July 9, 2011

ဓမ္မအဓမ္မ

tint | 4:02 PM |
၁) မဟာယာနပေါ် သဘောထား
၂) ထေရ၀ါဒမှာ ဘုရားဟောမဟုတ်တဲ့  ကျမ်းစာပါလား
၃) ဗုဒ္ဓဟောမြွက်တော်မူသော သုတ်၊၀ိနည်း အဘိဓမ္မာထဲမှာ ခေတ်နဲ့  မညီလို့ ဆိုပြီး ပြောင်းစရာပါလား
အဲလို ၃ချက်ထွက်ပါတယ်
အဲကနေ တဆက်ထဲ နွယ်လာတာက ဗုဒ္ဓဘာသာဟာ အလွန်လွတ်လပ်ပါတယ် ။ ဒါပေမဲ့ စည်းကမ်းမမဲ့ ဘူးဆိုတဲ့  စကားလေးကို သဘောပေါက်နိုင်ဘို့ လိုပါတယ် ။
ကိုချမ်းငြိမ်းအမေးကိုလိုက်လို့  အစဉ်လိုက်စဉ်လိုက်ပေမဲ့  အဖြေကျတော့ နောက်ပြန်ပြန်ဖြေရပါ့မယ် ။
ပထမဆုံးအချက်ကတော့ ဗုဒ္ဓဘာသာဟာ လွတ်လပ်ပါတယ် ။ဘယ်လိုလွတ်လပ်လဲဆိုတော့ ဘယ်သူမှ လာပြီး ဗုဒ္ဓဘာသာကို ယုံကြည်ရမယ် မယုံ ငရဲချမယ်လို့ မကန့် သတ်ပါ ။ ထို့ အတူ ဗုဒ္ဓဘာသာ ၀င်ဖြစ်လို့  ဘာတွေလုပ်ရမယ်လို့ လဲ အတင်းအကြပ်မသတ်မှတ်ပါ ။
ဒါပေမဲ့ စည်းကမ်းမမဲ့ ဘူုးဆိုတာမှာ ပုဂ္ဂိုလ်တဥိး၊ အသင်းအဖွဲ့  တခုက လုပ်တဲ့  စည်းကမ်းမဟုတ်ဘဲ သဘာဝ စည်းကမ်းသာရှိပါတယ် ။ အဲစည်းကမ်းတွေတော့ ဖေါက်မရပါ ။
ဗုဒ္ဓဘာသာဝင်တယောက်ဟာ ဘုရားဖြစ်ချင်လား ။ ရပါတယ် ။ ဘုရားဆုကို ပန် ၊ ပါရမီ ၁၀ပါးကိုဖြည့် နိယတဗျာဒိတ်ခံ ၊ သတ်မှတ်တဲ့  ကာလ ပါရမီ ၁၀ပါး အပြား ၃၀ဖြည့် ဘုရားဖြစ် ။
အဂ္ဂသာဝက မဟာသာဝကဖြစ်ချင်လား ။ သာဝကဆုကိုပန် ၊ ပါရမီ ၁၀ပါးကိုဖြည့် နိယတဗျာဒိတ်ခံ ၊ သတ်မှတ်တဲ့  ကာလ ပါရမီ ၁၀ပါး အပြား ၃၀ဖြည့် ။ သာဝကဖြစ် ။
ဟာ ရှုပ်ပါတယ် ။ ခုဘ၀ဘဲ မဂ်ဖိုလ်ယူမယ်ကွာ ။ ရပါတယ် ။ လာခဲ့  ။ လူဆို သီလ၊ ရဟန်းဆို ၀ိနည်းလုံ ၊ ဒိဋ္ဌိကင်းစင်အောင် တရားနာ ၊ ကမ္မဋ္ဌာန်းယူ ၊ ၀ိပဿနာ အားထုတ် ၊ မဂ္ဂဋ္ဌာန် ဖလဋ္ဌာန်ဖြစ်
ကဲပါလေ ။ ခုဘ၀တော့ ပျော်သလိုလေးနေမယ် ။ နောက်ဘ၀မှ ကြည့်ရှင်းတာပေါ့ ဆိုသူများရပါသေးတယ် ။ လူဆို သီလလေးလုံ ၊ ရဟန်းဆို ၀ိနည်းလေးစား ။ (လေးစားဆိုတာ ကိုသေချာနားလည်စေချင်တယ်နော် ၂၂၇သွယ်သောသိက္ခါပုဒ်ကို တစက္ကန့် မှ မကျိုးရလို့  ဆိုတာ မဟုတ်ပါ ။ မတော်တဆကျိုးပေါက်ပါက ကုစားနည်းတွေရှိပါတယ် ။ မတော်တဆကျိုးပေါက်တာကို အပြစ်မဆိုပါ။ တမင်ချိုးဖေါက်တာနဲ့  ပစ်ပါယ်တာကျ မဖြစ်သင့်လို့ သာ ဆိုပါတယ် ။ ) ဒါဘဲ ။
ဒီအစဉ်လေးနဲ့  သွားတဲ့ သဘာဝစည်းကမ်းလေးကို ဘယ်သူမှ ဖေါက်မရပါ။ ဒီအစဉ်လေးအတိုင်းဘဲ သွားနေရပါတယ်
ရဟန်းဖြစ်လို့  ၀ိနည်းလုံရမယ်မဆို ၊ ဒါပေမဲ့  အရိယာဖြစ်လာရင်တော့ ၀ိနည်းကို အလွန်လေးစားပြီးလို့ နားလည်ရပါတယ် ။
( ပထမအချက်ပြီး၏)
ဗုဒ္ဓ၀ါစန မြတ်ဘုရားဟောကြားတော်မူသော ဓမ္မတို့ ကို သာမန်ခွဲရင် သုတ္တန် ၊ ၀ိနည်း ၊ အဘိဓမ္မာဆိုပြီး ၃ပိုင်းပိုင်းရပါတယ် ။
သို့ သော် ဒီ ၃ပိုင်းဟာ တခြားစီ သတ်သတ်စီမဟုတ်ပါ ။ သုတ္တန် နဲ့  ၀ိနည်းဟာ အဘိဓမ္မာရဲ့  principles တွေကို လက်တွေ့ အသုံးချတာဖြစ်လို့  အားလုံးဟာ အဘိဓမ္မာနဲ့  မလွတ်ပါ။
ထို့ အတူ သုတ္တန်တွေ ဟာ မြတ်ဘုရားက လက်ရှိတရားရထိုက်သော ဝေနေယျတို့ ကို လက်တွေ့ လိုက်နာနိုင်အောင်သင်ပြပေးတာမို့  လက်တွေ့ ကျင့်စဉ်တွေချည်းသာဖြစ်ပါတယ် ။ သို့ သော် ဒီနေရာမှာ တခုသတိထားရတာက တရားနာသူ ရဲ့  ပုဂ္ဂလစရိုက်ဖြစ်ပါတယ် ။ အရှင်စူဠပန် အရှင်ဗာရုလတို့ လို exceptional တွေလုပ်သလိုလိုက်လုပ်လို့ တော့မဖြစ်သေးပါ။ ဒီတော့ သုတ္တန်မှာ မိမိ နဲ့ နီးစပ်ရာကို ယူရပါတယ် ။ ဆဆက္ကသုတ္တန် ၊ ဓမ္မစကြာ၊ မဟာသတိပဋ္ဌာနသုတ္တန် စသော ဓမ္မဒိဋ္ဌာန်သုတ္တန်တွေဟာ လူများစုနဲ့  သင့်တော်တတ်ပါတယ် ။
ဝိနည်းကတော့ သံဃာ့အသက်မို့  ၀ိနည်းမလုံသေးဘဲ မဂ်ဖိုလ်ရဘို့ ဆိုတာ ( အထူးသဖြင့် သာသနာနှောင်းကာလ) မှာ အလွန်ခက်ပါတယ် ။
ဘုရားရှင်ဟာ ၀ိနည်းသိက္ခာပုဒ်များကို ထုတ်ရာမှာ အလွန့် ကို မျှတပါတယ် ။ မိမိတပည့်သားများ တရားရနိုင်အောင် သပ္ပါယမျှစေဘို့ သာ အဓိက ဦးတည်ပြီး ၂၂၇သွယ်သောစည်းကမ်းများကို ထုတ်တော်မူပါတယ် ။ မယုံကြည်သူများအနေနဲ့  ပါရာဇိက လေးတန်ကစလို့  ၂၂၇သွယ်သော သိက္ခါပုဒ်များကို တခုချင်း လေ့လာပြီး မတရားတာ တခုပါတယ်လို့ ထင်က ဆွဲပြနိုင်ပါတယ် ။
ဒီတော့ချုပ်ရင် သာသနာတော်မှာ မဂ်ဖိုလ်ရဘို့ ဥိးတည်သော ဗုဒ္ဓဘာသာဝင်တယောက်အဘို့  ဗုဒ္ဓ၀ါစနသည် ဘယ်ခေတ်မဆို ပြောင်းစရာပြင်စရာမရှိ ပြည့်စုံပြီးပါ ( ဒုတိယ လျှာရှည်ခြင်း နိဋ္ဌိတံ )
စောဒကတက်နေကျပြဿနာက မင်းတို့  ထေရ၀ါဒကလဲ ဘုရားဟော ၊ မဟာယာနကလဲ ဘုရားဟော ပြောနေပါလား ဆိုတဲ့ ငြင်းနေကျစကားပါ ။
ဒီပြဿနာကတော့ သာသနာဝင် သံဃာဂုဏ်ရည်ကို မလေးမြတ်သော သူများအတွက်ဖြေစရာမရှိပါ ။
လေးမြတ်သောသူများအတွက်ကတော့ စထဲက ဒီအမေးမပေါ်ပါ ။
သာသနာတော်မှာ ဆရာစဉ်ဆက်ဆိုတာ ရှိပါတယ် ။
ဘုရားရှင် လက်ထက်တော်ထဲက မဟာသာဝကကြီးတွေဟာ ဘုရားရှင် နှုတ်ခပါတ်တော်ကို နှုတ်တက်ရွရွ ရွတ်ဆို ထိန်းသိမ်းကြသလို ဘုရားရှင်ရဲ့  မူရင်း ၀စနနဲ့  သာဝကကြီးများရဲ့  ထပ်ဆင့် အကျယ်ဖွင့်ဟောတော်မူချက်တွေကို သီးခြား မရောရှက်စေဘဲဆောင်ခဲ့ ပါတယ် ။
ဒီလိုဆောင်ထားသော တရားတော်တို့ ကို တတိယသာဝကဖြစ်တော်မူသော မဟာကဿပကိုယ်တော်တိုင်ဦးဆောင်လို့  ဧတဒဂ်၅တန်ခံ ဘုရားရှင်ရဲ့  ညီတော် အလုပ်အကျွေးဖြစ်တော်မူသော အရှင် အာနန္ဒာ ၊ ၀ိနည်းဓိုရ် အရှင်ဥပါလိတို့ ပါဝင်တဲ့  ၅၀၀သော ရဟန္တာတို့ က သန့် စင် ထိန်းသိမ်းတော်မူခဲ့တာကို ပထမ သင်္ဂါယနာ ခေါ်ပါတယ် ။ ဒီအစဉ်အတိုင်းထေရ၀ါဒ စဉ်ဆက် ထိန်းသိမ်းလာလို့  ဆဋ္ဌ သင်္ဂါ ယနာတိုင်ခဲ့ ပါပြီ။ အလွဲအမှားကင်းစင်တယ်ဆိုတာကို အရင်တခါတင်ပြဘူးသလိုဘဲ ဆဋ္ဌမူ မြန်မာပြန်နဲ့  စတုတ္ထမူ အင်္ဂလိပ်ပြန်များ မကွဲလွဲတာက သက်သေပြနေပါတယ် ။ ဦးဥက္ကဋ္ဌတို့ ကစခဲ့သော အဋ္ဌကထာဆရာများကိ စွတ်စွဲချက်ကတော့ မကြာခဏပေါ်နေကျဖြစ်ပါတယ် ။ ဒါမှန်နိုင်သလားဆိုတာကို လေ့လာတော့ နမူနာ ပြစရာပုဂ္ဂိုလ်ကျော်တပါး ထွန်းတောက်ခဲ့တာ မမေ့စေချင်ပါ ။
ဓါးမကူးဆရာတော်လို့ တွင်ခဲ့သော တောင်ဖီလာဆရာတော် ဟာ အနောက်ဘက်လွန်မင်းက ပြည်မြို့ ကို ငါတိုက်တာမှာ ရှင်တဆူ လူတယောက်သာ ရ၏လို့  မိန့် ခဲ့ရတဲ့  ဆရာတော်ပါ ။ ဒီဆရာတော်ဘုရားဟာ မိမိပြုအပ်သော နိဿယထက်တိုကျဉ်းပြည့်စုံတဲ့  ရွှေဥမင်ဆရာတော်ရဲ့  နိဿယကို ကြည့်ပြီးနောက် နောက်လူတွေ နှလုံးမကွဲပြားရအောင် မိမိနိဿယကို မီးတင်ခဲ့ ပါတယ် ။
ဒါလေးဟာ ကျမ်းပြုဆရာတော်တွေရဲ့  မြတ်သော နှလုံးကို သက်သေပြုချက်လေးပါ ။ ( တတိယအချက်ပြီး)
ဒီတော့ ၀ိနည်းသိက္ခါပုဒ် ၂၂၇သွယ်ထင်ရှားရှိပါတယ် ။
ဘယ်ဟာ အကုသိုလ် ၊ ဘယ်ဟာ ကာမာဝစရကုသိုလ် ၊ဘယ်ဟာ သမထ ၊ ဘယ်ဟာ ၀ိပဿနာလို့  ထင်ရှားရှိပါတယ် ။ ဒီလို ထင်ရှားရှိပြီးအချက်တွေဟာ ဓမ္မဖြစ်ပါတယ် ။ ဓမ္မလမ်းကြောင်းက သွေဖီတဲ့  အယူ ဟောပြောချက်တွေ မှန်ရင် အဓမ္မ ( တရားမဟုတ် ) ဖြစ်ပါတယ်။
ဒီလိုအချက်တွေ ပေါ်လာရင် ဓမ္မ၀ါဒီတွေ အနေနဲ့  စိစစ်တင်ပြရပါတယ် ။ ဒီလိုတင်ပြတာဟာ လူကိုမုန်းလို့  နာမည်ကြီးချင်လို့ မဟုတ်ရပါ။ ဓမ္မလမ်းကြောင်းမသွေရအောင်ထောက်ရပြင်ရတာသာဖြစ်ပါတယ် ။
ဝိနိစ္ဆယဆိုတာ ဘုရားရှင်လက်ထက်ထဲက ရှိပါတယ်
အရှင်ယမက အယူလွဲတာကို အရှင်သာရိပုတြာက ၀ိနိစ္ဆယပြုပြီးလမ်းတည့်စေခဲ့ပါတယ် ။
အရှင်ဥပသေန စေတနာနဲ့ မှားသော အမှားကို မြတ်ဘုရားကိုယ်တိုင် ၀ိနိစ္ဆယပြု ၀ိနည်းတော်သတ်မှတ် လမ်းတည့်စေခဲ့ပါတယ် ။
နောင်ခေတ်မှာ သင်္ဂါယနာတင်သံဃာတော်ကြီးများရဲ့ ဂုဏ်ကိုတော့ ထပ်အမွှန်းတင်စရာမလိုတော့ထင်ပါတယ် ။
လယ်တီဆရာတော်ဘုရားဟာ ဆရာအစဉ်အဆက် လေးစားရသော သီဟိုဖြစ် ဋီကာကျော်မှ ဗုဒ္ဓ၀ါစနနဲ့  ကွဲလွဲချက်များကို ဋီကာမော်နဲ့ တည့်ခဲ့ ရသလို မဟာစည်ဆရာတော်ဟာလဲ ၀ိသုဒ္ဓိမဂ်ထဲက လွဲချော်ချက်များကို သူ့ ရဲ့ ဝိသုဒ္ဓိမဂ်မြန်မာပြန်မှာတည့်ခဲ့ရပါတယ်။
ခုနောက်ဆုံးလဲ ရဟန္တာလို့ ထင်ရှားသော မိုးကုတ်ဆရာတော်ကြီးရဲ့  ဟောပြောချက်များထဲက ပါဠိတော်နဲ့  ကွဲလွဲသော အချက်များနဲ့  လူများအကောက်အယူလွဲစေနိုင်သော အချက်များကို မိုးကုတ်ဝိနိစ္ဆယနဲ့  တည့်မတ်ပေးခဲ့ရတာ အများအသိပါ ။
(မဟာယာနပေါ်သဘောထားပေါ်လောက်ပြီထင်၏ )

12 comments:

  1. ဦးတင့် ကျုပ်ကလည်း ထေရ၀ါဒဗုဒ္ဓဘာသာပါ။ ဒါပေမယ့် ခင်ဗျားတို့ဟာ ထေရ၀ါဒအမည်ခံပြီးထေရ၀ါဒကို သေးသိမ်တဲ့သူတွေအဖြစ် ထင်မြင်အောင်လုပ်နေတယ်။ သီတဂူဆရာတော်ကြီးကိုယ်တိုင် မြန်မာပြည် world buddhist council မှာ မဟာယနမှာ အဓိက ဘုရားဟောတရားတွေ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး၊ ပဋိစ္စသမုပါဒ်တရားတွေမှာ အတူတူပဲ။ လို့ ဆိုခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ဆက်ပြီးရှင်းလင်းပြဖို့လိုတာကတော့...
    .. အိန္ဒိယကနေ.. အဘိဓမ္မာအထူးပြုနဲ့.. ဒေါက်တာဘွဲ့ ယူထားသူရှိတယ်.။ ဘာသာရေး၊ ဖီလိုဆိုဖီနဲ့..ဒေါက်တာဘွဲ့ရထားသူတွေရှိတယ်..။ အချက်အလက်တွေပဲလိုက်တဲ့.. သမိုင်းပညာရှင်တွေရှိတယ်..။
    သူတို့ တညီတညွှတ်တည်းဆိုတာက ထေရ၀ါဒက… သံဃာယနာတင်ထားတဲ့.. ပိဋိကတ် သုံးပုံဆိုတာက .. ထေရ၀ါဒဗုဒ္ဓဘာသာကပဲလက်ခံတာ…။
    (1) အဘိဓမ္မာ ပိဋိကတ် က.. ဘုရားကိုယ်တိုင်ဟောမဟုတ်ပါဘူး..။
    (2) ရှင်သာရိပုတ္တရာဟောလည်း … မဟုတ်ပါဘူး..။
    (3) ပဌမသံဂါယနာ၊ ဒုတိယသံဂါယနာတွင် မပါဝင်ပါ..။
    (4) တတိယသံဂါယနာတွင်မှ ရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် ဦးဆောင်၍ ပကရဏခုနစ်ကျမ်းအဖြစ် ပါဝင်ပါသည်..။ တဲ့

    ReplyDelete
  2. ဦးတင့် တဆက်တည်းသိစေဖို့ ။
    ၁၉၆၉ ခုနှစ် မြန်မာနိုင်ငံသုတေသန ဆွေးနွေးပွဲတွင်ဖတ်ကြားခဲ့သော စာတမ်း အခန်း(၁)နိဒါန်း ကို ကူးယူပြပါ၏။
    ကမ္ဘာ့ကိုးကွယ်မှုသမိုင်းတွင် မှတ်တမ်းတင်ကျန်ရစ်သော ဗုဒ္ဓဘာသာကို ရှေးဦးစွာ စတင်ဟောကြားခဲ့သော ဗုဒ္ဓမြတ်စွာသည် ခရစ်ကြိုနှစ်(၅၆၃)ခုနှစ်တွင် အိန္ဒိယပြည်၊ နီပေါနယ်စပ်အနီးရှိ လုမ္ဗိနီမည်သောအရပ်၌ မွေးဖွားတော်မူခဲ့သည်။ သက်တော်(၃၅)နှစ်အရွယ်တွင်သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ၍ အိန္ဒိယပြည်အရှေ့အလယ်ပိုင်းရှိမဇ္ဇျိမဒေသခေါ်သော ကောသလနှင့် မဂဓတိုင်းတို့၌ကိုယ်တော်တိုင်ထိုးထွင်းသိရှိတော်မူခဲ့သော ဓမ္မအစုတို့ကို ဟောကြား ဖြန့်ချိတော်မူခဲ့သည်။
    လေးဆယ့်ငါးနှစ်မျှ သတ္တ၀ါအပေါင်းတို့၏ လောကုတ္တရာအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူပြီးနောက် သက်တော်ရှစ်ဆယ်အရွယ်တွင်ခရစ်ကြိုနှစ်(၄၈၀)ခုနှစ်ခန့်တွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဥတ္တရပရဒေ့ရှ်ဒေသနယ်အတွင်းရှိ ကုသိနာရုံမည်သောအရပ်တွင် ပရိနိဗ္ဗာန်စံတော်မူသည်။
    ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူသည်မှစ၍ ဗုဒ္ဓကိုယ်တော်တိုင် လေးဆယ့်ငါးနှစ်မျှ ညွှန်ကြားဆုံးမတော်မူခဲ့သော ဓမ္မနှင့် ၀ိနယတို့ကို တပည့်သာဝကကြီးတို့သည် ခရစ်ကြို ရာစုနှစ်များအတွင်း သုံးကြိမ်မျှ သုတ်သင်တည်းဖြတ်ကြလျှက် နှုတ်ဖြင့်သာ သိမ်းဆည်းခဲ့ကြသည်။ နှောင်းခေတ်၌ သန့်ရှင်းစင်ကြယ်စေခြင်းငှာလည်း ပိဋက(ခြင်းတောင်း)ဟုအမည်တပ်၍ သုတ္တ၊၀ိနယ၊အဘိဓမ္မဟု သုံးပုံသုံးစု ခွဲခြားထားခဲ့ကြသည်။ နောင်အခါ စာပေအရေးအသား တွင်ကျယ်ထွန်းကားလာသော အက္ခရာခေတ်တွင် ယင်းပိဋကတ်တော်ကို နှုတ်တိုက်စာပေအဖြစ်မှ်စာပေအဖြစ်သို့ ပြောင်းလဲ မှတ်တမ်းတင်ခဲ့ကြသည်။
    ထိုသို့ အက္ခရာအဖြစ် ကူပြောင်းမှတ်သားကြရာ၌ သုံးစွဲသောဘာသာစကားကို မူ အားဖြင့် နှစ်မျိုးမျှ တွေ့ရသည်။ အိန္ဒိယနိုင်ငံတော်မြောက်ဘက်ဒေသများသို့ ထွန်းကားပြန့်နှံ့ခဲ့သော ဗုဒ္ဓ၀ါဒီတို့သည် မိမိတို့၏ ပိဋကတ်တော်ကို သက္ကတစစ်ဘာသာ၊ သက္ကတအရောဘာသာတို့ဖြင့် ရေးမှတ်ထားကြသည်။ ထို့ကြောင် ၄င်းတို့၏အဆိုအမိန့်များကို သက္ကတဗုဒ္ဓဘာသာစာပေဟု ထင်ရှားသည်။
    ထို့အတူ အိန္ဒိယပြည် တောင်ပိုင်းဒေသများသို့ ရွေ့ဆင်းလာ၍သီဟိုဠ်ကျွန်း၊ မြန်မာပြည်စသည့် နိုင်ငံများသို့ ရောက်ရှိပြန့်နှံ့သွားသောဂိုဏ်းကမူ မိမိတို့၏ ပိဋကတ်စာပေစုကိုါဠိဟုခေါ်သော ပြာကတဘာသာတမျိုးဖြင့် ရေးသားမှတ် တမ်းတင်ကြသည်။ ဤစာပေစုသည်ပါဠိဗုဒ္ဓဘာသာစာပေဟု ထင်ရှားသည်။ သို့ဖြစ်၍ဗုဒ္ဓဘာသာဝင်တို့၏ပိဋကတ်တော်များသည် မူအားဖြင့် သက္ကတမူအနေဖြင့်၎င်း၊ ပါဠိမူအနေဖြင့်၎င်း နှစ်မျိုး တွေ့ရှိရလေသည်။
    ဤသို့ ဘာသာစကားအရ ခြားနားနေကြသော ပိဋကတ်စာပေနှစ်ရပ်တို့ကို နှိုင်းယှဉ်ကြည့်ရာ ရင်းနှီးစွာ တူညီနေကြသော အကြောင်းအရာများကို တွေ့ရှိရလေသည်။
    အထူးအားဖြင့် ပဌမနှစ်ဆူဖြစ်သော သုတ္တပိဋကနှင့်ဝိနယပိဋကတို့သည် မူနှစ်စောင်စလုံး၊ များစွာကိုက်ညီနေကြသည်။
    သို့သော် နောက်ဆုံးအဘိဓမ္မာပိဋကနှစ်ရပ်တို့၌ကား သိသာထင်ရှားသော ခြားနားချက်အများ ရှိနေကြသည်။
    ဤပိဋကနှစ်မူရှိ ကျမ်းဂန်အရ လွန်စွာခြားနားနေကြသည်။

    ReplyDelete
  3. ((၁၉၆၉ ခုနှစ် မြန်မာနိုင်ငံသုတေသန ဆွေးနွေးပွဲတွင်ဖတ်ကြားခဲ့သော စာတမ်း ၊ အခန်း(၁၀)နိဂုံး ကို ဆက်လက်ရှုစားပါ။ ))
    အထက်တွင်ဖော်ပြခဲ့သော အကြောင်းအရာအသီးသီးတို့သည် သက္ကတအဘိဓမ္မနှင့် ပါဠိအဘိဓမ္မ(အဘိဓမ္မပိဋက) နှစ်ဆူတို့၏အနှစ်သာရနှင့် ပတ်သက်၍၄င်း၊ နိဒါန်းနှင့်ပတ်သက်၍၄င်း၊ သမိုင်းကြောင်းနှင့် ပတ်သက်၍၄င်း တွေ့ရှိမှတ်သားရသမျှသော စာပေ အထောက်အထားတို့ကို ဗဟုသုတလို့ငှာ တင်ပြခြင်းဖြစ်ပါသည်။

    ”အဘိဓမ္မပိဋကသည် ဗုဒ္ဓ၀စနများ ဖြစ်ကြပါ၏လော”

    ”အဘိဓမ္မပိဋကသည် သံဂါယနာသုံးတန် တင်ခဲ့ရာ၌ ပါဝင်ကြပါ၏လော ”

    ဟူသည့်မေးခွန်းများနှင့်ပတ်သက်၌လည်း သက်ဆိုင်ရာ စာပေအမှတ်အသားတို့ကို တင်ပြခဲ့ပြီး ဖြစ်ပါသည်။

    စင်စစ်အားဖြင့် ပါဠိအဘိဓမ္မပိဋကနှင့် ပတ်သက်၍၊ထေရ၀ါဒဂိုဏ်းအတွင်း၌ပင် သံသယမှုများ အတန်စောသောကာလကစ၍ ပေါ်ပေါက်ခဲ့ဖူးပြီး ဖြစ်သည်။ ဗုဒ္ဓဃောသမထေရ်၏ခေတ်တွင်ပင် အလားတူပြဿနာများ ပေါ်ပေါက်နေကြပြီးဖြစ်သည်မှာအဋ္ဌသာလိနီနိဒါန်း၌ ထင်ရှားနေပါသည်။

    ဤစာတမ်းတွင် ယင်းပြဿနာနှင့်ပတ်သက်သော ပါဠိ၊သက္ကတ ဗုဒ္ဓစာပေ မှတ်တမ်းတို့ကို နှိုင်းယှဉ်တင်ပြထားပါသည်။

    ဤမျှဆိုလျင်ပင် ဗုဒ္ဓုပ္ပတ္တိ၊ ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓစာပေ၊ဗုဒ္ဓယဉ်ကျေးမှု စသည်တို့ကိုလေ့လာရာ၌ ပါဠိစာပေနယ် တမျိုးတည်းသည် အကုန်အစင်မဟုတ်သေးကြောင်း ထင်ရှားပြီး ဖြစ်ပါသည်။

    မြန်မာနိုင်ငံ၌ လက်ခံကျင့်သုံးနေသော ထေရ၀ါဒဗုဒ္ဓဘာသာသည်၎င်း၊ ပါဠိပိဋကတ်တော်သည်၎င်း ဗုဒ္ဓဘာသာဂိုဏ်းကွဲ၊စာပေကွဲတို့အနက် ရှေးအကျဆုံးနှင့် အခိုင်ခန့်ဆုံး၊ အမှန်ကန်ဆုံး ဖြစ်သည်မှာလည်း ယုံမှားဖွယ်မရှိ။ သို့သော် အချို့အချို့သော အဆိုအမိန့်တို့သည် ဂိုဏ်းကွဲများအတွင်း၌သာ သီးခြားလက်ခံထားသော အဆိုအမိန့်များ ဖြစ်ကြ၍၊ အချို့အချို့သော စာပေဆိုင်ရာ တွေးခေါ်မြော်မြင်မှုဆိုင်ရာအချက်အလက်တို့မှာလည်း ၀ါဒကွဲများအလိုက် ထွန်းကားတိုးတက်လာသော အကြောင်းရင်းများသာ ဖြစ်ကြသည်ကိုလည်းလက်ခံကြရပါမည်။

    အထူးအားဖြင့် ဆန်းသစ်သော အတွေးအခေါ်တို့သည်ခေတ်၏ ကောင်း-ဆိုးမှုအပေါ်တွင် အနည်းနှင့်အများမှီလျက် တိုးတက်လာသောသဘော ရှိနေသည်ဖြစ်၊ စာပေနှင့်ပတ်ဝန်းကျင် မကင်းနိုင်ကြပုံကိုလည်း နှလုံးသွင်းသင့်လှပါသည်။

    မည်သို့ပင်ရှိပါစေ၊ ပါဠိအဘိဓမ္မပိဋကကို ဝေဖန်ဆန်းစစ်ကြရာ၌ နှိုင်းယှဉ်လေ့လာဖွယ် သက္ကတအဘိဓမ္မပိဋကတဆူ ရှိနေသေးသည်ဟူသော အချက်ကိုသတိထားမိကြလျှင် ဤစာတမ်း၏ရည်ရွယ်ချက် ပြည့်ဝပြီး ဖြစ်ပါသည်။

    ဒီလောက်ဆိုရင် ဦးတင့် ကိုးကားတဲ့ စာအုပ်ထဲကဟာတွေနဲ့ မတူတိုင်း အဓမ္မလို့ လိုက်အော်နေခြင်းဟာ ဓမ္မလား အဓမ္မလား ဆိုတာ မိမိကိုယ်တိုင် ဆန်းစစ်ပါရန်။

    ReplyDelete
  4. ကြိုငိမ်း ကိုငြိမ်း
    ဒေါသတွေလျှော့ ။
    နောက်ဆက်ဆွေးနွေးချင်ရင် ဒီအချက်တွေ အရင်ပြင်အုံး
    ၁) ထေရ၀ါဒီလို့ ကိုယ့်ဟာကိုယ်ပြောရင် ထေရ၀ါဒရဲ့  အသက်ဖြစ်တဲ့  တိပိဋကကို မှန်တယ်လို့ လက်ခံရဲမှပြော။ မဟုတ်ရင် ကိုယ်ဘာယူလဲ ဗြောင်ပြော ။ ဟုတ်ပြီနော်
    ၂) ထေရ၀ါဒဆိုတဲ့ ဘောင်ထဲက ပြောပြီဆိုရင် ဒီအစဉ်ကို သိအုံး ။
    ပါဠိတော်
    အဋ္ဌာကထာ
    ဋီကာ
    နိဿယ
    အာစရိယ၀ါဒ
    ခုကိုငြိမ်းထုတ်ပြလာတဲ့ စာတွေက အဲဒီ ၅ခုထဲဘယ်မှာမ၀င်တဲ့ စာတွေဖြစ်နေတော့ ပြန်လှန်ချေပစရာကို မလို ။
    သို့ သော်
    ဒါလေးတချက်တော့  General Knowledge ပေါ့့ဗျာ ဖတ်ကြည့်အုံး

    http://www.buddhanet.net/pdf_file/abhistudy.pdf

    ReplyDelete
  5. ဦးတင့် ကျုပ်က မယာယနဘာသာဝင်ထားပါတော့။ ခင်ဗျားတို့ဟာ ပါဠိစာကို နားလည်တဲ့ professional လည်းမဟုတ်။ ဘာသာပြန်တွေဖတ်၊ ကိုယ်အဓမ္မစွပ်စွဲလိုသူရဲ့ စကား-စာတစ်ပုဒ်လာက်ဆွဲယူ၊ ပါဠိဘာသာပြန်အဓိပ္ပါယ်ကို ထပ်ပြီး ကိုယ်လိုရာစွဲအဓိပ္ပါယ်ယူဖော်ပြပြီး မတူတာနဲ့ပဲ အဓမ္မလို့စွပ်စွဲ။ ခင်ဗျားတို့ လိုသလို ဖော်ပြထားတဲ့ ဘာသာပြန်က မူရင်းအဓိပ္ပါယ်အမှန်ဆိုဦးတော့ ခင်ဗျားတို့ အနေနဲ့ ထေရ၀ါဒမဟုတ်လို့ပဲ စွပ်စွဲလို့ရမယ် အဓမ္မလို့ စွပ်စွဲလို့မရဘူး။ အဲဒီလောက်ဆိုသဘောပေါက်။
    ခင်ဗျားကို ဗိုလ်လိုညွှန်းတော့ ကျုပ်ကလည်း ၀ီကီက ဗိုလ်လိုဖော်ပြထားတာပြန်ညွှန်းပါတယ်။ ဗဟုသုတပေါ့။
    ခင်ဗျားနားလည်ဖို့က တကယ့် ထေရ၀ါဒ အစစ် က((ငါ့တို့ထေရ၀ါဒ သာအမှန်-ကျန်တာတွေအဓမ္မ )) ဆိုပြီး မနှိမ့်ချ မပုတ်ခတ်တာပဲ။
    In fact, fact is fact & you must be logical & rational.
    If you ask the international Buddhism histroy scholars, they will give the same answer.
    The following facts are correct & we have to admit,


    Abhidhamma Pitaka Origins:

    Tradition[3] holds that the Buddha thought the Abhidhamma out immediately after his enlightenment then taught it to the gods some years later. Later the Buddha repeated it to Sariputta who then handed it on to his disciples. This tradition is also evident in the Parivara, a very late addition to the Vinaya Pitaka,[4] which mentions in a concluding verse of praise to the Buddha that this best of creatures, the lion, taught the three pitakas..[5]

    Scholars, however, generally date the Abhidhamma works to originating some time around the third century BCE, 100 to 200 years after the death of the Buddha. Therefore the seven Abhidhamma works are generally claimed by scholars not to represent the words of the Buddha himself, but those of disciples and scholars.[6] Dr Rupert Gethin however said that important elements of abhidhamma methodology probably go back to the Buddha’s lifetime.[7] A. K. Warder and Dr Peter Harvey both suggested early dates for the matikas on which most of the Abidhamma books are based. Abhidhamma started out as elaboration of the suttas,[dubious – discuss] but later developed independent doctrines.[8]

    As the last major division of the canon, the Abhidhamma Pitaka has had a checkered history. It was not accepted as canonical by the Mahasanghika school[dubious – discuss][1][9] and several other schools[dubious – discuss].[10] Another school included most of the Khuddaka Nikaya within the Abhidhamma Pitaka.[1] Also, the Pali version of the Abhidhamma is a strictly Theravada collection, and has little in common with the Abhidhamma works recognized by other Buddhist schools.[11] The various Abhidhamma philosophies of the various early schools have no agreement on doctrine[12] and belong to the period of ‘Divided Buddhism’[12] (as opposed to Undivided Buddhism). The earliest texts of the Pali Canon have no mention of (the texts of) the Abhidhamma Pitaka.[13] The Abhidhamma is also not mentioned in some reports of the First Buddhist Council, which do mention the existence of the texts of the Vinaya and either the five Nikayas[14] or the four Agamas.[15] Other accounts do include the Abhidhamma.[16]

    ReplyDelete
  6. ရော
    ၀ီကီထဲက copy and paste တွေ လာလုပ်နေပြန်ပလားဗျာ ။
    ဘိုစာ ခဏထားအုံးလေ ။
    ကိုယ်ဘာယူတယ်ဆိုတာလဲ ရှင်းအောင်မပြောရဲတာလဲ ထားအုံး
    မြန်မာလိုရေးထားတဲ့  ဒီစာသားတွေထဲမှာ ဘယိလို များနားမလည်တာလဲဗျ ??

    ၂) ထေရ၀ါဒဆိုတဲ့ ဘောင်ထဲက ပြောပြီဆိုရင် ဒီအစဉ်ကို သိအုံး ။
    ပါဠိတော်
    အဋ္ဌာကထာ
    ဋီကာ
    နိဿယ
    အာစရိယ၀ါဒ
    ခုကိုငြိမ်းထုတ်ပြလာတဲ့ စာတွေက အဲဒီ ၅ခုထဲဘယ်မှာမ၀င်တဲ့ စာတွေဖြစ်နေတော့ ပြန်လှန်ချေပစရာကို မလို ။

    ReplyDelete
  7. ဒါဆိုလည်း ရှင်းနေတာပဲလားဗျာ။ ခင်ဗျားတို့သတ်မှတ်နားလည်တဲ့ ထေရ၀ါဒဘောင် (၅) ချက်ဆိုတာနဲ့ စစ်ရင် (((ထေရ၀ါဒမဟုတ်လို့ပဲ အော်ပေါ့ဗျ။ အဓမ္မတွေလို့ အော်စရာလား))) ခင်ဗျားတို့ သတ်မှတ်ချက်နဲ့ မတူတိုင်း အဓမ္မလို့ အော်နေတာ ဓမ္မလား အဓမ္မလား ဆိုတာ အသိဥာဏ်ရှိတဲ့သူတိုင်းသိတယ်။

    ReplyDelete
  8. ၂၁၄။ ''သုဘဒ္ဒ အကြင်ဓမ္မဝိနယဟူသော သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် (တရား) သည် မရှိ၊ ထို (အရိယမဂ်တရားမရှိသော သာသနာ) ၌ (သောတာပန်) ရဟန်းသည်လည်း မရှိ၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း မရှိ၊ တတိယအဆင့် (အနာဂါမ်) ရဟန်းသည်လည်း မရှိ၊ စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည်လည်း မရှိ။

    သုဘဒ္ဒ အကြင်တရားဝိနည်း (ဓမ္မဝိနယ) ဟူသော သာသနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် (တရား) သည် ရှိ၏၊ ထို (အရိယမဂ်တရားရှိသော သာသနာတော်) ၌ (သောတာပန်) ရဟန်းသည်လည်းရှိ၏၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း ရှိ၏၊ တတိယအဆင့် (အနာဂါမ်) ရဟန်းသည်လည်းရှိ၏၊ စတုတ္ထ အဆင့် (ရဟန္တာ) ရဟန်းသည်လည်း ရှိ၏။

    သုဘဒ္ဒ (ငါ၏) တရားဝိနည်း (ဓမ္မဝိနယ) ဟူသော ဤသာသနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယ မဂ် (တရား) သည် ရှိပေ၏၊ ဤ (အရိယမဂ်တရားရှိသော သာသနာတော်) ၌သာလျှင် (သောတာပန်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာတော်) ၌သာလျှင် ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာတော်) ၌သာလျှင် တတိယအဆင့် (အနာဂါမ်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာတော်) ၌သာလျှင် စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည် ရှိပေ၏။ (ဤငါ၏ သာသနာတော်မှ) တစ်ပါးသော အယူဝါဒ (သာသနာ) တို့သည် တရားကို သိမြင်သော ရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်၁) တို့မှ ဆိတ်ကုန်၏၊ သုဘဒ္ဒ ဤရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့သည် မှန်စွာ (အဆင့်ဆင့် ဟောပြောလျက်) နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်ရာ၏-

    သုဘဒ္ဒ (ငါသည်) သဗ္ဗညုတဉာဏ်ကို ရှာလိုသည်ဖြစ်၍ နှစ်ဆယ့်ကိုးနှစ် အရွယ်က ရဟန်းပြုခဲ့၏၊ သုဘဒ္ဒ ငါ ရဟန်းပြုသည်မှစ၍ အနှစ်ငါးဆယ်ကျော်ခဲ့လေပြီ၊ ဤ (ငါ၏ သာသနာတော်) မှ အပ၌အရိယမဂ်တရား၏ ရှေ့ပိုင်းဖြစ်သော ဝိပဿနာမဂ်ကို ပွါးစေသောသူသည်လည်း မရှိချေ၊ (သောတာပန်) ရဟန်းသည် လည်း မရှိချေ၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း မရှိချေ၊ တတိယ အဆင့် (အနာဂါမ်) ရဟန်းသည်လည်း မရှိချေ၊ စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည်လည်း မရှိချေ။ (ဤ ငါ၏သာသနာ တော်မှ) တစ်ပါးသော အယူဝါဒ (သာသနာ) တို့သည် တရားကို သိမြင်သော ရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့မှ ဆိတ်ကုန်၏။

    သုဘဒ္ဒ ဤရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့သည် မှန်စွာ (အဆင့်ဆင့် ဟောပြောလျက်) နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်လေရာ၏''ဟု (ဟောတော် မူ၏)။
    သုဘဒ်ပရိဗိုဇ်ဝတ္ထု မဟာပရိနိဗ္ဗာနသုတ်

    ReplyDelete
  9. သြော် ဦးတင့်။ ခင်ဗျားဟာ ရှင်းရှင်းလေးကို နားမလည်ပဲကိုး။ ခင်ဗျားနောက်ဆုံးကွန့်မက်ကို ခင်ဗျားပြန်ဖတ်ပြီး ခင်ဗျားတို့ အဓမ္မသမားလို့ စွပ်စွဲတဲ့သူတွေထဲမှာ အရိယာတွေပါနိုင်တယ်ဆိုတာလည်း သဘောက်ပေါက်ပါ။
    နောက်ခင်ဗျား စာရေးစရာကုန်ကြမ်းလည်းရအောင် ခင်ဗျားတို့အဖွဲ့လည်း ပိုမိုနာမည်ကြီးအောင် အများလည်းပိုမိုသဘောပေါက်အောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒလိုင်းလားမား (Tibetan Buddhism) နှင့် ဇင် Vietnamese monk Thich Nhat Hanh တို့ကိုလည်း အဓမ္မသမားတွေလို့ ခင်ဗျားတို့အဖွဲ့က ကြေညာ-အဲယောင်လို့ သူတို့နဲ့ ပတ်သက်ပြီး ခင်ဗျားတို့အဖွဲ့ သဘောထားကိုလည်း အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ တင်ပြပေးပါလားလို့ ....

    ReplyDelete
  10. ရော စာလေးသေချာဖတ်ဗျာ ။
    ဆရာတော်များလဲ မြန်မာစာနဲ့ ဘဲ ရှင်းအောင်ရေးထားတာ ။ခက်တာပါဘဲ ။
ုမြန်မာလိုရေးထားတဲ့  စာကို မြန်မာ နားလည်အောင် အနက်ပြန်ရတာ ခက်ပါ့ ။
    တတ်နိုင်ပါဘူး ။ ထပ်ဖတ်နော် ။ ဖတ်ပြီးရင် အနက်လေးပြန်။ ပြန်ပြီးရင်တွေး ။ လက်ကစာရိုက်တာကိုနောက်ဆုံးမှလုပ် ။

    အကြင်ဓမ္မဝိနယဟူသော သာသနာ၌
    သုဘဒ္ဒ အကြင်တရားဝိနည်း (ဓမ္မဝိနယ) ဟူသော သာသနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် (တရား) သည် ရှိ၏၊။

    ReplyDelete
  11. ဓမ္မလောတစ်ဖွဲ့လုံးသိစေရန်
    ၁၄ – ဒွေသဟာယကဘိက္ခုဝတ္ထု
    ၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက် အပ်နှင်းလိုက်ရသော နွားကျောင်းသားသည်
    နွားနို့အရသာကို မခံစားရ သကဲ့သို့၊
    နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော
    ဘုရားစကားတော်ကို များစွာ ပြော ဟောနေသော်လည်း
    မကျင့်မကြံ မေ့လျော့ပေါ့တန်နေသော သူသည်
    ပြုထိုက်သည်ကို ပြုသည်မမည်၊ မဂ်ဖိုလ် အရသာကို မခံစားရ။
    ၂၀။ နိဗ္ဗာန်ရောက်သည် အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို
    အနည်းငယ်မျှ ပင် ပြောဟောနေပါသော်လည်း
    တရားအားလျော်သော အကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ
    ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာအပြားအားဖြင့် သိသည်ဖြစ်၍
    (ကိလေသာတို့မှလွတ်သော စိတ်ရှိသည် ဖြစ်လျက်
    ဤလောက၌ လည်းကောင်း၊ တမလွန်လောက၌ လည်းကောင်း
    စွဲလမ်းမှု မရှိတော့ပြီ။ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။
    ……………………………
    ……..
    အောက်က ဓမ္မပဒ မှာလာတဲ့ စာကို လေ့လာကြည့်စေလိုပါတယ်
    …………………..
    ……………………
    ၁ – စက္ခုပါလတ္ထေရဝတ္ထု
    ၁။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။
    စိတ်ဖြင့် ပြီးကုန်၏။
    ပြစ်မှားလိုသော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊
    ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော် လည်း ကောင်း
    ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် လှည်းဘီးသည် ဝန်ဆောင် နွား၏ခြေရာသို့ အစဉ်လိုက်ဘိ သကဲ့သို့
    ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

    ၂ – မဋ္ဌကုဏ္ဍလီဝတ္ထု
    ၂။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။
    စိတ်ဖြင့် ပြီးကုန်၏။
    သန့်ရှင်းကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊
    ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော် လည်းကောင်း
    ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့်
    အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ်လိုက် သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

    ReplyDelete
  12. သာဓုသာဓုသာဓုပါ ကိုငြိမ်းရေ
    ဘာအကြောင်းနဲ့ ဘဲ ဖတ်ဖတ်
    ဘုရားရှင်ရဲ့  မူရင်း နှုတ်ခပါတ်တော်
    ပါဠိတော် မြန်မာပြန်တွေ ဖတ်လာ
    လေ့လာဘော်ရလာတာ
    သာဓုခေါ်ပါတယ် ။
    ကုသိုလ်အကုသိုလ်သဘောကတော့
    သတိထားမိနေတာ ကြာပါပြီ ။
    ဒါကြောင့်လဲ
    တခါက
    ကုသိုလ်အကြောင်းခံပြီးဖြစ်သော အကုသိုလ်
    အကုသိုလ်အကြောင်းခံပြီး ဖြစ်တတ်သော ကုသိုလ်
    တို့ အကြောင်း
    တို့ ထိခဲ့ ဘူးပါတယ်
    အသိသာဆုံးကတော့
    မိန်းကလေးချောချော
    စာသင်ရ၊ဆေးကုရတဲ့  အခါပါဘဲ ။
    ပုထုစဉ်ပီပီ
    ရောပါလာတဲ့ 
    ကိလေသာတရားတို့ ကို
    မနော၊၀စ၊ီကာယကံ မမြောက်ရအောင်
    သတိကို လက်ကိုင်ထားရပါကြောင်း

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories