May 7, 2010

ဗုဒ္ဓသာသနာရဲ့ ဂုဏ်ရည် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်

တိပိဋက | 2:50 AM |
ကြောင်းကျိုးဆက်ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဗုဒ္ဓဘာသာရဲ့ ထူးခြားချက်ပါပဲ။ ဘယ်ဘာသာရေး ခေါင်းဆောင်မှ ဘယ်တွေးခေါ်ပညာရှင်မှ ဒီကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ကို မဟောနိုင်ပါဘူး။ မဟောနိုင်ဘူးလို့ ဆိုကတည်းက တွေးနိုင်ဖို့တာကို မဖြစ်နိုင်လို့ပါပဲ။ ဒါကြောင့် တခြား ဘယ်သာသာမှာမှ ဇာတိပဋိသန္ဓေတည်နေပုံတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားနိုင်ခြင်းမရှိဘူး။ စာဖတ်ထားရုံသက်သက်နဲ့လည်း ပြည့်ပြည့်စုံစုံ နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

မဟာနိဒါနသုတ္တန် အဆိုအမိန့်ကို ကြည့်မယ်ဆိုရင် ကြောင်း ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောက ခက်ခဲတယ်၊ နက်နဲတယ်။ ခက်ယောင်နဲ့ ခက်တယ်။ နက်ယောင်နဲ့ နက်တယ်။ ဘယ်လောက်ပဲ ခက်ခက်။ ဘယ်လောက်ပဲ နက်နက်၊ သိနိုင်တယ်၊ ထွင်းဖောက်သိနိုင်တယ်။ အတွေးနဲ့ သိတာကို ဆိုလိုတာမဟုတ်ပါ။

ဥပမာ ရှင်အာနန္ဒာဆိုကြပါစို့၊ သူက သောတာပန်ဖြစ်ပီသားပါ။ တစ်နေ့ နေ့သန့်စင်ရင်းနဲ့ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်ကို နည်းလေးနည်းလုံးနဲ့ အပြန်ပြန်အလှန်ရှုတယ်။ ဒါပေမဲ့ သူ့ရဲ့ ဉာဏ်ထဲမှာ လွယ်နေတယ်။ တိမ်နေတယ်။ မခက်လှဘူး။ ဒါကိုပဲ လွယ်တယ် တိမ်တယ်လို့ သူ့ရဲ့ အတွေးအမြင်ကို ဘုရားကို သွားလျှောက်မိပါတယ်။ ဗုဒ္ဓဘုရားရှင်က ဒီလို မပြောနဲ့ ဒီလို မပြောနဲ့လို့ တားခဲ့ဘူးပါတယ်။
ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိပီ တကယ်လွယ်နေတယ်လို့ ထင်ရတဲ့ အရာတစ်ခု ကို လွယ်တယ်လို့ ပြောမိတာတောင် ဗုဒ္ဓကပြောခွင့်မပြုဘူး။ ပြောခွင့် မပြုဘူးဆိုတာ သူ့အနေနဲ့ကတော့ လွယ်တယ်ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီတရားက ခက်တယ်။ နက်တယ်။ ခက်လွန်း နက်လွန်းလို့ပဲ သိဖို့ခက်ကြလို့ပဲ အခုထိ မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတွေ စွဲကပ်နေကြတာပေါ့။ အတ္တကောင် လိပ်ပြာကောင်က ဘဝတစ်ခုကနေ တစ်ခုကို ကူးတယ်ဆိုတဲ့ အယူအဆတွေ၊ ဖန်ဆင်းရှင် အတ္တကြီးက တခြားအတ္တတွေကို ဖန်ဆင်းပါတယ်ဆိုတဲ့အစရှိတဲ့ ဒိဋ္ဌိ (၆၂)ပါးဖြစ်လာရတာ၊ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်နှစ်ပါးနဲ့ မဂ်ဆိုက် ဖိုလ်ဆိုဒ် ထိုးထွင်းမသိလို့ပါပဲ၊

ရှင်အာနန္ဒာက လွယ်တယ်ပြောမှာပေါ့။ သူက သောတာပန်လေ၊ နောက်ပီ သူချည်းကပ်နေရတဲ့ ဆရာသမားတွေကလည်း တကယ့်ဂရိတ်ကြီးတွေလေ။ နောက်ပီ သူက ကမ္ဘာတစ်သိန်းလည်း ပါရမီ ဖြည့်ထားပီးပီလေ။ သောတာပန်ဖြစ်ပီ ဆိုကတည်းက ဒီကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောကို သူက ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိပီသားပါ။ သူများအပြောနဲ့ လွမ်းနေတာမျိုးမဟုတ်ဘူး။ စာအုပ်တွေ ဖတ်ပီ ပြောနေတာမျိုးလည်း မဟုတ်ဘူး။ အတွေးအခေါ်နဲ့ သိတာမျိုးလည်း မဟုတ်ဘူး။ ဒီတော့ တကယ်သိလို တကယ်မြင်လို့ လွယ်တယ်လို့ ပြောမိတာတောင် လွဲ ချော်နေသေးတယ်ဆိုရင် စာအုပ်လေး နည်းနည်းပါးပါးဖတ်ပီ ဗုဒ္ဓအယူဝါဒကို ငါသိပါတယ် ငါမြင်ပါတယ်လို့ ပြောဖို့ က ပိုခက်ခဲပါတယ်။
ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောက ပိုလို့တောင် ခက်ပါသေးတယ်။ ပိုလို့တောင် နက်ပါသေးတယ်။ ဒီတရားဟာ ဗုဒ္ဓဘာသာရဲ့ အင်မတန်လေးနက်တဲ့ အပိုင်းတွေပါ။ သမုဒယသစ္စာကို မြင်အောင် ရှုတဲ့ အပိုင်းပါ။ သစ္စာလေးပါးကို သိဖို့အရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ တကယ်လို့သာ ဒီကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်လောက်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသွားရင် ဒီဘဝမှာ ဗုဒ္ဓဘုရားရှင်မှတစ်ပါး တခြားဘယ်သူ့ကိုမှ ဆရာအဖြစ် မကိုးကွယ်တော့ဘူး။ စူဠသောတာပန်ဖြစ်သွားပီ။ သာသနာတော်မှာ အမြစ်တွယ်သွားပီ။ လားရာဂတိလည်း မြဲသွားပီ။ သူများအပြောနဲ့ လွမ်းနေရတဲ့ အဆင့်ကို လွန်သွားလို့ပါပဲ။

အဲဒီအချိန်ကျရင်တော့ သူက ဘယ်သူ့နဲ့မှ ညင်းခုံစရာမလိုတော့ဘူး။ သူများကသာ သူနဲ့လာငြင်းခုံလိမ့်မယ်။ ဘယ်လိုငြင်းမလဲ။ ဘဝဆိုတာ ပုခက်နဲ့ ခေါင်းကြားမှာပဲရှိတယ်။ သံသရာဆိုတာ မရှိဘူး။ အတ္တဆိုတာ သေရင်ပြတ်တယ်။ ဝိဉာဉ်ဆိုတာ ရှိတယ်။ ဒီဘဝကနေ ဟိုဘက်ဘဝကူးတယ်။ အမိကျေးဇူးဆိုတာ မရှိဘူး။ အဖကျေးဇူးဆိုတာမရှိဘူး။ ဒါနပြုလို့ အကျိုးမရှိဘူး။ သီလစောင့်လို့ အပိုပဲ။ အဲဒီလို အစရှိသဖြင့် သူ့ကို လာငြင်းခုံကြလိမ့်မယ်။

သူတို့တွေ ကြိုက်သလောက်လာငြင်းကြပါစေ။ စာအုပ်ဖတ်ပီ သိပါတယ်၊ မြင်ပါတယ်၊ ဘယ်လောက်ပြောပြော၊ ပြုံးပြုံးလေးပဲပြန်ကြည့်နေလိုက်တော့မယ်။ ပြန်ငြင်းနေလို့ရော သူတို့ကို ဉာဏ်မျက်စိအမြင်ရအောင် ဘယ်လို လုပ်ပေးလို့ရမလဲ။ မွေးကတည်းက ကန်းနေတဲ့ ငကန်းပါဆိုမှ သူထင်ရာ ပြောမှာပေါ့။ ဒီတော့ အကောင်းဆုံးနည်းက ပြန်ငြင်းတာ မဟုတ်ဘူး။ ဉာဏ်မျက်စိရအောင် သူ့ကို ဆေးကုပေးဖို့ပါ။ သီလ သမာဓိ ပညာဆေးပေါ့။ ဒါအခု ပြောနေတာ သောတာပန် ဖြစ်ဖို့ထိ မဟုတ်သေးဘူး။ ပဋိစ္စသမုပ္ပါဒ်ကို သိရုံလောက်ပါ၊ ဒါတောင် ပြည့်ပြည့်စုံစုံသိတဲ့ အဆင့် မဟုတ်သေးဘူး။ သောတာပန်လောက်ဖြစ်မှ ပြည့်ပြည့်စုံစုံသိနိုင်တယ်။
သမုဒယသစ္စာကို သိရုံလောက်နဲ့ ကို ဘာသာမပြောင်းနိုင်တော့ဘူး။ ဆရာအမျိုးမျိုးရဲ့ မျက်နှာကို မော်ကြည့်နေတဲ့ ဘဝကလွတ်ပြီ။ စိတ်ဓာတ်တွေ ခိုင်ခံသွားမယ်။

လောကကြီးကို ထာဝရဘုရားက ဖန်ဆင်းပါတယ်လို့ စာအုပ်ဖတ်ပီတော့ပဲ ပြောပြော၊ အတွေးအခေါ်ဖလော်ဆော်ဖီနဲ့ပဲ ပြောပြော။ ကြိုက်သလို ပြောပါ။ စိတ်ထဲမှာ မတုန်လှုပ်တော့ဘူး။ သူ့တို့ကို မယုံလို့ မဟုတ်ဘူး။ သူတို့ ပြောနေတာတွေဟာ ကိုယ်တိုင်မျက်မှောက်ပြုပီ သိလိုရတာမှ မဟုတ်တာ။
အရှေ့သွားနေတဲ့ ပုဏ္ဏားကလည်း အကန်း နောက်ကလိုက်နေတဲ့ ပု​ဏ္ဏားတွေကလည်း အကန်း။ အကန်းတွေ တန်းစီပီ သွားနေကြပါပဲ။ ကိုယ်က မမြင်လို့ အရှေ့ကလူကို အားကိုးပါတယ်။ အရှေ့ကလူကလည်းမမြင်ဘဲ ကန်းနေတော့ နောက်ဆုံးလူရဲ့ အင်္ကျီစကို ကိုင်ပီ သူကတော့ မြင်လောက်ပါရဲ့ ဆိုပီ သူ့ကို အားကိုးတယ်။ ဒီတော့ တစ်ယောက်ကိုသာ တစ်ယောက်အားကိုးတာပါ။ အားလုံးဟာ အကန်းချည်းပဲ ဥစ္စာ၊ ဘယ်လိုလုပ် အားကိုးလို့ရမှာလဲ။ နောက်ဆုံး အဲဒီချုံ့ပုတ်ဘေးမှာပဲ သေကုန်ကြတယ်။

ဒီနေ့ ကိုယ်တိုင်ထွင်းဖောက်မမြင်သေးတဲ့ သူတွေကလည်း ဒီအတိုင်းပဲ သူတော့ သိတန်ကောင်းရဲ့ ဆိုပီ နောက်တစ်ကို အားကိုးတယ်။ စာအုပ်ကို အားကိုးတယ်။ အဲဒီစာအုပ်ရေးထားတဲ့ သူတွေကလည်း မသိကြဘူး။ ဟာ ငါတို့ ဘိုးဘေးတွေ ပြောတာပဲ ဆိုပီ ဘိုးဘေးတွေကို အားကိုးပါတယ်။ ဘိုးဘေးတွေလည်း မသိကြဘူး။ ဟာ ငါတို့ ဆရာသမားတွေ ပြောပါတယ်ဆိုပီ ဆရာသမားတွေကို အားကိုးပါတယ်။ ဆရာသမားတွေလည်း မသိကြဘူး။ မသိတော့ ဘာလုပ်ကြသလဲ၊ ကျမ်းစာမျက်နှာ ဘယ်လောက်မှာ ပါတယ်။ ဘုရားက ဘယ်နေရာ ဟောတာ။ ဒါနဲ့ သက်သေပြကြတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကိုယ်တိုင်မှ မသိနိုင်တဲ့ ဥစ္စာ၊ အတွေးအခေါ်သမားတွေကလည်း လာကြပြန်တယ်။ ငါကိုယ်တိုင် စဉ်းစားလို့ရတာ။ ဒါနဲ့ သူ့ကို မေးကြည့်တယ်။ သင်ရော အဲဒါကို ကိုယ်တိုင်မြင်လို့လားလို့ မေးကြည့်တယ်။ ဟင်း အင့်တဲ့ အဖြေက။

ဒီတော့ ဒီနေရာမှာ ပြောချင်တာက ကြောင်းကျိုးဆက်ပဋိစ္စသမုပ္ပါဒ်ကို အနုဗောဓသိ ပဋိဝေဓသိနဲ့ မဂ်ဆိုက်ဖိုလ်ဆိုက် သိအောင် လုပ်ဖို့ လိုတယ်။ အဲဒါပီးရင်တော့ ငြင်းနေတာတွေ အားလုံးရပ်သွားမယ်။ ငြင်းနေတာ မသိသေးလို့ပဲ၊ မြတ်ဗုဒ္ဓပြောတဲ့ စကားတစ်ခွန်းက ငါဟာ လောကနဲ့ မငြင်းခုံဘူး။ လောကကသာ ငါဘုရားနဲ့ လာငြင်းခုံနေတာပါတဲ့။ အင်း ဒုက္ခသစ္စာ နဲ့ သမုဒယသစ္စာနှစ်ပါးလောက်မှ ကျကျနန ထွင်းဖောက်မသိသေးရင် ငြင်းကြဦးမှာပဲ။
Bookmark and Share

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories