နာဖို့လိုသည်၊ တရားကျင့်နေသော ဘုန်းကြီးများ ၀ိနည်းစည်းကမ်းတွေကို လိုက်နာစရာမ လိုဘူး တဲ့။ တပည့်ဒကာ ဒကာမတွေက ဘုရားတစ်ဆူလိုပဲ ကိုးကွယ်ပြီး ပြောဆိုနေကြတယ်၊ ဘယ်လိုဖြေရှင်းမလဲ -

ဆိုတော့ ဖြေစ၇ာ မလိုပါဘူး၊ သူတို့ ထင်ချင်သလို ထင်နိုင်ပါတယ် တဲ့၊ ဒီစကားက မြတ်စွာဘုရားကိုတောင် နှိုင်းယှဉ်ပြောတာ ဖြစ်တဲ့ အတွက် တော်တော်အပြစ်ကြီးတဲ့ ကိစ္စပါ။ တပည့်ယောဂီတွေကို သမာဓိ ပညာ သတိ ၀ီ၇ိယ စတဲ့တရားတွေ တိုးတက်စေဖို့ ကိုယ်တိုင် ဓာတ်ကူးပြီး ကူညီပေးတယ် ဆိုပဲ၊ ဘု၇ားရှင်တောင် မစွမ်းနိုင်တဲ့ အရာကို လုပ်ပေးနိုင်တယ် ဆိုတော့ အင်း ဘယ်လို ပညာ ဘယ်လို အသိဥာဏ်တွေနဲ့ ယုံကြည်ရမလဲ ကွယ်ရို့ လို့ ဟစ်လိုက်ချင်တော့တယ်၊ သာမာန်ဥာဏ်အဆင့်အတန်း ရှိတဲ့ သူတွေတောင် သေချာ စဉ်စားရင် မြင်သာနိုင်ပါတယ်၊

စတုတ္ထပါရာဇိက ဥတ္တရိမနုဿဓမ္မ အဖွင့်မှာ -

ဥတ္တရိမနုဿဓမ္မော နာမ ဈာနံ ၀ိမောက္ခ သမာဓိ သမာပတ္တိ ဥာဏဒဿနံ မဂ္ဂဘာဝနာ ဖလသစ္ဆိကိရိယာ ကိလေသပ္ပဟာနံ ၀ိနီဝရဏတာ စိတ္တဿ သုညာဂါရေ အဘိရတိ၊ ( ပါရာဇိက ပါဠိတော် )လို့ ဆိုထားတာကြောင့် -- အစွဲမှန်သမျှ အားလုံး ပြုတ်ပြီ၊ လွန်မြောက်သွားပြီ လို့ တမျိုး၊ အလောဘ အဒေါသ အမောဟ လို့ တဖုံ အကြိမ်ကြိမ် ၀န်ခံပြောကြားနေတဲ့ ဦးဇင်း အတွက် ဘယ်အခြေအနေေ၇ာက်နေပြီလဲ ဆိုတာ ၀ိနည်းစည်းကမ်း နားလည်သူတိုင်း သံသယပွားစရာ ကုက္ကုစ္စဖြစ်စ၇ာမို့ ရင်လေးမိပါတယ်။

တရားထူး သိခြင်းရဲ့ သဘောမှာ ဒီလူ ဘယ်အခြေအနေ ဘယ်အဆင့်အတန်း ရောက်နေပြီလဲ ဆိုတာ အထက်က လူကပဲ အောက်ကလူကို သိနိုင်တယ်၊ လို့ မြတ်ဘုရားဟောထားတာမို့ အနာဂါမ် လို့ သတ်မှတ်နေတဲ့ ဒကာမလေးတစ်ယောက်ကို သိနိုင် မြင်နိုင်တယ် ဆိုရင် သူ့အထက်မှာ ရဟန္တာအဆင့်ပဲ ရှိပါတော့တယ်၊ဒီတော့ ဥပစာနည်းနဲ့ သွယ်ဝိုက်ယူရရင် ကိုယ့်ကိုယ်ကို ရဟန္တာလို့ ၀န်ခံလိုက်တာနဲ့ အတူတူပါပဲ။

ခေါင်းဆောင်က လမ်းမှားနေမှဖြင့် နောက်လိုက်တွေအတွက် မစဉ်းစားရဲအောင်ပါပဲ။ တရားတု တရားယောင်တွေကို တရားစစ် တရားမှန် ထင်ပြီး အနတ္တ အနတ္တ ကြွေးကြော်နေပေမယ့် သူ့တရားတွေက ဘုရားဟော ပါဠိတော် အဋ္ဌကထာ တွေနဲ့ လွဲချော်နေတာတွေက ၀မ်းနည်းစရာပါ၊ မြန်မာနိုင်ငံရဲ့ ပဋိပတ္တိသာသနာသမိုင်းမှာ ထင်ရှားကျော်ကြားနေကြတဲ့ ရှေးရှေး ဆရာတော်များဟာ စာပေနဲ့ ညှိနိုင်း ပြီး အားထုတ်ခဲ့ကြလို့ အ၇ိယာတွေဆိုတာကို သံဃာပရိသတ် လူပရိသတ်အားလုံးက လက်ခံခဲ့ကြပါတယ်။ @@@@@@ (ပန်းကမ္ဘာ)

ဆူနာမီ ဆရာတော် ဦးဥတ္တမသာရ ၏ တရားတော်များကို ဘုရားဟော ပါဠိတော်နှင့် လွဲချော်နေသည့် အတွက်ကြောင့် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့မှ ပိတ်ပင်ထားပြီး ဖြစ်ပေသည်။ ဆူနာမီနဲ့ ပတ်သက်သော အမှုတွဲများ သာသနာရေးဦးစီးဌာန သို့ ဦးဇင်းကိုယ်တိုင် သွားရောက် လေ့လာခဲ့ပြီး ဖြစ်ပါသည်။ ဆူနာမီ ဆရာတော်ဘက်မှ ပြောဆိုနေသည် များအရ သံဃာ့နာယကမှ တချို့တ၀က်ကို ခွင့်ပြုထားကြောင်း ပြောနေကြရာ ယင်းတို့မှာ လိမ်ညာနေခြင်းသာ ဖြစ်သည်။

သံဃာ့နာယကအဖွဲ့မှ ပြန်လည် ခွင့်ပြုထားသည် ဆိုသော အချက်လက်များနှင့် ပတ်သက်သော မည်သည့်အချက်မှ မတွေ့ရှိခဲ့ရပေ။ ဆူနာမီဆရာတော် ဦးဥတ္တမသာရ နေထိုင်သော နေရာကိုလည်း ကျောင်းအဖြစ် အသိအမှတ် မပြု၊ တရားတော် အမှားများကြောင့် အင်တာနက်တွင် လွင့်တင်ထားသော(အဓမ္မ) တရားများကိုလည်း ပြန်လည် ရုပ်သိမ်းမည် ဖြစ်ကြောင်း ၀န်ခံလက်မှတ် ရေးထိုးပြီးသားလည်း ဖြစ်ပေသည်။

ဝန်ခံလက်မှတ် ရေးထိုးထားပြီး ဖြစ်ပါလျက်၊ အဓမ္မ၀ါဒ အဖြစ် ဆုံးဖြတ်ပြီး ဖြစ်ပါလျက် ဂရုမစိုက် ဆက်လက်ဝါဒဖြန့်နေသည်မှာ သာသာနာအတွက် ရင်လေးစရာပင် ကောင်းချေ၏။ မဟုတ်မမှန်တရားများကို ကြော်ငြာနေသေး၏။ ကြော်ငြာခွေသည် ကြိုးကွင်းခွေ ဖြစ်လာနိုင်မှန်း သူတို့ မသိချေ၊ ၀ါဒဖြန့်ချီရေးခွေသည် ၀ါဒ ရုပ်သိမ်းခွေ ဖြစ်လာနိုင်မှန်းလည်း သူတို့နားမလည်ချေ။

မိမိဝါဒ ကြီးပွါးလိုလွန်းသည့် အလိုဆိုးကြောင့် အယူမှားကြီးကို လူသိရှင်ကြား မရှက်မရွံ့ ကြော်ငြာနေခြင်းမှာ အခကြေးငွေ ရလိုရေးကြောင့် မိမိကိုယ်ကိုယ် ပေါ်လွင်အောင် တမင်ဖော်ပြနေသော သူများကဲ့သို့ ရှိချေ၏။ ရှက်ဖွယ်အတိပါတကား။

ဆွေးနွေးပွဲတွင် မေးသောမေးခွန်းများကို ဝေ့လည်ကြောင်ပတ် လုပ်နေသေး၏။

ဘုရားလက်ထက်က တိတ္တိဆရာအချို့ရဲ့ အဖြေလို “ဟုတ်သလားဆို…မဟုတ်ဘူး၊ မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်…”ဆိုတဲ့ ဟိုလိုလို ဒီလိုလိုအဖြေတွေပဲ ပေးပြီး တိကျတဲ့ အဖြေမပေးချေ။ သာသနာတော်ရဲ့ အသက်ဖြစ်တဲ့ ၀ိနည်းတော်ကို ထည့်မတွက်ဘဲ ဒါတွေက ပညတ်တွေပါဆိုပြီး အရာရာ ပညတ်နဲ့ပဲ ကိုင်ပေါက်နေသေး၏။ ၀ိနည်းဆိုတာ မြတ်ဗုဒ္ဓရဲ့ အာဏာ ဒေသနာဆိုတာကို မေ့ထားပြီး အာဏာကို တော်လှန်ကာ ဘုရားရှင်ကို ပုန်ကန်စော်ကားနေသည့် သဘောပင်။

ဆူနာမီ ဆရာတော်နှင့် တပည့်များထဲမှ ၀ါဒဖြန့်ချီနေသူများ သိထားစေချင်သည်မှာ ၀ါဒတခုကို တည်ထောင်တော့မည် ဆိုလျင် မိမိဝါဒ အပေါ် ယုံကြည်မှု့ရှိရ၏။ မိမိဝါဒဘက်မှ ရဲရဲဝန့်ဝန့် ရပ်တည်ရဲရ၏။ မိမိဝါဒ အပေါ်၌ အာမခံချက် ပေးနိုင်စွမ်းရှိရ၏။ ထိုသို့မဟုတ်မူ၍ မိမိထူထောင်သည့် ၀ါဒကိုမှ မိမိက မယုံကြည်လျင်(သို့တည်းမဟုတ်) မိမိကိုယ်တိုင်ကိုက မိမိဝါဒကို မယုံကြည်လျင်၊ မိမိဝါဒဘက်မှ ရဲရဲဝံ့ဝံ့ မရပ်တည်ရဲလျင်၊ မိမိဝါဒ အပေါ်၌ အာမခံချက် ၀န်ခံချက် မပေးစွမ်းနိုင်လျင် ထိုဝါဒသည် ဟုတ်မှန်သော ၀ါဒ မဟုတ်ချေ။

မှန်ကန်သော ၀ါဒတိုင်း၌ အာမခံချက် ရှိမြဲဖြစ်၏။ ဓမ္မဖြင့် မှတ်ကျောက်အတင်ခံမြဲဖြစ်၏။ ပရိယတ္တိဖြင့် အကြိတ်အနယ် ခံယူနိုင်မြဲဖြစ်၏။

မြတ်ဗုဒ္ဓ၏ တရားဂုဏ်တော် (၆) ပါးတို့တွင် ဧဟိပဿိက ဂုဏ်တော် ပါဝင်၏။ ဧဟိပဿိက ဆိုသည်မှာ အစမ်းသပ် ခံရဲခြင်းပင် ဖြစ်၏။ လာလှည့် ရှူ့လှည့် စမ်းသပ်လှည့် ဟု ဖိတ်ခေါ်ရဲခြင်းပင် ဖြစ်၏။ ထိုသို့ ဖိတ်ခေါ်ရဲခြင်းမှာလည်း “သွာက္ခာတော ဘဂ၀တာ ဓမ္မော” မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထား ခြင်းကြောင့် ဖြစ်၏။ ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသောကြောင့် ဖြစ်၏။ သန္ဒိဌိကော-တကယ်ရှူ့လျင် တကယ်မြင် တကယ်သိသောကြောင့် ဖြစ်၏။ အကာလိကော- အချိန်မရွေး အကျိုးပေးခြင်း၊ ချက်ခြင်းလက်ငင်းအကျိုးပေးခြင်းကြောင့် ဖြစ်၏။ ထိုကြောင့် စစ်မှန်သော ၀ါဒမှန်သမျှ အာမခံချက်ရှိမြဲဖြစ်၏ ဟု ဆိုလိုခြင်းဖြစ်၏။ အကယ်၍ မိမိဝါဒကို မိမိ အာမခံချက် မပေးစွမ်းနိုင်လျင် ထိုဝါဒကို “ဥမ္မာဒပစ္ဆိဝါဒ” အရူးလွယ်အိတ်ဝါဒ၊ အမူးသမားဝါဒ အခြေအမြစ်မရှိသော တိတ္ထိဝါဒ ဟု သတ်မှတ်ရပေသည်။

ထိုကြောင့် ဟိုလိုလို ဒီလိုဖြေပြီး "ပညတ်တွေပါပဲ၊ ဦးဇင်းတို့က ဆုပ်ကိုင်မထားပါဘူး၊ ဟိုတုန်းက ပြောခဲ့တာပါ၊ ခုပိုကောင်းတဲ့ ပညတ်တွေနဲ့ ပြောင်းသုံးဖို့ ကြိုးစားသွားမှာပါ" စသော စကားလုံးများဖြင့် ကိုင်ပေါက်ဖို့ ကြိုးစားနေတဲ့ ဆူနာမီ ဆရာတော် အနေနဲ့ သိထားဖို့က


ဓမ္မမှန်လျင် အာမခံရဲရမည်၊ အာမခံ မရဲက ဓမ္မမဟုတ်ဟု သိရပေမည်။
ဓမ္မမှန်လျင် အစမ်းသတ်ခံရဲရမည်။ အစမ်းသပ် မခံရဲက ဓမ္မမဟုတ်။
ဓမ္မမှန်လျင် မှတ်ကျောက်တင်ခံရဲရမည် မှတ်ကျောင်တင် မခံရဲက ဓမ္မဟုတ်။
ဓမ္မမှန်လျင် ပရိယတ္တိ စာပေဖြင့် အကြိတ်အနယ်ခံရဲရမည်။
စာပေဖြင့် အကြိတ်အနယ် မခံရဲက ဓမ္မမဟုတ် ဟု သိရပေမည်။

ဆွေးနွေးပွဲမှ ဝေ့လည်ကြောင်ပတ်အဖြေများဖြင့်ပင် ဆူနာမီဆရာတော် ဦးဥတ္တမသာရ ၏၀ါဒသည် “ဥမ္မာဒပစ္ဆိဝါဒ” (၀ါ) အမူးသမားဝါဒ အခြေမြစ် မရှိသော တိတ္ထိဝါဒ ဖြစ်ကြောင်း ထင်ရှားသည်ဟု ဆုံးဖြတ်နိုင်ပါသည်။

တရားတော်များဖြင့် အခိုင်မာဖြစ်အောင် ထုတ်ပြရလျင်

“ယေတေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇန အဟိတာယ ပဋိပန္နာ ဗဟုဇန အသုခါယ ဗဟုနော ဇနဿ အနတ္တာယ အဟိတာယ ဒုက္ခာယ ဒေ၀မနုဿာနံ။ ဗဟုဉ္ဖ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ အသ၀န္တိ၊ တေစိမံ သဒ္ဓမံ အန္တရ ဒါပေန္တီ တိ။ (အင်္ဂုတ္ထိုလ်၊ ၁၊ ၁၈-၁၉)

ရဟန်းတို့ အကြင်ရဟန်းတို့သည် တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို တရားစစ် တရားမှန်ဖြစ်သော ဓမ္မဟု လည်းကောင်း၊တရားစစ် တရားမှန် ဖြစ်သော ဓမ္မကို တရားစစ်တရားမှန် မဟုတ်သော အဓမ္မဟု လည်းကောင်း၊ ၀ိနည်းစစ် ၀ိနည်းမှန် မဟုတ်သော အ၀ိနယ ကို ၀ိနည်းစစ် ၀ိနည်းမှန်ဖြစ်သော ၀ိနယ ဟုလည်းကောင်း၊ ၀ိနည်းစစ် ၀ိနည်းမှန် ဖြစ်သော ၀ိနယ ကို ၀ိနည်းစစ် ၀ိနည်းမှမဟုတ်သော အ၀ိနယ ဟုလည်းကောင်း၊

မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏ ဟုလည်းကောင်း၊

မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် မပြုအပ် ဟုလည်းကောင်း၊မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ ဟုလည်းကောင်း၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ် ဟုလည်းကောင်း ပြုကြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ စီးပွါးချမ်းသာ မဲ့ခြင်း၊ အကျိုး မဲ့ခြင်း၊ နတ်လူတို့ အစီးပွါးမဲ့ခြင်း၊ ဆင်ရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကို
ဖြစ်ပွါးစေသည် မည်ကုန်၏" ဟု ဟောတော်မူအပ် ပါသည်။

တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို တရားစစ်တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊ တရားစစ်တရားမှန် ဖြစ်သော ဓမ္မကို တရားစစ်တရားမှန်မဟုတ်သော အဓမ္မဟုလည်းကောင်း၊ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ် ဟူသော အချက်များ အရ ဆူနာမီဆရာတော် ဦးဥတ္တမသာရ ဟောပြနေသည်မှာ ဘုရားဟော မဟုတ်တာတွေ အဓမ္မတရား တွေကို မသိနားမလည်ကုန်သော လူအများအား ဟောပြောပြသနေသည် သာသနာ့အရိပ်ကို ခိုလုံပြီး ဘဘုရားရှင်ကို စော်ကား ပုတ်ခတ်သည်နှင့် တူနေသည်။ ဘဘုရား၏ ၀ိနည်းတော်ကို တူးလှန်ဖြိုဖျက်ဖို့ ကြိုးစားနေပေသည်။

ဆူနာမီဆရာတော် ဦးဥတ္တမသာရ နဲ့ တပည့်များအနေနှင့် မိမိတို့ကိုယ်တိုင်က ဆူနာမီဆရာတော်ကို မလွန်ဆန်နိုင်၍ ဆောင်ရွက်ပေး ရဦးမည် ဖြစ်ခဲ့လျှင် မိမိတို့ကိုယ်တိုင်သာ မဟုတ်မမှန် အဓမ္မတရားတွေကို ကျင့်သုံးသင့်၏ မဟုတ်မမှန် တရားများကို ပြောင်ပြောင်တင်းတင်း ဖော်ပြ၍ ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် မလုပ်သင့်။ ပြည်သူများကို အဓမ္မဘက်သို့ မညွတ်စေသင့်။ မိမိတို့သည်သာ အဓမ္မကို ကျင့်သုံးသည် မဟုတ်။ မသိနားမလည်ကုန်သော ပြည်သူများကိုပါ
အဓမ္မဘက်သို့ ညွတ်စေလျင်..........

ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
မိစ္ဆာဥာဏီ ဟောတိ။ မိစ္ဆာဝိမုတ္တိ ဟောတိ။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေ။

ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မှားသောအယူရှိ၏။ မှားသော အသိဥာဏ် ရှိ၏။ မှားသော လွတ်မြောက်မှု ရှိ၏။ ရဟန်းတို့ ဤသူကို သူယုတ်ဟု ဆိုအပ်၏။ (အဂုင်္တ္တိုလ်၊ မြန်မာပြန်၊ ၅၆)

ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
ပရဉ္စ မိစ္ဆာဒိဌိယာ သမာဒပေတိ။ အတ္တနာစ မိစ္ဆာဥာဏီ ဟောတိ၊ ပရဉ္စ မိစ္ဆာဥာဏေ သမာဒပေတိ။ -ပ-။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေန ပါပတရော။

ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မိမိလည်း မှားသောအယူရှိ၏။ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။ -ပ-။ မိမိလည်း မှားသော အသိဥာဏ် ရှိ၏။ သူတပါးတို့ကိုလည်း မှားသော အသိဥာဏ်၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူယုတ်ထက် ယုတ်သော သူယုတ်(အယုတ်မာဆုံး) ဟု ဆိုအပ်၏။

ဤဒေနာတော်တို့ကို ကိုးကားလျက် ကောက်ချက်ဆွဲရလျှင် ဆူနာမီဆရာတော် ဦးဥတ္တမသာရ နှင့် ၀ါဒဖြန့်နေသော တပည့်အပေါင်းပါသည် ဘဘုရားရှင်ကို ပုန်ကန်နေသော သူယုတ်ထက်ယုတ်သော သူယုတ် (၀ါ) ကမ္ဘာ့ အယုတ်မာဆုံး ပုဂ္ဂိုလ်များဟု ဖြစ်ရပေတော့မည်။

"မင်တို့ဥာဏ်အမြင်၊ တစ်မိုက်တစ်ထွာရယ်နှင့်၊
ငြင်းဖို့သန်လျင်၊ မိုက်ရာကျပါလိမ့်၊
စရိုက်သဘာဝရယ်တဲ့ ကျမ်းဂန်နွယ်။
အိုမန်းသံ ထယ်ထယ်နှင့်၊ မာနတက်စရာ အများ
(ခင်ခင်ရယ်)အရမ်းတန်မဟယ်ဖြင့်
ဗာလလက္ခဏာတစ်ပါး။ ။ (သခင်ကိုယ်တော်မှိုင်း)"

(အရှင်ဝရသာမိ)

Reblog this post [with Zemanta]
Read more ...

February 19, 2010

အချက်သုံးချက်ကိုထောက်ပြပါသည်

Dr Phyo Wai Kyaw | 11:42 PM | | | 4 Comments so far
Ode on the Spring  (Spring song)Image by Jennifer 真泥佛 via Flickr
ယခုရက်ပိုင်းတွင် ဆူနာမီ အပြစ်ပြတရားများ များစွာပေါ်ပေါက်လာသည်။ ပေါ်ပေါက်ပင် ပေါ်ပေါက်ငြား ဆူနာမီဆရာတော်၏ ခံယူချက်ကား ခပ်ပြတ်ပြတ် ဖြစ်သည်။ သံဃနာယကအဖွဲ့ကိုပဲ ၀န်ခံကတိပြုထားထား၊ မိုးကုတ်အဖွဲ့ချုပ်ကပဲ စာထုတ်ထုတ် ဒါတွေအားလုံး ဘာမှမဟုတ်တာတွေချည်း ဖြစ်သဖြင့် လိုက်နာစရာမလို ဟူ၍ ဖြစ်သည်။

၁၄ရက် ဖေဖော်ဝါရီ ၂၀၁၀တွင် မိမိတို့က ဆူနာမီဆရာတော်ကို တရားအမှားများ မဟောကြားဖို့ တောင်းပန် လျှောက်ကြားသည်။ ဆူနာမီဆရာတော်က တရားများမှားယွင်းနေသည်ကို လွယ်လွယ်ကူကူဝန်ခံသည်။ ဆက်လက် မဟောကြားဘူး ဟူ၍တော့ ကတိမပေး။ ယင်းကဲ့သို့ ကတိမပေးသည်ကိုပင် မိမိတို့က ၀မ်းသာနေရသည်။ အဘယ်ကြောင့်ဆိုသော် ဤအရှင်၏ လုပ်ရိုးလုပ်စဉ် အစဉ်အလာအရ ကတိပေးခဲ့လျှင်လည်း လိုက်နာမည် မဟုတ်ကြောင်း ကြားသိရသောကြောင့် ဖြစ်သည်။

အစဉ်အလာကို အစဉ်တစိုက်အကဲခတ်လာသော မိတ်ဆွေတစ်ဦးက ဤသို့ရှင်းပြသည်။

"အဲဒါကို ဘာလို့ ပြောတာလဲ သွားမေးရင် အဲဒါ အရင် က ပြောခဲ့တာ ပါ။ ဘုန်းကြီး က ဘာမှ ဆုပ်ကိုင်မထားဘူး။ ဒါဟာ ပညတ်တွေပါ။ ပညတ်ဆိုတော့ မှားတတ်တယ်။ ခု ပိုကောင်းတဲ့ ပညတ်တွေ သုံးနေပါတယ် ပြောဦးမယ်။ ဘုန်းကြီးပြောတာတွေ နားလည်ဖို့ က အရင်ယုံကြည့်ပါ။ သတ္တိရှိရှိ နဲ့ ဘုန်းကြီး ရိပ်သာမှာ လာအားထုတ်ပါ ပြောဦးမယ်။"

ဆူနာမီတရားကို နားလည်သွားသော ဆရာတစ်ဦးကတော့ ဇ၀နဥာဏ်ရွှင်ရွှင်နှင့် ယခုလို ဆုံးမသည်။

"စူနာမီဆရာတော်တရားကို နားလည်ချင်ရင် လွယ်ပါတယ်။ ခုပြောနေတဲ့  အရိယာဆိုတာလဲ ပညတ်ဘဲ။ အွန်လိုင်းလွှင့်တာ ပိတ်တယ် ဖွင့်တယ်ဆိုတာလဲ ပညတ်ဘဲ။ ချစ်မြတ်နိုးဆိုတာလည်း ပညတ်ဘဲ။ မဟာနာယက ဆရာတော်များသည်လဲ ပညတ်ဘဲ။ အင်တာနက် ဆိုတာလဲ ပညတ်ဘဲ။ လူဆိုတာလဲ ပညတ်ဘဲ။ ၃၁ဘုံဆိုတာလဲ ပညတ်ဘဲ။ ၅ပါးသီလတို့  ၀ိနည်းတို့ လဲ ပညတ်ဘဲ။ အပါယ်ငရဲလဲ ပညတ်ဘဲ။ ပညတ်တွေဆိုတာ ဘာမှမဟုတ်ဘူး။အဲတော့ စူနာမီဆရာတော်ပြောတာတွေဟာ ဘာမှမဟုတ်ဘူးလို့ မှတ်။ ဘာမှမဟုတ်မှတော့ ဘာမှကိုပြောနေစရာမရှိတော့ဘူး" တဲ့။

ဆူနာမီဆရာတော်က ပရိသတ်အင်အားကို အားကိုးသည်။ ပရိသတ်များအောင် ကြိုးစားမည်ဟု အတန်တန်ကြုံးဝါးသည်။ ဤကြုံးဝါးသံကြီးနှင့် အတူ ကြံကြီးစည်ရာ လူကြော်ငြာများ၊ တရားကြော်ငြာများ ပေါ်ထွက်လာသည်။

သို့ရာတွင် အကြင်သူသည် မြန်မာကျူးပစ်မှဝေဖန်ရေးများ၊ ယောအသင်းမှ ဝေဖန်ရေး၊ ဓမ္မရသမှ ဆွေးနွေးပွဲ အသံသွင်းခွေ၊ မနောပဒါယီ အရှင်ဝိစိတ္တဘလော့ဂ်မှ ဝေဖန်ရေးဆောင်းပါး၊ ဦးကောဝိဒ(မြိတ်)၏ A light Of Dhamma ဘလော့ဂ်မှ ဝေဖန်ရေးများ၊ ယခု ဓမ္မဥပဒေမှ ဝေဖန်ရေးဆောင်းပါးများ၊ အရှင်လောကနာထ၏ ဗုဒ္ဓတရားတော်များဘလော့ဂ်မှ ဆူနာမီဆရာတော်သို့ ပေးစာ၊ မြန်မာအင်ဂျင်နီယာဖိုရမ်မှ ဝေဖန်မှုများကို ဖတ်ရပါလျက် ဆူနာမီဆရာတော်၏ တရားများကို ယုံကြည်နေသေးသည် ဆိုလျှင် အာဂလူပေတည်း။ မည်သည့်ပုဂ္ဂိုလ်များမဆို ဆူနာမီတရားများ မနာမီ ယင်းဝေဖန်စာများကို အရင်ဖတ်ထားဖို့ သင့်ပါသည်။

ထို့ပြင် ဆူနာမီတရားနည်းဖြင့် အားထုတ်နေကြသူများကိုလည်း မိမိတို့က မိတ်ဆွေကောင်းတို့ ထားအပ်သည့် ၀တ္တရားများနှင့် အညီအတိုင်း အောက်ပါအချက်များကို ထောက်ပြလိုပါသည်။

(၁)အကြင်သူသည် ဆူနာမီဆရာတော်၏ တရားများကို အွန်လိုင်းပေါ်တွင် ဖြန့်ဝေတိုင်း "၁၃၇၁ ခုနှစ်၊ ၀ါဆိုလဆန်း ၇ ရက်၊ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသော ဆဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဌမအစည်းဝေးက ဆုံးဖြတ်ချက် အပိုဒ် (၄)အရ အင်တာနက်တွင် လွင့်တင်ထားသော တပည့်တော် ဥတ္တမသာရ (ဆူနာမီ) ၏ တရားများကိုပြန်လည်ရုပ်သိမ်းမည် ဖြစ်ပါကြောင်း ၀န်ခံကတိပြု လက်မှတ်ရေးထိုးပါသည်။" ဟူသည့် ၀န်ခံကတိပြုချက်ကို သွယ်ဝိုက် ဖောက်ဖျက်ရာ ရောက်သည်။ သူတော်ကောင်းတို့၏ သောဝစဿတာဂုဏ်နှင့် မုသာဝါဒါ ဝေရာမဏိ အစရှိသော သီလဂုဏ်ကို ညှိုးနွမ်းစေသည်။ (မှတ်ချက်။ ။ ယင်းဝန်ခံချက် အမှန်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ဆူနာမီဆရာတော်က အတည်ပြုပေးပြီး ဖြစ်သည်။)

(၂)ဆူနာမီ ဆရာတော်၏ စကားကို နားယောင်၍ မြတ်စွာဘုရားရဲ့ တရားတွေဟာ ပညတ်တွေပဲ၊ အခါခပ်သိမ်း မမှန်ဘူး၊ လိုက်နာစရာမလိုဘူးဟု ပြောတိုင်းပြောတိုင်း ဘုရားရှင်အား စွပ်စွဲခြင်း ဖြစ်သဖြင့်၊ ကြီးကျယ်သော အကုသိုလ်ကံ ဖြစ်နိုင်သည်။

(၃)ရှေးကဆရာတော်၊ သံဃာတော်တွေရဲ့ နည်းတွေဟာ လိုရင်းရောက်တဲ့ နည်းတွေမဟုတ်ဘူး၊ ရှေးကနည်းများအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တဲ့ ယောဂီတွေဟာ လိုရင်းရောက်နိုင်မယ်မထင်ဘူး ဟု ပြောတိုင်းပြောတိုင်း အရိယူပ၀ါဒကံ ထိုက်နိုင်သည်။

ဆရာတပည့် သံယောဇဉ်ကြောင့် မငြင်းသာမရှောင်သာ ဆက်လက် အားပေးရမည်ဖြစ်ပါက ဘာမှမပြောလိုပါ။ သို့သော် မည်သည့်ပုဂ္ဂိုလ်မဆို ဖော်ပြခဲ့သော အချက်သုံးချက်ကို အထူးသတိပြု ရှောင်ကြဉ်နိုင်မှသာ ကြီးမားသော အကုသိုလ်ကံကြီးများမှ လွတ်ကင်းလျက် အပြစ်ကင်းစင်နိုင်မည်ဖြစ်ကြောင်း သတိပေးရပါသည်။

(အလှတရား)




Read more ...

နောက်ဆုံးပေါ် တရားအားထုတ်နည်း အမေးပုစ္ဆာ (ဦးကောဝိဒ-မြိတ်)

Dr Phyo Wai Kyaw | 11:23 AM | | | 3 Comments so far
The hand that signed the paperImage by thorvaala via Flickr


@@ နော်ဝေနိုင်ငံတွင် နောက်ဆုံးပေါ် တရားရှုမှတ်နည်းတစ်ခု အတွက် မှန် - မမှန်ဆိုတဲ့ စတုတ္ထအမေးပြဿနာ…….@@

မေး။ ။ ယခင်ဖြစ်ခဲ့သည့် တရားများ၊ ယခုဖြစ်ဆဲ တရားများ၊ နောင်ဖြစ်လတ္တံ့သော တရားများဟာ (ဘာမျှ မဟုတ်ဘူး)ဟု ရှုမှတ်ရမည်၊ လောကရှိရှိသမျှ အရာအားလုံးဟာ (ဘာမှမဟုတ်ဘူး)၊ ဖြစ်ပေါ်သမျှ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို (ဘာမှမဟုတ်ဘူး) လို့ ရှုရတဲ့ တရားအားထုတ်နည်းနှင့် တရားရှုမှတ်နေကြတာကို အရှင်ဘုရားအနေနဲ့ ဖြစ်နိုင်ရင် မှားသလား/မှန်သလားဆိုတာကို ဖြေရှင်းပေး စေလိုပါတယ် ။ ထိုတရားရှုနည်းကို ကြားခဲ့သည်မှာ သိပ်မကြာလှသေးတဲ့အတွက် နောက်ဆုံးပေါ် latest နည်းတစ်ခု ဖြစ်နိုင်ပါကြောင်း ယူဆမိပါ တယ်။


ဖြေ။ ။ ထိုနည်းကို သူမလောက်သာပြောတာ မဟုတ်သေး၊ အင်္ဂလန်က ဓမ္မမိတ်ဆွေ ဆရာဝန်ကြီး တစ်ယောက်ကလည်း အွန်လိုင်း(0nline) ပေါ်ကနေ နောက်ဆုံးပေါ် တရားနည်းကို ပြောခဲ့ဖူးပါတယ်။

“အရှင်ဘုရား... ဒီဆိုက်မှာ ဖတ်ကြည့်ပါဘုရား”

လို့ဆိုကာ စာရေးသူအား (.....) ဘလော့ဂ်လင့်ခ်တစ်ခု ပေးလိုက်ပါ သေးတယ်။

ထိုတရားအားထုတ်နည်း သာမဟုတ်၊ အခြားနည်းအမျိုးမျိုးတို့အား ဤနည်းကတော့အမှား၊ ဤနည်းကတော့အမှန် လို့ဆုံးဖြတ်ရန် ခက်ခဲလှပါတယ်။ ဒါပေမယ့် ဘယ်တရားအားထုတ်နည်းဖြစ်စေ အမှန်/အမှား ဖြေရှင်းရာ၌ (မှတ်ကျောက်တင် ခံနိုင်ဖို့ရာ) ပုံသေနည်း (နိယာမ)တစ်ခုတော့ ရှိရပါမယ်။

ထိုပုံသေနည်းကား တစ်ခြားမဟုတ် ဘုရားရှင်၏ သတိပဋ္ဌာန်နည်း မူသေစည်းပင်ဖြစ်ပါတယ်။ လောကတွင် တရားနည်းလမ်းများ အမျိုးမျိုးအထွေထွေ ရှိကြပါတယ်၊ ထိုနည်းလမ်းများ၏ အမှား/အမှန် ကို တိုင်းတာချင်တယ်ဆိုရင် သတိပဋ္ဌာန်လေးပါး ပေတံနှင့်သာ တိုင်းတာရပါ့မယ်။

ဘာ့ကြောင့်လဲဆိုရင် သတိပဋ္ဌာနသုတ်တော်တွင် (ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ) ကိလေသာ အညစ်အကြေး ကင်းစင်ဖို့ရာ တစ်ခုတည်းသော လမ်းသည် သတိပဋ္ဌာန်ဟု ဟောထားပါတယ်။

ထို့အပြင် (ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိဓမ္မံ အနမသိတွာ မဂ္ဂါဒိဂမောနာမ နတ္ထိ) ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ သတိပဋ္ဌာန် လေးပါးအနက် တစ်ပါးပါးကို မရှုမှတ်မသုံးသပ်ဘူးဆိုပါက မဂ်ဖိုလ်ကို ရသည် မရှိပါ.. လို့ စာပေအလာ ရှိတဲ့အတွက် သတိပဋ္ဌာန် ပါတဲ့ တရားနည်းလမ်းများသာလျှင် အမှန်ဖြစ်နိုင်ပါတယ် လို့ ယူဆမိပါတယ်။

သတိပဋ္ဌာနသုတ်တော်တွင် ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း (သွားသည် ဟူ၍) အပြားအားဖြင့် သိရမယ်လို့ ဆိုထားပါတယ်၊ သွားလျှင် ဘာမျှမဟုတ်ဘူး၊ ဟုဟောကြားထားတာမဟုတ်ပါ၊ သည်လိုဆိုလျှင် ဘုရားရှင် ဟောထားတဲ့ (ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ) ကို (ဂစ္ဆန္တောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်။

(နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိ)ထိုင်လျှင်လည်း (ထိုင်တယ်ဟူ၍) အပြားအားဖြင့် သိရမယ်၊ ( ထိုင်လျှင် ဘာမျှမဟုတ်) ဟူ၍ သိရမည်ဟု မဟောကြားခဲ့ပါ၊ ဘုရားရှင်ဟောတော်မူခဲ့တဲ့(နိသိန္တောဝါ နိသိန္နောမီတိ ပဇာနာတိ) ကို (နိသိန္နောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်၊

သည်လိုတော့ မဖြစ်နိုင်ပါ၊ ဒါဖြင့် ဘုရားနည်းလမ်းမှ သွေဖီနေတဲ့ ထိုတရားနည်းလမ်းကို အမှန်လို့ ယူဆ၍ မရနိုင်တော့ပါ။

နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် ကာလက ဖြစ်ခဲ့ပေမယ့် ယခုအချိန်အထိ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို ပိုလို့လည်း နုတ်ပယ်စရာမလိုသလို လိုနေ၍လည်း ထပ်ဖြည့်စရာမလိုပါ၊ တရားတော်က အရှိကိုအရှိအတိုင်း သိမြင်ရမယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးဖြစ်တယ်၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမယ်လို့ ဟောထားသောကြောင့် ရိုးရိုးလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ ဖြစ်ပါတယ်။

ထို့ကြောင့် လောကတွင် ဘာမျှမရှိ၊ ဘာမျှမဟုတ် ဟူသော တရားနည်းလမ်းသည် သဘာဝမကျသော နည်းလမ်းတစ်ခုဟု ယူဆရပါကြောင်းဖြေကြား ပေးလိုက်ရပါတော့ သတည်း။ ။

ဦးကောဝိဒ(မြိတ်)
Read more ...

February 18, 2010

စူနာမီဆရာတော်၊ မိမိနှင့် ဆရာတုတ်ကြီးဆေး, ကြော်ငြာ(ဒေါက်တာတင့်ဦး)

Dr Phyo Wai Kyaw | 9:03 PM | | 14 Comments so far
Sunset_From my archiveImage by fmc.nikon.d40 via Flickr
၂၀၀၅နှင့် ၂၀၀၆ ကြားဟု ထင်ပါသည်။ မိမိ အွန်လိုင်းလောက နှင့် စပတ်သက်မိသည်က စရမည် ထင်သည်။ ထိုစဉ်က ပလန်းနက် ဖိုရမ် တွင် လူသေလူဖြစ် ဦးဥက္ကဋ္ဌ အနွယ်တွေနှင့် ဦးဥာဏအနွယ်တွေ လှုပ်ရှားနေသည်ကို ဖတ်မိရာမှ မိမိမှာ စာရေးချင်စိတ် ပေါ်လာသည်။

သို့သော် ဗမာလို မရိုက်တတ်သည်က တကြောင်း၊ နောက် ပလန်းနက်က ရီဂျစ်စတာ မလုပ်ဘဲ၊ ဒီအတိုင်း ၀င်ဖတ်ရနေတာက တကြောင်းကြောင့် စာမရေးဖြစ်ခဲ့။

နောက် ပလန်းနက်အပျက် ပဒုမ္မာ ပေါ်လာတော့ ရီဂျစ်စတာ လုပ်ရသည့် တူတူ မထူးပါဘူးဆိုပြီး အင်္ဂလိပ်လို စရေးခဲ့သည် ။

မူလ မိမိလေ့လာခဲ့သော ပဋ္ဌာန်းနှင့် ပါဠိတော်အပြင် ထိုအချိန်က နာပြီးဖြစ်သော မိုးကုတ် တရားတော် ၅၀၀၊ www.accesstoinsight.org တို့ အားကိုးနှင့် မိမိ သဘောပေါက်သလောက် တရားတော်များကို စရေးဖြစ်ခြင်းပင် ။

ဦးဥက္ကဋ္ဌ အနွယ်များနှင့် ဦးဥာဏအနွယ်များ ပဒုမ္မာမှာ လှုပ်ရှားနေချိန်မို့  သတိတော့ ထားရပေသည် ။ ထိုအချိန်မှာပင် ကိုကစ်ကားက သူနာနေသော ဘုန်းကြီးတစ်ပါး ရှိသည်ဟု စသတင်းပေးကာ လင့်များပို့လာသည် ။ မိမိကလည်း မိမိနာလျက်စ တရားနှင့် ဖတ်လျက်စ စာနှင့်ပင် မအားသောကြောင့် အေးအေး ဟုပြောပြီး သူပေးသမျှ လင့်များကို ခပ်အေးအေးဘဲ ဖျက်ချနေလိုက်သည်။

ထိုသို့နေရာမှ ၂၀၀၇ ဒီဇင်ဘာတ၀ိုက်ကျမှ ပဒုမ္မာ မိုးကုတ်တရားတော်များ တော့ပစ်တွင် အမေး-ခရစ်ယာန်၊ အဖြေ- အမှန်တရား(စူနာမီဆရာတော်) ဆိုပြီး လာတင်တော့သည် ။ ဒီတော့မှ မဖြစ်ချေဘူးဆိုပြီး သူဟောတာတွေ သွားနားထောင်ရသည့် ဘ၀သို့ ရောက်ရလေတော့သည်။

ခရီးရောက်မဆိုက်ပင် "ဘာမှမဟုတ်ဘူး" ဆိုသည့်တရားနှင့် တည့်တည့် တိုးတော့သည်။ "ကဲ ဘာမှ မဟုတ်တော့ဘူး" ဆိုတော့ ခက်တော့ ခက်သားလား။ သူ့ အခြေအနေကို နည်းနည်း လေ့လာကြည့်တော့ လောက (၃)ပါး၊ (၃၁)ဘုံ ရှိရှိသမျှ ပညတ်တွေဆိုပြီး ပယ်။ သီလ၀ိနည်းကို ပညတ်ဆိုပယ်။ တိပိဋ္ဋကနှင့် တကွ ဘုရားဟော သုတ္တန်တွေကို ပုံပြင်ပါဆိုပြီးပယ်။ အဘိဓမ္မာကို မလိုပါဘူးဆိုပြီးပယ်။

ဒီလိုနဲ့ ဗုဒ္ဓဘာသာ ဘာမှမကျန်တော့တဲ့ ဘ၀ ရောက်ပါလေရော

ဒါကြောင့်

သူ့တရား (ဆိုသည်ကို ) မိမိနှင့်ရင်းသော ကျောင်းထိုင်တစ်ပါး နှင့် စာချဆရာတော် တစ်ပါးတို့ ကို လူကိုယ်တိုင်ပြပြီး လည်းကောင်း၊ ဦးကောဝိဒ (မြိတ်)ကို အွန်လိုင်းမှ တဆင့်လည်းကောင်း မေးပါသည်။ "အခြေအနေ မကောင်းကြောင်းနှင့် အမှားတွေသာ ဖြစ်ကြောင်း" အဖြေရပါသည် ။ သို့ သော် ကိုကစ်ကား မျက်နှာ ရှိနေ၍ သေချာအောင် လုပ်ရန် ဆုံးဖြတ်မိပါသည် ။

ဒါနဲ့  မိမိက မေးလ်နှင့် မေးကြည့်ပါသည်။



ပထမအချက်မှာ

"တရားထိုင်ရာတွင် မြတ်စွာဘုရားက ကူထိုင်ပေးသည်ဟု မရှိ ။ ကျွတ်တမ်းဝင်လိုသူက တရားနာပြီး မိမိဘာသာ အေးရာတွင် တရားထိုင်ရပါသည် ။ ယခုဆရာတော်က တရားကူထိုင်ပေးရသည်ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား"



သူ့ အဖြေမှာ

"မြတ်စွာဘုရား ရတာမရတာ ဘုန်းကြီးမသိ ။ ဘုန်းကြီးကတော့ရတယ်" တဲ့။

ဒုတိယအချက်မှာ မြတ်စွာဘုရား ကိုယ်တိုင်လည်း မိမိအနာကို ဆရာဇီဝက အကုသခံသကဲ့သို့ ၀ိနည်းဒေသနာ တော်တွင်လည်း

"လူနာကို ဆေးမကုရဟု" တင်းကြပ် ထားပါသည်။

"အရှင်ဘုရား ဆေးလိုက်ကုနေတာ၊ နောက်ပြီး ဆေးကုလို့ အကုန်ပျောက်တယ် ဆိုတာ ဖြစ်နိုင် ဖြစ်သင့်ပါသလား။"

သူ့ အဖြေမှာ

"မြတ်စွာဘုရား ရတာမရတာ ဘုန်းကြီးမသိ။ ဘုန်းကြီးကတော့ ရတယ်" ဟူ၏။


တတိယအချက်မှာ

"ပဋ္ဋိစ္စသမုပ္ပါဒ်နှင့် လွဲချော်ပြီး ဖြစ်ချင်စိတ်ကြောင့် သတ္တ၀ါဖြစ်တာဘဲ အတိုချုံးထားခြင်းကိုမေးရာ"

"ပဋ္ဋိစ္စသမုပ္ပါဒ်နှင့် တရားတော်တွေက ပညတ်တွေပါ ။ အရေးမကြီးပါ"တဲ့။

ထိုသို့ မေးလျှောက်နေချိန်တွင် သူ့ တရား ၂ပုဒ်ကို အင်္ဂလိပ်ပြန်ပေးပါဟု ခိုင်းလာပါသည်။ ပထမတပုဒ်ကို တော်အောင်ကြည့်ပြီး ဘာသာပြန် ပေးလိုက်သော်လည်း နောက်အပုဒ်တွင် မိဘမရှိ၊ သားသမီးမရှိ၊ ဘာမှမဟုတ်ဘူးလို့ မှတ်ပါဟု ပါလာပါသည်။

ထိုအခါ မိမိကလျှောက်ပါသည် ။

"ထိုတရားအတိုင်း ဟောပါလျှင် ကျိန်းသေ အပါယ်ကျမှာ ဖြစ်ပါသည်။ မိမိ မပြန်ပေးနိုင်ပါ"ဟု လျှောက်သောအခါ "အပါယ်လဲ ဘာမှမဟုတ်ဘူးလို့ မှတ်"ဟု အဖြေပြန်လာပါသည်။

ထို့ ကြောင့် မိမိလည်း ဆက်လက် အဆက်အသွယ် မပြုတော့ဘဲ အေးအေးနေလိုက်ပါသည် ။ သို့ သော် July 2008 ကျတော့ ပဒုမ္မာတွင် တစ်ခါထပ်ပြီး ထပ်ကျော့ ကြော်ငြာဝင်လာပြန်ပါသည် ။

စားရိတ်ငြိမ်းဖြတ်လမ်း စူနာမီ တရားစခန်း ဆိုပြီး လုပ်လာပြန်သောကြောင့် မလွှဲသာသည်နှင့် မိမိက july 2008 စာကို သူ့ ဆိုက်တွင်ရော ပဒုမ္မာမှာရော တင်ပြီး မိမိနှင့် သက်ဆိုင်သူများကို သတိပေးရပါကြောင်း။ ( ထိုကာလအတွင်း ဦးကောဝိဒမြိတ်ထံမှလဲ ဆောင်းပါး ၃ပုဒ်ချီးမြှင့် ခဲ့ပါသည် )

July 2008 တွင် မိမိရေးသည့် စာကို ထပ်ဆင့်ဖော်ပြပေး လိုက်မည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အားလုံးသော ဓမ္မမိတ်ဆွေများ ခင်ဗျား

ဒီစာကို အလေးအနက်ပြုပြီးဖတ်စေလိုပါတယ် ။ ဒီစာကိုကျွန်တော်ရေးတာမှာ လွဲမှားနေတာကို မြင်စေလိုတဲ့  စေတနာသာရှိပါတယ် ။ ဒီစာဟာ ဦးပဉ္စင်းအောင်အောင်ခေါ် စူနာမီဆရာတော်ခေါ် ဦးဥတ္တမသာရအပေါ်မှာ ပုဂ္ဂိုလ်ရေး မလိုမုန်းထားစိတ် လုံးဝကင်းစင်ပြီး ရေးတယ်ဆိုတာ သစ္စာအတန်တန်ပြုအပ်ပါတယ် ။

မြတ်ဘုရားက ဆရာလုပ်လိုသူသည်

၁)ပိဋ္ဋက ၃ပုံအလုံးစုံကို ခြောက်ခြားမွှေနှောက်နိုင်လျက် မိမိကိုယ်တိုင်လဲ တတ်ပွန် သူတပါးကိုလဲ သင်ကြားနိုင်ရမည် ။

၂)တရားတော်တို့ ကိုလဲ စနစ်မှန်စွာ ဆရာကောင်းထံ ချဉ်းကပ်နိုင်ရမည် ။

ထို ၂ချက်စုံမှသာ ဆရာလုပ်လော့ဟု ပြတ်သားစွာ သတ်မှတ်ပေးထားပါသည် ။ (လောဟိတသုတ္တန်။ ဒီဃနိကယ် ရှု )

နောက်တဖန် ၁၀၀ါမတိုင်မီ ဥပ္ပဇ္ဈာယ်နှင့်မကင်းရာဟု ၀ိနည်းတွင် သေချာစွာညွှန်ကြားထားပါသည်။

နောက်တဖန် အင်္ဂုတ္ထိုရ်ပါဠိ၌ ငါဘုရား မဟောသည်ကို ဟောလေဟန် ၊ငါဘုရားဟောသည်ကို မဟောဟန် ပြုခြင်းသည် ငါဘုရားကို စွပ်စွဲခြင်းမည်သည် ဟု ဆိုထားပါသည် ။ ထိုကြောင့် ထိုစံများနှင့်တိုက်လျှင် ဤဘုန်းကြီးသည် စံမမီသည်ကို သိစေလိုပါသည် ။


အကျင့်သီလကိုစီစစ်ခြင်း
သံဃာ၏ ဂုဏ်သည် သံဃအဖွဲ့ အစည်းကို မဆန့် ကျင်ခြင်းဖြစ်ပါသည် ။ မိမိထက် ၀ါကြီးသော သံဃာ၏ အဆုံးအမ၌ တည်ရပါသည် ။မိုးကုတ်ဆရာတော်ဘုရားသည်ပင် မိမိ၏ နောင်တော် သံဃာတို့ ၏ အဆုံးအမ၌ တည်ပါသည်။ ယခု ဤကိုယ်တော်သည် သံဃမဟာနာယက၏ အဆုံးအမကိုပင် ပစ်ပယ်ထားသည်ဖြစ်ရာ သံဃာဂုဏ်ညှိုးနေပါသည် ။

လေ့ကျင့်မှုကို စီစစ်ခြင်း
မြတ်စွာဘုရားမှစ၍ ဆရာစဉ်ဆက် ကမ္မဋ္ဌာန်းပေးရာတွင် တ၇ားနာပြီးနောက် တော်ရာတွင်မိမိဘာသာ ကျင့်ရပါသည် ။ မြတ်ဗုဒ္ဓ ကိုယ်တိုင်လဲ တရားကူမထိုင်ပေးပါ။ မိမိဘာသာသာ ကျင့်ရပါသည် ။ ကမ္မဋ္ဌာန်းထိုင်ခိုက် နောက်က လိုက်ပြောနေခြင်းသည် Brain wash သာဖြစ်ပါသည် ။

မြတ်စွာဘုရားမှစ၍ သံဃာစဉ်ဆက်သည် ဆေးကုခွင့်မရှိပါ ။ ဆေးသမားဖြစ်ခဲ့သော သံဃာသည်ပင် သံဃာဖြစ်ပြီးနောက် ဆေးကုခွင့် မရှိပါ ။ ဆေးကုလျှင် အာပတ်သို့ သင့်ရောက်ပါသည် ။ ယခု ဤဘုန်းကြီး လူနာအိမ်ဆေးရုံလိုက်ပြီး ရောဂါကုသယောင် ပြုနေခြင်းသည်ကား ဆိုဖွယ်ရာမရှိတော့ပေ ။

ဟောသော စကားတို့ ကိုစီစစ်ခြင်း

သူဟောသောစကားတို့ ကိုစီစစ်လိုက်သောအခါ အားလုံးသော တရားတော်အနှစ်တို့ ကိုပစ်ပယ်၍ ဗုဒ္ဓဘာသာ၏ အခြေခံမျှသာ ဖြစ်သော ကမ္မသမ္မာဒိဋ္ဌိ ၊ ၀ိပဿနာ သမ္မာဒိဋ္ဌိ၊ ဈာနသမာဒိဋ္ဌိ၊ မဂ္ဂသမာဒိဋ္ဌိ၊ ဖလသမာဒိဋ္ဌိ ၊ ပစ္စဝေက္ခဏ သမာဒိဋ္ဌိတို့ ကို ပြက်ရယ်ပြုသကဲ့သို့ ..ဘာမှမဟုတ်၊ ဘာမှမရှိတာ တရားဟု ဟောကြားကာ အတိုချုပ်နေပါသည် ။

ဘာမှမဟုတ် ဘာမမှမရှိဆိုလိုက်ခြင်းသည် စင်စစ် နတ္တိက အယူ ၊ အဟေတုကအယူသာဖြစ်ပါသည် ။ စင်စစ် ပရမတ္ထ သစ္စာ ၄ပါးဖြစ်သော ရုပ် စိတ်စေတသိက်နှင့် နိဗ္ဗာန်တို့ သည် သူ့သဘောသူဆောင်၍ ရှိနေသော အရှိတရားများသာ ဖြစ်ပါသည် ။ သာမန်ပုထုဇဉ်သည် ရုပ်စိတ်စေတသိက်၌်သာ ဥာဏ်ဝင်စားနိုင်ပါသည်။ အရှိတရားဖြစ်သော နိဗ္ဗာန်ကို ပြင်းစွာသော လုံ့ လဖြင့် သီလ၊သမာဓိ၊ပညာဖြင့် ဆောက်တည်အပ်သော မဂ်ဥာဏ်ဖြင့်သာ မျက်မှောက်ပြုနိုင်ပါသည် ။ ၃၁ ဘုံကို ဘာမှမဟုတ် ဘာမှမရှိဟု ငြင်းပယ်လိုက်ခြင်းသည် ပြင်းစွာသော ၀ိဘ၀တဏှာ ကိုသာ ဖြစ်စေ၍ နိဗ္ဗာန်နှင့်မူ အ၀ိစိနှင့် ဘ၀ဂ်မက ကွာလှပေသည် ။

ကြော်ငြာခြင်းကိုစီစစ်ခြင်း

ပထမအချက်မှာ ဆရာတော်များက မကြော်ငြာပါ။ အခမဲ့ တရားထိုင်လို့ ရသည်ဆိုသောအဆိုကိုစီိစစ်သော် ဗမာပြည်တွင်သာမက ကမ္ဘာ ဘယ် ၀ိပသနာ ဋ္ဌာနတွင်မှ အခပေးရရိုးထုံးစံမရှိပါ။ နောက်တဖန်တရားရတယ်၊ ရောဂါတွေ ပျောက်တယ်၊ဆရာတော်ဟာ တပည့်တော်အတွက် ဘုရားပါဘဲ ဆိုသောစာများ တိတ်များကို စီစစ်လိုက်သောအခါ မဂ္ဂဇင်းများတွင် ပါတတ်သော ဆရာ တုတ်ကြီး ဆေးကြောင့် ကျွန်တော့ဖင်က ခွေးဂရင်ဂျီနာ အမြစ်ပြတ်ပါသည် ဆိုသော ကြော်ငြာများနှင့် တူနေပါသည် ။ ထိုကိစ္စမှာ ထိန်းချုပ်မှုမရှိသော လိုင်စင်မဲ့  သူများသာပြုရဲသောကိစ္စဖြစ်ပါသည် ။ သာမန် ဆရာဝန်ပင်လျှင်ထို သို့ တင်လျှင် လိုင်စင်ဖြုတ်နိုင်ပါသည် ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး အတွက်မူ ဆိုဖွယ်ရာမရှိပါ။

အထက်ပါအချက်များကိုထောက်၍ စူနာမီဆရာတော် ဦးဥတ္တမသာရ ခေါ် ဦးအောင်အောင်သည် တကယ်တရားရလိုသော ပရိသတ်အဘို့  အာရတီပါပါ ၀ီရတိပါပါ အထူးသဖြင့် ဝေးစွာ ရှောင်ကြဉ်အပ်ကြောင်းနှင့် တကယ်တရားရလိုပါမူ အစဉ်အဆက် ခိုင်မာပြီးဖြစ်သေ ၀ိပဿနာ တရားစခန်းများသို့  ချဉ်းကပ်သင့်ကြောင်း အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

All Dhamma friends
Please read this letter carefully. I swear solemnly that I have no personal Grudge against this MONK .

Critical analysis of quality of a teacher

Lord Buddha said

(1)a teacher should have learnt all tipitaka and .

(2)also practically learnt from a LIVING teacher .Only that person can be a trainer in Vipassana .(About Lohita , Digha nikaya )

And then , in vinaya ,there is an instruction :

" A monk should not stay away his teacher until 10 years of monkhood."

In Angutthora Pali,it was stated that preaching what I have not taught and Ignoring what I have taught means accusing Me . Therefore , this monk is wanting all prerequisites of a teacher .

Critical analysis of Sila

The prime quality of sangha is not practising against the guidance of Sangha . Even Mogoke sayadaw follow the guidance of sangha .This monk is continuing preaching against guidance of sangha . That means he is lacking the prime quality of sangha.

Critical analysis of practice from the beginning of sasana

Everybody needs to practise on his/her own after being guided by teacher . Nobody could have helped with practice . Only technique that is using "voice over " is Brain wash by communist China .According to vinaya , Sangha is not allowed to practise medicine . Even a monk who was an ex doctor is not allowed to treat patients .

Therefore , it is against vinaya that this monk is flitting in and out of hospitals and patients' houses . Critical analysis of his preachings In analysis of preachings . It can be easily seen that this chap is ignorant of even the basics of Buddhism namely " Knowledge of Kamma , knowledge of vipassana, knowledge of Jana, Knowledge of Magga, knowledge of Phala and knowledge of retrospection ".His preaching is just saying "everything is NOTHING ","All is NOTHIG " If you critically analyse this preaching ,then it is quite clear that it is in the domain of Nattika and Aheitukkha.In reality , the 4 real truths namely physical states , Citta , Cetathica and Nibbanna are really existing laws with their own characteristics .

The unenlightened ones can only see physical body, citta and cetathica.Realization of Nibbana need a lot of practice with Sila ,samadi and panna . No short cut to it. By denying existance of Beings , Actually this chap is developing Lust of nonexistance ( vibavha tanna ) which is opposite of Nibanna.


Critical analysis of his adverts

Very first point is real monks never advertise. Advert of free service is also superfluous as not a single centre in this world charge Yogis. And then that adverts fall in the domain of quacks . Even a doctor do such act , he would be stopped from practising immediately . It is clearly so unethical. According to all these facts , it is clear this chap is far far away from Buddhhism and if you want to practise real Vipassana , please go to real vipassana centres .

July 2008
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@




ဒေါက်တာတင့်ဦး

Reblog this post [with Zemanta]
Read more ...

ဖြစ်ရပ်ကထူးဆန်းပါသတဲ့ (ဦးကောဝိဒ-မြိတ်)

Dr Phyo Wai Kyaw | 6:46 AM | | 3 Comments so far
WICKED WITCH Pictures, Images and Photos

တစ်နေ့ စာရေးသူ၏ ကျောင်းပေါ်သို့ လူလတ်ပိုင်း၊ လူကြီးပိုင်း ရောနှောနေသည့် အမျိုးသမီး တစ်သိုက် ရောက်လာကာ စာရေးသူအား ဦးချ ကန်တော့ပါသည်။ သူတို့အနက် အမျိုးသမီးတစ်ဦးက “အရှင်ဘုရား……..ဒီရိပ်သာမှာ နေတာ ကြာပြီလားဘုရား” ဟု စကားစလာရာ စာရေးသူက “ဟုတ်ပါတယ်ဒကာမကြီး” ဟု အထိုက်အလျောက် ပြန်ဖြေခဲ့သည်၊ တဖန်--

“အရှင်ဘုရားက ဒီမှာသီတင်းသုံးတာ ကြာပြီဆိုတော့ တရားအားထုတ်တာလည်း အတော်ခရီးရောက် နေပြီးလားဘုရား”

“ဒီလောက်လည်း မဟုတ်ရသေးပါဘူး ဒကာမကြီး” ဟု ရိုးသားစွာပြန်ဖြေမိပါသည်၊ ထို့နောက်ဆက်ပြောသည်မှာ

“ဒီလိုဆို အရှင်ဘုရားဟာ….တရားအားထုတ်တာ ကြာပြီဆိုတော့ အကြားအမြင်များ ရနေလောက်ပါပြီနော်”…… တဲ့။

သူ့စကားကြားရသည်မှာ စာရေးသူ အလွန်ပင် တုန်လှုပ် သွားခဲ့ပေသည်။ သူတို့ရဲ့ တရားအားထုတ်ခြင်းရဲ့ ရည်ရွယ်သူတို့ ဆန္ဒက အကြားအမြင်ရလျှင် သူတို့ရဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောခိုင်းမှာ ဖြစ်သည်။ အကြံကြီးကြပါပေ့……..။

ထိုအကြောင်းကို သဘောပေါက်လိုက်သော စာရေးသူက ဖြတ်လမ်းက လိုက်ချင်ကြသော လူတစ်သိုက်အတွက် နောင်တွင်လည်း အသိတရားရစေရန် ရည်ရွယ်လျှက် --စာရေးသူ ပြောဖြစ်သွားသည့် စကားတစ်ခုကတော့……

“မှန်ပါတယ်၊ ဘုန်းကြီး အကြားအမြင်ရတယ် ဆိုတာ ဟုတ်ပါတယ်” ဟုပြောလိုက်သောအခါ ထိုအမျိုးသမီးများ၏ မျက်နှာများသည် မှိုရသည့်နှယ် ပြုံပျော်ရွှင်နေကြပေသည်၊ သူတို့သိချင်သည် ဆိုသည့် အကြောင်းအရာများကို မေးရတော့မည်ကိုး ……… သို့နှင့် စာရေးသူက

“တစ်ခြားတော့ မထင်လိုက်ပါနဲ့ ဘုန်းကြီး အကြားအမြင်ရတယ် ဆိုတာက တစ်ခြားမဟုတ်ပါဘူး၊ အခု ဒကာမကြီးတို့ ဘယ်နှစ်ယောက် လာတယ် အ၀တ်အစားကဘာအရောင်လို့ မြင်တာ၊ ပီးတော့ ဒကာကြီးတို့ပြောတာတွေ အတိုင်းသား ကြားနေရတာတွေဟာ ဘုန်းကြီးရဲ့ အကြားအမြင်ပဲ"

ဟု ပြောလိုက်သောအခါ ထိုအမျီုးသမီးတစ်သိုက်သည် ထင်သည့်အတိုင်း မဖြစ်လာသည့် အတွက် စိတ်ဆိုးကာ ထွက်ခွာသွားခဲ့ ပါတော့သည်။ ဤကား လူများသည် အကြားအမြင်နောက်ကို ဖြတ်လမ်းက လိုက်ချင်နေကြပုံ ဖြစ်သည်။ ဤ၌ ပြောလိုသည်ကား ထိုအကြောင်းမဟုတ်ပေ။

အွန်လိုင်းပေါ်က မဟုတ်မဟတ် လုပ်ဇာတ်တစ်ခုအကြောင်းကို အဓိကထားပြောလိုပါသည်။

တစ်နေ့ အွန်လိုင်းပေါ်တွင် ဒကာကြီးဦးတင့်နှင့် စာရေးသူတို့ စကားလက်ဆုံ ပြောဖြစ်ပါသည်၊ ဤတွင်ဦးတင့်က -

“ အရှင်ဘုရားကို တွေ့ရတာ အတော်ပဲဘုရား” ၊

“ဆိုပါဦး………ဦးတင့်”၊

“တပည့်တော် အရှင်ဘုရားကို ပြစရာရှိတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ဆရာတော် ဦးဥတ္တမသာရ ရဲ့ ၀က်ဘ်ဆိုက်မှာ ထူးဆန်းတဲ့ အကြောင်းတစ်ခု ဖတ်လိုက်ရပါတယ် ဘုရား…….တပည့်တော် အရှင်ဘုရား ဖတ်လို့ရအောင် ကော်ပီကူး ပေးလိုက်ပါ့မယ် ဘုရား” ဟုဆိုကာ ကော်ပီးလိုက်တဲ့အတိုင်း လိုရင်းလောက်သာ ဖေါ်ပြပေးလိုက်ပါသည်။

http://realenlightenment.org/experiences/bur.htm

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @@ @
-မသေခင်ကလို ပျော့ပျောင်း နေပါသည်။ သေဆုံးသည့်နေ့မှာပင် တပည့်တော်တို့သား အဖသုံးယောက်သည် ရေလုံအိုးခွဲခြင်း စသည့်မိရိုးဖလာများ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး မီးသင်္ဂြိုဟ် လိုက်ပါသည်၊ မီးသင်္ဂြိုဟ်ပြီး အပြန်တွင် မိုးကုတ်ယောဂီ ဒေါ်အုန်းကြည်ထံ သွားရောက် မေးမြန်းရာ ဒေါ်စောနုသည် သေခါနီးတွင် ပြိတ္တာများ လာခေါ် ကြောင်း တရားသံအတိုင်း ပျက်တယ်လို့ နှလုံးသွင်းလိုက်ရာ ပြိတ္တာများ သေးသေးလေးတွေဖြစ်ပြီး မြေ ကြီးထဲ ၀င်သွားကြောင်း ဆက်ပြီးပျက်တယ်၊

မရှိဘူးဟု နှလုံးသွင်းရာ ယာဉ်ရထားကြီး ပေါ်လာကြောင်း သားသမီးတွေကို တွေးလိုက်တော့ ရထားကြီး ပျောက်သွား ကြောင်း နားကကြားနာနေရသည့် တရားသံအတိုင်း ပေါ်သမျှကို ပျက်တယ်၊ မရှိဘူးဟု ပြန်နှလုံးသွင်း ဖျက်ပစ်လိုက်တော့မှ ရထားကြီးပြန်ပေါ်လာပြီး အပေါ် ရောက်ရောက်ချင်း မိမိ၊ သူ တစ်ပါးခန္ဓာတွေကို ကြည့်လိုက်ရာ ကြားနာနေရသည့် တရား အတိုင်းအပျက်တွေသာ တွေ့ရပြီးနောက် တစ်ခါတည်း တရားထူး ရသွားကြောင်း သုတိသာဘုံတွင် နတ်သမီးဖြစ်သွားကြောင်း၊ ဆရာတော် အရှင်သူမြတ်ကို ကန်တော့ ကြောင်း၊ ကျေးဇူးကြီးမားကြောင်း ပြောသည်ကိုပါသိရသဖြင့် ၀မ်းနည်းရမည့်အစား ၀မ်းသာရပါသည် ဘုရား။

(ဒေါ်စောနု၏ အမျိုးသားဦးလှမြင့်၊ လက်ထောက် အထွေထွေမန်နေဂျာ(ငြိမ်း)ကုန်သွယ်လယ်ယာ၊ ရန်ကုန်ရုံးချုပ်)က ရေးသားပေးသောစာ ဖြစ် ပါသည်။

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @@ @

ထိုစာပုဒ်ထဲတွင် ဒေါ်စောနု၏ သေခါနီး တရားထူးရပြီး တုသိတာနတ်ပြည်တွင် နတ်သမီးဖြစ်နေသည် ဟူသော စကားရပ်တွင် လူတစ်ယောက် တရားထူးရပြီး နတ်ပြည်ရောက်သည့် အကြောင်းကို အကြားအမြင်ရ ဗေဒင်ဆရာမ တစ်ဦးသာဖြစ်သည့် (မိုးကုတ်)ယောဂီ ဒေါ်အုန်းကြည်ဆိုသူက သူ့ရဲ့အကြားအမြင်နဲ့ ပြောကြောင်း ထင်ရှားနေပါသည်။ ထိုအကြောင်းကို သာမာန်လူ မဆိုထားနှင့် အရိယာ ဖြစ်တော်မူကြသည့် သောတာပန်၊ သကဒါဂါမ်၊ အဘိဥာဉ်မရတဲ့ အနာဂါမ်တို့တောင် မသိမမြင်နိုင်သည့် ကိစ္စဖြစ်ပါသည်၊ ထိုသို့ဖြစ်ပါလျှက် ဗေဒင်ယောင်ယောင် နတ်သူငယ်ယောင်ယောင် အကြားအမြင်ရသည်ဆိုသည့် ဒေါ်အုန်းကြည်(ယောဂီ)က ဒေါ်စောနု တရားထူးရပုံ နတ်ပြည်ရောက်ပုံကို သိသတဲ့။ ဆန်းလိုက်ပါဘိ။

လောကတွင် ဆန်းပြားလွန်းလျှင် မရိုးတော့သည်ကို သတိထားသင့်ပေသည်၊ ယခုဖြစ်ရပ်တွင်လည်း ဆန်းပြားနေ၍ မရိုးသားသောအသွင်ကို ဆောင်နေသည်မှာ သဘာဝပဲပေါ့၊

ဤတွင် သူတို့ရဲ့ဇာတ်လမ်းခိုင်မာဖို့အတွက် အကြားအမြင်ရ ဒေါ်အုန်းကြည်မှာ အဓိကဇာတ်ဆောင် ဖြစ်နေချေသည်၊ ဘာကြောင့်တုန်းဆိုရင် သူပြောမှ ထူးဆန်းသည့်ဖြစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်၊ သည်အကြောင်းနှင့်ပတ်သက် ၍ သမာန်လူများတောင် မမြင်နိင်သည့် ကိစ္စကို ဒေါ်အုန်းကြည်က သိသည်ဆိုလျှင် ဒေါ်အုန်းကြည်သည် ဧကန္တ ရဟန္တာ ဖြစ်နေလောက်သည်မှာ သေချာနေသည်၊ ရဟန္တာဖြစ်လျှင် လူဘ၀တွင် အကြာကြီးမနေနိုင် အလွန်ဆုံး ခုနှစ်ရက်ပဲနေနိုင်သည်၊ ထိုသို့ဆိုလျှင် ဒေါ်အုန်းကြည်၏ ရဟန္တာဖြစ်မှုသည် ထူးဆန်းနေ၍ မရိုးသားတော့သည်မှာ သေချာနေပေသည်။

ဤဖြစ်ရပ်သည် အမှန်စင်စစ် သူတို့ ရဟန္တာတစ်မျှ ကြည်ညိုနေသည့် ဦးဥတ္တမသာရအား သူ့တပည့်များက မြောက်ပေးချင်သည် (အရောင်တင်ပေးချင်ကြသည်)မှာ မဆန်းပါဘူး။ အမှန်စင်စင့် တပည့်မှားလျှင် ဆရာကပြင်ပေးရမှာ ဖြစ်သည်၊ သို့သော် ဆရာသမားကိုယ်၌က သူ့ရဲ့ဝါဒကို ကြည့်ပါဦး၊ လောကကြီးမှာ ဘာမှမရှိဘူး၊ဘာမှမဟုတ်ဘူး ဆိုတဲ့ဝါဒ ဖြစ် ပါသတဲ့…….၊ ထိုဝါဒသည်အစတွင် အကြောင်းအရာမှန်သမျှ ပျက်ရသည်ချည်းပါ ဆိုတာကတော့မှန်ပါတယ် ၊သို့သော် ထိုဆရာတော်သည် ပျက်ရာကနေ နောက် ဘာမှမရှိဘူးဆိုသည့် (နတ္ထိက)၀ါဒဖြစ်လာသည်ကို သတိထားမိဟန်မတူပေ။

တွေးမိသည်မှာ လောကကြီးတွင် ဘာမှမဟုတ်ဘူးဆိုလျှင် လောကကြီးတောင်မှ ဖြစ်လာနိုင်စရာမရှိပေ။ ဘာမှမဟုတ်ဘူး ဆိုမှတော့ ထိုဆရာတော်ဟာလည်း ဘာမှမဟုတ်ဘူးဆိုတဲ့ နယ်ထဲကနေ မွေးလာခြင်းဖြစ်မည်၊ ထို့ကြောင့် ထိုဆရာတော် ဟာလည်း ဘာမှမဟုတ်ဘူးဆိုတာ အထက်ပါ ဖြစ်ရပ်ဖြင့် သက်သေပြနေပေသည်။

ထိုဆရာတော်သည် ရဟန္တာတစ်မျှ ဖြစ်နေသည်ဟု ပြောဆိုသော်လည်း သူ့ရဲ့ဝက်ဆိုက်တွင် အကြားအမြင်ဗေဒင်ဆရာက လူများ တရားထူးရတာ သိတဲ့အကြောင်းကို ဖေါ်ပြထားခြင်းဖြင့် ထိုဆရာတော်ရဲ့ အဆင့်အတန်း သည်လည်း ဘာမှမဟုတ်သေးသည်ကို စာဖတ်သူများ ခန့်မှန်းမိကြပေလိမ့်မည်။

နောက်ဆုံးပြောလိုသည်မှာ

လောကမှာ ယုံကြည်တိုင်းသောအရာများသည် အမှန်တရားများဟု မဆိုနိုင်ပါ။

သို့သော် အမှန်တရားတိုင်း ကိုတော့ လက်ခံ ယုံကြည်ရမည် ဖြစ်ကြောင်း ရေးသားလိုက်ရ ပါတော့သတည်း။ ။

ဦးကောဝိဒ(မြိတ်)Saturday, June 28, 2008
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories