July 29, 2010

အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည်

တိပိဋက | 6:48 PM |

အတိတ်အနာဂါတ်၊ အကြောင်း နည်းနည်းပြောချင်ပါတယ်…ဗုဒ္ဓသာသနာမှာ အတိတ်အနာဂါတ်ဟာ လွန်စွာ အရေးကြီးလှပါတယ်… ဗုဒ္ဓဘာသာရဲ့ အခြေခံယုံကြည်ချက်ဖြစ်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိအပိုင်းမှာပင် အတိတ်၊ အနာဂါတ်က ပါဝင်နေပါတယ်… အသက်တိုရတဲ့ အကြောင်းရင်း အသက်ရှည်ရတဲ့အကြောင်းရင်းအစရှိသည်တို့မှာ အတိတ်ကံနဲ့ များစွာစပ်ဆက်နေပါတယ်… ပါဏာတိပါတကို မရှောင်ခဲ့တဲ့ အတွက်ကြောင့် အသက်တိုရတယ်.. ပါဏာတိပါတကို ရှောင်ကြဉ်ခဲ့တဲ့အတွက်ကြောင့် အသက်ရှည်ရတယ်. အဲဒီလို အစရှိသည်ဖြင့် အတိတ်ကံနဲ့ စပ်ဆက်နေတဲ့ အကြောင်းအရာများ ရှိပါတယ်. ..

ကမ္မဿကတာ သမ္မာဒိဋ္ဌိနဲ့ ပတ်သက်ပီ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်ချက်မှာ နှစ်ပိုင်းရှိပါတယ်. အစဉ်အလာမိရိုးဖလာ စကားအားဖြင့် ယုံကြည်ခြင်း.နဲ့ ကိုယ်တိုင်လက်တွေ့ရှုပွား၍ ယုံကြည်ခြင်းဆိုပီ နှစ်ပိုင်းရှိပါတယ်.. ဗုဒ္ဓဘာသာအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခါစ၌ မိရိုးဖလာ ယုံကြည်ချက်ဖြင့် လုံလောက်ပါသော်လည်း. .. ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။) အဆိုအရ ဝိပဿနာ အားထုတ်မယ့် ပုဂ္ဂိုလ်ဟာ ကံ၊ ကံရဲ့ အကျိုးကို တစ်စိတ်တစ်ဒေသ ကိုယ်တိုင်မျက်မှောက်ပြုသိရမှာ ဖြစ်ပါတယ်… အဲဒီအချိန်မှာတော့ အတိတ်၊ အနာဂါတ်နဲ့ ပက်သက်ပီ ယုံမှား သံသယဖြစ်နေတာတွေ အတော်များများ ပျောက်လွှင့်စင်သွားမှာဖြစ်ပါတယ်… တကယ်တော့ မြတ်စွာဘုရားရဲ့ တရားတော်တွေက လာလှည့်ပါ။ ရှုလှည့်ပါလို့ ဖိတ်ခေါ်ခြင်းငှါ ထိုက်တန်တဲ့ တရားတော်တွေ ဖြစ်ပါတယ်..

သံယုတ်ပါဠိတော် ခဇ္ဇနီယသုတ္တန်အဆိုအရ… အချို့သော သမဏ၊ ဗြဟ္မဏပုဂ္ဂိုလ်တွေဟာ အတိတ်က ဥပါဒါနက္ခန္ဓာငါးပါးကို ဝိပဿနာဉာဏ်နဲ့ သိနိုင်တယ်ဆိုတဲ့အကြောင်း ပါဠိတော်နဲ့ အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်.. ဒီတော့ အထက်က ဝိသုဒ္ဓိမဂ်အဆိုအရ ကံ၊ ကံရဲ့ အကျိုးကို တစ်စိတ်တစ်ဒေသသိရမယ်.. ခဇ္ဇနီယသုတ္တန်အဆိုအရလည်း သိနိုင်တယ်ဆိုတော့ အတိတ်၊ အနာဂါတ်လမ်းခရီးဟာ အဆင့်မြင့် ဗုဒ္ဓဘာသာတွေ လျှောက်လှမ်းရမယ့် လမ်းခရီး တစ်ခု ဖြစ်ခဲ့ပါတယ်… ဗုဒ္ဓသာသနာတော်ရဲ့ ဂုဏ်ယူဖွယ်ရာ တရားဒေသနာတော်တွေ ဖြစ်ပါတယ်. အယူဝါဒမှားများကို တိုက်ဖျက်ဖို့ အကောင်းဆုံးလက်နက်ကောင်းတွေ ဖြစ်ခဲ့၇ပါတယ်.. သာသနာတော်ရဲ့ ပေတံကြီးများသဖွယ်လည်း ဖြစ်ပါတယ်.

ဘယ်လို ပေတံတွေ ဖြစ်သလဲဆိုရင်… ဒီနေ့ခေတ်မှာ မိမိကိုယ်ကို တရားထူးရသူ ကြော်ငြာသူတွေ ရှိကြပါတယ်. ဘယ်ဉာဏ်စဉ်ကို ရောက်နေပီဟု ပြောဆိုသူတွေ ရှိကြပါတယ်.. တစ်မဂ်တစ်ဖိုလ်ရပီဟု ပြောသူက ပြောကြပါတယ်. .. အဲဒီသူတွေအတွက် ပေတံတစ်ခု ဖြစ်ခဲ့ရတယ်.. အတိတ်၊ အနာဂတ်နဲ့ ပက်သက်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဉာဏ်ဖြင့် မထွင်းဖောက်နိုင်ဘဲ သံသရာမှာ လွန်မြောက်သွားတဲ့ သူဆိုတာ အိမ်မက်ရဲ့ အတွင်း`၌သော်လည်း တစ်ယောက်မျှ မရှိခဲ့စဖူးပါလို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကြီးမှာ ပြောတဲ့အတိုင်း မိမိတရား ရမရ.. အတိတ်၊ အနာဂတ်ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်တိုင်မျက်မှောက်ပြုပီပီလားဟု မေးမြန်းနိုင်ပါတယ်.. မသိသေးပါဟု အဖြေထွက်ပါက မိမိပြောနေတဲ့ တရားထူးမှာ ဘုရားဆိုလိုတဲ့ တရားထူး မဟုတ်သေးဟု နားလည်ရာ၏။

အနတ္တလက္ခဏာတို့လို ထိုထိုသုတ္တန်တွေမှာ မြတ်စွာဘုရားက တေပရိဝဋ္ဋ ဒေသနာနည်းနဲ့ တရားဒေသနာတွေကို ဟောတော်မူခဲ့ပါတယ်.. အဲဒီသုတ္တန်ဒေသနာတွေကို ကြည့်မယ်ဆိုရင် အတီတာနာဂတပစ္စုပ္ပန္နံ အစရှိသည်ဖြင့် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလသုံးပါးလုံးမှာရှိတဲ့ ဥပါဒါနက္ခန္ဓာတွေကို လက္ခဏာရေးသုံးတန်တင် ဝိပဿနာရှုဖို့ မြတ်စွာဘုရား ညွန်ကြားထားခဲ့ပါတယ်.. ဒီတော့ အတိတ်ကို မြင်မှ အတိတ်ကို ဝိပဿနာ ရှုလို့ရမယ်… အနာဂါတ်ကို မြင်မှ အနာဂတ်ကို ဝိပဿနာ ရှုလို့ရမယ်.. အတိတ်၊ အနာဂတ်က မြင်နိုင်သလားဆို၇င် မြင်နိုင်လို့ မြတ်စွာဘုရား တရားရှုကွက် ဒေသနာဟောပေးတော်မူခဲ့တယ်လို့ ခံမှန်းလို့ရတယ်.. ဒါဆိုရင် အတိတ်ဆိုတာဖြစ်ပီပီ။ ဘယ်လို ရှုမှာလဲ။ အနာဂါတ်ဆိုတာ ဖြစ်မှ မဖြစ်သေးတာ ဘယ်လိုလုပ် ဝိပဿနာရှုမှာလဲဟု မေးစရာရှိလားပါတယ်.. ဟုတ်ပါတယ်. အတိတ်ရုပ်နာမ်နဲ့ အနာဂါတ်ရုပ်နာမ်တွေဟာ.. ဖြစ်ပြီးတာနဲ့ မဖြစ်ရသေးတာဆိုတော့ ရှုလို့ရပါ့မလားဟု သံသယဖြစ်စရာပါ…. ဒါပေမဲ့ ခဏပစ္စုပ္ပန်ရဲ့ သဘောကို နားလည်းရင် ဒီမေးခွန်းရဲ့ အဖြေက ရှင်းသွားပါလိမ့်မယ်…

ခဏပစ္စုပ္ပန်ဆိုတာ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ဖြစ်တည်ပျက်(ဥပါဒ်၊ဌီ၊ဘင်)သဘောပါ.. အဲဒီဖြစ်တည်ပျက်သဘောကို ရှုနိုင်ရင် ခဏပစ္စုပ္ပန်ဆိုက်ပါတယ်၊ အဲဒီမှာ နာမ်တရားရဲ့ သဘောက တစ်ကြိမ်မှာ နှစ်ခု မဖြစ်နိုင်ပါဘူး.. အဲဒီတော့ ရှေးနာမ်တရားတွေ ဖြစ်ပီပျက်သွားပီမှသာ နောက်နာမ်တရားတို့ဖြင့် ရှေးနာမ်တရားတို့ရဲ့ ဥပါဒ်ဌီဘင်ကို မြင်အောင်ရှုရပါတယ်.. အဲဒီတော့ အဲဒီအချိန်မှာ ရှေးနာမ်တရားတွေဟာ အတိတ်နာမ်တရားတွေဖြစ်နေပါပီ.. ဒါကိုပဲ ကြည့်မယ်ဆိုရင် အတိတ်ရုပ်နာမ်ကို ရှုလို့မရဘူးဆိုရင် ရှုစရာကို မရှိတော့ဘူးဆိုတာ တွေ့နိုင်ပါတယ်.. ရုပ်နာမ်သင်္ခါတရားများကို ရှုတဲ့ခါမှာ ခဏပစ္စုပ္ပန်ဆိုက်အောင် ရှုနိုင်ဖို့သာ လိုရင်းဖြစ်ပါတယ်. .. ဒါဆိုရင် အတိတ်၊ အနာဂတ်ရုပ်နာမ်ကို ရှုသော်လည်း ပစ္စုပ္ပန်ကျကျရှုတယ်ဟု သဘောသက်ရောက်ပါတယ်..

အတိတ်ရုပ်နာမ်ကို ပြန်ရှုရင် မိမိရဲ့ အတိတ်သံသရာခရီးတချို့ကို ပြန်မြင်နိုင်ပါတယ်.. အတိတ်သံသရာခရီးကို ပြန်မြင်ခြင်းအားဖြင့် သံဝေဂဖြစ်စရာတွေ ရှိပါတယ်. သင်္ခန်းစာယူစရာတွေလည်း တွေ့ရပါတယ်. ဘဝနဲ့ရင်းခဲ့ရတဲ့ သင်္ခန်းစာများကို တွေ့ရှိခြင်းအားဖြင့် နောက်ထပ်တဖန် အမှားများကို မလွန်ကျူးနိုင်တော့ပါ.. အယူမှား မိစ္ဆာဒိဋ္ဌိများဖြစ်တဲ့ ဘဝဆိုတာ ပခက်နဲ့ ခေါင်းကြားမှာပဲ ရှိတယ်.. သေပီရင်းပြတ်တယ်။ သတ္တဝါတွေကို ဖန်ဆင်းရှင်ကြီးက ဖန်ဆင်းတယ်။ အကြောင်းတရား၊ အကျိုးတရားမရှိဘူးအစရှိတဲ့ အယူဝါဒဆိုးကြီးများကို ပျောက်ကွယ်နိုင်ပါတယ်..

အတိတ်၊ အနာဂတ်ကို ကိုယ်တိုင်မျက်မှောက်ပြုသိခဲ့မယ်ဆိုရင် ကမ္မဿကတာသမ္မာဒိဋ္ဌိလည်း ပိုမိုခိုင်ခံ့လာမှာပါ.. အတိတ်၊ အနာဂတ်နဲ့ ပတ်သက်တဲ့ ယုံမှားမှု ဝိစိကိစ္ဆာအမျိုးမျိုးလည်း ပျောက်ကွယ်သွားပါမယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ရပေတယ်…

1 comment:

  1. ဒါဆိုရင်ဆရာဝန်တွေက အပိုပဲပေါ့။ အရှင်ဘုရားတို့နေထိုင်မကောင်းဖြစ်ရင် အတိပ်ေုကာင့်ဆိုပြီး ဆေးမကုပဲနေုကပါလား။ ခေါင်းကိုက်တာကို ခေါင်းကိုက်ပျောက်ဆေးမသုံးပဲ ခေါင်းရှိနေလို့ ခေါင်းကိုက်တာဆိုပြီး ခေါင်းဖြတ်ဖို့ကြိုးစာနေကြတဲ့လူမိုက်တရားတွေက ဘုရားဟောဖြစ်ပါ့မလား။ အရှင်ဘုရားတို့တရား တွေက မြန်မာပြည်သူတွေကို ဘယ်လောက်အုကိုးပြုခဲ့ဖူးသလဲ မတရားေုကညာခံရတဲ့ သူတွေကြောင့် ပြည်သူတွေဘာအကျိုးယုတ်ခဲ့သလဲ

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories