တခါက ရှင်ဥပဂုတ်ဖေါင် မဏ္ဍပ်တခု၌ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပရန် လော်စပီကာဖြင့် အလှုခံပါ၏။
ထိုပောာပြောအလှုခံသူ ပုဂ္ဂိုလ်တဦးက လော်စပီကာမှ ( လိုသည်ထက်ပိုသော ) ကျယ်လောင်မှုဖြင့် ပောာပြောရာတွင်
'' ကျွန်တော်တို့၏ ရှင်ကြီးဂေါတမသည်ပင် ပဋ္ဌာန်းကျမ်းကြီးကို ရွတ်ဖတ်လိုက်တော့မှ ရောင်ဖြည်တော်ခြောက်ဖြာ ကွန့်မြူးခဲ့ရပါသည် ''ပာု ပောာပြောသံကြားရပါ၏။
မှားလေစွတကား။
ဘုရားမြတ်စွာသည် ပဋ္ဌာန်းဒေသနာတော်ကို အနုလုံ ၊ ပဋိလုံ ဆင်ခြင်သုံးသပ်တော်မူခြင်း ဖြစ်ပါသည်။
မရွတ်ဖတ်ပါ။ ပဋ္ဌာန်းဒေသနာတော်သည်လည်း ရွါတ်ဖတ်ရန်သက်သက်မပာုတ်ပါ။
ဆင်ခြင်သုံးသပ်ရန်ဖြစ်ပါသည်။ သာသနာတော်သည်လည်း '' အရွတ် '' သာသနာမပာုတ်ပါ။
ဆင်ခြင်ကျင့်ကြံပွားများရသော သာသနာဖြစ်ပါ၏ ။ ။

သုန္ဒရ၀င်း (ချောင်းဦး)
ဓမ္မရံသီ၊ ၂၀၀၂ ၊ ဧပြီလ
အင်းလေ ရှင်ဥပဂုတ်ဖေါင် မဏ္ဍပ်တခု မှာ အလှူခံသူပါဆိုမှတော့ ဒီလောက်ပဲ သာသနာ သုတ ရှိတာ မဆန်းပါဘူးလေ။
ReplyDeleteဗဟု(များစွာသော)လို့ မှတ်ဖူးလို့ သုတလို့ပဲ ရေးလိုက်မိတာပါ။
ဟုတ်ပါတယ်။သဲအင်းဂူဆရာတော်ကြီး ဦးဥက္ကဌရဲ့ တရားတပုဒ်မှာ ကြားခဲ့ ဖတ်ခဲ့ရဖူးပါတယ်။
ReplyDeleteကိုယ်တိုင်ဝယ်စားရင် အသားစားရတယ်။တောင်းစားရင် အရွတ်ပဲ စားရတယ်။
အရွတ်စားရရုံနဲ့ မတင်းတိမ်နေနဲ့။အသားစားရအောင်ကြိုးစား..တဲ့။
ရွတ်ဖတ်သနာနဲ့ မတင်းတိမ်နဲ့။ဝိပဿာနာဖြစ်အောင် ကြိုးစား လို့လဲ ဥပမာပေးခဲ့လေတယ်။