ကလောင်ရှင် = ဓမ္မမိတ်ဆွေ-မစိုးရိမ်ကျောင်းသားဟောင်း စိုင်းသိင်္ခ( တောင်ကြီး )
ကျွန်တော်တို့ ဗုဒ္ဓဘာသာကို အခြားဘာသာခြားတွေအနေနဲ့ ဖျက်စီးလို့မရပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာကို ကျွန်တော်တို့ထဲက စုံးပြူးဗုဒ္ဓဘာသာဝင်တွေကပဲဖျက်စီးလို့ရပါတယ်။ တစ်ခြားဘာသာခြား တွေ အနေနဲ့ကတော့ ဖျက်ချင်ရင်တောင် ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ စေတီပုထိုးတွေ ကျောင်းကန်တွေ ကိုပဲဖျက်လို့ရချင်ရမယ်။
ကျွန်တော်တို့ ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ရတနာသုံးပါကို ကြည်ညိုတဲ့စိတ်ကိုတော့ သရဏဂုံ ပျက်လောက်အောင်တော့ သူတို့တွေမဖျက်စီးနိုင်ကြပါဘူး။ ကျွန်တော်တို့ကို သတ်လို့ ကျွန်တော်တို့ရဲ့ အသက်တွေသေရင် သေသွားပါစေ။ ကျွန်တော်တို့ရဲ့ ရတနာသုံးပါး အပေါ်မှာ ယုံကြည်မြတ်နိုးတဲ့ စိတ်ကတော့ သေသွားမှာမဟုတ်ပါဘူး။
စေတီပုထိုး ကျောင်းကန် ဆိုတာလည်း ဘာသာခြားတွေ မဖျက်ဆီးလည်း တစ်နေ့တော့ သင်္ခါရ သဘောတရားအရ ပျက်စီးမှာမလွဲမသွေပါ။ ဒီတော့ သိစေချင်တာ ကတော့ဗျာ။ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ တည်နေတဲ့ သရဏဂုံကိုတော့ ကျွန်တော်တို့ထဲက ဗုဒ္ဓဘာသာ အမည်ခံတွေကသာ ဖျက်စီးနိုင်တာပါ။
ဥပမာတစ်ခု ပြောရရင်တော့ဗျာ။ ဇမ္ဓူရာဇ်ရွှေစင်ကို ကျောက်သံ ပတ္တမြားက ဖျက်ဆီးလို့ မရနိုင်သလို အဲဒီကျောက်သံ ပတ္တမြားကိုလည်း ဇမ္ဓူရာစ်ရွှေစင်ကဖျက်စီးလို့မရနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အမျိုးမတူတဲ့ အတွက်ကြောင့်ပါ။
ဇမ္ဓူရာဇ် ရွှေစင်အစစ်ကိုတော့အဲဒီရွှေနဲ့တူတဲ့ဇမ္ဓူရာဇ် ရွှေအတုကပဲဖျက်လို့ရသလို။ ကျောက်သံ ပတ္တမြား အစစ်ကိုလည်း ကျောက်သံပတ္တမြား အတုကပဲ ဖျက်စီးလို့ရပါတယ်။ အတုဆိုတာမျိုးကတော့ အစစ်နဲ့ ခွဲခြားလို့တော်တော်နဲ့ မရကောင်းဘူးလေ။
အဲဒီတော့ကိုယ့်ရဲ့ဗုဒ္ဓဘာသာအစစ်ကို ဗုဒ္ဓဘာသာ အတုအယောင်တွေက (အယောင်ဆောင်တွေက)
မှတ်ပုံတင်ထဲက ဗုဒ္ဓဘာသာ အမည်ခံတွေကပဲ ဖျက်စီးနေကြတာပါ။
ဒီဥပမာကို ကျွန်တော်ပေးတာမဟုတ်ပါဘူး။ လောကရဲ့တုနှိုင်းမဲ့ဖြစ်တဲ့ ဗုဒ္ဓလို့ခေါ်ဆိုတော်မူထိုက်တဲ့
မဟာသတ္ထာ ဘုရားရှင်ကပေးခဲ့တဲ့ဥပမာပါ။ သူတော်ကောင်းများ စဉ်းစားကြည့်ပါ။
အခြားဘာသာတွေလည်း ဒီအတိုင်းပါပဲ။ သူတို့ရဲ့ ဘာသာတူတွေကပဲ သူတို့ရဲ့ ဘာသာကို အခြားဘာသာတွေက အထင်အမြင် သေးလာအောင် ဖန်တီးပြီး ဖျက်စီးနေကြတာပါ။
အဲဒီတော့ ကျွန်တော်ပြောချင်တာက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အခြားဘာသာဝင်တွေကို မုန်းတီးနေမယ့်အစား တိုက်ခိုက်နေမယ့်အစား ကိုယ့်ဘာသာထဲကစုန်းပြူးတွေကို အရင်ဆုံး သုတ်သင်စေချင်တယ်။ သူတို့မကျေနပ်လို့ အခြားဘာသာထဲ ကူးပြောင်းသွားရင်လည်း နှမြောစရာ အကြောင်းမရှိပါဘူး။ ဒီလိုမျိုးတွေ ကျွန်တော်တို့ ဘာသာထဲမှာ ရှိနေရင်လည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာအတွက် သာသနမလ၀ိသောဓနီ ဖြစ်မှာမဟုတ်ပါဘူး။ အန္တရာယ်ကြီးမားလှတဲ့ ဆူးငြောင့်ခလုပ်ပဲ ဖြစ်မှာပါ။
သူ့ဘာသာသူ ဘာကြီးပဲ ဖြစ်နေဖြစ်နေ။ ဘယ်လောက် နာမည်ပဲကြီးနေကြီးနေ။ ဗုဒ္ဓသာသနာအတွက် ကျွန်တော်တို့ ခင်ဗျားတို့အတွက် သရဏဂုံပျက်လောက်တဲ့ အထိဖြစ်လာမယ်ဆိုရင်တော့ သုတ်သင်ရ မှာပါပဲ။ သုတ်သင်တယ်ဆိုတာ သူ့ကိုသတ်ဖို့ ညင်းပန်းနှိပ်စက်ဖို့ဆိုလို တာမဟုတ်ပါဘူး။
သာသနာတော် သန့်ရှင်း တည်တံ့ရေး အတွက် တစ်မျိုးမျိုးတော့ စဉ်းစားရမှာပါပဲ။
အဲဒီတော့ ခင်ဗျားတို့ကျွန်တော်တို့ပဲ ကိုယ်တတ်နိင်တဲ့ အားနဲ့ အွန်လိုင်းမှာ ဖော်ဝပ်မေးတွေ ပို့ရင်းသာသနာ ပြုကြရတာပေါ့ဗျာ။ သာသနာပြုတယ် ဆိုရာမှာလည်း သူ့အသက်ကိုလည်းထိခိုက်စေ သူ့စည်းစိမ်ဥစ္စာ ကိုလည်း ပျက်စီးစေ ဆိုတဲ့ အဖြစ်မျိုးကတော့မကောင်းဘူးဗျာ့။ အဲလိုမျိုးဖြစ်ပြီးမှ သာသနာ တည်တံ့တယ်ဆိုတာ၊ သာသနာပြုတယ် ဆိုတာ ဘုရားရှင် နှစ်သက်တော်မူတဲ့ ခွင့်ပြုတော်မူတဲ့
သာနာတည်တံ့ခြင်းမျိုး၊ သာသနာပြုခြင်းမျိုး မဟုတ်ဘူးဗျာ့။
အဲဒီတော့ နှလုံးသားဝယ်ဘုရားတည် ဆိုတဲ့ ယောဆရာတော်ရဲ့ နှုတ်ခွန်းတော် အတိုင်း ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ သရဏဂုံမပျက်သရွေ့ ဘုရားတည်ပြီးသားပါဗျာ။
သရဏဂုံမပျက်စီးအောင်လည်း
ဗုဒ္ဓဿအ၀ဏ္ဏံဘာသတိ ။
ဓမ္မဿအ၀ဏ္ဏံဘာသတိ။
သံဃဿအ၀ဏ္ဏံဘာသတိ
ဆိုတဲ့အတိုင်း ရတနာသုံးပါးရဲ့ ဂုဏ်ကို ကျေးဇူးမဲ့ ကဲ့ရဲ့တဲ့စကား လှောင်ပြောင်တဲ့စကား ပေါ့ပေါ့တန်တန် ဂရုဂါရ၀မထားတဲ့စကားအပြုအမူတွေကို ရှောင်ရှားကြရင်းနဲ့ ရတနာသုံးပါးကို စော်ကားလာသူတိုင်းကိုလည်း ရဲဝံ့ပြတ်သားစွာနဲ့ ဆန့်ကျင်ပြီး ပြောဆိုဆုံးမကြရအောင်လား အွန်လိုင်းမှ သူတော်ကောင်းတို့။
အနုပညာရှင်ဖြစ်ရင်လည်း အားမပေးဖို့ သူတို့ရဲ့ ထွက်သမျှခွေကို ဆန့်ကျင်ဖို့နဲ့ နောင်အခါ ရှောင်ကြဉ်လာအောင် လုပ်သင့်ပါတယ်လို့ကျွန်တော် ပြောပြချင်ပါတယ်။ ဘာသာရေး အသိစိတ်ဓါတ်မရှိတဲ့သူကို အသိစိတ်ဓါတ်တွေ ရှိလာအောင် ချစ်မြတ်နိုးတတ်လာအောင် ယဉ်ကျေးသိမ်မွေ့လာအောင် ကျွန်တော်တို့ ကြိုးစားကြရအောင်လားဗျာ။
“ဗုဒ္ဓသာသနံစိရံတိဌတု"
သုခိအတ္တာနံပရိဟန္တု"
ဓမ္မမိတ်ဆွေ-မစိုးရိမ်ကျောင်းသားဟောင်း စိုင်းသိင်္ခ ( တောင်ကြီး )

http://www.sbay-student.org/
w ww .d ha mm aa na ly si s. mu lt ip ly .c om/

w
ဘ၀င်သိပ်မြင့်မနေပါနဲ့။ထေရ၀ါဒဟာဗမာပြည်ဟာကမ္ဘာမှာအဆင်း ရဲဆုံးနိုင်ငံဖြစ်နေတာဂုဏ်ယူခိုင်းနေတာလား။
ReplyDelete