September 7, 2011

တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဉာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၂ -

သျှင်သာမိ - မုံရွာ | 12:57 AM | Be the first to comment!


သာသနာကို ဖျက်စီးဖို့ကြိုးစားလာလျှင်၊ သာသနာကို စော်ကားဖို့ကြိုးစားလာလျှင် ဘုရားအစ ရှိသောသူတော်ကောင်းများ လက်ပိုက်ကြည့်မနေဘူးဆိုတာ အပိုင်း - ၁ - မှ သာဓကဖြစ်စဉ် များကိုကြည့်ပါက ထင်ထင်ရှားရှားသိမြင်နိုင်ပေသည်။ အခြားသောသာဓကများကိုလည်း ဤအပိုင်းတွင် ထပ်မံ၍ တင်ပါဦးမည်။ 

သာသနာတော်၌ အဓမ္မဝါဒီမိစ္ဆာတစ်ယောက် ပေါ်ပေါက်လာလျှင် ဘုရားအစရှိသော သူတော်ကောင်းများ အဘယ်သို့ စိတ်နှလုံးတုန်လှုပ်ခြောက်ခြားအောင် ထိတ်လန့်တုန်လှုပ်စွာ ခံစားကြရသည်ကို ရှေးဦးစွာ သိထားဖို့ လိုအပ်ပေသည်။ မြတ်စွာဘုရားရှင်တို့သည် ဓမ္မဥပဒေကို ချိုးဖောက်သူ၊ ဓမ္မကို စော်ကားလာသူများကိုလည်း ခေါင်းမဖော်ဝံ့အောင် နှိပ်ကွပ်တော်မူမြဲပင်ဖြစ်၏။ 

မြတ်စွာဘုရားရှင်လက်ထက်က တံငါသည်သား သာတိ မည်သော ရဟန်းတစ်ပါး ရှိခဲ့ဘူးသည်။ ထိုရဟန်းကား ဗဟုသုတနည်းပါးသည့်အလျှောက် သဿတဒိဌိ ရှိသူဖြစ်၏။ ထိုရဟန်း ယူဆပုံက “ခန္ဓာငါးပါးအနက် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခ ါရတို့သည် ဖြစ်လေရာ ဘဝမှာပင် ချုပ်ပျောက်ခဲ့လေသည်၊ ဝိညာဉ်သည်ကား ဤဘဝမှ ထိုဘဝသို့လည်းကောင်း၊ ထိုဘဝမှ ဤဘဝသို့ လည်းကောင်း ကျင်လည်ကျက်စားကူးသွား၏ ” ဟူ၍ ဖြစ်၏။ 

ဝိညာဉ်သည် မြဲ၏ဟူသော သဿတဒိဌိအယူပင် ဖြစ်၏။ အမှားတွေကို အမှန်လုပ်ပြီး လိုက်လံဟောပြော ပြသနေ၏။ မတရားတွေကို တရားလုပ်ပြီး လိုက်လံဟောပြောပြသနေ၏။ ဘုရားဟော မဟုတ်ပါဘဲ ဘုရားဟောဟု ဟောပြောပြသနေ၏။ ထိုသာတိရဟန်းအား ရဟန်းကောင်းတို့က ဝိုင်းဝန်းကဲ့ရဲ့ကြပြီး မြတ်စွာဘုရားထံ အပ်နှံကြပေသည်။ ထိုအခါ မြတ်စွာဘုရားက သာတိရဟန်းအား မောဃပုရိသဘွဲ့တံဆိပ်များကို ပလူပျံအောင် ချီးမြင့်ပြီး ခေါင်းမဖော်ဝံ့အောင် နှိပ်ကွပ်တော်မူပုံကို အောက်ပါအတိုင်း သိရှိနိုင်ပေသည်။

 “မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောကျာၤး(အလကားကောင်)- အဘယ်မည်သောသူအား ငါ ဤသို့ဟောအပ်သည်ကို သင် သိသနည်း၊ မောဃပုရိသ - (အလကားကောင်) ငါသည် “ဝိညာဉ်သည် အကြောင်းကိုစွဲ၍ ဖြစ်၏။ အကြောင်းကိုကြဉ်၍ ဝိဉာဏ်ဖြစ်ခြင်းမည်သည် မရှိ” ဟု များစွာသောအကြောင်းဖြင့် ဟောကြားသည် မဟုတ်လော။ မောဃပုရိသ - (အလကားကောင်)၊ ထိုသို့ဟောထားပါလျှက် သင်သည် မိမိအမှားကို ယူဆခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏။ မိမိကိုယ်ကိုလည်း ဖြိုဖျက်၏။ များစွာသော မကောင်းမူ့ကိုလည်း ဖြစ်ပွါးစေ၏၊ မောဃပုရိသ - (အလကားကောင်)၊ ထိုအမှားကို ယူဆခြင်းသည် သင့်အားရှည်ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့“ ဟု မိန့်တော်မူ၏။ တံငါသည်သား သာတိရဟန်းသည် နှုတ်ဆိတ်၍ မျက်နှာမသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ခါ မျက်နှာအောက်ချပြီး မှိုင်တွေလိုက် ထိုင်နေရလေ၏။ ဤကား မြတ်စွာဘုရားကိုယ်တိုင် အဓမ္မဝါဒီ မိစ္ဆာရဟန်းကို ပရိသတ် အလည်၌ ပြင်းပြင်းထန်ထန် ချိုးနှိမ်နှိပ်ကွပ်ပုံဖြစ်၏။ 
(မဟာတဏှာသင်္ခယသုတ်) (မ၊ ၁၊ ၃၂၃။ မြန်မာပြန်-၃၃၂) 

ဤကဲ့သို့ သာသနာတော်၌ မိစ္ဆာကောင် တစ်ယောက် ပေါ်ပေါက်လာလျှင် ကြည်ညိုသူအပေါင်း ဆင်းရဲကြောင်းသာဖြစ်သောကြောင့် မိစ္ဆာကောင်သည် သာသနာတော်၌ မဟာစောရ(ဗုဒ္ဓကို ပုန်ကန်သည့် မဟာသူပုန်ကြီး) ဟု အမည်ပေးရပေသည်။ မြတ်စွာဘုရား၏ သာဝကတို့သည် မြတ်စွာဘုရားနည်းတူ ဓမ္မကိုစော်ကားလာသူများအား ရံဖန်ရံခါ၌ ဓမ္မဘက်မှ ဒဏ်ခတ်သည့် ဖြစ်ရပ်တခုကို ဆက်၍ပြပါဦးမည်။ မြတ်စွာဘုရားလက်ထက်က သာဋိမတ္ထိယ အမည်ရသော မထေရ်တစ်ပါး ရှိခဲ့ဘူးသည်။ ထို မထေရ်သည် ဈာန်အဘိဉာဉ်ရဆဠာဘိည ရဟန္တာတစ်ပါးဖြစ်၏။ ထိုမထေရ်ကို ကြည်ညို ကုန်သော ဒကာ ဒကာမများအနက် ရုပ်ရည်ရူပကာ ချောမောလှပ၍ ရှူ့ချင်စဖွယ်အမျိုးသမီးငယ် တစ်ယောက်သည် မထေရ် အား အမြဲတန်းရိုသေစွာ ဆွမ်းဆက်ကပ် လောင်းလှူသူဖြစ်၏။ ထိုအကြောင်းကို သိရှိသော မာရ်နတ်ကြီးက “ဒီရဟန်း မကောင်းသတင်းထွက်အောင် ငါလုပ်မည်၊ ဒီရဟန်း ထောက်တည်ရာမရအောင် ငါလုပ်မည်” ဟုကြံစည်ကာ သာဋိမတ္ထိယမထေရ် အယောင်ဆောင်၍ ဆွမ်းခံကြွရင်း အမျိုးသမီးလက်ကို ဆွဲကိုင်လိုက်ပါသည်။ ထိုအခြင်းအရာကို သိမြင်သော အိမ်သူအိမ်သားအပေါင်းတို့က ထိုမထေရ်ကို အကြည်ညိုပျက်ခါ မရိုသေ မလေးစားကြတော့ပေ။ မထေရ်ကလည်း အိမ်ရှင်တို့၏ အရိုအသေမဲ့သော အမူအရာကို မြင်၍ ဆင်ခြင်ကြည့်တော်မူသောအခါ မာရ်နတ်၏လက်ချက် ဖြစ်နေသည်ကို တွေ့ရှိလိုက်ပေသည်။ ထိုသို့ သိရှိလိုက်သည်နှင့် တပြိုင်နက် မာရ်နတ်ကို ဒဏ်ခတ်သောအားဖြင့် “မာရ်နတ်၏ လည်ပင်း၌ ခွေးသေပုတ်ကြီး စွပ်စေသတည်း” ဟု အဓိဌာန်လိုက်၏။ ဤပြဿနာကို မာရ်နတ်ကိုယ်တိုင် ပြန်လည်ဖြေရှင်းပေးပြီးမှ ခွေးသေပုတ်ကို ရုပ်သိမ်း လိုက်တော့ပေသည်။ (ထေရ၊ ဌ၊ ၁၊ ၄၆၁ ) 

ဤသာဓက ဖြစ်စဉ်ကိုကြည့်ပါက မြတ်စွာဘုရား၏ သာဝကတို့သည် ဓမ္မဝိနယကို စော်ကားလာပါက လက်ပိုက်ကြည့်မနေဘဲ မာရ်နတ်ကြီးကိုပင် ဒဏ်ခတ်ပြီး နှိမ်နှင်းသည်ကို တွေ့ရှိရမည် ဖြစ်ပေသည်။ ထိုသာဓကများကိုကြည့်၍ တိတ္ထိဂိုဏ်းဆရာမိုးပြာဦးဉာဏ အား သံဃမဟာနာကမှ စိစစ်သုံသပ်၍ အာဏာပိုင်များမှ ထောင်ချလိုက်ခြင်းသည် မှန်ကန်သော လုပ်ရပ်တခု ဖြစ်ကြောင်း ရှေ့တွင် တင်ပြသွားပါမည်။ တဖက်မှ ဆောင်းပါးရှင်ဝင့်ထန်းက မိုးပြာဝါဒ နဲ့ပတ်သက်၍ မြန်မာအင်ဂျင်နီယာဖိုရမ် မှ အင်ဂျင်နီယာများက မိုးပြာဝါဒအကြောင်းကို ဆွေးနွေးထားသည် ဟု တင်ပြထားပါသည်။ ဝင့်ထန်း ၏ တင်ပြပုံမှာ မိုးပြာဦးဉာဏ၏ ဝါဒကို စိတ်ဝင်စား၍ သဘောကျ၍ ဆွေးနွေးထားသလိုမျိုး ထင်အောင် ရေးထားပေသည်။ မှန်ပေ၏ မြန်မာအင်ဂျင်နီယာဖိုရမ် တွင် မိုးပြာဝါဒ အကြောင်းကို အကျယ်တဝင့်ဆွေးနွေးထားတာကို တွေ့ရပါသည်။ ထိုဆွေးနွေးချက်များသည် မိုးပြာဝါဒကိုကြိုက်၍ ဆွေးနွေးထားသော ဆွေးနွေးချက်များမဟုတ်ပေ။ သာသနာကို ဖျက်စီးနေသည့် မိုးပြာဝါဒ ဟု ပို့စ်ပိုင်ရှင် ကိုနိုဗယ်မန်း မှ စတင်၍ ဆွေးနွေးထားသော ဆွေးနွေးချက်တခုဖြစ်ကြောင်း တွေ့ရှိရပေသည်။ ဝိုင်းဝန်းဆွေးနွေးသူ ကိုယ်ဟယ်ရီလွင်၊ အအောင်၊ ကိုတာတေ၊ ကိုကျော် 81 နဲ့ ဓမ္မမိတ်ဆွေ အများစုက မိုးပြာဝါဒကို ရှေ့တွင် ဆိုအပ်ခဲ့သော အနာထပိဏ်သူဌေးကြီးမှ မိစ္ဆာဒိဌိတွေကို နှိပ်ကွပ်သလို နှိပ်ကွပ်ဆုံးမထားသော ဆွေးနွေးချက်များကို တွေ့ရပါသည်။ ထိုအကြောင်းကို သက်ဆိုင်ရာဖိုရမ်သို့ စာဖတ်သူကိုယ်တိုင် သွားရောက်လေ့လာပါက သိရှိနိုင်ပေ၏။ မြန်မာအင်ဂျင်နီယာ ဖိုရမ် တွင်မကသေး မြန်မာကျူးပစ်ဖိုရမ် မှာလည်း ရှိပါသေး သည်။ ထိုဖိုရမ်တွင်လည်း ကိုတေဇဟိန်း နှင့် သာသနပါလအဖွဲ့သား ဓမ္မမိတ်ဆွေ များက သာသနာကို ဖျက်ဆီးနေသည့် ဝါဒတခုအဖြစ် ရှူ့မြင်သုံးသပ်၍ ဆွေးနွေးထားသည်ကို တွေ့ရပါသေးသည်။ တိုးတက်လာသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ သာသနာကို မီဒီယာ ကဏ္ဍဖြင့် ဘုရားရှင်နှင့်သူတော်ကောင်းတို့၏ အဆုံးမကို နာခံ၍ ကာကွယ်စောင့်ရှောက်နေသည်ကို တွေ့ရမည် ဖြစ်ပေ၏။ 

အရှင်ဝရသာမိ
Read more ...

တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဉာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၁ -

သျှင်သာမိ - မုံရွာ | 12:46 AM | Be the first to comment!
မိုးပြာဦးဉာဏကို ထောင်ချတာ အနိုင်ကျင့်တာလားဆိုတဲ့ အမေးကို စာရေးသူက ပြတ်ပြတ်သားသား အဖြေပေးချင်လို့ ဒီခေါင်းစဉ်ကိုပေးပြီး ဒီပို့စ်ကို ရေးဖို့ဖြစ်လာပါတယ်။ တဖက်မှဆောင်းပါးရှင် ဝင့်ထန်း ရဲ့ အဆိုပြုချက်ကို ခိုင်လုံသော အထောက်ထားပြဆိုပြီးတော့မိုးပြာဦးဉာဏကို ထောင်ချလိုက်တာဟာ ထေရဝါဒ ဗုဒ္ဓသာသနာအတွက် မှန်ကန်သော လုပ်ရပ်တခုဖြစ်ကြောင်း သက်သေပြဖို့အတွက် အပိုင်းခွဲပြီး တင်ပြသွားပါမယ်၊ 

ဆောင်းပါးရှင် ဝင့်ထန်းက ဗုဒ္ဓဝါဒ ဟာ အစဉ်အလာထုံစံအားဖြင့် အကြမ်းဖက်မှု့ကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို လျှောက်လှမ်းတဲ့ ဘာသာတခုဖြစ်ကြောင်း ဆိုလာပါတယ်။ မှန်ပါတယ် ဒါဟာလုံး၀ မှန်ကန်သော စကားပါပဲ။ ဗုဒ္ဓဝါဒဟာ ဘာသာအယူဝါဒ မတူသူများအပေါ်ကို အနိုင်ကျင့်ပြီး ဗုဒ္ဓအယူဝါဒ ကို လက်ခံလာအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး ဒါကို ကမ္ဘာတဝန်းလုံးက ဘာသာတရားကို စိတ်ဝင်စားတဲ့ လူတွေ အားလုံးသိပါတယ်။ မြတ်ဗုဒ္ဓ၏ တရားဂုဏ်တော် (၆) ပါးတို့တွင် ဧဟိပဿိက ဂုဏ်တော်ပါဝင်တယ်။ ဧဟိပဿိက ဆိုတာ အစမ်းသပ် ခံရဲခြင်းပါပဲ။ လာလှည့် ရှူ့လှည့်စမ်းသပ်လှည့် ဟု ဖိတ်ခေါ်ရဲခြင်းပဲ။ ထိုသို့ ဖိတ်ခေါ်ရဲခြင်း မှာလည်း “သွာက္ခာတော ဘဂဝတာ ဓမ္မော” မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထား ခြင်းကြောင့်ဖြစ်၏။ ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသောကြောင့် ဖြစ်၏။ သန္ဒိဌိကော-တကယ်ရှူ့လျင်တကယ်မြင် တကယ်သိ သောကြောင့် ဖြစ်၏။ အကာလိကော- အချိန်မရွေး အကျိုးပေးခြင်း၊ ချက်ခြင်းလက်ငင်းအကျိုးပေးခြင်းကြောင့် ဖြစ်၏။ ဒီအချက်ကြည့်ပါက ထင်ထင်ရှားရှား သိနိုင်ပါတယ် တခြားသောဘာသာဝင်တွေကိုလည်း လာလှည့် ရှူ့လှည့် ဆိုပြီး ရဲရဲတင်းတင်း ဖိတ်ခေါ်ရဲတဲ့ ဘာသာတခုပါ၊ အစမ်းသပ်ခံရဲတဲ့ ဘာသာတခု ဘာသာအယူဝါဒ မတူသူတွေလိုက်ခံတိုက်ခိုက်နေတာမျိုး မရှိသလို၊ အတင်းအကျပ် ဗုဒ္ဓဘာသာထဲဝင်ရန် ဆွဲခေါ်နေတာမျိုးလည်း မရှိခဲ့ပါဘူး၊ သို့သော်လည်း ဗုဒ္ဓအယူဝါဒကို တိုက်ခိုက်လာမယ်ဆိုရင် ဘုရားရှင် ကိုယ်တော်တိုင် လက်ပိုက်ကြည့်မနေခဲ့တဲ့ အစဉ်အလာတော့ ထင်ရှားစွာ ရှိပါတယ်။ သာသနာတော်မှာ အန ္တရာယ်ကျရောက်လာပြီဆိုရင် မြတ်စွာဘုရားတောင်မှ ကောသလမင်းတောင်မှ သိကြားမင်းတောင်မှ အငြိမ်မနေ လက်ပိုက်ပြီးကြည့်မနေခဲ့ဘူးဆိုတာ အစဉ်အလာရှိခဲ့ပါတယ်။ ဇိနတ္ထပကာသနီ ကိုအကျဉ်းချုပ်လောက်မျှ ဖတ်ကြည့်လျှင် စာဖတ်သူ သိပါလိမ့်မယ်။ ပုရာဏကဿကြီး ဦးဆောင်တဲ့ ဒိဌိတွေက မြတ်စွာဘုရားနဲ့ တန်ခိုးပြိုင်မယ် လို့ပြောတဲ့အခါ မြတ်စွာဘုရားက တကယ်တန်ခိုးပြိုင်ခဲ့ပါတယ်။ အဲဒီလို တန်ခိုးပြိုင်တဲ့အခါမှာ တန်ခိုးပြပြီး မိစ ္ဆာဒိဌိတွေကို နှိမ်နှင်းခဲ့ပါတယ်။ ကိုယ့်သာသနာကို စော်ကားလာတဲ့သူကို တန်ခိုးနဲ့ နှိမ်နှင်းတယ်၊ အဲဒီလို တန်ခိုးနဲ့ နှိမ်နှင်းတဲ့အခါမှာ ကောသလမင်းကလည်း အစွမ်းကုန်ကူညီပါတယ်၊ ပရိတ်သတ်တွေ လူတွေ စုပေးတယ်၊ စည်တီးလှည့်လှည်ပြီးတော့ ကြေညာတယ် လာကြဟေ့ တိတ္ထိတွေကို မြတ်စွာဘုရားက တန်ခိုး ပြပြီး နှိမ်နှင်းတော့မယ် ကြည့်ကြ တန်ခိုးပြပွဲကို သာဝတ္ထိပြည် တပြည်လုံး မကြည့်မနေရ ပုံစံမျိုးနဲ့ စည်တီး လှည့်လှည်ပြီးတော့ ကြေညာမောင်းခပ်ပါတယ်။ နောက် သိကြားမင်းကလည်း ဘုရားသာသနာကို ဘာအရည် အချင်းမှ မရှိတဲ့ကောင်တွေက ဘုရားကို အန်တုတယ် သေပေစေ့ဆိုပြီး အဲဒီတိတ္ထိတွေကို ရေရယ် လေရယ် နေရယ် ပေါင်းပြီးတိုက်ခိုက်ပါတယ်။ သာသနာ့အန ္တရာယ်ကျရောက်လာတဲ့အခါ သိကြားမင်းလည်း အငြိမ်မနေပါဘူး။ နောက်တစ်ခါ ကရဏီဆိုတဲ့ ဥပါသိကာမလေးကလည်း ကောင်းကင်ပေါ်တက်ပြီး မြတ်စွာဘုရားကို လျှောက်တယ် မြတ်စွာဘုရားကိုယ်တိုင် မနှိမ်နှင်းပါနဲ့ တပည့်တော် ဒီကောင်တွေကို နှိမ်နှင်းမယ်ဆိုပြီး လျှောက် တယ် - နောက် ခုနှစ်နှစ်သားကိုရင်လေးကလည်း ဒီလိုပဲ အနာထပိဏ်သူဌေး နဲ့ ရှင်မဟာမောဂ္ဂလာန်၊ ဥပ္ပလ ဝဏ်ထေရီ တို့ကလည်း မြတ်စွာဘုရားကို ကိုယ်တိုင်မနှိမ်နှင်းပါနဲ့ တပည့်တော်တို့ကိုယ်တိုင် နှိမ်နှင်းပါမယ်ဆိုပြီး ကျရောက်လာတဲ့ သာသနာ့အန ္တရာယ်ကို အပြိုင်အဆိုင် နှိမ်နှင်းကြပါတယ်။ နောက်ဆုံးတော့ ပုရာဏကဿပ တိတ္ထိဂိုဏ်းဆရာကြီး ဘုရားကိုအန်တုလို့မရလို့ အရှက်ကွဲပြီး ရေထဲငုံ့ပြီး သေသွားရရှာပါတယ်။ ဒါကိုကြည့်မယ် ဆိုရင် ဒီကောင်တွေကို မြတ်စွာဘုရားက တန်ခိုးပြစရာမလိုဘူး အဘိဉာဉ်ရတဲ့ ခုနှစ်နှစ်သားကိုရင်လေးကို ဆုံမခိုင်းရင်ကိုရတယ် ဒါပေမယ့် မြတ်စွာဘုရားက ကိုယ်တိုင်ကို ဆုံးမတယ် နှိပ်ကွပ်တယ်၊ ဒါကိုကြည့်သော အားဖြင့် သူတည်ထောင်ထားတဲ့ သာသနာတော်ကြီးကို ဖျက်လို့ဖျက်ဆီးလုပ်လာရင် ဘုရားရှင်ကိုယ်တော်တိုင် ခန ္တီမနေဘူး လက်ပိုက်ကြည့်မနေဘူး ကြောင့်ကြမဲ့မနေဘူး ဆိုတာကို သိနိုင်ပါတယ်။ မြတ်စွာဘုရားဟာ ဝါသနာ နဲ့တကွ ကိလေသာအားလုံးကို အကုန်ပယ်ထားပါတယ်။ သို့သော်လည်း ပုရာဏကဿပကြီးကို သူ တန်ခိုးပြဋိယာ ပြလိုက်လို့ရှိရင် သေမယ်ဆိုတာကိုလည်း သိထားတာပါပဲ၊ ဒါပေမယ့် ထည့်မတွက်နိုင်ဘူး သေစေလိုတဲ့စိတ်တော့မရှိဘူး၊ သို့သော်လည်း နှိမ်နှင်းမယ်ဆိုတဲ့ စိတ်ကတော့ရှိနေတယ် သာသနာတော်ကို စော်ကားလာရင် ဒီပုံဒီနည်းနဲ့ နှိပ်ကွပ်ကြဆိုပြီး မြတ်စွာဘုရားက နှုတ်တော်က ထုတ်ဖော်မပြောရုံတမယ်ပဲ ရှေ့ကနေလုပ်ပြသွားတဲ့ အစဉ်လာသာဓက ထင်ရှားရှိပါတယ်။ ဒါဟာ လူမင်းဘက်က ကောသလမင်း၊ နတ်မင်းဘက်က သိကြားမင်း၊ ရဟန်းဘက်က ဘုရား သုံးဦးပေါင်းပြီး သာသနာမှာကျရောက်လာတဲ့ အန ္တရာယ်ကို ကာကွယ်နှိမ်နှင်းခဲ့တာပါပဲ၊ မြတ်စွာဘုရားဟာ ကိုယ်တော်တိုင် ရှေ့ကနေ လုပ်ပြသွားခဲ့သလို နှုတ်တော်က ထုတ်ဖော်ပြီး ပြောကြားသွားတဲ့ သုတ္တန်တခု ရှိပါသေးတယ်၊ 

အဲဒီသုတ္တန်က ကိ ံဒိဌိက သုတ်(မင်းဘာအယူရှိ သလဲဆိုတဲ့ အဓိပ္ပါယ်ပါပဲ) အဂုၤတ္ထရနိကယ်၊ ဒဿကနိပါတ်၊ ဥပါလိဝဂ်မှာ ပါရှိပါတယ်။ အခါတစ်ပါးမှာ အနာထပိဏ်သူဌေးက တိတ္ထိတွေရဲ့ကျောင်းကိုသွားပြီးတော့ အယူဝါဒ စစ်ထိုးတယ်၊ တိတ္ထိတွေက သင်ဘာအယူရှိသလဲ လို့မေးတယ် အနာထပိဏ်သူဌေးက ငါ မြတ်စွာဘုရားရဲ့အယူဝါဒအားလုံး ကိုမသိဘူးတဲ့ အဲဒါဆိုရင် ရဟန်းတွေကကော ဘာအယူရှိသလဲတဲ့ ရဟန်းတွေရဲ့အယူ အကုန်လုံးကို ငါမသိဘူး တဲ့ အဲဒါဆိုရင် သင်ကကော တဲ့ အဲဒီမှာ အနာထိပိဏ်သူဌေးက ပြန်ပြောပါတယ် ငါ့အယူကိုသိချင်ရင် မင်းတို့ အယူကိုအရင်ပြောပေါ့ အဲဒီတော့ ဒိဌိတွေက သူတို့အယူဖြစ်တဲ့ သဿတ ဥစ္ဆေဒ တို့ကို အကုန်ပြောပါတယ်။ အနာထိပိဏ်သူဌေးကြီးကလည်း အေးအေးဆေးဆေး ထိုင်နားထောင်လို့လည်းပြီးရော တလုံးချင်းခေါင်းငုံ့ပြီး နေရအောင် အရှက်ရလောက်အောင် မျက်နှာမသာမယာဖြစ်အောင် တခွန်းတလေမှ ပြန်မပြောနိုင်အောင် ခေါင်းမထောင်နိုင်အောင် ပြန်နှိပ်ကွပ်တယ်၊ တိတ္ထိတွေရဲ့အယူ ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာကို ပြော ဆိုပြီး နှိပ်ကွပ်တယ်၊ အဲဒီမှာ တိတ္ထိတွေ အရှုံးကြီးရှုံးပြီး သူဌေးကြီးကိုဘာမှပြန်မပြောနိုင်တော့ သူဌေးကြီးလည်း တိတ္ထိတွေရဲ့ကျောင်းမှ ပြန်၍ မြတ်စွာဘုရားထံကိုသွားပြီးတော့ အကြောင်းစုံကို မြတ်စွာဘုရားအား ဝမ်းသာ အားရလျှောက်ပြပါတယ်။ အဲဒီမှာ မြတ်စွာဘုရားက သာဓု ခေါ်ပါတယ်၊ နောင်မလုပ်ပါနဲ့ကွာ သူတို့ဘာသာသူတို့ အယူမှားတာ နေပါစေ ကမ္မသကာပေါ့ဆိုတဲ့ စကားမျိုးကို ဘုရားမသုံးပါဘူး “သာဓု သာဓု ဂဟပတိ - သူဌေးကြီး ကောင်းတယ် ကောင်းတယ်” “ဧဝံ ဟောတေ မောဃပုရိသာ ကာလေန ကာလံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတဗ္ဗာ - ဒီလိုပဲ ဒီအလကားကောင်တွေကို၊ နိဂ္ဂဟေတဗ္ဗာ - နှိပ်ကွပ်ရမယ် ဘယ်လို နှိပ်ကွပ်ရမလဲဆိုရင် သုနိဂ္ဂဟိတံ - ကောင်းကောင်းကို နှိပ်ကွပ်ဆုံးမရမယ် တဲ့ ဒါပေမယ့် အသားလွတ်ကြီး လားဆိုတော့ မဟုတ်ပါဘူး - သဟဓမ္မေန - ယုတ္တိယုတ္တန်ပြပြီးတော့ ဆုံးမကွ” ဆိုပြီး ဘုရားက သေချာသင် ပေးခဲ့ပါတယ်။ တစ်ခါတရံပဲလားဆိုတော့ မဟုတ်သေးပါဘူး၊ ကာလေန ကာလံ - ရံဖန် ရံခါ အခါခွင့် သင့်ရင် သင့်သလို အခွင့်အရေးရရင် ရသလို ကြုံရင် ကြုံသလို နှိပ်သာနှိပ်ကွပ်ကွာဆိုပြီး ဆုံးမခဲ့တာပါပဲ၊ အနာထပိဏ် သူဌေးကြီးကိုလည်း ချီးမွမ်းတော်မူပါတယ်။ သူဌေးကြီး ပြန်သွားတဲ့အခါမှာ မြတ်စွာဘုရားက ရဟန်းပရိသတ် ကို မိန့်တယ် “ယောသိတော ဘိက္ခေ၀ ဘိက္ခူ ဣမသ္မိ ံဝဿသရူပ သပနေ ္တာ ဣမသ္မိ ံ ဓမ္မဝိနယေ - ချစ်သား တို့ ငါဘုရားရဲ့သာသနာတော်မှာ အသက်တစ်ရာ ဝါတစ်ရာ့နှစ်ဆယ်ရတဲ့ပုဂ္ဂိုလ် ဖြစ်စေကာမူ၊ သောဟိ ဧ၀ မေဝံ အညတိတ္ထိယေ ပရိဗ္ဗာဇကေ သုနိဂ္ဂဟိတံ နိဂ္ဂဏေယျ - ဝါ တစ်ရာရလို့ အသက်တစ်ရာ့နှစ်ဆယ်ရတဲ့ မထေရ်ကြီးဖြစ်စေ ထိုင်မနေရဘူး သာသနာပဖြစ်တဲ့ တခြားသော တိတ္ထိတွေကို ဒီပုံဒီနည်းနဲ့ ကောင်းကောင်း နှိပ်ကွပ်ဆုံးမရမယ် - ဘယ်လိုလဲဆိုတော့ ယထာတံ အနာထပိဏ္ဍိကေန ဂဟပတိနာ နိဂ္ဂဟိတာ - သူဌေးကြီး ဆုံးမသလိုမျိုး ဆုံးမရမယ်” လို့ မိန့်တော်မူပါတယ်။ ဒါဟာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သာဓက ပါ။ နောက်တခု ရှိပါသေးတယ် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး တတိယသံဃာယနာတင်တဲ့အချိန်က ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟာ အာဏာပိုင်မင်းတစ်ပါးဖြစ်တဲ့ သိရိဓမ္မာသောက မင်းကြီးနဲ့ပေါင်းပြီး သံဃာယနာမတင်ခင်မှာ တိတ္ထိတွေကို နှိမ်နှင်းခဲ့ပါတယ်။ အဲဒီ တတိယသံဃာယနာ ဘာကြောင့်တင်သလဲ ဆိုရင် ဘုရားရှင်၏ သာသနာမှာ သာသနာ့အန္တရာယ်တွေ ကျရောက်နေခဲ့လို့ပါပဲ၊ အဲဒီအချိန်တုန်းက အိန္ဒိယပြည်မှာ ရဟန်းသံဃာပေါင်း ၆ သန်း(သိန်း - ၆၀) ရှိပါတယ်၊ သိလဝန္တရဟန်းတွေပါပဲ၊ အဲဒီ သိန်းခြောက်ဆယ်ရှိတဲ့ ရဟန်းသံဃာတွေထဲမှာ ၆ သောင်းရှိတဲ့ ဒုဿီလရဟန်းတွေ မည်သူမှ ရဟန်းခံသင်္ကန်းဝတ်ပေးခြင်း မရှိဘဲနဲ့ ကိုယ်တိုင်သင်္ကန်းကောက်ဝတ်ပြီး သာသနာတော်ကို ဖျက်ဆီးဖို့ကြိုးစားတော့တာပါပဲ။ အဲဒီအချိန်မှာ ရဟန်းတု ဒုဿီလရဟန်းတွေ နဲ့ ရဟန်းစစ်တွေကိုခွဲခြားဖို့အတွက် အသောကမင်းကြီးကိုယ်တိုင် ရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်ထံမှာ ခုနှစ်ရက်တိုင်တိုင် ဗုဒ္ဓအယူဝါဒတွေကိုသင်ယူပြီး မင်းကြီးကိုယ်တိုင် စစ်ဆေး မေးမြန်းပြီး အဲဒီတိတ္ထိတွေကို လူဝတ်လဲပြီး တိုင်းပြည်ကနှင်ထုတ်ခဲ့ပါတယ်၊ နောက် တတိယသံဃာယနာ တင်ခဲ့တယ် တတိယသံဃာယနာတင်တယ်ဆိုတာက တိတ္ထိတွေရဲ့တရားနဲ့ ဗုဒ္ဓရဲ့ တရားမရောနှောအောင် လုပ်လိုက် တာပါပဲ ကထာဝတ္ထုကျမ်းကို လေ့လာမယ်ဆိုရင် ဒီအကြောင်းတွေကို အကုန်သိနိုင်ပါတယ်။ 

အရှင်ဝရသာမိ 
Read more ...

August 15, 2011

အစ

tint | 8:37 AM | 2 Comments so far
ကဲပါလေ ဘယနားကစရမှန်းမသိရင်လဲ စေတီက စရအောင် ။
ဦးသီရိန် တို့ ဦးဝါသေဌတို့ ဘုရား ။
ဟောဒါက ဦးကောသလရွှီးတဲ့  စေတီ အကြောင်း
http://khunmyahlaing.blogspot.com/2007/07/blog-post_16.html

ဟောဒါက ဆရာတိုက်စိုးရဲ့  စေတီအထိမ်းအမှတ်များ သုတေသနစာတန်း ။
http://www.myanmarebooks.net/archives/3739
ဘယ်ဟာမှန်လဲ ဘုရား ။ ထောက်ကြပါ ။
အထူးသဖြင့်ဒီစာလေး

၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း(ဦးကောသလ )
အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ (ဦးကောသလ )
ကဲ စကြပါဘုရား ။


Read more ...

August 14, 2011

ထောက်ကြသဘ်ဆိုရာဝယ်

tint | 10:53 PM | 1 Comment so far
အလွဲထောက်ရာမှာ ဟောတဲ့ သူကို ပါစင်နယ် နာစေ မထောက်ပါ ။
အယူလွဲကိုသာထောက်ပါတယ် ။
အယူလွဲကို အမှားထောက် အမှန်ပြပြီးသာ ချေဖျက်နိုင်ပါတယ် ။
ပါစင်နယ်ထိခိုက်အောင်လုပ်ပြီး အယူလွဲ ကိုချေမရပါ။
ဥပမာ လူသေလူဖြစ် ကိုဘဲကြည့်ပါ ။
မူလဆရာကြီးသေလို့ ဘဲ အရိုးတောင်မြေသြဇာဖြစ်ပေါ့ ။ အယူလွဲက မသိနားမလည်သူတွေကြားပြန့် ပွားဆဲပါ ။
ဒီမှာ စာနဲ့  သေချာထောက်ထားတဲ့  သူတွေကို ပါစင်နယ်အချက်အလက် တခုမှ မပါပါ။ မယုံက စာတိုင်းကို အသေအချာကြည့်ပါ ။
သူတို့ ရဲ့ ဟောပြောချက်တွေကိုသာထောက်ပါတယ်
ဒီနေရာမှာ တချက်လေး ပြောစရာရှိပါတယ်
ဆရာပါရဂူနဲ့  ဆရာဦးအေားမောင်။
သူတို့ စာတွေဟာ ဘာသာပြန်စာတွေပါ ။
(ဆရာပါရဂူရဲ့  လူသေလူဖြစ်ဆရာကို အလွန်မတန်ချီးမြှောက်ထားတဲ့  ဟောပြောချက်ကလွဲရင် )
သူတို့ ပြသနာက မူရင်းရေးသူအာဘော်လား သူတို့ ကိုယ်ပိုင်အာလော်လား ရှင်းအောင်မလုပ်ခဲ့တဲ့  ပြသနာပါ ။ ဒါကြောင့် ခုတိုင်အောင် ရှုပ်နေတာပါ ။
ယှဉ်စဉ်းစားသင့်တာက ဆရာမြသန်းတင့်ပါ ။
ဆရာဟာ တော်လစတွိုင်းရဲ့  စစ်နဲ့ ငြိမ်းချမ်းရေးကို ဘာသာပြန်စဉ်က အဲအချိန်မှာကားလ်မာ့စ်ရုပ်ဝါဒီဖြစ်တဲ့  သူ လက်မခံနိုင်တဲ့  တော်လစတီုင်းရဲ့ အယူကို အမှာစာရေးပြီး ရှင်းအောင်ပြုခဲ့ပါတယ် ။
နောက်တဦး ကတော့ " ဒေါက်တာ" ချစ်ငယ် ( လန်ဒန်) ပါဘဲ ။
သူ့ ဟောတရားတွေကို တော့အသေးစိတ်စီစစ်မပြခဲ့ ပါ ။
မလိုအပ်လို့ ပါ ။
မရှိတဲ့ ယ .ူနီက မရတဲ့ ဘွဲ့ ကြီး လူရှေ့ အတင်းကောက်တပ်လာမှတော့ ရှေ့ ဆက်စရာကိုမရှိလို့ ပါ ။
ပြန်ချုပ်ပါ့မယ် ။
အမှားထောက်ရာမှာ ပါစင်နယ်မပါပါ။ အယူလွဲကိုသာထောက်ပါတယ် ။ အထောက်ခံရသူများ ကိလေသာတရားနဲ့ မကင်းလို့  ဒေါသမာနနဲ့  တုန့် ပြန်တာတော့မတတ်နိုင်ပါ ။

Read more ...

August 12, 2011

ကြောက်လို့ သာ လုပ်နေပါသည်

tint | 6:29 AM | Be the first to comment!
ဘာသာတရားမှာ အမှားထောက်တဲ့  စာတွေ ရေးနေပြီဆိုရင် ပြဿနာ ရှိလာမယ်ဆိုတာ မသိမဟုတ် စောထဲက သိပြီးဖြစ်ပါတယ် ။
ဘာသာတရားလိုက်စားသူတွေကို ခွဲခြားလိုက်ရင်
၁) မူလကပင် ဆရာကောင်း နဲ့ တွေ့  လေ့လာမှုကလဲမှန်လို့ လမ်းဖြောင့်ပြီးသူများ ။။ ထိုလူစုအနေနဲ့  အမှားထောက်သောစာများကို လာလဲ မဖတ်တတ်ကြသလို စိတ်လဲ မ၀င်စားကြ။
၂) မူလကပင် ဆရာမှား၌ စွဲမြဲပြီးသူများ ။ ထိုလူစုမှာကား မိမိတို့ မပြောလေနှင့် သိကြားမင်း ဆင်းဟောတောင် သိကြားကိုဆဲမည့်သူများပင် ။
၃) ရောယောင်နောက်လိုက် ဝေလေလေများ ။ ဒီလိုလူများကတော့ ရေးထားသောစာကိုပင် အမြီးအမောက်တည့်အောင်မဖတ်တတ်ကြလေ ( ရီစရာ ထည့်ရေးရရင် မြန်မာသက္ကရာဇ် ၁၃၄၀လောက်မှာသေတဲ့ အယူလွဲ ဦးဥက္ကဌ နဲ့  မြန်မာသက္ကရာဇ် ၈၀၀ကျော်မှာ ပျံလွန်တော်မူရှာသော တောလားများအရေးများသည့် ပေလေးပင် ရှင်လေးပါးအ၀င် ရှင်ဥတ္တမကျော်ကိုတောင်ခွဲမသိသောသူများပါပေ ။ )
၎) အလွန်နဲလှစွာသော လူနဲစုလေးမှာ မူလအခံမညံ့ ၊ သဒ္ဓါတရားလဲရှိပါသော်လည်း ကံအလှည့်မသင့်သဖြင့် အဓမ္မ၀ါဒီများ၏ ညှို့ ချက်တွင် မိနေသောသူများပါပေ။ ထိုနဲလှစွာသော လူစုသာ ထောက်စာကို ဖတ်မိသောကြာင့် မိမိဆည်းကပ်မိသော တောင်ပို့ ၏ ဖွတ်ထွက်သော အဖြစ်ကို သိနိုင်ပေသည် ။
ထိုသောအခါမေးစရာကား ထို နဲလှစွာသော လူစုလေးအတွက် အဓမ္မ၀ါဒိအများ၏ ဆဲဆိုခြင်းကို ခံပြီး ဒီအလုပ်ကို ဆက်လုပ်နေသင့်သလောဟုပင် ။
မိမိတဦးအတွက် အဖြေကား ကြောက်လို့ ပင်လုပ်နေပါသည် ဟုသာ ။
ဘာကိုကြော့က်သနည်းဟူမူ
သွေးဝမ်းသွန်သော ဝေဒနာကြီး နှင့် ပရိနိဗ္ဗာန် ပြု အံ့ဆဲဆဲတွင် အရှင် သုဘဒ်၏ အယူလွဲကို တည့်ပေးခဲ့ သောမြတ်စွာဘုရား
သွေးအန်သော ဝေဒနာကြီးနှင့် ပရိနိဗ္ဗာန်ပြုအံ့ဆဲဆဲတွင် မယ်တော်ကြီး၏ အယူလွဲကို တည့်ပေးခဲ့ သော အရှင်သာရိပုတြာ
၁၃ပါးသော ဓုတင်ဆောင်လျက်က မိမိ၏ ကြီးရင့်လှသော ခန္ဓာဝန်ကိုမထောက်ဘဲ ပထမသံဂါယနာကို တင်တော်မူခဲ့သော အရှင်မဟာကဿပမှ စပြီး
ဦးဥက္ကဋ္ဌ၏ အဓမ္မ၀ါဒကို ရိုက်ချိုးခဲ့ သော ၀ိနိစ္ဆယခုံရုံး အမှတ် ၂ တွင် ဥိးဆောင်ခဲ့ ပြီး ခုခါ ခန္ဓာဝန်ချခဲ့ ပြီးဖြစ်သည့် မကွေးဆရာတော်နှင့် မြောင်းမြဆရာတော်အလည် ။
ယခုတိုင် သာသနာရန်ဆူးရန်ညှောင့်တို့ ကို တတ်အားသမျှ ရှင်းလင်းပေးတော်မူနေကြသော သံဃမဟာနာယက ဆရာတော်များ အမှူးရှိသော သံဃာတော်အရှ့င် သူမြတ်တို့ အဆုံးထိ တို့ ၏ ကျေးဇူးသစ္စာတော်ကို မျက်ကွယ်ပြုရမည်ကို အလွန်ကြောက်ပါသည် ။
ထို့ ကြောင့် အလွန်နည်းလှစွာသော အစုအဖွဲ့ လေးတခုသာ ကျေးဇူးရှိမည်ကို၎င်း ။ အင်အားမသေးလှသော အဓမ္မ၀ါဒီများ၏ ဆဲဆိုရန်မူခြင်းကို ခံရမည်ကို၎င်း သိသိကြီးနှင့်ပင် ထေရ၀ါဒသာသနာအတွင်း အလွဲ အမှား အဓမ္မ၀ါဒီများ ပေါ်နေသမျှ ဖေါ်ထုတ်နေမည်သာ
Read more ...

August 5, 2011

အလွဲသံသရာ

tint | 4:29 AM | 2 Comments so far
တပည့်တော်တို့  ပြဿနာက အယူလွဲတွေပြန်ပြန်ပေါ်နေတာကို ရှင်းမနိုင်ဖြစ်နေတာဘုရား ။
အဲမှာတပည့်တော် လိုက်လို့ ရသလောက် ဖြစ်နေပုံက အယူလွဲတွေက ပေါင်းမြက်နဲ့  တူနေပြီး အယူလွဲတွေကို အားပေးနေတဲ့  လှူဒါန်းထောက်ပံ့နေတဲ့  လူတွေက မြေခံရေခံနဲ့ တူနေတာ သတိထားမိပါဘုရား ။
အဲဒီပြဿနာကို တပည့်တော်လိုက်ကြည့်တော့ တပည့်တော်တို့  ပညာရေးနဲ့  လူနေမှုစနစ်ဟာ အခြေခံတခုဖြစ်နေတာ သတိပြုမိပါဘုရား ။
တပည့်တော်တို့  ပညာသင်ကြားမှုကို ကြည့်ရင် ကုန်းဘောင်ခေတ် ကနေဘဲ စကြည့်ပါဘုရား ။ မိန်းကလေးတွေက သေစာရှင်စာတတ်ပြီးရောပေါ့ ဆိုပြီး ကျောင်းလွှတ်တာ မရှိသလောက်ပါဘုရား
ယောက်ျားလေးတွေကြည့်တော့ ၃စုကွဲသွားတာတွေ့ ရပါ့ဘုရား
ပထမများရာစု ( ၇၀ %) လောက်က ၇နှစ် ၈နှစ်သားလောက် ကျောင်းရောက် သင်ပုံးကြီးမင်္ဂလသုတ် ကုန်၊ သေခိယ ကျက် ၊ ၁၀နှစ်သားလောက် ကိုရင် တ၀ါလောက်ဝတ် ၊ လိင်ပြန်တာနဲ့  မိဘအလုပ်လယ်ထဲချောင်းထဲ တန်းဆင်းတော့တာပါဘဲဘုရား ။ သူတို့ အဘို့ က ကျောင်းက သင်တဲ့ စာဟာ ကျောင်းပြန်ရောက်ပြီး ဘာသာ တရားဆိုတာ ငယ်ဆရာ ရွာဦးကျောင်းဆရာတော် ခိုင်းတာ လုပ်ပြီးတာဘဲ လို့  သဘောထားပါ ဘုရား ။
ဒုတိယ အစု ( အနဲဆုံးအစု) ကတော့ ကိုရင်ဘ၀မှာ သဒ္ဒါ၊သင်္ဂြိုဟ်တက် ၊ ဆန်းသင် ၊ အဘိဓမ္မာလိုက် ပင်ကိုယ်ကလဲဥာဏ်ကောင်း ပါရမီလဲပါ။ မိဘကလဲ တတ်နိုင် (တတ်နိုင်ဆိုရာမှာ ပစ္စည်းလေးပါးထောက်ပံ့နိုင်ရုံမက ဒီသားတယောက်ရဲ့ လုပ်အားကို အဆုံးခံနိုင် ) ။ လို့  ရဟန်းဘောင်တက် ။ စာတတ်အကျော်အမော်ဖြစ်လာ။ ဒါပေမဲ့  ဒီရဟန်းတော်အကျော်အမော်များရဲ့ ဥာဏ်ကျက်စားရာဟာ နိဿယများ ကျမ်းကြီးများ ( စွယ်စုံကျော်ထင် အဖြေကျမ်းလို ) သာ ဖြစ်နေပြီး သာမန် လူထုနဲ့  အလှမ်းကွာနေပါဘုရား
တတိယအစုကတော့ မိဘကတတ်နိုင် ၊ လူလေးတွေကလဲ ထက် ၊ ကိုရင်ဘ၀ထဲက ဆေးကျမ်းဓါတ်ကျမ်းကစလို့  ဆင်မြင်းအတတ်ထိ လိုက်စားလာ ။လိင်ပြန်တော့ တခါ မြို့ စား ရွာစား မင်းပါးစိုးခွင် ၀င်ထွက် ပညာတွေတက်ရာက မင်းမှုဆက်ထမ်းလာပါဘုရား။ ဒီလူတွေဟာ ထက်မြက်တယ် ။ လောကီပညာစုံတယ် ဆိုသော်လဲ လောကုတ္တရာဗဟုသုတကျ ထင်သလောက်မပေါက်ပါဘုရား ။ သို့ သော် သူတို့  ဂုဏ်ကြောင့် လောကမှာတော့ ပြောသမျှ တင့်တယ်သယောင်ပါဘုရား.။
ဒီလိုရှိနေသော်လဲ ဆရာတော်များသြဇာကြီးနေတဲ့  လူ့ ပါတ်ဝန်းကျင်မှာ ဘာသာရေးပြဿနာ အကြီးကြီးမပေါ်ပါဘုရား ။
သို့ သော် ကိုလိုနီခေတ် ရောက်လာတော့ ပြဿနာ ကြီးလာပါဘုရား
ဒီမှာ ပထမအစုနဲ့  ဒုတိယအစု က အများကြီးမပြောင်းပါဘုရား ။ ဒုံရင်းဒုံရင်းပါဘဲဘုရား
တတိယအစုကျတော့ အရင်က ပွဲကျောင်းတက် ၊ မြို့ ဝန်ထံခစားဆိုတဲ့  ပညာရေးကနေ လောကဓါတ်ကျောင်းတက် ၊ ကောလိပ်ရောက် ဆိုတဲ့  ခေတ်ပညာရေးကို ကူးလာပါဘုရား ။ ဒါနဲ့ တပြိုင်ထဲဘဲ ကိုလိုနီခေတ်လူနေမှုသဘောကြောင့် ဆရာတော် သံဃာတော်များသြဇာကျလာတာနဲ့ ကြုံပါဘုရား ။
လောကဓါတ်ကျောင်းများရဲ့ သင်ကြားမှုဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနဲ့ ဝေးသထက်ဝေးလာပြီး လောကဓါတ်ကျောင်းထွက်တွေရဲ့  ဘာသာရေးဗဟုသုတရော ဆရာတော်သံဃာတော်များကို လေးမြတ်မှုပါ လျော့သထက်လျော့လာပါဘုရား ။
တချိန်ထဲမှာဘဲ ပထမအစု ဘုန်းတော်ကြီးကျောင်းကနေ လယ်ထဲ ချောင်းထဲရောက်တဲ့  အစုကလဲ နည်းသထက် နည်းလာပြီး လောကဓါတ်ကျောင်း တက်လာတဲ့  လူစုက ပိုများလာပါဘုရား ။
ဒီတင် ဗုဒ္ဓဘာသာရဲ့ အခြေခံလောက်တောင် သိမှတ်မိတဲ့  လူနည်းသထက်နည်းလာပြီး အမည်ခံရုံ ဗုဒ္ဓဘာသာတွေ ပေါများလာပါဘုရား ။ ဘာသာတရားကိုယ်ခံနဲတဲ့ အခါကျတော့ အလွဲ အမှားဟောတဲ့  ဆရာနဲ့  တွေ့ ရင် အမှန်အမှားခွဲခြားနိုင်မှုလဲလျော့လာပါဘုရား
တပြိုင်ထဲမှာဘဲ ဂုဏ်ကြီးသူ လောကီမှာအောင်မြင်နေတဲ့  ဒကာများရဲ့  အကြိုက်လိုက် အလိုက်အထိုက် ဟောရာကနေ ပါမှန်းမသိပါပြီး ကိုယ့်ဟာကိုယ် လွဲမှန်းမသိ လွဲရာကနေ ပိုပိုလွဲ ။ နောက်ဆုံးတော့ လက်ခုတ်တီးပေးတဲ့  ပရိဿတ်နောက် ကောက်ကောက်ပါအောင်လိုက်မိတဲ့  သံဃာတော်များလဲ ပေါများလာပါဘုရား ။
ဒီအခြေအနေမှာ လယ်တီဆရာတော်ဘုရား မာန်လည်ဆရာတော်ဘုရား ကျီးသဲဆရာတော်ဘုရားတို့ စလို့  လူထုထဲ ဗုဒ္ဓဘာသာ အခြေခံတွေ အယူမှန်တွေကို တည့်မတ်ဖြန့် ဖြူးပေးမဲ့  ဆရာတော်များစဉ်ဆက်မပြတ်ပေါ်ခဲ့  တည့်မတ်ပေးခဲ့သော်လဲ သူတို့  စာတွေကို နားမလည်နိုင် နားလည်အောင်မဖတ်နိုင်တဲ့  ပညာတတ်။လူရည်တတ် ဆိုသော ဒကာမိုက်များလောကမှာတော့ အယူလွဲ ကိုယ်တော်များ ဆက်လက်တွင်ကျယ်နေဆဲပါဘုရား ။
မျက်မှောက်ခေတ်မှာ ၁၉၈၀ကစခဲ့တဲ့  ၀ိနိစ္ဆယခုံရုံးများနဲ့  အယူလွဲများကို တည့်ခဲ့သော်လဲ ကျားကျားမီးယပ် လူစုတွေ ၊ နိုင်ငံရေးနဲ့  ဘာသာရေးမခွဲခြားနိုင်တဲ့  လူမိုက်တွေကြားမှာတော့ အမှန်တရားဟာ မထွန်းကားနိုင်သေးပါဘုရား
ဘုရားတပည့်တော် စာရှည်ကို ချုပ်ရရင်တော့ တပည့်တော်တို့ ရဲ့  အဓမ္မ၀ါဒီများကို ဖေါ်ထုတ်ဆန့် ကျင်ခြင်းဆိုတဲ့  လုပ်ငန်းသည် ရေဆန်လမ်းကို လျှောက်ရသလို ခက်ခဲနေဆဲပါဘုရား။
သို့ သော်မသိနားမလည်ခြင်းကို အခြေခံပြီး ဖြစ်လာတဲ့  ပြဿနာမို့  ခနိုးခနဲ့  စောင်းကာရွဲ့ ကြသော်လည်း သည်းခံပြီးသာ မှန်ရာကို ဆက်လက်တင်ပြ ဖြန့် ဖြူးကြရုံသာ ရှိပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား
Read more ...

August 3, 2011

လူသေလူဖြစ်နှင့် ဝါဒနုဝါဒများ ဝိနိစ္ဆယခေါ် ထေရဝါဒစွယ်စုံကျမ်းကြီး

tint | 3:07 AM | Be the first to comment!
မြန်မာကျူးပစ်ဖိုရမ် သာသနာပါလ မောင်နှမများမှ ဓမ္မဒါန ပြုသော လူသေလူဖြစ်နှင့် ဝါဒနုဝါဒများ ဝိနိစ္ဆယခေါ် ထေရဝါဒစွယ်စုံကျမ်းကြီး

Read more ...

July 9, 2011

ဓမၼအဓမၼ

tint | 4:02 PM | 12 Comments so far
၁) မဟာယာနေပၚ သေဘာထား
၂) ထေရ၀ါဒမှာ ဘုရားဟောမဟုတ်တဲ့  ကျမ်းစာပါလား
၃) ဗုဒ္ဓဟောမြွက်တော်မူသော သုတ်၊၀ိနည်း အဘိဓမ္မာထဲမှာ ခေတ်နဲ့  မညီလို့ ဆိုပြီး ပြောင်းစရာပါလား
အဲလို ၃ချက်ထွက်ပါတယ်
အဲကနေ တဆက်ထဲ နွယ်လာတာက ဗုဒ္ဓဘာသာဟာ အလွန်လွတ်လပ်ပါတယ် ။ ဒါပေမဲ့ စည်းကမ်းမမဲ့ ဘူးဆိုတဲ့  စကားလေးကို သဘောပေါက်နိုင်ဘို့ လိုပါတယ် ။
ကိုချမ်းငြိမ်းအမေးကိုလိုက်လို့  အစဉ်လိုက်စဉ်လိုက်ပေမဲ့  အဖြေကျတော့ နောက်ပြန်ပြန်ဖြေရပါ့မယ် ။
ပထမဆုံးအချက်ကတော့ ဗုဒ္ဓဘာသာဟာ လွတ်လပ်ပါတယ် ။ဘယ်လိုလွတ်လပ်လဲဆိုတော့ ဘယ်သူမှ လာပြီး ဗုဒ္ဓဘာသာကို ယုံကြည်ရမယ် မယုံ ငရဲချမယ်လို့ မကန့် သတ်ပါ ။ ထို့ အတူ ဗုဒ္ဓဘာသာ ၀င်ဖြစ်လို့  ဘာတွေလုပ်ရမယ်လို့ လဲ အတင်းအကြပ်မသတ်မှတ်ပါ ။
ဒါပေမဲ့ စည်းကမ်းမမဲ့ ဘူုးဆိုတာမှာ ပုဂ္ဂိုလ်တဥိး၊ အသင်းအဖွဲ့  တခုက လုပ်တဲ့  စည်းကမ်းမဟုတ်ဘဲ သဘာဝ စည်းကမ်းသာရှိပါတယ် ။ အဲစည်းကမ်းတွေတော့ ဖေါက်မရပါ ။
ဗုဒ္ဓဘာသာဝင်တယောက်ဟာ ဘုရားဖြစ်ချင်လား ။ ရပါတယ် ။ ဘုရားဆုကို ပန် ၊ ပါရမီ ၁၀ပါးကိုဖြည့် နိယတဗျာဒိတ်ခံ ၊ သတ်မှတ်တဲ့  ကာလ ပါရမီ ၁၀ပါး အပြား ၃၀ဖြည့် ဘုရားဖြစ် ။
အဂ္ဂသာဝက မဟာသာဝကဖြစ်ချင်လား ။ သာဝကဆုကိုပန် ၊ ပါရမီ ၁၀ပါးကိုဖြည့် နိယတဗျာဒိတ်ခံ ၊ သတ်မှတ်တဲ့  ကာလ ပါရမီ ၁၀ပါး အပြား ၃၀ဖြည့် ။ သာဝကဖြစ် ။
ဟာ ရှုပ်ပါတယ် ။ ခုဘ၀ဘဲ မဂ်ဖိုလ်ယူမယ်ကွာ ။ ရပါတယ် ။ လာခဲ့  ။ လူဆို သီလ၊ ရဟန်းဆို ၀ိနည်းလုံ ၊ ဒိဋ္ဌိကင်းစင်အောင် တရားနာ ၊ ကမ္မဋ္ဌာန်းယူ ၊ ၀ိပဿနာ အားထုတ် ၊ မဂ္ဂဋ္ဌာန် ဖလဋ္ဌာန်ဖြစ်
ကဲပါလေ ။ ခုဘ၀တော့ ပျော်သလိုလေးနေမယ် ။ နောက်ဘ၀မှ ကြည့်ရှင်းတာပေါ့ ဆိုသူများရပါသေးတယ် ။ လူဆို သီလလေးလုံ ၊ ရဟန်းဆို ၀ိနည်းလေးစား ။ (လေးစားဆိုတာ ကိုသေချာနားလည်စေချင်တယ်နော် ၂၂၇သွယ်သောသိက္ခါပုဒ်ကို တစက္ကန့် မှ မကျိုးရလို့  ဆိုတာ မဟုတ်ပါ ။ မတော်တဆကျိုးပေါက်ပါက ကုစားနည်းတွေရှိပါတယ် ။ မတော်တဆကျိုးပေါက်တာကို အပြစ်မဆိုပါ။ တမင်ချိုးဖေါက်တာနဲ့  ပစ်ပါယ်တာကျ မဖြစ်သင့်လို့ သာ ဆိုပါတယ် ။ ) ဒါဘဲ ။
ဒီအစဉ်လေးနဲ့  သွားတဲ့ သဘာဝစည်းကမ်းလေးကို ဘယ်သူမှ ဖေါက်မရပါ။ ဒီအစဉ်လေးအတိုင်းဘဲ သွားနေရပါတယ်
ရဟန်းဖြစ်လို့  ၀ိနည်းလုံရမယ်မဆို ၊ ဒါပေမဲ့  အရိယာဖြစ်လာရင်တော့ ၀ိနည်းကို အလွန်လေးစားပြီးလို့ နားလည်ရပါတယ် ။
( ပထမအချက်ပြီး၏)
ဗုဒ္ဓ၀ါစန မြတ်ဘုရားဟောကြားတော်မူသော ဓမ္မတို့ ကို သာမန်ခွဲရင် သုတ္တန် ၊ ၀ိနည်း ၊ အဘိဓမ္မာဆိုပြီး ၃ပိုင်းပိုင်းရပါတယ် ။
သို့ သော် ဒီ ၃ပိုင်းဟာ တခြားစီ သတ်သတ်စီမဟုတ်ပါ ။ သုတ္တန် နဲ့  ၀ိနည်းဟာ အဘိဓမ္မာရဲ့  principles တွေကို လက်တွေ့ အသုံးချတာဖြစ်လို့  အားလုံးဟာ အဘိဓမ္မာနဲ့  မလွတ်ပါ။
ထို့ အတူ သုတ္တန်တွေ ဟာ မြတ်ဘုရားက လက်ရှိတရားရထိုက်သော ဝေနေယျတို့ ကို လက်တွေ့ လိုက်နာနိုင်အောင်သင်ပြပေးတာမို့  လက်တွေ့ ကျင့်စဉ်တွေချည်းသာဖြစ်ပါတယ် ။ သို့ သော် ဒီနေရာမှာ တခုသတိထားရတာက တရားနာသူ ရဲ့  ပုဂ္ဂလစရိုက်ဖြစ်ပါတယ် ။ အရှင်စူဠပန် အရှင်ဗာရုလတို့ လို exceptional တွေလုပ်သလိုလိုက်လုပ်လို့ တော့မဖြစ်သေးပါ။ ဒီတော့ သုတ္တန်မှာ မိမိ နဲ့ နီးစပ်ရာကို ယူရပါတယ် ။ ဆဆက္ကသုတ္တန် ၊ ဓမ္မစကြာ၊ မဟာသတိပဋ္ဌာနသုတ္တန် စသော ဓမ္မဒိဋ္ဌာန်သုတ္တန်တွေဟာ လူများစုနဲ့  သင့်တော်တတ်ပါတယ် ။
ဝိနည်းကတော့ သံဃာ့အသက်မို့  ၀ိနည်းမလုံသေးဘဲ မဂ်ဖိုလ်ရဘို့ ဆိုတာ ( အထူးသဖြင့် သာသနာနှောင်းကာလ) မှာ အလွန်ခက်ပါတယ် ။
ဘုရားရှင်ဟာ ၀ိနည်းသိက္ခာပုဒ်များကို ထုတ်ရာမှာ အလွန့် ကို မျှတပါတယ် ။ မိမိတပည့်သားများ တရားရနိုင်အောင် သပ္ပါယမျှစေဘို့ သာ အဓိက ဦးတည်ပြီး ၂၂၇သွယ်သောစည်းကမ်းများကို ထုတ်တော်မူပါတယ် ။ မယုံကြည်သူများအနေနဲ့  ပါရာဇိက လေးတန်ကစလို့  ၂၂၇သွယ်သော သိက္ခါပုဒ်များကို တခုချင်း လေ့လာပြီး မတရားတာ တခုပါတယ်လို့ ထင်က ဆွဲပြနိုင်ပါတယ် ။
ဒီတော့ချုပ်ရင် သာသနာတော်မှာ မဂ်ဖိုလ်ရဘို့ ဥိးတည်သော ဗုဒ္ဓဘာသာဝင်တယောက်အဘို့  ဗုဒ္ဓ၀ါစနသည် ဘယ်ခေတ်မဆို ပြောင်းစရာပြင်စရာမရှိ ပြည့်စုံပြီးပါ ( ဒုတိယ လျှာရှည်ခြင်း နိဋ္ဌိတံ )
စောဒကတက်နေကျပြဿနာက မင်းတို့  ထေရ၀ါဒကလဲ ဘုရားဟော ၊ မဟာယာနကလဲ ဘုရားဟော ပြောနေပါလား ဆိုတဲ့ ငြင်းနေကျစကားပါ ။
ဒီပြဿနာကတော့ သာသနာဝင် သံဃာဂုဏ်ရည်ကို မလေးမြတ်သော သူများအတွက်ဖြေစရာမရှိပါ ။
လေးမြတ်သောသူများအတွက်ကတော့ စထဲက ဒီအမေးမပေါ်ပါ ။
သာသနာတော်မှာ ဆရာစဉ်ဆက်ဆိုတာ ရှိပါတယ် ။
ဘုရားရှင် လက်ထက်တော်ထဲက မဟာသာဝကကြီးတွေဟာ ဘုရားရှင် နှုတ်ခပါတ်တော်ကို နှုတ်တက်ရွရွ ရွတ်ဆို ထိန်းသိမ်းကြသလို ဘုရားရှင်ရဲ့  မူရင်း ၀စနနဲ့  သာဝကကြီးများရဲ့  ထပ်ဆင့် အကျယ်ဖွင့်ဟောတော်မူချက်တွေကို သီးခြား မရောရှက်စေဘဲဆောင်ခဲ့ ပါတယ် ။
ဒီလိုဆောင်ထားသော တရားတော်တို့ ကို တတိယသာဝကဖြစ်တော်မူသော မဟာကဿပကိုယ်တော်တိုင်ဦးဆောင်လို့  ဧတဒဂ်၅တန်ခံ ဘုရားရှင်ရဲ့  ညီတော် အလုပ်အကျွေးဖြစ်တော်မူသော အရှင် အာနန္ဒာ ၊ ၀ိနည်းဓိုရ် အရှင်ဥပါလိတို့ ပါဝင်တဲ့  ၅၀၀သော ရဟန္တာတို့ က သန့် စင် ထိန်းသိမ်းတော်မူခဲ့တာကို ပထမ သင်္ဂါယနာ ခေါ်ပါတယ် ။ ဒီအစဉ်အတိုင်းထေရ၀ါဒ စဉ်ဆက် ထိန်းသိမ်းလာလို့  ဆဋ္ဌ သင်္ဂါ ယနာတိုင်ခဲ့ ပါပြီ။ အလွဲအမှားကင်းစင်တယ်ဆိုတာကို အရင်တခါတင်ပြဘူးသလိုဘဲ ဆဋ္ဌမူ မြန်မာပြန်နဲ့  စတုတ္ထမူ အင်္ဂလိပ်ပြန်များ မကွဲလွဲတာက သက်သေပြနေပါတယ် ။ ဦးဥက္ကဋ္ဌတို့ ကစခဲ့သော အဋ္ဌကထာဆရာများကိ စွတ်စွဲချက်ကတော့ မကြာခဏပေါ်နေကျဖြစ်ပါတယ် ။ ဒါမှန်နိုင်သလားဆိုတာကို လေ့လာတော့ နမူနာ ပြစရာပုဂ္ဂိုလ်ကျော်တပါး ထွန်းတောက်ခဲ့တာ မမေ့စေချင်ပါ ။
ဓါးမကူးဆရာတော်လို့ တွင်ခဲ့သော တောင်ဖီလာဆရာတော် ဟာ အနောက်ဘက်လွန်မင်းက ပြည်မြို့ ကို ငါတိုက်တာမှာ ရှင်တဆူ လူတယောက်သာ ရ၏လို့  မိန့် ခဲ့ရတဲ့  ဆရာတော်ပါ ။ ဒီဆရာတော်ဘုရားဟာ မိမိပြုအပ်သော နိဿယထက်တိုကျဉ်းပြည့်စုံတဲ့  ရွှေဥမင်ဆရာတော်ရဲ့  နိဿယကို ကြည့်ပြီးနောက် နောက်လူတွေ နှလုံးမကွဲပြားရအောင် မိမိနိဿယကို မီးတင်ခဲ့ ပါတယ် ။
ဒါလေးဟာ ကျမ်းပြုဆရာတော်တွေရဲ့  မြတ်သော နှလုံးကို သက်သေပြုချက်လေးပါ ။ ( တတိယအချက်ပြီး)
ဒီတော့ ၀ိနည်းသိက္ခါပုဒ် ၂၂၇သွယ်ထင်ရှားရှိပါတယ် ။
ဘယ်ဟာ အကုသိုလ် ၊ ဘယ်ဟာ ကာမာဝစရကုသိုလ် ၊ဘယ်ဟာ သမထ ၊ ဘယ်ဟာ ၀ိပဿနာလို့  ထင်ရှားရှိပါတယ် ။ ဒီလို ထင်ရှားရှိပြီးအချက်တွေဟာ ဓမ္မဖြစ်ပါတယ် ။ ဓမ္မလမ်းကြောင်းက သွေဖီတဲ့  အယူ ဟောပြောချက်တွေ မှန်ရင် အဓမ္မ ( တရားမဟုတ် ) ဖြစ်ပါတယ်။
ဒီလိုအချက်တွေ ပေါ်လာရင် ဓမ္မ၀ါဒီတွေ အနေနဲ့  စိစစ်တင်ပြရပါတယ် ။ ဒီလိုတင်ပြတာဟာ လူကိုမုန်းလို့  နာမည်ကြီးချင်လို့ မဟုတ်ရပါ။ ဓမ္မလမ်းကြောင်းမသွေရအောင်ထောက်ရပြင်ရတာသာဖြစ်ပါတယ် ။
ဝိနိစ္ဆယဆိုတာ ဘုရားရှင်လက်ထက်ထဲက ရှိပါတယ်
အရှင်ယမက အယူလွဲတာကို အရှင်သာရိပုတြာက ၀ိနိစ္ဆယပြုပြီးလမ်းတည့်စေခဲ့ပါတယ် ။
အရှင်ဥပသေန စေတနာနဲ့ မှားသော အမှားကို မြတ်ဘုရားကိုယ်တိုင် ၀ိနိစ္ဆယပြု ၀ိနည်းတော်သတ်မှတ် လမ်းတည့်စေခဲ့ပါတယ် ။
နောင်ခေတ်မှာ သင်္ဂါယနာတင်သံဃာတော်ကြီးများရဲ့ ဂုဏ်ကိုတော့ ထပ်အမွှန်းတင်စရာမလိုတော့ထင်ပါတယ် ။
လယ်တီဆရာတော်ဘုရားဟာ ဆရာအစဉ်အဆက် လေးစားရသော သီဟိုဖြစ် ဋီကာကျော်မှ ဗုဒ္ဓ၀ါစနနဲ့  ကွဲလွဲချက်များကို ဋီကာမော်နဲ့ တည့်ခဲ့ ရသလို မဟာစည်ဆရာတော်ဟာလဲ ၀ိသုဒ္ဓိမဂ်ထဲက လွဲချော်ချက်များကို သူ့ ရဲ့ ဝိသုဒ္ဓိမဂ်မြန်မာပြန်မှာတည့်ခဲ့ရပါတယ်။
ခုနောက်ဆုံးလဲ ရဟန္တာလို့ ထင်ရှားသော မိုးကုတ်ဆရာတော်ကြီးရဲ့  ဟောပြောချက်များထဲက ပါဠိတော်နဲ့  ကွဲလွဲသော အချက်များနဲ့  လူများအကောက်အယူလွဲစေနိုင်သော အချက်များကို မိုးကုတ်ဝိနိစ္ဆယနဲ့  တည့်မတ်ပေးခဲ့ရတာ အများအသိပါ ။
(မဟာယာနပေါ်သဘောထားပေါ်လောက်ပြီထင်၏ )
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညှနျကွားလှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories