အဖြေ(၃)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၅)၌ (သို့ဖြစ်ရာ သူတို့ကိုယ်တိုင် အလဂဒ္ဒူပမာ စာသင်နည်း ဖြင့်သင်၍ သူတို့ကို လူအထင်ကြီးစေရန်၊ တစ်ဖက်သားတို့ကို စော်ကားနှိမ့်ချရေးသားခြင်းသည်သာ သူတို့၏ ထေရဝါဒနှင့် သက်ဆိုင်သော အမြင့်မားဆုံး သာသနာရေးရည်ရွယ်ချက် ဖြစ်ပါသည်)ဟူ၍ ရေးသားပြသထားပါသည်။ ၄င်းက (မစိုးရိမ်စာသင်သား၏ သာသနာရေးရည်ရွယ်ချက်မှာ တစ်ဖက်သားတို့ကို စော်ကားနှိမ့်ချ ရေးသား ရန်)ဟု စွပ်စွဲပုတ်ခတ်ထားခြင်းပင် ဖြစ်ပါသည်။ ၄င်းစွပ်စွဲချက်အတိုင်း...
Home » Archives for 2011/04 - 2011/05
April 21, 2011
စိန်ခေါ်သူ မည်သူနည်း ၂
သြှငျသာမိ - မုံရှာ | 12:50 AM | မစိုးရိမ် စာသင်သား Be the first to comment!
Read more ...
April 20, 2011
စိန်ခေါ်သူ မည်သူနည်း
သြှငျသာမိ - မုံရှာ | 7:03 AM | မစိုးရိမ်စာသင်သား 3 Comments so farအဓမ္မဝါဒနိဂ္ဂဟကို အဓမ္မဝါဒနိဂ္ဂဟဖြင့် စိစစ်ဝေဖန်ခြင်း မစိုးရိမ်စာသင်သားနိဒါန်း ၁၃၇၂-ခုနှစ် ပြာသိုလဆန်းပိုင်းတွင် ''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ် (အဓမ္မဝါဒနိဂ္ဂဟ)'' စာမူကြမ်းတစ်ခုကို မိတ္ထူများစွာ ထုတ်လုပ်ဖြန့်ဝေနေကြောင်း ကြားသိရသည်။ စာတိုက်မှ အမြန်ချောဖြင့် ပေးပို့၍ စာရေးသူ့ထံလည်း ရောက်ရှိလာသည်။...
Subscribe to:
Posts (Atom)
Search
About
သာသနာနှစ် ၂၅၅၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်)နေ့ (၃ အောက်တိုဘာ ၂၀၀၉) တွင် တစ်သီးပုဂ္ဂလ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ၊ အဓမ္မဝါဒ ဖော်ထုတ်- တားဆီး-ဖယ်ရှားရေးအဖွဲ့၊ ဓမ္မရံသီ နှင့် ဓမ္မရတနာ ဓမ္မကလောင်ရှင်များ အဖွဲ့၊ မြတ်ပန်းရဂုံ ဓမ္မကလောင်ရှင်များ အဖွဲ့၊ သဒ္ဓါဓိက လူငယ်အဖွဲ့၊ မေတ္တာတံခွန် အသင်းတို့ ပူးပေါင်း၍ ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်(၄ရက် အောက်တိုဘာ ၂၀၀၉)တွင် အသင်းချုပ်၏ နာယကအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ တို့ကို ရွေးချယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
(သတင်းနှင့် ပြန်ကြားရေး - အရှင်ဝရသာမိ)
(သတင်းနှင့် ပြန်ကြားရေး - အရှင်ဝရသာမိ)
တည်ထောင်ရသည့်အကြောင်း
အဓမ္မဝါဒဟောင်းများ၊ အဓမ္မဝါဒသစ်များနှင့် စပ်လျဉ်း၍ တစ်ဦးချင်း၊ တစ်ယောက်ချင်း အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲလှစွာသော အဓမ္မဝါဒဖော်ထုတ်၊ တားဆီး၊ ဖယ်ရှားရေးကိစ္စ အဆင့်ဆင့်တို့ကို တူညီသောအသင်း၊ အဖွဲ့၊ ပုဂ္ဂိုလ်များက တာဝန်ယူ၍ ကျွမ်းကျင်သူများဖြင့် ဖြစ်မြောက်အောင် ဆောင်ရွက်ပေး လိုခြင်းတို့ကြောင့် တည်ထောင်ရခြင်း ဖြစ်သည်။
ဖတ်ရန်
-အရှင်ဝရသာမိ
ဓမ္မဥပဒေပြန့်ပွားရေး အသင်းချုပ်
Blogger news
ဓမ္မဥပဒေပြန့်ပွားရေး အသင်းချုပ်တွင် အသင်းဝင်လိုလျင် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ဗိုလ်တစ်ထောင်ဘုရားရှိ မေတ္တာတံခွန်အသင်း တည်နေရာတွင် အတွင်းရေးမှူး ကိုလပြည့်ဇင် ထံ၌ Form ဖြည့်၍ အသင်း ဝင်နိုင်ပါသည်။