အတိတ်အနာဂါတ်၊ အကြောင်း နည်းနည်းပြောချင်ပါတယ်…ဗုဒ္ဓသာသနာမှာ အတိတ်အနာဂါတ်ဟာ လွန်စွာ အရေးကြီးလှပါတယ်… ဗုဒ္ဓဘာသာရဲ့ အခြေခံယုံကြည်ချက်ဖြစ်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိအပိုင်းမှာပင် အတိတ်၊ အနာဂါတ်က ပါဝင်နေပါတယ်… အသက်တိုရတဲ့ အကြောင်းရင်း အသက်ရှည်ရတဲ့အကြောင်းရင်းအစရှိသည်တို့မှာ အတိတ်ကံနဲ့ များစွာစပ်ဆက်နေပါတယ်… ပါဏာတိပါတကို မရှောင်ခဲ့တဲ့ အတွက်ကြောင့် အသက်တိုရတယ်.. ပါဏာတိပါတကို ရှောင်ကြဉ်ခဲ့တဲ့အတွက်ကြောင့် အသက်ရှည်ရတယ်. အဲဒီလို အစရှိသည်ဖြင့် အတိတ်ကံနဲ့...
Home » Archives for 2010/07 - 2010/08
July 29, 2010
အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည်
တိပိဋက | 6:48 PM | အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် 1 Comment so far
Read more ...
July 26, 2010
ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ
Dr Phyo Wai Kyaw | 11:44 PM | ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ Be the first to comment!နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကရွေးချယ်သည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များ (၁-၁၆)၏ဓမ္မ - အဓမ္မ အငြင်းပွားမှုခင်း ဆုံုံးဖြတ်ချက်များမစိုးရိမ်စာသင်သား(ကောက်နုတ်တင်ပြ ပူဇော်သည်)နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့(၁-၁၆)၏ သဘာပတိဆရာတော်ကြီး(၁၆)ပါး၁။ ဘဒ္ဒန္တသုဒဿန (ကိုင်းကုန်းဆရာတော်ဘုရားကြီး)၂။ဘဒ္ဒန္တဃောသိတာဘိဝံသ (ဃောသိတာရုံဆရာတော်ဘုရားကြီး)၃။ ဘဒ္ဒန္တသြဘာသ(သရက်တောဆရာတော်ဘုရားကြီး)၄။...
July 13, 2010
မောဟ၏ သဘောသဘာဝ
အရှင်ကောဝိဒ (ယော) | 7:41 AM | အရှင်ကောဝိဒ (ယော) | အမေး+အဖြေ Be the first to comment!ကျွန်တော်သည် အဘိဓမ္မာဆိုင်ရာ စာအုပ်တို့ကို ဖတ်ရှုပြီး ကိုယ်တိုင်မဝေခွဲ မဆုံးဖြတ်နိုင်သော မေးခွန်းတစ်ခုကို တင်ပြလိုပါသည်။- မောဟ (စေတသိက်)သည် သိသင့်တာကို မသိ၊ မသိသင့်တာကို သိသည်ဟုအချို့ စာများတွင် တွေ့ရသည်။- မောဟ (စေတသိက်)သည် အာရုံ၏ သဘောကို ဖုံးလွှမ်းတတ်သဖြင့် အမှန်တွေကို မသိမလို အမှားတွေကိုလည်း မသိ၊ ဘာကိုမှ မသိကြောင်း အချို့စာများတွင် တွေ့ရသည်။ထို့ကြောင့် မောဟ၏ ကိစ္စ (အလုပ်တာဝန်) ကို ပရိယတ္တိပညာရှင်များက ဖြေကြားပေးလိမ့်မည်ဟူသော အားကိုးဖြင့်...
Subscribe to:
Posts (Atom)
Search
About
သာသနာနှစ် ၂၅၅၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်)နေ့ (၃ အောက်တိုဘာ ၂၀၀၉) တွင် တစ်သီးပုဂ္ဂလ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ၊ အဓမ္မဝါဒ ဖော်ထုတ်- တားဆီး-ဖယ်ရှားရေးအဖွဲ့၊ ဓမ္မရံသီ နှင့် ဓမ္မရတနာ ဓမ္မကလောင်ရှင်များ အဖွဲ့၊ မြတ်ပန်းရဂုံ ဓမ္မကလောင်ရှင်များ အဖွဲ့၊ သဒ္ဓါဓိက လူငယ်အဖွဲ့၊ မေတ္တာတံခွန် အသင်းတို့ ပူးပေါင်း၍ ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်(၄ရက် အောက်တိုဘာ ၂၀၀၉)တွင် အသင်းချုပ်၏ နာယကအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ တို့ကို ရွေးချယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
(သတင်းနှင့် ပြန်ကြားရေး - အရှင်ဝရသာမိ)
(သတင်းနှင့် ပြန်ကြားရေး - အရှင်ဝရသာမိ)
တည်ထောင်ရသည့်အကြောင်း
အဓမ္မဝါဒဟောင်းများ၊ အဓမ္မဝါဒသစ်များနှင့် စပ်လျဉ်း၍ တစ်ဦးချင်း၊ တစ်ယောက်ချင်း အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲလှစွာသော အဓမ္မဝါဒဖော်ထုတ်၊ တားဆီး၊ ဖယ်ရှားရေးကိစ္စ အဆင့်ဆင့်တို့ကို တူညီသောအသင်း၊ အဖွဲ့၊ ပုဂ္ဂိုလ်များက တာဝန်ယူ၍ ကျွမ်းကျင်သူများဖြင့် ဖြစ်မြောက်အောင် ဆောင်ရွက်ပေး လိုခြင်းတို့ကြောင့် တည်ထောင်ရခြင်း ဖြစ်သည်။
ဖတ်ရန်
-အရှင်ဝရသာမိ
ဓမ္မဥပဒေပြန့်ပွားရေး အသင်းချုပ်
Blogger news
ဓမ္မဥပဒေပြန့်ပွားရေး အသင်းချုပ်တွင် အသင်းဝင်လိုလျင် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ဗိုလ်တစ်ထောင်ဘုရားရှိ မေတ္တာတံခွန်အသင်း တည်နေရာတွင် အတွင်းရေးမှူး ကိုလပြည့်ဇင် ထံ၌ Form ဖြည့်၍ အသင်း ဝင်နိုင်ပါသည်။