တခါက ရှင်ဥပဂုတ်ဖေါင် မဏ္ဍပ်တခု၌ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပရန် လော်စပီကာဖြင့် အလှုခံပါ၏။ ထိုပောာပြောအလှုခံသူ ပုဂ္ဂိုလ်တဦးက လော်စပီကာမှ ( လိုသည်ထက်ပိုသော ) ကျယ်လောင်မှုဖြင့် ပောာပြောရာတွင် '' ကျွန်တော်တို့၏ ရှင်ကြီးဂေါတမသည်ပင် ပဋ္ဌာန်းကျမ်းကြီးကို ရွတ်ဖတ်လိုက်တော့မှ ရောင်ဖြည်တော်ခြောက်ဖြာ ကွန့်မြူးခဲ့ရပါသည် ''ပာု ပောာပြောသံကြားရပါ၏။ မှားလေစွတကား။ ဘုရားမြတ်စွာသည် ပဋ္ဌာန်းဒေသနာတော်ကို အနုလုံ ၊ ပဋိလုံ ဆင်ခြင်သုံးသပ်တော်မူခြင်း...
Home » Archives for 2010/09 - 2010/10
September 26, 2010
ဘုရားလည်း ပဋ္ဌာန်းရွတ်သည်ဆိုခြင်း
သျှင်သာမိ - မုံရွာ | 12:28 AM | ဝေဖန်ရေး 2 Comments so far
Read more ...
ဘုရားကိုမှားသည်ပာု စွပ်စွဲခြင်း
သျှင်သာမိ - မုံရွာ | 12:17 AM | ဝေဖန်ရေး 5 Comments so farတစ်ခါက အသင်းတစ်ခု၏ ဆွေးနွေးပွဲ၌ အသင်းလူကြီးတဦးက ပောာပြောဆွေးနွေးရာတွင် '' လူဆိုသည်မှာ အမှားနှင့်မကင်းတတ်ကြပါ။ ထို့ကြောင့် ကျွန်တော်တို့လဲ အမှားနှင့်မကင်းကြပါ။ ဘုရားရှင်တောင် အမှားလုပ်ခဲ့တဲ့ သာဓကရှိပါသေးတယ်။ ဘုရားရှင်သည် မှားယွင်းသော ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် မှားယွင်းကျင့်ခဲ့ကြောင်း ထင်ရှားပါတယ် '' ပာု အာဘောင်အာရင်းသန်သန်နှင့် ပောာပြောဆွေးနွေးပါ၏။မှားလေစွတကား ။ ။မှားယွင်းသော ဒုက္ကရစရိယာအကျင့်ကို...
September 22, 2010
ဗြာဟ္မဏကမ္မဝါဒနှင့် ဗုဒ္ခကမ္မဝါဒ ခြားနားချက်
တိပိဋက | 6:52 PM | လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ Be the first to comment!ဗြာဟ္မဏကမ္မဝါဒနှင့် ဗုဒ္ခကမ္မဝါဒ ခြားနားချက် စုဒိတက သခင်မြတ်ဆိုင်က ''ယခုလက်ရှိ ဘာသာဆိုသည်မှာကား ဗုဒ္ဓဟော ဗြာဟ္မဏဟော ဝေဒဟော အဟောသုံးမျိုး စုပေါင်းကာ အားလုံး ပိဋကတ်တွင် ပါဝင်နေသော အဆိုအမိန့်များ ဖြစ်ပါသည်၊ သံသရာလည်စေတတ်သော တရားများဖြင့် ရှုပ်ထွေးနေပါသည် ဘုရား၊ ထို့ကြောင့် ဘာသာဟူသော အယူကို လက်မခံပါ''ဟူ၍ ချေပဖြေရှင်းထားသည်၊ ဗြာဟ္မဏဟော ဝေဒဟောဟု စကား၂-လုံး ထပ်၍ ဆိုသဖြင့် သခင်မြတ်ဆိုင်သည် ဗြာဟ္မဏတို့၏ (Vedic System) ဝေဒကျမ်းဂန်လာ သဘောတရား အစီအစဉ်ကို...
အာဏာစက် ဓမ္မစက်ဆိုတာ ဘာတွေကိုခေါ်တာလဲ
Dr Phyo Wai Kyaw | 8:32 AM | အာဏာစက်ဓမ္မစက် 1 Comment so far
င်္သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်းမှ - http://www.thamameggin.blogspot.com/
ဒကာ။ ။ အာဏာစက်ပါမှ သာသနာတော်ကို ပြုလို့လွယ်ကူတယ်၊ ဓမ္မစက်သက်သက်နဲ့ဆိုရင် သာသနာပြုလို့ခက်တယ်၊ တိုးတက်စည်ပင်မှု မလျင်မြန်နိုင်ဘူးလို့ ဟောပြောနေကြတာ အာဏာစက်နဲ့ ဓမ္မစက်တို့ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါဆရာတော်။
ဆရာ။ ။ (၁) ဓမ္မစက် ဆိုတာက မြတ်စွာဘုရားရှင်တို့ရဲ့ လက်သုံးတော်၊ တပည့်သာဝကတို့ရဲ့ ခံယူချက် လက်သုံးတော်ဖြစ်တဲ့ မေတ္တာနဲ့ ခန္တီတရားများ...
September 17, 2010
ဗုဒ္ဓဝါဒ မျက်နှာဖုံးဖြင့် ရုပ်ဝါဒီသမားများ
တိပိဋက | 4:53 AM | လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ Be the first to comment!ကမ္ပဿ ကာရကော နတ္ထိ၊ ဝိပါကဿ စ ဝေဒကော။သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝေတံ သမ္မဒဿနံ။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာလာ ဂါထာကို ရုပ်ဝါဒနှင့် ညီအောင် လိုသလိုဆွဲယူထားပြီး ''ပြုလုပ်သူ ကာရကသည် ရုပ်တုံး ရုပ်ခဲ၊ ခံစားသူဝေဒကလည်း ရုပ်သဘာဝပင်''ဟူသော ရုပ်တရားကို အတ္တဟုယူရာရောက်သဖြင့် အတ္တဒိဋ္ဌိသာ ဖြစ်ရကား အဓမ္မဝါဒသာ ဖြစ်ပါသည် ဘုရား၊ ဟု စောဒကဆရာတော်များက ဦးဥက္ကဋ္ဌသည် ရုပ်ဝါဒီများ ဖြစ်ပုံကို စွဲချက်တင်ထားကြသည်။ဗုဒ္ဓဝါဒ နာမ်ရုပ် နာမ်သဘောတရားနှင့် ကင်း၍ရုပ်ချည်းသက်သက်ဖြင့် ပြုလုပ်ခြင်း...
September 12, 2010
သတ္တ၀ါတို့၏ ၃၁- ဘုံ
အရှင်ကောဝိဒ (ယော) | 8:18 PM | သတ္တ၀ါတို့၏ ၃၁- ဘုံ Be the first to comment!(သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ တန်ခူးလ္ဆန်း ၃-ရက်နေ့ည၊ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ကံမြင့်ကျောင်းတိုက် ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ညဦးယံ ဓမ္မသဘင်ဝယ် ဟောကြားအပ်သော သတ္တ၀ါတို့၏ ၃၁-ဘုံအကြောင်း တရားဒေသနာတော်။) `သတ္တ၀ါတို့ရဲ့ ၃၁-ဘုံ၊ သတ္တ၀ါတွေ မျိုးစုံရှိတဲ့ ၃၁-ဘုံအကြောင်း၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ထိုထိုကျမ်းဂန်တွေမှာ ပါရှိတယ်။ အဘိဓမ္မာမှာသာ...
September 11, 2010
ဗုဒ္ဓဘာသာသည် ဘိန်းနှင့်တူသလား
တိပိဋက | 10:07 AM | လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ Be the first to comment!''ဒီနေ့ ဗုဒ္ဓဘာသာဆိုတဲ့ လူစားတွေမှာ ဘိန်းနှင့် ဘိန်းစားတွေလိုဖြစ်နေပြီကိုး၊ . . . အခုလည်း ဒို့ လူတွေမှာ ဘိန်းစွဲနေတဲ့ ဘိန်းစားတွေ ဘိန်းဖြတ်ခိုင်းသလို ဖြစ်နေပြီ၊ ဟို ကွန်မြူနစ်များက ဘာသာဟာ ဘိန်းပဲလို့ ပြောတာ သေသေချာချာ တွေးတော့ ဒီနေရာမှာ တကယ်မှန်တာကိုး ဒကာကြီးရဲ့''ဟု ဦးဥက္ကဋ္ဌကိုယ်တိုင်- ပြောဟောခဲ့ရာ တရားတော်ကို ရိုသေလေးစား၍ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေခြင်းကို ဦးဥက္ကဋ္ဌက အစွဲဥပါဒါန်ဟူ၍လည်းကောင်း ဗုဒ္ဓဘာသာဝင်တို့အား ဘိန်းစားများနှင့်...
Subscribe to:
Posts (Atom)
Search
About
သာသနာနှစ် ၂၅၅၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်)နေ့ (၃ အောက်တိုဘာ ၂၀၀၉) တွင် တစ်သီးပုဂ္ဂလ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ၊ အဓမ္မဝါဒ ဖော်ထုတ်- တားဆီး-ဖယ်ရှားရေးအဖွဲ့၊ ဓမ္မရံသီ နှင့် ဓမ္မရတနာ ဓမ္မကလောင်ရှင်များ အဖွဲ့၊ မြတ်ပန်းရဂုံ ဓမ္မကလောင်ရှင်များ အဖွဲ့၊ သဒ္ဓါဓိက လူငယ်အဖွဲ့၊ မေတ္တာတံခွန် အသင်းတို့ ပူးပေါင်း၍ ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်(၄ရက် အောက်တိုဘာ ၂၀၀၉)တွင် အသင်းချုပ်၏ နာယကအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ တို့ကို ရွေးချယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
(သတင်းနှင့် ပြန်ကြားရေး - အရှင်ဝရသာမိ)
(သတင်းနှင့် ပြန်ကြားရေး - အရှင်ဝရသာမိ)
တည်ထောင်ရသည့်အကြောင်း
အဓမ္မဝါဒဟောင်းများ၊ အဓမ္မဝါဒသစ်များနှင့် စပ်လျဉ်း၍ တစ်ဦးချင်း၊ တစ်ယောက်ချင်း အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲလှစွာသော အဓမ္မဝါဒဖော်ထုတ်၊ တားဆီး၊ ဖယ်ရှားရေးကိစ္စ အဆင့်ဆင့်တို့ကို တူညီသောအသင်း၊ အဖွဲ့၊ ပုဂ္ဂိုလ်များက တာဝန်ယူ၍ ကျွမ်းကျင်သူများဖြင့် ဖြစ်မြောက်အောင် ဆောင်ရွက်ပေး လိုခြင်းတို့ကြောင့် တည်ထောင်ရခြင်း ဖြစ်သည်။
ဖတ်ရန်
-အရှင်ဝရသာမိ
ဓမ္မဥပဒေပြန့်ပွားရေး အသင်းချုပ်
Blogger news
ဓမ္မဥပဒေပြန့်ပွားရေး အသင်းချုပ်တွင် အသင်းဝင်လိုလျင် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ဗိုလ်တစ်ထောင်ဘုရားရှိ မေတ္တာတံခွန်အသင်း တည်နေရာတွင် အတွင်းရေးမှူး ကိုလပြည့်ဇင် ထံ၌ Form ဖြည့်၍ အသင်း ဝင်နိုင်ပါသည်။