February 19, 2010

နောက်ဆုံးပေါ် တရားအားထုတ်နည်း အမေးပုစ္ဆာ (ဦးကောဝိဒ-မြိတ်)

Dr Phyo Wai Kyaw | 11:23 AM | | |
The hand that signed the paperImage by thorvaala via Flickr


@@ နော်ဝေနိုင်ငံတွင် နောက်ဆုံးပေါ် တရားရှုမှတ်နည်းတစ်ခု အတွက် မှန် - မမှန်ဆိုတဲ့ စတုတ္ထအမေးပြဿနာ…….@@

မေး။ ။ ယခင်ဖြစ်ခဲ့သည့် တရားများ၊ ယခုဖြစ်ဆဲ တရားများ၊ နောင်ဖြစ်လတ္တံ့သော တရားများဟာ (ဘာမျှ မဟုတ်ဘူး)ဟု ရှုမှတ်ရမည်၊ လောကရှိရှိသမျှ အရာအားလုံးဟာ (ဘာမှမဟုတ်ဘူး)၊ ဖြစ်ပေါ်သမျှ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို (ဘာမှမဟုတ်ဘူး) လို့ ရှုရတဲ့ တရားအားထုတ်နည်းနှင့် တရားရှုမှတ်နေကြတာကို အရှင်ဘုရားအနေနဲ့ ဖြစ်နိုင်ရင် မှားသလား/မှန်သလားဆိုတာကို ဖြေရှင်းပေး စေလိုပါတယ် ။ ထိုတရားရှုနည်းကို ကြားခဲ့သည်မှာ သိပ်မကြာလှသေးတဲ့အတွက် နောက်ဆုံးပေါ် latest နည်းတစ်ခု ဖြစ်နိုင်ပါကြောင်း ယူဆမိပါ တယ်။


ဖြေ။ ။ ထိုနည်းကို သူမလောက်သာပြောတာ မဟုတ်သေး၊ အင်္ဂလန်က ဓမ္မမိတ်ဆွေ ဆရာဝန်ကြီး တစ်ယောက်ကလည်း အွန်လိုင်း(0nline) ပေါ်ကနေ နောက်ဆုံးပေါ် တရားနည်းကို ပြောခဲ့ဖူးပါတယ်။

“အရှင်ဘုရား... ဒီဆိုက်မှာ ဖတ်ကြည့်ပါဘုရား”

လို့ဆိုကာ စာရေးသူအား (.....) ဘလော့ဂ်လင့်ခ်တစ်ခု ပေးလိုက်ပါ သေးတယ်။

ထိုတရားအားထုတ်နည်း သာမဟုတ်၊ အခြားနည်းအမျိုးမျိုးတို့အား ဤနည်းကတော့အမှား၊ ဤနည်းကတော့အမှန် လို့ဆုံးဖြတ်ရန် ခက်ခဲလှပါတယ်။ ဒါပေမယ့် ဘယ်တရားအားထုတ်နည်းဖြစ်စေ အမှန်/အမှား ဖြေရှင်းရာ၌ (မှတ်ကျောက်တင် ခံနိုင်ဖို့ရာ) ပုံသေနည်း (နိယာမ)တစ်ခုတော့ ရှိရပါမယ်။

ထိုပုံသေနည်းကား တစ်ခြားမဟုတ် ဘုရားရှင်၏ သတိပဋ္ဌာန်နည်း မူသေစည်းပင်ဖြစ်ပါတယ်။ လောကတွင် တရားနည်းလမ်းများ အမျိုးမျိုးအထွေထွေ ရှိကြပါတယ်၊ ထိုနည်းလမ်းများ၏ အမှား/အမှန် ကို တိုင်းတာချင်တယ်ဆိုရင် သတိပဋ္ဌာန်လေးပါး ပေတံနှင့်သာ တိုင်းတာရပါ့မယ်။

ဘာ့ကြောင့်လဲဆိုရင် သတိပဋ္ဌာနသုတ်တော်တွင် (ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ) ကိလေသာ အညစ်အကြေး ကင်းစင်ဖို့ရာ တစ်ခုတည်းသော လမ်းသည် သတိပဋ္ဌာန်ဟု ဟောထားပါတယ်။

ထို့အပြင် (ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိဓမ္မံ အနမသိတွာ မဂ္ဂါဒိဂမောနာမ နတ္ထိ) ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ သတိပဋ္ဌာန် လေးပါးအနက် တစ်ပါးပါးကို မရှုမှတ်မသုံးသပ်ဘူးဆိုပါက မဂ်ဖိုလ်ကို ရသည် မရှိပါ.. လို့ စာပေအလာ ရှိတဲ့အတွက် သတိပဋ္ဌာန် ပါတဲ့ တရားနည်းလမ်းများသာလျှင် အမှန်ဖြစ်နိုင်ပါတယ် လို့ ယူဆမိပါတယ်။

သတိပဋ္ဌာနသုတ်တော်တွင် ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း (သွားသည် ဟူ၍) အပြားအားဖြင့် သိရမယ်လို့ ဆိုထားပါတယ်၊ သွားလျှင် ဘာမျှမဟုတ်ဘူး၊ ဟုဟောကြားထားတာမဟုတ်ပါ၊ သည်လိုဆိုလျှင် ဘုရားရှင် ဟောထားတဲ့ (ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ) ကို (ဂစ္ဆန္တောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်။

(နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိ)ထိုင်လျှင်လည်း (ထိုင်တယ်ဟူ၍) အပြားအားဖြင့် သိရမယ်၊ ( ထိုင်လျှင် ဘာမျှမဟုတ်) ဟူ၍ သိရမည်ဟု မဟောကြားခဲ့ပါ၊ ဘုရားရှင်ဟောတော်မူခဲ့တဲ့(နိသိန္တောဝါ နိသိန္နောမီတိ ပဇာနာတိ) ကို (နိသိန္နောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်၊

သည်လိုတော့ မဖြစ်နိုင်ပါ၊ ဒါဖြင့် ဘုရားနည်းလမ်းမှ သွေဖီနေတဲ့ ထိုတရားနည်းလမ်းကို အမှန်လို့ ယူဆ၍ မရနိုင်တော့ပါ။

နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် ကာလက ဖြစ်ခဲ့ပေမယ့် ယခုအချိန်အထိ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို ပိုလို့လည်း နုတ်ပယ်စရာမလိုသလို လိုနေ၍လည်း ထပ်ဖြည့်စရာမလိုပါ၊ တရားတော်က အရှိကိုအရှိအတိုင်း သိမြင်ရမယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးဖြစ်တယ်၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမယ်လို့ ဟောထားသောကြောင့် ရိုးရိုးလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ ဖြစ်ပါတယ်။

ထို့ကြောင့် လောကတွင် ဘာမျှမရှိ၊ ဘာမျှမဟုတ် ဟူသော တရားနည်းလမ်းသည် သဘာဝမကျသော နည်းလမ်းတစ်ခုဟု ယူဆရပါကြောင်းဖြေကြား ပေးလိုက်ရပါတော့ သတည်း။ ။

ဦးကောဝိဒ(မြိတ်)

3 comments:

  1. ဆရာတော်ဦးကောဝိ(မြိတ်)သို့..

    တစ်ခုခု အဖြစ် ရှိတာ ရှုနေလို့ရှိရင် ခိုင်တာမြဲတာ ရှုနေသာကြောင့် သဿတဒိဋ္ဌိ ဖြစ်တယ်၊(မှန်ပါ) မရှိတာ ရှုမှ သာလျှင် သဿတဒိဋ္ဌိက လွတ်တယ် (မှန်ပါဘုရား)

    ဒါဖြင့် စိတ်ရှုရှု၊ ဝေဒနာရှုရှု၊ ရုပ်ရှုရှု၊ အပျက်ကို မြင်စေရမယ်လို့ ပြောတာ (မှန်ပါဘုရား) ဒါဟာဘုရားဟော အထောက်အထား ရှိလို့ပြောတာ (မှန်ပါ)

    "သမုဒယ ဓမ္မာနုပဿီဝါ ၀ယဓမ္မာ နုပဿီဝါ စိတ္တသ္မိံ ၀ိဟရတိ" -တဲ့၊ မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးမှာ ပါတယ်၊ မြတ်စွာဘုရား ဟောထားတာ (မှန်ပါ)
    မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး က အတိအလင်း ဟောထားတာပဲ (မှန်ပါ) "သမုဒယ-၀ယ" မွေးလာပြီး သေသွားတာကို မြင်အောင် ကြည့်ရမယ် ဆိုတာလေ (မှန်ပါ) အဲဒီထိအောင် သွားရမှာ၊ အဲဒီကျတော့မှ ၀ိပဿနာဖြစ်တာ (မှန်ပါ)

    ခုတော့ မဟုတ်ဘူး၊ ခင်ဗျားတို့က စာကို ရှေ့ပိုင်းတွင်ပဲဖတ်ပြီး ရှေ့ပိုင်းတွင်ပဲ ပြောနေကြတာ၊ ဒီနောက်ပိုင်း (သမုဒယဓမ္မာ နုပဿီဝါ - ၀ယဓမ္မာ နုပဿီဝါ) ထိအောင် လာရမှာ (မှန်ပါဘုရား )
    ..............................
    မိုးကုတ် ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင် ဟောပြောသော တရားတို့မှ ယူ၍ အကျဉ်းချူပ် ကောက်နုတ် ဖော်ပြပါမည်။ [မိုး(၂)နှာ-၄၅၆မှ။]
    ....................................
    အသေးစိတ် သိရှိနိုင်ရန် အောက်ပါလင့်ရှိဆောင်းပါးများအား ဆက်လက်ဖတ်ရှုပါရန်

    http://trueanswer.multiply.com/journal

    ReplyDelete
  2. ဝိပဿနာ ကို အထူးရှုမြင်ခြင်းလို့ ယူဆကြလို့ ရ ပေမဲ့ အတိတ်ပါရမီ အာသေဝနခြင်း တစ်ယောက်စီကွဲ ပြားနိုင်လို့ သဘာဝခန္ဓာ အစုကို ဘာဝနာမယနဲ့ သိအောင် စောင့်ကြည့်နည်းသတိသာသုံးရင် ပိုအဆင်ပြေမယ်ထင်တယ် အစကတည်းက အဖြစ်အပျက် ဒါမှမဟုတ် သုညတ လို့ မှတ်ယူနေရင် ပေါ်သမျှစိတ်ဖန်ဆင်းမှုပဲ ဖြစ်နေလိမ့်မယ် ဘာဖြစ်လို့လဲဆို တော့ အဖြစ်အပျက်သဘောနဲ့ ဘာမှအနှစ်သာရမရှိကြောင်းက သိမြင်လာရမဲ့ ညဏ် တွေဖြစ်နေလို့ ပဲ မှားတာရှိရင်တောင်းပန်ပါတယ်

    ReplyDelete
  3. ရှုတယ်ဆိုတဲ့ စကားလုံးကလဲ ကြည့်တယ်လို့ အဓိပ္ပာယ်ရ ပြီး အပျက်ကိုမြင်အောင်ကြည့်ရမယ်လို့ မိုးကုတ်ဆရာတော် ဆိုလိုတာနေမှာပါ
    အဖြစ်ကိုပဲရှုနေရင် မှားသလို အစကတည်းက အပျက်ချည်းရှုနေရင် ဘာမှမလှုပ်ငြိမ်နေရမဲ့သဘောရောက်သွားလိမ့်မယ် ဘာအတွေးနဲ့မှဘောင်မခတ်ထားမှသာ သာမန်လူအများအတွက် သဘာဝရဲ့ ဖြစ်ပျက်ပုံမြင် နောက်မုန်း ပြီးဆုံးသွားမယ် ထင်ပါတယ်

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories