ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
မိစ္ဆာဥာဏီ ဟောတိ။ မိစ္ဆာဝိမုတ္တိ ဟောတိ။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေ။
ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)
ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မှားသောအယူရှိ၏။ မှားသော အသိဥာဏ် ရှိ၏။ မှားသော လွတ်မြောက်မှု ရှိ၏။ ရဟန်းတို့ ဤသူကို သူယုတ်ဟု ဆိုအပ်၏။ (အဂုင်္တ္တိုလ်၊ မြန်မာပြန်၊ ၅၆)
ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
ပရဉ္စ မိစ္ဆာဒိဌိယာ သမာဒပေတိ။ အတ္တနာစ မိစ္ဆာဥာဏီ ဟောတိ၊ ပရဉ္စ မိစ္ဆာဥာဏေ သမာဒပေတိ။ -ပ-။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေန ပါပတရော။
ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)
ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မိမိလည်း မှားသောအယူရှိ၏။ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။ -ပ-။ မိမိလည်း မှားသော အသိဥာဏ် ရှိ၏။
သူတပါးတို့ကိုလည်း မှားသော အသိဥာဏ်၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူယုတ်ထက် ယုတ်သော သူယုတ်(အယုတ်မာဆုံး) ဟု ဆိုအပ်၏။
ဤဘုရားဟော ဒေသနာလေးကို အကြိမ်ကြိမ် ဖတ်မိရင်း
သူယုတ်တစ်ယောက်ရဲ့အကြောင်းကို ရေးဖို့ရန်အတွက်စိတ်မသက်မသာ ရှိလှပေ၏။ နိဗ္ဗာန် ၀ိပဿနာဆိုတဲ့ ခေါင်းစဉ်ကြီးကို တွင်တွင်သုံးပြီး မိုက်တွင်းနက်နေလိုက်ပုံများ
ဘယ်လိုဆုံးမရင် ဖြစ်မလဲဟု အကြိမ်ကြိမ် စဉ်းစားနေမိသော်လည်း အဖြေထွက်မလာချေ။
မပြောဘဲ ဒီအတိုင်းထားပြန်ရင်လည်း ရွှေမြန်မာဗုဒ္ဓဘာသာဝင်တို့ အန္တရာယ်ဆိုးကြီးကျရောက်ပေတော့
ထိုကြောင့် ယခုရေးဖြစ်သော အကြောင်းအရာများသည် မိစ္ဆာဒိဌိကြီး ချစ်ငယ်(ဒဿန) နောက်လိုက်လက်ပါးစေများအတွက်
ရေးသားဖော်ပြခြင်းမဟုတ်ချေ။ ဗုဒ္ဓဘာသာဝင်များအတွက် သိထားစေရန် အလို့ငှါ ချစ်ငယ်(ဒဿန)၏ အကျင့်စရိုက်ကို
သိအောင်ဖော်ထုတ်ပြမယ့် အသံဖိုင်လေးတခုကို တင်ပြပေးချင်ပါ၏။
အသံဖိုင်လေး မတင်မှီ http://mmfreethinker.
ကိုသင်ကာရဲ့ ပို့စ်လေးတစ်ပုဒ်ကို အရင်ဖော်ပြပေးပါအုံးမည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဒီရက်ထဲ ပို့စ်မရေးဖြစ်၊ ဒေါက်တာလွဏ်းဝေ (အလှတရား) က ဘာသာရေးစာအုပ်တွေ ရေးနေသော ဆရာကြီးတစ်ပါး၏ ဘွဲ့ထူးတစ်ခု
လာပြပြီး ဝိုင်းရှာပေးပါ ပြောသည်။ ကျနော့် အတွေးများ ၂၀၀၅ သို့ ပြန်ရောက်သွားသည်။
(၂)
“နိဗ္ဗာန်”ဆိုသော စာအုပ်တစ်အုပ်ကို ဖတ်မိပြီး အတော်ပင် ဘဝင်မကျဖြစ်မိသည်။ ပထမတချက်က ဆွေးနွေးချက်တွေထဲမှာ
ကိုယ်တိုင်တရားပေါက်သလိုလို နောက်သလို ရွတ်သလို ရေးထားတာ ဖြစ်သည်။
နောက်တချက်က ထိုစာအုပ်ကို အင်္ဂလိပ်လိုရော နှစ်ဘာသာ ထည့်ထားတာ ဖြစ်သည်။ ဖတ်ကြည့်တော့ ပိုပြီး စိတ်ပျက်သည်။
သို့နှင့် ထိုစာအုပ်ကို ဝေဖန်သော ဆောင်းပါးတခုရေးပြီး ဂျာနယ်မှာ ထည့်သည်။
ဥပမာ – ရုပ်ကို Body ဆိုပြီး ပစ္စလက္ခတ် ဘာသာပြန်တာမျိုးတွေ ဖြစ်သည်။
ဗုဒ္ဓအဘိဓမ္မာ အဲသလောက်မတိမ်ဟု အတော်လေးဝေဖန်ပစ်လိုက်သည်။
တရားတွေ တွင်တွင်ဟောသော ထိုဆရာကြီး ဒေါသူပုန်ထကာ အင်လျားကန်စောင်းက အိုင်ဘီစီမှာ သူ့ကို ဝေဖန်ရကောင်းလားဟု
ပွဲကြီးတပွဲလုပ်ကာ လက်သီးလက်မောင်းတန်း၍ ပြောလေဆိုလေတော့၏။ ထိုစဉ်က ၂၀၀၅ ခုနှစ်ဟု မှတ်မိသည်။
(၃)
အင်း … အခုလည်း လာတွေ့နေပြန်ပြီဟု ပြုံးမိသည်။ ၂၀၀၆ မှစ၍ သူသည် ဘာသာရေးသိပ္ပံဖြင့် ပါရဂူဘွဲ့ကို လန်ဒန်က ရသည်ဟုဆိုတာ နာမည်ရှေ့က ဒေါက်တာတပ်သည်။
နောက်ကနေလည်း Ph.D လန်ဒန်တွေ ဘာတွေထည့်သည်။ အဲဒါကို စုံစမ်းကြည့်သူတွေက စုံစမ်းရာမှ ကျနော်က မနေ့ကမှ သိရခြင်းဖြစ်သည်။
စကားစပ်မိ၍ ပြောကြရာ ထိုဆရာကြီးပြောသည့် Cloverfield University သည် လန်ဒန်ရော အင်္ဂလန်မှာပါ မရှိ။
နာမည်ဆင်တာဟူ၍ Cranfield University သာ ရှိသည်။
ထိုတက္ကသိုလ်ကလည်း စီးပွားရေးနှင့် ကွန်ပျူတာဘာသာရပ်များ အထူးသင်သော ကျောင်းဖြစ်သည်။
ကိုလွဏ်းဝေနှင့် ကျနော် Cloverfield University ရှာပုံတော်ဖွင့်ရာ အောက်ပါလင့်ခ်များ တွေ့မိကြသည်။
ပနားမားဖိုရမ် – ထိုတက္ကသိုလ်သည် ပနားမားမှာ ရှိသလိုလိုပြောကြ၍ ဆွေးနွေးထားကြသည်။
နောက်ဖိုရမ်တခုဖြစ်သော ဘစ်ဇနက်ပိုဒီယမ် တွင် ထိုတက္ကသိုလ်မှာ တကယ်မရှိ။
အီးဘေမှ လက်မှတ်အတုရောင်းစားနေကြောင်း ဆွေးနွေးထားကြသည်။ မကျေနပ်ပါက ဂူဂယ်လင်း လုပ်ကြပါကုန်။
(၄)
ထိုဆရာကြီးသည်လည်း အသိုင်းအဝိုင်းမသေးဆိုတာ ကိုယ်တွေ့ကြုံဖူးသည်။ တက္ကသိုလ်ဆရာဟောင်းလည်း ဖြစ်၍ တပည့် နောက်လိုက် မနည်း။
သူ့အယူအဆတွေကို ပလန်းနက်မှာ ဝေဖန်ထားကြတာ၊ စိန်ခေါ်ထားကြတာတွေဖတ်ရသည်။
အယူအဆရေးရာ၊ ထိုဆရာကြီး ရဟန်းဝတ်စဉ် ပေါ်သောပြဿနာများ နှင့် စာအုပ်ဝေဖန်ချက်တို့ကို မရေးလိုတော့ပြီ။
သို့သော် အထက်မှာ ပြောခဲ့သည့် ကိစ္စမျိုးကတော့ ရှင်းရှင်းလင်းလင်းသိသင့်ပါသည်။
သူက သမာပတ်ဝင်စားတာ၊ ရဟန္တာကိစ္စတွေ တွင်တွင် ပြော၊ စာအုပ်တွေက ထုတ်နေတော့ မဟုတ်ရင် အလိမ်မိနေ မခက်လား။
မြန်မာပြည်မှာက တနိုင်ငံလုံး အလိမ်ထိနေရတာတွေ များလွန်းနေပြီလေ။ :)
သင်ကာ
မတ်လ၊ ၂၀၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဦးဇင်းအနေနဲ့တော့ အများကြီး ရေးချင်စိတ်မရှိတော့ပါဘူး
ကဲ အရိယာကြီးဆိုသူ ဦးချစ်ငယ်ရဲ့ ဒေါသတကြီးနဲ့ ဘုန်းကြီးတစ်ပါးကို ကြိမ်းမောင်းထားတဲ့
အသံလေး နားထောင်ကြည့်ကြပါဦးနော်
အောက်မှာ ဒေါင်းလိုက်ပါ
http://www.mediafire.com/?otjmro2y5mj
အရှင်ဝရသာမိ
ဓမ္မဥပဒေ ပြန့်ပွါးရေးအသင်းချုပ်
အရိယာပုဂ္ဂိလ်ဆိုတဲ့လူကြီးရဲ့အသံကိုကြားလိုက်ရတော့ သာသနာတော်မှာ
ReplyDeleteဒီလိုလူမျိုးတွေ တော်တော်မင်းမူနေပါလားလို့တွေးပြီး သာသနာတော်အတွက်
ထိပ်လန့်မိတယ်။ အွန်လိုင်းကနေ အထောက်အထားတွေနဲ့ အဓမ္မရန်ကို
တွန်းလှန်နေတာလည်းကောင်းပါတယ်။ ဒါပေမဲ့ မြန်မာပြည်က သက်ဆိုင်ရာ
အာဏာရှိ ဘုန်းကြီးတွေ၊လူတွေက ပိတ်ပင်ကြရင်ပိုထိရောက်မယ်လို့ထင်ပါတယ်။ မြန်မာပြည်သားတွေလည်း သိရအောင် ဒီအမှားတွေကို စာအုပ် စာတန်း ဖြန့်ဝေနိုင်ရင်တော့ ဘယ်လောက် ကောင်းလိုက်မလဲလို့တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် အဓမ္မရန်တွေကို တွန်းလှန်နေကြသူအားလုံးကိုတော့ သာဓုခေါ်နေမှာပါ။
မှန်ပါ အရှင်ဘုရား
ReplyDeleteတပည့်တော်တို့လဲ တတ်နိုင်သလောက် ကြိုးစားအားထုတ်နေကြပါတယ်ဘုရား
အပြင်မှာလဲ သိသင့်သလောက် သိအောင် ဓမ္မဥပဒေ ပြန့်ပွါးရေးအသင်း မှ
အသင်းဝင် ရဟန်းတော်များ နဲ့ ဒကာ ဒကာမများမှ စာရွက်စာတမ်းများ
ဖြန့်ဝေပြီး မိစ္ဆာဒိဌိတွေအကြောင်း သိအောင် ကြိုးစားအားထုတ်နေကြပါတယ်ဘုရား။ အရှင်ဘုရားတို့ကလည်း
အွန်လိုင်းမှတဆင့် ဗုဒ္ဓဘာသာဝင်များ သိအောင် တတ်နိုင်သမျှ ဖြန့်ဝေကူညီပေးပါအုံးဘုရား။
ညီညီညွတ်ညွတ်နဲ့ တွန်းလှန်တိုက်ထုတ်ရင် ဘယ်အဓမ္မ၀ါဒမှာ ရေရှည်မခံနိုင်ပါဘူး။
ကျေးဇူးတင်ပါတယ် အရှင်ဘုရား။
လေးစားစွာဖြင့်
အရှင်ဝရသာမိ
ဦးဝရသာမိ ဘုရား
ReplyDelete"ဥပမာ – ရုပ်ကို Body ဆိုပြီး ပစ္စလက္ခတ် ဘာသာပြန်တာမျိုးတွေ ဖြစ်သည်။" ဆိုတော့ အရှင်ဘုရား....ကော
ရုပ် ကို အင်္ဂလိပ်လို ဘယ်လို ဘာသာပြန်ပါသလဲ ဘုရား။
မဟာစည်တရားပြ ဆရာတွေကတော့ "သွားနေတာက ရုပ်၊ မှတ်နေတာက နာမ်"....ဆိုပြီး..... နားလည်ရင် နာမရူပ ပရိစ္ဆေဒ ဥာဏ်ရောက်နေပြီဆို ......ဘုရား။ မဟာစည်တရားပြ ဆရာတွေ ဆိုလိုတဲ့ " ရုပ်" အဓိပ္ပါယ်လေး နဲ့ " ရုပ် ရဲ့ အင်္ဂလိပ်ဘာသာပြန်လေး လည်း အရှင်ဘုရားသိရင် ဖော်ပြပေးပါဘုရား။
နောက်တစ်ခုက အရှင် ဘုရား ဒေါသ ကိလေသာ ကုန်ပြီလား (သို့) ဒေါသနဲ့ ဆူပူမှု ရှိသေးပါသလားဘုရား။
သူတပါးဒေါသထွက်တာကို အသံသွင်းပြီး ဝေဖန်ထားလို့ မေးကြည့်တာပါ ဘုရား
သောတာပန် (သို့) သကဒါဂါမ် ဖြစ်နေသူက ဒေါသ ကိလေသာ ရှိသေးပါသလားဘုရား။
ဖြေကြားပေးတော်မူပါ
ဦးတင်လျှက်
edar
သာသနာသန့်စင်ချင်ရင်တော့လူမှောင်ခိုကူးနေတဲ့ထေရ၀ါဒဘုန်းကြီး တွေကိုအရင်ဖော်ထုတ်ပါအုန်း။၂၀၀၇သံဃာတော်အရေးအခင်းရဲ. အမှန်တရားကိုဖော်ထုတ်ပေးပါ။ဘာသာရေးဟာလူသားအကျိုးအတွတ် လားအစိုးရအကျိုးအတွတ်လား။စာအုပ်တွေထဲကထွက်ပြီးအပြင်လောက ထဲကဆင်းရဲခြင်းဆိုတာနားလည်အောင်ကျိုးစားကြပါ။
ReplyDeleteဒီဘလော.လေးကိုခုမှဖတ်မိတာတပည်.တော်ဝမ်းနည်းဝမ်းသာ
ReplyDeleteဖြစ်ရပါတယ်ဘုရား။ဝမ်းနည်းတာကတော.ဒီဘလော.မျိုးကိုခုမှ
ဖတ်ရလို.ပါဘုရား။ဝမ်းသာတာကတော.ဒီလိုဘလော.မျိုးလေး
တွေပေါ်လာတာအရမ်းကောင်းပါတယ်ဘု၇ား။တပည်.တော်က
ဆရာတော်ဝီရသူရဲ.တရားတော်တွေကိုနာတဲ.အချိန်ကကိုရင်
လေးသာရှိပါသေးတယ်ပါဘုရား။အဲဒီကတည်းကကြည်ညိုမိခဲ.
နောက်သာဓုနွေရာသီသင်တန်းမှာဘဲသေချာဖူးဘူးတော.တယ်။
ချစ်ငယ်(ဒဿန)ဆိုသူရေးတဲ.လွတ်မြောက်မှုဆိုင်ရာဒဿ
အမြင်ဆိုတဲ.စာအုပ်ကိုကိုရင်ဘ၀တည်းကဖတ်ဖူးတယ်။ဘာ
သာရေးကိုသေသေချာချာနားမလည်တဲ.တကာတစ်ယောက်ဆို
တာအဲဒီကတည်းကသိခဲ.ပါတယ်။အဲဒီကတည်းကတုန်.ပြန်ခဲ.
ချင်တာဘုရား။ခုလိုမျိုးပေါ်လာတာတပည်.တော်ဝမ်းသာဂုဏ်ယူမိပါတယ်ဘုရား။နောက်တပည်.တော်ရဲ.မိတ်ဆွေတွေကိုလည်းသာသနာ.တာဝန်ငါ့တာဝန်လို.သဘောထားပြီးဖြန်.ဝေပါမယ်ဘုရား။
ဦးဝရသာမိဘုရား
ReplyDeleteကိလေသာ လောဘ-ဒေါသ-တဏှာ-မာန-ဒိဌိ ကို ရန်သူအစစ်မှန်း အဓမ္မ အစစ်မှန်း မသိရင်တော့ ဟိုလူ တရာခံ လုပ် ၊ ဒီလုပ် အဓမ္မသမားးစွပ်စွဲ၊ ဟိုလူ ပုပ်ခတ်၊ ဒီလူ ပုတ်ခတ်၊ ဟိုလူ က သူယုတ်၊ ဒီလူက လူဆိုး၊ ငါ ကတော့ သူတော်ကောင်း ပညာရှိကြီးဆို ပြီး ပုဂ္ဂိုလ်၊ သတ္တ၀ါတွေကို ပြဿနာလုပ်နေတာ ဘယ်တော့မှ ပြီးဆုံးမည်မဟုတ်ပါ
ဦးဝရသာမိကိုသာ ပြောနေသည်။ အသင်ကကော သင့်ရဲ့အရေးအသားတွေနဲ့
ReplyDeleteရေးသားတင်ပြနေသူကို စွပ်စွဲတာလား။လမ်းညွန်တာလား..သို့မဟုတ်..ဝေဖန်
နေသလား..။ကိုယ့်ကိုယ်ကို ဘာအထုတ်ကို ဖြေနေသလဲ စမ်းစစ်ကြည့်ဖို့သင့်
မည်ထင်ပါ၏။ သင်အမြင်မှာ ဦးဝရသာမိက ပုတ်ခတ်တယ်လို့ ထင်ပါသလား
သို့မဟုတ် လုပ်ဇာတ်ထွင်ပြီး ဘာမှအကျိုးမရှိ နိရတ္ထက အလုပ်တွေကို အလ
ကား အချိန်ကုန်ခံပြီး ဆန့်ကျင်ဘက်အမြင်မတူသူတို့ အမှန်းခံ အဆိုခံ အဆဲ
ခံပြီး လုပ်နေတယ်လို့ထင်ပါသလား။ သင်ကကော ဘယ်လိုထင် ဘယ်လိုမြင်
ပါသလဲ။ စဉ်းစားကြည့်ပါ။ စိတ်အပင်ပန်းခံပြီး သူတစ်ပါးတို့ အကျိုးမဲ့ရာမဲ့
ကြောင်းကို ဘယ်သူကများ လုပ်ကောင်းကောင်းနဲ့ မြိန်ရည်ယှက်ရည် လုပ်ချင်
ပါမည်လဲ။ တစ်ရာမှာတစ်ယောက် ဆိုသလောက်ရှားပါတယ်။ ဆိုလိုတာက ယ
ခု အသင် (Edar) ကကော ဘယ်လိုအမြင်နဲ့ ဦးဝရသာမိသည် စွပ်စွဲ ပုတ်ခတ်
ငါတတ်ကြီးလုပ်နေတယ်လို့ ယူဆပါသလဲ။ အဘယ်ကြောင့် ဤကဲ့သို့မြင်ရပါ
သလဲ။ နောက်ဆုံးအနေနဲ့ သတိပေးစရာ တစ်ခုပဲရှိပါတော့တယ်။ ကိုယ်ပြော
တဲ့စကား ကိုယ်ပြန်ကြားနိုင်ကြရင်ဖြင့်..လို့သာ...
အမှားပါရင် ခွင့်လွတ်ပါ။ ယဉ်ကျေးကြစေလိုပါသည်။လူသည် ယဉ်ကျေး၏။
အသိရှိ၏။ တော်၏ မတော်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိ၏။ မဟုတ်သည်သည်
ကို မဟုတ်သည့်အတိုင်း ယဉ်ကျေးစွာ ထောက်ပြနိုင်၏။ ယဉ်ကျေးချင်စိတ်ရှိ
ဖို့သာလိုသည်။ ဒီအချက်နဲ့တင် လူ့ဘဝ ရရကျိုး ထက်ဝက်နပ်ပါသည်။
လေးစားစွာဖြင့်.....
အရှင်သုဇာတ အရှင်တို့အနေနဲ့ကိုယ့်အပေါ်ပြန်ဝေဖန်တာမျိုးကိုအခုလို မတုန့်ပြန်သင့်ပါဘူး။သူများတုန်းကတော့အဓမ္မ၀ါဒဘာညာဆိုပြီးမလုပ်သင့်တာ တွေလုပ်တော့ရဲရင့်သလောက်ကိုယ့်ကိုပြန်ဝေဖန်တော့ဆက်ဆက်ထိမခံရန်တွေ့ တာရှက်စရာကောင်းပါတယ်။ဘာသာရေးခေါင်းစဉ်ပြီးလူသားအကျိုးအတွက်အဓမ္မ ၀ါဒီတွေလောက်လုပ်ခဲ့ဖူးသလားလို့ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ထောင်သွင်းအကျ ဉ်းချလိုက်တာယုံကြည်ချက်ပျက်မယ်ထင်လို့လား။သင်တို့သိတဲ့အသိမဲ့ချမ်းသာခြင်းနဲ့ အရှိမဲ့ချမ်းသာခြင်းတရားတွေဟာဗုဒ္ဓရဲ့တရားစစ်တရားမှန်တွေတဲ့လား။
ReplyDeleteDear Chan and Edar
ReplyDeleteအမှားတွေကိုထောက်ပြပြောဆိုပေးနေတဲ့ ဆရာတော်ဦးဝရသာမိ နဲ့ ဓမ္မဥပဒေပြန့်ပွားရေး အသင်းချုပ် ရဲ့ကျေးဇူးတွေကို သိနိုင်တဲ့ညဏ်လောက်တော့ရှိသင့်ပါတယ်။
အခုတော့ မိမိရဲ့သဘောထားကိုလွတ်လပ်စွာဖော်ပြခွင့် ပြုထားတာကို အခွင့်ကောင်းယူပြီး အောက်တန်းကျတဲ့ comment တွေကိုမြင်တွေ့နေရတာ စိတ်မကောင်းပါဘူး
မိတ်ဆွေကြီး kyaw က ကျွန်တော်တို့ ကွန်မန့်က အောက်တန်းကျတယ် ဆိုရအောင် ဘယ်စကားလုံး က အောက်တန်းကျ ပြီး မမှန်မကန် ဖြစ်နေပါသလဲ
ReplyDeleteရှင်းပြစေလိုပါတယ်
အမှားတွေ ဆိုပြီး ထောက်ပြတဲ့ ဦးဝရသာမိကို ကျေးဇူးတင်ရကောင်းမှန်းသိရင်
အမှားထဲက အမှားစစ် တွေကို ထောက်ပြတဲ့ သူကို ပိုလို့တောင် ကျေးဇူးတင်ရကောင်းမှန်းသိသင့်ပါတယ်
Dear Edar,
ReplyDeleteဆရာတော် ဦးဝရသာမိကို "ငါ ကတော့ သူတော်ကောင်း ပညာရှိကြီးဆိုပြီး " လို့စွတ်စွဲတားတာ၊
"သာသနာသန့်စင်ချင်ရင်တော့ လူမှောင်ခိုကူးနေတဲ့ ထေရ၀ါဒဘုန်းကြီးတွေ" လို့ ထေရ၀ါဒဘုန်းကြီးတွေ ကို " စွတ်စွဲတားတာ၊ တွေဟာ အောက်တန်းကျ ပြီး မမှန်မကန် ဖြစ်နေပါတယ်လို့မြင်မိပါတယ် ။
"အမှားထဲက အမှားစစ် တွေကို ထောက်ပြတဲ့သူလို့" အသင်တို့ကိုကျေးဇူးတင်သင့်တယ်ဆိုတာ ဘာကြောင့်ဘာလဲ ၊
kyaw..လူမှောင်ခိုကူးတဲ့ထေရ၀ါဒဘုန်းကြီးတွေလို့ရေးတာEdar မဟုတ်ဘူး။ မိတ်ဆွေရန်ကုန်မရောက်ဖူးဘူးနဲ့တူတယ်။ရောက်ဖူးရင်ဘုန်းကြီးတွေလူကုန်ကူး နေတာသိလောက်ပါတယ်။ကိုယ်တိုင်ဘာမှမသိပဲပုဂ္ဂိုလ်ခင်လို့တရားမင်တာမျိုးနဲ့ တော့ဒီမှာလာမပြောပါနဲ့။ထေရ၀ါဒသန့်စင်အောင်လုပ်ပါအုန်းလို့ပဲထပ်ပြောပါရစေ အောက်တန်းကျတယ်အထက်တန်းကျတယ်ဆိုဘယ်သူကဘယ်သူ့ကိုဘယ်လိုစံနဲ့ တိုင်းတာတာလဲ။အောက်တန်းကျတဲ့စာတွေကိုအောက်တန်းကျကျဝေဖန်မိတယ် ဆိုရင်တော့ဝမ်းမနည်းပါဘူး။
ReplyDeleteဟုတ်တယ်ဗျာ ရွှေဝါရောင် အရေးတော်ပုံမှာ မဟန အနေနဲ့ သာသနာအတွက် ရပ်တည်ပေးမှု ကတော့ အံသြသင့်စရာပါ
ReplyDeleteI just invite all to READ THE QURAN that's the GREATEST ONLY ONE BOOK IN THE WORLD and YOU CAN FIND THE MIGHTY GOD WHO IS THE CREATOR OF EVERYTHING.... Pls Just go to the following Link....Welcome warmly....You can share everything in there and you can read the another Great Religions....
ReplyDeletehttp://www.islammyanmar.com/
ကိုရင်လေးတို့ နိုင်ဂံယေးလုပ်မဲ့ ကြံစာလေးတော့ဖတ်ကြပါကွယ် ။ တရားတွေသံဃာတွေနဲ့  မနီးစပ်တာကို အပြစ်မပြောပါဘူး။ဒါက သူ့ အထုံနဲ့ သူ ။ကမ္ဘာသမိုင်းမသိလဲ နေပါအုံး၊ဗမာ့သမိုင်းလေးလောက်တော့ ပြန်ဖတ်ပြီးလက်တွေ့ လဲသုံးကြပါကွယ် ။
ReplyDeleteမင်းခေါင်ကလဂွန်းအိမ်နဲ့ ဆင်စီးချင်းတိုက်မယ်လုပ်တော့ သူ့ ညီရှင်သိဒ္ဓါတ်ကအော်တယ် ။ မင်းတုံးလှချီလား ဘုရင်လုပ်ပြီးကိုယ့်အောက်ကကောင်နဲ့  ချိန်းချတာ တဲ့  ။ သဘောက နိုင်လဲထူးဂုဏ်မတက်ဘူး၊ရှုံးရင်အကျိုးယုတ်တယ် ။ခုလဲ ဘုန်းဘုန်းတွေကို နိုင်ဂံယေးထဲဆွဲထည့်နေတာဘာနဲ့ တူနေလဲဆိုတော့ ဆင်ဖြူတော်(တကယ့်ကျမ်းလာ ဆဒ္ဒန်ဆင်ပြောနေတာ )ကိုသစ်မဆွဲကောင်းလားအော်နေတာနဲ့ တူတူဘဲ ။ သူ့ နေရာသူခွဲခြားတန်ဘိုးထားတတ်ပါစေ ။ဘယ်စစ်တပ်မှာများဆရာဝန်ကို ကိုယ်ဆောင်လက်နက်ကိုင်ပြီးရှေ့ တန်းကတုတ်ကျင်းထဲချခိုင်းတာတွေ့ ဘူးလဲ ။ ခုသံဃာတွေကို စစ်တပ်နဲ့ တိုက်ပေးနေတာ အဲထက်ပိုဆိုးသေး ။
အင်း။။နောက်ဆုံးစာပိုက်ကြည့်ပြီးစာလေးမတောက်တခေါက်တတ်တဲ့ သူပါလာရင် ဗိုလ်(ဗိုလ်ကြီး)သူရမွန်ထော်သက်ညွန့် တို့  Noel Chavasse( VC and Bar) တို့ ကို လက်ညှိုးထိုးပြီးကပ်ငြင်းမှာမြင်ယောင်သေးတယ် ။သေချာပြန်ကြည့်အုံး ။ဗိုလ်မွန်ထော်က ရှမ်းစုမှာနောက်တန်းဟက်ကွာတားအစီးခံရတာမှာ ဒါဏ်ရာနဲ့  အလဲ ရန်သူကို စတင်းနဲ့ ဆက်ပစ်နေရင်းကြွလို့ ပေးတာ။Noel Chavasse ကပိုတောင်ရှငိးသေးတယ် ။ သတ်ကွင်းထဲမှာ လဲနေတဲ့  လူနာတွေကို၂ကြိမ်တိုင်တိုင် တက်ဆွဲပြီးဆေးကုပေးလို့ ရတာ ။ ကိုယ်အလုပ်ကိုယ်လုပ်ရင်းကြုံလာတာ ။သွားပြီးကိုယ်နဲ့  မဆိုင်တာဆတ်ဆော့နေတာမဟုတ်ဘူး ။ မဆိုင်တဲ့ နေရာဆတ်ဆော့ပြီးကြွလို့ ကတော့လို့ ကတော့ ဆုတော့မရဘူး။ဒုတ်ဘဲရမယ် ။
ReplyDeleteအေးဒီလိုပြောလို့  နိုင်ငံရေးဝါသနာပါလို့ လုပ်နေတဲ့ သံဃာကို အပြစ်တင်နေတယ်မထင်နဲ့  ။ သူ့ ဝါသနာနဲ့ သူ ။ လုပ်ချင်တာ လုပ်ပစေ။ဘုရားတရားသံဃာကို မထိခိုက်မပုတ်ခတ်ရင် သံဃာဘဲ ။ကန်တော့မှာဘဲ ၊ လှူဒါန်းသင့်သလိုလှူမှာဘဲ ။ဒါပေမဲ့  လုပ်နေတဲ့ သံဃာဘက်ကနေ မလုပ်တဲ့ သံဃာကိုဆဲဘို့ လဲ စိတ်မကူးဘူး ။ မလုပ်တဲ့ ဘက်ကနေ လုပ်နေတဲ့ သံဃာဆဲဘို့ လဲ စိတ်မကူးဘူး။
ReplyDeleteသံဃာအလုပ်လုပ်နေသ၍ ၂ဘက်လုံးသံဃာကို ကန်တော့မြတ်နိုးနေမှာဘဲ ။ ဒါဘဲ ။
moe said...
ReplyDelete.........
sorry mate
We are practising Buddhist site .
We are only interested in teachings of Buddha .
There in no time nor interest to read Koran
Thanks for invite anyway !
Have a goodday .
Edar said...
ReplyDeleteဦးဝရသာမိ ဘုရား
" အရှင်ဘုရား....ကော
ရုပ် ကို အင်္ဂလိပ်လို ဘယ်လို ဘာသာပြန်ပါသလဲ ဘုရား။
Edar If you really want to know just read these. :P
http://www.buddhanet.net/pdf_file/abhidhamma.pdf
http://www.buddhanet.net/pdf_file/abhistudy.pdf
: အသက်ဘေးကြုံနေတဲ့သတ္တ၀ါတွေကိုလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်သင့်တယ်ဆိုတဲံ ကရုဏာတရား နားလည်ဖို့ အရင်ကြိုးစားအုံး ( observer )
ReplyDeleteဟာ
ဒီတယောက်တော့ဆိုးဘူးကွ ။ ၁၀ခွန်းပြောတခွန်းမှန်တယ် ။
သိပ်မှန်တာပေါ့ကိုယ့်လူရယ် ။သူများကယ်တယ်ဆိုတာ ကိုယ်တတ်နိုင်သလောက်ဘဲ ။ သံဃာနဲ့  ၀ိနည်းကိုခဏထား။လူအများနဲ့  ဆက်ဆံနေရတဲ့  ကူညီစောင့်ရှောက်နေရတဲ့  လူတိုင်းမှာ တတ်နိုင်သလောက်ဆိုတဲ့ စကားက ထိပ်ကဘဲ ။ ကူညီပါ ။ မိမိတတ်နိုင်တာကို ။တတ်နိုင်တယ်ဆိုတာဘာတွေလဲ။
၁)မိမိကိုအန္တရာယ်မရှိဘို့ ပထမ
UK resuscitation council က သင်ပေးတဲ့  လဲနေတဲ့ လူကို ပြုစုနည်းကိုကြည့် ။
step 1 approach with care
လဲနေတဲ့ လူရဲ့ ဘေးဘီမှာ ကိုယ့်အန္တရာယ်ရှိလား အရင်ကြည့် အန္တရာယ်ကင်းအောင်အရင်လုပ်တဲ့  ။
နောက်
၂) မိမိရဲ့  integrity မပျက်စေနဲ့ 
ဆရာဝန်၊သူနာပြု၊ကျောင်းဆရာ၊psychotherapist တွေအကုန်သိတယ် ။ ကိုယ့်လူနာ ကိုယ့်တပည့်ကိုစောင့်ရှောက်တာ ရတယ် ။အေး
involved တော့ဖြစ်မကြံနဲ့  ။ ဒီနေ့ ဖြစ်မနက်ဖန်လိုင်စင်ပြုတ်ဘဲ ။
ဒီလိုဘဲ ။Frontline clinicians တွေအကုန်ခေါင်းထဲ ရိုက်သွင်းထားတယ်။လူနာတယောက်လာလို့  အရေးပေါ်လုပ်သင့်တာလုပ်ပြီးရင် သက်ဆိုင်ရာလွှဲ ။ လွှဲပြီးပလား။ပြီးပြီ ။ ထပ်မထိနဲ့ တော့ ။သူ့ လူနဲ့ သူသေသေကြေကြေ။ကိုယ်နဲ့ မဆိုင်တာ ၀င်မပါနဲ့  ။
အေးမလွှဲဘဲ လူစွမ်းကောင်းလုပ်ပြီးမနိုင်တာ ဆက်ကိုင်နေရင် လူနာသေရင် ပြုတ်တော့လိုင်စင် ။ မသေရင်လဲ ဋ္ဌာနက ကိုယ့်နေရာကိုယ်မသိမှုနဲ့  အရေးယူခံဘို့ ပြင်ထား ။
ဒါဘဲ
ဒါဟာ အလုပ်နဲ နဲလုပ်ဘူးတဲ့  လူတိုင်း ခေါင်းထဲစွဲနေအောင်မှတ်ပြီးသား။
ထပ်ဖြည့်ပြောပေးပါ့မယ်။ပိုက်ဆံမပါရင်ဆေးကုမပေးဘူး။သေချင်သေပစေပိုက် ဆံမပါလို့ကတော့လုံးဝလုံးဝကုမပေးပါ။အော်မွတ်ဆလင်နိုင်ငံတွေမှာတောင် ဒိလောက်အကြင်နာမကင်းကြဘူး။လူဘ၀ကရခဲတယ်တဲ့ပိုက်ဆံမရှိရင်တော့ဆေး ကုသခွင့်ကပိုရခဲပါတယ်။လိုင်စင်ကိုလူ့အသက်ထက်တောင်ပိုတန်းဖိုးထားတယ် နော်။လေးစားပါတယ်ဒေါက်ချာရယ်အဲမှားလိုဒေါက်တာကြီးရယ်။
ReplyDeleteလိုင်စင်ကိုလူ့အသက်ထက်တောင်ပိုတန်းဖိုးထားတယ် နော်။လေးစားပါတယ်ဒေါက်ချာရယ်အဲမှားလိုဒေါက်တာကြီးရယ်။chan
ReplyDeleteရော
လာတက်ကြည့်လေကွယ် ။ အိမ်ပေါ်ကနေ ဆေးခန်းကိုအရောက်ကားလွှတ်ခေါ် (ဒါတောင် ဂျစ်ကန်ကန်နဲ့ ဆိုချော့ခေါ်ရသေး) ။ဆေးခန်းကနေ ဆေးရုံအရောက် အင်ဗျူလင့်စ်နဲ့ ပို့  ဆေးရုံပေါ်ကဆင်း အိမ်ပေါ်အရောက်ပို့ ရပါကြောင်း။
၅ပြားတစေ့မှ လူနာဆီက မရဘူးပါကြောင်း။ ( နောက်ကြုံရင်ရေးပါအုံးမယ် )
အင်းလိုင်စင်ကိစ္စ။ ပြောချင်လို့ လျှာယားနေတာ ကြာလှဘီ ။
ဆေးရုံဆိုတာ ဘယ်လိုစနစ်နဲ့ သွားရလဲဆိုတာ နားမလည်တော့ ခက်တာဘဲ ။
အဲ အံ့သြစရာတော့ မရှိပါဘူး။စာမှမဖတ်တာ။
ဆရာဝန်တယောက်ဟာ God မဟုတ်ဘူး။
လူတယောက်နေမကောင်းဖြစ်လာပြီဆိုရင် သူ့ တာဝန်နဲ့ သူရှိတယ် ။
ကြီးတာတွေ ခဏလေးထားအုံး ။
ဖင်က သွေးစုနာလေးခွဲချင်တောင် ပထမ ခွဲသင့်ပါတယ်လို့  ဂျီပီက ခွဲစိတ်ဆီလွှဲ ။ခွဲစိတ်က မေ့ဆေးကိုပြ ။မေ့ဆေးက လိုရင် ဖိဆစ်ရှန်ပြ ။ အဲကနေကျမှ ခွဲခန်းနာ့စ်ကို မျက်နှာချိုသွေး ။(ကိုယ့်လစ်လေးထဲအမြီးဆက်ခွင့်ရအောင်) . ခွဲပြီးလဲ အဲလူနိုးအောင် ထိုင်စောင့် ။ပေပါ၉ပ် တလန်လောက်ဖြည့်ပြီး ကိုယ်တော်မြတ်ရဲ့  ဂျီပီကိုအကြောင်းကြားရပါကြောင်း။
ငနဲမျိုး နောက် ၄ပါတ် ပြန်အစစ်ခံပြီးကော့ကော့ကော့ကော့နဲ့ ဆင်းသွားမှ သက်မချနိုင်ပါကြောင်း။
လိုင်စင်ဆိုတာ အထိမခံနိုင်တာက ဒါလေးက မိမိဟာ သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်ကို မချိုးမဖေါက် မိမိတာဝန်ကျေပွန်ကြောင်း ထောက်ခံချက်မို့  မိမိအသက်ထက်တန်ဘိုးထားပါကြောင်း ( ဒါကို မိမိသိက္ခါကိုမိမိရိုသေတတ်သူများသာ နားလည်နိုင်ပါကြောင်း)
ဌါနတခုဝင်ပိုက်ဆံတခါတောင်နဲ့သွေးစုနာလေးလည်းခွဲပြီးရောရှိတာလေးလည်း ကုန်တာဗမာပြည်မှာပဲရှိတယ်။
ReplyDeleteအင်
ReplyDeletechan
လူငယ်ဘဲထင်တယ် ။
ဒီမှာ ကိုယ်ပြောမယ် နားထောင် ။
ကိုယ့်မှာ အခုထိ အဖေလို တတန်းထဲထားလေးစားတဲ့  ဆရာခုထိ ဗမာပြည်ထဲဘဲရှိသေးတယ် ။ ကိုယ်တရက်ကျတော့ ကိုယ့်အကိုကြီးလိုဦးလေးလိုချစ်ရတဲ့  ဆရာတယောက်နဲ့  အာကျယ်ပါကျယ် စကားပြောနေတုန်း (ပြောတယ်ဆိုတာ ခု chan ပြောသလိုဘဲ ဗမာပြည်ဘာညာဘာညာ ) ဆရာ-၀င်လာတယ် ။ ကောင်လေးလာစမ်းဆိုပြီဲးဆုံးမတယ် ။
မင်းခုနေလုပ်ရမှာက မင်းဟာမင်းကောင်းနေအောင်တော်နေအောင်နိုင်ငံတကာကလူတွေထက် သာနေအောင်လုပ်ဘို့ က မင်းအလုပ် ။ ကျန်တဲ့ လူတွေဘယ်လိုညံ့တယ်။ဘာတွေဘယ်လိုတောင်းပြီးဘာတွေဖြစ်နေတယ်ဆိုတာ ခုမင်းအလုပ်မဟုတ်ဘူး။ ငါ့နေရာမင်းရောက်လာရင် အဲဒါမင်းအလုပ် ဟုတ်ပလားတဲ့  ။ (အဲတော့သူက Prof and head ) ခုထိ ဆရာ့စကားမမေ့ဘူး။ဒီနေ့ ထိလဲ တာဝန်နဲ့  ပညာနဲ့ ပါတ်သက်ရင် သူများအောက်ကျမခံခဲ့ဘူး။ တာဝန်ဆို ပိုဘဲယူပေးတယ်လျှော့မယူဘူး။ အေးဒါပေမဲ့ လောကမှာဘယ်နေရာနေနေသူများမဟုတ်တာကတော့နေရာတိုင်းတွေ့ တာဘဲ ။အဲမှာ ကိုယ့်တပည့် ကိုယ့်ဋ္ဌာနဆိုရင်တော့ကိုယ်ကိုင်တယ် ။တိတိကျကျကိုင်တယ် ။ ကိုယ့်တာဝန်အပြင်ကဆို ဘာမှ ပြောမနေဘူး ။ ခု ဓမ္မလောဝင်ကူနေတာလဲ ဒါဘဲ ။ တာဝန်ရှိသလောက်ကူနေတာ ။ ဘာတာဝန်လဲမေးရင် တရားဓမ္မရဲ့ ကျေးဖူးတွေ၊ဆရာတော်တွေကျေးဇူးတွေကိုယ့်အပေါ်ဆပ်မကုန်အောင်ရျိတာကို တစိတ်ကလေးကြေကြေဆိုတဲ့ စိတ်နဲ့  ။ မှားနေလွဲံနေတာကို မထောက်ဘူးမဟုတ်ဘူးကိုယ်ထောက်တယ် ။ထောက်တာက လွဲနေတဲ့ သူတွေ နာစေလို့ စိတ်ထဲမထားဘူး။ မသိသေးတဲ့ သူတွေ မလွဲစေနဲ့ ဆိုတဲ့ စိတ်ဘဲထားတယ်
ဒါဘဲလေ
ဟုတ်ကဲ့..ဆရာကိုကျနော်လေးစားပါတယ်။ဒါပေမယ့် ယုံကြည်ချက်နဲ့ရပ်တည် ချက်မတူညီတဲ့အတွက်ကိုယ့်ယုံကြည်ချက်အတွက်ဆက်လက်တိုက်ခိုက်နေအုန်း မှာပါ။ငါကောင်းနေရင်ပြီးတာပဲဘယ်သူဘာလုပ်လုပ်ငါနဲ့မဆိုင်ဘူးဆိုတာ တကိုယ်ကောင်းသမားစိတ်လို့ယူဆထားတယ်။ဆရာကိုယ်တိုင်အဲဒီစိတ်မျိုးမွေး ထားရင်ကျနော်နဲ့အခုလိုပြောဖြစ်ပါ့မလား။လူငယ်တွေကိုတွန်းအားပေးတဲ့စကား အဖြစ်လက်ခံနိုင်ပေမဲ့ ပြသနာဖြေရှင်းရေးနည်းလမ်းတော့မဟုတ်ပါဘူး။
ReplyDeletechan
ReplyDeleteကိုယ်ဘာမှမပြောဘူးနော်
စာအုပ်ထဲကစာကူးပေးတာ . ။
သူပုန်ဆိုးပေ ( ပထမတွဲ ) ရေးသူရန်ကုန်ဘဆွေ
ထိုအခါဂျပန်တို့ သည် မအူပင်တွင် ဗိုလ်မင်းအောင်နာမည်ခံပြီးစစ်အရေးပိုင်လုပ်နေသော သခင်အောင်သင်းကြီးကို ဖမ်းပလိုက်တော့သည်။
ဖမ်းသည်ဆိုရာတွင် လက်ထိပ်စုံခတ်ပြီး လူပုံအလည် ရုံးပေါ်မှဆွဲချသွားခြင်းဖြစ်သည်။
ဆိုးပေသည် မခံမရပ်နိုင်နှင့် ရန်ကုန်ရွှေတောင်ကြားသို့ တက်ခဲ့သည်။တွေ့ သောသခင်ခေါင်းဆောင်များကိုနားပူတော့သည်။
ဒီမှာဗျ မင်းအောင်ကြီးကို ဂျပန်ဖမ်းသွားတာ သိလား ။ ဗျာ မင်းအောင်ဆိုတာ မသိဘူးလား ။ ၀ါးခယ်မသခင်အောင်သင်းဆိုတာလေ။
အဲဒါကြီးကို ခု သတ်ပစ်လို့ ကတော့ ကျုပ်တို့  ငပန်တွေကိုဆော်ရလိမ့်မယ် ။ ကျုပ်တို့ စစ်ဗိုလ် ၃ယောက်ဖွဲ့ ထားတဲ့ တပ်တွေနဲ့ ဆို မြစ်ဝကျွန်းပေါ်မှာ ၂ရင်းမကရှိတယ် ။
ထိုအခါ မိန်းမခိုးပြေးပြီးခါစ ယောက္ခမအိမ်ပေါ်ရောက်နေသည်နှင့်တူသော ခေါင်းဆောင်ကြီးများပြူုးပြူးပြာဖြစ်ကုန်တော့သည်။
----------(မလိုသည်ကိုထားခဲ့ သည်)
ရင်းနှီးသောခေါင်းဆောင်တယောက်က ထဆဲတော့သည်။ မင်းမေကြီးထဲမှ သောက်ရမ်းတွေလျှောက်လုပ်မနေနဲ့  ။ ငါတို့  သခင်မြကစပြီးခေါင်းဆောင်တွေအကုန်လုံးဂျပန်လက်ထဲမှကွ ။မင်းသောက်ရမ်းလုပ်မှ အကုန်သေကုန်လိမ့်မယ် ။
chan
ReplyDeleteသော်တာဆွေပြောတာကျတော့
စစ်တောသ်းတံတားကျိုးနေတုန်း မြင်း၂ကောင်နဲ့  သူမြစ်ကို လက်ပစ်ကူးတယ်လို့  ၀ါသတဲ့  ။ တနေ့ ကျ ရွှေဥဒေါင်းကြီးရှေ့ ပြောတဲ့ အခါကျတော့ မဖြစ်နိုင်ကြောင်းပြန်ရှင်းပြတော့မှ သူ့ ဟာသူဇဝေဇ၀ါဖြစ်ပြီး တူတူသွားခဲ့ တဲ့ မြင်းသမားမေးတော့မှ လားလား သူက လှေပေါ်က မြင်း၂ကောင်ကရေထဲကဖြစ်နေဆိုကိုး။
သူပြန်တွေးတော့ စတုန်းက ကြွားတာ ကြာတော့ သူ့ ဟာသူ ပြန်ယုံသတဲ့  ။
သူပြောတယ်လေ။တော်သေးတဲ့  ခုနေတကယ်အဲလိုကူးမိ သေမှာဘဲတဲ့  ခုလူငယ်တွေကို လေ့လာဘို့  စာဖတ်ဘို့  အာပေါက်အောင်ပြောနေတာ အဲလို အန္တရယ်မရောက်စေချင်လို့ ဘဲ
ဦးတင့်ရေ...ယုံရခက်ကြီးပဲ((မထောက်ဘူးမဟုတ်ဘူးကိုယ်ထောက်တယ် ။ထောက်တာက လွဲနေတဲ့ သူတွေ နာစေလို့ စိတ်ထဲမထားဘူး။ မသိသေးတဲ့ သူတွေ မလွဲစေနဲ့ ဆိုတဲ့ စိတ်ဘဲထားတယ်))
ReplyDeletetint said...
((ခု သူ့ ရိပ်သာမှာ ယောဂီ (ထားပါတော့လေ ) တွေ ရှေ့ ကထိုင် နောက်က သူ့ အသံကြီးနဲ့  တတွတ်တွတ် တနေကုန်အော်ပေးနေတာ ဘယ်လာ သမာဒိရမလဲလေ ။ ))
((ဒါပေမဲ့  စစ်တာဆေးတာတွေက အချိန်ယူနေရလို့  အသာလေးလွှတ်ထားတာပါ ။))
အေးချမ်း said...
Anonymous - ခင်ဗျား။ tint ပြောတဲ့ အပေါ်စီးစကားတွေကို သဘောထားကြီးစွာ သည်းခံပေးတဲ့အတွက်လဲ လေးစားပါတယ်။
စူနာမီဆရာတော်ကိစ္စမှာ ကျွန်တော် ဝိဝါဒ ကွဲသူတွေနဲ့ သဘောချင်း တိုက်ဆိုင်ပါတယ်။ ကျွန်တော်လဲ အဲဒီနေရာတွေတော့ လက်မခံနိုင်ပါဖူး။ ဒါပေမယ့် tint နဲ့ tint နောက်က data ထုတ်ပေးတဲ့ မိတ်ဆွေက အပြစ်မရှာခင် မေတ္တာစိတ်ကို အရင်မွေးစေချင်တယ်။
နောက်က သူ့အသံကြီးနဲ့ တတွတ်တွတ် အော်နေတယ် ဆိုတာက မိုးကုတ်ရိပ်သာက နည်းပါ။
ဒါတော့ အပြစ်တင် မစောသင့်ဘူး။ တစ်ချို့မိုးကုတ်ဆရာတော်တွေက ယောဂီတွေ တရားထိုင်ရ လွယ်စေချင်တော့ တရားထိုင်နေချိန်မှာ အားပေးစကား ဖြေးဖြေချင်း ဘေးက ပြောပေးနေတတ်တယ်။
https://www.blogger.com/comment.g?blogID=976590648585078468&postID=2561332399117101530
ဖိုးပညော(သပိတ်ကျင်း)ရဲ့ လုပ်ကြံမှုများကြားကဗုဒ္ဓဘာသာ နိဒါန်း ဟာဖတ်လို့ကောင်းတဲ့စာတစ်ပုဒ်ပါ။ဒါပေမယ့်နောက်ဆုံးပြည်ထောင်စုမြန်မာနိုင်ငံ ဟာလွတ်လပ်ပြီတရားမျှတတဲ့နိုင်ငံတစ်ခုပါလို့ပြောပြီးစစ်အစိုးရကိုဖားသွားတာ ကတော့တော်တော်ရုပ်ဆိုးပါတယ်။ကမ္ဘာစံနှုန်းအရဗမာပြည်ဟာလွတ်လပ်မှုအနည်း ဆုံးတရားမျှတမှုမရှိဆုံးနိုင်ငံတစ်ခုပါ။ဒါကိုဗမာပြည်ပြင်ပနေဖူးသူတိုင်းသိပါတယ်။ ရှိးသားမှုရှိရှိသာသနာပြုနေကြရင်ကျနော်တို့ဘာမှပြောစရာမလိုပါ။
ReplyDeletethandar
ReplyDeleteကျေးဇူးတင်လိုက်တာဗျာ
စူနာမီဆရာတော်ကို အလွဲအမှားတွေကို ထောက်ရတာ အပင်ပန်းဆုံးကြိုးစားခဲ့ရတာဘဲ ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုယ်တိုင်လဲ အဲအချိန် (၂၀၀၆) လောက်က ခုလောက်အပါးမ၀သေးဘူး။ နောက်မိုးကုတ်ယောဂီဆို အထင်ကြီးတဲ့ အစွဲကလဲ ရှိသေးတယ် ။ တခါ ကိုယ်အထင်ကြီးထားတဲ့ ကိုကစ်ကားကလဲ သူအမြဲနာနေတဲ့ ဆတော်ပြောထားတော့ လွဲနေတာတွေ့ နေတာတောင် လွဲရဲ့ လားဆိုပြီး ၂နှစ်လောက်ထပ်အထောက်အထားရှာယူရတယ်။ အဲနဲ့ ပါတ်သက်ပြီးရေးထားတာတွေ လူသိပ်မမှတ်မိဘူးထင်တာ။ခုလို အသည်းထဲမှတ်ထားတဲ့  thandar တွေ့ရတာ ၀မ်းသာလိုက်တာ။ ဆက်လက်ဖြန့် ဖြူးနိုင်ပါစေ။ချီးကျူးတယ်သိလား တလုံးမှမလွဲဘူး။ကိုယ်ပြောခဲ့တာ အဲအတိုင်းဘဲ ။
ဒိထက်ထင်ရှားအောင်တောင် ပြောခဲ့သေးတယ် ။ မူလစာက ငါ့ဆီလာခဲ့  တရားရမယ်ဆိုတဲ့  ကြော်ငြာဟာ ခွေးဂရင်ဂျီနာ အမြစ်ပြတ်ပါတယ်ဆိုတဲ့  ဆရာတုတ်ကြီအတိုင်းဘဲလို့  ။ (အခုဓမ္မလောတင်တော့ ခွေးဂရင်ဂျီနာက ကပ်ကြေးထိသွားရှာတယ် :( )
chan
ကိုယ်ထုတ်မပြောဘဲထားတဲ့  အခက်အခဲတွေဆိုတာအဲဒါဘဲ ။
စူနာမီဆိုတာ ၂၀၀၅မှာပေါ်တယ် ။ ၂၀၀၇ကျ မဟုတ်တာသိလာတဲ့  ရဟန်းရှင်လူက သာသနာရေးစာတင်တယ် ။ ၂၀၀၈ကျမှ စစ်နိုင်တယ် ။ စစ်တော့ နောက်မလုပ်နဲ့ လို့ သတိပေးတယ် ။ နောက်နေ့ ကျ ဆူးလေပေါ်တက်တရားဟောတယ် ။ အဲဒါကို အရေးမယူနိုင်ခဲ့ဘူး ။၂၀၀၉ကျမှ တခါ အင်တာနက်ထဲတင်တဲ့  တရားဆိုတာတွေ ရုပ်သိမ်းပေးပါ့မယ် လက်မှတ်ထိုးပေးတယ်။ သိတဲ့ အတိုင်း တပည့်တွေက ဆက်တင်လျက်ဘဲ ။ အဲအမှားတွေက ပြန့် မြဲ ပြန့် လျက် ပြန့် လျက်သာသတည်းး။
အဲကျေးဇူးတင်ထိုက်သူတွေကိုမေ့မသွားခင်မှတ်တမ်းတင်ရအုံးမယ်။
ReplyDeleteဒေါက်တာချစ်ငယ်(ဒဿန)ဆိုတာပေါ်လာတော့ စိတ်ထဲ တော်တော်ဖြုံတာ ဦးဆန်းလွင်(ဒဿန)ကလဲ တရားနဲ့ ပါတ်သက်ရင်လက်ဦးဆရာလိုဖြစ်နေတာကိုး။ ကံကောင်းချင်တော့ သူ့ ဟာသူစောထဲက ဖေါ်တော့တာဘဲ ။ခန့် ချောကြီးဘိုးဘိုးအောင်ကိုတောင်စဉ်၇ထပ်ကြားထဲ ပြုံးပြုံးကြီးထိုင်ခိုင်းပြီးအဲကနေ တခါထဲ နိဗ္ဗာန်ပို့ တော့တာကိုး။ တခါ ဆရာတော်ဘုရားချီးမြှင့်လို့ ဦးကျော်လှိုင် ရဲ့ ဆောင်းပါးတွေလဲရတော့ သူ့ အလွဲတွေကို ဗမာစာမရိုက်တတ်ခင်ထဲက မြင်နေပြီ ။
ဒီတော့ဆရာချစ်ငယ်ကို ကျေးဇူးတင်ရမယ် ။ ဇာတိရုပ်စောစောဖေါ်ပြလို့  ။
နောက်ကျေးဇူးတင်ထိုက်တဲ့သူက အင်မတန်ပျင်းတဲ့  ကိုယ့်ကို ဗမာစာရိုက်တတ်အောင် ချောက်တခါ ချော့တလှည့် ထမင်းမစား ရေမချိုးသင်ပေးခဲ့တဲ့  သူကိုပါဘဲ ။ မမေ့ခင်လေးမှတ်ထားတာ။ :P
tint,,,ဘာတွေရေးနေတာလဲ။ကိုယ်ရေးတာကိုယ့်ပြန်ဖတ်ကြည့်အုန်း။
ReplyDeletetint...ဖွားဖက်တော်ထဲမှာပါတဲ့သင်္ဃမည်တဲ့ရွှေအိုးကြီးကတစ်ဂါဝုတ်ပမဏရှိသ တဲ့၊ဧဠမည်တဲ့ရွှေအိုးကြီးယူဇနာဝက်လောက်ရှိတယ်ဆိုတယ်၊ဥပ္ပလမည်တဲ့ရွှေအိုး ကြီးကသုံးဂါဝတ်ပမဏရှိသတဲ့၊ပုဏ္ဏရိကမည်တဲ့ရွှေအိုးကြီးကတစ်ယူဇနာရှိတယ်။ စုစုပေါင်းနှစ်ယူဇနာခွဲလောက်ရှိတယ်။ခုခေတ်မိုင်နှင့်ဆိုလျှင်တစ်ယူဇနာဆယ်သုံးမိုင် လောက်ရှိတယ်။ရွှေအိုးကြီးလေးလုံးအတိုင်းအတာပမာဏဟာမိုင်သုံးဆယ်လောက် ရှိနေပြီ။ိဤရွှေအိုးကြီးတွေပေါ်တယ်ဆိုတာတကယ်ဟုတ်ရိုးမှန်ခဲ့ရင်ရှေးခေတ်က မသကာလူဦးရေငါးသိန်းလောက်ရှိတဲ့ကပိလဝတ်ပြည်ကလေးမှာလူတွေတိုက် တာအိုးအိမ်တွေဒီရွှေအိုးကြီးတွေပေါ်လာတာနဲ့ပျက်ဆီးသွားနိုင်တယ်။အဲဒီမေး ခွန်းကိုရှင်ဥက္ကဌအဖြေနဲ့မတူအောင်ဖြေပေးနိုင်ပါ့မလား။ရှင်ဥက္ကဌကအဓမ္မ၀ါဒီ မလို့ပါ။ကိုယ့်ကိုကိုယ်ဓမ္မဆိုတဲ့သူတွေဖြေပေးပါ။
ReplyDeletetint..မဖြေနိုင်ရင်လည်းဝရသာမိဖြေနိုင်မယ်ထင်ပါတယ်။ရှင်ဥက္ကဌကတော့ အဌကထာကိုပယ်ပြီးဗုဒ္ဓဘာသာဟာဗုဒ္ဓဟောသာဖြစ်တဲ့အကြောင်းနဲ့ဗုဒ္ဓဘာသာကို ဂုဏ်တက်စေခဲ့ပါတယ်။အခုလည်းအဌကထာကိုပယ်တဲ့အဓမ္မဝါဒီနဲ့မတူတဲ့အဖြေမျိုး ဖြေနိုင်ရင်ဖြေပေးကြပါ။
ReplyDeleteအလုပ်မများဘူးဆိုရင်အလှတရားလည်းဖြေပေးလို့ရပါတယ်။
ReplyDeleteအဲဒီမေးခွန်းရှင်က ဘုရားတရားသံဃာအပေါ်ထားတဲ့ သဒ္ဓါတရားနဲ့ နားလည်မှုနည်းနည်း လိုအပ်နေတာ ဖြစ်ပါတယ်။ ၀ိနိစ္ဆယလုပ်တာဟာ လူသေလူဖြစ်ဝါဒကို လုပ်တာပါ။ ကျောက်တွင်း အရေးတော်ပုံကို မလုပ်ခဲ့ပါဘူး။ ပါဠိတော်နဲ့ အဋ္ဌကထာ သဘောကွဲလွဲရင် ပါဠိတော်ကို အတည်ယူရတယ်လို့ စဉ်လာထုံးတမ်းရှိပြီးသားပဲ။ ဒီမေးခွန်းကို မေးစရာလိုဦးမလား။၊ ပါဠိတော် အဋ္ဌကထာ ဋီကာများနဲ့လည်း ကိုက်ညီ၊ လောကယုတ္တိလည်း ပါအောင်ယူရမယ်ဆိုတဲ့အတွက် သီလသမာဓိပညာ ရှိတဲ့ ဆရာတော်များရဲ့ အဆုံးအဖြတ် လိုပါတယ်။ တည့်တည့်ဖြေရရင် ကိုယ်ဖွင့်ချင်သလို ဖွင့်လို့တော့ မရပါဘူး။ တဆင့်ချင်းသွားရတယ်။ နောက်တစ်ခုက ၀ိနိစ္ဆယ လုပ်တယ်ဆိုတာမှာတောင် တချို့အချက်တွေကို စောဒနာလိုက် သောဓနာလိုက် ဆုံးဖြတ်ချက်ချလိုက် လုပရတာပါ။ ဒါကြောင့် အဲဒီမေးခွန်းကို ရှင်ဥက္ကဋ္ဌဖြေတာ မသင့်ဘူးလို့ ကျွန်တော်က မပြောဝံ့တာ ခွင့်လွှတ်တော်မူပါ။ ဒီ့ထက် သင့်လျော်တဲ့အဖြေကို တွေ့ရင်တော့ ပြပါဦးမယ်။ လောလောဆယ်ပြောချင်တာက မေးခွန်းရှင် အရိပ်ပြမေးခွန်းထုတ်ထားတဲ့ အဋ္ဌကထာကို လုံးလုံး ပယ်ရမယ်ဆိုတဲ့ အချက်ကတော့ မဆီမဆိုင် အစထောင်ထောင်နဲ့ အီလည်လည်ကြီးသာ ဖြစ်ပါတယ်။ ၀ါကျတွေအားလုံးကို အစကအဆုံး ပြန်ဖတ်ကြည့်ပါ။
ReplyDeleteဒါဆိုရင် အဌကထာ ဟာ အကုန်လုံး ပယ်စရာ မလိုဘူး ဗုဒ္ဓစာပေအတွက် အသုံးဝင်တယ်ဆိုတာ ဗုဒ္ဓဘာသာတွေနားလည်ကြပါတယ်။ ဒါပေမယ့် အဌကထာ ၁၀၀ ရာနှိုင်းပြည့် အကုန်လုံး မှန်တယ်လို့ ကို ဒီအဖွဲ့က ဆိုပါသလား။ ဒါဆိုရင် ဒီအဖွဲ့အနေနဲ့ အဋ္ဌကထာ နဲ့ မကိုက်တိုင်း အဓမ္မ ၀ါဒီ (မတရားသူ) အဖြစ် စွပ်စွဲထိုက်ပါသလား။
ReplyDeleteပြန်ကြားရေးတာဝန်ယူသူကိုယ်တိုင် ဦးဝရ ဖြစ်နိုင်လျှင် ဖြေကြားပေးစေလိုပါတယ်။ အဘယ်ကြောင့်ဆိုသော် အလှတရားက အင်တာနက်ချိတ်ဆက်နိုင်မှု ပြင်ပကို ဦးဝရ ရောက်နေလို့ဆိုငြားသော်လည်း အောက်တိုဘာ ၁၂ရက်နေ့ နေ့လည်က သူ့ဆိုဒ်မှာ www.sbay-student.org ပိုစ်တစ်ခုတင်သွားကြောင်းတွေ့ရပါတယ်။
ရှေ့ဘဝနောက်ဘဝအယူနဲ့ပတ်သက်ပြီးသဿတဒိဌိဥစ္ဆေဒိဌိဆိုပြီဘုရားဟောရှိပါ လျှက်အဌကထာကဖွင့်မပြဘဲကျော်ထားတာနဲ့ပဲရှေ့ဘဝနောက်ဘဝဘုရားယူ တယ်လုပ်တာဘာကြောင့်လဲ။
ReplyDeleteEdar မေးတာက အထက်မှာ ကျွန်တော်ပြောတဲ့ထဲ ပါသွားပြီ။ အဋ္ဌကထာဟာ ပါဠိတော်အဖွင့်ကျမ်းတွေကို ဆိုတာပါ။ ပိုနားလည်အောင် သာဓက ပေးကြည့်မယ်။ ပျို့ထဲက ဂမ္ဘီသာရပျို့ဆိုပါစို့။ "မိတ်ရန်ဝိုးဝါး၊ သူတစ်ပါး၏၊ ၀ှက်ထားမြဲကျိတ်၊ ထဲကြံစိတ်ကို တုံစိတ်ကွယ်ရာ ကြားပေလှာမူ" ဆိုတာနဲ့ အနက်အဓိပ္ပါယ်ကို ရှေးရှေးကဆရာတွေ ခေတ်ပြိုင်ဆရာတွေက ဘာကိုဆိုလိုသလဲ သိကြပေမယ့် နောက်နောက်က တပည့်တွေက သိဖို့ခဲယဉ်းတယ်။ အဲဒါကြောင့် ရှေးရှေးကဆရာတွေက မိတ်ရန်ဝိုးဝါးဆိုတာက ဘာလဲ၊ မြဲကျိတ်ဆိုတာက ဘာကိုဆိုလိုသလဲ၊ ထဲကြံစိတ်ဆိုတာက ဘာလဲ စသဖြင့် အဲလို ခဲရာခဲဆစ်တွေကို အများနားလည်အောင် သာဓကတွေ ပုံထုံးတွေ ဆောင်ပြီး ပြန်ရှင်းပြရတယ်။ ဆရာတစ်ဦးနဲ့ တစ်ဦး အာဘော်မတူရင် ညှိရင်လည်း ညှိ၊ မညှိရင် ဘယ်ဆရာကတော့ဘယ်လို ဖွင့်ဆိုတယ်၊ ဘယ်ဆရာကတော့ ဘယ်လိုဖွင့်တယ်ဆိုပြီး မှတ်ထားရတယ်။ ရှေးရှေးက ဆရာတွေ ဖွင့်ပြတာကို သဘောမကျရင် နောက်ကဆရာတွေက ပြင်ချင်တိုင်း ပြင်လို့မရဘူး။ အဲဒီဖွင့်ပြတာထက် သာကောင်းတဲ့ ဖွင့်ပြချက်ကို ပြပြီး ပညာရှိအများကလည်း သဘောတူမှ သူ့ဖွင့်ပြချက်က ပညာရှိအရာ လူရာဝင်တယ်။
ReplyDeleteအဋ္ဌကထာကလည်း ဒီအတိုင်းပဲ။ ပါဠိတော်(လွယ်အောင် မြန်မာပြန်ကိုပဲ ပြပါရစေ) မှာ "ပညာရှိသောသူသည် သီလ၌တည်စေ၍ ပူပန်စေမှု(လုံ့လ)ရှိသည်ဖြစ်လျက် ရင့်ကျက်သည် ဖြစ်၍ စိတ်ကို၎င်း ပညာကို၎င်း ပွားစေသည်ဖြစ်သော် ထိုသို့သောရဟန်းသည် ဤအရှုပ်အထွေးကို ဖြေရှင်းနိုင်ပေ၏" ဆိုတာနဲ့ ပညာဆိုတာဘာလဲ၊ သီလဆိုတာဘာလဲ၊ အရှုပ်အထွေးဆိုတာ ဘာလဲ စတာတွေကို ဖွင့်ဆိုပြဖို့ လိုလာတဲ့အတွက် အဋ္ဌကထာဆရာက အခြားပါဠိတော်များရဲ့ ပြဆိုချက်တွေ၊ ရှေးရှေးဆရာများရဲ့ အာဘော်တွေနဲ့အညီ၊ ရှေးရှေးက အဋ္ဌကထာတွေနဲ့အညီ လိုအပ်နေတဲ့အဋ္ဌကထာကို ပြုစုရတယ်။ အဲဒီလိုပြုစုတဲ့ အဋ္ဌကထာတွေကို ဘာကြောင့် အလေးအနက်ထားရသလဲဆိုတော့ အဲဒီ အဋ္ဌကထာတွေကို အဲဒီခေတ်က သံဃာတော်များအားလုံးက အညီအညွတ်လက်ခံပြီး သင်္ဂါယနာတင်တဲ့အခါ မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ဒီကျမ်းမြတ်တွေနဲ့ ဒီမူအတိုင်း ဖြစ်ရမယ်ဆိုပြီး အညီအညွတ်ဖြစ်မှုကို ပြထားတာကြောင့် ဖြစ်တယ်။
ဒါကြောင့် ပါဠိတော် အဋ္ဌကထာများဟာ နှောင်းလူတွေ ဖွင့်ချင်သလို ဖွင့်ခွင့်မရအောင် ထိန်းကွပ်ထားတဲ့ စည်းကမ်းဥပဒေများနဲ့ တူတယ်။ ပိုပြီးရှင်းလင်းရရင် ဗုဒ္ဓသာသနာဟာ ဒီမိုကရေစီစနစ်နဲ့သွားတာကို နားလည်ပါလိမ့်မယ်။ ဥပမာ နယ်သိမ်သမုတ်မယ်ဆိုရင် အဲဒီနယ်က သံဃာတွေအားလုံးကို ပင့်ဖိတ်ရတယ်။ မကြွနိုင်တဲ့ သံဃာက "တပည့်တော်ရဲ့ဆန္ဒကို ဆောင်ပါလော့၊ တပည့်တော်ရဲ့ဆန္ဒကို ပြောကြားပါ၏" ဆိုပြီး သဘောတူတဲ့အကြောင်း ဆန္ဒပေးရတယ်။ အဲဒီလို နယ်အ၀န်းအ၀ိုင်းအတွင်းက သံဃာတစ်ပါးက ဆန္ဒမပေးရင် အဲဒီသိမ်က မအောင်ပါဘူး။ မြတ်စွာဘုရားဟာ သာသနာ သန့်စင်တည်တံ့ပြန့်ပွားရေးအတွက် သံဃာတော်တွေများရဲ့ အညီအညွတ်ပြုမှု (သာမဂ္ဂီ)သဘောတရားကို အခြေခံတော်မူခဲ့တယ်။
ဒီတော့ သံဃာတော်များက မြတ်စွာဘုရားရဲ့ အာဘော်ဟာ ဒီလိုပါဆိုပြီး တညီတညွတ်တည်း သင်္ဂါယနာတင်ထားတဲ့ စာပေတွေရဲ့ ဘောင်အထိန်းအကွပ်ကနေ လွတ်ထွက်ပြီး ထေရ၀ါဒီ တရားဟောဆရာတွေက ဟောမယ်ဆိုရင် သူတို့ဟာ ကျင့်ဝတ်အရ (morally) မှန်ကန်သင့်မြတ်တယ် ဆိုနိုင်ပါ့မလား။ အဲဒါမေးခွန်းကို Edar နဲ့ dama နဲ့က ကြိုးစားပြီး ဖြေသင့်တယ်။ အဲဒါကို ဖြေမှ နောက်ဆက်နိုင်မှာပါ။ မဖြေရင် မဆက်ပါဘူး။ ဒီတွင်တစ်ခန်းရပ်ကြတာပေါ့။
အေး ဒီအဖွဲ့ထဲမှာ ဘယ်သူက ဘယ်ပါဠိ ဘယ်အဌာကထာ ရဲ့ ဘာသာပြန်နဲ့ တိုက်ကြည့်ပြီး အဓမ္မလို့ ဆုံးဖြတ်ပေးနေတာလဲ။ အလှတရား ဥပမာတွေက မဆိုင်တာတွေပဲ။ ဥပမာ ဦးချစ်ငယ်ဆိုရင်လည်း သူဟာသူ ဘွဲ့မရ တာကို ရတယ်ဆိုပြီး ကြွားချင်ကြွားမယ်။ဒေါသထွက်လို့သူတပါးကို ကြိမ်းမောင်းရင်ကြိမ်းမောင်းမယ်။ အဲဒါတွေအဓမ္မ၀ါဒ ဆို စွပ်စွဲတယ်။ စာလေး တစ်ကြောင်းတစ်ပိုင်း လောက် ကောက် ပါဠိ ဘာသာပြန်ကို ကိုယ်လိုသလိုဆွဲယူ အဓမ္မစွပ်စွဲ။ ဦးဝရ ရဲ့ ဆောင်းပါးထဲက ပါဠိဘာသာပြန်တွေ ရေးထားမှုဘဲ ကြည့်ပါဦး။ ဘုရားကပဲ ဒေါသထွက်နေသယောင် ဘာသာပြန်ထားတာ။ ဆူနာမီဆရာတော်ဆိုလည်း မင်းတို့ က ဘာမှ မဟုတ်ဘူး တလုံးထဲကောက်ပြီး၊ ပညတ်တွေ ပယ်နေတယ်စွပ်စွဲ။ ဦးကျော်ဟိန်း၊ ဆရာပါရဂူတို့ကို လည်း ရေရာမှု မရှိဘဲ အဓမ္မစွပ်စွဲ။ ဆရာပါရဂူရဲ့ စာအုပ်တချို့က ဘာသာပြန်စာအုပ်တွေ..ထေရ၀ါဒတရားစာမဟုတ်။ ဒါကို ထေရ၀ါဒနဲ့ မကိုက်ဘူးဆို အဓမ္မစွပ်စွဲ။ တူညီတဲ့ပါဠိ ဘာသာပြန် တစ်ခုထဲကိုပဲ ရည်ညွှန်းကြတဲ့ ၀ိပဿနာတရားမှာပဲ တစ်ကြောင်းတည်းသောမဂ္ဂင်တရားကို အမျိုးမျိုးသော နည်းတွေ နဲ့ ထေရ၀ါဒမှာ ၀ိရောဓိဖြစ်နေကြတာရော သတိထားမိရဲ့လား။ ပါဠိဘာသာပြန်ကိုပဲ အမျိုးမျိုး အဓိပ္ပါယ်ယူမှု ကွဲပြားနေတာ။ မင်းတို့ စွပ်စွဲတဲ့သူအကုန်လုံးကိုရော မဟနကကော အဓမ္မလို့ သတ်မှတ်ထင်နေသလား။ အခု မဟန ဗန်းမော်ဆရာတော်ကြီးတို့ရောက်လာပြီလို့တော့ကြားတယ် personal မုန်းတီးမှုတွေ၊ အဓမ္မအစစ်တွေ ဘာလဲဆိုတာ ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်မိပါရဲ့။
ReplyDeleteမနှစ်သက်တာတွေရှိရင် ဝေဖန်လို့ရအောင် ကွန်မန့်ကိုမော်ဒရေးရှင်းမပေး၊ စီဘောက်စ်ကို လွတ်လပ်စွာ ဖွင့်ပေးထားတာပါ။ တလေးတစားလည်း ဖတ်ပေးပါတယ်။ တစ်ပုဒ်ချင်း တစ်ပိုဒ်ချင်းကို တရားနည်းလမ်းတကျ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ စနစ်တကျ ဝေဖန်သုံးသပ်ခွင့်နိုင်ကြောင်းပါ။ တန်းဝင်တဲ့ တန်ပြန်ဝေဖန်မှုတွေ ထွက်လာရင်လည်း သာသနာအတွက် အမြတ်ပဲပေါ့။
ReplyDeleteဒါပေမယ့် ကျွန်တော်ဘက်ကို ကြည့်လိုက်တော့ Edar နဲ့ dama ရဲ့ သဘောထားကို စပ်စုထားတဲ့ မေးခွန်းကို Edar တို့ ဖြေမှ ဆက်သင့်တယ်လို့ ထင်ပါတယ်။ မျှော်လင့်ချက်တစ်ရပ်နဲ့ မေးမိပြီ ဖြစ်တဲ့အတွက် ဖြေပြီးမှ ဆက်မယ်လို့ ပြောပြီးဖြစ်တဲ့အတွက် ဆိုခဲစေမြဲစေ မဖြေရင် ကိုယ့်စကားနဲ့ကိုယ် Edar တို့နဲ့ စကားဆက်ဖို့ မကောင်းတော့ပါဘူး။ ဆန့်ကျင်ပြီးပေးတဲ့ ကွန်မန့်ရှင်တွေထဲမှာ သာသနာအတွက် စေတနာမှန်တဲ့သူတွေ ပါတယ်ဆိုတာ သိပါတယ်။ အဲဒီလိုပဲ ကွဲပြားစေလိုတဲ့၊ ပျက်စီးစေလိုတဲ့၊ ဆုတ်ယုတ်စေလိုတဲ့၊ အသုံးချလိုတဲ့၊ ဆွမ်းကြီးလောင်းလိုတဲ့ ဘာသာခြားတွေ ဘာသာမခြားတွေ၊ ဘာသာမဲ့တွေ စတဲ့ သူတွေပါတာလည်း Edar တို့ သတိထားမိမှာပါ။ နောက်ဆုံးက ၀ါကျအတွက် ကျေးဇူးအများကြီးတင်ပါတယ်။
အလှတရားရဲ့တုန့်ပြန်မှုဟာခုတ်ရာတခြားရှရာတလွဲပါပဲ။ဗုဒ္ဒဘာသာခြင်းသွေးကွဲအောင် စလုပ်တာဘယ်သူတွေလဲ။ဘာသာတူချင်းရန်လုပ်ပြီးဘာသာကွဲတွေဝမ်းသာအောင်ဘယ် သူတွေစလုပ်တာလဲ။
ReplyDeleteအလှတရား>> အမှန်တကယ် အပြုသဘော နဲ့ သာသနာအတွက်ကောင်းစေချင်ရင် ဘုန်းကြီး စာချ မိကျောင်းမင်းရေခင်းပြမလုပ်ပါနဲ့။ မင်းတို့စွပ်စွဲထားတဲ့သူတွေ
ReplyDeleteမဟန က အဓမ္မ လို့ တရားဝင် ဆုံးဖြတ်ချက်ကျအောင် အရင်လုပ်ပါ။ အေး ပြီးတော့မှ လူတွေသိအောင် အင်တာနက်ကနေကြေညာပေး။
ဒါတောင် လူတိုင်းလက်ခံချင်မှ လက်ခံမှာ။ ဒီလိုမှ မဟုတ်ဘဲ စွပ်စွဲချင်တဲ့သူရဲ့ စကားလုံးတစ်လုံး တစ်ပုဒ်ဆွဲယူ ပါဠိဘာသာပြန်တွေကို ကိုယ်နားလည်သလို အဓိပ္ပါယ်ကောက်ပြန်ရေး ဟိုလူ စွပ်စွဲ ဒီလို စွပ်စွဲ နဲ့ ဆိုရင် တော့ ဒီအဖွဲ့ကို ဘယ်လို လက်ခံစရာရှိမှာလဲ။ ကွန်မန့်မေးခွန်းတွေကို လည်း မဖြေ။ မဆိုင်တဲ့ မေးခွန်းတွေပြန် မေး။ ပြန်ကြားရေးတာဝန်ခံကလည်း ပြန်ကြားရေးတာဝန်ယူပြီး ရှောင်ထွက်။ မင်းမေးခွန်းအတွက်အဖြေထက်ပိုအရေးကြီးတာကတော့ .....ဓမ္မ အတွက် တကယ်ဆောင်ရွက်နေသူကို အဓမ္မဆိုပြီး နှောက်ယှက် မဖျက်ဆီးမိဖို့ပါပဲ