September 22, 2010

အာဏာစက် ဓမ္မစက်ဆိုတာ ဘာတွေကိုခေါ်တာလဲ

Dr Phyo Wai Kyaw | 8:32 AM |


င်္သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်းမှ - http://www.thamameggin.blogspot.com/


ဒကာ။ ။ အာဏာစက်ပါမှ သာသနာတော်ကို ပြုလို့လွယ်ကူတယ်၊ ဓမ္မစက်သက်သက်နဲ့ဆိုရင် သာသနာပြုလို့ခက်တယ်၊ တိုးတက်စည်ပင်မှု မလျင်မြန်နိုင်ဘူးလို့ ဟောပြောနေကြတာ အာဏာစက်နဲ့ ဓမ္မစက်တို့ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါဆရာတော်။
ဆရာ။ ။ (၁) ဓမ္မစက် ဆိုတာက မြတ်စွာဘုရားရှင်တို့ရဲ့ လက်သုံးတော်၊ တပည့်သာဝကတို့ရဲ့ ခံယူချက် လက်သုံးတော်ဖြစ်တဲ့ မေတ္တာနဲ့ ခန္တီတရားများ ဖြစ်တယ်။
သတ္တ၀ါများအပေါ်မှာ ချစ်ခြင်းမေတ္တာဓာတ် ဘယ်တော့မှ မပျက်ပြယ်ဘူး၊ ဘယ်လောက်ပဲ ကျူးလွန်ပြစ်မှားပလေစေ ရန်တုံ့ပြန်မှု မပြုဘူး၊ အမြဲသည်းခံတော်မူကြတယ်။
အဲဒါ့ကြောင့် ဓမ္မစက်က သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ခက်ခဲနက်နဲတယ်၊ သတ္တ၀ါတိုင်း မကြောက်ကြဘူး။
(၂) အာဏာစက် ဆိုတာက ကြမ်းတမ်းတယ်၊ ခက်ထန်တယ်၊ မလိုက်နာရင် အပြစ်ဒဏ်နဲ့ ထိခိုက်စေတယ်၊ ဒါ့ကြောင့် အာဏာစက်ကို သတ္တ၀ါတိုင်း ကြောက်ရွံ့ လိုက်နာကြတယ်။
အဲဒါ့ကြောင့် မြတ်ဗုဒ္ဓရဲ့ သာသနာကို ပြုတဲ့ လုပ်ငန်းမှာ အာဏာစက် လက်ကိုင်ရှိတဲ့ လူမင်း နတ်မင်းတို့၏ အကူအညီကို ရယူကာ ပြုစုစောင့်ရှောက်တော်မူကြတာဖြစ်တယ်။

အာဏာစက်က ဘယ်မင်းလက်ထက်မှာ စတင်ပေါ်လာတာလဲ

ဒကာ။ ။ ဓမ္မစက်ကိုတော့ မြတ်စွာဘုရားသခင်၏ တရားရေအေး အမြိုက်ဆေးဆိုတာ သိရပါပြီဆရာတော်၊ အာဏာစက် ဆိုတာက ဘယ်အချိန် ဘယ်ကာလ ဘယ်မင်းလက်ထက်တော်က ပေါ်လာတာပါလဲ ဘုရား။
ဆရာ။ ။ အင်း…အာဏာစက်ဆိုတာက မြတ်စွာဘုရားသခင် တရားဟောတော်မူဖို့အတွက် သဟမ္ပတိ ဗြဟ္မာမင်းကြီး မြတ်ဘုရားထံ လာရောက် တောင်းပန်တဲ့ အခါတုန်းက သိကြားမင်းကလည်း ဗြဟ္မာမင်းကြီးနဲ့အတူ ပါလာတယ်။
အဲဒီအခါတုန်းက ဗြဟ္မာမင်းကြီးရော သိကြားမင်းကပါ အရှင်ဘုရားတို့ တရားဟောတော်မူကြပါ၊ အရှင်ဘုရားတို့၏ တရားသော ဓမ္မများကို မလိုက် မနာ မဖြေ မကြား ထော်လော်ကန့်လန့် ပြုလုပ်နေသူများအား တပည့်တော်က အာဏာစက်ဖြင့် လိုက်နာအောင် ပြုလုပ်ပေးပါမည်၊ အရှင်မြတ်တို့ဘက်က ဓမ္မစက်ဖြင့် ပြုတော်မူကြပါကုန်၊ တပည့်တော်များဘက်က အာဏာစက်ဖြင့် စောင့်ရှောက် ကူညီပေးပါမည်လို့ တာဝန်ယူကာ ပဋိညာဉ်ပြုခဲ့ကြတာ ရှိတယ်၊ ဒါ့ကြောင့် အာဏာစက်ဟာ အဲဒီလက်ထက်အခါက စ တင် ပေါ်လာတာပဲ။
မြတ်စွာဘုရား၏ တရားသော ဓမ္မအမေးများကို မဖြေကြားဘဲ ထော်လော်ကန့်လန့် လုပ်နေတဲ့ သစ္စက ပရိဗိုဇ်ကြီးတို့၊ အမ္ဗဋ္ဌလုလင်တို့ကို သိကြားမင်းကိုယ်တိုင် ဘီလူးကြီးအသွင်ဆောင်ကာ ဘုရားမြတ်၏အမေးစကားကို မဖြေကြားဘဲနေလျှင် သင့်ဦးခေါင်းကို ခုနစ်စိတ် ခွဲပစ်မည်ဟု ကြိမ်းဝါးကာ ကူညီပေးတာပေါ့။ ကဲ….ရှင်းရဲ့လား။ လူမင်းဖြစ်တဲ့ အဇာတသတ်တို့၊ အသောကရာဇာတို့လည်း အာဏာစက်နဲ့ ကူညီကြတယ်။
ဒကာ။ ။ ရှင်းလင်း ကျေနပ်လှပါတယ် ဆရာတော်၊ သာဓကတွေကလည်း ကောင်းမြတ် လုံလောက်လှပါတယ် ဘုရား။


င်္သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်းမှ - http://www.thamameggin.blogspot.com/ ကူးယူဖော်ပြသည်။

1 comment:

  1. အလှတရားကတော့မလှမပတွေနဲ့ပေါက်ကရတွေရေးနေပြန်ပြီး။ဗုဒ္ဓရဲ့တရားဂုဏ် တော်(၆)ပါးကိုစော်ကားနေတာလား။အတင်းအဓမ္မဘာသာရေးဇာတ်သွင်းတာ ဗုဒ္ဓဘာသာဟုတ်ပါ့မလား။စစ်အစိုးရကိုဖားရင်လည်းတခြားအကြောင်းအရာနဲ့ဖါးပါ။ သီဟိုဝတ္ထုတွေကိုဘုရားဟောထင်ပြီးရမ်းတုတ်မနေနဲ။ဒီဆောင်းပါးဟာဗုဒ္ဓဘာသာ နဲ့မွတ်ဆလင်ဘာသာနဲ့ဘာမှမထူးဘူးဆိုတာမျိုးပဲ။မဟန အဖွဲ့ကိုဗိုလ်နေ၀င်းဘာရည်ရွယ်ချက်နဲ့ဖွဲ့ခဲသလဲဆိုတာရိုးသားသူတိုင်းသိတယ်။ အဲဒါကိုအာဏာစက်နဲ့သာသနာပြုတာလားသာသနာဖျက်တာလား။အဲဒါကို လေ့လာပြီမှနောက်တခါရေးပါ။

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories