Showing posts with label Dhammasadi. Show all posts
Showing posts with label Dhammasadi. Show all posts

November 22, 2009

ဓမ္မစေတီ၏ဟောတရားအမှားများ (အပိုင်း-၆-)

သျှင်သာမိ - မုံရွာ | 11:29 PM | | | Be the first to comment!
ကလောင်ရှင်= မစိုးရိမ်စာသင်သား
`ဓမ္မစေတီ´အမည်ရှိခွေပါအမှတ်(၁၅)ပုဒ်၌ ဦးကောသလ္လ’က ဤသို့ ဟောထားပါသည်။

"ဒီနေရာမှာ... ဓမ္မစေတီ ဆရာစဉ်ဆက်တို့ရဲ့ တိဟိတ်လို့ ယူဆပုံကိုလဲ ပြောပါ့မယ်။ မြန်မာနိုင်ငံမှာ... ရှိရှိသမျှ ဆရာတော်များက လဲ သူတို့ကိုယ်သူတို့ `တို့က ဒွိဟိတ်။ ဒီဘ၀တော့ တရားမရနိုင်ဘူး`လို့ ဆုံးဖြတ်ချက်ချကြပါတယ်။`.ဒါပေသိ-ဘုန်းကြီးများရဲ့ ဆရာတော်ကြီးက စကားတစ်ခွန်း ပြောလိုက်ပါတယ်။ ပဋိသန္ဓေတုန်းကတော့ ဒွိဟိတ် ဖြစ်ချင်ဖြစ်မယ်။ ဆရာကောင်း သမားကောင်းနဲ့ တွေ့၍ တရား ဘာဝနာလုပ်သောအခါ ပ၀တ္တိမှာ တိဟိတ်ဖြစ်ခွင့် ရှိပါတယ်။ အလွန်ရှားပါးတဲ့  ဆုံးဖြတ်ချက်ပဲ ။ `ဒီဆုံးဖြတ်ချက်က-ဒီနေ့ဝိပဿနာလောကကြီး၊ တရားဓမ္မလောကကြီးအတွက် (အရေးကြီးလှပါတယ်။) ဒီဆုံးဖြတ်ချက်သာမချခဲ့ရင် သူတို့ လူထွက်ကြရတော့မှာ။ မိန်းမယူရတော့မှာ။ ...တို့ဆရာတော်ကတော့ ပဋိသန္ဓေတိဟိတ်၊ ပ၀တ္တိတိဟိတ်။ ဒါ- ကီး။"

"အဲဒါ ပစ္ဆိမဘ၀ိကသားနဲ့ ဗုဒ္ဓလောင်းပါ။ မွေးတုန်းက ဒွိဟိတ်။ ပ၀တ္တိမှာ တိဟိတ်။ အဲဒီဇာတ(မွေးရာပါ) တိဟိတ်ကို ကျုပ်တို့ မသိနိုင်ဘူး။ ကျုပ်တို့ သိနိုင်သည့် တိဟိတ်မှာ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိကိန်းအောင် တရားအားထုတ်သော ပုဂ္ဂိုလ်များပါ။"

"ဘုန်းကြီးများရဲ့ဆရာတော်တွေကပ၀တ္တိတိဟိတ်ဖြစ်ရင် တရားရတယ်လို့ ယူဆကြတယ်။ ပစ္ဆိမဘ၀ိကသား ဆိုတာ ဒီဘ၀ သောတာပန်မတည်ဘဲ မသေဘူး။ တရားရကို ရတယ်။"


ဖြေရှင်းချက်............


အထက်ပါတို့သည် အင်္ဂုတ္တိုရ်ပါဠိတော်၊ ဆက္ကနပါတ်၊ သီတ၀ဂ်၊ အာဝရဏသုတ်၊ ၀ိဘင်းပါဠိတော်၊ ဥာဏ၀ိဘင်း။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၊ မဟာဝဂ်။ ပုဂ္ဂလပညတ် ပါဠိတော်။ ထိုထိုအဋ္ဌကထာများ အားလံုးနှင့် ဆန့်ကျင်ြကပါသည်။ အကျယ်သိလိုပါက မြတ်ပန်းရဂုံရုပ်စုံ ဓမ္မစာစောင်၊ အမှတ်-၂၁၁၊ ဧပြီလ၊ ၂၀၀၉-ခုနှစ်၌ ပါရှိသော အရှင်ကောဝိဒ(ယော)၏ `တိဟိတ် ကိစ္စ´ ဆောင်းပါးကို  ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ ဤနေရာတွင် လိုရင်းတစ်ချက် လောက်သာ ဝေဖန်လိုက်ရလျှင်

`မြတ်ဗုဒ္ဓ၏ ပါဠိတော်များ၊ ရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာများကို ပစ် ပ ယ် ထားသည်´ ဟူ ၍ သာ ဖြစ် ပါသည် ။ အကယ်၍ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတုနင့် ညီညွတ်လျှင် အကိုးအကား အခိုင်အမာ ပြသင့်ပါသည်။

`ဘုန်းကြီးများရဲ့ အာစရိယ၀ါဒ´ဟုသာ ကိုးကားပြ၍ မရနိုင်ပါ။ မှန်၏။ ၄င်းဥက္ကံသဗုဒ္ဓိသည် အဓမ္မ၀ါဒီ ဖြစ်သည်။ ရှေ့တွင် ဖော်ပြခဲ့ပြီးပါပြီ။

မှာထားချက်။ ။ အထက်ပါ တိဟိတ်ဆုံးဖြတ်သည့်အရာတွင် ၀ိဇ္ဇာဥာဏ်-သမ္မာဒိဋ္ဌိ-ကိန်းအောင် တရား အားထုတ်နိုင်သော ပုဂ္ဂိုလ်ဟူ၍ သုံးထားပါသည်။ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိအရ အဘယ်ကို ယူရမည်နည်းဟု မေးလျှင်  အကြောင်းခန္ဓာ (အတွေးပုံရိပ်-ပညတ်)ကို သိမြင်သောဥာဏ် ဟူ၍ ယူရပါမည်။ ထို့ကြောင့် ၀ိဇ္ဇာဥာဏ် ဟူသည်မှာ မိစ္ဆာဥာဏ်သာတည်း။


"ဓမ္မစေတီ"အမည်ရှိခွေ ပါအမှတ်(၁၇)ပုဒ် ၌ ဦးကောသလ္လက ဤသို့ ဟောထားပါသည်။

"ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတဲက ထေရ၀ါဒလမ်းကြောင်းပေါ်သို့  မျိုးစေ့ချ၊ စိုက်ပျိုးပေးခဲ့သော အဖေဦးသန်းမြင့်၊ အမေဒေါ်တင်လှ တို့ကို ပထမကျေးဇူးစကား ဆိုပါ၏။ ထိုထေရ၀ါဒမျိုးစေ့ကို ရေလောင်း ပေါင်းသင်၍ ကြီးပွားအောင် သန့်ရှင်းတဲ့ အပင်ကလေး တစ်ပင် ဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ ဆရာတော် ဦးဥက္ကံသဗုဒ္ဓိကို ဒုတိယကျေးဇူးစကား ဆိုပါ၏။ `ဤ´ "ထေရ၀ါဒဗုဒ္ဓသာသနာ အရှေ့တောင်အာရှသို့ ရောက်ရှိလာပုံ" ခေါင်းစီးကို အတည်ပြုပေးသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို တတိယ ကျေးဇူးစကား ဆိုပါ၏။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကို အားလုံးသော ပုဂ္ဂိုလ်တွေက ပထမနေရာမှာ ထားကြတယ်။ ကိုယ် ကတော့ မရဘူး။ မထားဘူး။ ကိုယ်က နဂိုကတည်းက ထေရ၀ါဒကို ကိုယ့်အမေ အဖေက ပေးတာ။

ပြီးတော့မှ သူတို့ သံဃမဟာနာယကအဖွဲ့က `ဟာ ဒီခေါင်းစဉ် သိပ်ကောင်းတာ´လို့ အသိအမှတ်ပြု ပေးတာ။ ဘုန်းကြီးက တောင်းထားတာကို သူတို့က အသိအမှတ်ပြုတာ ဖြစ်ခြင်းကြောင့် သူတို့ကို တတိယ နေရာသို့ ပို့လိုက်ပါတယ်"

ဦးသန်းမြင့်+ဒေါ်တင်လှ၊ ဦးဥက္ကံသဗုဒ္ဓိတို့ ထံမှ ဓမ္မစေတီဦးကောသလ္လ ရရှိထားသော ထေရ၀ါဒသည် အဓမ္မ၀ါဒ ဖြစ်သော ထေရ၀ါဒ ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင်တို့ ရရှိထားသော ထေရ၀ါဒသည် ဓမ္မ၀ါဒ ဖြစ်ပါသည်။

ကလောင်ရှင်=မစိုးရိမ်စာသင်သား
Read more ...

November 21, 2009

မြန်မာတစ်ပြည်လုံးမှာဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်တွေ အ၀ီစိရောက်ကြမည်ဟူသောဟောပြောချက်..(အပိုင်-၅-)

သျှင်သာမိ - မုံရွာ | 11:46 PM | | | Be the first to comment!
ကလောင်ရှင်=မစိုးရိမ်စာသင်သား

`ပါသာဒိကသုတ်´ အမည်ရှိခွေထဲတွင် ဒုတိယခွေ၌ ဓမ္မစေတီ က ဤသို့ ဟောထားပါသည်။


(က)"ဘုန်းကြီး များက ထေရ၀ါဒ ဒဿနသမ္ပဒါနည်း ဆြိုပီး နည်းတစ်ခုနဲ့ ဟောပါတယ်။ ဒီကနေ့ မြန်မာ တစ်ပြည်လုံး မှာ ၀ိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ များသောအားဖြင့် ဘာဝနာသမ္ပဒါ နည်းနဲ့ လုပ်နေကြတော့ အကျိုးသတ် သမားတွေဖြစ်ပြီး ဥစ္ဆေဒဒိဋ္ဌိသမားတွေ ဖြစ်နေကြလို့ သေရင် အ၀ီစိ ရောက်ကြရမယ့် သူတွေချည်း ပါပဲ ။ ဘုန်းကြီးတို့က နဲနဲကလေးပဲ (ဟောမှာပါ။) အကုန်မဟောပါဘူး။ ကိုယ့်ဆရာသမားများက ပေးခဲ့တဲ့...(နည်းတွေပါ။) ဆရာတော် ဦးဥက္ကံသဗုဒ္ဓိပေါ့။ (အဲဒါ) ဒီဆရာတော် ဦးစန္ဒောဘာသတို့ရဲ့ ဆရာပေါ့။ အဲဒီ ဆရာတော် (ဥက္ကံသဗုဒ္ဓိ)က ပေးခဲ့တဲ့ အရိယသစ္စာနည်းရယ်၊ သတိပဋ္ဌာန်နည်းရယ်၊ ပဋိစ္စသမုပ္ပါဒ်နည်းရယ်၊ ပဋိသမ္ဘိဒါနည်းရယ်၊ ပဋ္ဌာန်းနည်းရယ်လို့ နည်း(၅)နည်း ရှိပါတယ်။

(ခ) `ဒီတော့ ဒီကနေ့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေကို ဘုန်းကြီးများက မေးကြည့်ပါတယ်။ လူတိုင်းကို မေးပါတယ်။ ဟေတုပစ္စယော...(ပ)...အ၀ိဂတပစ္စယော။ ဒီ (၂၄)ပစ္စည်းထဲမှာ ယူတယ် လှမ်းတယ်လို့ ပါသလား။ (မပါဘူးဗျ။) မပါဘဲ တရားရတယ် ။ (မှတ်ထား-မှတ်ထား။)

(ဂ) "ဘုန်းကြီး တို့ တရားဟောတာကို သတိပဋ္ဌာန်လည်း မပါဘူးလို့ ပြောကြတယ်။ ဘာလို့ မပါရမှာလဲ။ ငါက သတိပဋ္ဌာန်လဲ ဟောတယ်။ ဓမ္မာနုပဿနာ=ဥပါဒါနက္ခန္ဓာကို ဟောတယ်။ ဓမ္မာနုပဿနာကို ဘယ်လိုရှုလဲဆိုရင် ပဉ္စသုဥပါဒါနက္ခန္ဓသု။ ဒါပဲ။ အခု အဲဒါတွေကို မပြောပါဘူး။ အရိယသစ္စာနည်းက ဓမ္မစကြာက လာတယ်။ သတိပဋ္ဌာန်နည်းက မဟာသတိပဋ္ဌာနသုတ်က လာတယ်။ ပဋိစ္စသမုပ္ပါဒ်နည်းက ပြောစရာ မလိုပါဘူး။ ပဋိသမ္ဘိဒါနည်းကျတော့ ဗမာပြည်မှာ ဟောတဲ့ ဘုန်းကြီးက ရှားပါတယ်။ ဖဿ၌ သိသောဥာဏ်သည် အတ္ထပဋိသမ္ဘဒါ မည်၏။ ဖဿ၏ အကြောင်း၌ သိသောဥာဏ်သည် ဓမ္မပဋိသမ္ဘိဒါ မည်၏။ အဲဒီအထဲမှာ ကေသာ=ဆံပင်ဆိုတာ တွေလဲ မပါပါ။ ယူတာ လှမ်းတာ ကြွတာ တွေလဲ မပါပါ။

(ဃ) `ဘုန်းကြီးတို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဦးစန္ဒောဘာသက တရားဟောနေတာ နှစ် ၂၀-ကျော် ရှိပါပြီ။ မှတ်တမ်းတင်ထားတာက မရှိဘူး။ ဒါကြောင့်မို့ ဦးစန္ဒောဟောသမျှတို့ကို မှတ်တမ်းတင်ဖို့ ပြောပြီး မှတ်တမ်းတင် ကြရပါတယ်။ ခုဆိုရင် ဦးစန္ဒောဟောထားတာတွေ တော်တော် မှတ်တမ်းရှိလာပါပြီ။`ဒီထေရ၀ါဒဒဿနသမ္ပဒါနည်းနဲ့ ဟောထားတဲ့ တရားခွေကို အပေါ်မှာထားပြီးတော့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးက အောက် က နေ ကျုံ့  ကျုံ့  ကလေးနဲ့  ထိုင်ပြီး နာယူတယ် ။ အဘိဓဇ ဆရာတော်ကြီး တွေက နာယူကြတယ်။ အဲဒါ...။

(င) `ဦးကောသလ္လ’သည် စာတတ်ပါတယ်။ တရားဟောပါတယ်။ ဒါပေသိ-တဏှာကျော့ကွင်းမှလဲ မလွတ်သေးပါ။ မိစ္ဆာဒိဋ္ဌိကျော့ကွင်းမှလဲ မလွတ်သေးပါ။ ငါက စာတတ်တယ်။ အသက် ၄၀-နဲ့ ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်ခဲ့တယ် ဆိုတဲ့ မာနကျော့ကွင်းမှလည်း မလွတ်သေးပါ။ ခုချန်ထိတော့ ချောတိုင်ထိပ်မှာပဲ ရှိတယ်။ ချောတိုင်ပေါ်က လျှောမကျသေးပါဘူး။ `ဦးစန္ဒောဘာသ' က ဘုန်း ကြီး တို့ ဆရာပါ။ ဆရာတော် ဦးသောဘနဆိုတာလဲ ဆရာသမားပါပဲ။

"မယံ၊ တပည့်တော်=ထေရ၀ါဒီတို့ သည်။ တဏှာပါသေဟိ၊ လိုချင်တဲ့ တဏှာကျော့ကွင်းတို့မှလည်း။ ၀ိမုစ္စန္တိ၊ လွတ်ကြပါကုန်၏။ ဒိဋ္ဌိပါသေဟိ၊ အယူမှားတဲ့ ကျော့ကွင်းတိုမှလည်း။ ၀ိမုစန၊္တိ လွတ်ြကပါကုန်၏။ မာနပါသေဟိ၊ ...။ ဣဿမစ္ဆရိယ ပါသေဟိ၊..." ဦးကောသလ္လကို ကြည့်။ ဦးကောသလ္လ’က ကျော့ကွင်းတွေထဲမှာ မရှိဘူး။ လွတ်ကင်းနေတယ်။

(စ) "ဟိုလွန်လေပြီး သော ၂၆-နှစ်လောက်က ရေမြုပ်တဲ့အထဲမှာ ထေရ၀ါဒတရားတွေကို ကျားကုတ်ကျားခဲ လုပ်ခဲ့တဲ့ ဦးစန္ဒောဘာသကို ရှိခိုးပါတယ်။ ဦးစန္ဒောဘာသဆိုတာ...မြောက်ဥက္ကလာမှာ ဘုန်းကြီးတယ်။ ဒီဂုဏ်တွေကို ရှိမခိုးပါဘူး။ `ဦးကောသလ္လ’ဆိုတာကလဲ ငမိုးရိပ်ချောင်းဘေးက သဲတောထဲမှာ ဦးစန္ဒောတို့၊ ဦးရှမ်းတို့၊ တရားသင်တန်းလာတက်ကြတဲ့ ဆရာတော်တွေ၊ ဒီဆရာတော်တွေရဲ့ ထွေးခံဆေးရင်း ကြက်သွန်လှီးရင်း ထေရ၀ါဒကို ရခဲ့တဲ့ဘုန်းကြီးပါ။

(ဆ)"အခုဆိုရင် ဆရာတော်ဦးဣန္ဒောဘာသ မရှိတော့ဘူး။ ဆရာတော်ဦးဥက္ကံသဗုဒ္ဓိ မရှိတော့ဘူး။ ဆရာတော် ဦးဧသိက မရှိတော့ဘူး။ ဘုန်းကြီးတို့အလှည့် ရောက်လာပါပြီ။ ဘုန်းကြီးဆိုလိုတဲ့ သဘောကို ခင်ဗျားတို့ သဘောပေါက်ပါတယ်နော်။ ထေရ၀ါဒ သာသနာတော်ကို ခက်ခက်ခဲခဲ တည်ထောင်ရပါတယ်။ ဆရာတော် ဦးနာရဒ ဆိုရင် "ညစာခိုး စားတယ် ။ ဒကာမနဲ့ တွဲသွားတယ်" လို့ ဆရာကြီး (ဦးမြင့်သိန်း)ဆီ တရားလိုက်တုန်းက အပြောခံရတယ်။ အံမယ်လေး။ တို့လဲ အပြောခံ ရတာပဲ။ အဲသလိုမျိုး ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရတဲ့  ထေရ၀ါဒသာသနာတော် ကြီး ...။ အခု ထိုက်သင့်သလောက်ပေါ့။ ပြန့်သင့်သလောက်လဲ ပြန့်ပါတယ်။ ပွားသင့်သလောက်လဲ ပွားပါတယ်...။

အဲဒါကြောင့်မို့ မပယ်သင့် မပယ်ထိုက်တဲ့ခန္ဓာကို ပယ်ရင်သတ်ရင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တယ်။ ပယ်သင့်ပယ်ထိုက်တဲ့ခန္ဓာကို လက်ထဲမှာ သိမ်းထားရင် သဿတဒိဋ္ဌိ ဖြစ်တယ်။

ဝေဖန်ဖြေရှင်းချက် အကျဉ်း။

(က)၌ အဓမ္မ၀ါဒဖြစ်သော ထေရ၀ါဒ ... နည်းဟု မှတ်ပါ။မြန်မာပြည်ရှိ တရားသမားတွေအရ မဟာစည်ဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မင်းကွန်းဆရာတော်ကြီး တို့ပါ ဥစ္ဆေဒဒိဋ္ဌိသမားများဖြစ်၍ အ၀ီစိကျ-ဟု ဆိုထားပါသည်။

(ခ)ဖြင့် မဟာသတိပဋ္ဌာနသုတ်လာ ကာယာနုပဿနာ-ဣရိယာပထပဗ္ပနှင့် သတိသမ္ပဇညတို့ကို ပယ်ချထားသည်။ စဉ်းစားကြည့်ကြပါ။ မြတ်ဗုဒ္ဓ၏ တရားတွေကို ဖျက်ဆီးသူပါလား။

(ဂ)၌ ဓမ္မာနုပဿနာကို ဥပါဒါနက္ခန္ဓာဟု ဆိုထားရာ ၄င်းဥပါဒါနက္ခန္ဓာဟူသည် အတွေးပုံရိပ်(ပညတ်)ကို ဆိုလိုခြင်းကြောင့် အမှားသာတည်း။ ပဋိသမ္ဘဒါနည်းမှာ သာသနာနှစ် ၁၀၀၀- အတွင်း မှာသာလျှင် ရှိကောင်းသောနည်း (၀ါ) ပဋိသမ္ဘိဒါဥာဏ်ဖြစ်၍ အရိယာဖြစ်သူသည် ပါရမီကြီးသူဖြစ်၍ သာသနာနှစ် ၁၀၀၀-နောက်ပိုင်းမှာ မရှိနိုင်တော့ပြီဟူ၍ အင်္ဂုတ္တိုရ်အဋ္ဌကထာ (ပ-အုပ်၊၆၇။ဋီကာ-ပ-အုပ်၊ ၁၁၈)တို့၌ ရှိပါသည်။ ထို့ကြောင့် ဓမ္မစေတီတို့၏ ပဋိသမ္ဘိဒါနည်း အယူဝါဒများ အားလုံးသည် အသက်မပါသော ကိုယ်သာတည်း။ ထို့ကြောင့် မြန်မာပြည်က ကျားသေကို အသက်သွင်းမှု မပြုဘဲ လက်ခံရုံသာ လက်ခံပါသည်။ ဤ(ဂ)ဖြင့်လည်း မဟာသတိပဋ္ဌာနသုတ်လာ ဒွိတ္တိံသကာယနှင့် ဣရိယာပထတို့ကို ပယ်သည်။

(ဃ)၌ ဆရာတော်ကြီး များကို အလွဲသုံးစားပြု၍ လူတို့ကို လှည့်စားထားကြောင်း တွေ့ရပါသည်။ ဘွဲ့အမည်၊ ကျောင်းတိုက်၊ မြို့ရွာ ရပ်ကွက် အတိအကျဖြင့် ပြောမှသာလျှင် ယုံလောက်ပါသည်။ အဆိုပါ ဘွဲ့ရဆရာတော်ကြီးများသည် (ပညာတတ်ဖြစ်လျှင်) အဓမ္မ၀ါဒတို့ကို မနာကုန်ရာ။

(င)တွင် `ကျော့ကွင်းတို့မှ မလွတ်သေးပါ။ ....ကျော့ကွင်းတို့မှ လွတ်ပါသည်´ ဟူ၍ ဟောထားရာ ဘယ်လောက်များ ရှေ့နှင်နောက် တည့်နေပါသနည်း။ ပိဋကတ်သုံးပုံ ဆောင်နိုင်လျှင် တိပိဋကဘွဲ့ ရရှိအောင် ၀င်ပြန်လိုက်ပါတော့လား။

(စ) ဖြင့် ဓမ္မစေတီတို့၏ ထေရ၀ါဒသည် သင်္ဂါယနာ(၆)တန်ဝင် ထေရ၀ါဒ-မဟုတ်-ဟု ပြသည်။

(ဆ)၌ အထူးရှင်းပြစရာ မရှိပါပြီ။ အဓမ္မ၀ါဒဖြစ်သော ထေရ၀ါဒအဖွဲ့ အစည်းအကြောင်း သတင်းစကားမျှသာ ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းက မည်သို့ လုပ်ဆောင်နေကြသနည်း။ "ဆရာတော် ဦးနာရဒ ဆိုရင် `ညစာခိုးစားတယ် ။ ဒကာမနဲ့ တွဲ့သွားတယ် လို့ ဆရာကြီး (ဦးမြင့်သိန်း)ဆီ တရားလိုက်တုန်းက အပြောခံရတယ်။ အံမယ်လေး။ တို့လဲ အပြောခံ ရတာပဲ။"


ကလောင်ရှင်=မစိုးရိမ်စာသင်သား
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories