March 14, 2010

ဓမ္မဥပဒေ ပြန့်ပွါးရေးအသင်းချုပ်၏ ရည်ရွက်ချက်နှင့် ဝေဖန်သူများသို့ဖြေရှင်းချက်

သျှင်သာမိ - မုံရွာ | 12:03 AM |
လောကဥပေဒ၊ ဓမ္မဥပဒေ ဟူ၍ ဥပဒေ နှစ်မျိုးရှိသည်။ 

လောကဥပဒေ-ဆိုသည်မှာ လောကသားတို့ လိုက်နာရန်အတွက် သက်ဆိုင်ရာက ချမှတ်ထားသော စည်းကမ်း၊ ဘောင်၊ ကလနား- များ ဖြစ်၍၊ ဓမ္မဥပဒေ ဆိုသည်မှာ ဘုရားသားတော်တို့ လိုက်နာရမည့် ဗုဒ္ဓကိုယ်တော်တိုင် မိန့်မြွက်တော်မူခဲ့သည့် စည်းကမ်းနည်းလမ်းများ ဖြစ်သည်။ 

ထို ဥပဒေ နှစ်မျိုးသည် များသောအားဖြင့် အနုရောဓ- လိုက်လျောညီထွေမှု့ရှိတတ်သော်လည်း တစ်ခါတစ်ရံ၌မူ ဝိရောဓိ ဆန့်ကျင်ဘက် သဘောမျိုး သက်ရောက်နေသည်လည်း ရှိတတ်ပါသည်။ ဥပမာ- သာသနာတော်၌ အဓမ္မဝါဒီ တဦးပေါ်ပေါက်လာခဲ့လျှင် ဓမ္မဥပဒေ က မျက်နှာမပြဝံ့အောင်၊ ခေါင်းမဖော်ဝံ့အောင် နာမည်တပ်၍ နှိပ်ကွပ်ခွင့် ရှိပါသည်။ သို့သော်- လောကဥပဒေ အရ အဓမ္မဝါဒီကို နာမည်တပ်၍ တိုက်ရိုက်သုံးစွဲခွင့် တိုက်ရိုက်နှိပ်ကွပ်ခွင့် မရှိပါ။ ထိုအခါမျိုး၌ ဘုရားသားတော်တို့ မျက်စိမိတ်၍ ရွေးချယ်ရတတ်ပါသည်။ ဓမ္မဥပဒေသဘောတရား တရားအရ ဥပမာဖြင့် ထင်စွာ ပြရလျှင် အဒိန္နာဒါန သိက္ခာပုဒ် အရ ပိုင်ရှင်မပေးသော သူတပါး၏ ဥစ္စာကို ခိုးယူသော သူသည် ခိုးယူဆဲခဏပင် ခိုးမူ့မြောက်၍ သိက္ခာပုဒ်ပျက်ဆီးက သူခိုးအဖြစ်သို့ ရောက်၏။ ထိုနည်းတူ ရဟန်းတော်တို့ စောင့်ထိန်းအပ်သော ဝိနည်းသိက္ခာပုဒ်တွင် ဒုတိယပါရာဇိက သိက္ခာပုဒ်အရ ရဟန်းတစ်ပါးသည် တစ်မတ်ထက် အဖိုးထိုက်တန်သော ပိုင်ရှင်မပေးသော သူတပါး၏ ဥစ္စာကို ခိုးယူမည်ဟူသော စိတ်အကြံအစည်ဖြင့် ခိုးမည့် အရာဝတ္ထု ပစ္စည်းကိုကိုင်လိုက်သော အခါ ထိုပစ္စည်း နေရာမှ လက်တစ်ဆစ်ခန့် ရွေ့သွားလျှင်ပင် ခိုးမူ့မြောက်၍ ဒုတိယပါရာဇိက သိက္ခာပုဒ် အရ ပါရာဇိက ကျကာ ရဟန်းဘဝပျက်ဆီး ဆုံးရှုံးရပါ၏။ အထက်ပါ အချက်လက်တို့ကို ကြည့်လျင် တခြားသူ တစုံတစ်ယောက် ဆုံးဖြတ်ချက်ချပေးမှာသာလျင် ထိုအပြစ်သည် သက်ရောက်သည် မဟုတ် ကာယရှင် ကိုယ်တိုင်က ခိုးမူ့ကျူးလွန်ဆဲ အခိုက်တန့်မှာပင် အပြစ်သက်ရောက်သည်မှာ ဓမ္မနည်းလမ်းကြောင်းအရ ကြည့်လျင် ထင်ရှားပါသည် ထိုနည်းတူစွာပင် ဓမ္မစေတီ ဥိးကောသလ္လ နှင့် အခြားသော အဓမ္မဝါဒီများအားနာမည်တပ်၍ အဓမ္မဝါဒီ ဟု ဆိုခြင်းသည် သက်ဆိုင်ရာမှ ဆုံးဖြတ်ချက်မချရသေးသော်လည်း သူတို့ ဟောသော တရားများကို သုံးသတ်၍ အဓမ္မဝါဒီ ဖြစ်သည်ဟု ဆုံးဖြတ်ချက် ချရပေမည်။ အခိုင်မာ ဖြစ်စေရန် အင်္ဂုတ္ထိုလ်လာ ဘုရားဟော တရားတော်များဖြင့် ထုတ်ပြရလျှင်
 “ယေတေ ဘိက္ခေ၀ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခေ၀ ဘိက္ခူ ဗဟုဇန အဟိတာယ ပဋိပန္နာ ဗဟုဇန အသုခါယ ဗဟုနော ဇနဿ အနတ္တာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္ဖ တေ ဘိက္ခေ၀ ဘိက္ခူ အပုညံ အသဝန္တိ၊ တေစိမံ သဒ္ဓမံ အန္တရ ဒါပေန္တီ တိ။ (အင်္ဂုတ္ထိုလ်၊ ၁၊ ၁၈-၁၉) 

ရဟန်းတို့ အကြင်ရဟန်းတို့သည် တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို တရားစစ်တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊ တရားစစ်တရားမှန် ဖြစ်သော ဓမ္မကို တရားစစ်တရားမှန်မဟုတ်သော အဓမ္မဟုလည်းကောင်း၊ ဝိနည်းစစ် ဝိနည်းမှန် မဟုတ်သော အဝိနယ ကို ဝိနည်းစစ် ဝိနည်းမှန်ဖြစ်သော ဝိနယ ဟုလည်းကောင်း၊ ဝိနည်းစစ် ဝိနည်းမှန် ဖြစ်သော ဝိနယ ကို ဝိနည်းစစ် ဝိနည်းမှနမဟုတ်သော အဝိနယ ဟုလည်းကောင်း၊ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏ ဟုလည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် မပြုအပ် ဟုလည်းကောင်း၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ ဟုလည်းကောင်း၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ် ဟုလည်းကောင်း ပြုကြကုန်၏ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများစီးပွါးချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးပွါးမဲ့ခြင်း၊ ဆင်ရဲခြင်းငှါကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကို ဖြစ်ပွါးစေသည် မည်ကုန်၏ ဟု ဟောတော်မူအပ်ပါသည်။ တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို တရားစစ်တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊ တရားစစ်တရားမှန် ဖြစ်သော ဓမ္မကို တရားစစ်တရားမှန်မဟုတ်သော အဓမ္မဟုလည်းကောင်း၊ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်ဟူသော အချက်များ အရ ယခု ဓမ္မစေတီ ဦးကောသလ္လ နှင့် အခြားသော အဓမ္မဝါဒီ အဖွဲ့များ ဟောပြောနေသော တရားများသည် အဓမ္မ ကို ဓမ္မ ဟုပြခြင်းစသည်ဖြင့် လူအများစီးပွါးချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးပွါးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ဟောပြောနေ၍ များစွာသော အကုသိုလ်တို့ကို ဖြစ်ပွါးစေကာသာသာနာတော်ကြီး ကွယ်ပျောက်အောင် ပြုလုပ်နေသည်မှာ ဆိုအပ်ခဲ့ပြီးသော အထောက်ထားများဖြင့်ထင်ရှားနေပါသည်။ 

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့က အဓမ္မဝါဒ အဖြစ်ဆုံးဖြတ်ပြီးသော ဆူးလေဦးမြင့်သိန်း ၏ အဓမ္မတရား ဘုရားဟောမဟုတ်သော မဟုတ်မမှန်တရားများကို ဓမ္မစေတီ ဦးကောသလ္လ က ပြန်လည်ဟောပြောနေခြင်းမှာ ညွန်ကြားလွာ အမှတ် ၅၀ နှင့် ၉၄ အထောက်များအရ ခိုင်မာသော သက်သေဖြစ်တယ်ဆိုတာလည်း ထင်ရှားပါသည်။ ထို့ပြင် အဓမ္မဝါဒ အဖြစ်ဆုံးဖြတ်ပြီးသော စာအုပ်စာတန်းများကို မိတ္ထူကူး၍ ဖြန့်ချီနေသည်မှာလည်း ကြားသိတွေ့မြင်နေရ၏။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အတိုင်း ထုတ်ဖော်ပြရအုံးမည် ဆိုလျှင် စာမျက်နှာ (၂၀) အခန်း (၁)၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (က) ၌ “သာသာနာ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးမတော်ကို ဆိုသည်” ဟု လည်းကောင်း၊ အပိုဒ်ခွဲ (င) ၌ “ထေရဝါဒ ဆိုသည်မှာ ပထမသင်္ဂါယနာမှ ဆဌသင်္ဂါယနာ အထိ သင်္ဂါယနာခြောက်တန် တင်ထားသော ပါဠိတော်၊ အဌကထာ၊ ဋီကာ အစရှိသော ပိဋကတ်ကို ဆိုလိုသည်” ဟု လည်းကောင်း အခြေခံစည်းမျဉ်း အခန်း (၂)၊ အပိုဒ် (၁၂)၊ အပိုဒ်ခွဲ (ဂ) ၌ ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင် ပြန့်ပွါးစေရန်နှင့် ပိဋကတ်တော်နှင့် မညီသော ရေးသေားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန် ဖြစ်သည်ဟုလည်းကောင်း ပြဆိုထားပါသည်။ ဤ ပြဆိုချက်များအရ မြတ်စွာဘုရား၏ အဆုံးမသာသနာတော်ဖြစ်သော ပထမသင်္ဂါယနာ မှ ဆဌသင်္ဂါယနာ အထိ သင်္ဂါယနာခြောက်တန် တင်ထားသော ထေရဝါဒ ပါဠိတော်၊ အဌကထာ၊ ဋီကာ အစရှိသော ပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူ တားဆီးကာကွယ်နိုင်သည် ဟု ပါရှိပါသည်။ ထို့ကြောင့် မသိနားမလည်ကုန်သော ဗုဒ္ဓဘာသာဝင်များအား မဟုတ်မမှန်တရားများကို လိင်လည်လုပ်ကြံ၍ဟောပြောနေသော ဓမ္မစေတီ ဦးကောသလ္လ ဆူနာမီ ဦးဥတ္တမသာရ၊ ကျော်ဟိန်း၊ ချစ်ငယ်၊ ဦးအေးမောင်၊ ပါရဂူ စသော ပုဂ္ဂိုလ်များကို အဓမ္မဝါဒ အဖြင့် သက်ဆိုင်ရာမှ ဆုံးဖြတ်ချက် မချသေးသော်လည်း အဓမ္မဝါ ဖြစ်သည် ဟု ဓမ္မဥပဒေ ပြန့်ပွါးရေး အသင်းချုပ်မှ အခိုင်အမာ ဆိုခဲ့ပေသည်။ ဆက်၍ ဆိုဦးအံ့......... သာသနာတော်၌ အဓမ္မဝါဒ အဝိနယဝါဒီများ ပေါ်ပေါက်လာခဲ့ပြီ ဆိုလျှင် အနုနည်းနှင့် ဖြေရှင်းရသည်လည်းရှိသည်၊ အကြမ်းနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်၊ တစ်ပါးတည်း ဖြေရှင်းရသည်လည်း ရှိသည်၊ အုပ်စုဖွဲ့၍ အင်းအားသုံးပြီး ဖြေရှင်းရသည်လည်း ရှိသည်။ ဤ ဓမ္မဥပဒေ ပြန့်ပွါးရေး အသင်းချုပ် သည် သာသနာတော်၌ ပေါ်ပေါက်လာသော အဓမ္မဝါဒ အဝိနယဝါဒီများကို ဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပေ၏။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သံဃာ့ပရိသတ်နှင့် တကွ ဥပုသ်ပြုရန် ဥပုသ်အိမ်ထဲ၌ သီတင်းသုံးတော်မူလျက်ရှိပါသည်။ ထိုအခါ သံဃာ့ပရိသတ်ထဲတွင် ဒုဿီလ-သီလမဲ့ ရဟန်းတပါးပါဝင်နေ၍ မြတ်စွာဘုရားက ဥပုသ်ပြုတော်မမူဘဲ ထိုင်လျက်သာ သီတင်းသုံးတော်မူပါသည်။ ဤသို့ ညဉ့်သုံးယာမ်ပတ်လုံး ကုန်ဆုံးသွားသည့် အခါ အရှင်မောဂ္ဂလာန်က အဘိညာဉ် တန်ခိုးဖြင့် ကြည့်တော်မူသော အခါ ဒုဿီလရဟန်းတပါးကို တွေ့မြင်၍ သုံးကြိမ်တိုင် အပြင်ထွက်ဖို့ တောင်းပန်ရှာပါသည်။ သုံးကြိမ်တောင်းပန်လျက် မရသော အခါ အရှင်မောဂ္ဂလာန်သည် ဒုဿီလပုဂ္ဂိုလ်ကို လက်မောင်ကိုကိုင်၍ အပြင်သို့ ဆွဲထုတ်ခဲ့ပေသည်။ (ဥပေါသထသုတ်၊ အံ၊ ၃၊ ၄၄/၅) ဤဝတ္ထုကို ထောက်လျှင် သာသနာတော်၏ ခလုတ်ဆူးညောင့်များ အင်အားမကောင်းပါက တစ်ပါးတည်းဖြင့် သုတ်သင် ရှင်းလင်းသည့် အစဉ်လာရှိခဲ့သည်ကို တွေ့မြင်ရပေမည်။  သို့တည်းမဟုတ် သာသနာ့ရန်ဆူးရန်ငြောင့်ကို အုပ်စုဖွဲ့၍ မိုက်တွင်းနက်နေပါလျှင် အင်အားသုံး၍ ချေမှုန်းရန် ဘဘုရားရှင်ကိုယ်တော်တိုင် ခွင့်ပြုခဲ့သည်ကို တွေ့ရှိရပေသည်။ အခါတစ်ပါး၌ ကီဋာဂီရိဂိုဏ်းသာ ရဟန်းများသည် ကုလဒူသကအနေသန မျိုးစုံဖြင့် သာသနာကို ဖျက်စီးလျက်ရှိရာ မြတ်စွာဘုရားက အရှင်သာရိပုတြာနှင့် အရှင်မောဂ္ဂလာန် တို့ကိုခေါ်၍ “ချစ်သားတို့၊ ကီဋာဂီရိဇနပုဒ်ကို သွားကြ၊ သာသနာ့ရန်ဆူးရန်ငြောင့်တို့ကိုမောင်းထုတ်ကြ” ဟု စေခိုင်းတော် မူပါသည်။ ထိုအခါ အရှင်သာရိပုတြာက “စဏ္ဍာ တေ ဘိက္ခူ ဖရုသာ- မြတ်စွာဘုရား၊ အဲဒီရဟန်းတွေဟာ ခက်ထန်ကြမ်းကြုတ်လှပါတယ်ဘုရား၊ ဘယ်လိုပုံမျိုးဖြင့် နှင်ထုတ်ရပါမလဲ ဘုရား” ဟု လျှောက်တော်မူပါသည်။ ထိုအခါ မြတ်စွာဘုရားက “တေန ဟိ တုမှေ သာရိပုတြာ ဗဟုကေဟိ ဘိက္ခူဟိ သဒ္ဓိ ံ ဂစ္ဆထ- ဒါဆိုရင် ရဟန်းများစွာ ခေါ်သွား အင်အားသုံးပြီး နှင်ထုတ်ကြ” ဟု နည်းပေးခွင့်ပြုတော်မူခဲ့ပါသည်။ အဂ္ဂသာဝက နှစ်ပါးလည်း ရဟန်းများစွာ ခေါ်သွားကာ သာသနာ့ရန်ဆူးရန်ငြောင့်တို့ကို အပြီးတိုင် ခုတ်ထွင်ရှင်းလင်း သုတ်သင်တော်မူခဲ့ပေသည်။ ဤဝတ္ထုကို သာဓက ပြုလျှင် အဓမ္မဝါဒီတို့ အားကောင်းပါက အင်အားသုံး၍ ချေမှုန်းသည့် အစဉ်လာသည် မြတ်စွာဘုရားလက်ထက်ကတည်းက ရှိခဲ့သည်ဆိုတာကို သဘောပေါက်ရပေမည်။ ဆက်၍ ဆိုဦအံ့ မြတ်စွာဘုရား၏ သာသနာတော်မည်သည်ကား ခိုင်ခံ့သော ဥပဒေဖြင့် တည်ဆောက်ထားသည့် ဓမ္မဝိနယ နိုင်ငံတော်ဖြစ်သည်။ သို့ဖြစ်၍ ခရီးသွားဟန်လွဲသဘောမျိုးဖြင့် သွားရင်းလာရင်း သင့်ရောက်လေ့ရှိသော အပြစ်များဆိုလျှင် တစ်ပါးနှင့်တပါး အပြန်အလှန် တောင်းပန်ခြင်းဖြင့် ကုစားရသည်။ ထို့ထက်ကြီးမားသော ပြစ်မှု့ကို ကျူးလွန်မိလျှင် သံဃာတော်များ ခွင့်လွတ်နိုင် သည်အထိ ပရိဝါသ်ဆောက်တည်ပြီး ကုစားရသည်။ အကြီးမားဆုံး ဥပဒေကို မျက်ကွယ်ပြုလာလျှင်မူကား လူဝတ်လဲတန် လဲ၍လည်းကောင်း၊ လူချွတ်တန် ချွတ်၍လည်းကောင်း အပြစ်ပေး နှိပ်ကွပ်ရပေသည်။ ဤကား ဝိနည်းဥပဒေကို ချိုးဖောက်လာပါက နှိပ်ကွပ်ပုံ နှိပ်ကွပ်နည်းကို ပြဆိုခြင်း ဖြစ်ပါ၏။ ဓမ္မဥပဒေကို ချိုးဖောက်လာပါက ရောက်ရာအရပ်၊ ကြားရာအရပ်မှ မရပ်မနားပဲ အပြေးသွား၍ ဆုံးမရသည်။ ဆုံးမမရက နှိပ်ကွပ်ရသည်။ အရှက်ရအောင် မျက်နှာမဖော်နိုင်အောင် ခေါင်းမထောင်နိုင်အောင် ဝိုင်းဝန်းနှိမ်နှင်းရသည်။ နောင်အခါ ဤကဲ့သို့ အဓမ္မဝါဒီများ မပေါ်ပေါက်ရအောင် ချက်ခြင်းလက်ငင်း ဦးချိုးနှိပ်ကွပ်ရသည်။ မြတ်စွာဘုရားသည် ဥပဒေဖြင့် တည်ဆောက်ထားသော ဓမ္မနိုင်ငံတော်၌ ဓမ္မဥပဒေ ကို ချိုးဖောက်သူကို တွေ့ရှိလာလျှင် ကိုယ်တော်တိုင်နှိပ်ကွပ်ရုံသာမက သူ၏ သာဝကများ ကိုလည်း နှိပ်ကွပ်စေခဲ့သည်။ ယုတ်စွအဆုံး အနာထပိဏ်သူဌေးကြီးက တိတ္ထိဂိုဏ်းဆရာ ကြီးများနှင့် တရားဆွေးနွေးရင်း တိတ္ထိဂိုဏ်းဆရာကြီးများ မဖြေနိုင်အောင် ပြဿနာများ မေး၍ နှိပ်ကွပ်သည်ကိုပင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တော်မူခဲ့ပေသည်။ ထို့ကြောင့် အသင်းနှင့် ပတ်သက်၍ ဝေဖန်သူများသို့ ပြောကြားလိုပါသည်။ လောကဥပဒေကိုသာ နားလည်ပြီး ဓမ္မဥပဒေကို နားမလည်ဘဲ ဆရာကြီးလေသံမျိုးဖြင့် အရှက်မရှိ စီဘောက်မှာ လာရောက်ပြောဆိုမနေပါနဲ့ ဝေဖန်နိုင်စွမ်းရှိလျှင် ပို့စ်ရဲ့ အောက်မှာ နာမည်တပ်၍ တရားဝင်ဆွေးနွေးနိုင်သည်။ တခုတော့ သိထားရပေမည် လောက ဘက်မှ ရပ်တည်၍ ဓမ္မကို မျက်ကွယ်ပြုသူများ မဖြစ်ဖို့ အရေးကြိးပေသည်။ လောက ဘက်မှ ရပ်တည်၍ ဓမ္မကို မျက်ကွယ်ပြုသူများဆိုသည်မှာ အရှက်မရှိသူ၊ သိက္ခာမဲ့သူ၊ အတ္တဆန်သူ၊ ဓမ္မကို တန်ဖိုးမထားသူ၊ တစ်ဘ၀ တစ်နပ်စာကိုသာ မက်မောသူ၊ မျိုးမစစ်သူ၊ အများမျက်နှာသာကြည့်၍ ဘုရားမျက်နှာ မကြည့်သူများကို ဆိုလိုပါသည်။ ကျမ်းကိုး ကျမ်းကားနှင့် အထောက်ထားပြကာ လက်ခံနိုင်အောင် ဆွေးနွေးမယ်ဆိုရင် အချိန်မရွေး ဖိတ်ခေါ်သည်။ ဤ ဓမ္မဥပဒေ ပြန်ပွါးရေး အသင်းချုပ် သည် မြတ်ဗုဒ္ဓ သာဓုခေါ်မည့် အလုပ်မျိုးကို လုပ်နေမည့် ဘုရားရှင်၏ တပည့်သား သံဃာများ နှင့် ဥပသကာ များဖြစ်၏။ မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်က ဓမ္မစေတီ ဦးကောသလ္လ ဆူနာမီ စသည်တို့ကဲ့ အဓမ္မဝါဒီမျိုးများ ပေါပေါက်ခဲ့ဘူးပေသည်။ ထိုကဲ့သို့ အဓမ္မဝါဒီမျိုးပေါ်ပေါက်လာလျှင် မြတ်စွာဘုရားကိုယ်တော်တိုင် ခေါင်းမဖော်နိုင်အောင် မျက်နှာမပြဝံ့လောက်အောင်၊ အရှက်ရအောင် နှိပ်ကွပ်တော်မူခဲ့ပေသည်။ ကေဝဋ္ဋ၏သား သာတိရဟန်းကို ဤနည်းဖြင့် နှိပ်ကွပ်ပြလိုက်ခြင်းမှာ “ချစ်သားတို့၊ အနာဂတ် သာသနာ၌ ဒီလို မိစ္ဆာကောင်တွေ ပေါ်ပေါက်လာလျှင် ဒီလို ပြောင်ပြောင်တင်းတင်း နှိမ်နှင်းကြ” ဟု လမ်းဖွင့်ပေးခဲ့ခြင်းပင် ဖြစ်၏။ မိစ္ဆာဝါဒီ နောက်လိုက် လက်ပါးစေတပည့်များသို့ အတိအလင်း ကျေညာလိုက်မည် ပြောင်ပြောင်တင်းတင်း နာမည်တပ်၍ အရေးမခံချင်လျှင် မြတ်စွာဘုရား သာသနာကို ပြောင်ပြောင်တင်းတင်း မစော်ကားကြနဲ့....................... 

အရှင်ဝရသာမိ 
ဓမ္မဥပဒေ ပြန့်ပွါးရေး အသင်းချုပ်

5 comments:

  1. ဆရာတော် ဦးဝရဿာမိ ဘုရား
    ရဟန်းပြုသွားတဲ့ မင်းသားကြီး ဦးကျော်ဟိန်း။ ဆရာချစ်ငယ်(ဒဿန)ဆရာပါရဂူတို့ကရော...ဘာကြောင့် အဓမ္မ ဖြစ်သွားရပြန်တာလဲ သိပါရစေဘုရား...

    ReplyDelete
  2. ဒေါက်တာချစ်ငယ်(ဒဿန) Cloverfield University London ကြီးကိုအားကျတာလားဟင် ။
    စိတ်ဝင်စားစရာလေးဘဲ
    တုံးတယ်ပြောလဲ နာအုံးမယ်
    ရော့ဒါက UK တနိုင်ငံလုံးမှာရှိတဲ့  ယူနီအကုန်စာရင်း
    အဲမှာ သူပြောတဲ့ ယူနီပါမပါကြည့်
    http://www.uniguru.com/studyabroad/uk/universities-colleges/c-list-university.html

    ဟောဒါက Cloverfield uni ဆိုတာ ဘာလဲဆိုတာ သိသူကဖေါ်တဲ့ စာ
    http://translate.google.com/translate?hl=en&sl=de&u=http://www.business-podium.com/boards/doktortitel-professortitel-ehrentitel-diplome-zeugnisse-berufsbezeichnungen-titelfuehrung/5709-wer-kennt-die-cloverfield-university-london.html&ei=3q2kS5jLMZCM0gScjIztCQ&sa=X&oi=translate&ct=result&resnum=3&ved=0CBsQ7gEwAg&prev=/search%3Fq%3Dcloverfield%2Buniversity%26hl%3Den%26client%3Dgmail%26rls%3Dgm
    အင်း
    ကိုတောင်ဗမာပြည်ပြန်လိမ်စားချင်လာဘီ
    ကို့ လူလို အချဉ်တွေ တကယ်ပေါလားဟင်
    သူ့ လို လက်မှတ်တုနဲ့ တောင်မဟုတ်ဘူး
    ယူကေလက်မှတ်အစစ်တွေပြမယ်လေကွာ
    အဲ နေအုံး
    ဒီလိုလုပ်မယ်လေ ။ ကို့ လူ အလံရှူးလုပ်လေ။ ခုလိုဘဲ ။ ဟဖ်ဘိုင်ဟဖ်

    ReplyDelete
  3. ဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒ

    စာရေးဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒသဘောများသည်ကားအထင်အရှားပင် ဆက်တိုက်ကြီးထွားလာကြောင်း တွေ့ရပါသည်။

    ယင်းတို့နှင့် စပ်လျဉ်း၍ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ သတိထားနိုင်စိမ့်သောငှာ

    ဆောင်းပါးရှင်
    ပညာဏကာရီနှင့်
    သောတောဒကတို့က
    ဓမ္မရံသီ၊ ဓမ္မရတနာမဂ္ဂဇင်းတို့တွင်

    သိဒ္ဓတ္ထ၀တ္ထု(ဆောင်းပါးတစ်ပုဒ်)၊

    စိတြလေခါ (ဆောင်းပါးတစ်ပုဒ်)၊

    ဗုဒ္ဓဒိုင်ယာရီ (ဆောင်းပါးလေးပုဒ်)၊

    နိဗ္ဗာန်ဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊

    ကံဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊

    ဒိဗျာဝတ္ထု(ဆောင်းပါးတစ်ပုဒ်)တို့ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း တွေ့သိရပါသည်။

    ဆရာပါရဂူ၏ ၀တ္ထုကြီးများတွင် ရုပ်ဝါဒလည်း လွှမ်းမိုး၍ ဟိန္ဒူဝါဒ (အတ္တ-အတ္တမာ)လည်း လွှမ်းမိုးနေလေရာ ဗုဒ္ဓဘာသာလာ ကံနှင့်ကံ၏အကျိုးသဘောတို့နှင့် မညီပုံတို့ကို ဇောင်းပေးတင်ပြထားကြောင်း သိရပါသည်။


    ဦးကျော်ဟိန်း၏ ဖြစ်လာတော့မည့် အဓမ္မ၀ါဒ
    ပစ္စုပ္ပန်ကမ္မ၀ါဒီတို့သည်ဘုရားဟောဒေသနာတို့ကို ယူ၍ ဗုဒ္ဓဘာသာဝင်တို့အား လှည့်စားဖျက်ဆီးနေကြသကဲ့သို့ ဗုဒ္ဓဘာသာယောင်ဆောင်လျက် ဗုဒ္ဓတရားယောင်ဖြင့် မိမိ၏၀ါဒသစ်ကို ထူထောင်စပြုနေသည့် ပုဂ္ဂိုလ်၊
    အကြောင်းအရာတစ်ခုလည်း ယခုအခါတွင် စတင်ဖြစ်ပေါ်နေကြောင်း သိရပါသည်။
    ယင်းပုဂ္ဂိုလ်သည်ကား ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းပင်ဖြစ်ပါသည်။
    ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းနှင့် ပတ်သက်၍
    ဆောင်းပါးရှင်ဒေါက်တာခင်ဇော်လွင်(သုခချမ်းသာ)က
    ‘ဦးကျော်(သို့မဟုတ်)အ၀ိဇ္ဇာလောင်းရိပ်အောက်ကလူ’
    ဆောင်းပါးကို
    ဓမ္မရံသီမဂ္ဂဇင်းတွင်
    ‘လောင်းရိပ်အောက်က ထွက်ခဲ့ပါ’ အမည်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

    (မေတ္တာတံခွန်အသင်းက မူရင်းဆောင်းပါးကို ထေရ၀ါဒဓမ္မဒါနအဖြစ် ဖတ်ရှုလိုသူများကို ဒါနပြုပါသည်။)

    ထို့ပြင် မေတ္တာတံခွန်အသင်းက ဦးကျော်ဟိန်းဝါဒနှင့်ပတ်သက်၍
    စစ်ကိုင်းခင်မကန်ဆရာတော် အရှင်ခေမိန္ဒထံသို့ သွားရောက်လျှောက်ထားခဲ့ရာ ဆရာတော်က စာရေး၍ ဖြေကြားပေးသည့်အပြင် တရားပွဲများတွင်လည်း
    ‘သာသနာပြုမှာလား၊
    သာသနာဖျက်မှာလား’ အမည်ဖြင့် လှည့်လည်ဟောပြောပေးခဲ့ပါသည်။

    ချစ်ငယ်(ဒဿန)(ဗုဒ္ဓစာပေဆု)၏ အဓမ္မ၀ါဒ

    ယင်းဂိုဏ်း၏ဌာနချုပ်မှာ အမရပူရမြို့ဟောင်းတွင် တည်ရှိပါသည်။

    ၎င်းတို့သည် နိဗ္ဗာန်၊ ရဟန္တာ၊ ၀ိပဿနာစသည်ဖြင့် နာမည်ကြီးကြီး စာလုံးကြီးကြီးများ တွင်တွင်သုံးလျက် သူတို့သည်သာလျှင်

    မြန်မာပြည်သာသနာတော်ကြီး၏ ဂုဏ်ဆောင် အရိယာ ဆရာ၊ တပည့်များဖြစ်ကြောင်း တွင်တွင်ကြီး ကြေညာနေကြပါသည်။

    သို့ရာတွင် ဆရာက မည်သူမည်ဝါဟူ၍ပင် ဖော်ထုတ်နိုင်ခြင်းမရှိကြချေ။

    အဘယ့်ကြောင့်နည်းဟူမူ အကြောင်းအခိုင်အမာရှိပါသည်။

    ၎င်းတို့၏ စာအုပ်များကို အကြောင်းညီညွတ်သောအခါတွင် ကြည့်ရှုသုံးသပ်ကြလိမ့်မည်သာ ဖြစ်ပါသည်။ ဆောင်းပါးတစ်ပုဒ်မျှကိုမူ ၂၀၀၇ ခုနှစ်၊ သြဂုတ်လထုတ်၊ ဓမ္မရံသီမဂ္ဂဇင်းတွင် ပြည်သူများ သတိထားနိုင်ကြရန် အမြည်းသဘောအဖြစ် တင်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

    ချစ်ငယ်(ဒဿန)သည် ၂၀၀၈ ခုနှစ်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV-4 မှနေ၍ ဗုဒ္ဓစာပေဆိုင်ရာများကို ဟောပြောပြသသည်အထိ အောင်မြင်ပေါက်မြောက်ခဲ့ပါသည်။

    (ယခုအခါ ယင်းအစီအစဉ်များကို ထုတ်လွှင့်ခြင်းကို မတွေ့ရတော့ပေ။)

    အင်တာနက်စာမျက်နှာများပေါ်တွင်လည်း
    ချစ်ငယ် ဘယ်လို သာသနာဖျက်လဲ ဆိုတာ လေ့လာလို့ ရနိုင်ပါသည်။

    ReplyDelete
  4. "ယခု ဓမ္မစေတီ ဦးကောသလ္လ

    အရှင်ဝရသာမိဆရာတော်ဘုရား..
    ဓမ္မစေတီဆရာတော်က..အကျိုးစီးပွားမဲ့ခြင်းငှာ တရားဟောနေတယ်ဆို..ယခုကာလ အရပ်ရပ်အနယ်နယ်က သူတွေက..ဘာလို့နာနေကြမှာလဲ..ဘုရား.အခုဆိုရင် ဆ၇ာတော်တရားများကို ပညာတတ်အသိုင်းအ၀ိုင်းကရော.လူကြီးလူငယ်မရွေး နာလျက်ရှိနေကြပါတယ်..တော်တော်များများ သူဟောတဲ့ တရားကြောင့် ထေရ၀ါဒကို လူငယ်တွေနားလည်လာကြတယ်.ကိုးကွယ်မှုမှန်လာတယ်.
    ဆရာတော်ဟာလည်း နိုင်ငံတော်သာသနာရေးဝန်ကြီးဌာနအသိအမှတ်ပြု ကျမ်းကိုလည်း ရေးပြီး..M.A (Buddhism) ဘွဲ့ တွေကို ရရှိပြီးသူမဟုတ်လား ဘုရား..
    အ၇ှင်ဝရသာမိပြောသလို အဓမ္မကို ဓမ္မလို ဟောနေတယ်..လူအကျိုးစီးပွားမဲ့ကြောင်း ဟောနေပါတယ်ဆိုရင်..
    ဓမ္မစေတီဆရာတော်ကို ဘယ်အဖွဲ့အစည်း က အသိအမှတ်ပြုပါ့မလဲ..ဘုရား..ပြီးတော့မကြာသေးမီကမှ မဟာသံဃနာယက အစည်းအဝေးကြီး ပြိးသွားတယ်မဟုတ်လား..ဘုရား
    ဆရာတော် ဓမ္မစေတိနဲ့ ပက်သက်ပြီး.အရင်လိုပဲ.ဘာမှပြောင်းလဲမသွားတာတွေ့ရပါတယ်.
    ဆရာတော်ဟာလည်း တရားပွဲတွေ ပိုပြိးဟောလာရတာကို တွေ့ရပါတယ် ဘုရား..

    ”လူအများစီးပွါးချမ်းသာမဲ့ခြင်း” ငှာ ဟောနေပါတယ်လို့ ပြောတာက..
    လွန်နေသလားလို့ပါ..ဘုရား.

    ReplyDelete
  5. "ဗုဒ္ဓဘာသာဝင်များအတွက်စေတမန်"လို့'Google'မှာရိုက်ပြီးဝင်ဖတ်စေလိုပါတယ်..ကူညီကြပါအုံးဗျာ..ဗုဒ္ဓဘာသာတော်တော်မိုက်ရိုင်းစော်ကားထားတယ်ဗျာ..

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညှနျကွားလှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories