February 18, 2010

စူနာမီဆရာတော်၊ မိမိနှင့် ဆရာတုတ်ကြီးဆေး, ကြော်ငြာ(ဒေါက်တာတင့်ဦး)

Dr Phyo Wai Kyaw | 9:03 PM | |
Sunset_From my archiveImage by fmc.nikon.d40 via Flickr
၂၀၀၅နှင့် ၂၀၀၆ ကြားဟု ထင်ပါသည်။ မိမိ အွန်လိုင်းလောက နှင့် စပတ်သက်မိသည်က စရမည် ထင်သည်။ ထိုစဉ်က ပလန်းနက် ဖိုရမ် တွင် လူသေလူဖြစ် ဦးဥက္ကဋ္ဌ အနွယ်တွေနှင့် ဦးဥာဏအနွယ်တွေ လှုပ်ရှားနေသည်ကို ဖတ်မိရာမှ မိမိမှာ စာရေးချင်စိတ် ပေါ်လာသည်။

သို့သော် ဗမာလို မရိုက်တတ်သည်က တကြောင်း၊ နောက် ပလန်းနက်က ရီဂျစ်စတာ မလုပ်ဘဲ၊ ဒီအတိုင်း ၀င်ဖတ်ရနေတာက တကြောင်းကြောင့် စာမရေးဖြစ်ခဲ့။

နောက် ပလန်းနက်အပျက် ပဒုမ္မာ ပေါ်လာတော့ ရီဂျစ်စတာ လုပ်ရသည့် တူတူ မထူးပါဘူးဆိုပြီး အင်္ဂလိပ်လို စရေးခဲ့သည် ။

မူလ မိမိလေ့လာခဲ့သော ပဋ္ဌာန်းနှင့် ပါဠိတော်အပြင် ထိုအချိန်က နာပြီးဖြစ်သော မိုးကုတ် တရားတော် ၅၀၀၊ www.accesstoinsight.org တို့ အားကိုးနှင့် မိမိ သဘောပေါက်သလောက် တရားတော်များကို စရေးဖြစ်ခြင်းပင် ။

ဦးဥက္ကဋ္ဌ အနွယ်များနှင့် ဦးဥာဏအနွယ်များ ပဒုမ္မာမှာ လှုပ်ရှားနေချိန်မို့  သတိတော့ ထားရပေသည် ။ ထိုအချိန်မှာပင် ကိုကစ်ကားက သူနာနေသော ဘုန်းကြီးတစ်ပါး ရှိသည်ဟု စသတင်းပေးကာ လင့်များပို့လာသည် ။ မိမိကလည်း မိမိနာလျက်စ တရားနှင့် ဖတ်လျက်စ စာနှင့်ပင် မအားသောကြောင့် အေးအေး ဟုပြောပြီး သူပေးသမျှ လင့်များကို ခပ်အေးအေးဘဲ ဖျက်ချနေလိုက်သည်။

ထိုသို့နေရာမှ ၂၀၀၇ ဒီဇင်ဘာတ၀ိုက်ကျမှ ပဒုမ္မာ မိုးကုတ်တရားတော်များ တော့ပစ်တွင် အမေး-ခရစ်ယာန်၊ အဖြေ- အမှန်တရား(စူနာမီဆရာတော်) ဆိုပြီး လာတင်တော့သည် ။ ဒီတော့မှ မဖြစ်ချေဘူးဆိုပြီး သူဟောတာတွေ သွားနားထောင်ရသည့် ဘ၀သို့ ရောက်ရလေတော့သည်။

ခရီးရောက်မဆိုက်ပင် "ဘာမှမဟုတ်ဘူး" ဆိုသည့်တရားနှင့် တည့်တည့် တိုးတော့သည်။ "ကဲ ဘာမှ မဟုတ်တော့ဘူး" ဆိုတော့ ခက်တော့ ခက်သားလား။ သူ့ အခြေအနေကို နည်းနည်း လေ့လာကြည့်တော့ လောက (၃)ပါး၊ (၃၁)ဘုံ ရှိရှိသမျှ ပညတ်တွေဆိုပြီး ပယ်။ သီလ၀ိနည်းကို ပညတ်ဆိုပယ်။ တိပိဋ္ဋကနှင့် တကွ ဘုရားဟော သုတ္တန်တွေကို ပုံပြင်ပါဆိုပြီးပယ်။ အဘိဓမ္မာကို မလိုပါဘူးဆိုပြီးပယ်။

ဒီလိုနဲ့ ဗုဒ္ဓဘာသာ ဘာမှမကျန်တော့တဲ့ ဘ၀ ရောက်ပါလေရော

ဒါကြောင့်

သူ့တရား (ဆိုသည်ကို ) မိမိနှင့်ရင်းသော ကျောင်းထိုင်တစ်ပါး နှင့် စာချဆရာတော် တစ်ပါးတို့ ကို လူကိုယ်တိုင်ပြပြီး လည်းကောင်း၊ ဦးကောဝိဒ (မြိတ်)ကို အွန်လိုင်းမှ တဆင့်လည်းကောင်း မေးပါသည်။ "အခြေအနေ မကောင်းကြောင်းနှင့် အမှားတွေသာ ဖြစ်ကြောင်း" အဖြေရပါသည် ။ သို့ သော် ကိုကစ်ကား မျက်နှာ ရှိနေ၍ သေချာအောင် လုပ်ရန် ဆုံးဖြတ်မိပါသည် ။

ဒါနဲ့  မိမိက မေးလ်နှင့် မေးကြည့်ပါသည်။



ပထမအချက်မှာ

"တရားထိုင်ရာတွင် မြတ်စွာဘုရားက ကူထိုင်ပေးသည်ဟု မရှိ ။ ကျွတ်တမ်းဝင်လိုသူက တရားနာပြီး မိမိဘာသာ အေးရာတွင် တရားထိုင်ရပါသည် ။ ယခုဆရာတော်က တရားကူထိုင်ပေးရသည်ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား"



သူ့ အဖြေမှာ

"မြတ်စွာဘုရား ရတာမရတာ ဘုန်းကြီးမသိ ။ ဘုန်းကြီးကတော့ရတယ်" တဲ့။

ဒုတိယအချက်မှာ မြတ်စွာဘုရား ကိုယ်တိုင်လည်း မိမိအနာကို ဆရာဇီဝက အကုသခံသကဲ့သို့ ၀ိနည်းဒေသနာ တော်တွင်လည်း

"လူနာကို ဆေးမကုရဟု" တင်းကြပ် ထားပါသည်။

"အရှင်ဘုရား ဆေးလိုက်ကုနေတာ၊ နောက်ပြီး ဆေးကုလို့ အကုန်ပျောက်တယ် ဆိုတာ ဖြစ်နိုင် ဖြစ်သင့်ပါသလား။"

သူ့ အဖြေမှာ

"မြတ်စွာဘုရား ရတာမရတာ ဘုန်းကြီးမသိ။ ဘုန်းကြီးကတော့ ရတယ်" ဟူ၏။


တတိယအချက်မှာ

"ပဋ္ဋိစ္စသမုပ္ပါဒ်နှင့် လွဲချော်ပြီး ဖြစ်ချင်စိတ်ကြောင့် သတ္တ၀ါဖြစ်တာဘဲ အတိုချုံးထားခြင်းကိုမေးရာ"

"ပဋ္ဋိစ္စသမုပ္ပါဒ်နှင့် တရားတော်တွေက ပညတ်တွေပါ ။ အရေးမကြီးပါ"တဲ့။

ထိုသို့ မေးလျှောက်နေချိန်တွင် သူ့ တရား ၂ပုဒ်ကို အင်္ဂလိပ်ပြန်ပေးပါဟု ခိုင်းလာပါသည်။ ပထမတပုဒ်ကို တော်အောင်ကြည့်ပြီး ဘာသာပြန် ပေးလိုက်သော်လည်း နောက်အပုဒ်တွင် မိဘမရှိ၊ သားသမီးမရှိ၊ ဘာမှမဟုတ်ဘူးလို့ မှတ်ပါဟု ပါလာပါသည်။

ထိုအခါ မိမိကလျှောက်ပါသည် ။

"ထိုတရားအတိုင်း ဟောပါလျှင် ကျိန်းသေ အပါယ်ကျမှာ ဖြစ်ပါသည်။ မိမိ မပြန်ပေးနိုင်ပါ"ဟု လျှောက်သောအခါ "အပါယ်လဲ ဘာမှမဟုတ်ဘူးလို့ မှတ်"ဟု အဖြေပြန်လာပါသည်။

ထို့ ကြောင့် မိမိလည်း ဆက်လက် အဆက်အသွယ် မပြုတော့ဘဲ အေးအေးနေလိုက်ပါသည် ။ သို့ သော် July 2008 ကျတော့ ပဒုမ္မာတွင် တစ်ခါထပ်ပြီး ထပ်ကျော့ ကြော်ငြာဝင်လာပြန်ပါသည် ။

စားရိတ်ငြိမ်းဖြတ်လမ်း စူနာမီ တရားစခန်း ဆိုပြီး လုပ်လာပြန်သောကြောင့် မလွှဲသာသည်နှင့် မိမိက july 2008 စာကို သူ့ ဆိုက်တွင်ရော ပဒုမ္မာမှာရော တင်ပြီး မိမိနှင့် သက်ဆိုင်သူများကို သတိပေးရပါကြောင်း။ ( ထိုကာလအတွင်း ဦးကောဝိဒမြိတ်ထံမှလဲ ဆောင်းပါး ၃ပုဒ်ချီးမြှင့် ခဲ့ပါသည် )

July 2008 တွင် မိမိရေးသည့် စာကို ထပ်ဆင့်ဖော်ပြပေး လိုက်မည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အားလုံးသော ဓမ္မမိတ်ဆွေများ ခင်ဗျား

ဒီစာကို အလေးအနက်ပြုပြီးဖတ်စေလိုပါတယ် ။ ဒီစာကိုကျွန်တော်ရေးတာမှာ လွဲမှားနေတာကို မြင်စေလိုတဲ့  စေတနာသာရှိပါတယ် ။ ဒီစာဟာ ဦးပဉ္စင်းအောင်အောင်ခေါ် စူနာမီဆရာတော်ခေါ် ဦးဥတ္တမသာရအပေါ်မှာ ပုဂ္ဂိုလ်ရေး မလိုမုန်းထားစိတ် လုံးဝကင်းစင်ပြီး ရေးတယ်ဆိုတာ သစ္စာအတန်တန်ပြုအပ်ပါတယ် ။

မြတ်ဘုရားက ဆရာလုပ်လိုသူသည်

၁)ပိဋ္ဋက ၃ပုံအလုံးစုံကို ခြောက်ခြားမွှေနှောက်နိုင်လျက် မိမိကိုယ်တိုင်လဲ တတ်ပွန် သူတပါးကိုလဲ သင်ကြားနိုင်ရမည် ။

၂)တရားတော်တို့ ကိုလဲ စနစ်မှန်စွာ ဆရာကောင်းထံ ချဉ်းကပ်နိုင်ရမည် ။

ထို ၂ချက်စုံမှသာ ဆရာလုပ်လော့ဟု ပြတ်သားစွာ သတ်မှတ်ပေးထားပါသည် ။ (လောဟိတသုတ္တန်။ ဒီဃနိကယ် ရှု )

နောက်တဖန် ၁၀၀ါမတိုင်မီ ဥပ္ပဇ္ဈာယ်နှင့်မကင်းရာဟု ၀ိနည်းတွင် သေချာစွာညွှန်ကြားထားပါသည်။

နောက်တဖန် အင်္ဂုတ္ထိုရ်ပါဠိ၌ ငါဘုရား မဟောသည်ကို ဟောလေဟန် ၊ငါဘုရားဟောသည်ကို မဟောဟန် ပြုခြင်းသည် ငါဘုရားကို စွပ်စွဲခြင်းမည်သည် ဟု ဆိုထားပါသည် ။ ထိုကြောင့် ထိုစံများနှင့်တိုက်လျှင် ဤဘုန်းကြီးသည် စံမမီသည်ကို သိစေလိုပါသည် ။


အကျင့်သီလကိုစီစစ်ခြင်း
သံဃာ၏ ဂုဏ်သည် သံဃအဖွဲ့ အစည်းကို မဆန့် ကျင်ခြင်းဖြစ်ပါသည် ။ မိမိထက် ၀ါကြီးသော သံဃာ၏ အဆုံးအမ၌ တည်ရပါသည် ။မိုးကုတ်ဆရာတော်ဘုရားသည်ပင် မိမိ၏ နောင်တော် သံဃာတို့ ၏ အဆုံးအမ၌ တည်ပါသည်။ ယခု ဤကိုယ်တော်သည် သံဃမဟာနာယက၏ အဆုံးအမကိုပင် ပစ်ပယ်ထားသည်ဖြစ်ရာ သံဃာဂုဏ်ညှိုးနေပါသည် ။

လေ့ကျင့်မှုကို စီစစ်ခြင်း
မြတ်စွာဘုရားမှစ၍ ဆရာစဉ်ဆက် ကမ္မဋ္ဌာန်းပေးရာတွင် တ၇ားနာပြီးနောက် တော်ရာတွင်မိမိဘာသာ ကျင့်ရပါသည် ။ မြတ်ဗုဒ္ဓ ကိုယ်တိုင်လဲ တရားကူမထိုင်ပေးပါ။ မိမိဘာသာသာ ကျင့်ရပါသည် ။ ကမ္မဋ္ဌာန်းထိုင်ခိုက် နောက်က လိုက်ပြောနေခြင်းသည် Brain wash သာဖြစ်ပါသည် ။

မြတ်စွာဘုရားမှစ၍ သံဃာစဉ်ဆက်သည် ဆေးကုခွင့်မရှိပါ ။ ဆေးသမားဖြစ်ခဲ့သော သံဃာသည်ပင် သံဃာဖြစ်ပြီးနောက် ဆေးကုခွင့် မရှိပါ ။ ဆေးကုလျှင် အာပတ်သို့ သင့်ရောက်ပါသည် ။ ယခု ဤဘုန်းကြီး လူနာအိမ်ဆေးရုံလိုက်ပြီး ရောဂါကုသယောင် ပြုနေခြင်းသည်ကား ဆိုဖွယ်ရာမရှိတော့ပေ ။

ဟောသော စကားတို့ ကိုစီစစ်ခြင်း

သူဟောသောစကားတို့ ကိုစီစစ်လိုက်သောအခါ အားလုံးသော တရားတော်အနှစ်တို့ ကိုပစ်ပယ်၍ ဗုဒ္ဓဘာသာ၏ အခြေခံမျှသာ ဖြစ်သော ကမ္မသမ္မာဒိဋ္ဌိ ၊ ၀ိပဿနာ သမ္မာဒိဋ္ဌိ၊ ဈာနသမာဒိဋ္ဌိ၊ မဂ္ဂသမာဒိဋ္ဌိ၊ ဖလသမာဒိဋ္ဌိ ၊ ပစ္စဝေက္ခဏ သမာဒိဋ္ဌိတို့ ကို ပြက်ရယ်ပြုသကဲ့သို့ ..ဘာမှမဟုတ်၊ ဘာမှမရှိတာ တရားဟု ဟောကြားကာ အတိုချုပ်နေပါသည် ။

ဘာမှမဟုတ် ဘာမမှမရှိဆိုလိုက်ခြင်းသည် စင်စစ် နတ္တိက အယူ ၊ အဟေတုကအယူသာဖြစ်ပါသည် ။ စင်စစ် ပရမတ္ထ သစ္စာ ၄ပါးဖြစ်သော ရုပ် စိတ်စေတသိက်နှင့် နိဗ္ဗာန်တို့ သည် သူ့သဘောသူဆောင်၍ ရှိနေသော အရှိတရားများသာ ဖြစ်ပါသည် ။ သာမန်ပုထုဇဉ်သည် ရုပ်စိတ်စေတသိက်၌်သာ ဥာဏ်ဝင်စားနိုင်ပါသည်။ အရှိတရားဖြစ်သော နိဗ္ဗာန်ကို ပြင်းစွာသော လုံ့ လဖြင့် သီလ၊သမာဓိ၊ပညာဖြင့် ဆောက်တည်အပ်သော မဂ်ဥာဏ်ဖြင့်သာ မျက်မှောက်ပြုနိုင်ပါသည် ။ ၃၁ ဘုံကို ဘာမှမဟုတ် ဘာမှမရှိဟု ငြင်းပယ်လိုက်ခြင်းသည် ပြင်းစွာသော ၀ိဘ၀တဏှာ ကိုသာ ဖြစ်စေ၍ နိဗ္ဗာန်နှင့်မူ အ၀ိစိနှင့် ဘ၀ဂ်မက ကွာလှပေသည် ။

ကြော်ငြာခြင်းကိုစီစစ်ခြင်း

ပထမအချက်မှာ ဆရာတော်များက မကြော်ငြာပါ။ အခမဲ့ တရားထိုင်လို့ ရသည်ဆိုသောအဆိုကိုစီိစစ်သော် ဗမာပြည်တွင်သာမက ကမ္ဘာ ဘယ် ၀ိပသနာ ဋ္ဌာနတွင်မှ အခပေးရရိုးထုံးစံမရှိပါ။ နောက်တဖန်တရားရတယ်၊ ရောဂါတွေ ပျောက်တယ်၊ဆရာတော်ဟာ တပည့်တော်အတွက် ဘုရားပါဘဲ ဆိုသောစာများ တိတ်များကို စီစစ်လိုက်သောအခါ မဂ္ဂဇင်းများတွင် ပါတတ်သော ဆရာ တုတ်ကြီး ဆေးကြောင့် ကျွန်တော့ဖင်က ခွေးဂရင်ဂျီနာ အမြစ်ပြတ်ပါသည် ဆိုသော ကြော်ငြာများနှင့် တူနေပါသည် ။ ထိုကိစ္စမှာ ထိန်းချုပ်မှုမရှိသော လိုင်စင်မဲ့  သူများသာပြုရဲသောကိစ္စဖြစ်ပါသည် ။ သာမန် ဆရာဝန်ပင်လျှင်ထို သို့ တင်လျှင် လိုင်စင်ဖြုတ်နိုင်ပါသည် ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး အတွက်မူ ဆိုဖွယ်ရာမရှိပါ။

အထက်ပါအချက်များကိုထောက်၍ စူနာမီဆရာတော် ဦးဥတ္တမသာရ ခေါ် ဦးအောင်အောင်သည် တကယ်တရားရလိုသော ပရိသတ်အဘို့  အာရတီပါပါ ၀ီရတိပါပါ အထူးသဖြင့် ဝေးစွာ ရှောင်ကြဉ်အပ်ကြောင်းနှင့် တကယ်တရားရလိုပါမူ အစဉ်အဆက် ခိုင်မာပြီးဖြစ်သေ ၀ိပဿနာ တရားစခန်းများသို့  ချဉ်းကပ်သင့်ကြောင်း အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

All Dhamma friends
Please read this letter carefully. I swear solemnly that I have no personal Grudge against this MONK .

Critical analysis of quality of a teacher

Lord Buddha said

(1)a teacher should have learnt all tipitaka and .

(2)also practically learnt from a LIVING teacher .Only that person can be a trainer in Vipassana .(About Lohita , Digha nikaya )

And then , in vinaya ,there is an instruction :

" A monk should not stay away his teacher until 10 years of monkhood."

In Angutthora Pali,it was stated that preaching what I have not taught and Ignoring what I have taught means accusing Me . Therefore , this monk is wanting all prerequisites of a teacher .

Critical analysis of Sila

The prime quality of sangha is not practising against the guidance of Sangha . Even Mogoke sayadaw follow the guidance of sangha .This monk is continuing preaching against guidance of sangha . That means he is lacking the prime quality of sangha.

Critical analysis of practice from the beginning of sasana

Everybody needs to practise on his/her own after being guided by teacher . Nobody could have helped with practice . Only technique that is using "voice over " is Brain wash by communist China .According to vinaya , Sangha is not allowed to practise medicine . Even a monk who was an ex doctor is not allowed to treat patients .

Therefore , it is against vinaya that this monk is flitting in and out of hospitals and patients' houses . Critical analysis of his preachings In analysis of preachings . It can be easily seen that this chap is ignorant of even the basics of Buddhism namely " Knowledge of Kamma , knowledge of vipassana, knowledge of Jana, Knowledge of Magga, knowledge of Phala and knowledge of retrospection ".His preaching is just saying "everything is NOTHING ","All is NOTHIG " If you critically analyse this preaching ,then it is quite clear that it is in the domain of Nattika and Aheitukkha.In reality , the 4 real truths namely physical states , Citta , Cetathica and Nibbanna are really existing laws with their own characteristics .

The unenlightened ones can only see physical body, citta and cetathica.Realization of Nibbana need a lot of practice with Sila ,samadi and panna . No short cut to it. By denying existance of Beings , Actually this chap is developing Lust of nonexistance ( vibavha tanna ) which is opposite of Nibanna.


Critical analysis of his adverts

Very first point is real monks never advertise. Advert of free service is also superfluous as not a single centre in this world charge Yogis. And then that adverts fall in the domain of quacks . Even a doctor do such act , he would be stopped from practising immediately . It is clearly so unethical. According to all these facts , it is clear this chap is far far away from Buddhhism and if you want to practise real Vipassana , please go to real vipassana centres .

July 2008
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@




ဒေါက်တာတင့်ဦး

Reblog this post [with Zemanta]

14 comments:

  1. ဆရာတင့်ရေ

    အောက်ပါလင့်က ပုံတွေကြည့်ပါဦး
    http://venuottamasara.multiply.com/photos/album/188/188

    ဒီဓာတ်ပုံက ပဋ္ဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို ဖင်ခုထိုင်ထားကြတယ်..
    http://images.venuottamasara.multiply.com/image/2/photos/188/600x600/11/100-9792.jpg?et=EbyaTStwuXlEG9T6p2XHIw&nmid=93605687

    လူနတ်ဘာမှ မရှိဘူးလဲ ပြောသေး နတ်ကွန်းကြီးကို လှူတာကို မြတ်သောအလှူရှင်တဲ့.
    http://venuottamasara.multiply.com/photos/album/177/MRTV4_taking_pics._donated_by_ma_ni_ni_thaung#photo=82

    ဆရာတော်ကို ရိုးသားတယ် ဟန်မဆောင်တတ်ဘူး. မရည်ရွယ်ဘဲ သာသနာဖျက်မိသလို ဖြစ်ပါတယ် ထင်ထားတဲ့ စိတ်ကို ပြင်ရမလိုဖြစ်နေပြီ. ပုံတွေ ကြည့်ရတာ ဆရာတုတ်ကြီး ဆေးကြော်ညာတာထက်တောင် များနေပြီ..

    လူတွေ မြှောက်ပင့်တာကိုကျ ဘာမှ မဟုတ်ဘူးလို့ နှလုံးမသွင်းဘဲ ပရိသတ်များပါတယ်ဆိုတဲ့စကားကို ၄ ၅ ခါထက်မနည်း ဆွေးနွေးပွဲမှာ ပြောသွားတယ်. ဆရာတော်ကတော့ သူအဟုတ်ထင်ချင်တာကျတော့ ဘယ်သူတားတား ထင်နေတယ်.ထင်ရမယ့်ဟာတွေကိုတော့ အကုန်ပယ်တယ်.

    ReplyDelete
  2. ဒီပို့စ်ကို ဖတ်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ဒေါက်တာတင့်ဆိုတာ ကျွန်မသိတဲ့ Public Health in Myanmar မှာ စာရေးတဲ့ ဒေါက်တာ Tint ပဲ ဖြစ်မယ်ထင်တယ်။ ဗုဒ္ဓဘာသာကို အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင်၊ အယူမှားအောင် သွတ်သွင်းနေတဲ့ အယူအဆ ရန်က ကာကွယ်နိုင်ဖို့အတွက် ဆရာတို့လို ပညာရှင်တွေ ၀ိုင်းဝန်း ပါဝင်ဖို့ အများကြီး လိုအပ်လို့ ဆရာ့စာကို ဖတ်ရတာ တကယ်ပဲ ၀မ်းသာပါတယ် ဆရာ။ သာသာနာအကျိုးအတွက် ဆက်လက် ဖေါ်ထုတ်ရေးသားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

    ReplyDelete
  3. pls listen to this link to understand the truth;
    www.mediafire.com/?mkem2mmzdgn

    ReplyDelete
  4. what was wrong with Ashin ဦးဥတ္တမသာရ????
    He is teaching what he has learn from his work.
    Are you pursuing Dahmma like him and practicing?
    ????
    what a people!

    ReplyDelete
  5. NW မျက်လုံးကိုဖွင့် နားကိုစွင့်
    မျက်လုံးကြီးကြီး နားကြီးကြီး
    အသိဥာဏ်နဲ့ စဉ်းစားပြီးရင်း စဉ်းစား
    သိလာပါလိမ့်မယ်.။

    ReplyDelete
  6. @Htet Su Hnin Si
    yes, I realized buddhist are the only people who has such a brain and interlectual. :)
    sorry for my comment. I just simply saying "he is teaching what he has learn from his work"
    so what you have learn from your own work?

    ReplyDelete
  7. @nw >>u know what the essence of Buddha, Dhamma and Sangha ? u said that" he is teaching what he has learned from his work "... so let me ask u one thing that what should u do if one of the venerable preach against the Triple canons which is consisting of Buddha's discourses ? would u like to listen what the venerable Uoattamasarya talked about the dhamma on 22 nd Feb @ online discussion ? Although we were willing to know what was the right way or wrong way , he never answered whatever questions within the Triple canons , he said only ပညတ် and ပရမတ် as u knew , this was not the answers what we wanted to know. Those who wish to learn how to meditate are strongly advised to study under an authorised and qualified teacher. with metta ...... KyawKyaw

    ReplyDelete
  8. လာရောက်ကြကုန်သော ဆရာတော်အရှင်သူမြတ်များဘုရား(သို့) ဓမ္မမိတ်ဆွေများခင်ဗျား...

    ဆူနာမီဆရာတော်ရှင်းပြချက် တရား ၉ ပုဒ်ပါဘုရား။
    အောက်ပါလင့်လေးမှာပါဘုရား။

    http://www.mediafire.com/?sharekey=19aabee74b2877695a3d773badf21430859762455ffca24384bbec0582a7e90e

    သေသေချာချာနားဆင်ပေးစေလိုပါတယ်ဘုရား..
    ဆူနာမီဆရာတော်ဟာ ပညတ်များကို ပယ်ခိုင်းနေတာလား။ ဒါမှမဟုတ် ပညတ်များအပေါ် ငြိတွယ်နေသည့် သမုဒယသစ္စာ ဥပါဒါန်အစွဲများကို မှန်မှန်ကန်ကန် စွန့်လွှတ်နိုင်စေရန် (သို့) ၀ိပဿနာဥာဏ်များဖြစ်ပေါ်စေရန် guided နည်းလမ်းပေးနေတာလားဆိုတာ ကွဲကွဲပြားပြား သိရှိနိုင်ရန်အတွက် သေသေချာချာ နားဆင်ပေးစေလိုပါတယ်ဘုရား။
    ဝေဖန်သူများသည် Guided meditation သဘောဆိုတာကိုလည်း သေသေချာချာ သဘောပေါက်ဖို့လိုပါတယ်ဘုရား။ ၀ိပဿနာ တရားအားထုတ်မှုကို သေသေချာချာ လေ့လာထားသူများသာ guided meditation သဘောကို သိနားလည်နိုင်ပါသည်ဘုရား-ဥပမာ
    မိုးကုတ်ဆရာတော်ကြီး၏ “နားကတရားနာစေစဉ် ခန္ဓာဥာဏ်လှည့်”
    သဲအင်းဂူဆရာတော်ကြီး၏ “ရှုကွက်တရားများ”
    ဆရာတော်ဦးဇောတိက မဟာမြိုင်တောရ၏ “ငြိမ်းချမ်းခြင်းတရာ;” guided meditation နှင့်
    အနောက်နိုင်ငံမှ Jack Konfield ၏ guided meditation များ သည် မိမိကိုယ်တိုင် တစ်ဦးတည်း တရားအားထုတ်ရန် အချိန် -နေရာ-အခက်အခဲရှိနေသူများ(သို့)ရိပ်သာသွားရန် အချိန်မပေးနိုင်သူများ(သို့)လူမမာများအတွက် တရားခွေကိုဖွင့်လျှက် တရားနှလုံးသွင်းရသော တရားအားထုတ်နည်း(သို့)တရားအားထုတ်ရာတွင် နှလုံးသွင်းမှန်ကန်စေရန် အလွန်မှန်ကန်ထိရောက်သော အကူအညီပေးမှုဖြစ်ပါသည်။ တစ်ခုခုကို စူးစိုက်ကာ တရားမှတ်နေသည်ဟုဆိုသော်လည်း တွေးချင်ရာတွေးနေကာ စိတ်ပျံ့လွင့်သူများအတွက် အလွန်ထိရောက်ကောင်းမွန်သော အကူအညီဖြစ်ပါသည်။ လက်တွေ့လုပ်ကြည့်သူများသာ အလွန်ကျေးဇူးများကြောင်းသိကြပါသည်။ သမထ တရားနည်း တစ်ခုခုကို သာ နားလည်ပြီး တရားနည်းတစ်ခုကို ဆုပ်ကိုင်လျှက် ထိုနည်းနှင့် မတူညီသော မိမိဥာဏ်မမီသော ၀ိပဿနာတရားနည်းများအတွက် ဝေဖန်နေမှုမှာ အပြုသဘောထက် ဓမ္မန္တရာယ်ကြီးသို့ ဦးတည်နေကြောင်း လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

    ထို့ပြင် ပညတ် နှင့် ပရမတ် အခြင်းအရာများနှင့်ပတ်သက်၍လည်း ထဲထဲဝင်ဝင်လေ့လာဖို့ လိုအပ်ပါသဖြင့် မျှဝေအပ်အပ်ပါသည်။
    ပညတ် နှင့် ပရမတ် အခြင်းအရာများနှင့်ပတ်သက်၍ သီဟိုဠ်မှ မေးခွန်းများအား လယ်တီဆရာတော်ကြီး၏ ရှင်းလင်းချက်ကို အောက်ပါ လင့်လေးတွင်ဖတ်ရှုနိုင်ပါသည်ဘုရား။

    http://realenlightenment.multiply.com/journal/item/9/9


    ရှိခိုးဦးခိုက်လျှက်
    သစ္စာ

    ReplyDelete
  9. ရောက်လာကြကုန်သော ဓမ္မမိတ်ဆွေများအပေါင်းတို့

    အမှန်တရားနှင့် ပတ်သက်၍ သိရှိလိုပါက အောက်ပါလင့်လေးမှ တရားကိုနားထောင်ကြည့်စေလိုပါသည်

    http://www.mediafire.com/?nmhogyjjkmk

    ReplyDelete
  10. ဒီတရားတော်ကဆရာတော်ကိုကိုရင်တို့ စူနာမီဆရာတော်က နာဘူးတယ်တဲ့ လား ။သူပြောတာတော့အရင်ဆရာတော်တွေအကုန်မှားတယ် ။သူပြောတာမှအမှန်ဆိုလားလို ကဲပါလေဒေါနတွေလျှော့ စပါယ်လေးနဲနဲထည့် ဟုတ်ပလား ။ကိုရင်လိုစည်းမဲ့ ကမ်းမဲ့တွေကို သာသနာမှာဘာလို့ ဆုံးမနေရလဲဆိုတော့ ဒီမြတ်ဘုရားရဲ့ နောက်ဆုံးမှာစကားလေးကိုနားမှအမြဲကြားနေလို့  ။
    http://paramis.org/b/B3/B3ZA.pdf
    http://paramis.org/b/B3/B3ZT.pdf
    ကိုရင်လိုလူ့ ပေါက်ပန်းနဲ့ မြတ်ဘုရားစကားဘယ်ဟာအရေးထားမယ်ဆိုတာ ကိုတို့ ရင်ထဲ ရှင်းနေပြီးသား ။ဒီတော့ပြန်ပေတော့မစဉ်းစားနဲ့  ပြန်ပေတော့ ။ ရှင်းရှင်းမင်းကိုပြောမယ်သွားတော့ :P

    ReplyDelete
  11. ဓမ္မမိတ်ဆွေများနားဆင်ရန်: http://www.mediafire.com/?yimwvjtwuom

    မမထက်စု နားဆင်ရန်: http://www.mediafire.com/?vtm5gqmjkzh
    20 Mar 10, 05:35 AM
    ဦးတင့် နှင့် ကိုအလှတရား: နားဆင်ရန် http://www.mediafire.com/?mtnijzdyyhm

    ဆရာတော်ဦးကောဝိဒ(မြိတ်)နားဆင်ရန်: http://www.mediafire.com/?ez1tonj0yn5

    ဆရာတော်ဦးဝရသာမိ နားဆင်ရန်: http://www.mediafire.com/?nmhogyjjkmk

    ReplyDelete
  12. ဆရာတုတ်ကြီး ဆေးကြော်ညာတာလား ။ မဂ္ဂင်ဆေးပေးနိုင်တာလား။

    http://trueanswer.multiply.com/photos/album/5

    တရားကူထိုင်ပေးတာလား ။ သစ္စာတရားကို တိုက်၇ိုက် နှလုံးသွင်းတတ်အောင် ကူညီတာလား။

    ReplyDelete
  13. ဆရာတော်ဘုရားများဘုရား..နားမလည်တဲ့သူတွေအယူမမှားရအောင် face book မှာလည်း ဝင်ရောက်ညွှန်ပြသင့်ပါတယ်ဘုရား..အဲဒီမှာက blog တွေထက် ပိုမိုထိရောက်ပါတယ်ဘုရား

    ReplyDelete
  14. ဆရာတော်ဘုရားများဘုရား....လေလှိုင်း-အွန်လိုင်းထဲမှာပဲ မျောမနေပဲ အမှန်တရားအတွက် ကိုယ်တိုင် သေချာလေ့လာသင့်ပါတယ်ဘုရား။

    ၁) http://www.mediafire.com/?c8id49t48yywkcp
    ၂) http://www.mediafire.com/?y1kdp2nxfedxvdi
    ၃) http://realenlightenment.multiply.com/journal/item/40

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories