February 19, 2010

အချက်သုံးချက်ကိုထောက်ပြပါသည်

Dr Phyo Wai Kyaw | 11:42 PM | | |
Ode on the Spring  (Spring song)Image by Jennifer 真泥佛 via Flickr
ယခုရက်ပိုင်းတွင် ဆူနာမီ အပြစ်ပြတရားများ များစွာပေါ်ပေါက်လာသည်။ ပေါ်ပေါက်ပင် ပေါ်ပေါက်ငြား ဆူနာမီဆရာတော်၏ ခံယူချက်ကား ခပ်ပြတ်ပြတ် ဖြစ်သည်။ သံဃနာယကအဖွဲ့ကိုပဲ ၀န်ခံကတိပြုထားထား၊ မိုးကုတ်အဖွဲ့ချုပ်ကပဲ စာထုတ်ထုတ် ဒါတွေအားလုံး ဘာမှမဟုတ်တာတွေချည်း ဖြစ်သဖြင့် လိုက်နာစရာမလို ဟူ၍ ဖြစ်သည်။

၁၄ရက် ဖေဖော်ဝါရီ ၂၀၁၀တွင် မိမိတို့က ဆူနာမီဆရာတော်ကို တရားအမှားများ မဟောကြားဖို့ တောင်းပန် လျှောက်ကြားသည်။ ဆူနာမီဆရာတော်က တရားများမှားယွင်းနေသည်ကို လွယ်လွယ်ကူကူဝန်ခံသည်။ ဆက်လက် မဟောကြားဘူး ဟူ၍တော့ ကတိမပေး။ ယင်းကဲ့သို့ ကတိမပေးသည်ကိုပင် မိမိတို့က ၀မ်းသာနေရသည်။ အဘယ်ကြောင့်ဆိုသော် ဤအရှင်၏ လုပ်ရိုးလုပ်စဉ် အစဉ်အလာအရ ကတိပေးခဲ့လျှင်လည်း လိုက်နာမည် မဟုတ်ကြောင်း ကြားသိရသောကြောင့် ဖြစ်သည်။

အစဉ်အလာကို အစဉ်တစိုက်အကဲခတ်လာသော မိတ်ဆွေတစ်ဦးက ဤသို့ရှင်းပြသည်။

"အဲဒါကို ဘာလို့ ပြောတာလဲ သွားမေးရင် အဲဒါ အရင် က ပြောခဲ့တာ ပါ။ ဘုန်းကြီး က ဘာမှ ဆုပ်ကိုင်မထားဘူး။ ဒါဟာ ပညတ်တွေပါ။ ပညတ်ဆိုတော့ မှားတတ်တယ်။ ခု ပိုကောင်းတဲ့ ပညတ်တွေ သုံးနေပါတယ် ပြောဦးမယ်။ ဘုန်းကြီးပြောတာတွေ နားလည်ဖို့ က အရင်ယုံကြည့်ပါ။ သတ္တိရှိရှိ နဲ့ ဘုန်းကြီး ရိပ်သာမှာ လာအားထုတ်ပါ ပြောဦးမယ်။"

ဆူနာမီတရားကို နားလည်သွားသော ဆရာတစ်ဦးကတော့ ဇ၀နဥာဏ်ရွှင်ရွှင်နှင့် ယခုလို ဆုံးမသည်။

"စူနာမီဆရာတော်တရားကို နားလည်ချင်ရင် လွယ်ပါတယ်။ ခုပြောနေတဲ့  အရိယာဆိုတာလဲ ပညတ်ဘဲ။ အွန်လိုင်းလွှင့်တာ ပိတ်တယ် ဖွင့်တယ်ဆိုတာလဲ ပညတ်ဘဲ။ ချစ်မြတ်နိုးဆိုတာလည်း ပညတ်ဘဲ။ မဟာနာယက ဆရာတော်များသည်လဲ ပညတ်ဘဲ။ အင်တာနက် ဆိုတာလဲ ပညတ်ဘဲ။ လူဆိုတာလဲ ပညတ်ဘဲ။ ၃၁ဘုံဆိုတာလဲ ပညတ်ဘဲ။ ၅ပါးသီလတို့  ၀ိနည်းတို့ လဲ ပညတ်ဘဲ။ အပါယ်ငရဲလဲ ပညတ်ဘဲ။ ပညတ်တွေဆိုတာ ဘာမှမဟုတ်ဘူး။အဲတော့ စူနာမီဆရာတော်ပြောတာတွေဟာ ဘာမှမဟုတ်ဘူးလို့ မှတ်။ ဘာမှမဟုတ်မှတော့ ဘာမှကိုပြောနေစရာမရှိတော့ဘူး" တဲ့။

ဆူနာမီဆရာတော်က ပရိသတ်အင်အားကို အားကိုးသည်။ ပရိသတ်များအောင် ကြိုးစားမည်ဟု အတန်တန်ကြုံးဝါးသည်။ ဤကြုံးဝါးသံကြီးနှင့် အတူ ကြံကြီးစည်ရာ လူကြော်ငြာများ၊ တရားကြော်ငြာများ ပေါ်ထွက်လာသည်။

သို့ရာတွင် အကြင်သူသည် မြန်မာကျူးပစ်မှဝေဖန်ရေးများ၊ ယောအသင်းမှ ဝေဖန်ရေး၊ ဓမ္မရသမှ ဆွေးနွေးပွဲ အသံသွင်းခွေ၊ မနောပဒါယီ အရှင်ဝိစိတ္တဘလော့ဂ်မှ ဝေဖန်ရေးဆောင်းပါး၊ ဦးကောဝိဒ(မြိတ်)၏ A light Of Dhamma ဘလော့ဂ်မှ ဝေဖန်ရေးများ၊ ယခု ဓမ္မဥပဒေမှ ဝေဖန်ရေးဆောင်းပါးများ၊ အရှင်လောကနာထ၏ ဗုဒ္ဓတရားတော်များဘလော့ဂ်မှ ဆူနာမီဆရာတော်သို့ ပေးစာ၊ မြန်မာအင်ဂျင်နီယာဖိုရမ်မှ ဝေဖန်မှုများကို ဖတ်ရပါလျက် ဆူနာမီဆရာတော်၏ တရားများကို ယုံကြည်နေသေးသည် ဆိုလျှင် အာဂလူပေတည်း။ မည်သည့်ပုဂ္ဂိုလ်များမဆို ဆူနာမီတရားများ မနာမီ ယင်းဝေဖန်စာများကို အရင်ဖတ်ထားဖို့ သင့်ပါသည်။

ထို့ပြင် ဆူနာမီတရားနည်းဖြင့် အားထုတ်နေကြသူများကိုလည်း မိမိတို့က မိတ်ဆွေကောင်းတို့ ထားအပ်သည့် ၀တ္တရားများနှင့် အညီအတိုင်း အောက်ပါအချက်များကို ထောက်ပြလိုပါသည်။

(၁)အကြင်သူသည် ဆူနာမီဆရာတော်၏ တရားများကို အွန်လိုင်းပေါ်တွင် ဖြန့်ဝေတိုင်း "၁၃၇၁ ခုနှစ်၊ ၀ါဆိုလဆန်း ၇ ရက်၊ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသော ဆဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဌမအစည်းဝေးက ဆုံးဖြတ်ချက် အပိုဒ် (၄)အရ အင်တာနက်တွင် လွင့်တင်ထားသော တပည့်တော် ဥတ္တမသာရ (ဆူနာမီ) ၏ တရားများကိုပြန်လည်ရုပ်သိမ်းမည် ဖြစ်ပါကြောင်း ၀န်ခံကတိပြု လက်မှတ်ရေးထိုးပါသည်။" ဟူသည့် ၀န်ခံကတိပြုချက်ကို သွယ်ဝိုက် ဖောက်ဖျက်ရာ ရောက်သည်။ သူတော်ကောင်းတို့၏ သောဝစဿတာဂုဏ်နှင့် မုသာဝါဒါ ဝေရာမဏိ အစရှိသော သီလဂုဏ်ကို ညှိုးနွမ်းစေသည်။ (မှတ်ချက်။ ။ ယင်းဝန်ခံချက် အမှန်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ဆူနာမီဆရာတော်က အတည်ပြုပေးပြီး ဖြစ်သည်။)

(၂)ဆူနာမီ ဆရာတော်၏ စကားကို နားယောင်၍ မြတ်စွာဘုရားရဲ့ တရားတွေဟာ ပညတ်တွေပဲ၊ အခါခပ်သိမ်း မမှန်ဘူး၊ လိုက်နာစရာမလိုဘူးဟု ပြောတိုင်းပြောတိုင်း ဘုရားရှင်အား စွပ်စွဲခြင်း ဖြစ်သဖြင့်၊ ကြီးကျယ်သော အကုသိုလ်ကံ ဖြစ်နိုင်သည်။

(၃)ရှေးကဆရာတော်၊ သံဃာတော်တွေရဲ့ နည်းတွေဟာ လိုရင်းရောက်တဲ့ နည်းတွေမဟုတ်ဘူး၊ ရှေးကနည်းများအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တဲ့ ယောဂီတွေဟာ လိုရင်းရောက်နိုင်မယ်မထင်ဘူး ဟု ပြောတိုင်းပြောတိုင်း အရိယူပ၀ါဒကံ ထိုက်နိုင်သည်။

ဆရာတပည့် သံယောဇဉ်ကြောင့် မငြင်းသာမရှောင်သာ ဆက်လက် အားပေးရမည်ဖြစ်ပါက ဘာမှမပြောလိုပါ။ သို့သော် မည်သည့်ပုဂ္ဂိုလ်မဆို ဖော်ပြခဲ့သော အချက်သုံးချက်ကို အထူးသတိပြု ရှောင်ကြဉ်နိုင်မှသာ ကြီးမားသော အကုသိုလ်ကံကြီးများမှ လွတ်ကင်းလျက် အပြစ်ကင်းစင်နိုင်မည်ဖြစ်ကြောင်း သတိပေးရပါသည်။

(အလှတရား)




4 comments:

  1. ကိုအလှတရားထောက်ပြသော အချက်(၃)သုံးချက်လုံး လွဲချော်နေပါသည်။

    နံပါတ်(၁) စွပ်စွဲ ဖော်ပြချက်တွင် -
    “သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဌမအစည်းဝေးက ဆုံးဖြတ်ချက် အပိုဒ် (၄)အရ အင်တာနက်တွင် လွင့်တင်ထားသော တပည့်တော် ဥတ္တမသာရ (ဆူနာမီ) ၏ တရားများကိုပြန်လည်ရုပ်သိမ်းမည် ဖြစ်ပါကြောင်း ၀န်ခံကတိပြု လက်မှတ်ရေးထိုးပါသည်။သူတော်ကောင်းတို့၏ သောဝစဿတာဂုဏ်နှင့် မုသာဝါဒါ ဝေရာမဏိ အစရှိသော သီလဂုဏ်ကို ညှိုးနွမ်းစေသည်။ (မှတ်ချက်။ ။ ယင်းဝန်ခံချက် အမှန်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ဆူနာမီဆရာတော်က အတည်ပြုပေးပြီး ဖြစ်သည်။)" ဆိုကာ ဆရာတော်မှ တရားများ အင်တာနက်တွင် လွင့်တင်ခိုင်းနေသယောက် ထင်မှားစေပါသည်။
    ဆရာတော်ကိုယ်ပိုင် အင်တာနက်မှ တရားဝက်ဆိုဒ်ကို သံဃနာယကတွင် လက်မှတ်ရေးထိုးအပြီးတွင် ဖျက်သိမ်းလိုက်ပြီးဖြစ်ပါသည်။
    ယခု အင်တာနက်တွင် တင်ထားသောတရားဝက်ဆိုဒ်များမှာ မိမိကိုယ်ပိုင် တစ်ဦးချင်းစီမှ ကိုယ်ပိုင်လွတ်လပ်ခွင့် ၊ ယုံကြည်ခွင့်အရ တစ်ဦးချင်း personal ၀က်ဆိုဒ်များမှတင်ထားခြင်းဖြစ်ပါသည်။
    ထို့ပြင် ကိုယ်ပိုင်ယုံကြည်ချက်ဖြင့် တစ်ဦးချင်း personal ၀က်ဆိုဒ်များဖြင့် တင်ထားသည်ဆိုသော်လည်း 2009 မတိုင်မီ သံဃနာယကမှ တားမြစ်ထားသော (မိမိလိုရာဆွဲယူတတ်သော လူတချို့ နားလည်မှုလွှဲနိုင်သည့်)“ဘာမှမဟုတ်ဘူး၊ ဒုက္ခသစ္စာတွေပဲ” ဟု ပညတ်စကားလုံးများသုံးကာ ဟောကြားသောတရားများကို လွင့်တင်ခြင်းမဟုတ်ဘဲ 2009 ခု မှစတင်ဟောကြားသော (လူအများနားလည်မှုလွှဲစရာမရှိသောသစ္စာတရားများး)ကိုသာ လွှင့်တင်ထားခြင်းဖြစ်ပါသည်။
    -ဆရာတော်သည် သံဃနာယကတွင်လက်မှတ်ထိုးခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် 2009 မတိုင်မီ အရင်ဟောကြားခဲ့သော တရားများတွင် ဆရာတော်သည် “ခန္ဓာငါးပါး -စိတ် -စေတသိက်-ရုပ်တို့ကို အနှစ်သားမပါ -ဘာမှမဟုတ်(သို့)“ခန္ဓာငါးပါးတို့သည် အနှစ်သာရမပါ။ ဘာမှမဟုတ်။ တရစပ်ဖောက်ပြန်ပျက်စီးနေမှု ရုပ်နာမ်စွမ်းအင်သတ္တိများသက်သက် ဒုက္ခသစ္စာချည်းသက်သက် ” သေချာစွာ ရှင်းပြလိုသော်လည်း နားလည်မှုလွဲသူ (သို့) ကိုယ်လိုရာဆွဲယူတတ်သူ မနာလိုသူတချို့မှ “ဘာမှမဟုတ်ဘူး“ ဟူသော စကားတစ်လုံးတည်းကိုသာ ကွက်ယူပြီး သံဃနာယကကိုတိုင်ကြားရာမှ သံဃနာယကအစည်းအဝေးမှ (ဘာမှမဟုတ်ဘူး ဟူသော စကားလုံးတစ်လုံးတည်းကိုသာ ကွက်ယူတတ်သောတချို့အတွက်လည်းကောင်း) နားလည်မှုလွဲစရာဖြစ်သော “ဘာမှမဟုတ်ဘူး” ဆိုသော စကားလုံးကို မသုံးစွဲရန် ဆရာတော့်အား တားမြစ်ခြင်းဖြစ်ပြီး။ ဆရာတော်မှလည်း လည်းသံဃနာယက၏တားမြစ်ချက်အားလက်ခံခဲ့ပြီး ဆရာတော်ကိုယ်ပိုင် အင်တာနက်မှ တရားဝက်ဆိုဒ်ကို သံဃနာယကတွင် လက်မှတ်ရေးထိုးအပြီးတွင် ဖျက်သိမ်းလိုက်ပြီးဖြစ်ပါသည်။
    ထို့နောက် 2009 ခုနှစ်မှ စတင်ကာ (ဘာမှမဟုတ်ဘူး ဟူသော စကားလုံးတစ်လုံးတည်းကိုသာ ကွက်ယူတတ်သောသူတချို့အတွက်) နားလည်မှုလွဲစရာဖြစ်သော “ဘာမှမဟုတ်ဘူး” ဆိုသော စကားလုံးကို မသုံးစွဲတော့ဘဲ သာမန် အသိဥာဏ်ရှိသူ လူအများပင် လွယ်ကူစွာ နားလည်နိုင်သော ပိုမိုတိကျသော မြန်မာစကားလုံးများဖြင့် လေးနက်လွန်းသော သစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ်တရားများကို ဟောကြားနေပါသည်။ သာသနာရေးဝန်ကြီးမှ နောက်ပိုင်းဟောကြားသောတရားများအတွက် ခွင့်ပြုချက်တင်ရန် ပြောထားပြီးဖြစ်လေသောကြောင့်
    ဆရာတော်သည် 2009 ခုမှစတင်ဟောကြားသော တရားများအား သက်ဆိုင်ရာမှ ပြန်လည်ခွင့်ပြုချက်ရယူမည်ဖြစ်ပါသည်။ ထို့အတွက်ကြောင့် 200၉ နောက်ပိုင်း တရားများကို သက်ဆိုင်ရာတွင်ခွင့်ပြုချက်တင်နိုင်ရေးအတွက်လည်းကောင်း၊ တရားအားထုတ်ရာတွင်အခက်အခဲဖြစ်ကြန့်ကြာနေသူများ၏ တောင်းပန်မှုကြာင့်လည်းကောင်း၊ စိတ်သောကများကို တရားနည်းလမ်းဖြင့် မှန်မှန်ကန်ကန် စွန့်လွှတ်လိုသူများမှ တရားနည်းလမ်းများအားရှင်းပြရန်တောင်းပန်မှုကြောင့်လည်းကောင်း ဆရာဝန်များလက်လျှော့သောရောဂါဝေဒနာရှင်များကိုယ်တိုင်မှ နှိပ်စက်နေသောရောဂါဝေဒနာများမှ သက်သာရာရစေရန် ၀ိပဿနာတရားဖြင့် ဝေဒနာများအပေါ် မည်ကဲ့သို့ နှလုံးသွင်းရှုမှတ်ရမည်ကို ရှင်းပြပေးပါရန် တောင်းပန်လျှောက်ထားမှုများကြောင့်လည်းကောင်း
    ပြဿနာများ -ဝေဖန်ကဲ့ရဲ့မှုများ ဖြစ်မည်ကို သိရှိသော်လည်း ဝေနေယျများအကျိုးငှာ ဆက်လက် တရားရှင်းပြဟောပြခြင်းများ ပြုလုပ်နေခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအတွက် သံဃနာယက(၄၇)ပါးစုံညီ နောက်တစ်ကြိမ်အစည်းအဝေးတွင် ပြန်လည်ဖြေရှင်းပြောကြားမည်ဖြစ်ပါသည်။
    ထို့အတွက်လည်း သာသနာရေးဝန်ကြီးဌာနမှ ညှိနှိုင်းခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း အကြိမ်ကြိမ် ရှင်းပြထားပြီးဖြစ်လေသည်။

    ReplyDelete
  2. နံပါတ်(၂) စွပ်စွဲ ဖော်ပြချက်တွင် -
    “ဆရာတော်၏ စကားကို နားယောင်၍ မြတ်စွာဘုရားရဲ့ တရားတွေဟာ ပညတ်တွေပဲ၊ အခါခပ်သိမ်း မမှန်ဘူး၊ လိုက်နာစရာမလိုဘူး” ဟု စွပ်စွဲချက်မှာ အလွဲချော်ဆုံးဖြစ်ပါသည်။
    ဆရာတော် ထိုကဲ့သို့ မပြောကြောင်း- မဆိုလိုကြောင်း ဆရာတော့် တရားကို သေချာစွာ နားထောင်သူများ လွယ်ကူစွာ သိရှိနိုင်ပါသည်။
    ထိုစွပ်စွဲပြောဆိုသောစကား မှန် မမှန် ဟုတ်မဟုတ် “မိုးကုတ်ဆရာတော်ကြီး မိန့်မှာတဲ့အတိုင်း သူများပါးစပ်မှာလမ်းမဆုံးဘဲ“ မိမိကိုယ်တိုင် ဆရာ့တော်တရားများကို နားဆင်ကြည့်ပြီး နှလုံးသွင်းကြည့်ဖို့ ရဲဝံ့စွာ လေးစားစွာ ဖိတ်ခေါ် ပန်ကြားအပ်ပါသည်။
    ဆရာတော်ဟောကြားသော ၂၀၀၉ နောက်ပိုင်းတရားများကို လည်းကောင်း နားဆင်ရန်လည်း link များပေးထားပြီးဖြစ်လေသည်။
    ၂၀၁၀ ခု ဝေဖန်မှုများအပေါ် နောက်ဆုံး ဖြေရှင်းချက် အဖြစ် ဟောကြားသောတရားတော်(၉)ပုဒ်ကို လည်း စွပ်စွဲချက်များအတိုင်း ဟုတ် မဟုတ် နားဆင်နိုင်ပြီ လင့်များလည်း ပေးပြီးဖြစ်ပါသည်။
    (http://www.mediafire.com/?sharekey=19aabee74b2877695a3d773badf21430859762455ffca24384bbec0582a7e90e)

    ReplyDelete
  3. နံပါတ်(၃) စွပ်စွဲ ဖော်ပြချက်တွင် -
    “ရှေးကဆရာတော်၊ သံဃာတော်တွေရဲ့ နည်းတွေဟာ လိုရင်းရောက်တဲ့ နည်းတွေမဟုတ်ဘူး၊ ရှေးကနည်းများအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တဲ့ ယောဂီတွေဟာ လိုရင်းရောက်နိုင်မယ်မထင်ဘူး ဟု ပြောတိုင်းပြောတိုင်း အရိယူပ၀ါဒကံ ထိုက်နိုင်သည်။”
    ဆိုတဲ့ စွပ်စွဲချက်မှာလည်း လုံးဝ လွှဲချော်ပါသည်။
    ဆရာတော်ကိုယ်တိုင် တရားနည်းတစ်ခုတည်းဖြင့် ကျင့်ကြံအားထုတ်ကာ ထိုတရားနည်းအတိုင်းဟောပြောနေသည်ဟု မပြောကြားပဲ-
    စွန်းလွန်း၊ သဲအင်း၊ မိုးကုတ်၊ ဆရာကြီးဦးဘခင် ၊ ဆရာကြီး ဦးဂိုအင်ကာ တို့၏ နည်းနိဿယများဖြင့် တရားအသိဥာဏ်များ ဖြစ်ပေါ်ကာ
    တစ်ကြောင်းတည်းသောမဂ္ဂင်လမ်းကို ဘာနည်း-ညာနည်း ဖြင့် အငြင်းပွားစရာမလိုအောင် ၊ဆရာသမားများ၏ အဓိကဆိုလိုရင်း တစ်ခုတည်းကို တိတိကျကျ တိုက်ရိုက်နည်းပေး ခြင်း ဖြစ်ကြောင်း
    တရားခွေများတွန် သေချာစွာ ရှင်းပြပြီးဖြစ်လေသည်။

    ထို့ကြောင့် ဓမ္မမိတ်ဆွေများအနေဖြင့် ကျွန်တော့်စကားလုံးများနှင့်လည်း လမ်းမဆုံးဘဲ၊ ကိုအလှတရား၏ လှပသောစကားလုံးများမှာလည်း လမ်းမဆုံးဘဲ
    ဆရာတော့်တရားများကို မိမိကိုယ်တိုင် လက်တွေ စမ်းသပ်နားထောင် ပြီး နှလုံးသွင်းဆင်ခြင်ကြည့်ကာ မိမိ တရားအသိဥာဏ်ပွင့်လင်းမှု(လောဘ-ဒေါသ-မောဟ)လျော့လျော့လာမှု တို့သည်သာ မိတ်ဆွေတို့အတွက် မှန်ကန်သော မှတ်ကျော်အစစ်ဖြစ်လေသည်။ ဆူနာမီဆရာ့တော်တရားများကို နားဆင်ခြင်းဖြင့် ပညတ်များကို ပယ်ကာ ကာယဒုစရိုက် - ၀စီဒုစရိုက် များ ဖြစ်နိုင်သည်ဆိုသော ဝေဖန်မှုများကို ဆရာ့တော်တရားများကို မိမိကိုယ်တိုင် သေချာစွာနားဆင်ခြင်းဖြင့် နှလုံးသွင်းဆင်ခြင်ခြင်းဆုံးဖြတ်ကြပါကုန်။

    လေးစားစွာဖြင့်
    သစ္စာတရားသည် လက်ခံယုံကြည်သူ ရှိသည်ဖြစ်စေ-မရှိသည်ဖြစ်စေ
    လူမျိုး-ဘာသာ-နေရာ-အချိန် မရွေး အမြဲ မှန်ကန်နေပေမည်။

    သစ္စာ

    ReplyDelete
  4. စိတ်ပျက်ဖွယ် ချေပချက်ပဲ။

    (၁)အမှတ် ၁ နဲ့တင်ရှင်းတယ်။ ပြန်လည်ခွင့်ပြုချက် မရသေးသမျှ တရားလွှင့်တင်တာတွေဟာ တရားမ၀င်ဘူး။
    (၂)နဲ့(၃)က ပရိသတ်ကို ရည်ရွယ်တယ်။

    အင်မတန်စေတနာ ထားပြီး ထောက်ပြထားတဲ့ အချက်တွေပဲ။ ဒါတွေကို လိုက်နာဖို့ သင့်ပါတယ်လို့ အကြံပြုထားခြင်းပဲ ဖြစ်တယ်။ ဆူနာမီ တရားတွေ ကို ဝေဖန်ထားတဲ့ စာမဟုတ်ဘူး။ ယောဂီတွေဟာ ဒီအချက်အလက်တွေကို လိုက်နာဖို့သင့်တယ် ဆိုတာကို ထောက်ပြရုံသက်သက်ပဲ။ ဒါကို စာဖတ်နည်းကို နားလည်တဲ့သူက သိနိုင်တယ်။

    စာဖတ်သူတွေဟာ ၃ ပတ်လုံးလုံး ဒီစာတွေကို ဖတ်ပြီးပြီး။ သူတို့ဟာ စာဖတ်နည်းကို အထိုက်အလျောက် နားလည်တယ်။ နလဗိန်းတုံးတွေ မပါပါဘူး။ ဒါကြောင့် ဒီထောက်ပြချက်ဟာ ချေပရမဲ့ဟာ မဟုတ်ဘူး သတိထားရမဲ့ကိစ္စဆိုတာ နားလည်ခဲ့ကြတယ်။

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories