Showing posts with label အဓမ္မ၀ါဒဓမ္မစေတီ. Show all posts
Showing posts with label အဓမ္မ၀ါဒဓမ္မစေတီ. Show all posts

February 22, 2010

ဥုံ-အမှန်တရား (၀ရဇိန်-ပျဉ်းမနား)

Dr Phyo Wai Kyaw | 7:59 AM | | | | 3 Comments so far
ကျော်မြသန်းတို့က ဘိုးတော်ကင်းတို့ ဘိုးတော်ဂျိုကာတို့လို၊ ယုံလွယ်အထိနာတို့လို စာအုပ်မျိုး ရေးခဲ့တယ်။ ဒါပေမဲ့ မျက်မှောက် မြန်မာပြည်မှာ ဘိုးတော်တွေ ပပျောက်မသွားသေးဘူး။ အကြောင်းကတော့ စာဖတ်နည်းကြလို့ပဲ။ စာဖတ်နည်းတာဟာ ယုံလွယ်ခြင်းရဲ့ တစ်ခုသော အကြောင်းဖြစ်တယ်။ လူတချို့က ဘာသာရေးသမားတွေဟာ မလိမ်တတ်ဘူး၊ မညာတတ်ဘူး ဒီလို ထင်နေကြတာ ရှိတယ်။ အမြဲပဲ ရိုးသား ဖြောင့်မတ်လိမ့်မယ်လို့ ဒီလိုလည်း ထင်ကြတယ်။ ဒီအထင်အမြင်ကြောင့် သူတို့ယုံကြည်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မယုံထိုက်သူတွေပါ လို့ ရှင်းပြရင် အကြောက်အကန် ငြင်းဆန်ပြီး မရတဲ့တစ်နေ့ ရှင်းပြသူတွေကို ရန်ပြုကြတယ်။

အမှန်ကတော့ သာမန်လူတွေထဲမှာလိုပဲ ဘာသာရေးသမားတွေထဲမှာ လူညာတွေရှိတယ်။ ဒါကိုသတိထားကြရမယ်။ တချို့က ဒီလိုသတိထားတာ မရှိဘူး။ ဘာသာရေး တရားပြသူက "တရားစစ်မယ်၊ အ၀တ်အစားတွေ ချွတ်" လို့ အမိန့်ပေးရင်လည်း ယုံယုံကြည်ကြည် ချွတ်တာပဲ။ နောက်တော့ အမှုအခင်းတွေ ဖြစ်ကြတယ်။ မခံမရပ်နိုင် အော်ဟစ်ကြတယ်။

တကယ်က အဆန်းထွင်လာတဲ့ ဘာသာရေး ဟောပြောမှုတွေထဲမှာ မဖြောင့်မတ်တဲ့ သဘောတွေ ပါတယ်။ ဥပမာအားဖြင့် ပစ္စုပ္ပန်ကမ္မ၀ါဒလို ဘာသာမျိုးဟာ အတွေးအခေါ် ဒဿနနယ်ပယ်ထဲကို ရိုးရိုးသားသား အဆင့်အတန်းရှိရှိ တိုးဝင်လို့မရလို့ ဗုဒ္ဓဘာသာရဲ့ ဂုဏ်အရှိန်အ၀ါ နာမည်ကို အလွဲသုံးစားလုပ်လိုက်တဲ့ အတွေးအခေါ်ဝါဒ တစ်ရပ်သာ ဖြစ်တယ်။ ဒီကိစ္စက ရှင်းရှင်းလင်းလင်း သိသာနေလို့ ထားတော့။

တချို့ မသိမသာ လှုပ်ရှားတာတွေကျတော့ ပိုခက်သွားတယ်။ တချို့ ဘာသာရေး လှုပ်ရှားသူတွေဟာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ လက်အောက်ကနေ သူတို့ရဲ့ တပည့်တွေကို ပဉ္စမံတပ်သားစုနည်းမျိုး နဲ့စုစည်းနေကြတယ်။ ဒီလိုတပည့်စုတဲ့ ဟောပြောမှုမျိုးဟာ မဖြောင့်မတ်မှု သက်သက်ပဲ။ ဘာသာတရားရဲ့ ကောင်းကျိုးရစေလိုတဲ့ စေတနာနဲ့ ဟောပြောတာမဟုတ်ဘဲ ကိုယ်ပိုင် တပည့်စုခြင်းဟာ ဘယ်လိုနည်းနဲ့မှ ဓမ္မမဖြစ်နိုင်ဘူး။ အဓမ္မသာ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထေရ်ကြီးဝါကြီးတွေရဲ့ ဆုံးမချက်တွေကို ဘယ်တော့မှ နာယူလေ့ မရှိဘူး။ ဒီလို မနာယူတတ်သူဟာ ဘယ်လိုလုပ်ပြီး လူကောင်းတစ်ယောက် ဖြစ်နိုင်မလဲ။ လူဆိုးတစ်ယောက်ပဲ ဖြစ်ဖို့ရှိတာ ထင်ရှားတယ်။ ဘုရားဟော တရားတွေနဲ့ မတူညီတဲ့ ဟာတွေကို ဘုရားဟော တရားတွေအနေနဲ့ ဟောပြောနေကြတယ်။

တချို့ကလည်း ဒီဘာသာရေး အတုအယောင် သမားတွေက ပေးနိုင်သလောက် ဟောပြော ပေးကမ်းနေတာကို အသာအယာ လက်ခံထားမယ်လို့ ယူဆကြတယ်။ ရောင်းသူဝယ်သူ ကျေနပ်ရင် အလုပ်ဖြစ်တာပဲ ဒီလိုပြောနေကြတယ်။ ဒါဟာ အမြော်အမြင် မကြီးတာပဲ။ ဘာသာရေး အတုအယောင် သမားတွေဟာ ရှေ့လျှောက်မှာ ပိုဆိုးတဲ့ လုပ်ရပ်တွေ လုပ်ဖို့ ရှိတယ်။ ဘာသာရေး ယုံကြည်မှုကို အသုံးချပြီး စီးပွားရေးတွေ နိုင်ငံရေးတွေလည်း လုပ်ကြမှာပဲ။ ဒီ့ထက် ပိုဆိုးတာတွေလည်း လုပ်ဖို့ရှိတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်တွေကို လျှော့တွက်နေကြတာဟာ လုံးလုံးမှားတယ်။ သူတို့လုပ်ရပ်တွေက လူသားတွေကို မထိခိုက်တောင် မူလဘာသာတွေက အယူအဆ ကျမ်းဂန်တွေ မှေးမှိန်သွားဖို့ ရှိတယ်။

ဒီစကားကို ပိုထင်ရှားရဖို့အတွက် ၁၉၉၅မှာ ဖြစ်ပွားခဲ့တဲ့ ဆာရင်ဓာတ်ငွေ့နဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဥုံရှင်ရီကျိုဂိုဏ်း (Aum Shinrikyo) (ဥုံ-သစ္စာတရားဂိုဏ်း) ကို တည်ထောင်သူ ဂုရုကြီး အာဆာဟာရ ရှိုကိုအကြောင်း ကို ပြန်လေ့လာကြည့်ကြရမယ်။

၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက်နေ့ မနက်ပိုင်း။ ဥုံရှင်ရီကျို ဂိုဏ်းသားတွေက တိုကျိုမြို့မှာရှိတဲ့ မြေအောက် မီးရထားလိုင်းထဲကို ဆာရင်( Sarin) အဆိပ်ငွေ့တွေ လွှတ်ပြီး လူထုကို တိုက်ခိုက်တယ်။ ဒီတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးတယ်။ ၅၄ ယောက် ဒဏ်ရာရတယ်။ လူ ၉၈၀ လည်း အတော်အသင့် ဒဏ်ရာရကုန်တယ်။ အချို့က လူငါးထောင်ထက် မနည်း ထိခိုက် ကုန်ကြတယ်လို့ ပြောကြတယ်။

နောက်တစ်ပါတ်အတွင်းမှာ ဖူဂျီရာမတောင်ခြေက ကာမိကူရှီကီ ရပ်ကွက်ဥုံဂိုဏ်းပိုင် အဆောက်အအုံမှာ ရဲတွေက စစ်လက်နက် ပစ္စည်းတွေနဲ့ ဇီဝပိုးမွှားလက်နက် တွေကို ရှာတွေ့တယ်။ ရုရှားလုပ် MIL Mi-17 ဟယ်လီကော်ပတာ တစ်စင်းကိုတွေ့တယ်။ မကြာပါဘူး.. မတ်လ ၃၀ မှာ ရဲတပ်ဖွဲ့ (National Police Agency) အကြီးအကဲ တာကာဂျီ ကူနီမတ်ဆု ဟာ တိုကျိုနားက သူ့အိမ်အနီးမှာ လေးကြိမ်တိုင်တိုင် သေနတ်နဲ့ အပစ်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ ဒါကို ဥုံ ဘာသာဝင်တွေလုပ်တာလို့ သံသယရှိကြတယ်။ ဂိုဏ်းခေါင်းဆောင် အာဆာဟာရက အဖမ်းမခံရအောင် ရှောင်တိမ်းနေရင်းကပဲ အူကြောင်ကြောင် ခြိမ်းခြောက်မှုတွေ လုပ်တယ်။ မေလငါးရက်နေ့မှာ တိုကျိုက ရှင်ဂျူကူဘူတာမှာ လူ၂၀၀၀၀ ကျော်သတ်နိုင်တဲ့ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်အဆိပ်တွေကို ဖမ်းဆီးရမိတယ်။ ဂုရုကြီးကို မေ ၁၆ ရက်မှာမိတယ်။ သူ့တပည့် ဆယ်ယောက်လောက်ကိုလည်း ဖမ်းမိတယ်။ အဲဒီနေ့မှာပဲ တိုကျိုမြို့ရဲ့ အစိုးရ ရုံးဆီကို ဥုံဂိုဏ်းသားတစ်ဦးက ပါဆယ်ဗုံးတစ်လုံး လက်ဆောင် ပေးပို့လိုက်တယ်။ ကံကောင်းချင်တော့ အတွင်းရေးမှူး တစ်ယောက်ပဲ လက်ပြတ်သွားရုံနဲ့ ကိစ္စပြီးသွားတယ်။ ဂုရုကြီးကို လူသတ်မှု ၂၇ မှုနဲ့ အခြားပြစ်မှုတွေနဲ့ စွဲချက်တင်ပြီး သေဒဏ်ချခံရတယ်။ ဒါပေမဲ့ ဘာလို့ ဒီလိုတွေ လုပ်သလဲဆိုတာ ဘယ်သူမှခုထိ မရှင်းပြတတ်သေးဘူး။

ဒီလိုလူတစ်ယောက်ရဲ့ ဘ၀အခြေအနေကို အများက လေးစားကြရတဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်သူ ရှိုကိုအီဂါဝါ (Shoko Egawa )က ၁၉၉၁ ခုနှစ်မှာတည်းက ဖွင့်ချထားပြီးသား ဖြစ်တယ်။ ဒါကို ကိုးကားပြီး နောက်ပိုင်းမှာ တိုင်းမ်မဂ္ဂဇင်းက သတင်းဆောင်းပါး တစ်ခု ဖော်ပြတယ်။ (တကယ်တော့ ရေးကြတာတွေက အများကြီးပါ) အဲဒီ အချက်အလက်တွေအရ အာဆာဟာရ အကြောင်းကို ပိုပိုပြီး သိလာရတယ်။ အာဆာဟာရကို ကျူရှူးကျွန်းမှာ ၁၉၅၅ မှာမွေးတယ်။ မွေးကင်းစတုန်းက မျက်လုံးတစ်လုံး မမြင်ရဘူး။ ကျန်တဲ့တစ်လုံးကတော့ နည်းနည်း မြင်ရတယ်။ ဒါကြောင့် အသက်ခြောက်နှစ်မှာ အာဆာဟာရဟာ မျက်မမြင်ကျောင်းမှာ ကျောင်းတက်ရတယ်။ ဘွဲ့ရပြီးတဲ့နောက် အပ်စိုက်ကုတစ်ယောက်အနေနဲ့ ကူမာမိုတိုမှာ အသက်မွေးတယ်။ နောက်တော့ တိုကျိုမြို့ကို ပြောင်းသွားတယ်။ နောက်ဆုံးတော့ ဖူနာဘာရှီမှာ အိမ်ခန်းငှားပြီး နေတယ်။ ၁၉၇၈ မှာ ကောလိပ်ကျောင်းသူ တစ်ယောက်နဲ့ လက်ထပ်ပြီး တရုတ်တိုင်းရင်းဆေးတွေ ဖော်စပ်ရောင်းချတယ်။ ၁၉၈၂ မှာ ဆေးဝါးအတုတွေ ရောင်းချမှုနဲ့ အဖမ်းခံရတယ်။ အဲဒီဖြစ်ရပ်က သူ့ဘ၀အလှည့်အပြောင်းကို ဖြစ်စေတော့တယ်။ သူပြန်လွတ် လာတော့ ဆေးဖော်ရောင်းဖို့ မဖြစ်နိုင်တော့တာ တွေ့ရတယ်။ မူလနေရာမှာလည်း ဆက်နေလို့ မဖြစ်တော့လို့ နယ်သစ်ပယ်သစ်နဲ့ အလုပ်အကိုင်သစ်ကို ရှာဖွေဖို့ တမြို့တရွာကို ထွက်လာခဲ့တယ်။

၁၉၈၄ မှာ အနာဂတ်ရဲ့ တမန်တော်လောင်းလျာကြီးဟာ စီးပွားရေးအကွက်အကွင်း တစ်ရပ်ကို မြင်တယ်။ အဲဒါကတော့ အောင်မြင်တဲ့ ယောဂသင်တန်းကျောင်း ဖွင့်လိုက်ခြင်းပါပဲ။ သူ့တပည့်ဟောင်း တစ်ယောက်ကတော့ ပြောတယ်။ "ကျုပ်တို့ဟာ အာဆာဟာရရဲ့ တပည့်တွေ မဟုတ်ပါဘူးဗျာ။ အဖွဲ့ဝင်တွေသာ ဖြစ်ပါတယ်" ဒီလိုဆိုတယ်။ ဂုရုတွေပေါ်ပေါက်ဖို့ အချိန်ကာလက ရင့်မှည့်လာပြီ ဆိုရမယ်။ ၁၉၇၀နဲ့ ၈၀ အတွင်းက ကဆုန်ဆိုင်းပြေးနေတဲ့ ဂျပန်နိုင်ငံရဲ့ အံ့စဖွယ် စီးပွားရေးက ဂျပန်လူမျိုးတွေကို ရုပ်ဝတ္ထုတွေအပေါ် ငြီးငွေ့မှုတွေ ဖြစ်စေတယ်။ ဒီမှာတင် အာဆာဟာရရဲ့ "ဘာသာသစ်"ဟာ ၀ုန်းကနဲ ဒိုင်းကနဲ ပေါ်ပေါက်လာတယ်။ ဘာသာသစ်က ရုပ်ဝတ္ထုတွေအပေါ် ငြီးငွေ့မှုတွေကနေ စိတ်သက်သာရာ ရစေမယ်လို့ ကမ်းလှမ်းတယ်။ ဘာသာသစ်ရှင်ရဲ့ ဥပဓိရုပ်ကလည်း ကြည်ညိုစဖွယ် ရှိတယ်။ ရေငတ်သူတွေ ရေတွင်းထဲ ကျသလို ဖြစ်ကြရတာပေါ့။ အချို့ကတော့ ဒီတရားမှ ဒီတရား ဒီလိုဖြစ်ကုန်ကြတယ်။

ဟိမ၀န္တာက အပြန်မှာ အာဆာဟာရက သူ့ကိုယ်သူ အမှန်တရားကို ထိုးထွင်းသိမြင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ဖြစ်တယ်(မဟာယာနကျမ်းလာ ရုတ်တရက်ဥာဏ် အလင်းရမှု- ဂျပန်လို ဆတောရီရပြီ) လို့ ကြေငြာတယ်။ ဈာန်ပျံလို့လည်း ရတယ်လို့ ဆိုတယ်။ သူသိတဲ့ အသိဥာဏ်တွေကို ဟောပြောပြမယ် လို့ ကြေညာမောင်းခတ်တယ်။

၁၉၈၇ မှာ အာဆာဟာရက ဥုံမဖောက်မပြန်မှန်ကန်တဲ့သစ္စာတရား (ဥုံရှင်ရီကျို) ကို တည်ထောင်တယ်။ မကြာမီပဲ သူ့ကိုယ်သူ ယနေ့ခေတ် ခရစ်တော်အသစ်၊ ရာစုနှစ်ရဲ့ တမန်တော်လို့ ကြေညာတယ်။ သူ့အသင်းသားတွေဟာ ဂျပန်မှာ တော်တော်မြန်မြန်ကို ပျံ့နှံ့ကုန်တယ်။ မကြာမီ ယူအက်စ်နဲ့ ဂျာမနီကိုပါ ပြန့်နှံ့တယ်။ သေချာတာပေါ့။ ရုရှားလည်း ပါတယ်။ အာဆာဟာရဟာ ရုရှားနိုင်ငံ မော်စကိုမြို့ အားကစားရုံတစ်ခုမှာ လူပေါင်း တစ်သောင်းငါးထောင်ရဲ့ ရှေ့မှာ တရားဟောဖူးတဲ့ သူတစ်ယောက် ဖြစ်တယ်။

သူ့ဘာသာဟာ အခြေခံအားဖြင့်တော့ ဗုဒ္ဓဘာသာပါပဲ ဒါကို ခေတ်နဲ့လျော်ညီအောင် ခရစ်ယာန်ဘာသာတို့၊ တရားထိုင်နည်းတို့၊ ယောဂတို့နဲ့ မွမ်းမံ ပြင်ဆင်ထားတာပေါ့။ ဂုရုကြီးရဲ့ တရားတွေမှာ ကမ္ဘာပျက်မယ် ဆိုတာလည်း ပါတယ်။ သူက ၁၉၉၇ နဲ့ ၂၀၀၀ ကြားမှာ ကမ္ဘာပျက်မယ်လို့ ဆိုတယ်။ သူဟာ တပည့်တွေရဲ့ အထက်မှာ ထိုင်တယ်။ သူ့ကို ရှိခိုးရတယ်။ ခြေမကို နမ်းရတယ်။ ဒီလိုအရှိန်အ၀ါတွေနဲ့ အာဆာဟာရဟာ သူ့ပွဲဦးထွက် ခြေလှမ်းတွေကို ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့ပြီး သူ့နောက်ပိုင်း လုပ်ရပ်တွေကို မခန့်မှန်းသာအောင် ဖုံးကွယ်ထားနိုင်ခဲ့တယ်။ နောက်ဆုံးတော့ သူအမှားတွေ လုပ်တယ်။ ဒါအတွက် သေဒဏ် ပေးခံရတယ်။ ဒါနဲ့ပဲ ဇာတ်သိမ်းသွားပြီလား ဆိုတော့ လောလောဆယ် ဒီလိုပဲ ပြောရတော့မှာပဲ။ သူတည်ထောင်ခဲ့တဲ့ ဘာသာကတော့ သုံးနှစ်လောက် စောင့်ကြပ်ထိန်းသိမ်းမှုခံခဲ့ရပြီး အခုတော့ အမည်တမျိုးနဲ့ ဆက်လက် ရှင်သန်နေတယ်။

၁၉၉၅ မတိုင်မီက အာဆာဟာရ စည်းရုံးခဲ့တာလေး တစ်ခု ကြားဖူးတယ်။ "သင်တို့ထိုင်နေတဲ့နေရာကို ညူကလီးယားဗုံးပဲ ပြုတ်ကျလာပါစေဦး၊ သင်တို့အလွယ်တကူ ခုခံလို့ရတယ် အရည်ကြည် တံတိုင်းတစ်ခုကို ကာထားလိုက်ရုံပဲ။ ဒါတွေက စိတ်တန်ခိုးရှိရင် တကယ်လုပ်လို့ ဖြစ်ပါတယ် " ဒီလိုကို ပြောခဲ့တာ။ ဒီလိုတောရမ်းမယ်ဖွဲ့ ဟောပြောနေတာကိုလည်း လူတွေက တကယ်ယုံကြည်ကြတာပဲ။ ဂျပန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ဘာသာပေါင်း ၁၈၃၀၀၀ ရှိတယ်။ ဘာကြောင့် ဘာသာတွေ ဒီလောက်များနေရသလဲ ဆိုတာကို လေ့လာရေးသားရရင် ဒုတိယမ္ပိ ဆောင်းပါးတစ်ပုဒ် ထွက်လာမယ်။ မြန်မာပြည်အနေနဲ့ အဲဒီလောက် ဘာသာအသစ်တွေ များများ မလိုဘူး။ ဒါ့ထက် အရေးကြီးတာက ထေရ၀ါဒဗုဒ္ဓဘာသာကို ကချော်ကချွတ် ဟောပြောတာတွေ လုပ်နေတာကို ဗုဒ္ဓဘာသာဝင်တွေက လက်ခံလို့ မဖြစ်ဘူး။ တုံ့ပြန် ရှင်းလင်းသင့်တာကို ဖြေကြားရှင်းလင်းကြဖို့ ဗုဒ္ဓဘုရားက မိန့်မှာကြားထားတာ ရှိတယ်။ ဒီမိန့်မှာကြားချက်ကို လိုက်နာသော အားဖြင့် မဟုတ်မမှန် ဟောပြော နေကြတာတွေကို အစွမ်းကုန် တားဆီးကြရမှာ ဖြစ်တယ်။

ဒါပေမဲ့ မဟုတ်တာတွေကို ရှင်းဖို့ဆိုတာ ဝေဖန်သဘောတရားရေး တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ အာဏာစက်နဲ့ အမြော်အမြင်က ကောင်းကောင်း လိုတယ်။ ဒါတွေကိုလည်း အသုံးပြုရမယ်။ တခါ အာဏာစက် ကောင်းကောင်း လိုအပ်တာ မှန်ပေမဲ့ မမှန်ကန်တဲ့ တရားအမှိုက် တွေကို ရှင်းလင်းဖို့ အခရာအကျဆုံးဟာ ဝေဖန်ရေးနဲ့ သဘောတရားတွေပဲ ဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက် ကြရမယ်။ မှန်ကန်တဲ့ ဝေဖန်ရေး လုပ်နိုင်ရင် အာဏာစက်ဟာ နောက်က ကပ်လျက် ပါလာမှာပဲ။ ဒီလို အာဏာစက်ကို သုံးရင် မုန်းတဲ့သူတွေ ပေါ်လာမှာပဲ။ ဝေဖန်ရေးတွေ လုပ်ရပြီဆိုရင်လည်း အဝေဖန်ခံရတဲ့ အဖွဲ့တွေက လတ်တလော အနေအားဖြင့် မနှစ်မြို့တာတွေ ပြလာကြလိမ့်မယ်။ ဒါပေမဲ့ ဒါတွေကို ငဲ့နေလို့ မဖြစ်ဘူး။ လုပ်သင့် လုပ်ထိုက်တာကို လုပ်ကြရမှာပဲ။ ဒီလိုနဲ့ နှစ်ပေါင်း တော်တော်ကြာလာရင် မနှစ်မြို့တဲ့ သူတွေဟာလည်း နှစ်မြို့တတ် နားလည်တတ် လာမှာပဲ ဖြစ်တယ်။ အခု ကျော်မြသန်းတို့ကို ကျုပ်တို့ ကျေးဇူးတင်သလို ဝေဖန်သူတွေ ၀ိနိစ္ဆယပြုသူတွေကို ကျေးဇူးတင်လာကြလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်... အမှန်တရားကို အမှန်တရားလို့ ရိုးရိုးပြောရင် ကိစ္စမရှိဘူး။ အမှန်တရားရှေ့မှာ ကွန့်ညွန့်ပြီး ဥုံအမှန်တရားလို့ ဟောပြောပြီဆိုတာနဲ့ သံသယ ထားကြရလိမ့်မယ်။ ဆန်းပြားတဲ့တရားဟာ လိမ်ညာမှု ဖြစ်နိုင်သလို ရာဇ၀တ်မှု တစ်ရပ်လည်း ဖြစ်နိုင်တယ်ဆိုတာ အားလုံး ဗဟုသုတရှိကြပြီး ဖြစ်သကိုး။




(၀ရဇိန်-ပျဉ်းမနား)

Ref:
http://en.wikipedia.org/wiki/Shoko_Asahara
http://en.wikipedia.org/wiki/Aum_Shinrikyo
http://www.time.com/time/magazine/article/0,9171,982749,00.html





Reblog this post [with Zemanta]
Read more ...

February 15, 2010

အဓမ္မ၀ါဒီ

အရှင်ကောဝိဒ (ယော) | 3:12 AM | | | | Be the first to comment!
used booksImage by babblingdweeb via Flickr


ထိုဆရာ တပည့်ဒွယ
သိသမျှ လမ်းစဉ်၊
ပိဋက ကျမ်းမ၀င်သည်
အဆန်းထင် ထွင်ကြ။
ဘုရားဟော ပရမတ်ခန္ဓာ
ဝိပဿနာ မရှုနဲ့ဆိုကြ။
အတွေးရိပ် အမှုမမှန်
အရှုခံ သင်ပြ။
အတုဉာဏ် အမြင်မျှနှင့်
ကြံဆလို့ လာဘ်မျှော်၊
ကျမ်းမလာ ကျမ်းလာပြ
ဆန်းပါမှ လူထဲထင်ပေါ်။
ကျမ်းစာအရ တစ်မူကွဲဖော်သည်
အယူလွဲချော် သစ္စာဖွဲ့တော့
ဒေသနာနဲ့ လုံးဝဥဿုံမလျော်
ဖုံးသမျှ အရှုပ်အကုန်ပေါ်
ကပိလထုံးကို မြော်လျှင်
အရှုံးမတော် ရှုးရှာလိမ့်လေး။ ။
ဉာဏ်ဝင်း (ပင်လည်ဘူး)
Reblog this post [with Zemanta]
Read more ...

November 22, 2009

ဓမ္မစေတီ၏ဟောတရားအမှားများ (အပိုင်း-၆-)

သျှင်သာမိ - မုံရွာ | 11:29 PM | | | Be the first to comment!
ကလောင်ရှင်= မစိုးရိမ်စာသင်သား
`ဓမ္မစေတီ´အမည်ရှိခွေပါအမှတ်(၁၅)ပုဒ်၌ ဦးကောသလ္လ’က ဤသို့ ဟောထားပါသည်။

"ဒီနေရာမှာ... ဓမ္မစေတီ ဆရာစဉ်ဆက်တို့ရဲ့ တိဟိတ်လို့ ယူဆပုံကိုလဲ ပြောပါ့မယ်။ မြန်မာနိုင်ငံမှာ... ရှိရှိသမျှ ဆရာတော်များက လဲ သူတို့ကိုယ်သူတို့ `တို့က ဒွိဟိတ်။ ဒီဘ၀တော့ တရားမရနိုင်ဘူး`လို့ ဆုံးဖြတ်ချက်ချကြပါတယ်။`.ဒါပေသိ-ဘုန်းကြီးများရဲ့ ဆရာတော်ကြီးက စကားတစ်ခွန်း ပြောလိုက်ပါတယ်။ ပဋိသန္ဓေတုန်းကတော့ ဒွိဟိတ် ဖြစ်ချင်ဖြစ်မယ်။ ဆရာကောင်း သမားကောင်းနဲ့ တွေ့၍ တရား ဘာဝနာလုပ်သောအခါ ပ၀တ္တိမှာ တိဟိတ်ဖြစ်ခွင့် ရှိပါတယ်။ အလွန်ရှားပါးတဲ့  ဆုံးဖြတ်ချက်ပဲ ။ `ဒီဆုံးဖြတ်ချက်က-ဒီနေ့ဝိပဿနာလောကကြီး၊ တရားဓမ္မလောကကြီးအတွက် (အရေးကြီးလှပါတယ်။) ဒီဆုံးဖြတ်ချက်သာမချခဲ့ရင် သူတို့ လူထွက်ကြရတော့မှာ။ မိန်းမယူရတော့မှာ။ ...တို့ဆရာတော်ကတော့ ပဋိသန္ဓေတိဟိတ်၊ ပ၀တ္တိတိဟိတ်။ ဒါ- ကီး။"

"အဲဒါ ပစ္ဆိမဘ၀ိကသားနဲ့ ဗုဒ္ဓလောင်းပါ။ မွေးတုန်းက ဒွိဟိတ်။ ပ၀တ္တိမှာ တိဟိတ်။ အဲဒီဇာတ(မွေးရာပါ) တိဟိတ်ကို ကျုပ်တို့ မသိနိုင်ဘူး။ ကျုပ်တို့ သိနိုင်သည့် တိဟိတ်မှာ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိကိန်းအောင် တရားအားထုတ်သော ပုဂ္ဂိုလ်များပါ။"

"ဘုန်းကြီးများရဲ့ဆရာတော်တွေကပ၀တ္တိတိဟိတ်ဖြစ်ရင် တရားရတယ်လို့ ယူဆကြတယ်။ ပစ္ဆိမဘ၀ိကသား ဆိုတာ ဒီဘ၀ သောတာပန်မတည်ဘဲ မသေဘူး။ တရားရကို ရတယ်။"


ဖြေရှင်းချက်............


အထက်ပါတို့သည် အင်္ဂုတ္တိုရ်ပါဠိတော်၊ ဆက္ကနပါတ်၊ သီတ၀ဂ်၊ အာဝရဏသုတ်၊ ၀ိဘင်းပါဠိတော်၊ ဥာဏ၀ိဘင်း။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၊ မဟာဝဂ်။ ပုဂ္ဂလပညတ် ပါဠိတော်။ ထိုထိုအဋ္ဌကထာများ အားလံုးနှင့် ဆန့်ကျင်ြကပါသည်။ အကျယ်သိလိုပါက မြတ်ပန်းရဂုံရုပ်စုံ ဓမ္မစာစောင်၊ အမှတ်-၂၁၁၊ ဧပြီလ၊ ၂၀၀၉-ခုနှစ်၌ ပါရှိသော အရှင်ကောဝိဒ(ယော)၏ `တိဟိတ် ကိစ္စ´ ဆောင်းပါးကို  ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ ဤနေရာတွင် လိုရင်းတစ်ချက် လောက်သာ ဝေဖန်လိုက်ရလျှင်

`မြတ်ဗုဒ္ဓ၏ ပါဠိတော်များ၊ ရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာများကို ပစ် ပ ယ် ထားသည်´ ဟူ ၍ သာ ဖြစ် ပါသည် ။ အကယ်၍ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတုနင့် ညီညွတ်လျှင် အကိုးအကား အခိုင်အမာ ပြသင့်ပါသည်။

`ဘုန်းကြီးများရဲ့ အာစရိယ၀ါဒ´ဟုသာ ကိုးကားပြ၍ မရနိုင်ပါ။ မှန်၏။ ၄င်းဥက္ကံသဗုဒ္ဓိသည် အဓမ္မ၀ါဒီ ဖြစ်သည်။ ရှေ့တွင် ဖော်ပြခဲ့ပြီးပါပြီ။

မှာထားချက်။ ။ အထက်ပါ တိဟိတ်ဆုံးဖြတ်သည့်အရာတွင် ၀ိဇ္ဇာဥာဏ်-သမ္မာဒိဋ္ဌိ-ကိန်းအောင် တရား အားထုတ်နိုင်သော ပုဂ္ဂိုလ်ဟူ၍ သုံးထားပါသည်။ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိအရ အဘယ်ကို ယူရမည်နည်းဟု မေးလျှင်  အကြောင်းခန္ဓာ (အတွေးပုံရိပ်-ပညတ်)ကို သိမြင်သောဥာဏ် ဟူ၍ ယူရပါမည်။ ထို့ကြောင့် ၀ိဇ္ဇာဥာဏ် ဟူသည်မှာ မိစ္ဆာဥာဏ်သာတည်း။


"ဓမ္မစေတီ"အမည်ရှိခွေ ပါအမှတ်(၁၇)ပုဒ် ၌ ဦးကောသလ္လက ဤသို့ ဟောထားပါသည်။

"ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတဲက ထေရ၀ါဒလမ်းကြောင်းပေါ်သို့  မျိုးစေ့ချ၊ စိုက်ပျိုးပေးခဲ့သော အဖေဦးသန်းမြင့်၊ အမေဒေါ်တင်လှ တို့ကို ပထမကျေးဇူးစကား ဆိုပါ၏။ ထိုထေရ၀ါဒမျိုးစေ့ကို ရေလောင်း ပေါင်းသင်၍ ကြီးပွားအောင် သန့်ရှင်းတဲ့ အပင်ကလေး တစ်ပင် ဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ ဆရာတော် ဦးဥက္ကံသဗုဒ္ဓိကို ဒုတိယကျေးဇူးစကား ဆိုပါ၏။ `ဤ´ "ထေရ၀ါဒဗုဒ္ဓသာသနာ အရှေ့တောင်အာရှသို့ ရောက်ရှိလာပုံ" ခေါင်းစီးကို အတည်ပြုပေးသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို တတိယ ကျေးဇူးစကား ဆိုပါ၏။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကို အားလုံးသော ပုဂ္ဂိုလ်တွေက ပထမနေရာမှာ ထားကြတယ်။ ကိုယ် ကတော့ မရဘူး။ မထားဘူး။ ကိုယ်က နဂိုကတည်းက ထေရ၀ါဒကို ကိုယ့်အမေ အဖေက ပေးတာ။

ပြီးတော့မှ သူတို့ သံဃမဟာနာယကအဖွဲ့က `ဟာ ဒီခေါင်းစဉ် သိပ်ကောင်းတာ´လို့ အသိအမှတ်ပြု ပေးတာ။ ဘုန်းကြီးက တောင်းထားတာကို သူတို့က အသိအမှတ်ပြုတာ ဖြစ်ခြင်းကြောင့် သူတို့ကို တတိယ နေရာသို့ ပို့လိုက်ပါတယ်"

ဦးသန်းမြင့်+ဒေါ်တင်လှ၊ ဦးဥက္ကံသဗုဒ္ဓိတို့ ထံမှ ဓမ္မစေတီဦးကောသလ္လ ရရှိထားသော ထေရ၀ါဒသည် အဓမ္မ၀ါဒ ဖြစ်သော ထေရ၀ါဒ ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင်တို့ ရရှိထားသော ထေရ၀ါဒသည် ဓမ္မ၀ါဒ ဖြစ်ပါသည်။

ကလောင်ရှင်=မစိုးရိမ်စာသင်သား
Read more ...

November 21, 2009

မြန်မာတစ်ပြည်လုံးမှာဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်တွေ အ၀ီစိရောက်ကြမည်ဟူသောဟောပြောချက်..(အပိုင်-၅-)

သျှင်သာမိ - မုံရွာ | 11:46 PM | | | Be the first to comment!
ကလောင်ရှင်=မစိုးရိမ်စာသင်သား

`ပါသာဒိကသုတ်´ အမည်ရှိခွေထဲတွင် ဒုတိယခွေ၌ ဓမ္မစေတီ က ဤသို့ ဟောထားပါသည်။


(က)"ဘုန်းကြီး များက ထေရ၀ါဒ ဒဿနသမ္ပဒါနည်း ဆြိုပီး နည်းတစ်ခုနဲ့ ဟောပါတယ်။ ဒီကနေ့ မြန်မာ တစ်ပြည်လုံး မှာ ၀ိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ များသောအားဖြင့် ဘာဝနာသမ္ပဒါ နည်းနဲ့ လုပ်နေကြတော့ အကျိုးသတ် သမားတွေဖြစ်ပြီး ဥစ္ဆေဒဒိဋ္ဌိသမားတွေ ဖြစ်နေကြလို့ သေရင် အ၀ီစိ ရောက်ကြရမယ့် သူတွေချည်း ပါပဲ ။ ဘုန်းကြီးတို့က နဲနဲကလေးပဲ (ဟောမှာပါ။) အကုန်မဟောပါဘူး။ ကိုယ့်ဆရာသမားများက ပေးခဲ့တဲ့...(နည်းတွေပါ။) ဆရာတော် ဦးဥက္ကံသဗုဒ္ဓိပေါ့။ (အဲဒါ) ဒီဆရာတော် ဦးစန္ဒောဘာသတို့ရဲ့ ဆရာပေါ့။ အဲဒီ ဆရာတော် (ဥက္ကံသဗုဒ္ဓိ)က ပေးခဲ့တဲ့ အရိယသစ္စာနည်းရယ်၊ သတိပဋ္ဌာန်နည်းရယ်၊ ပဋိစ္စသမုပ္ပါဒ်နည်းရယ်၊ ပဋိသမ္ဘိဒါနည်းရယ်၊ ပဋ္ဌာန်းနည်းရယ်လို့ နည်း(၅)နည်း ရှိပါတယ်။

(ခ) `ဒီတော့ ဒီကနေ့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေကို ဘုန်းကြီးများက မေးကြည့်ပါတယ်။ လူတိုင်းကို မေးပါတယ်။ ဟေတုပစ္စယော...(ပ)...အ၀ိဂတပစ္စယော။ ဒီ (၂၄)ပစ္စည်းထဲမှာ ယူတယ် လှမ်းတယ်လို့ ပါသလား။ (မပါဘူးဗျ။) မပါဘဲ တရားရတယ် ။ (မှတ်ထား-မှတ်ထား။)

(ဂ) "ဘုန်းကြီး တို့ တရားဟောတာကို သတိပဋ္ဌာန်လည်း မပါဘူးလို့ ပြောကြတယ်။ ဘာလို့ မပါရမှာလဲ။ ငါက သတိပဋ္ဌာန်လဲ ဟောတယ်။ ဓမ္မာနုပဿနာ=ဥပါဒါနက္ခန္ဓာကို ဟောတယ်။ ဓမ္မာနုပဿနာကို ဘယ်လိုရှုလဲဆိုရင် ပဉ္စသုဥပါဒါနက္ခန္ဓသု။ ဒါပဲ။ အခု အဲဒါတွေကို မပြောပါဘူး။ အရိယသစ္စာနည်းက ဓမ္မစကြာက လာတယ်။ သတိပဋ္ဌာန်နည်းက မဟာသတိပဋ္ဌာနသုတ်က လာတယ်။ ပဋိစ္စသမုပ္ပါဒ်နည်းက ပြောစရာ မလိုပါဘူး။ ပဋိသမ္ဘိဒါနည်းကျတော့ ဗမာပြည်မှာ ဟောတဲ့ ဘုန်းကြီးက ရှားပါတယ်။ ဖဿ၌ သိသောဥာဏ်သည် အတ္ထပဋိသမ္ဘဒါ မည်၏။ ဖဿ၏ အကြောင်း၌ သိသောဥာဏ်သည် ဓမ္မပဋိသမ္ဘိဒါ မည်၏။ အဲဒီအထဲမှာ ကေသာ=ဆံပင်ဆိုတာ တွေလဲ မပါပါ။ ယူတာ လှမ်းတာ ကြွတာ တွေလဲ မပါပါ။

(ဃ) `ဘုန်းကြီးတို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဦးစန္ဒောဘာသက တရားဟောနေတာ နှစ် ၂၀-ကျော် ရှိပါပြီ။ မှတ်တမ်းတင်ထားတာက မရှိဘူး။ ဒါကြောင့်မို့ ဦးစန္ဒောဟောသမျှတို့ကို မှတ်တမ်းတင်ဖို့ ပြောပြီး မှတ်တမ်းတင် ကြရပါတယ်။ ခုဆိုရင် ဦးစန္ဒောဟောထားတာတွေ တော်တော် မှတ်တမ်းရှိလာပါပြီ။`ဒီထေရ၀ါဒဒဿနသမ္ပဒါနည်းနဲ့ ဟောထားတဲ့ တရားခွေကို အပေါ်မှာထားပြီးတော့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးက အောက် က နေ ကျုံ့  ကျုံ့  ကလေးနဲ့  ထိုင်ပြီး နာယူတယ် ။ အဘိဓဇ ဆရာတော်ကြီး တွေက နာယူကြတယ်။ အဲဒါ...။

(င) `ဦးကောသလ္လ’သည် စာတတ်ပါတယ်။ တရားဟောပါတယ်။ ဒါပေသိ-တဏှာကျော့ကွင်းမှလဲ မလွတ်သေးပါ။ မိစ္ဆာဒိဋ္ဌိကျော့ကွင်းမှလဲ မလွတ်သေးပါ။ ငါက စာတတ်တယ်။ အသက် ၄၀-နဲ့ ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်ခဲ့တယ် ဆိုတဲ့ မာနကျော့ကွင်းမှလည်း မလွတ်သေးပါ။ ခုချန်ထိတော့ ချောတိုင်ထိပ်မှာပဲ ရှိတယ်။ ချောတိုင်ပေါ်က လျှောမကျသေးပါဘူး။ `ဦးစန္ဒောဘာသ' က ဘုန်း ကြီး တို့ ဆရာပါ။ ဆရာတော် ဦးသောဘနဆိုတာလဲ ဆရာသမားပါပဲ။

"မယံ၊ တပည့်တော်=ထေရ၀ါဒီတို့ သည်။ တဏှာပါသေဟိ၊ လိုချင်တဲ့ တဏှာကျော့ကွင်းတို့မှလည်း။ ၀ိမုစ္စန္တိ၊ လွတ်ကြပါကုန်၏။ ဒိဋ္ဌိပါသေဟိ၊ အယူမှားတဲ့ ကျော့ကွင်းတိုမှလည်း။ ၀ိမုစန၊္တိ လွတ်ြကပါကုန်၏။ မာနပါသေဟိ၊ ...။ ဣဿမစ္ဆရိယ ပါသေဟိ၊..." ဦးကောသလ္လကို ကြည့်။ ဦးကောသလ္လ’က ကျော့ကွင်းတွေထဲမှာ မရှိဘူး။ လွတ်ကင်းနေတယ်။

(စ) "ဟိုလွန်လေပြီး သော ၂၆-နှစ်လောက်က ရေမြုပ်တဲ့အထဲမှာ ထေရ၀ါဒတရားတွေကို ကျားကုတ်ကျားခဲ လုပ်ခဲ့တဲ့ ဦးစန္ဒောဘာသကို ရှိခိုးပါတယ်။ ဦးစန္ဒောဘာသဆိုတာ...မြောက်ဥက္ကလာမှာ ဘုန်းကြီးတယ်။ ဒီဂုဏ်တွေကို ရှိမခိုးပါဘူး။ `ဦးကောသလ္လ’ဆိုတာကလဲ ငမိုးရိပ်ချောင်းဘေးက သဲတောထဲမှာ ဦးစန္ဒောတို့၊ ဦးရှမ်းတို့၊ တရားသင်တန်းလာတက်ကြတဲ့ ဆရာတော်တွေ၊ ဒီဆရာတော်တွေရဲ့ ထွေးခံဆေးရင်း ကြက်သွန်လှီးရင်း ထေရ၀ါဒကို ရခဲ့တဲ့ဘုန်းကြီးပါ။

(ဆ)"အခုဆိုရင် ဆရာတော်ဦးဣန္ဒောဘာသ မရှိတော့ဘူး။ ဆရာတော်ဦးဥက္ကံသဗုဒ္ဓိ မရှိတော့ဘူး။ ဆရာတော် ဦးဧသိက မရှိတော့ဘူး။ ဘုန်းကြီးတို့အလှည့် ရောက်လာပါပြီ။ ဘုန်းကြီးဆိုလိုတဲ့ သဘောကို ခင်ဗျားတို့ သဘောပေါက်ပါတယ်နော်။ ထေရ၀ါဒ သာသနာတော်ကို ခက်ခက်ခဲခဲ တည်ထောင်ရပါတယ်။ ဆရာတော် ဦးနာရဒ ဆိုရင် "ညစာခိုး စားတယ် ။ ဒကာမနဲ့ တွဲသွားတယ်" လို့ ဆရာကြီး (ဦးမြင့်သိန်း)ဆီ တရားလိုက်တုန်းက အပြောခံရတယ်။ အံမယ်လေး။ တို့လဲ အပြောခံ ရတာပဲ။ အဲသလိုမျိုး ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရတဲ့  ထေရ၀ါဒသာသနာတော် ကြီး ...။ အခု ထိုက်သင့်သလောက်ပေါ့။ ပြန့်သင့်သလောက်လဲ ပြန့်ပါတယ်။ ပွားသင့်သလောက်လဲ ပွားပါတယ်...။

အဲဒါကြောင့်မို့ မပယ်သင့် မပယ်ထိုက်တဲ့ခန္ဓာကို ပယ်ရင်သတ်ရင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တယ်။ ပယ်သင့်ပယ်ထိုက်တဲ့ခန္ဓာကို လက်ထဲမှာ သိမ်းထားရင် သဿတဒိဋ္ဌိ ဖြစ်တယ်။

ဝေဖန်ဖြေရှင်းချက် အကျဉ်း။

(က)၌ အဓမ္မ၀ါဒဖြစ်သော ထေရ၀ါဒ ... နည်းဟု မှတ်ပါ။မြန်မာပြည်ရှိ တရားသမားတွေအရ မဟာစည်ဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မင်းကွန်းဆရာတော်ကြီး တို့ပါ ဥစ္ဆေဒဒိဋ္ဌိသမားများဖြစ်၍ အ၀ီစိကျ-ဟု ဆိုထားပါသည်။

(ခ)ဖြင့် မဟာသတိပဋ္ဌာနသုတ်လာ ကာယာနုပဿနာ-ဣရိယာပထပဗ္ပနှင့် သတိသမ္ပဇညတို့ကို ပယ်ချထားသည်။ စဉ်းစားကြည့်ကြပါ။ မြတ်ဗုဒ္ဓ၏ တရားတွေကို ဖျက်ဆီးသူပါလား။

(ဂ)၌ ဓမ္မာနုပဿနာကို ဥပါဒါနက္ခန္ဓာဟု ဆိုထားရာ ၄င်းဥပါဒါနက္ခန္ဓာဟူသည် အတွေးပုံရိပ်(ပညတ်)ကို ဆိုလိုခြင်းကြောင့် အမှားသာတည်း။ ပဋိသမ္ဘဒါနည်းမှာ သာသနာနှစ် ၁၀၀၀- အတွင်း မှာသာလျှင် ရှိကောင်းသောနည်း (၀ါ) ပဋိသမ္ဘိဒါဥာဏ်ဖြစ်၍ အရိယာဖြစ်သူသည် ပါရမီကြီးသူဖြစ်၍ သာသနာနှစ် ၁၀၀၀-နောက်ပိုင်းမှာ မရှိနိုင်တော့ပြီဟူ၍ အင်္ဂုတ္တိုရ်အဋ္ဌကထာ (ပ-အုပ်၊၆၇။ဋီကာ-ပ-အုပ်၊ ၁၁၈)တို့၌ ရှိပါသည်။ ထို့ကြောင့် ဓမ္မစေတီတို့၏ ပဋိသမ္ဘိဒါနည်း အယူဝါဒများ အားလုံးသည် အသက်မပါသော ကိုယ်သာတည်း။ ထို့ကြောင့် မြန်မာပြည်က ကျားသေကို အသက်သွင်းမှု မပြုဘဲ လက်ခံရုံသာ လက်ခံပါသည်။ ဤ(ဂ)ဖြင့်လည်း မဟာသတိပဋ္ဌာနသုတ်လာ ဒွိတ္တိံသကာယနှင့် ဣရိယာပထတို့ကို ပယ်သည်။

(ဃ)၌ ဆရာတော်ကြီး များကို အလွဲသုံးစားပြု၍ လူတို့ကို လှည့်စားထားကြောင်း တွေ့ရပါသည်။ ဘွဲ့အမည်၊ ကျောင်းတိုက်၊ မြို့ရွာ ရပ်ကွက် အတိအကျဖြင့် ပြောမှသာလျှင် ယုံလောက်ပါသည်။ အဆိုပါ ဘွဲ့ရဆရာတော်ကြီးများသည် (ပညာတတ်ဖြစ်လျှင်) အဓမ္မ၀ါဒတို့ကို မနာကုန်ရာ။

(င)တွင် `ကျော့ကွင်းတို့မှ မလွတ်သေးပါ။ ....ကျော့ကွင်းတို့မှ လွတ်ပါသည်´ ဟူ၍ ဟောထားရာ ဘယ်လောက်များ ရှေ့နှင်နောက် တည့်နေပါသနည်း။ ပိဋကတ်သုံးပုံ ဆောင်နိုင်လျှင် တိပိဋကဘွဲ့ ရရှိအောင် ၀င်ပြန်လိုက်ပါတော့လား။

(စ) ဖြင့် ဓမ္မစေတီတို့၏ ထေရ၀ါဒသည် သင်္ဂါယနာ(၆)တန်ဝင် ထေရ၀ါဒ-မဟုတ်-ဟု ပြသည်။

(ဆ)၌ အထူးရှင်းပြစရာ မရှိပါပြီ။ အဓမ္မ၀ါဒဖြစ်သော ထေရ၀ါဒအဖွဲ့ အစည်းအကြောင်း သတင်းစကားမျှသာ ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းက မည်သို့ လုပ်ဆောင်နေကြသနည်း။ "ဆရာတော် ဦးနာရဒ ဆိုရင် `ညစာခိုးစားတယ် ။ ဒကာမနဲ့ တွဲ့သွားတယ် လို့ ဆရာကြီး (ဦးမြင့်သိန်း)ဆီ တရားလိုက်တုန်းက အပြောခံရတယ်။ အံမယ်လေး။ တို့လဲ အပြောခံ ရတာပဲ။"


ကလောင်ရှင်=မစိုးရိမ်စာသင်သား
Read more ...

ဓမ္မစေတီ၏ဟောတရားအမှားများနှင့် သူ၏ဆရာများ(အဆက်-အပိုင်း-၄)

သျှင်သာမိ - မုံရွာ | 1:14 AM | | 2 Comments so far
ကလောင်ရှင်=မစိုးရိမ်စာသင်သား

သြစတြေးလျနိုင်ငံတွင်ဟောပြထားသည့် ဒဿနသမ္ပဒါ ၈-ချပ်တို့ထဲက အမှတ်(၅)၌ ဤသို့ ပါရှိကြသည်။

(က) ကျွန်ုပ်က ဆရာညွန့်ရဲ့တပည့်ဖြစ်ခြင်းကြောင့် ကျွန်ုပ်က ဂိုအင်ကာတို့ရဲ့ တတိယဆရာ။ (မာစတာအော့ဖ်မာစတာ)။ ပါဠိလိုဆိုရင် အာစရိယပါစရိယပါ။ မြန်မာလိုကျတော့-ဆရာ့-ဆရာရဲ့ ဆရာ။ ဒါပေသိ ကံမကောင်း အကြောင်းမသင့်ခဲ့တော့...။ ဗမာပြည်မှာ အဲသလိုမျိုးတွေ ရှိပါတယ်။

(ခ) ဓမ္မစေတီတရားက လွယ်လွယ်နဲ့ မဖြစ်ခဲ့ဘူး။ ကျွန်ုပ်က လွယ်လွယ်နဲ့ မပေးဘူး။ ပေါသွားမှာစိုးလို့။ မြန်မာပြည်မှာ တန်ဖိုးရှိတဲ့ အရာတွေဟာဒီလိုပဲ ပျောက်ကွယ်တတ်ပါတယ်။ အခု ဟောတော့မယ့် ဒဿနသမ္ပဒါနည်းဟာလဲ ဒီလိုခက်ခက်ခဲခဲ ရှာရှာဖွေဖွေ ရှာရပါတယ်။ ရှာလိုက်တဲ့အခါမှာ အဲဒီဆရာကြီး ဦးညွန့်။ ဦးညွန့်ရဲ့တပည့်က ဆရာသက်ပါ။ ဓမ္မာစရိယဦးဌေးလှိုင်က “ဦးညွန်ဆိုတာ ဖိုဝင်တောင်လူသူတော်ဆရာကြီး ။(သူက ပုတီး ဆရာကြီး မျှသာ ဖြစ်ခြင်းကြောင့် လို့ ရေးလိုက်တဲ့ အတွက်ကြောင့် တိုင်းပြည် ဒုက္ခရောက်သွားပါတယ်။ အဲသလိုနဲ့ ဆရာညွန့် မြုပ်သွားတယ်။ ဖိုဝင်တောင်နားမှာ ဆရာကြီး ဦးညွန့်က လူဝတ်ကြောင်နဲ့ ဓာတ်တော် ကျခဲ့ပါတယ်။ ဓာတ်တော်စေတီ တည်ခဲ့ပါတယ် ။

“ထဘီပုဆိုးဝတ်၍ ဓာတ်တော်ကျနိုင်ပါတယ်” ဆိုတာကို ဒီ ဆစ်ဒနီ မြို့မှာ ဓမ္မစေတီ ဦးကောသလ္လ ဟောခဲ့ ပါတယ် ။ (ဆရာကြီးဦးညွန့်ရဲ့ ပုတီးစိပ်နည်းအတိုင်း)သာကေတမှာ ကျုပ်က တစ်ရက်- ပုတီးပတ်ရေ ၂၀၀-ကျော်လောက် စိပ်ခဲ့ပါတယ်။

(ဂ) အဲဒီနည်းနဲ့ ဘိုးတော်သန်းလှဆိုတာ ဖိုဝင်တောင်မှာ ပုတီးစိတ်ပြီး အောင်မြင်ပါတယ် ။ သူ့ကို န၀တက လက်ထဲ ထည့်သွားပါတယ်။ ဒီကနေ သူက ဆရာညွန့်ရဲ့ ရုပ်တုတော်ကြီးကို ဘိုးတော်အောင်မင်းခေါင် အဖြစ် ပြောင်းထည့် လိုက်တယ်။ ဆရာညွှန့် ပျောက်သွားပါတယ်။ ပြီးတော့ ဆရာညွှန့်ရဲ့ ဓာတ်တော်စေတီကိုလဲ  “ဘိုးတော်သန်းလှ- နေလစေတီတော်” လို့ ဆိုပြီးတော့ ပြင်ထည့်လိုက်ပါတယ်။ ဒါက ပထမတစ်ယောက်ရဲ့ မှားယွင်းချက်ပါ။

(ဃ) ဒုတိယတစ်ယောက် မင်းသိင်္ခရောက်လာပြီး အဲဒီမှာအဓိဋ္ဌာန်ဝင်ပါတယ်။ အောင်မြင်သွားပါတယ်။ အောင်မြင်သွားပြီးတော့ သူက “ဧကံ သ ဗျာကရဏစေတီ”လို့ ထပ်လုပ်လိုက်ပါတယ်။ ဆရာကြီး ဦးညွန့်ရဲ့ ဓာတ်တော်စေတီက တတိယနာမည် ရသွားပါတယ်။ အဲဒါတွေကို အဲဒီနားက ကျောင်းဆရာတော်အား လျှောက်ထားခဲ့ ပါတယ်။ “အရှင်ဘုရား-အဲဒီစေတီကို ဖျက်ပစ် လိုက်ပါ ဘုရား။ အရိယာ သူတော်စင်ကြီး တစ်ပါး- ပရိနဗ္ဗာန်စံပြီးတော့ ဓာတ်တော်ကျတဲ့ ဒီလိုနေရာမှာ မဟာယာနတွေကနေ အပိုလုပ်တာတော့ ရင်နာစရာကောင်းတယ်”လို့ ဘုန်းကြီးက ပြောခဲ့ပါတယ်။ ဖျက်တာမဖျက်တာက အရှင်ဘုရားတို့ရဲ့ တာဝန်။ သမိုင်းအမှန်ကို ပြောတာက တပည့်တော်ရဲ့ တာဝန်။

(င) ဒီလိုဆိုရင် အဲဒီဆရာကြီး ဦးညွန်က (ယခုအသက်-၉၉ နှစ်)-ဘုန်းကြီးကို တွေ့ချင်တယ်-တဲ။ ပင့်ပါတယ်။ သူက မုံရွာမှာနေတာ။ ကျွန်ုပ်က နောက်ဆုံးတပည့်ပါ။ ကောသလ္လက ဒီတရားတွေ ဟောနေတယ် ဆိုတော့... ငါဟာ ဆရာကြီး ဦးညွန့်ရဲ့တပည့်ပါ။ လယ်တီဆရာတော်ဘုရား ကတောင်မှ တစ်ခါတစ်ရံ ကိုညွန့်ကလဲကွာ-ဆိုပြီး သြချလောက်ပါတယ်။ ဦးညွန့်ဟာ အဲသလောက်အထိ ၀ိပဿနာ ထိပ်တန်းရောက်ပါတယ်။အခု(၂၀၀၇ ခုနှစ်)မှာ ရှိပါသေးတယ်။ ဘုန်းကြီး (ကောသလ္လ)နဲ့ ၁၉၉၆-ခုနှစ်မှာတွေ့တော့ ဦးညွန့်က ၉၇-နှစ် ပါ။ အဲဒီမုံရွာနယ် တစ်နယ်လုံးမှာ ဘုန်းကြီးကျောင်းလဲ မသွားဘဲ ဘုရားလဲမသွားဘဲ ဆရာညွန့် ဘက်လှည့်ပြီး “ဒီနေ့ ဥပုသ် ဆောက်တည်ထားပါတယ်” ဆိုရင် အဲဒီမုံရွာနယ်မှာ တစ်နယ်လုံး ...။

(စ) ကျွန်ုပ်-ဘယ်သူလဲဆိုတာ ဒီလောက်ဆိုရင် သဘောပေါက် လောက်ပါပြီ။ အဲဒီဆရာကြီးဦးညွန့်ရဲ့ ၀ိပဿနာတွေပါ။ အဲဒီဆရာကြီးရဲ့ နည်းစနစ်တွေပါ။ ကျမ်းအနေနဲ့ကတော့ “ပညာနေတ္တိ ၀ိပဿနာကျမ်း” လို့ ဆိုပါတယ်။ အဲဒီကနေ ဒဿနသမ္ပဒါနည်း လာတာပါ။

(ဆ) ဦးသြဘာတို့ ဦးဖိုးရှမ်းတို့ ဦးစန္ဒိမာတို့ဆိုတဲ့ ဆရာတွေဟာ ဘုန်းကြီး(ဦးကောသလ္လ’)နဲ့ ပညာသင်ဖက်တွေပါ။ သူတို့က အခု ၂၀၀၇ ခုနှစ်မှာ အသက် ၇၅၊ ၇၄-တွေ ဖြစ်နေပါပြီ။ ၁၃၄၁-၁၃၄၅-မှာ ကျွန်ုပ် ၀ိပဿနာလုပ်တဲ့အခါမှာ သူတို့က အနိမ့်ဆုံး ဘုန်းကြီးက ၂၈-၀ါ၊ ၅၈-နှစ်ပါ။ အခု ဦးစန္ဒိမာက-၆၉။ ဒီ ဦးကောသလ္လက သူတို့သင်ပြသမျှ အကုန်မှတ်မိတယ်။ အခုလဲ မြန်မာနိုင်ငံမှာ ဒီဒဿနသမ္ပဒါနည်း ဆိုတာက ကျွန်ုပ်သည် နောက်ဆုံးကျည်ဆန်ပါ။ ကျွန်ုပ်သေပြီးရင် အဲဒီနည်းတွေက ပျောက်သွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်ုပ်နဲ့အတူ ၀ိပဿနာသင်တန်း တက်ခဲ့သော အနိမ့်ဆုံးဘုန်းကြီးက-၇၀။ ဖိုးရှမ်းဆိုရင်-၈၀။ ကျွန်ုပ် မရှိပြီးရင် “ဤဒဿနသမ္ပဒါနည်းသည် ဤမြန်မာပြည်မှ လွယ်လွယ်ကူကူပဲ ပျောက်ကွယ်သွားမယ်”။ ဒါကြောင့်မို့ ခင်ဗျားတို့ သေသေချာချာ နားထောင်ပါ။

(ဇ)၀ိပဿနာအားလုံးကိုယ် ကြားဖူးထားတဲ့ အရာအားလုံး အဲဒါတွေကို ခဏဖယ်ထားလိုက်ပါ။ အခုဒဿနသမ္ပဒါနည်း ကိုဟောပါ့မယ်။ (ပ)ကျုပ်ဆရာတော်ကြီး ဦးဥက္ကံသဗုဒ္ဓိ ပြောတာကတော့ “ဘုန်းကြီးတွေက-ကွ။ သူများလှူတာတန်းတာတွေ စားပြီး သိပ်နှမြောတာပဲ။ သူခိုးက နွားကျားကြီးကို နှမြောတယ် ဆိုတာ အဲဒါပဲ”တဲ။ “..သူများကိစ္စထဲ ၀င်မရှုပ်နဲ့။ သီလရှင် ကျေနပ်ရင် ဇရပ်ပဲကျိုးကျိုး ဗန်းပဲပျောက်ပျောက် . ..”တဲ့  ။ “ဟေ့ကောင် ကောသလ္လ’တဲ့။ ဒီနေ့ ၀ိပဿနာ လုပ်တယ်ဆိုတဲ့ လူတွေက ခါးတောင်းကျိုက်- တလွဲ၊ တင်တလွဲ” တဲ့။ တတိယနည်း ကတော့ ယုဂနဒ္ဓနည်း ဖြစ်ပါတယ်။ အစုံနည်း၊ တစ်ပြိုင်နက်နည်းပါပဲ။


အထက်ပါ (က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ ဇ)အမှတ်ပြတို့သည် ဓမ္မစေတီဦးကောသလ္လ၏ နှုတ်ထွက်စကား စစ်စစ်များ ဖြစ်ပါ သတည်း။

အနည်းငယ်ဝေဖန်ကြည့်ကြပါစို့။

(က)ကို ပြန်ဖတ်ပါဦး။ ယင်း(က)ဖြင့်ဓမ္မစေတီဥိးကောသလ္လ’သည်(ဂိုအင်ကာရဲ့ ဆရာက ဦးဘခင်၊ ဦးဘခင်ရဲ့ဆရာက ဦးသက်။ ဦးသက်ရဲ့ဆရာက ဦးညွန့်ဖြစ်၍)အနာဂါမ်ဆရာသက်ကြီးနှင့် အဆင့်တူဖြစ်သည်။ ဤကား(၁)ချက်။

(ဦးညွန့်ရဲ့ တပည့်က ဦးသက်။ ဦးသက်ရဲ့တပည့်က ဦးဘခင်။ ဦးဘခင်ရဲ့တပည့်က ဂိုအင်ကာဖြစ်၍) ဦးကောသလ္လ’သည် ဂိုအင်ကာ၏ အဘိုးအဆင့်မှာ ရပ်တည်သူဖြစ်သည်။ ဤကား (၁)ချက်။

ဦးကောသလ္လ သည် ဦးဘခင်၏ ဆရာအဆင့်မှာ ရပ်တည်သူ ဖြစ်သည်။ ဤကား(၁)ချက်။

ဤအချက်ကြီး(၃)ချက်တို့ကို ပြပါသည်။ မှန်-မမှန် အဖြေရှာသင့်ပါသည်။ ပြောတိုင်း မယုံသင့်ပါ။ မှန်လှ၏။ အနာဂါမ် ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင်၊ ဆရာကြီး ဦးဂိုအင်ကာတို့သည် အတ္ထုပ္ပတ်အားဖြင့် ထင်ရှားကြသူများဖြစ်၍ လေ့လာလျှင် လက်လှမ်းမီသူများ ဖြစ်ကြပါသည်။ စာရေးသူ နားလည်သည့် အတိုင်း ဆိုရလျှင် “ဦးညွန့်၏ တပည့်  ဦးသက် ဟူ သော အချက်သည် အမှားကြီးသာတည်း။ ကျေးဇူးရှင်လယ်တီ ဆရာတော်ဘုရားကြီး ၏ ဘ၀ဖြစ်စဉ် ကျမ်းကြီး ၌ ရှုကြပါလေ။

ဦးသက်သည် ( မသိသေးသူ - နားမလည်သေးသူ -ငယ်စဉ်ကာလအတွင်းမှာ) ဦးညွန့်ထံ တပည့်ခံဖူးကောင်း ခံဖူးပါလိမ့်မည်။ သို့သော် ဦးသက်က ဦးညွန့်ကို သူ၏ဆရာဟူ၍ အသိအမှတ်မပြုကြောင်း ထင်ရှားလှပါသည်။အချုပ်ကတော့ ဦးညွန့်သည် အနာဂါမ်ဆရာသက်ကြီး၏ ဆရာမဟုတ်။ ဦးဘခင်၏ ဆရာ့ဆရာ-မဟုတ်။ ဦးဂိုအင်ကာ၏ ဆရာ၏ ဆရာ့-ဆရာ (တတိယဆရာ)မဟုတ်ပါ ဟူသတည်း။ ဦးကောသလ္လသည် ဆရာသက်ကြီးနှင့်ဆရာတူဖြစ်သော အဆင့်တူမဟုတ်ပါ ဟူသတည်း။

(က) အမှတ်ပြမှာပါသော ကံမကောင်းပုံ၊ အကြောင်းမသင့်ပုံ၊ ဗမာပြည်မှာ အဲသလိုမျိုးတွေရှိပုံ များကို စဉ်းစားကြည့်ကြပါ။ ထြို့ပင်(ခ)ကို ပြန်၍ဖတ်ပါဦး။ ယင်း(ခ)ဖြင့် ဦးညွန့်သည် ပုတီးဆရာကြီး ဖြစ်သည်။ ဦးကောသလ္လ သည် ပုတီးဆရာ ဖြစ်ခဲ့သည် ဟူ၍ ပြပါသည်။

ရှေ့ပိုင်း ဆောင်းပါးများအရ အဆိုပါဦးညွန့်၊ ဦးကောသလ္လ’တို့၏ ထေရ၀ါဒ အယူဝါဒများသည် တန်ဖိုးရှိသောအရာများ မဟုတ်ကြောင်း ထင်ရှားပြီး ဖြစ်ပါသည်။ယင်း(ခ)၌ပါသော မှတ်တမ်းကိုကြည့်လျှင် ဓမ္မာစရိယ ဦးဌေးလှိုင်သည် ဤကိစ္စအတွက် မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဝင်တို့ကို ကျေးဇူးပြုခဲ့သူဖြစ်ပါသည်။ သူ့စကားအတိုင်း ဆိုရလျှင် တိုင်းပြည်ကို ကယ်တင်ခဲ့သူ ပါတကား။

(ခ)အမှတ်ပြဒုတိယပိုင်းတွင် ဦးညွန်သေပြီး ဓာတ်တော်ကျ ဟုဆိုကာ

(ဃ)အမှတ်ပြထဲတွင် ဦးညွန့်ပရိနိဗ္ဗာန်စံ- ဟုဆိုထားသည့်အတွက် ဦးညွန့်သည် လူဝတ်ဖြင့်ရဟန္တာ ဖြစ်နေသူတည်းဟု ဆိုပါသည်။ ရဟန္တာ ဖြစ်ကြောင်း မဂ္ဂသစ္စာသည် ပုတီးစိပ် မဟုတ်ပါ။ ပုတီးစိပ်၍ ရဟန္တာမဖြစ်ပါ။ ဦးညွန်သည် ပုတီးသမားသာ ဖြစ်ကြောင်းမှာ သေချာပါသည်။ ဦးကောသလ္လ ကိုယ်တိုင်ပင်လျှင် ဦးညွန့်နည်းအတိုင်းလိုက်၍ ပုတီးသမားပင်တည်း။ ဒွယနိဿိတ ပကာသနီကျမ်း နောက်ပိုင်းမှာလည်း ဤပုတီးဂိုဏ်း၏ သမိုင်းများ ပါရှိကြသည်။ အကယ်၍ ပုတီးစိပ်မှုဖြင့် ရဟန္တာဖြစ်လျှင် ယင်းရဟန္တာ(ဦးညွန့်)သည် မဟာယာနလာ ရှင်ဥပဂုတ်၏ ညီကလေးသာ ဖြစ်ပါသည်။ မဟာယာနလာ ရှင်ဥပဂုတ်သည်လည်း ၀ိပဿနာ မဂ္ဂသစ္စာ မရှိသူဖြစ်၍ ရဟန္တာမဟုတ် သာတည်း။ မဟာယာနဂိုဏ်းဝင် မောင်ညွန့်သည်လည်း ၀ိပဿနာမဂ္ဂသစ္စာ မရှိသူ(၀ါ)ပုတီးသိဒ္ဓိ ဖြည့်ကျင့်နေသူ ဖြစ်၍ ရဟန္တာမဟုတ်သူ ပေတည်း။

ထေရ၀ါဒအစစ်မှာမူ လူဝတ်ဖြင့် ရဟန္တာဖြစ်လျှင် ဖြစ်သည့်နေ့မှာပင် ပရိနိဗ္ဗာန်စံဝင်ရမြဲ ဖြစ်ပါသည်။ ထို့ကြောင့် ဦးညွန့်သည် ရဟန္တာဟု ဆိုလျှင် ဦးညွန့်သည် (၁၉၉၆)တိုင်အောင် အသက်ရှင်နေသူဖြစ်ခြင်း ကြောင့် မဟာယာနရဟန္တာ(၀ါ) မဟာယာန ရှင်ဥပဂုတ်၏ ညီကလေး ရဟန္တာ(၀ါ) မဂ္ဂသစ္စာမရှိဘဲ ကိုယ့်ဘာသာကိုယ် ဖြစ်နေသော ရဟန္တာ-ဖြစ်ပါတော့သည်။

ဆရာစဉ်ဆက်မှာ

“ဦးညွန့်၊
၎င်းမှ ဆူးလေဦးမြင့်သိန်း၊
အမရပူရဦးကြိုင်။
၎င်းတို့မှ ဦးဥက္ကံသဗုဒ္ဓိ၊
ဦးဧသိက၊
ဦးနာရဒစသူများ၊
၎င်းတို့မှဦးကောသလ္လ’၊
ဦးဖိုးရှမ်း၊
ဦးစန္ဒောဘာသစသူများ။
၎င်းတို့မှ ယနေ့ခေတ်

ဦးကောသလ္လ၀ါဒီ(အဓမ္မ၀ါဒီဖြစ်သော)ထေရ၀ါဒ ဆိုင်းဘုတ်တင်တရား လိုက်စားသက်ဝင်သူများ ဟူ၍ ဖြစ်လာကြပါသည်။ဦးညွန့်၊ ဦးမြင့်သိန်း၊ ဦးကြိုင်တို့၏ ဆရာများမှာ “ဒီပဲယင်းကျောက်စာတိုင်ရွာက ကျောက်စာတိုင်ဆရာတော်၊ ဓမ္မစေတီဆရာတော်၊ ဓမ္မစကြာဆရာတော် အမည်ခံ လူသေလူဖြစ်ရှင်ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံက မဟာယာနဆရာကြီး ဒီ-တီ-ဆူဇူးကီး၊ ဆိုဟာကူအိုဂါတာ၊ အင်္ဂလန်နိုင်ငံက မဟာယာနဆရာကြီး စရခ်မတ်ဟန့်ဖရေး၊ ဆရာကြီး အယ်လင်ဝက်၊ ဘယ်ဂျီယံ နိုင်ငံကမဟာယာနဆရာကြီး ရောဘတ်လက်ဆင်၊ အိန္ဒိယနိုင်ငံက မဟာယာနဆရာကြီး ခရစ်ရှနမူသီး-စသူများ” ဖြစ်ကြပါသည်။

ဤနာမည်စဉ်များကို “အရိယသစ္စာလမ်းစဉ် ၀ိပဿနာတရား မှတ်ချက်ပေါင်းချုပ်” အစ ပန်ကြားလွှာမှာ အပြည့်အစုံ တွေ့ရပါသည်။အချုပ်ကိုဆိုရလျှင် ဦးကောသလ္လ’ သည် မဟာယာန၀ါဒီသာတည်း။

အမှတ်(ဂ)(ဃ)တို့မှာ သတင်းပေးမှုသက်သက်သာ ဖြစ်ပါသည်။ သို့သော် အံ့ဖွယ်တစ်ခုမှာ မဟာယာန၀ါဒီဖြစ်သော ဦးကောသလ္လက ဘိုးတော်သန်းလှ၊ ဘိုးတော်မင်းသိင်္ခတို့ကို မဟာယာနတွေ ဟုဆိုကာ ပယ်ချထားချက်ပင်တည်း။ ဤ၌လည်း အောင်မြင်သူတို့ကိုပြ၍ နာမည်ယူခြင်းသာ ဖြစ်ကြောင်း ထင်ရှားပါသည်။ ထင်ရှားပုံမှာ ဘိုးတော်သန်းလှသည် ဆရာညွန့်ကို ဆရာမထားဘဲ အောင်မင်းခေါင်ကို ဆရာထားသူဖြစ်သွားသည်။

မင်းသိင်္ခကတော့ ဗေဒင်ဆရာပင်။ ထို့ကြောင့် နာမည်ယူမှုသာ ဖြစ်ကြောင်း ထင်ရှားပါသည်။

ထို့ပြင် (င)ကို ပြန်၍ဖတ်ရှုပါ။ ယင်း(င)ဖြင့် ဦးကောသလ္လ သည်ဆရာကြီးဦးညွန့်၏ နောက်ဆုံးတပည့် ဖြစ်သည်(၀ါ) ဦးကောသလ္လ၏ ထေရ၀ါဒဆိုသည်မှာ ဆရာကြီးဦးညွန့်၏ ၀ါဒဖြစ်သည်ဟူ၍ သိစေပါသည်။ ထေရ=ပုဆိုးဝတ် ဆရာကြီး ဦးညွန့်၏။ ၀ါဒ=မြတ်ဗုဒ္ဓ ၏ တရားတို့ကို ပျက်အောင်ဖျက်သော ၀ိပဿနာအတု တရားစုပေတည်း။

ဤသို့ သာလျှင် ထေရ၀ါဒပုဒ်က အဓိပ္ပာယ်ရနေပြီ ဖြစ်သောကြောင့် ဦးကောသလ္လ’၏ ထေရ၀ါဒသည် ပုဆိုးဝတ်မထေရ် ဦးညွန့်၊ ဦးမြင့်သိန်းတို့၏ ၀ါဒဖြစ်သည် ဟူ၍ ဆိုခဲ့ခြင်းပင် ဖြစ်ပါသည်။

ဤ(င)၌လည်း နာမည်ကြီးလှသော လယ်တီဆရာတော်ကြီးကို အသုံးပြု၍ နာမည်ကောင်း-ယူထားပါသည်။ မုံရွာနယ်မှာ ဘုန်းကြီးကျောင်းလဲ မသွားရဘဲ ဘုရားထံမှလဲ မခံယူရဘဲ ဥပုသ်စောင့်၍ ရနိုင်သော ထေရ၀ါဒ ရှိနေသည်ဆိုတာ အံ့သြစရာ ကောင်းလှပါသည်။ ယင်းဥပုသ်မျိုးသည် ထေရ၀ါဒအစစ်တို့ ကျင့်သုံးခံယူသော ဥပုသ်မျိုး မဟုတ်ဟူ၍ မှတ်ကြရမည်။

ဓမ္မစေတီဦးကောသလ္လ’၏ ဆိုလိုရင်းမှာ ဤသို့ပင် ဖြစ်ပါသည်။ ဥပုသ်စောင့်မှုဟူသည် ဘုရားထံမှ၊ သို့မဟုတ် ဘုန်းကြီးထံမှ ခံယူရ စမြဲသာတည်း။ သို့ဖြစ်၍ ဦးညွန့်ရှိရာ မျက်နှာမူလိုက်ပြီး ဥပုသ်ခံယူလျှင် ဦးညွန့်သည်ပင်လျှင် ဘုရားဖြစ်ပေသတည်း၊ သို့မဟုတ် ဦးညွန့်သည်ပင်လျှင် ဘုန်းကြီး ရဟန်း ဖြစ်ပေသတည်းဟူ၍ ဆိုလိုပါသည်။

အလွန်ကြောက်စရာကောင်းလှသော စကားပေတည်း။ ဗုဒ္ဓသာဝက၊ ထေရ၀ါဒီအစစ်တို့ အနေဖြင့်လုံးဝ မဆိုဝံ့သောစကား ဖြစ်ပါသည်။ မဟာယာနတို့ကတော့ ဘုရားချည်းဖြစ်ကြသကိုး။

ထို့ပြင်(စ)ကို ပြန်၍ဖတ်ရှုပါ။ (စ)ဖြင့် ဓမ္မစေတီဦးကောသလ္လကသူက ဘယ်သူလဲတဲ့။ ဖြေလိုက်ကြပါတော့နော်။ “ပညာနေတ္တိ ၀ိပဿနာကျမ်းဆိုတာ ဤနေရာတွင် ပညာနေတ္တိဝိပဿနာကျမ်း၏ မာတိကာမျှကိုသော်မှ ဖော်ပြနိုင်ခြင်း မရှိသေးပါ။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဖြစ်တော်မူသော မကွေးဆရာတော်ကြီး အားလျှောက်ထားဖူးရာ ဆရာတော်ကြီးက ဤသိုမိန့်ပါသည်။“အဲဒီစာအုပ်ကြီးကို တို့လဲ ဖတ်ဖူးပါတယ်။ တစ်လုံးမှ နားမလည်ပါဘူး။ ဘာတွေ ရေးထားမှန်းကို မသိဘူး။ တစ်ချက်မှ မှန်တာမပါဘူး”ဟူ ၍ ဖြစ်ပါသည်။

ဆရာတော်ကြီးက နားမလည်သော စာအုပ်ကြီးသည် မှန်သောစာအုပ်ကြီး ဖြစ်ပါမည်လား...။ အမှားကြီး ဖြစ်ပါမည်လား...။ စဉ်းစား ကြည့်တော် မူကြပါ။ မကွေးဆရာတော်ကြီးသည် အစစ်ဖြစ်သော ထေရ၀ါဒပိဋကသုံးပုံတို့၌ လိမ္မာကျွမ်းကျင် သိမြင်တော် မူပါသည်။လူသေလူဖြစ် ရှင်ဥက္ကဋ္ဌ၀ါဒတွေကို အမှားအမှန် ဆုံးဖြတ်ချက် ချမှတ်ရေးအဖွဲ့ တာဝန်ဆောင် ၀ိနည်းဓိုရ်ဆရာတော်လည်း ဖြစ်တော်မူပါသည်။ ထို့ကြောင့် ပုတီးသမားကြီးဦးညွန့်၏ မဟာယာန၀ါဒ ဖြစ်သော ၀ိပဿနာအမည်ခံ ထေရ၀ါဒအမည်ခံ၊ ဒဿနသမ္ပဒါအမည်ခံ-တရားတို့၏ အနေအထားနှင့်ဦးညွန့်၏ တပည့်ဖြစ်သော ဓမ္မစေတီဦးကောသလ္လ၏ ၀ိပဿနာအမည်ခံ၊ ထေရ၀ါဒအမည်ခံ၊ ဒဿနသမ္ပဒါအမည်ခံတရားတို့၏ အခြေအနေတို့ကို စာဖတ်သူကိုယ်တိုင် ကြိုက်သလိုသာ ဆုံးဖြတ်ချက်ချကြပါလေ။

သမိုင်းအမှန်တွေကို လုံလောက်အောင် တင်ပြပေးမှုသည်သာလျှင် ဝေဖန်ရေးဆရာတို့ ဆောင်ရကရမည်ကိစ္စ ဖြစ်ပါသည်။ သမိုင်းအမှားတွေကို ယုံလောက်အောင် တင်ပြပေးမှုသည်ကား လူလိမ်တို့၏ ကိစ္စပါပေ။

ထို့ပြင် (ဆ)ကို ဆက်ကြရအောင်။(ဆ)ကိုပြန်၍ ဖတ်ပါဦး။ ယင်း(ဆ)ဖြင့် ဦးကောသလ္လ’ မရှိတော့လျှင် ဒဿနသမ္ပဒါနည်း ပျောက်ကွယ်သွားမှာ ဟူ၍ပြပါသည်။ သာဓု-သာဓု။ သို့ရာတွင် သာဓုခေါ်ရပါသော်လည်း(ဦးကောသလ္လသည် နောက်ဆုံး ကျည်ဆန်)ဟုဆိုသဖြင့် ကြောက်မိပါသေးသည်။ ကျည်ဆန်ထဲမှာ ပေါက်ကြွဲခင်းသဘော၊ မီးလောင်ကျွမ်း ခြင်းသဘော၊ သက်ရှိတွေကို သေစေနိုင်ခြင်းသဘော၊ ခြေပြတ် လက်ပြတ်ဖြစ်အောင် ပြုနိုင်ခြင်းသဘော၊ သက်မဲ့တွေကို ပျက်စီးစေခြင်း သဘော စသည်များက အပြည့် ရှိနေကြပေသည်။

ဘုရားရှင်၏ သာသနာမှာနေ၍ ဦးညွန့်၏၀ါဒတို့ကို ပျောက်သွားမှာစိုးရိမ် နေသူနှင့် ဘုရားရှင်၏ သာသနာမှာ နေ၍ ဘုရားရှင်၏ ၀ါဒတို့ကို ထိခိုက်ခံရမှာစိုးရိမ်နေသူတို့ မိမိတို့ ရပ်တည်ချက်အတိုင်း မိမိတို့လုပ်ငန်း တွေကို ပြုလုပ် နေကြရ ပါလိမ့်ဦးမည်။

မှာထားချက်။ ။ တစ်ကျော့ပြန် ထေရ၀ါဒအမည်ခံ အဓမ္မ၀ါဒသည် ၁၃၄၁-(၁၉၈၀)ခု မှာ စတင် ၍ မွေးဖွားလာသတည်း။ ၁၃၅၁-(၁၉၉၀)မှာ အရွယ်ရောက်လာပါသည်။ ၁၃၆၆-(၂၀၀၅)မှာ အကြီးအကျယ် အောင်မြင်၍ ထင်ရှားလာပါသည်။၁၃၆၉-(၂၀၀၈)မှာ တစ်နိုင်ငံလုံး လွှမ်းမိုးအောင် ကျယ်ပြန့်လာ၍ ပရိသတ်အင်အား အလွန် ကြီးထွားလာပါသည်။ ထိုအခါကျမှ ပရိသတ်အားကိုးဖြင့် ပို၍ ပေါ်တင်ကျလာပါသည်။ ၁၃၇၁-(၂၀၁၀)လောက်ကျရင်တော့ တိုင်းသူပြည်သားအားလုံးတို့က “ငါတို့က အစစ်ဖြစ်သောထေရ၀ါဒ-ဗုဒ္ဓ၀ါဒတို့ကို လိုက်နာသူများ ပေတည်း။ သူတို့ကတော့ အတုဖြစ်သောထေရ၀ါဒ-ဦးညွန့်ဝါဒ- ဦးမြင့်သိန်းဝါဒ- တို့ကို လိုက်နာသူများပေတည်း” ဟူ၍ ကွဲပြားကာ ခြားနားလာပြီး-“သြော် အစစ်ဖြစ်သော ထေရ၀ါဒ-ဗုဒ္ဓ၀ါဒါ တို့ကို နာမည်ယူသုံးပြီး အတုဖြစ်သော ထေရ၀ါဒ-ဦးညွန့်ဝါဒတို့ထဲသို့ ၀င်ရောက်လာအောင် ငါတို့ကို မလိမ့်တစ်ပတ်-လှိမ့်-အပတ်ပတ် တို့ဖြင့် ချာချာလည်အောင် သူတို့ကလှည့်ထားလျက် စားနေကြတာပါကလား”ဟူ၍ သိမြင် လာကြ ပေတော့မည်။ ထိုအခါမှာတော့ မည်သို့ရှိပါတော့အံ့နည်း။ (မသိနိုင်သေးပါ။)

“ဤဒဿနသမ္ပဒါနည်းသည် လွယ်လွယ်ကူကူပဲ ကွယ်ပျောက် သွားပါလိမ့်မယ်”ဟူသော အဆိုသည် (ဆိုသည့်အတိုင်း) မှန်ကန်ပါစေသတည်း ဟူ၍သာလျှင်...။

ထို့ပြင်(ဇ)ကို ဆက်ကြည့်ရအောင်။ (ဇ)မှာ ဓမ္မစေတီက-”ကြားဖူးထားသောဗုဒ္ဓ၏ ၀ိပဿနာနည်းတွေ၊ဗုဒ္ဓ ဟောသည့်အတိုင်း လိုက်နေကြသော မဟာစည်ဝိပဿနာနည်းတွေ၊ ဗုဒ္ဓဟောသည့်အတိုင်း လိုက်နေကြသော မိုးကုတ် ၀ိပဿနာနည်းတွေ...နည်းတွေ...နည်းတွေ။ အဲဒါတွေအားလုံးကို ဖယ်ပစ်လိုက်ကြ- ပယ်ပစ်ကြ” ဟူ၍ အမိန့်ပေး ထားပါသည်။

ဤအမိန့်ကို အဘယ်ကြောင့် ပေးရသနည်း။ အခုထေရ၀ါဒ ဒဿနသမ္ပဒါနည်းကို ဟောပြတော့မှာ ဖြစ်သောကြောင့်တည်း။ (၀ါ) ထေရ၀ါဒ ဒဿနသမ္ပဒါနည်းသည် မြတ်ဗုဒ္ဓဟောသော တရားနည်း မဟုတ်သောကြောင့်တည်း။

ဤ(ဇ)အမှတ်ပြတွင်ကောက်ယူပြထားသည့် ဥက္ကံသဗုဒ္ဓိ-သြ၀ါဒတော်သည် “အစစ်ဖြစ်သော ထေရ၀ါဒီဘုန်းကြီး ရဟန်း သံဃာတော်တို့သည် နွားသူခိုးတို့ ပေတည်း”ဟူ၍ စွပ်စွဲထားသည့်ရန်စ စကားကြီးသာ ဖြစ်နေပါသည်။

ဤသို့သောစကားဖြင့် သံဃာတို့ကိုစွပ်စွဲသူသည် ဘယ်လို သတ္တ၀ါ ဖြစ်သနည်းဟူ၍ ဆင်ခြင်ကြည့် လိုက်သောအခါ- ”သူများကိစ္စထဲ ၀င်မရှုပ်နဲ့။ သီလရှင် ကျေနပ်ရင် ဇရပ်ပဲ ကျိုးကျိုး-ဗန်းပဲ ပျောက်ပျောက်” ဟူ၍ အယူဝါဒရှိသူ ဖြစ်သတည်း။

“ဇရပ်ကျိုးကျိုး ဗန်းပဲပျောက်ပျောက်”ဟူ၍ အယူဝါဒရှိသူ ဥက္ကံသဗုဒ္ဓိသည် သံဃာတော်တို့ကို စွပ်စွဲရုံမျှဖြင့် အားမရသေးခြင်းကြောင့် လူတို့ကိုလည်း ဤသို့ စွပ်စွဲလိုက်ပါသေးသည်။ “ဒီနေ့ ၀ိပဿနာ လုပ်တယ်ဆိုတဲ့
လူတွေက ခါးတောင်းကျိုက်-တလွဲ...”ဟူ၏။

-မစိုးရိမ်စာသင်သား

Read more ...

ဓမ္မစေတီဟောထားခဲ့သောတရားအမှားများ အပိုင်း(-၃-)

သျှင်သာမိ - မုံရွာ | 12:42 AM | | Be the first to comment!
ကလောင်ရှင်=မစိုးရိမ်စာသင်သား

သြစတြေးလျနိုင်ငံတွင် ဓမ္မစေတီဟောထားခဲ့ရာ ဒဿန သမ္ပဒါ(၈)ချပ် တို့ထဲက ခွေအမှတ်(၄) ထဲတွင်-

(၁)ရှင်မဟာကဿပကြီးက သိကြားမင်းအား တောက်ခေါက်ကြောင်း၊ ရဟန္တာတို့သည် စိတ်တိုတတ် ကြကြောင်း၊ ရဟန္တာတို့မှာ မနော ဒုစရိုက် ဖြစ်သေးကြောင်း။

(၂) မဟာပန်ရဟန္တာကြီးက ညီစူဠပန်ကို နှင်ထုတ်ကြောင်း၊ စူဠပန်သည် ရဟန္တာဖြစ်မည်ဆိုတာကို မသိကြောင်း၊ ရဟန္တာတို့သည် အကုန်သိသူများ မဟုတ်ကြောင်း။

(၃) အရှင်သာရိပုတြာက ရေမြောင်းကို ခုန်၍ကူးကြောင်း၊ ၀ါသနာကို ရဟန္တာတို့ကတောင်မှ မစွန့်နိုင်ကြောင်း။

(၄) ဥရုဝေလကဿပညီနောင်တသည် မီးကိုလုပ်ကျွေး၍ ပူဇော်သူများဖြစ်ခြင်းကြောင့် သူတို့အတွက် မီးတရားကို မြတ်စွာဘုရား ဟောကြောင်း၊ မီးတရားဖြင့် အတိတဓမ္မာရုံ(ဥပဒါနက္ခန္ဓာ)ကို ဖော်ပြ ပေးခြင်းဖြစ်ကြောင်း၊ အတိတ်ဓမ္မာရုံ (ဥပါဒါနက္ခန္ဓာ)၌ ဖြစ်ပျက်မြင်ပြီး ကဿပညီနောင်တို့ ရဟန္တာ ဖြစ်ကြကြောင်း။

(၅) ရှင်စူဠပန်သည် ပန်းထိမ်သည်ဖြစ်ဖူးခြင်းကြောင့် ရှင်စူဠပန်အတွက် ပ၀ါကလေးကိုပေး၍ အတိတ်ဓမ္မာရုံ (ဥပါဒါနက္ခန္ဓာ)ကို ဖော်ပြပေးကြောင်း၊ ရှင်စူဠပန်က ဖြစ်ပျက်ကို ဖတ်ခနဲ မြင်သွားပြီး ရဟန္တာ ဖြစ်သွားကြောင်း၊ မဟာပန်ကို မခံချင်စိတ်ဖြစ်၍ ရှင်စူဠပန်က(မနောဒုစရိက်ဖြင့်) တန်ခိုးဖန်ဆင်းပြကြောင်း-တို့ကို ဟောပြပြီး -

(က) အတိတ်ဓမ္မာရုံ (ဥပါဒါနက္ခန္ဓာ= တကယ် ဖြစ်တည်ပျက်ရှိ ပရမတ်တရား မဟုတ်သော အတွေးပုံရိပ်= ပညတ်တရား)သည် ဒုက္ခသစ္စာ။

(ခ) အဲဒါကို ဖြစ်စေတတ်တဲ့ တဏှာသည် သမုဒယသစ္စာ။

(ဂ)အဲဒီတရားနှစ်မျိုး ချုပ်ငြိမ်းသွားတာက နိရောဓသစ္စာ။

(ဃ) အတိတ်ဓမ္မာရုံ=ဥပါဒါနက္ခန္ဓာ၏ ပြောင်းလဲသွားပုံကို ဖြစ်ပျက် မြင်လိုက်တော့ လေးမဂ် (မဂ္ဂသစ္စာ) လေးဖိုလ် ကျပြီး ရှင်စူဠပန် ရဟန္တာဖြစ်သွားကြောင်း”တို့ကို ဟောထားသည်။

အထက်ပါကောက်နုတ်ချက် (၁၊ ၂၊ ၃၊ ၄၊ ၅)တို့သည် အမှတ်(၄)ခွေ တစ်ခွေလုံး၏ အကျဉ်းချုပ်မျှသာ ဖြစ်ကြပါသည်။

ထိုတွင် အမှတ်(၁)၌- ရဟန္တာတို့မှာမနောဒုစရိုက်မဖြစ်ကြပါ။ ဓမ္မစေတီက သင်္ဂီတသတအဋ္ဌကထာကို အကိုးအကားပြု၍ ရဟန္တာတို့မှာ မနောဒုစရိုက်ဖြစ်ကြောင်း တို့ကို အခြားခွေများမှာ အာပေါင်အာရင်း သန်သန်ဖြင့် ဟောလေ့ရှိပါသည်။ ရဟန္တာတို့မှာ မနောဒုစရိုက်မရှိပါ။ အဘိဇ္ဈာ= သူတစ်ပါး၏ပစ္စည်းကို လောဘ ဖြစ်ခြင်းကြောင့် မတရား နည်းဖြင့် (သူတစ်ပါးကဲ့သို့ ထိုဥစ္စာကို ရရှိအောင် ကြိုးစားရှာဖွေ စုဆောင်းသော နည်းကို မလုပ်ဆောင်ဘဲ) အချောင်ရအောင် ကောက်ကျစ် လိမ်ညာ လှည့်ပတ်၍ ရယူသိမ်းပိုက်ခြင်း သဘောရှိသော လောဘတရား၊ ဗျာပါဒ=သူတစ်ပါးတို့ကို အသက်ခန္ဓာ ဥစ္စာပစ္စည်း ပျက်စီးအောင် ဖျက်ဆီးခြင်း သဘောရှိသော ဒေါသတရား၊ မိစ္ဆာဒိဋ္ဌိ=အတ္တကောင်ရ၏ဟု ယူခြင်းသဘောရှိသော သက္ကာယမိစ္ဆာဒိဋ္ဌိ၊ အတ္တကောင်- ၀ိညာဉ်ကောင် ဖြစ်သော လောက၏ အဆုံးသည်ရှိ၏-မရှိ- စသည်ဖြင့် ယူခြင်းသဘောရှိသော အန္တဂ္ဂါဟိကမိစ္ဆာဒိဋ္ဌိ၊ အလှူ၏အကျိုးသည် မရှိ-စသည်ဖြင့်ယူခြင်းသဘောရှိသော ဒသ၀တ္ထုကမိစ္ဆာဒိဋ္ဌိ၊ သတ္တ၀ါကောင်ဟု ယူခြင်းသဘောရှိသော ဣဿရနိမ္မာနမိစ္ဆာဒိဋ္ဌိ စသည်တို့ပင် ဖြစ်ကြပါသည်။

မနောဒုစရိုက်-အမည်ရရှိကြကုန်သော လောဘ၊ ဒေါသ၊ ဒိဋ္ဌိတို့သည်

(၁) ၀ီတိက္ကမအဆင့်အားဖြင့် ဖြစ်ကြသည်။
(၂) ပရိယုဋ္ဌာနအားဖြင့် ဖြစ်ကြသည်။
(၃) အနုသယအဆင့်အားဖြင့် (မဖြစ်သော်လည်း အကြောင်းညီညွတ်လျှင် ဖြစ်နိုင်သောကြောင့်) ရှိကြသည်။
(၄) ၀ါသနာ အဆင့်အားဖြင့် ရှိကြသည်ဟူ၍ အဆင့်ဆင့် ခြားနားကြပါသည်။

ဤ(၄)ဆင့်တို့တွင်- ၀ါသနာအလျောက်ရှိခြင်းကို ရှိသည်ဟု မဆိုအပ်ပေ။ ဖြစ်သည်ဟု မဆိုအပ်ပေ။ အနုသယ အဆင့်အားဖြင့် ရှိခြင်းကို ရှိသည်ဟုသာ ဆိုရပါသည်။ ဖြစ်သည်ဟု မဆိုရပါ။

ပရိယုဋ္ဌာနအဆင်၊့ ၀ီတက္ကမ အဆင်ြ့ဖစ်ခြင်းကိုသာလျှင် ဖြစ်သည်ဟု လည်း ဆိုရပါသည်။ ရှိသည်ဟုလည်း ဆိုရပါသည်။ ဤသို့အဆင်ဆင့် ကြွဲပားခြားနားလျက် ရြှိကရာတွင် ရဟန္တာတို့သည် အရဟတ္တမဂ်ဥာဏ်ဖြင့် ၀ီတိက္ကမအဆင်၊့ ပရိယဋ္ဌာနအဆင်၊့ အနုသယအဆင့် မနောဒုစရိုက် (လောဘ၊ဒေါသ၊ဒိဋ္ဌိ)တို့ကို လုံးဝ အမြစ်ပြတ် ပယ်စွန့်ကြပါသည်။ ထို့ကြောင့်ပင် ရဟန္တာဟူ၍ ဖြစ်လာကြပါသည်။

ဝါသနာအဆင့် မနောဒုစရိုက် (လောဘ၊ဒေါသ၊ဒိဌိ )တို့၏ ရှိခြင်း ဆိုသည်မှာ ဖြစ်ခဲ့ဖူးသော အနာကြီး၏ အမာရွတ်ကျန်နေသကဲ့သို့ အနာမရှိသော်လည်း၊ အနာဖြစ် နေသည် မဟုတ်သော်လည်း စွဲထင်နေခြင်းသဘော သက်သက်မျှသာဖြစ်ပါသည် ။ ထို့ကြောင့် ၀ါသနာအဆင့် မနောဒုစရိုက်- ရှိနေခြင်းကို မနောဒုစရိုက် ရှိသည်ဟု မဆိုရပါ။ မနောဒုစရိုက် ဖြစ်သေးသည် ဟုလည်း မဆိုရပါ။ ယင်းသို့ ရဟန္တာတို့မှာ မနောဒုစရိုက် ဖြစ်သေးသည်ဟု ဆိုလျှင် ထိုသို့ဆိုသူသည် အနုသယယမက၊ ပဇဟန၀ါရ၊ ပဟီန၀ါရတို့ကို ဖျက်ဆီးသူမည်ပါသည်။ သမုဒယသစ္စာ ပယ်အပ်ပုံကိုပြဆိုသည့် ဓမ္မစကြာ၊ မဟာသတိပဋ္ဌာနသုတ်၊ ပဋိစ္စသမုပ္ပါဒ် စသည် တို့ကိုလည်း ဖျက်ဆီးသူ မည်ပါသည်။

အထူးသဖြင့်  “ဒုစရိုက် ၁၀-တို့၌  တည်သော အကုသိုလ်စိတ်သည် မဂ်ဖိုလ်တရားတို့ကို  ရရှိအောင်  မပြုနိုင်ကြောင်း၊  ဒုစရိုက် ၁၀-ပါးစလုံး ကင်းရှင်း ပြီး သုစရိုက် ၁၀-ပါးတု၌ တည်နေသော ကုသလစိတ် (ဘာဝနာစိတ်)က သာလျှင် မဂ်ဖိုလ်တရားတို့ကို ရရှိအောင် ပြုနိုင်ကြောင်း” ဟောပြထားရာ

ခုဒ္ဒကပါဠိတော် ဓမ္မပဒလာ (န တံ မာတာပိတာ ကယိရာ၊ အညေ၀ါပိစဥာတကာ။ သမ္မာပဏိဟိတံစိတ္တံ၊ သေယျသောနံတတောကရေ) နှင့် ခုဒ္ဒကပါဠိတော် - သုတ္တနိပါတလာ(အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစပူဇနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံ)တို့ကို ဖျက်ဆီးသူ မည်ပါသည်။

ဓမ္မစေတီသည် ဤသို့သော ပါဠိတော်များကို မျက်ကွယ်ပြု၍ (၀ါ) သူယူစွဲထားသော အဓမ္မ၀ါဒနှင့် လုံးဝညှိမရသော ဒေသနာတို့ကို စော်ကား ပယ်ချ၍ တစ်ဖတ်သတ် ဟောလေ့ရှိသူသာ ဖြစ်ပါသည်။ သူစွဲယူနေသော အဓမ္မ၀ါဒနှင့် ညီညွတ်နိုင်ရာ ဒေသနာတို့ကို တွေ့ရှိပါမူကား ကျမ်းသိမခက် ကျမ်းညှိခက်-စသည်ဖြင့် လုပ်ယူလေ့ရှိပါသည်။ (လုပ်ယူ=...)

ဤအမှတ်(၁)ကောက်စာမှာ ဓမ္မစေတီဟောသည့်အတိုင်း အရှင်မဟာကဿပက တောက်ခေါက်သည် မဟုတ်ပါ။ သူဆင်းရဲတို့အား ချီးမြောက်လိုရာတွင် သူဆင်းရဲတို့က ရရှိထိုက်သော အကျိုးကျေးဇူးတွေကို သိကြားမင်းက လိုချင်နေသည့်အတွက် သိကြားမင်းကို တားမြစ်၍ ဆုံးမခြင်းသာ ဖြစ်ပါသည်။

စိတ်တိုခြင်းကြောင့်လည်း မဟုတ်ပါ။ (မိဘဆရာတို့သည် သားသမီးတပည့်တို့ကို စိတ်မတိုဘဲ= ဒေါသမဖြစ်ဘဲ  ငေါက်ငမ်း၍ တားမြစ်လေ့ ရှိကြပါသည်။ ဆုံးမလေ့ရှိကြပါသည်။)

“ဟဲ့  သူအို ၊ နင်က သိကြားမင်း ပဲ” ဟူ သည် တို့ကို မိန့်ဟ ၍တားမြစ်မှုကို မနောဒုစရိုက် (ဒေါသ)ဖြစ်ခြင်းကြောင့် ဟုယူလျှင် ထိုသို့ ယူသူ၏ ဓမ္မရေးရာ နားမလည်ပုံနှင့် လောကရေးရာ မိုက်မဲပုံသာတည်း။

အထူးသတိ ပြုရန်မှာ ။ ။

ရဟန္တာအရှင်မြတ်ကြီးတို့ကို ဂုဏ်သိက္ခာ ပျက်ပြားအောင် စေတနာပါပါဖြင့် ပြောဆို၍ ပြစ်မှားသူသည် အရိယူပ၀ါဒ- အန္တရာယ်ထိုက်သူ ဖြစ်၏။

ထို့ပြင် အမှတ်(၂)ကောက်စာမှာလည်း မဟာပန်ရဟန္တာကြီးက မနောဒုစရိုက်(ဒေါသ) ဖြစ်ခြင်းကြောင့် ရှင်စူဠပန်ကို နှင်ထုတ်သည်ဟု ဆိုလို ပါသည်။ (ရှင်းပြစရာ မလိုပါပြီ။) ရဟန္တာတို့မှာ သဗ္ဗညုတဥာဏ်-မရြှိခင်းကြောင့် ရဟန္တာတိုက အကုန်လုံးကို မသိနိုင်ကြပါပေ။

ထို့ပြင် အမှတ်(၃)ကောက်စာမှာ ၀ါသနာအဆင့် မနောဒုစရိုက်(လောဘ၊ ဒိဋ္ဌိ၊ ဒေါသ)တို့သည်ရဟန္တာတို့မှာ ရှိနေတတ်ပါသည်။ ထိုအကြောင်းကို အမှတ်(၁)ကောက်စာကို ရှင်းပြရာတွင် တင်ပြခဲ့ပြီးပါပြီ။ သို့ရာတွင် ရှင်သာရိပုတြာက ရေမြောင်းကိုခုန်၍ ကူးကြောင်း သည် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ ဘယ်မှာမျှ မရှိပါ။
(ပြစ်မှားလို၍ ပြောလျှင် ပြောသူမှာ အပြစ်ရှိသည်။ ၀ါသနာ မပယ်စွန့်ကြောင်း ပြောလိုလျှင် ရှိသည့်အတိုင်းသာ ပြောသင့်ပါသည်။ ဥပမာအားဖြင့် အရှင်ပိလိန္ဒ၀စ္ဆ အကြောင်းမျိုးကိုသာ ပြောသင့်ပါသည်။ ၀ါသနာအဆင်မျှ ကျန်ရှိနေခြင်းသည် မဂ်ဖြင့် ပယ်လောက်သော ပမာဏအထိ မရှိခြင်းကြောင့် ရှိစာရင်းတွင်မျှ မ၀င်ပါ။ ဖြစ်စာရင်းမှာ ပါဝင်ဖို့ဆိုလျှင်ကား ဝေးပါ၏။)

(၁) မြတ်စွာဘုရားတို့သည် ကိလေသာတို့ကို ၀ါသနာမျှ မကျန်ရအောင် ပယ်စွန့်ကုန်၏။ (၂) ရဟန္တာတို့သည် ကိလေသာတို့ကို အမြစ်ပြတ် ပယ်စွန့်နိုင်ကြသော်လည်း ၀ါသနာကြွင်းကျန်ပါသည်။ ထို့ပြင် အမှတ်(၄) ကောက်စာ၌ မီးတရား ဟောပြပေးကြောင်းသည် မှန်ပါသည်။ သို့သော် မီးတရားဖြင့် အတိတ်ဓမ္မာရုံကို (၀ါ)ဥပါဒါနက္ခန္ဓာကို ဖော်ပြပေးသည်ဟု ဆိုခြင်းမှာ အမှားသာတည်း။ အတိတ်ဓမ္မာရုံ ဟူသည် ပညတ်တည်း။

ဓမ္မစေတီတို့သည် “ဤအတိတ် ဓမ္မာရုံ ( ၀ါ)ပညတ် ဓမ္မာရုံ ( ၀ါ)မိ စ္ဆာ ဓမ္မာ ရုံ သည် ဥပါဒါနက္ခန္ဓာမည်၏” ဟုဆို၍ “အတိတ်ဓမ္မာရုံသည်  ၀ိပဿနာရှုအပ်သော အကြောင်းခန္ဓာဖြစ်သည်” ဟုလည်း ဆိုကြပါသည်။ သို့သော်“အဆိုပါ အတိတ်ဓမ္မာရံ (၀ါ) ပညတ်ဓမ္မာရံ (၀ါ) မိစာဓမ္မာရံ(၀ါ) ဥပါဒါနက္ခနာတု၌ ရှုမြင်နေလျှင် တရားမရ” ဟုလည်း ဆိုကြပါသည်။

“ဓမ္မစေတီ”-အမည်ရှိခွေထဲတွင် ပုဒ်ရေ ၂၄-အတွင်း ၁၀-မိနစ် အရောက်မှာ ဓမ္မစေတီကိုယ်တိုင် ဤသို့ ဟောထားပါသည်။

“ဦးဇင်း=(-ဦးဥက္ကံသဗုဒ္ဓိ)-ငယ်ကျိုးငယ်နာတွေကို နောက်ကြောင်းပြန်ရင် မိစ္ဆာဓမ္မာရုံ ဖြစ်တတ်တယ်နော်လို့ သူ့ဆရာ (=ဥက္ကံသဗုဒ္ဓိရဲ့ဆရာ ဦးမြင့်သိန်း)က ဆုံးမတယ်“ ဟူသတည်း။

ဆိုလိုရင်းကား “အတိတ်ဓမ္မာရုံကို ရှုနေလျှင် တရားမရနိုင်။ အတိတ်ဓမ္မာရုံကို မဖော်ရ” ဟူ၍ ဖြစ်ပါသည်။ ဤနေရာတွင် ကောက်ပြထားသော ကောက်စာအမှတ်(၄) (၅)တိုနှင့် သေသေချာချာ တိုက်ဆိုင်ကြည့်ကြပါ။ ကောက်စာ(၄)တွင် အတိတ်ဓမ္မာရုံ(၀ါ) ဥပါဒါနက္ခန္ဓာ (ပညတ်)၌ ဖြစ်ပျက်မြင်ပြီးဟုဆိုရာတွင် ဥပါဒါနက္ခန္ဓာ (လောကီတရားစု= ပရမတ္ထခန္ဓာ)၌ ၀ိပဿနဥာဏ်ဖြင့် ဖြစ်ပျက်(အနိစ္စလက္ခဏာ) မြင်ပြီးဟုပြင်၍ ဆိုမှသာလျှင် မှန်သောတရား ဖြစ်ပါသည်။ ဓမ္မစေတီဆရာစဉ်ဆက်တို့က ယူကြသည်မှာ- “ဥပါဒါနက္ခန္ဓာအရ ဖြစ်ကြကုန်သော လောကီစိတ် ၈၁-ပါး၊ လောကီစေတသိက် -၅၂-ပါး၊ ရုပ်-၂၈-ပါး တရားစုတို့သည် ပရမတ်ဓမ္မာရုံမည်၏။ ယင်းပရမတ္ထတရားတို့သည် တကယ်ဖြစ်၍ တကယ်ရှိနေ ကြပါသော်လည်း ယင်းတို့ကို သမ္မာသမ္ဗုဒ္ဓဘုရားကြီး တို့၏ ဥာဏ်ဖြင့် အာရုံပြုနိုင်သည်။ ရှုမှတ်သိမြင်နိုင်သည်။ ထို့ကြောင့် ယင်းပရမတ် တို့ကို သာဝကတို့က ရှုမှတ်သိမြင်နိုင်ကြသည်ဟုဆိုလျှင် ထိုအဆိုသည် အမှားသာတည်း” ဟူ၍ ယူဆကြပါသည်။

ထိုကြောင့် ဓမ္မစေတီ ဆရာစဉ်ဆက်တိုက ယူကြသည်မှာ ဥပါဒါနက္ခန္ဓာအရ အဆိုပါ ပရမတ်တရားစုတို့ကို မယူရ။ ဥပါဒါနက္ခန္ဓာအရ မိစ္ဆာဓမ္မာရုံ(၀ါ) ပညတ်ဓမ္မာရုံ(၀ါ) အတွေးပုံရိပ(၀ါ) သဏ္ဌာနပညတ်တို့ကိုသာ ယူရမည်” ဟူ၍ ယူဆကြပါသည်။ ဤသို့ ယူဆကြကာ (က) အဆိုပါဥပါဒါန က္ခန္ဓာ=ပညတ်ဓမ္မာရုံတို့၌ ၀ိပဿနာရှုမြင်မှ တရားရသည်။

(ခ) အဆိုပါ ဥပါဒါနက္ခန္ဓာ=ပညတ်ဓမ္မာရုံတို့၌ ၀ိပဿနာ မရှူရ။ ရှုလျှင် တရားမရနိုင်ဟူ၍ ရှေ့နောက်မညီ ယူကြပါသည်။ (မိစ္ဆာဓမ္မာရုံ ဖြစ်တတ်တယ်-နော်..လို့။) မှန်လှ၏။ ပရမတ်ဓမ္မာရုံနှင့် ပတ်သက်၍ ဆူးလေ ဦးမြင့်သိန်းက သူရေးသားသော အကုပ္ပါမေ၀ိမုတ္တိ- ဗုဒ္ဓ၀ိညာဏ်တော်စာအုပ် သဘာဝနိဒါန်း စာမျက်နှာ(ဋ)၌ ဤသို့ ရေးထားပါသည်။ ပဉ္စက္ခန္ဓေ၊ ဥပါဒါနက္ခန္ဓာတရား ငါးပါးတို့ကို။ အသာရတော၊ အနှစ်အသား  မရှိသောအားဖြင့်။ ပဿန္တော၊ ရှုမြင်ခဲ့သည် ရှိသော်။ အနုလောမိက၊ံ မဂ်ဥာဏ်နှင့်လျော်သော။ ခနိံ၊္တသမ္မာဒိဋ္ဌိ ဥာဏ်အမြင်မှန်ကို။ ပဋိလဘတိ၊ ရ၏။ ဤကား နေယျတ္ထနည်းအားဖြင့် ဟောတော်မူသော ဒေသနာတော်ဖြစ်သည်။

ဤ “ပဉ္စကန္ဓေ”ဟူသောပုဒ်၌ ပရမတ္ထခန္ဓာကို ကောက်ယူခဲ့လျှင် မသင့်။ (ပညတ်ခန္ဓာကိုယူမှ သင့်သည်။) အဘယ်ကြောင့် မသင့်သနည်းဟူမူ ပရမတ္ထခန္ဓာကို ဋီကာဆရာက “ဗုဒ္ဓါ နံယေ၀ ၀ိသယော၊ သာဝကာနံ န ၀ိသယော” ဤကဲသို့ ဖွင်ဆိုထားသောကြောင့် ပရမတ္ထခန္ဓာသည် သဗ္ဗညုတဘုရားရှင်တို့၏ အာရုံသာ ဖြစ်၏။ သာဝကတို့၏ အာရုံ-ကျက်စားရာ မဟုတ်ဘူး-တဲ့။

“ထိုစကားမှန်၏။ ပရမတ္ထခန္ဓာသည် ဓာတ်ကြီးလေးပါးနှင့်တကွ အထည် ဒြပ် ဥပါဒ် ဌီ ဘင် ဟူသော ခဏငယ်သုံးချက်ရှိ သောခန္ဓာ ဖြစ်၏။ ပဉ္စုပါဒါနက္ခန္ဓာသည် ခဏငယ်သုံးချက်နှင့်တကွ ဓာတ်ကြီး လေးပါးတည်းဟူသော အထည်ဒြပ်-မရှိ။ သုညခန္ဓာ ဖြစ်၏။ (ပညတ်ခန္ဓာဖြစ်၏။)ဟူ၍ ရေးသားထားပါသည်။

မှာထားချက်။ ။ “ပဉ္စက္ခန္ဓေ(ပ)ပဋိလဘတိ-ရ၏”သည် ပဉ္စက္ခန္ဓေ ပုဒ်အရ ဥပါဒါနက္ခန္ဓာ (ပရမတ်တရားစု)ကို ယူဟုပြရာ တစ်ချက်မျှသာ ဥပစာသဒ္ဒါ-နေယျတ္ထနည်း ဖြစ်ပါသည်။ ပဉ္စက္ခန္ဓာဟု သာမညအားဖြင့် ရှိသော်လည်း လောကုတ္တရာ ခန္ဓာတို့ကိုမယူရ- ဟု ဆိုခြင်းကြောင့် နေယျတ္ထ ဖြစ်ပါသည်။ အသာရတောကို ထောက်၍ ၀ိပဿနာရှုအပ်သော ဥပါဒါနက္ခန္ဓာ=ပရမတ္ထကယပါ။ ဒေသနာ တစ်ခုလုံးသည်ကား နီတတ္ထသာတည်း။  မုချတ္ထသာတည်း။ နေယျတ္ထမဟုတ်ပါ။

ပဉ္စက္ခန္ဓေအရ ပရမတ္ထခန္ဓာကို ကောက်ယူမှသာလျှင် သင့်ပါသည်။ မှန်ပါသည်။ ပညတ်ခန္ဓာဟူ၍ပင် မရှိကောင်းသောကြောင့် ပညတ်ကို ကောက်ယူလျှင် လုံးဝအမှားတည်း။ ပညတ်သည် ခန္ဓာမည်၏ဟူ၍ ဘယ်မှာမှ မရှိပါ။ ပိဋကသုံးပုံမှာရှိလျှင် ထုတ်ပြစမ်းပါ။

ဋီကာဆရာက “ဗုဒ္ဓါနံယေ၀ ၀ိသယော” ဟုဆိုခြင်းသည် ဗုဒ္ဓတို့ကသာလျှင် ထုတ်ဖော်၍ ဒေသနာဥာဏ်ဖြင့် နာမည်တပ်၍ ဟောပြနိုင်သော တရားဖြစ်၏။ ဗုဒ္ဓတို့က ဟောမပြလျှင် သာဝကတို့က မဖော်ထုတ်နိုင်။ ဒေသနာဥာဏ်ဖြင့် နာမည်တပ်၍ မဟောနိုင်ဟူ၍ ဆိုလိုပါသည်။

သာဓကမှာ “ပရိဝါပါဠိတော်၌ မြတ်ဗုဒ္ဓမပွင့်လျှင် ပရမတ္ထတရား တို့၏ ရုပ်၊ နာမ်၊ ဖဿ၊ ဝေဒနာ အစရှိသော နာမည်မျှကသော်လည်း မသိနိုင်” ဟူ၍ ရှိပါသည်။ ဆူးလေဦးမြင့်သိန်း ၊ ဦးဥက္ကံသဗုဒ္ဓိ ၊ ဦးနာရဒ၊ ဦးကောသလ္လ’ စသူတို့၏ ” ပဉ္စက္ခန္ဓာ၌ ဥပါဒ် ဌီ ဘင် ခဏသုံးပါးရှိ၏။ ပဉ္စုပါဒါနက္ခန္ဓာ ၌ ခဏငယ် သုံးပါးမရှိ”- ဟူသော စကားသည် ပါဠိတော် အဋ္ဌကထာ ဋီကာ ဘယ်မှာမျှ မရှိသော (၀ါ) ဘုရားမဟောသော မတရား သာတည်း။

အဓိပ္ပာယ်မှန်မှာ ပရိဝါအတိုင်း မြတ်ဗုဒ္ဓတို့က ပရမတ္ထတို့ကို (အဓိပ္ပာယ်ရော အမည်တို့ကိုပါ) အသေးစိတ်ဟောပြ၍ ထိုဟောပြတော် မူသော နည်းအတိုင်း သာဝကတို့က သိမြင်ကြပြီး ၀ိပဿနာ ရှုမြင်ကြမှသာ လျှင် မဂ်ဖိုလ်ရကြပါသည်။

ဆူးလေဦးမြင့်သိန်း ...ဓမ္မစေတီ ဦးကောသလ္လ’ စ သူ တို့သည် အထက်ပါအတိုင်း ပရမတ္ထကို ပယ်မြစ်ကြသူများ ဖြစ်ကြပါသည်။ သို့သော်သူတို့ဟောထားရာ တရားတို့ကို ကြည့်ပါက ပရမတ္ထတရားတို့ကို ရှင်းပြသော ဒေသနာများချည်း ဖြစ်ကြပါသည်။

ဥပမာပြပါအံ့။
၁။ အ၀ိဇ္ဇာအဖွင့်။
၂။ မဂ္ဂင်လမ်း ၇-သွယ်။
၃။နည်းသုံသွယ်=(ပဋ္ဌာန်းနည်း၊ပဋိစသမုပ္ပါဒ်နည်း၊ အရိယသစ္စာနည်းဟူ၏။)
၎။ဝဋ်သုံးပါး။
၅။ သစ္စဥာဏ်။
၆။ ဒိဋ္ဌသတ်နငတဏှာသတ်။
၇။ ၀ိညာဏ်သုးံ ပါး။
၈။ သမထနှင့်ဝိပဿနာလမ်းခွဲ။
၉။ ပဋိစ္စသမုပ္ပါဒ်နှင့်သစ္စာလေးပါး။
၁၀။ဣန္ဒြိယအနုတ္တရဘာဝနာ။
၁၁။ ဒဿနသမ္ပဒါနှင့် ဘာဝနာသမ္ပဒါ။
၁၂။ သောတာပတ္တမဂ်အဖွင့်။
၁၃။ နာမက္ခန္ဓာ။
၁၄။ ဥပါဒါနက္ခန္ဓာနှင့်အနုပါဒါနက္ခန္ဓာတို့၏ ပဋိစ္စသမုပ္ပါဒ်
စက်ရဟတ်လည်သောအခါနှင့်။
၁၅။ ခန္ဓာငါးပါး-ပဋိဝေဓဂမ္ဘီရတရား။
၁၆။ဆဠင်္ဂုပေက္ခာ။
၁၇။ ပဋ္ဌာန်းတရားတော်။
၁၈။ သတ္တာဝါသဘုံကိုးဝနှင့် ၀ိညာဏဌိတိ(၇)ပါး။ နိဗ္ဗာန်ဂုဏ်တော်အဖွင့်။ ပစ္ဆိမဗုဒ္ဓဒေသနာတော်=
(အရှည်တွင်သံသရာ အချည်ကတော့ တဏှာ (ပ) ပြည့်စုံရစ်ကြပါလော့။)

ဤမာတိကာတို့သည် ဆူးလေဦးမြင့်သိန်း၏ အရိယသစ္စာလမ်းစဉ် ၀ိပဿနာတရားမှတ်ချက် ပေါင်းချုပ် စာအုပ်ကြီးထဲက မာတိကာဖြစ်ပါသည်။ ဓမ္မစေတီ၏ တရားအမည်များကို အထူးဖော်ပြဖွယ်မလို။ အယူဝါဒ (မနောကံ)နှင့် အဟောအရေး (၀စီက၊ံ ကာယကံ)တို့ အချင်ချင်း ဆန်ကျင်သူများပေတည်း။ ဤသို့ ကံသုံးချက် မညီသူတို့ကိုမြတ်ဗုဒ္ဓက “ကောက်ကျစ်သူ” ဟု သတ်မှတ်တော်မူပါသည်။


မစိုးရိမ်စာသင်သား
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories