Showing posts with label မစိုးရိမ်စာသင်သား. Show all posts
Showing posts with label မစိုးရိမ်စာသင်သား. Show all posts

April 20, 2011

စိန်ခေါ်သူ မည်သူနည်း

သျှင်သာမိ - မုံရွာ | 7:03 AM | 3 Comments so far

အဓမ္မဝါဒနိဂ္ဂဟကို အဓမ္မဝါဒနိဂ္ဂဟဖြင့် စိစစ်ဝေဖန်ခြင်း

မစိုးရိမ်စာသင်သား

နိဒါန်း

၁၃၇၂-ခုနှစ် ပြာသိုလဆန်းပိုင်းတွင် ''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ် (အဓမ္မဝါဒနိဂ္ဂဟ)'' စာမူကြမ်းတစ်ခုကို မိတ္ထူများစွာ ထုတ်လုပ်ဖြန့်ဝေနေကြောင်း ကြားသိရသည်။ စာတိုက်မှ အမြန်ချောဖြင့် ပေးပို့၍ စာရေးသူ့ထံလည်း ရောက်ရှိလာသည်။ သက်ဆိုင်ရာသာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့ထံ ထုတ်ဝေခွင့်ပြုရန် တင်ပြထားကြောင်း ကြားသိရပြန်သည်။ ထို့ကြောင့် ဘာမျှ တုံ့ပြန်မှု-မပြုသေးဘဲ ဖြစ်လာမည့်ဖြစ်စဉ်များ အားလုံးကို ခြုံငုံသုံးသပ်နိုင်ရန် အဆုံးသတ်ချိန်တိုင်အောင် စောင့်နေလိုက်ပါသည်။

သို့ရာတွင် ၁၃၇၂-ခုနှစ် တပိုတွဲလပြည့်နေ့တွင် သာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့က ထုတ်ဝေခွင့် မပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကြားသိရသည်။ ထိုကြောင့် လမ်းကြောင်းတစ်ခုကနေ ဖြစ်လာမည့်ဖြစ်စဉ်များ လမ်းဆုံးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ရပါသည်။

သို့ရာတွင် သာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့သို့ မတင်ပြမီကတည်းက မြို့ရွာဒေသကြီး အသီးသီးသို့ မိတ္ထူများစွာ ဖြန့်ဝေပို့ပေးထားပြီး ဖြစ်ကြောင်း၊ ပံျ့နှံ့နေသည့် မိတ္ထူများကြောင့် မစိုးရိမ်စာသင်သားအပေါ် အသိအမြင် လွဲမှားနေသူများ ရှိနေကြကြောင်း သိလိုက်ရပြန်ပါသည်။

ဒကာမကြီးတစ်ဦး၏ ပြောပြချက်အရ သူတို့မိတ်ဆွေ သီလရှင်ဆရာကြီးကပင် ''မစိုးရိမ်စာသင်သားကို သနားလိုက်တာ၊ သူ့ကိုလဲ ပြန်ဆော်တာရှိတော့ ခံနေရရှာပြီ''ဟု ဆိုသတတ်။ စာကို သေချာမဖတ်ခြင်းကြောင့် သနား နေသည်လား...နားမလည်ခြင်းကြောင့် သနားနေသည်လား... မသိရပေ။ အဘယ့်ကြောင့်ဆိုသော် ၄င်းစာအုပ်ပါ အကြောင်းအရာတို့သည် မစိုးရိမ်စာသင်သားအပေါ် အပြစ်တင်မိသော၊ အပြစ်တင်နိုင်သော အမှန်အကန်များ မဟုတ်ခြင်းကြောင့်ပင် ဖြစ်ပါသည်။

၎င်းစာအုပ်ထဲမှ မစိုးရိမ်စာသင်သားအား နာမည်ပျက်စေရန် လုပ်ကြံထားပုံများကို ရှင်းလင်းရန်လိုအပ်ပါပြီ။


မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ် (အဓမ္မဝါဒနိဂ္ဂဟ)

၎င်းမိတ္ထူမူတွင် စာကိုယ်က ၂၃၄-မျက်နှာ၊ မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်နှင့်စပ်လျဉ်း၍ သံဃာ ထုအား လျှောက်ထားတောင်းပန်လွှာက ၁ဝ-မျက်နှာ(က-ည)၊ စာရေးသူ၏ပဋိညာဉ်က ၃-မျက်နှာ(ဋ-ဍ)၊ ရတနတ္တယပဏာမဂါထာက ၃-မျက်နှာ(ဏ-ထ) ပါရှိသည်။

စာမျက်နှာ(ဍ)တွင်-
''အထူးသဖြင့် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေး၊ အမျိုးဘာသာသာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်- ဦးတည်ရည်ရွယ်လျက်...
စာရှုသူ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအများစုတို့အတွက်....''ဟူ၍ ရေးသားထားသည်။

၎င်းစာအုပ်-ရေးသားသူ၏အမည်ကို အရှင်ထာဝရ(ရန်ကုန်)ဟု ဖော်ပြထားသည်။ ဤရှင်းလင်းချက်တွင် အရှင်ထာဝရ(ရန်ကုန်)ကို ''၄င်း'' ဟူသော နာမ်စားဖြင့် သတ်မှတ်၍ သုံးနှုန်းသွားပါမည်။

အမေးနှင့်အဖြေ(၁)

အမေး ။ ။ ၄င်းက ၄င်း၏စာအုပ်-စာမျက်နှာ(ဍ)တွင်- ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာ ထုစည်းလုံးညီညွတ်ရေး....အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ် လျက်''ဟူ၍ ရေးသားပြသထားသည်။

၎င်းစာသားများက ၄င်း၏ရေးသားချက်အတိုင်း သံဃာထုစည်းလုံးညီညွတ်ရေးကို မည်သို့မည်ပုံ အကောင် အထည်ဖော်နိုင်မည်နည်း။ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးကို မည်သို့မည်ပုံ အကောင်အထည်ဖော်နိုင် မည်နည်း။

၎င်း၏စာအုပ်-စာမျက်နှာ(တ-ထ)တို့၌-

''မှားယွင်းဖောက်ပြန် အကျင့်တန်၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်းတို့ကို နှိမ်နင်းဆုံးမကြောင်းဆုံးမရာ ဖြစ်သော (ဝါ) တရားဟောတရားနာ အပြစ်ရှာသော အပုညကြိယဝါဒ၊
သမ္မာဒိဋ္ဌိကျင့်စဉ်ကို ပစ်ပယ်သော မိစ္ဆာဒိဌိဝါဒ၊ ပုထုဇဉ်ဘဝဖြင့်သာ သေရမည်ဟု ယူဆသော နတ္ထိကဝါဒ၊ ဒီဘဝသေလျှင် ပြတ်သည်ဟု ယူဆသော ဧကဘဝဥစ္ဆေဒဝါဒ၊
အသင်္ခတ-အနတ္တကို အတ္တ=အနှစ်အသားရှိဟု ယူဆသော သာရတ္တနိဗ္ဗာနဝါဒ၊ ဣန္ဒြိယ သံဝရသီလကို ဖောက်ဖျက်သော (တနည်း) ကိုယ်နှုတ်နှလုံး မယဉ်ကျေး-ကြမ်းတမ်းရိုးပျသော အဝိနယဝါဒ၊ သံဃာစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးသော (ဝါ) သံဃာသင်းခွဲသော ဘေဒကရဝါဒ စသည် များပြား မြတ်ဗုဒ္ဓကို စွပ်စွဲသော အဗ္ဘာစိက္ခနဝါဒီ အလီလီတို့၏ အဓမ္မဒေဝဒတ်လက်သစ်ဝါဒ-တို့ကို နှိမ်နင်းရာ အဓမ္မဝါဒနိဂ္ဂဟအမည်ရသော ကျမ်းကို'' ဟူ၍ ရေးသားပြသထားပါသည်။

အဖြေ။ ။ ၄င်းတို့တွင်- (၁) ''မှားယွင်းဖောက်ပြန် အကျင့်တန်၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်း'' ဟူသည်မှာ ဘယ်သူတွေကို ဆိုလိုပါသနည်း..ဟုမေးလျှင်
''မစိုးရိမ်စာသင်သားသည် မှားယွင်းဖောက်ပြန် အကျင့်တန် ၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်း ဖြစ်၏''ဟု အဖြေထွက်စေလိုကြောင်း သိသာပါသည်။

အဘယ့်ကြောင့်ဆိုသော် ၄င်းက ၄င်းစာအုပ်-စာမျက်နှာ(၉၈/၁၁၂/ ၁၄ဝ/၁၉၆)တို့တွင်

''ပရဝါဒီမည်သော ကျွန်ုပ်မစိုးရိမ်စာသင်သား၊ သင်ပရဝါဒီ=တိတ္ထိဂိုဏ်းသား၊ ဝိဘဇ္ဇဝါဒီအမည်ခံ- မစိုးရိမ် စာသင်သားအမည်ခံ- အဓမ္မဝါဒီပုဂ္ဂိုလ်၊ မစိုးရိမ်စာသင်သား၏ အဓမ္မဝါဒ အဝိနယဝါဒ''ဟူ၍ ရေးသား ပြသထားခြင်းကြောင့် ဖြစ်ပါသည်။ (ဤ၌ ''ပရဝါဒီမည်သော ကျွန်ုပ်မစိုးရိမ်စာသင်သား''အသုံးအနှုန်းသည် ၄င်း၏ အသုံးအနှုန်းပင်။)

မစိုးရိမ်စာသင်သားသည် ၄င်း၏ဖော်ပြပါရေးသားချက်အတိုင်း အဓမ္မဝါဒီပုဂ္ဂိုလ် ဟုတ်နိုင်သည်- မဟုတ်နိုင် သည်ကို ဆုံးဖြတ်ချက်ချမှတ်လိုပါက
မစိုးရိမ်စာသင်သားထုတ်ဝေသည့် စာအုပ် ၁၇-အုပ်၊
မစိုးရိမ်စာသင်သား အထူးစီစဉ်ထားသည့် စာအုပ် ၅-အုပ်၊
မစိုးရိမ်စာသင်သားတည်းဖြတ်၍ အမှာစာရေးပေးထားသည့် ''နယသာဂရ ပဌာန်းတရားတော်''အစရှိသည့် စာအုပ် ၈-အုပ်၊
မစိုးရိမ်စာသင်သား ဟောပြောထားသည့် ရုပ်သံပါ အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးတရားတော် ၅-ချပ် (ပုဒ်ရေအားဖြင့် ၂ဝ ကျော်)၊
အသံသက်သက်ပါ အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးတရားတော် ၁ချပ် (ပုဒ်ရေ ၃၅ ပုဒ်)တို့နှင့်-

လစဉ်ထုတ် ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြတ်ပန်းရဂုံ၊ အနန္တဂုဏ်ရည်ပါ မဂ္ဂဇင်းဆောင်းပါးများကို ဖတ်ရှုပြီးမှ နား ထောင်ပြီးမှ ဆုံးဖြတ်ချက်ချမှတ်ကြပါရန် ပန်ကြားလိုပါသည်။ မစိုးရိမ်စာသင်သား၏ ကလောင်အမည်ခွဲ ၆-ခုစလုံးကို ''မစိုးရိမ်စာသင်သားအပေါ်မဆင်မခြင်စွပ်စွဲချက်''စာတမ်းတွင် ထည့်သွင်းဖော်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ဖော်ပြပါစာအုပ်များ၊ တရားများကို ဖတ်ရှု နားထောင်ပြီးပါက မစိုးရိမ်စာသင်သားသည် ရိုးသားမှန်ကန် ကျင့်ဖြောင့်မှန်၍ နိဗ္ဗာန်လမ်းပြ ဓမ္မဝါဒီ ဖြစ်ပေသည်ကို အညီအမျှ တွေ့မြင်ရပါလိမ့်မည်။ ထိုအခါတွင်
''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်ရေးသားသူ၏ မရိုးမသား လုပ်ကြံထားမှုများ''ကို ထင်ထင်လင်းလင်း အမြင်ရှင်းသွားပါလိမ့်မည်။

၎င်းစာအုပ်တွင်-
(၂) တရားဟောတရားနာ အပြစ်ရှာသော အပုညကြိယဝါဒီ
(၃) သမ္မာဒိဌိကျင့်စဉ်ကို ပစ်ပယ်သော မိစ္ဆာဒိဌိဝါဒီ
(၄) ပုထုဇဉ်ဘဝဖြင့်သာ သေရမည်ဟု ယူဆသော နတ္ထိကဝါဒီ
(၅) ဒီဘဝသေလျှင် ပြတ်သည်ဟု ယူဆသော ဧကဘဝဥစ္ဆေဒဝါဒီ
(၆) အသင်္ခတ-အနတ္တကို အတ္တ=အနှစ်အသားရှိဟု ယူဆသော သာရတ္တနိဗ္ဗာနဝါဒီ (သာရ+အတ္တ+နိဗ္ဗာန)
(၇)ဣန္ဒြိယသံဝရသီလကို ဖောက်ဖျက်သော (တနည်း) ကိုယ်နှုတ်နှလုံး မယဉ်ကျေး-ကြမ်းတမ်း ရိုင်းပျသော အဝိနယဝါဒီ
(၈) သံဃာစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးသော (ဝါ) သံဃာသင်းခွဲသော ဘေဒကရဝါဒီ
(၉) စသည်များပြား မြတ်ဗုဒ္ဓကို စွပ်စွဲသော အဗ္ဘာစိက္ခနဝါဒီ အလီလီတို့၏ အဓမ္မဒေဝဒတ်လက်သစ်ဝါဒီ ဟူသည်မှာ
ဘယ်သူတွေကို ဆိုလိုပါသနည်း...ဟုမေးလျှင် “မစိုးရိမ်စာသင်သားပင် ဖြစ်၏” ဟု အဖြေထွက် စေလိုကြောင်း သိသာပါသည်။

''မစိုးရိမ်စာသင်သားသည် ၄င်း၏ဖော်ပြပါရေးသားချက်အတိုင်း ဟုတ်နိုင်သည်- မဟုတ်နိုင်သည်''တို့ကို ဆုံးဖြတ်ချက်မချမီ မစိုးရိမ်စာသင်သား၏ ဆောင်းပါးများ၊ စာအုပ်များ၊ ဟောတရားများကို ဖတ်ရှုနားထောင်ကြည့် စေလိုပါသည်။

ဖော်ပြပါစာအုပ်များ၊ တရားများကို ဖတ်ရှု နားထောင်ပြီးပါက မစိုးရိမ်စာသင်သားသည် ရိုးသားမှန်ကန် ကျင့်ဖြောင့်မှန်၍ နိဗ္ဗာန်လမ်းပြ ဓမ္မဝါဒီ ဖြစ်ပေသည်ကို အညီအမျှ တွေ့မြင်ရပါလိမ့်မည်။ ထိုအခါတွင် ''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်ရေးသားသူ၏ မရိုးမသား လုပ်ကြံထားမှုများ''ကို ထင်ထင်လင်းလင်း အမြင်ရှင်းသွားပါလိမ့်မည်။

၎င်း၏ဦးတည်ရည်ရွယ်ချက်နှင့် ၄င်း၏အရေးအသားများသည် မည်သို့မျှ ညီညွတ်ခြင်းမရှိပါ။ မစိုးရိမ်စာသင် သားကို ယုံကြည်နေသူများက မစိုးရိမ်စာသင်သားအပေါ်တွင် အထင်အမြင်လွဲမှားသွားစေရန် ၄င်းက ရန်တိုက် ပေးခြင်းသာ ဖြစ်ပါသည်။

သို့ဆိုလျှင် ၄င်း၏ ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေး...၊ အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်- ဦးတည်ရည်ရွယ်လျက်''ဟူ၍ ရေးသားပြသထားချက်သည် ဗြောင်လိမ်ထားသည့် မုသားဝါစာမျှသာ၊ တစ်နည်း ဒုစရိုက်မှုလွန်ကျူးထားခြင်းမျှသာ ဖြစ်နေပါတော့သည်တကား။

အမေးနှင့်အဖြေ(၂)

အမေး။ ။ ၄င်းက ၄င်း၏စာအုပ်-စာမျက်နှာ(ဍ)တွင်- ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာ ထုစည်းလုံးညီညွတ်ရေး....အမျိုးး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ် လျက်''ဟူ၍ ရေးသားပြသထားသည်။

၎င်းစာသားများက ၄င်း၏ရေးသားချက်အတိုင်း သံဃာထုစည်းလုံးညီညွတ်ရေးကို မည်သို့မည်ပုံ အကောင် အထည်ဖော်နိုင်မည်နည်း။ သာသနာတော်ကြီး
မပြိုကွဲမပျက်စီးစေရေးကို မည်သို့မည်ပုံ အကောင်အထည်ဖော်နိုင် မည်နည်း။


အဖြေ(၁)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၃)၌ ''ပရဝါဒီတို့၏ ရှေ့၌တင်ပြခဲ့သောစကားများသည် ဓမ္မဝါဒ ဟုတ်-မဟုတ် မစစ်ကြောမီ ယင်းတို့၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာရေး ရည်ရွယ်ချက်တို့ကို အထိုက်အလျောက် တင်ပြပေးလိုပါသည်''ဟူ၍ ရေးသားပြသထားပါသည်။

ပရဝါဒီဟူသည်မှာ ဘယ်သူတွေကို ဆိုလိုပါသနည်း..ဟုမေးလျှင် မစိုးရိမ်စာသင်သားကို ဆိုလိုကြောင်း အဖြေထွက်ပါသည်။
အဓိပ္ပာယ်မှာ ''မစိုးရိမ်စာသင်သား၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာ ရေးရည်ရွယ်ချက်တို့ကို အထိုက်အလျောက် တင်ပြပေးလိုပါသည်''ဟု ဆိုလိုပါသည်။ ၄င်းသည် ၄င်းဖော်ပြထားသည့် ''အတ္တနော ပမာဏံ န ဇာနာတိ''ဟူသည်အညီ မိမိ၏ပမာဏကို မိမိကိုယ်တိုင်က မသိတတ်လေ။

ယခုကောက်နုတ်ထုတ်ယူပြအပ်သော၊ စာမျက်နှာ(၃) အစရှိသည်တို့၌ ပါရှိနေသော '၄င်း'၏ စာသားများက သံဃာထုစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမည့် အသုံးအနှုန်းများချည်း ဖြစ်နေ ကြောင်း ထင်ရှားလာပါလိမ့်မည်။ သာသနာတော်ကြီး ပြိုကွဲပျက်စီးစေရေးသို့ ရှေးရှုထားသော မရိုး မသား စိန်ခေါ်စကားများချည်း ဖြစ်နေကြောင်း ထင်ရှားလာပါလိမ့်မည်။

မစိုးရိမ်စာသင်သား၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာရေးရည်ရွယ်ချက်တို့ကို စိတ်ထားဖြူစင်ပါရမီရှင်စာအုပ်တွင်လည်းကောင်း၊
မြတ်ပန်းရဂုံမဂ္ဂဇင်း၊ သာသနပါလ-ဓမ္မကထာအခန်း- ဝေဖန်ရေး ဆရာတစ်ပါး၏ သဘောထားဆိုင်ရာ အင်တာဗျူးအဖြေတို့တွင်လည်းကောင်း၊
ဓမ္မအလင်းတန်းအမည်ရှိ အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ်ရှားရေးနှိုးဆော်လွှာစာအုပ်တွင်လည်းကောင်း အထင်အရှား ဖော်ပြထားပြီး ဖြစ်ပါသည်။
၎င်းအနေဖြင့် ဆောင်ရွက်ရမည့် ပမာဏမှာ ''မစိုးရိမ်စာသင်သားသည် ဓမ္မဝါဒီ မဟုတ်ကြောင်း (ဝါ) မစိုးရိမ်စာသင်သားသည် အဓမ္မဝါဒီ ဖြစ်ကြောင်း'' စစ်ကြောပြသရမည်သာ ဖြစ်ပါသည်။

ထင်ရှားအောင် စစ်ကြောပြသနိုင်လျှင် စစ်ကြောပြသရန် ၄င်းမှာ တာဝန်ရှိပါသည်။ မစိုးရိမ်စာသင်သားသည် အမှန်တကယ်ပင် အဓမ္မဝါဒီ ဖြစ်နေသည်ဆိုလျှင် ဝိနိစ္ဆယခုံရုံးသို့ တင်ပြစွဲဆိုရန်ပင် ၄င်းမှာ တာဝန်ရှိနေပါသည်။ စွဲဆိုသင့်လှပါသည်။

အဖြေ(၂)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၄)၌ ''(ပရဝါဒီတို့သည်)-ယင်းသို့ခံယူထားသည့်အလျောက် အလွန်လှပသော စကားလုံးတစ်လုံးကို လက်ကိုင်ပြုလုပ်ထားလိုက်ပုံမှာ ထေရဝါဒသာသနာ သန့်ရှင်းတည်တံ့ရေးအတွက် အဓမ္မဝါဒတွေကို ဖယ်ရှားပစ်မည်-ဟူ၏။ ထို့ကြောင့်လည်း သာသနာတွင်းသား ရဟန်းသံဃာတော်များ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေကြသော ဓမ္မကထိက ကမ္မဌာနာစရိယဆရာ တော်များကို အပျက်သဘောဆောင်သည့်အမြင်ဖြင့် လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားပါသည်''ဟူ၍ ရေးသားပြသ ထားပါသည်။

၎င်းတွင် ''အဓမ္မဝါဒတွေဖယ်ရှားရေးကို မစိုးရိမ်စာသင်သားက ဆောင်ရွက်နေပါကြောင်း''သည် မှန်သောစကားသာ ဖြစ်ပါသည်။

သို့ရာတွင် ''အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေ ကြသော ဓမ္မကထိက ကမ္မဌာနာစရိယ ဆရာတော်များ''တွင်-
'ဓမ္မဝါဒီများ'ဟူ၍ ရှိပါသည်၊ 'အဓမ္မဝါဒီများ'ဟူ၍ ရှိပါသည်။ ဤနှစ်မျိုးတို့တွင် ''မစိုးရိမ်စာသင်သားသည် အဓမ္မဝါဒီ ဓမ္မကထိက ကမ္မဌာနာစရိယတို့၏ အဓမ္မဝါဒတို့ကို လိုက်လံ နှိပ်ကွပ်ရေးသားနေသည်''ဟုဆိုလျှင်လည်း မှန်သောစကားသာ ဖြစ်ပါသည်။

''မစိုးရိမ်စာသင်သားသည် ဓမ္မဝါဒီ ဓမ္မကထိက ကမ္မဌာနာစရိယတို့၏ ဓမ္မဝါဒတို့ကို လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားနေသည်''ဟုဆိုလျှင်မူကား မှားသောစကား၊ မဟုတ်မမှန် လုပ်ကြံစွပ်စွဲထားသောစကားသာ ဖြစ်သွားပါသည်။

အထူးပြောပြထားလိုသည်မှာ ''ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေကြသော ဓမ္မကထိက ကမ္မဌာနာစရိယ ဆရာတော်အားလုံးသည် ဓမ္မဝါဒီပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူကြသည်''ဟူ၍ ဆိုနိုင်ပါမည်လော။ ဝိနိစ္ဆယအပြုခံခဲ့ရသော ဓမ္မကထိက၊ ကမ္မဌာနာစရိယများ အထင်အရှားရှိနေသည်ပင် မဟုတ်ပါလော။

အပျက်သဘောဆောင်သည့်အမြင်ဖြင့် လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားနေကြောင်း ၄င်းက စွပ်စွဲပြောဆိုထား သည်။ မစိုးရိမ်စာသင်သားမှာ ဓမ္မဝါဒီ ဓမ္မကထိက ကမ္မဋ္ဌာနာစရိယတို့၏ ဓမ္မဝါဒတို့ကို လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသား ထားချက်ဟူ၍ တစ်ချက်မျှ မရှိပါ။ မစိုးရိမ်စာသင်သား ရေးခဲ့သမျှတို့နှင့် ဟောခဲ့သမျှတို့ကို ဖတ်ရှု နားထောင်လျှင် သိနိုင်ပါသည်။





ဆက်လက် တင်ပြပါမည်
Read more ...

January 29, 2010

ရှေ့ဘဝ နောက်ဘဝ မြတ်ဗုဒ္ဓဟောပါသည်

Dr Phyo Wai Kyaw | 7:40 AM | | | Be the first to comment!


မြတ်ဗုဒ္ဓက ရှေ့ဘဝ နောက်ဘဝတို့အကြောင်းကို အကျယ်တဝင့် ဟောထားပါလျက် ''ရှေ့ဘဝ နောက်ဘဝအကြောင်း မြတ်ဗုဒ္ဓ မဟော''ဟူ၍ ရေးသားထားသော အဓမ္မဝါဒစာပေများ ပြန့်ပွါးနေကြပါသည်။

ပစ္စုပ္ပန်ကမ္မဝါဒီက-

''ကျုပ်တို့က သူတို့ကို အဓိကဆုံးမတာမှာ ဘယ်တရားမှ မရချင်နေ ရချင်ရ ရှေ့ဘဝ နောက်ဘဝကိုတော့ မတွေးရဘူးနော်-လို့ ဆိုတာလောက်ကတော့ ကျုပ်တို့ကို ချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။ (ပ)။ အဲဒီအစဆုံးဖြစ်တဲ့ ရှေ့ဘဝ-နောက်ဘဝ မတွေးရဘူးလို့ ဆိုတဲ့ဟာကို (သူက လျှောက်ထားလာတယ်။) ရှေ့ဘဝ-နောက်ဘဝဟာ တကယ်မြတ်စွာဘုရား မဟောဘူး။ ကျုပ်တို့ကလဲပဲ ရှေ့ဘဝ နောက်ဘဝကိုတော့ဖြင့် လုံးဝ မဟောပြောဘူး။ ရှေ့ဘဝ နောက်ဘဝကို ယူဆတဲ့သူဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအနေအထားမှာ ရှိတယ်လို့ ပြောတာကို သူ မကြားခဲ့ဖူးသလို ဖြစ်နေတယ်''ဟု ရေးသားထားပါသည်။ (ပစ္စုပ္ပန်ကမ္မဝါဒီ၏ စာအုပ်-နှာ-၂။)

ရှေ့ဘဝနောက်ဘဝအကြောင်း ဟောကြားချက်များ

(က) အထက်ပါစကားရပ်၌ ''ရှေ့ဘဝနောက်ဘဝကို မြတ်ဗုဒ္ဓ မဟော''ဆိုသည့် အချက်သာ အဓိက ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ဝိနယပိဋက၌ ရှေးဘဝမှာ နွားဖြစ်ခဲ့ဖူးသူက ယခုဘဝမှာ ရဟန်းဖြစ်လာကြောင်း၊ ထိုရဟန်းမျိုးက ညအခါမှာ စားမြုံ့ပြန်လျှင် ဝိကာလဘောဇနသိက္ခာပုဒ်အရ အာပတ်မသင့်ကြောင်း ပညတ်တော်မူထားပါသည်။
ယခုဘဝမှာ ပါရာဇိကသိက္ခာပုဒ်တော်ကို ကျူးလွန်သည့် ရဟန်းတို့သည် နောက်ဘဝမှာ ငရဲကျရမည်ဖြစ်ကြောင်း တိရစ္ဆာန်ဖြစ်ရမည်ဖြစ်ကြောင်း ပညတ်တော်မူပါသည်။ သုတ္တန္တပိဋက ဇာတကပါဠိတော်တို့မှာ ရှေ့ဘဝအကြောင်း များကို အကျယ်တဝင့် ဟောထားပါသည်။ အင်္ဂုတ္တိုရ်ပါဠိတော် စသည်တို့မှာ နောက်ဘဝအကြောင်းတို့ကိုလည်း အကျယ်တဝင့် ဟောထားတော်မူပါသည်။ အဘိဓမ္မာပိဋက ခန္ဓယမက ဥပ္ပါဒအတီတပုဂ္ဂလောကာသဝါရ စသည်တို့မှာ အတိတ်ဘဝခန္ဓာတစ်ပါးဖြစ်ဖူးသူ၊ ခန္ဓာငါးပါးဖြစ်ဖူးသူ စသည်တို့ကို ဟောကြားထားပါသည်။ ၎င်း အနာဂတပုဂ္ဂလောကာသဝါရ စသည်တို့မှာ အနာဂါတ်ဘဝ ခန္ဓာလေးပါး ဖြစ်လိမ့်မည့်သူ ခန္ဓာငါးပါး ဖြစ်လိမ့်မည့်သူ စသည်တို့ကို ဟောထားပါသည်။

(ခ) ရှေ့ဘဝနောက်ဘဝအကြောင်းများကို ဟောပြထားသည့် မြတ်ဗုဒ္ဓ၏ ဒေသနာတော်တို့သည် ဗုဒ္ဓပါဝစနခေါ် ပိဋကသုံးပုံလုံးမှာပင် အနှံ့အပြား အများအပြား ရှိနေကြပါသည်။ အဋ္ဌကထာဋီကာတို့မှာလည်း ပါဠိတော် လာရှိသည့်အတိုင်း အမြောက်အမြား ရှိနေကြပါသည်။ သို့ပါလျက် ပစ္စုပ္ပန်ကမ္မဝါဒီတို့က ''ရှေ့ဘဝ နောက်ဘဝကို ဗုဒ္ဓ မဟော''ဟု ရေးသားခြင်းမှာ အကြီးအကျယ်လိမ်ညာလျက် မျက်နှာပြောင်တိုက်၍ မြတ်ဗုဒ္ဓကို ခုတုံးလုပ်ခြင်းသာ ဖြစ်ပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် သူတို့၏ကိုယ်ပိုင်ဝါဒကို ကိုယ်တိုင်တည်ထောင် နိုင်စွမ်း မရှိခြင်းကြောင့် မြတ်စွာဘုရားကို ခုတုံးလုပ်ထားကြပါသည်။ သူတို့၏ ကိုယ်ပိုင်ဝါဒသည် မြတ်ဗုဒ္ဓ၏ ပဋိပက္ခအနေအထားမှာ တည်ရှိပါလျက် သူတို့၏ဝါဒကို မြတ်ဗုဒ္ဓဝါဒဖြစ်လေယောင် ဟန်ဆောင်ထားကြပါသည်။

များစွာသော ဗုဒ္ဓဘာသာဝင်တို့သည် သေချာတိကျ မသိကြသော်လည်း ရှေ့ဘဝ နောက်ဘဝတို့ကို မြတ်ဗုဒ္ဓ ဟောထားတော်မူကြောင်း အကြမ်းဖျင်းအားဖြင့် သိတော်မူကြပြီးဖြစ်၍ ထိုအသိစိတ်များကို မြတ်ဗုဒ္ဓဖြင့်ပင် တိုက်လှဲချပစ်ရန် အကြံကြီးကြီးကြံလျက် ပြောင်ပြောင်တင်းတင်း ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ဟောပြောရေးသား ဖြန့်ဝေနေကြပါသည်။

ရှေ့ဘဝနောက်ဘဝအကြောင်း ဟောပြောသူ မှန်လျှင်ပင် မိစ္ဆာဒိဋ္ဌိ ဖြစ်သည်-တဲ့
(ဂ) မည်မျှအထိ ပြောင်ပြောင် တင်းတင်း ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား လုပ်သနည်းဟူမူကား ရှေ့ဘဝ နောက်ဘဝတို့ကို ဟောတော်မူသည်သာလျှင် ဖြစ်သော မြတ်ဗုဒ္ဓသည်လည်း မိစ္ဆာဒိဋ္ဌိက ဖြစ်သည်။ သူတို့နှင့် ပဋိပက္ခအရာမှာ တည်သည်။ ရှေ့ဘဝ နောက်ဘဝတို့ကို လက်ခံယုံကြည်သည်သာလျှင် ဖြစ်သော ဗုဒ္ဓဘာသာဝင် သံဃာတော်များအားလုံးနှင့် လူပုဂ္ဂိုလ်(ဒကာ-ဒကာမ) အားလုံး သည်လည်း မိစ္ဆာဒိဋ္ဌိကများ ဖြစ်ကြသည်။ သူတို့နှင့် ဆန့်ကျင်ဘက်ရန်သူများ ဖြစ်ကြသည်ဟူ၍ပင် ပြောဟောရေးသားထားကြပေသည်။ အမှန်အားဖြင့်မူ မြတ်ဗုဒ္ဓသည် ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒကို သန့်သန့်ကြီး တည်ထောင်နိုင်သည့် အတုမဲ့ အရှင်မြတ်ကြီး ဖြစ်ပါသည်။ အခြားသူတို့၏ ဘာသာဝါဒအတွင်းဝင်ပြီး သူတစ်ပါးတို့၏ ယုံကြည်မှုကို အယောင်ဆောင် မျက်နှာဖုံးစွပ်လျက် အတင်းသိမ်းသွင်းယူခဲ့ခြင်း လုံးဝ မရှိပါ။ ခိုင်ခိုင်မတ်မတ် ရပ်တည်တော်မူလျက် သန့်သန့်ရှင်းရှင်းကြီး ဟောပြောကာ ဘာသာဝါဒသစ်ကို တည်ထောင်တော်မူခဲ့ခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓသည် မိစ္ဆာဒိဋ္ဌိက မဟုတ်ချေ။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည်သာ မိစ္ဆာဒိဋ္ဌိက ဖြစ်ကြသည်။ မြတ်ဗုဒ္ဓသည် ပစ္စုပ္ပန်ကမ္မဝါဒီတို့၏ ပဋိပက္ခအရာမှာ တည်သောရန်သူ မဟုတ်ချေ။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည်သာ မြတ်ဗုဒ္ဓ၏ ပဋိပက္ခအရာမှာတည်သော ရန်သူကြီးများ ဖြစ်ကြသည်။ သူပုန်ကြီးများ ဖြစ်ကြသည်။ ပစ္စုပ္ပန် ကမ္မဝါဒီတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒသစ်ကို သန့်သန့်ရှင်းရှင်း တည်ထောင်နိုင်စွမ်းရှိသူများ မဟုတ်ကြချေ။

မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဝါဒအတွင်းဝင်နေပြီး ဗုဒ္ဓဝါဒယောင် ဆောင်ထားသော မျက်နှာဖုံးစွပ်ဖြင့် ဗုဒ္ဓဘာသာဝင် ဒကာဒကာမအများနှင့် မသိနားမလည်သူအများကို အတင်းသိမ်းသွင်း၍ (သူတို့၏အယူဝါဒ လက်အောက် ကျရောက်လာအောင်) လုယူနေသူများ ဖြစ်ကြပါသည်။ မြတ်ဗုဒ္ဓ၏နှုတ်ထွက်တော် ဝေါဟာရတို့ကို အခွံချွတ်ယူပြီး လက်ကိုင်တုတ်လုပ်လျက် ရှုပ်ရှုပ်ထွေးထွေးဖြစ်အောင် ပူးသတ်နေသူများ ဖြစ်ကြသည်။

ထို့ကြောင့်
ပစ္စုပ္ပန်ကမ္မဝါဒီတို့၏ ရှေ့ဘဝနောက်ဘဝ မတွေးရကြောင်း ဟောပြောချက် ရေးသားချက် ဖြန့်ဝေချက် မှန်သမျှသည်လည်းကောင်း၊ ရှေ့ဘဝ နောက်ဘဝ မရှိကြောင်း ဟောပြောရေးသားဖြန့်ဝေချက် မှန်သမျှ သည်လည်းကောင်း၊ မြတ်ဗုဒ္ဓက ရှေ့ဘဝနောက်ဘဝတို့ကို မဟောကြားပါဟု လိမ်ညာလှည့်စားထားသည့် ဟောပြောချက် မှန်သမျှသည်လည်းကောင်း မြတ်ဗုဒ္ဓဟောပြအပ်သော ဓမ္မဝါဒမဟုတ်ကြောင်း (မြတ်ဗုဒ္ဓ မဟောအပ်သော အဓမ္မဝါဒသာ ဖြစ်ကြောင်း) မှတ်ယူကြရမည် ဖြစ်ပါသည်။

(ဃ) အနှစ်ချုပ်အားဖြင့်မူ မြတ်ဗုဒ္ဓသည် ရှေ့ဘဝနောက်ဘဝတို့ကို ဟောတော်မူပါသည်။ မြတ်ဗုဒ္ဓ၏ ဘာသာဝါဒထဲမှာ ရှေ့ဘဝနောက်ဘဝတို့ ရှိကြပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် ရှေ့ဘဝနောက်ဘဝကို မဟောကြချေ။ သူတို့၏ ဘာသာဝါဒ (အတု)ထဲမှာ ရှေ့ဘဝနောက်ဘဝတို့ မရှိကြပေ။ ယခုပစ္စုပ္ပန် တစ်ဘဝမျှသာ ရှိကြပေသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် ဤမျှလောက်အထိ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်ပါလျက်နှင့်ပင် မြတ်ဗုဒ္ဓ၏ ဒေသနာတော်များ ဝေါဟာရများကို အတင်းလုယူ သုံးစွဲပြီး မသိနားမလည်သူ ဗုဒ္ဓဘာသာဝင်များကို ဖျက်ဆီးလျက် ရှိကြပါသည်။

ပစ္စုပ္ပန်ကမ္မ၀ါဒကို စာပေတင်၍ စိစစ်ချက်


တောင်သာအောင်

Credit to- http://yellow1color.blogspot.com/
Read more ...

January 1, 2010

ပဗ္ဗာဇနီယကမ္မ၀ါစာဖတ်သင့်မဖတ်သင့်

Dr Phyo Wai Kyaw | 11:57 PM | | Be the first to comment!
ပဗ္ဗာဇနီယကမ္မ၀ါစာဖတ်သင့်မဖတ်သင့်- (မစိုးရိမ်စာသင်သား)
















Read more ...

လူရဟန္တာများ

Dr Phyo Wai Kyaw | 11:09 PM | | 3 Comments so far
မစိုးရိမ်စာသင်သား၏ အမှားနှင့်အမှန်စာအုပ်မှ ဆောင်းပါး








Read more ...

November 22, 2009

ဓမ္မစေတီ၏ဟောတရားအမှားများ (အပိုင်း-၆-)

သျှင်သာမိ - မုံရွာ | 11:29 PM | | | Be the first to comment!
ကလောင်ရှင်= မစိုးရိမ်စာသင်သား
`ဓမ္မစေတီ´အမည်ရှိခွေပါအမှတ်(၁၅)ပုဒ်၌ ဦးကောသလ္လ’က ဤသို့ ဟောထားပါသည်။

"ဒီနေရာမှာ... ဓမ္မစေတီ ဆရာစဉ်ဆက်တို့ရဲ့ တိဟိတ်လို့ ယူဆပုံကိုလဲ ပြောပါ့မယ်။ မြန်မာနိုင်ငံမှာ... ရှိရှိသမျှ ဆရာတော်များက လဲ သူတို့ကိုယ်သူတို့ `တို့က ဒွိဟိတ်။ ဒီဘ၀တော့ တရားမရနိုင်ဘူး`လို့ ဆုံးဖြတ်ချက်ချကြပါတယ်။`.ဒါပေသိ-ဘုန်းကြီးများရဲ့ ဆရာတော်ကြီးက စကားတစ်ခွန်း ပြောလိုက်ပါတယ်။ ပဋိသန္ဓေတုန်းကတော့ ဒွိဟိတ် ဖြစ်ချင်ဖြစ်မယ်။ ဆရာကောင်း သမားကောင်းနဲ့ တွေ့၍ တရား ဘာဝနာလုပ်သောအခါ ပ၀တ္တိမှာ တိဟိတ်ဖြစ်ခွင့် ရှိပါတယ်။ အလွန်ရှားပါးတဲ့  ဆုံးဖြတ်ချက်ပဲ ။ `ဒီဆုံးဖြတ်ချက်က-ဒီနေ့ဝိပဿနာလောကကြီး၊ တရားဓမ္မလောကကြီးအတွက် (အရေးကြီးလှပါတယ်။) ဒီဆုံးဖြတ်ချက်သာမချခဲ့ရင် သူတို့ လူထွက်ကြရတော့မှာ။ မိန်းမယူရတော့မှာ။ ...တို့ဆရာတော်ကတော့ ပဋိသန္ဓေတိဟိတ်၊ ပ၀တ္တိတိဟိတ်။ ဒါ- ကီး။"

"အဲဒါ ပစ္ဆိမဘ၀ိကသားနဲ့ ဗုဒ္ဓလောင်းပါ။ မွေးတုန်းက ဒွိဟိတ်။ ပ၀တ္တိမှာ တိဟိတ်။ အဲဒီဇာတ(မွေးရာပါ) တိဟိတ်ကို ကျုပ်တို့ မသိနိုင်ဘူး။ ကျုပ်တို့ သိနိုင်သည့် တိဟိတ်မှာ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိကိန်းအောင် တရားအားထုတ်သော ပုဂ္ဂိုလ်များပါ။"

"ဘုန်းကြီးများရဲ့ဆရာတော်တွေကပ၀တ္တိတိဟိတ်ဖြစ်ရင် တရားရတယ်လို့ ယူဆကြတယ်။ ပစ္ဆိမဘ၀ိကသား ဆိုတာ ဒီဘ၀ သောတာပန်မတည်ဘဲ မသေဘူး။ တရားရကို ရတယ်။"


ဖြေရှင်းချက်............


အထက်ပါတို့သည် အင်္ဂုတ္တိုရ်ပါဠိတော်၊ ဆက္ကနပါတ်၊ သီတ၀ဂ်၊ အာဝရဏသုတ်၊ ၀ိဘင်းပါဠိတော်၊ ဥာဏ၀ိဘင်း။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၊ မဟာဝဂ်။ ပုဂ္ဂလပညတ် ပါဠိတော်။ ထိုထိုအဋ္ဌကထာများ အားလံုးနှင့် ဆန့်ကျင်ြကပါသည်။ အကျယ်သိလိုပါက မြတ်ပန်းရဂုံရုပ်စုံ ဓမ္မစာစောင်၊ အမှတ်-၂၁၁၊ ဧပြီလ၊ ၂၀၀၉-ခုနှစ်၌ ပါရှိသော အရှင်ကောဝိဒ(ယော)၏ `တိဟိတ် ကိစ္စ´ ဆောင်းပါးကို  ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ ဤနေရာတွင် လိုရင်းတစ်ချက် လောက်သာ ဝေဖန်လိုက်ရလျှင်

`မြတ်ဗုဒ္ဓ၏ ပါဠိတော်များ၊ ရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာများကို ပစ် ပ ယ် ထားသည်´ ဟူ ၍ သာ ဖြစ် ပါသည် ။ အကယ်၍ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတုနင့် ညီညွတ်လျှင် အကိုးအကား အခိုင်အမာ ပြသင့်ပါသည်။

`ဘုန်းကြီးများရဲ့ အာစရိယ၀ါဒ´ဟုသာ ကိုးကားပြ၍ မရနိုင်ပါ။ မှန်၏။ ၄င်းဥက္ကံသဗုဒ္ဓိသည် အဓမ္မ၀ါဒီ ဖြစ်သည်။ ရှေ့တွင် ဖော်ပြခဲ့ပြီးပါပြီ။

မှာထားချက်။ ။ အထက်ပါ တိဟိတ်ဆုံးဖြတ်သည့်အရာတွင် ၀ိဇ္ဇာဥာဏ်-သမ္မာဒိဋ္ဌိ-ကိန်းအောင် တရား အားထုတ်နိုင်သော ပုဂ္ဂိုလ်ဟူ၍ သုံးထားပါသည်။ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိအရ အဘယ်ကို ယူရမည်နည်းဟု မေးလျှင်  အကြောင်းခန္ဓာ (အတွေးပုံရိပ်-ပညတ်)ကို သိမြင်သောဥာဏ် ဟူ၍ ယူရပါမည်။ ထို့ကြောင့် ၀ိဇ္ဇာဥာဏ် ဟူသည်မှာ မိစ္ဆာဥာဏ်သာတည်း။


"ဓမ္မစေတီ"အမည်ရှိခွေ ပါအမှတ်(၁၇)ပုဒ် ၌ ဦးကောသလ္လက ဤသို့ ဟောထားပါသည်။

"ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတဲက ထေရ၀ါဒလမ်းကြောင်းပေါ်သို့  မျိုးစေ့ချ၊ စိုက်ပျိုးပေးခဲ့သော အဖေဦးသန်းမြင့်၊ အမေဒေါ်တင်လှ တို့ကို ပထမကျေးဇူးစကား ဆိုပါ၏။ ထိုထေရ၀ါဒမျိုးစေ့ကို ရေလောင်း ပေါင်းသင်၍ ကြီးပွားအောင် သန့်ရှင်းတဲ့ အပင်ကလေး တစ်ပင် ဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ ဆရာတော် ဦးဥက္ကံသဗုဒ္ဓိကို ဒုတိယကျေးဇူးစကား ဆိုပါ၏။ `ဤ´ "ထေရ၀ါဒဗုဒ္ဓသာသနာ အရှေ့တောင်အာရှသို့ ရောက်ရှိလာပုံ" ခေါင်းစီးကို အတည်ပြုပေးသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို တတိယ ကျေးဇူးစကား ဆိုပါ၏။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကို အားလုံးသော ပုဂ္ဂိုလ်တွေက ပထမနေရာမှာ ထားကြတယ်။ ကိုယ် ကတော့ မရဘူး။ မထားဘူး။ ကိုယ်က နဂိုကတည်းက ထေရ၀ါဒကို ကိုယ့်အမေ အဖေက ပေးတာ။

ပြီးတော့မှ သူတို့ သံဃမဟာနာယကအဖွဲ့က `ဟာ ဒီခေါင်းစဉ် သိပ်ကောင်းတာ´လို့ အသိအမှတ်ပြု ပေးတာ။ ဘုန်းကြီးက တောင်းထားတာကို သူတို့က အသိအမှတ်ပြုတာ ဖြစ်ခြင်းကြောင့် သူတို့ကို တတိယ နေရာသို့ ပို့လိုက်ပါတယ်"

ဦးသန်းမြင့်+ဒေါ်တင်လှ၊ ဦးဥက္ကံသဗုဒ္ဓိတို့ ထံမှ ဓမ္မစေတီဦးကောသလ္လ ရရှိထားသော ထေရ၀ါဒသည် အဓမ္မ၀ါဒ ဖြစ်သော ထေရ၀ါဒ ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင်တို့ ရရှိထားသော ထေရ၀ါဒသည် ဓမ္မ၀ါဒ ဖြစ်ပါသည်။

ကလောင်ရှင်=မစိုးရိမ်စာသင်သား
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories