February 19, 2010

နောက်ဆုံးပေါ် တရားအားထုတ်နည်း အမေးပုစ္ဆာ (ဦးကောဝိဒ-မြိတ်)

Dr Phyo Wai Kyaw | 11:23 AM | | | 3 Comments so far
The hand that signed the paperImage by thorvaala via Flickr


@@ နော်ဝေနိုင်ငံတွင် နောက်ဆုံးပေါ် တရားရှုမှတ်နည်းတစ်ခု အတွက် မှန် - မမှန်ဆိုတဲ့ စတုတ္ထအမေးပြဿနာ…….@@

မေး။ ။ ယခင်ဖြစ်ခဲ့သည့် တရားများ၊ ယခုဖြစ်ဆဲ တရားများ၊ နောင်ဖြစ်လတ္တံ့သော တရားများဟာ (ဘာမျှ မဟုတ်ဘူး)ဟု ရှုမှတ်ရမည်၊ လောကရှိရှိသမျှ အရာအားလုံးဟာ (ဘာမှမဟုတ်ဘူး)၊ ဖြစ်ပေါ်သမျှ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို (ဘာမှမဟုတ်ဘူး) လို့ ရှုရတဲ့ တရားအားထုတ်နည်းနှင့် တရားရှုမှတ်နေကြတာကို အရှင်ဘုရားအနေနဲ့ ဖြစ်နိုင်ရင် မှားသလား/မှန်သလားဆိုတာကို ဖြေရှင်းပေး စေလိုပါတယ် ။ ထိုတရားရှုနည်းကို ကြားခဲ့သည်မှာ သိပ်မကြာလှသေးတဲ့အတွက် နောက်ဆုံးပေါ် latest နည်းတစ်ခု ဖြစ်နိုင်ပါကြောင်း ယူဆမိပါ တယ်။


ဖြေ။ ။ ထိုနည်းကို သူမလောက်သာပြောတာ မဟုတ်သေး၊ အင်္ဂလန်က ဓမ္မမိတ်ဆွေ ဆရာဝန်ကြီး တစ်ယောက်ကလည်း အွန်လိုင်း(0nline) ပေါ်ကနေ နောက်ဆုံးပေါ် တရားနည်းကို ပြောခဲ့ဖူးပါတယ်။

“အရှင်ဘုရား... ဒီဆိုက်မှာ ဖတ်ကြည့်ပါဘုရား”

လို့ဆိုကာ စာရေးသူအား (.....) ဘလော့ဂ်လင့်ခ်တစ်ခု ပေးလိုက်ပါ သေးတယ်။

ထိုတရားအားထုတ်နည်း သာမဟုတ်၊ အခြားနည်းအမျိုးမျိုးတို့အား ဤနည်းကတော့အမှား၊ ဤနည်းကတော့အမှန် လို့ဆုံးဖြတ်ရန် ခက်ခဲလှပါတယ်။ ဒါပေမယ့် ဘယ်တရားအားထုတ်နည်းဖြစ်စေ အမှန်/အမှား ဖြေရှင်းရာ၌ (မှတ်ကျောက်တင် ခံနိုင်ဖို့ရာ) ပုံသေနည်း (နိယာမ)တစ်ခုတော့ ရှိရပါမယ်။

ထိုပုံသေနည်းကား တစ်ခြားမဟုတ် ဘုရားရှင်၏ သတိပဋ္ဌာန်နည်း မူသေစည်းပင်ဖြစ်ပါတယ်။ လောကတွင် တရားနည်းလမ်းများ အမျိုးမျိုးအထွေထွေ ရှိကြပါတယ်၊ ထိုနည်းလမ်းများ၏ အမှား/အမှန် ကို တိုင်းတာချင်တယ်ဆိုရင် သတိပဋ္ဌာန်လေးပါး ပေတံနှင့်သာ တိုင်းတာရပါ့မယ်။

ဘာ့ကြောင့်လဲဆိုရင် သတိပဋ္ဌာနသုတ်တော်တွင် (ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ) ကိလေသာ အညစ်အကြေး ကင်းစင်ဖို့ရာ တစ်ခုတည်းသော လမ်းသည် သတိပဋ္ဌာန်ဟု ဟောထားပါတယ်။

ထို့အပြင် (ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိဓမ္မံ အနမသိတွာ မဂ္ဂါဒိဂမောနာမ နတ္ထိ) ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ သတိပဋ္ဌာန် လေးပါးအနက် တစ်ပါးပါးကို မရှုမှတ်မသုံးသပ်ဘူးဆိုပါက မဂ်ဖိုလ်ကို ရသည် မရှိပါ.. လို့ စာပေအလာ ရှိတဲ့အတွက် သတိပဋ္ဌာန် ပါတဲ့ တရားနည်းလမ်းများသာလျှင် အမှန်ဖြစ်နိုင်ပါတယ် လို့ ယူဆမိပါတယ်။

သတိပဋ္ဌာနသုတ်တော်တွင် ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း (သွားသည် ဟူ၍) အပြားအားဖြင့် သိရမယ်လို့ ဆိုထားပါတယ်၊ သွားလျှင် ဘာမျှမဟုတ်ဘူး၊ ဟုဟောကြားထားတာမဟုတ်ပါ၊ သည်လိုဆိုလျှင် ဘုရားရှင် ဟောထားတဲ့ (ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ) ကို (ဂစ္ဆန္တောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်။

(နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိ)ထိုင်လျှင်လည်း (ထိုင်တယ်ဟူ၍) အပြားအားဖြင့် သိရမယ်၊ ( ထိုင်လျှင် ဘာမျှမဟုတ်) ဟူ၍ သိရမည်ဟု မဟောကြားခဲ့ပါ၊ ဘုရားရှင်ဟောတော်မူခဲ့တဲ့(နိသိန္တောဝါ နိသိန္နောမီတိ ပဇာနာတိ) ကို (နိသိန္နောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်၊

သည်လိုတော့ မဖြစ်နိုင်ပါ၊ ဒါဖြင့် ဘုရားနည်းလမ်းမှ သွေဖီနေတဲ့ ထိုတရားနည်းလမ်းကို အမှန်လို့ ယူဆ၍ မရနိုင်တော့ပါ။

နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် ကာလက ဖြစ်ခဲ့ပေမယ့် ယခုအချိန်အထိ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို ပိုလို့လည်း နုတ်ပယ်စရာမလိုသလို လိုနေ၍လည်း ထပ်ဖြည့်စရာမလိုပါ၊ တရားတော်က အရှိကိုအရှိအတိုင်း သိမြင်ရမယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးဖြစ်တယ်၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမယ်လို့ ဟောထားသောကြောင့် ရိုးရိုးလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ ဖြစ်ပါတယ်။

ထို့ကြောင့် လောကတွင် ဘာမျှမရှိ၊ ဘာမျှမဟုတ် ဟူသော တရားနည်းလမ်းသည် သဘာဝမကျသော နည်းလမ်းတစ်ခုဟု ယူဆရပါကြောင်းဖြေကြား ပေးလိုက်ရပါတော့ သတည်း။ ။

ဦးကောဝိဒ(မြိတ်)
Read more ...

February 18, 2010

စူနာမီဆရာတော်၊ မိမိနှင့် ဆရာတုတ်ကြီးဆေး, ကြော်ငြာ(ဒေါက်တာတင့်ဦး)

Dr Phyo Wai Kyaw | 9:03 PM | | 14 Comments so far
Sunset_From my archiveImage by fmc.nikon.d40 via Flickr
၂၀၀၅နှင့် ၂၀၀၆ ကြားဟု ထင်ပါသည်။ မိမိ အွန်လိုင်းလောက နှင့် စပတ်သက်မိသည်က စရမည် ထင်သည်။ ထိုစဉ်က ပလန်းနက် ဖိုရမ် တွင် လူသေလူဖြစ် ဦးဥက္ကဋ္ဌ အနွယ်တွေနှင့် ဦးဥာဏအနွယ်တွေ လှုပ်ရှားနေသည်ကို ဖတ်မိရာမှ မိမိမှာ စာရေးချင်စိတ် ပေါ်လာသည်။

သို့သော် ဗမာလို မရိုက်တတ်သည်က တကြောင်း၊ နောက် ပလန်းနက်က ရီဂျစ်စတာ မလုပ်ဘဲ၊ ဒီအတိုင်း ၀င်ဖတ်ရနေတာက တကြောင်းကြောင့် စာမရေးဖြစ်ခဲ့။

နောက် ပလန်းနက်အပျက် ပဒုမ္မာ ပေါ်လာတော့ ရီဂျစ်စတာ လုပ်ရသည့် တူတူ မထူးပါဘူးဆိုပြီး အင်္ဂလိပ်လို စရေးခဲ့သည် ။

မူလ မိမိလေ့လာခဲ့သော ပဋ္ဌာန်းနှင့် ပါဠိတော်အပြင် ထိုအချိန်က နာပြီးဖြစ်သော မိုးကုတ် တရားတော် ၅၀၀၊ www.accesstoinsight.org တို့ အားကိုးနှင့် မိမိ သဘောပေါက်သလောက် တရားတော်များကို စရေးဖြစ်ခြင်းပင် ။

ဦးဥက္ကဋ္ဌ အနွယ်များနှင့် ဦးဥာဏအနွယ်များ ပဒုမ္မာမှာ လှုပ်ရှားနေချိန်မို့  သတိတော့ ထားရပေသည် ။ ထိုအချိန်မှာပင် ကိုကစ်ကားက သူနာနေသော ဘုန်းကြီးတစ်ပါး ရှိသည်ဟု စသတင်းပေးကာ လင့်များပို့လာသည် ။ မိမိကလည်း မိမိနာလျက်စ တရားနှင့် ဖတ်လျက်စ စာနှင့်ပင် မအားသောကြောင့် အေးအေး ဟုပြောပြီး သူပေးသမျှ လင့်များကို ခပ်အေးအေးဘဲ ဖျက်ချနေလိုက်သည်။

ထိုသို့နေရာမှ ၂၀၀၇ ဒီဇင်ဘာတ၀ိုက်ကျမှ ပဒုမ္မာ မိုးကုတ်တရားတော်များ တော့ပစ်တွင် အမေး-ခရစ်ယာန်၊ အဖြေ- အမှန်တရား(စူနာမီဆရာတော်) ဆိုပြီး လာတင်တော့သည် ။ ဒီတော့မှ မဖြစ်ချေဘူးဆိုပြီး သူဟောတာတွေ သွားနားထောင်ရသည့် ဘ၀သို့ ရောက်ရလေတော့သည်။

ခရီးရောက်မဆိုက်ပင် "ဘာမှမဟုတ်ဘူး" ဆိုသည့်တရားနှင့် တည့်တည့် တိုးတော့သည်။ "ကဲ ဘာမှ မဟုတ်တော့ဘူး" ဆိုတော့ ခက်တော့ ခက်သားလား။ သူ့ အခြေအနေကို နည်းနည်း လေ့လာကြည့်တော့ လောက (၃)ပါး၊ (၃၁)ဘုံ ရှိရှိသမျှ ပညတ်တွေဆိုပြီး ပယ်။ သီလ၀ိနည်းကို ပညတ်ဆိုပယ်။ တိပိဋ္ဋကနှင့် တကွ ဘုရားဟော သုတ္တန်တွေကို ပုံပြင်ပါဆိုပြီးပယ်။ အဘိဓမ္မာကို မလိုပါဘူးဆိုပြီးပယ်။

ဒီလိုနဲ့ ဗုဒ္ဓဘာသာ ဘာမှမကျန်တော့တဲ့ ဘ၀ ရောက်ပါလေရော

ဒါကြောင့်

သူ့တရား (ဆိုသည်ကို ) မိမိနှင့်ရင်းသော ကျောင်းထိုင်တစ်ပါး နှင့် စာချဆရာတော် တစ်ပါးတို့ ကို လူကိုယ်တိုင်ပြပြီး လည်းကောင်း၊ ဦးကောဝိဒ (မြိတ်)ကို အွန်လိုင်းမှ တဆင့်လည်းကောင်း မေးပါသည်။ "အခြေအနေ မကောင်းကြောင်းနှင့် အမှားတွေသာ ဖြစ်ကြောင်း" အဖြေရပါသည် ။ သို့ သော် ကိုကစ်ကား မျက်နှာ ရှိနေ၍ သေချာအောင် လုပ်ရန် ဆုံးဖြတ်မိပါသည် ။

ဒါနဲ့  မိမိက မေးလ်နှင့် မေးကြည့်ပါသည်။



ပထမအချက်မှာ

"တရားထိုင်ရာတွင် မြတ်စွာဘုရားက ကူထိုင်ပေးသည်ဟု မရှိ ။ ကျွတ်တမ်းဝင်လိုသူက တရားနာပြီး မိမိဘာသာ အေးရာတွင် တရားထိုင်ရပါသည် ။ ယခုဆရာတော်က တရားကူထိုင်ပေးရသည်ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား"



သူ့ အဖြေမှာ

"မြတ်စွာဘုရား ရတာမရတာ ဘုန်းကြီးမသိ ။ ဘုန်းကြီးကတော့ရတယ်" တဲ့။

ဒုတိယအချက်မှာ မြတ်စွာဘုရား ကိုယ်တိုင်လည်း မိမိအနာကို ဆရာဇီဝက အကုသခံသကဲ့သို့ ၀ိနည်းဒေသနာ တော်တွင်လည်း

"လူနာကို ဆေးမကုရဟု" တင်းကြပ် ထားပါသည်။

"အရှင်ဘုရား ဆေးလိုက်ကုနေတာ၊ နောက်ပြီး ဆေးကုလို့ အကုန်ပျောက်တယ် ဆိုတာ ဖြစ်နိုင် ဖြစ်သင့်ပါသလား။"

သူ့ အဖြေမှာ

"မြတ်စွာဘုရား ရတာမရတာ ဘုန်းကြီးမသိ။ ဘုန်းကြီးကတော့ ရတယ်" ဟူ၏။


တတိယအချက်မှာ

"ပဋ္ဋိစ္စသမုပ္ပါဒ်နှင့် လွဲချော်ပြီး ဖြစ်ချင်စိတ်ကြောင့် သတ္တ၀ါဖြစ်တာဘဲ အတိုချုံးထားခြင်းကိုမေးရာ"

"ပဋ္ဋိစ္စသမုပ္ပါဒ်နှင့် တရားတော်တွေက ပညတ်တွေပါ ။ အရေးမကြီးပါ"တဲ့။

ထိုသို့ မေးလျှောက်နေချိန်တွင် သူ့ တရား ၂ပုဒ်ကို အင်္ဂလိပ်ပြန်ပေးပါဟု ခိုင်းလာပါသည်။ ပထမတပုဒ်ကို တော်အောင်ကြည့်ပြီး ဘာသာပြန် ပေးလိုက်သော်လည်း နောက်အပုဒ်တွင် မိဘမရှိ၊ သားသမီးမရှိ၊ ဘာမှမဟုတ်ဘူးလို့ မှတ်ပါဟု ပါလာပါသည်။

ထိုအခါ မိမိကလျှောက်ပါသည် ။

"ထိုတရားအတိုင်း ဟောပါလျှင် ကျိန်းသေ အပါယ်ကျမှာ ဖြစ်ပါသည်။ မိမိ မပြန်ပေးနိုင်ပါ"ဟု လျှောက်သောအခါ "အပါယ်လဲ ဘာမှမဟုတ်ဘူးလို့ မှတ်"ဟု အဖြေပြန်လာပါသည်။

ထို့ ကြောင့် မိမိလည်း ဆက်လက် အဆက်အသွယ် မပြုတော့ဘဲ အေးအေးနေလိုက်ပါသည် ။ သို့ သော် July 2008 ကျတော့ ပဒုမ္မာတွင် တစ်ခါထပ်ပြီး ထပ်ကျော့ ကြော်ငြာဝင်လာပြန်ပါသည် ။

စားရိတ်ငြိမ်းဖြတ်လမ်း စူနာမီ တရားစခန်း ဆိုပြီး လုပ်လာပြန်သောကြောင့် မလွှဲသာသည်နှင့် မိမိက july 2008 စာကို သူ့ ဆိုက်တွင်ရော ပဒုမ္မာမှာရော တင်ပြီး မိမိနှင့် သက်ဆိုင်သူများကို သတိပေးရပါကြောင်း။ ( ထိုကာလအတွင်း ဦးကောဝိဒမြိတ်ထံမှလဲ ဆောင်းပါး ၃ပုဒ်ချီးမြှင့် ခဲ့ပါသည် )

July 2008 တွင် မိမိရေးသည့် စာကို ထပ်ဆင့်ဖော်ပြပေး လိုက်မည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အားလုံးသော ဓမ္မမိတ်ဆွေများ ခင်ဗျား

ဒီစာကို အလေးအနက်ပြုပြီးဖတ်စေလိုပါတယ် ။ ဒီစာကိုကျွန်တော်ရေးတာမှာ လွဲမှားနေတာကို မြင်စေလိုတဲ့  စေတနာသာရှိပါတယ် ။ ဒီစာဟာ ဦးပဉ္စင်းအောင်အောင်ခေါ် စူနာမီဆရာတော်ခေါ် ဦးဥတ္တမသာရအပေါ်မှာ ပုဂ္ဂိုလ်ရေး မလိုမုန်းထားစိတ် လုံးဝကင်းစင်ပြီး ရေးတယ်ဆိုတာ သစ္စာအတန်တန်ပြုအပ်ပါတယ် ။

မြတ်ဘုရားက ဆရာလုပ်လိုသူသည်

၁)ပိဋ္ဋက ၃ပုံအလုံးစုံကို ခြောက်ခြားမွှေနှောက်နိုင်လျက် မိမိကိုယ်တိုင်လဲ တတ်ပွန် သူတပါးကိုလဲ သင်ကြားနိုင်ရမည် ။

၂)တရားတော်တို့ ကိုလဲ စနစ်မှန်စွာ ဆရာကောင်းထံ ချဉ်းကပ်နိုင်ရမည် ။

ထို ၂ချက်စုံမှသာ ဆရာလုပ်လော့ဟု ပြတ်သားစွာ သတ်မှတ်ပေးထားပါသည် ။ (လောဟိတသုတ္တန်။ ဒီဃနိကယ် ရှု )

နောက်တဖန် ၁၀၀ါမတိုင်မီ ဥပ္ပဇ္ဈာယ်နှင့်မကင်းရာဟု ၀ိနည်းတွင် သေချာစွာညွှန်ကြားထားပါသည်။

နောက်တဖန် အင်္ဂုတ္ထိုရ်ပါဠိ၌ ငါဘုရား မဟောသည်ကို ဟောလေဟန် ၊ငါဘုရားဟောသည်ကို မဟောဟန် ပြုခြင်းသည် ငါဘုရားကို စွပ်စွဲခြင်းမည်သည် ဟု ဆိုထားပါသည် ။ ထိုကြောင့် ထိုစံများနှင့်တိုက်လျှင် ဤဘုန်းကြီးသည် စံမမီသည်ကို သိစေလိုပါသည် ။


အကျင့်သီလကိုစီစစ်ခြင်း
သံဃာ၏ ဂုဏ်သည် သံဃအဖွဲ့ အစည်းကို မဆန့် ကျင်ခြင်းဖြစ်ပါသည် ။ မိမိထက် ၀ါကြီးသော သံဃာ၏ အဆုံးအမ၌ တည်ရပါသည် ။မိုးကုတ်ဆရာတော်ဘုရားသည်ပင် မိမိ၏ နောင်တော် သံဃာတို့ ၏ အဆုံးအမ၌ တည်ပါသည်။ ယခု ဤကိုယ်တော်သည် သံဃမဟာနာယက၏ အဆုံးအမကိုပင် ပစ်ပယ်ထားသည်ဖြစ်ရာ သံဃာဂုဏ်ညှိုးနေပါသည် ။

လေ့ကျင့်မှုကို စီစစ်ခြင်း
မြတ်စွာဘုရားမှစ၍ ဆရာစဉ်ဆက် ကမ္မဋ္ဌာန်းပေးရာတွင် တ၇ားနာပြီးနောက် တော်ရာတွင်မိမိဘာသာ ကျင့်ရပါသည် ။ မြတ်ဗုဒ္ဓ ကိုယ်တိုင်လဲ တရားကူမထိုင်ပေးပါ။ မိမိဘာသာသာ ကျင့်ရပါသည် ။ ကမ္မဋ္ဌာန်းထိုင်ခိုက် နောက်က လိုက်ပြောနေခြင်းသည် Brain wash သာဖြစ်ပါသည် ။

မြတ်စွာဘုရားမှစ၍ သံဃာစဉ်ဆက်သည် ဆေးကုခွင့်မရှိပါ ။ ဆေးသမားဖြစ်ခဲ့သော သံဃာသည်ပင် သံဃာဖြစ်ပြီးနောက် ဆေးကုခွင့် မရှိပါ ။ ဆေးကုလျှင် အာပတ်သို့ သင့်ရောက်ပါသည် ။ ယခု ဤဘုန်းကြီး လူနာအိမ်ဆေးရုံလိုက်ပြီး ရောဂါကုသယောင် ပြုနေခြင်းသည်ကား ဆိုဖွယ်ရာမရှိတော့ပေ ။

ဟောသော စကားတို့ ကိုစီစစ်ခြင်း

သူဟောသောစကားတို့ ကိုစီစစ်လိုက်သောအခါ အားလုံးသော တရားတော်အနှစ်တို့ ကိုပစ်ပယ်၍ ဗုဒ္ဓဘာသာ၏ အခြေခံမျှသာ ဖြစ်သော ကမ္မသမ္မာဒိဋ္ဌိ ၊ ၀ိပဿနာ သမ္မာဒိဋ္ဌိ၊ ဈာနသမာဒိဋ္ဌိ၊ မဂ္ဂသမာဒိဋ္ဌိ၊ ဖလသမာဒိဋ္ဌိ ၊ ပစ္စဝေက္ခဏ သမာဒိဋ္ဌိတို့ ကို ပြက်ရယ်ပြုသကဲ့သို့ ..ဘာမှမဟုတ်၊ ဘာမှမရှိတာ တရားဟု ဟောကြားကာ အတိုချုပ်နေပါသည် ။

ဘာမှမဟုတ် ဘာမမှမရှိဆိုလိုက်ခြင်းသည် စင်စစ် နတ္တိက အယူ ၊ အဟေတုကအယူသာဖြစ်ပါသည် ။ စင်စစ် ပရမတ္ထ သစ္စာ ၄ပါးဖြစ်သော ရုပ် စိတ်စေတသိက်နှင့် နိဗ္ဗာန်တို့ သည် သူ့သဘောသူဆောင်၍ ရှိနေသော အရှိတရားများသာ ဖြစ်ပါသည် ။ သာမန်ပုထုဇဉ်သည် ရုပ်စိတ်စေတသိက်၌်သာ ဥာဏ်ဝင်စားနိုင်ပါသည်။ အရှိတရားဖြစ်သော နိဗ္ဗာန်ကို ပြင်းစွာသော လုံ့ လဖြင့် သီလ၊သမာဓိ၊ပညာဖြင့် ဆောက်တည်အပ်သော မဂ်ဥာဏ်ဖြင့်သာ မျက်မှောက်ပြုနိုင်ပါသည် ။ ၃၁ ဘုံကို ဘာမှမဟုတ် ဘာမှမရှိဟု ငြင်းပယ်လိုက်ခြင်းသည် ပြင်းစွာသော ၀ိဘ၀တဏှာ ကိုသာ ဖြစ်စေ၍ နိဗ္ဗာန်နှင့်မူ အ၀ိစိနှင့် ဘ၀ဂ်မက ကွာလှပေသည် ။

ကြော်ငြာခြင်းကိုစီစစ်ခြင်း

ပထမအချက်မှာ ဆရာတော်များက မကြော်ငြာပါ။ အခမဲ့ တရားထိုင်လို့ ရသည်ဆိုသောအဆိုကိုစီိစစ်သော် ဗမာပြည်တွင်သာမက ကမ္ဘာ ဘယ် ၀ိပသနာ ဋ္ဌာနတွင်မှ အခပေးရရိုးထုံးစံမရှိပါ။ နောက်တဖန်တရားရတယ်၊ ရောဂါတွေ ပျောက်တယ်၊ဆရာတော်ဟာ တပည့်တော်အတွက် ဘုရားပါဘဲ ဆိုသောစာများ တိတ်များကို စီစစ်လိုက်သောအခါ မဂ္ဂဇင်းများတွင် ပါတတ်သော ဆရာ တုတ်ကြီး ဆေးကြောင့် ကျွန်တော့ဖင်က ခွေးဂရင်ဂျီနာ အမြစ်ပြတ်ပါသည် ဆိုသော ကြော်ငြာများနှင့် တူနေပါသည် ။ ထိုကိစ္စမှာ ထိန်းချုပ်မှုမရှိသော လိုင်စင်မဲ့  သူများသာပြုရဲသောကိစ္စဖြစ်ပါသည် ။ သာမန် ဆရာဝန်ပင်လျှင်ထို သို့ တင်လျှင် လိုင်စင်ဖြုတ်နိုင်ပါသည် ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး အတွက်မူ ဆိုဖွယ်ရာမရှိပါ။

အထက်ပါအချက်များကိုထောက်၍ စူနာမီဆရာတော် ဦးဥတ္တမသာရ ခေါ် ဦးအောင်အောင်သည် တကယ်တရားရလိုသော ပရိသတ်အဘို့  အာရတီပါပါ ၀ီရတိပါပါ အထူးသဖြင့် ဝေးစွာ ရှောင်ကြဉ်အပ်ကြောင်းနှင့် တကယ်တရားရလိုပါမူ အစဉ်အဆက် ခိုင်မာပြီးဖြစ်သေ ၀ိပဿနာ တရားစခန်းများသို့  ချဉ်းကပ်သင့်ကြောင်း အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

All Dhamma friends
Please read this letter carefully. I swear solemnly that I have no personal Grudge against this MONK .

Critical analysis of quality of a teacher

Lord Buddha said

(1)a teacher should have learnt all tipitaka and .

(2)also practically learnt from a LIVING teacher .Only that person can be a trainer in Vipassana .(About Lohita , Digha nikaya )

And then , in vinaya ,there is an instruction :

" A monk should not stay away his teacher until 10 years of monkhood."

In Angutthora Pali,it was stated that preaching what I have not taught and Ignoring what I have taught means accusing Me . Therefore , this monk is wanting all prerequisites of a teacher .

Critical analysis of Sila

The prime quality of sangha is not practising against the guidance of Sangha . Even Mogoke sayadaw follow the guidance of sangha .This monk is continuing preaching against guidance of sangha . That means he is lacking the prime quality of sangha.

Critical analysis of practice from the beginning of sasana

Everybody needs to practise on his/her own after being guided by teacher . Nobody could have helped with practice . Only technique that is using "voice over " is Brain wash by communist China .According to vinaya , Sangha is not allowed to practise medicine . Even a monk who was an ex doctor is not allowed to treat patients .

Therefore , it is against vinaya that this monk is flitting in and out of hospitals and patients' houses . Critical analysis of his preachings In analysis of preachings . It can be easily seen that this chap is ignorant of even the basics of Buddhism namely " Knowledge of Kamma , knowledge of vipassana, knowledge of Jana, Knowledge of Magga, knowledge of Phala and knowledge of retrospection ".His preaching is just saying "everything is NOTHING ","All is NOTHIG " If you critically analyse this preaching ,then it is quite clear that it is in the domain of Nattika and Aheitukkha.In reality , the 4 real truths namely physical states , Citta , Cetathica and Nibbanna are really existing laws with their own characteristics .

The unenlightened ones can only see physical body, citta and cetathica.Realization of Nibbana need a lot of practice with Sila ,samadi and panna . No short cut to it. By denying existance of Beings , Actually this chap is developing Lust of nonexistance ( vibavha tanna ) which is opposite of Nibanna.


Critical analysis of his adverts

Very first point is real monks never advertise. Advert of free service is also superfluous as not a single centre in this world charge Yogis. And then that adverts fall in the domain of quacks . Even a doctor do such act , he would be stopped from practising immediately . It is clearly so unethical. According to all these facts , it is clear this chap is far far away from Buddhhism and if you want to practise real Vipassana , please go to real vipassana centres .

July 2008
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@




ဒေါက်တာတင့်ဦး

Reblog this post [with Zemanta]
Read more ...

ဖြစ်ရပ်ကထူးဆန်းပါသတဲ့ (ဦးကောဝိဒ-မြိတ်)

Dr Phyo Wai Kyaw | 6:46 AM | | 3 Comments so far
WICKED WITCH Pictures, Images and Photos

တစ်နေ့ စာရေးသူ၏ ကျောင်းပေါ်သို့ လူလတ်ပိုင်း၊ လူကြီးပိုင်း ရောနှောနေသည့် အမျိုးသမီး တစ်သိုက် ရောက်လာကာ စာရေးသူအား ဦးချ ကန်တော့ပါသည်။ သူတို့အနက် အမျိုးသမီးတစ်ဦးက “အရှင်ဘုရား……..ဒီရိပ်သာမှာ နေတာ ကြာပြီလားဘုရား” ဟု စကားစလာရာ စာရေးသူက “ဟုတ်ပါတယ်ဒကာမကြီး” ဟု အထိုက်အလျောက် ပြန်ဖြေခဲ့သည်၊ တဖန်--

“အရှင်ဘုရားက ဒီမှာသီတင်းသုံးတာ ကြာပြီဆိုတော့ တရားအားထုတ်တာလည်း အတော်ခရီးရောက် နေပြီးလားဘုရား”

“ဒီလောက်လည်း မဟုတ်ရသေးပါဘူး ဒကာမကြီး” ဟု ရိုးသားစွာပြန်ဖြေမိပါသည်၊ ထို့နောက်ဆက်ပြောသည်မှာ

“ဒီလိုဆို အရှင်ဘုရားဟာ….တရားအားထုတ်တာ ကြာပြီဆိုတော့ အကြားအမြင်များ ရနေလောက်ပါပြီနော်”…… တဲ့။

သူ့စကားကြားရသည်မှာ စာရေးသူ အလွန်ပင် တုန်လှုပ် သွားခဲ့ပေသည်။ သူတို့ရဲ့ တရားအားထုတ်ခြင်းရဲ့ ရည်ရွယ်သူတို့ ဆန္ဒက အကြားအမြင်ရလျှင် သူတို့ရဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောခိုင်းမှာ ဖြစ်သည်။ အကြံကြီးကြပါပေ့……..။

ထိုအကြောင်းကို သဘောပေါက်လိုက်သော စာရေးသူက ဖြတ်လမ်းက လိုက်ချင်ကြသော လူတစ်သိုက်အတွက် နောင်တွင်လည်း အသိတရားရစေရန် ရည်ရွယ်လျှက် --စာရေးသူ ပြောဖြစ်သွားသည့် စကားတစ်ခုကတော့……

“မှန်ပါတယ်၊ ဘုန်းကြီး အကြားအမြင်ရတယ် ဆိုတာ ဟုတ်ပါတယ်” ဟုပြောလိုက်သောအခါ ထိုအမျိုးသမီးများ၏ မျက်နှာများသည် မှိုရသည့်နှယ် ပြုံပျော်ရွှင်နေကြပေသည်၊ သူတို့သိချင်သည် ဆိုသည့် အကြောင်းအရာများကို မေးရတော့မည်ကိုး ……… သို့နှင့် စာရေးသူက

“တစ်ခြားတော့ မထင်လိုက်ပါနဲ့ ဘုန်းကြီး အကြားအမြင်ရတယ် ဆိုတာက တစ်ခြားမဟုတ်ပါဘူး၊ အခု ဒကာမကြီးတို့ ဘယ်နှစ်ယောက် လာတယ် အ၀တ်အစားကဘာအရောင်လို့ မြင်တာ၊ ပီးတော့ ဒကာကြီးတို့ပြောတာတွေ အတိုင်းသား ကြားနေရတာတွေဟာ ဘုန်းကြီးရဲ့ အကြားအမြင်ပဲ"

ဟု ပြောလိုက်သောအခါ ထိုအမျီုးသမီးတစ်သိုက်သည် ထင်သည့်အတိုင်း မဖြစ်လာသည့် အတွက် စိတ်ဆိုးကာ ထွက်ခွာသွားခဲ့ ပါတော့သည်။ ဤကား လူများသည် အကြားအမြင်နောက်ကို ဖြတ်လမ်းက လိုက်ချင်နေကြပုံ ဖြစ်သည်။ ဤ၌ ပြောလိုသည်ကား ထိုအကြောင်းမဟုတ်ပေ။

အွန်လိုင်းပေါ်က မဟုတ်မဟတ် လုပ်ဇာတ်တစ်ခုအကြောင်းကို အဓိကထားပြောလိုပါသည်။

တစ်နေ့ အွန်လိုင်းပေါ်တွင် ဒကာကြီးဦးတင့်နှင့် စာရေးသူတို့ စကားလက်ဆုံ ပြောဖြစ်ပါသည်၊ ဤတွင်ဦးတင့်က -

“ အရှင်ဘုရားကို တွေ့ရတာ အတော်ပဲဘုရား” ၊

“ဆိုပါဦး………ဦးတင့်”၊

“တပည့်တော် အရှင်ဘုရားကို ပြစရာရှိတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ဆရာတော် ဦးဥတ္တမသာရ ရဲ့ ၀က်ဘ်ဆိုက်မှာ ထူးဆန်းတဲ့ အကြောင်းတစ်ခု ဖတ်လိုက်ရပါတယ် ဘုရား…….တပည့်တော် အရှင်ဘုရား ဖတ်လို့ရအောင် ကော်ပီကူး ပေးလိုက်ပါ့မယ် ဘုရား” ဟုဆိုကာ ကော်ပီးလိုက်တဲ့အတိုင်း လိုရင်းလောက်သာ ဖေါ်ပြပေးလိုက်ပါသည်။

http://realenlightenment.org/experiences/bur.htm

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @@ @
-မသေခင်ကလို ပျော့ပျောင်း နေပါသည်။ သေဆုံးသည့်နေ့မှာပင် တပည့်တော်တို့သား အဖသုံးယောက်သည် ရေလုံအိုးခွဲခြင်း စသည့်မိရိုးဖလာများ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး မီးသင်္ဂြိုဟ် လိုက်ပါသည်၊ မီးသင်္ဂြိုဟ်ပြီး အပြန်တွင် မိုးကုတ်ယောဂီ ဒေါ်အုန်းကြည်ထံ သွားရောက် မေးမြန်းရာ ဒေါ်စောနုသည် သေခါနီးတွင် ပြိတ္တာများ လာခေါ် ကြောင်း တရားသံအတိုင်း ပျက်တယ်လို့ နှလုံးသွင်းလိုက်ရာ ပြိတ္တာများ သေးသေးလေးတွေဖြစ်ပြီး မြေ ကြီးထဲ ၀င်သွားကြောင်း ဆက်ပြီးပျက်တယ်၊

မရှိဘူးဟု နှလုံးသွင်းရာ ယာဉ်ရထားကြီး ပေါ်လာကြောင်း သားသမီးတွေကို တွေးလိုက်တော့ ရထားကြီး ပျောက်သွား ကြောင်း နားကကြားနာနေရသည့် တရားသံအတိုင်း ပေါ်သမျှကို ပျက်တယ်၊ မရှိဘူးဟု ပြန်နှလုံးသွင်း ဖျက်ပစ်လိုက်တော့မှ ရထားကြီးပြန်ပေါ်လာပြီး အပေါ် ရောက်ရောက်ချင်း မိမိ၊ သူ တစ်ပါးခန္ဓာတွေကို ကြည့်လိုက်ရာ ကြားနာနေရသည့် တရား အတိုင်းအပျက်တွေသာ တွေ့ရပြီးနောက် တစ်ခါတည်း တရားထူး ရသွားကြောင်း သုတိသာဘုံတွင် နတ်သမီးဖြစ်သွားကြောင်း၊ ဆရာတော် အရှင်သူမြတ်ကို ကန်တော့ ကြောင်း၊ ကျေးဇူးကြီးမားကြောင်း ပြောသည်ကိုပါသိရသဖြင့် ၀မ်းနည်းရမည့်အစား ၀မ်းသာရပါသည် ဘုရား။

(ဒေါ်စောနု၏ အမျိုးသားဦးလှမြင့်၊ လက်ထောက် အထွေထွေမန်နေဂျာ(ငြိမ်း)ကုန်သွယ်လယ်ယာ၊ ရန်ကုန်ရုံးချုပ်)က ရေးသားပေးသောစာ ဖြစ် ပါသည်။

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @@ @

ထိုစာပုဒ်ထဲတွင် ဒေါ်စောနု၏ သေခါနီး တရားထူးရပြီး တုသိတာနတ်ပြည်တွင် နတ်သမီးဖြစ်နေသည် ဟူသော စကားရပ်တွင် လူတစ်ယောက် တရားထူးရပြီး နတ်ပြည်ရောက်သည့် အကြောင်းကို အကြားအမြင်ရ ဗေဒင်ဆရာမ တစ်ဦးသာဖြစ်သည့် (မိုးကုတ်)ယောဂီ ဒေါ်အုန်းကြည်ဆိုသူက သူ့ရဲ့အကြားအမြင်နဲ့ ပြောကြောင်း ထင်ရှားနေပါသည်။ ထိုအကြောင်းကို သာမာန်လူ မဆိုထားနှင့် အရိယာ ဖြစ်တော်မူကြသည့် သောတာပန်၊ သကဒါဂါမ်၊ အဘိဥာဉ်မရတဲ့ အနာဂါမ်တို့တောင် မသိမမြင်နိုင်သည့် ကိစ္စဖြစ်ပါသည်၊ ထိုသို့ဖြစ်ပါလျှက် ဗေဒင်ယောင်ယောင် နတ်သူငယ်ယောင်ယောင် အကြားအမြင်ရသည်ဆိုသည့် ဒေါ်အုန်းကြည်(ယောဂီ)က ဒေါ်စောနု တရားထူးရပုံ နတ်ပြည်ရောက်ပုံကို သိသတဲ့။ ဆန်းလိုက်ပါဘိ။

လောကတွင် ဆန်းပြားလွန်းလျှင် မရိုးတော့သည်ကို သတိထားသင့်ပေသည်၊ ယခုဖြစ်ရပ်တွင်လည်း ဆန်းပြားနေ၍ မရိုးသားသောအသွင်ကို ဆောင်နေသည်မှာ သဘာဝပဲပေါ့၊

ဤတွင် သူတို့ရဲ့ဇာတ်လမ်းခိုင်မာဖို့အတွက် အကြားအမြင်ရ ဒေါ်အုန်းကြည်မှာ အဓိကဇာတ်ဆောင် ဖြစ်နေချေသည်၊ ဘာကြောင့်တုန်းဆိုရင် သူပြောမှ ထူးဆန်းသည့်ဖြစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်၊ သည်အကြောင်းနှင့်ပတ်သက် ၍ သမာန်လူများတောင် မမြင်နိင်သည့် ကိစ္စကို ဒေါ်အုန်းကြည်က သိသည်ဆိုလျှင် ဒေါ်အုန်းကြည်သည် ဧကန္တ ရဟန္တာ ဖြစ်နေလောက်သည်မှာ သေချာနေသည်၊ ရဟန္တာဖြစ်လျှင် လူဘ၀တွင် အကြာကြီးမနေနိုင် အလွန်ဆုံး ခုနှစ်ရက်ပဲနေနိုင်သည်၊ ထိုသို့ဆိုလျှင် ဒေါ်အုန်းကြည်၏ ရဟန္တာဖြစ်မှုသည် ထူးဆန်းနေ၍ မရိုးသားတော့သည်မှာ သေချာနေပေသည်။

ဤဖြစ်ရပ်သည် အမှန်စင်စစ် သူတို့ ရဟန္တာတစ်မျှ ကြည်ညိုနေသည့် ဦးဥတ္တမသာရအား သူ့တပည့်များက မြောက်ပေးချင်သည် (အရောင်တင်ပေးချင်ကြသည်)မှာ မဆန်းပါဘူး။ အမှန်စင်စင့် တပည့်မှားလျှင် ဆရာကပြင်ပေးရမှာ ဖြစ်သည်၊ သို့သော် ဆရာသမားကိုယ်၌က သူ့ရဲ့ဝါဒကို ကြည့်ပါဦး၊ လောကကြီးမှာ ဘာမှမရှိဘူး၊ဘာမှမဟုတ်ဘူး ဆိုတဲ့ဝါဒ ဖြစ် ပါသတဲ့…….၊ ထိုဝါဒသည်အစတွင် အကြောင်းအရာမှန်သမျှ ပျက်ရသည်ချည်းပါ ဆိုတာကတော့မှန်ပါတယ် ၊သို့သော် ထိုဆရာတော်သည် ပျက်ရာကနေ နောက် ဘာမှမရှိဘူးဆိုသည့် (နတ္ထိက)၀ါဒဖြစ်လာသည်ကို သတိထားမိဟန်မတူပေ။

တွေးမိသည်မှာ လောကကြီးတွင် ဘာမှမဟုတ်ဘူးဆိုလျှင် လောကကြီးတောင်မှ ဖြစ်လာနိုင်စရာမရှိပေ။ ဘာမှမဟုတ်ဘူး ဆိုမှတော့ ထိုဆရာတော်ဟာလည်း ဘာမှမဟုတ်ဘူးဆိုတဲ့ နယ်ထဲကနေ မွေးလာခြင်းဖြစ်မည်၊ ထို့ကြောင့် ထိုဆရာတော် ဟာလည်း ဘာမှမဟုတ်ဘူးဆိုတာ အထက်ပါ ဖြစ်ရပ်ဖြင့် သက်သေပြနေပေသည်။

ထိုဆရာတော်သည် ရဟန္တာတစ်မျှ ဖြစ်နေသည်ဟု ပြောဆိုသော်လည်း သူ့ရဲ့ဝက်ဆိုက်တွင် အကြားအမြင်ဗေဒင်ဆရာက လူများ တရားထူးရတာ သိတဲ့အကြောင်းကို ဖေါ်ပြထားခြင်းဖြင့် ထိုဆရာတော်ရဲ့ အဆင့်အတန်း သည်လည်း ဘာမှမဟုတ်သေးသည်ကို စာဖတ်သူများ ခန့်မှန်းမိကြပေလိမ့်မည်။

နောက်ဆုံးပြောလိုသည်မှာ

လောကမှာ ယုံကြည်တိုင်းသောအရာများသည် အမှန်တရားများဟု မဆိုနိုင်ပါ။

သို့သော် အမှန်တရားတိုင်း ကိုတော့ လက်ခံ ယုံကြည်ရမည် ဖြစ်ကြောင်း ရေးသားလိုက်ရ ပါတော့သတည်း။ ။

ဦးကောဝိဒ(မြိတ်)Saturday, June 28, 2008
Read more ...

February 17, 2010

ဘာသာပြန်အလွဲများ (အရှင်ကောဝိဒ-ယော)

Dr Phyo Wai Kyaw | 9:38 AM | | | Be the first to comment!

Cloister, Glasgow UniversityImage by _skynet via Flickr

၁.၁၀.၂၀၀၈-နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးနှင့် တစ်ခုတည်းသော အဘိဓမ္မာ တက္ကသိုလ်ကြီး ကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်တွင်းပြည်ပမှ အဘိဓမ္မာ လေ့လာ သင်ယူလိုသူများအတွက် အဘိဓမ္မာ မူရင်းကျမ်း ကြီးများကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးသွားမည် ဖြစ်ပါသည်။

၎. ၁၀. ၂၀၀၈- နေ့တွင် ၄င်းတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသသည် ဖွင့်ပွဲအထိမ်းအမှတ် အထူးတရားပွဲ အဖြစ် ` ဘ၀နှင့် ဘ၀နိရောဓ တရားတော်´ ကို ဟောကြားတော် မူပါသည်။ ၄င်းတရားတော်မှ မိမိတို့ သတိပြု ဆင်ခြင်သင့်သော ဆရာတော်၏ ကိုတွေ့ဖြစ်ရပ် ဟောကြားချက်များကို စာဖတ်သူများအား မျှဝေလိုပါသည်။ ဒီနေရာမှာ ( Interpretation problem) ပေါ့။ ဗုဒ္ဓရဲ့ သာသနာတော်မှာလည်းပဲ တရားနဲ့ပတ်သက်ပြီးတော့ အငြင်းပွားမှုတွေ ပေါ်လာတာရှိတယ်။ ဘုန်ကြီးတို့ ဂျာမနီသွားတော့ မြူးနစ်မှာ ဗုဒ္ဓဘာသာကို လေ့လာနေတဲ့ အုပ်စုတစ်စု ရှိတယ်။ အဲဒီအုပ်စုကို ဘုန်းကြီးတစ်ပါးက ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီးတော့ ဘာဟောထားသလဲ ဆိုတော့ `ပဋိစ္စသမုပ္ပါဒ်ဟာ အတိတ်၊ အနာဂတ်၊ ပစ္စပ္ပါန်ဆိုတဲ့ ဘ၀သုံးခုကို ရှင်းပြတဲ့ ဒေသနာ မဟုတ်ဘူး။ ပဋိစ္စသမုပ္ပါဒ်ဟာ ဒီဘ၀နဲ့သာဆိုင်တယ်။ အတိတ်နဲ့လဲ မဆိုင်ဘူး၊ အနာဂတ်နဲ့လဲ မဆိုင်ဘူး။´ လို့ ဘုန်းကြီးတစ်ပါးက ဟောထားတယ်။ ဗမာဘုန်းကြီးတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက ဘုန်းကြီးတစ်ပါးပါ။ အဲဒီဘုန်းကြီးရဲ့ တပည့်တွေပေါ့။ သူတို့က ပဋိစ္စသမုပ္ပါဒ်ဟာ အတိတ်မပါဘူးလို့ ယူဆကြတယ်။ သို့သော် ပဋိစ္စသမုပ္ပါဒ်ဆိုတာဟာ သံသရာကို ရှင်းပြတာ ဖြစ်တာကြောင့် ပစ္စုပ္ပန်ဘ၀ တစ်ခုတည်းဆိုရင် သံသရာ မဖြစ်တော့ဘူး။ ပစ္စုပ္ပန်ဘ၀ တစ်ခုတည်းဆိုရင် အကြောင်းတရားလဲ ပြတ်နေတော့မှာပေါ့။ အဲဒါကြောင့်မို့လို့ ဘုန်ကြီးတို့ ထေရ၀ါဒ ယူဆချက်၊ ထေရ၀ါဒ တရားတော်တွေ အရဆိုလို့ရှိရင် စတုသင်္ခေပ- လေးပုံ ပုံပြီးတော့ ဟောထားသာ။ ပဋိစ္စသမုပ္ပါဒ်ဟာ အလွှာလေးထပ်၊ အပိုင်းလေးပိုင်း ရှိတယ်။ ပထမပိုင်းက အတိတ် အကြောင်းကို ဟောတယ်။ ဒုတိယပိုင်းက ပစ္စပ္ပန် အကျိုး တရားကို၊ တတိယပိုင်းက ပစ္စပ္ပန် အကြောင်းတရားကို၊ စတုတ္ထပိုင်းက အနာဂတ် အကျိုးတရားကို ဟောတယ်။ ဒီလိုအပိုင်း လေးပိုင်းနဲ့ သုံဘ၀ကိုရှင်းပြတဲ့၊ သံသရာကို ရှင်းပြတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာကို ( Interpretation) လုပ်ပြီးတော့ `ပဋိစ္စသမုပ္ပါဒ် ဒေသနာဟာ အတိတ်နဲ့လဲ မဆိုင်ဘူး၊ အနာဂတ်နဲ့ လဲမဆိုင်ဘူး၊ ပစ္စပ္ပန်သာလို့´ ဒီလိုဟောပြောမှုတွေဟာ အခုအချိန်ခါမှာ ပေါ်နေတယ်။ ဒီလိုပေါ်ရတာ ဘာကြောင့် ပေါ်လာရသတုံးဆိုတော့ ဗုဒ္ဓရဲ့ စာပေကျမ်းဂန်နဲ့ ပတ်သက်ပြီးတော့ ကျေကျညက်ညက် လေ့လာခြင်း မရှိလို့- လို့ ဒီလိုပြောရမယ်။ ကျကျနနသင်ဖို့၊ နားလည်အောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

နောက်ပိုင်းမှာ ဒီလိုပြဿနာတွေ မြောက်မြားစွာ တက်လိမ့်မယ်။ အခုဆိုရင် ပိုဆိုးတယ်။ အင်တာနက်တွေ၊ ၀တ်ဘ်ဆိုက်တွေ ပေါ်လာတဲ့ အခါကျတော့ ဟိုလူကလဲ ဗုဒ္ဓဇင်းဆိုပြီးတော့ ကောက်တင်လိုက်၊ ဒီလူကလဲ ဗုဒ္ဓဇင်းဆိုပြီး ကောက်တင်လိုက်နဲ့။ ပြီးတော့ ဗုဒ္ဓဇင်း မဟုတ်ဘူး၊ ကိုယ့်ရဲ့အတွေးအခေါ်တွေချည်းပဲ။

ဒီဗုဒ္ဓဘာသာ ဗုဒ္ဓရဲ့ တရားတော်အစစ်ကို ကြည့်ချင်လို့ရှိရင် ထေရ၀ါဒ ပိဋကတ် မူရင်းပါဠိကိုလေ့လာ၊ မူရင်းကို လေ့လာနိုင်ရမယ်၊ လေ့လာဖို့ ကြိုစားရမယ်။ အဲဒါ မလေ့လာဘဲနဲ့ အပေါ်ယံစာတွေ ဖတ်ပြီတော့ ဗုဒ္ဓဇင်းလို့ ခေါင်းစဉ် တပ်ထားတဲ့ စာအုပ်တွေ ဖတ်ပြီဆိုရင်တော့ မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ တော်တော်ကို များတယ်။

ဇူလိုင်လတုန်းက စင်ကာပူကို သွားပြီးတော့ အဘိဓမ္မာသင်တန်း ပို့ချတော့ ဒကာတစ်ယောက်က အင်တာနက်ကနေပြီး (DOWNLOAD) လုပ်ထားတဲ့ ဆောင်းပါးတစ်ခုကို လာပေးတယ်။ ပေးပြီးတော့ ဆရာတော်တဲ့ အဲဒီအမေး တပည့်တော်ကို ဖြေပေးပါတဲ့။ အဲဒီမှာ အင်တာနက်ထဲမှာ ဘုန်းကြီးတစ်ပါးက ဘာရေးထားသတုံးဆိုတော့ သုတ္တန်တွေကို ကိုးကားပြီးတော့ သူက သောတာပန်မဖြစ်ဘဲနဲ့ သကဒါဂါမ် ဖြစ်လို့ရတယ်တဲ့။ အနာဂါမ်လဲ ကျော်ဖြစ်လို့ရတယ်၊ ရဟန္တာလဲ ကျော်ဖြစ်လို့်ရတယ်တဲ့။ သောတာပန်ဖြစ်စရာ မလိုဘူးတဲ့၊ တစ်ခါထဲတန်းပြီး အနာဂါမ်ဖြစ်လို့ ရတယ်တဲ့။ ဘုရားတရားတော်ကို ဖားခုန်သလို ခုန်လို့ဘယ်လိုလုပ်ရမလဲ။ အဲဒါကို အကိုးအကားရှိရင် ဆရာတော် တပည့်တော်ကို အမိန့်ရှိပါတဲ့။ အဲဒါဖြစ်နိုင်-မဖြစ်နိုင် ဆိုပြီးတော့၊ အဲဒါ အင်တာနက်ထဲမှာ ရှိတယ်။ သူရည်ညွှန်းတဲ့ သုတ်တွေက ဥဂ္ဂသုတ်ကို ရည်ညွှန်းတယ်။ အဲဒီဥဂ္ဂသုတ်က ဒကာက သူပြောတာ သူဟာတဲ့ - သြရမ္ဘာဂိယ သံယောဇဉ် ၅-ပါးကို ပယ်ထားတဲ့ အနာဂါမ်ပုဂ္ဂိုလ်ပါလို့ ပြောတော့ သူ့ကိုသူ အနာဂါမ် တန်းဖြစ်တယ်လို့ သူက ယူဆတယ်။ မဟုတ်ဘူးလေ။ သူ့ ( POSITION) သူပြောတာ ဒါက။ ဒေါက်တာဘွဲ့ရထားတဲ့ လူတစ်ယောက်က သူလေးတန်းအောင်ပါတယ်လို့ ဘယ်ပြောပါ့မလဲ။ အမြင့်ဆုံးဘွဲ့ပဲ ပြောမှာပေါ့ ။ အခုလဲ သူသောတာပန်ဖြစ်တာ ဘယ်ပြောပါ့မလဲ။ သကဒါဂါမ်ဖြစ်တာ ဘယ်ပြောပါ့မလဲ။ သူအခုရောက်နေတဲ့ အဆင့်ကို ပြောမှာပေါ့။ အဲဒါကို( INTERPRET ) လုပ်တဲ့သူက ဘယ်လို ပြောသလဲဆိုတော့။ သောတာပန်၊ သကဒါဂါမ် မဖြစ်ဘဲနဲ့ အနာဂါမ် ဖြစ်လို့ရတယ်ပေါ့ ဒီသုတ်ကို ကြည့်ဆိုပြီးတော့။ အဲဒီလို ပြဿနာမျိုးတွေ ဒီခေတ်မှာ တော်တော်များလာလိမ့်မယ်။
နောက်ပြဿနာတက်စရာ တစ်ခုရှိသေးတယ်။ သြကန္တသံယုတ်ထဲမှာ မြတ်စွာဘုရား ဟောထားတာက POSSIBLE-IMPOSSIBLE ကိုဟောတာ။ ဆိုပါစို့၊ သောတာပတ္တိမဂ်ကျပြီးရင် ဖိုလ်ဟာ DEFINITELY; SURELY။ သူက တစ်ခါတည်း လာမယ်ဆိုတာကို မြတ်စွာဘုရားက ဟောချင်တာ။ ဟောတဲအခါမှာ ဘယ်လိုဟောတုံးလို့ ဆိုလို့ရှိရင် သောတာပတ္တိ မဂ်စိတ်ကျပြီးတဲ့ နောက်မှာတဲ့ ဒီပုဂ္ဂိုလ်ဟာ ဒီကြားထဲ ဘယ်တော့မှ မသေနိုင်ဘူး။ သောတာပတ္တိဖိုလ်မကျဘဲ ဘယ်တော့မှ မသေဘူး ပြောတာ။ အဲဒီတော့ ဘယ်လိုတွေ တွေးတုံးဆိုလို့ရှိရင် ဒီမဂ်စိတ်ကျထားတာ ဟိုးလွန်ခဲ့တဲ့ လေးငါးနှစ်ကတဲက ကျထားတာ။ ဖိုလ်မကျ သေးဘူး။ နောင်လေးငါးဆယ်နှစ်ကြာမှ ဖိုလ်စိတ်ကျမယ် - လို့ ဒီလိုပြောတဲ့ပုဂ္ဂိုလ်က ရှိသေးတယ်။ အဲဒါကိုကြည့်။

မဂ်စိတ်နှင့် ဖိုလ်စိတ်ဆိုတာ ကပ်ပြီးတော့နေတာ။ ချက်ချင်းပဲ အကာလိကော- ဆိုတာ အဲဒါပြောတာ။ ခု မဂ်စိတ်ဖြစ်။ နောက်ကဖိုလ်စိတ် ကပ်ပြီးတော့ ဖြစ်သွားတာ။ ချက်ချင်း အကျိုးပေးတာကို အကာလိကော။ အချိန်မဆိုင်းဘူး၊ မဂ်စိတ်ပြီးတာနဲ့ ဖိုလ်စိတ်က အနန္တရသတ္တိနဲ့ ကျေးဇူးပြုတာ ကြားထဲမှာ ဘာမှမခြားဘူး။ သို့သော် မြန်မာပြည်မှာတောင် တစ်ခါကြားလိုက်သေး တယ်လေ။ သူ သောတာပတ္တိမဂ် ကျနေတာ ကြာပြီတဲ့။ ဖိုလ်မကျသေးလို့ ဆိုင်းနေတာတဲ့။ ဖိုလ်ဘယ်တော့မှ ကျမှာမဟုတ်ဘူး။ အဲဒါမျိုးတွေ။

အဲဒီတော့ အဘိဓမ္မာဟာ ကြိုးစားပြီးတော့ သင်ထိုက်ပါတယ်။ အဘိဓမ္မာ မတတ်ဘူးဆိုလို့ရှိရင် မှားမှားယွင်းယွင်းတွေ မြောက်မြားစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုထိုသုတ္တန် ပါဠိတော်တွေကို သာမန်ကာလျှံကာ အပေါ်ယံကြည့်ပြီးတော့ ဆိုလို့ရှိရင် မှားယွင်းတဲ့ အယူအဆတွေ၊ မှားယွင်းတဲ့ ဘာသာပြန်ဆိုမှုတွေ ဒါမျိုးတွေဟာ သာသနာတော်နောက်ပိုင်းမှာ အန္တရာယ်ကြီးစွာ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။

ဒါ့ကြောင့်မိုလို့ အခုဒီိလို အဘိဓမ္မာမဟာသိပ္ပံ ဖွင့်ပြီးတော့ ဒီအဘိဓမ္မာ တရားတော်ကို မူရင်းကျမ်းကြီးတွေကို ဒီလို လေ့လာရတယ်ဆိုတာ အင်မတန်မှကောင်းတဲ့ အခွင့်အရေးကြီး တစ်ခု၊ တခြားနိုင်ငံတွေတောင်မှ မရနိုင်တဲ့ အခွင့်အရေး ကြီးတစ်ခု၊ အခုမြန်မာပြည်မှာ ပေါ်လာတယ်ဆိုတာ အလွန့်အလွန်ကို ၀မ်းသာစရာကောင်းတဲ့ အချက်တစ်ခုပါ။
သာသနာအဓွန့်ရှည်ဖို့အတွက် လူတိုင်းဟာ အသိဥာဏ်ရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေနဲ့ ပတ်သက်ပြီး မိမိတို့ လက်လှမ်းမမီသေးလို့ရှိရင် သိတဲ့ပုဂ္ဂိုလ်ကို မေးဖို့လိုတယ်။ လေ့လာဖို့၊ ဆွေးနွေးဖို့ လိုသေးတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကိုယ်ထင်ရာ စွတ်လိုက် လို့ရှိရင်တော့ မိစ္ဆာဒိဋ္ဌိ ဖြစ်ဖို့ရာ အင်မတန်မှနီးတယ်။

အထက်ပါ ဆရာတော်၏ ဟောထားချက်များကို စာရေးသူ ထောက်ခံရေးသား လိုပါသေးသည်။ ဆရာတော်၏ ဟောထားချက်များတွင် အဓိက အချက်များမှာ။
(၁) ပဋိစ္စသမုပ္ပါဒ်ကို မှားယွင်းဖွင့်ဆိုမှု၊
(၂)အင်တာနက်တွင် မိမိ၏ ၀ါဒများကို ဗုဒ္ဓ၀ါဒဟု အမည်တတ်ကာ ရေသားမှု၊
(၃) မဂ်ဉာဏ် ဖိုလ်ဉာဏ်များ ခုန်ကျော်၍ဖြစ်မှု၊
(၄) မဂ်စိတ်ဖြစ်ပြီး ကာလကြာမှ ဖိုလ်စိတ်ဖြစ်မှုတို့ ဖြစ်ပါသည်။

၁။ ပဋိစ္စသမုပ္ပါဒ်ကို မှားယွင်းစွာဖွင့်ဆိုမှု။
ပဋိစ္စသမုပ္ပါဒ်ကို တစ်ဘ၀ထဲနှင့်သာ ဆိုင်သော ဒေသနာအဖြစ် ယူဆကြသည်မှာ ယခုခေတ်တွင်မှ မဟုတ်ပါ။ အနောက်တိုင်းသားများ ပါဠိဘာသာကို ရှေးဟောင်းစာပေတစ်ခု အဖြစ်လေ့လာကြကာ ဗုဒ္ဓအကြောင်း၊ ဗုဒ္ဓ၀ါဒအကြောင်းများကို မိမိတို့ ထင်ရာမြင်ရာ အလျင်စလို ကောက်ချက်ဆွဲ ရေးသားကြရာမှ စတင် ဖြစ်ပေါ်ခဲ့သော အယူအဆ ဖြစ်၏။ ဦးအေးမောင်၏ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ စာအုပ်တွင် ဤသို့ပြဆိုထား၏။

…… `` ယခုခေတ် အိန္ဒိယပညာရှင်တစ်ဦးကမူ ပဋိစ္စသမုပ္ပါဒ်သည် လူ့ဘ၀ခရီး၌ ကြုံတွေ့ရသော အဖြစ်အပျက်များကို ဖော်ညွန်းသည် ဆို၏။ သူ၏အလိုအားဖြင့် အ၀ိဇ္ဇာသည် မျက်မှောက်ဘ၀အစ၌ လူ၏မသိမှုဖြစ်၍ ၀ိညာဏသည် ပဋိသန္ဓေ၀ိညာဏ်မဟုတ်ဘဲ ဝေဒနာစေတသိက်နှင့် ဆိုင်သော အာရုံကိုသိမှု ဖြစ်၏။ `(P.D. MEHTA; EARLY INDIAN RELIGIOUS THOUGHT) ကို ညွှန်းသည်။

``အချို့ကမှု ပဋိစ္စသမုပ္ပါဒ်ကို လူသတ္တ၀ါ၏ မူလအစကို ပြသော တရားဖြစ်အောင် အဓိပ္ပာယ် ဖွင့်ဆိုလိုကြ၏။ ဥပမာ-ပညာရှင်တစ်ဦးက အ၀ိဇ္ဇာသည် အမိဝမ်းတွင်း၌ သန္ဓေသား၏ ဘာမျှမသိသေးသော ဘ၀ကို ပြသည်။ လူသည် မွေးဖွား၍ ပတ်ဝန်းကျင်၏ ပြုပြင်စီရင်မှု (သင်္ခါရ)ဖြစ်ပေါ်လာသည်´ ဟုပြန်ဆိုခဲ့၏။ (H,KERN: MANUAL 0F BUDDHISM) ကိုညွှန်းသည်`` (ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ၊ စာ-၁၄၅-၆)

အထက်ပါယူဆချက်များသည် ဗုဒ္ဓ၀ါဒီတို့၏ ယူဆချက်များနှင့် မတူကြောင်း ၄င်းဆရာကိုတိုင် ဆက်လက် ပြဆိုထားသည်မှာ -

`ဤသို့ အချိုသော အနောက်တိုင်း ပညာရှင်တို့သည် ပဋိစ္စသမုပ္ပါဒ်တရား၌ လူသတ္တ၀ါ၏ တစ်ဘ၀တည်း ဖြစ်စဉ်ကို ရှုမြင်ကြစေကာမူ ထေရ၀ါဒနှင့် အခြားဗုဒ္ဓ၀ါဒ ဂိုဏ်းအားလုံးသည် ဘ၀သံသရာ ကျင်လည်မှုကိုပြသော တရားအဖြစ်ဖြင့် သိမြင်နားလည်ကြ၏။ `(၄င်း၊ စာ-၁၄၆)

ထိုသို့ သိမြင်နားလည်ကြသူများတွင် ဗုဒ္ဒနှင့် ဗုဒ္ဓ၀ါဒအကြောင်း ရေးသားထားသော ကျမ်းဆရာပါပါသလော ဟူငြားအံ့၊ သူ၏ မှတ်ချက်ကို ဆက်ကြည့်ပါ။

`သို့ရာတွင် အကယ်၍ ပဋိစ္စသမုပ္ပါဒ်သည် လူသတ္တ၀ါတို့ ဘ၀သံသရာ ကျင်လည်ပုံကို ရှင်းပြသော တရားဖြစ်ပါက ထိုတရားနှင့်စပ်လျဉ်း၍ စဉ်စားဖွယ်များရှိ၏။ ဥပမာ-အဘယ်ကြောင့် အလယ်ဘ၀ထဲသို့ ဘ၀၊ ဇာတိ၊ ဇရာ၊ မရဏတို့ကို မထည်သွင်းပါသနည်း။ အ၀ိဇ္ဇာနှင့် သင်္ခါရကို အဘယ်ကြောင့် ရှေးဘ၀၌သာ ဖော်ပြ၍ အလယ်ဘ၀တွင် မပြဆိုပါသနည်း။ နာမရူပ၊ သဠာယသနစသည် တို့ကို အဘယ်ကြောင့် အလယ်ဘ၀၌သာ ပြထားပါသနည်း။ တဏှာ၊ ဥပါဒါန်နှင့် ဆင်းရဲဒုက္ခသည် အမြဲ ဒွန်တွဲနေသော တရားများဖြစ်လျက် အဘယ်ကြောင့် ဥပါဒါန်၏နောက်၌ ဒုက္ခသည် ကပ်၍ လိုက်မလာဘဲ ဘ၀နှင့် ဇာတိကို ပြထားပါသနည်း-စသည်ဖြင့် စဉ်စားဖွယ်ရာများရှိ၏။

`ဤသို့ ဗုဒ္ဓ၀ါဒီတို့ သိရှိနားလယ်သော ပဋိစ္စသမုပ္ပါဒ်သည် ရှေ့နောက်မညီ ညွှတ်သော အချက်များ ပါရှိသောကြောင့် အချို့သော အနောက်တိုင်း ပညာရှင်တို့က ဗုဒ္ဓဃောသဆရာ၏ ဖွင့်ဆိုရေသားချက်ကို မကျေနပ်ဘဲ အမျိုးမျိုး အဓိပ္ပါယ်ပြဆိုနေကြခြင်း ဖြစ်၏။

`စင်စစ် ထိုပဋိစ္စသမုပ္ပါဒ်သည် ဗုဒ္ဓဟောသော မူလပထမတရား ဖြစ်ပါ၏လောဟု သံသယဖြစ်ဖွယ်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ပါဠိပိဋကတ်စာပေ၌ အင်္ဂါ ၁၂-ပါးနှင့် မပြည့်စုံသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တော်များများကို ကျွန်ုပ်တို့ တွေ့ရပေသည်။´
(၄င်း၊ စာ-၁၄၇-၇)

ဤသို့လျှင် မိမိကိုယ်တိုင်လည်း ကျမ်းကြည့်ထက် ကျမ်းညှိခက်ဆိုသလို ကျမ်းပေါင်းများစွာကြည့်နိုင် ကိုးကားနိုင်သည်ကို ဂုဏ်ယူပြီး ညှိနှိုင်း ဆင်ခြင်နိုင်သော ဥာဏ်စွမ်း မရှိသောကြောင့် လည်းကောင်း၊ ကျမ်းအတက်ကျော် ဆရာတော်များကို ဆည်းကပ်နည်းယူ လောက်အောင်လည်း မယဉ်ကျေးသောကြောင့်လည်းကောင်း၊ မိမိ၏ ထင်ရာစိုင်းတတ်သော ဉာဉ်ကိုပင် ဆရာစွဲကင်းခြင်း- ၀ါဒစွဲကင်းခြင်းဟု ယူဆနေသောကြောင့်လည်းကောင်း၊ ၄င်းပုဂ္ဂိုလ်မျိုးကိုပင် စာဖတ်အားနည်းသူတစ်စုက နတ်ရူးကို ဗုံနဲ့မြှောက်သကဲ့သို့ ချီးမြှောက်အားပေးကြသောကြောင့်လည်းကောင်း၊ အထက်ပါ အယူအဆများ ဗုဒ္ဓ၀ါဒီတို့အကြားတွင် တွေ့မြင်ကြရခြင်းဖြစ်၏။

၂။ အင်တာနက်တွင် မိမိ၏၀ါဒများကို ဗုဒ္ဓ၀ါဒဟု အမည်တပ်ကာ ရေးသားမှု
တည်းဖြတ်သူ မရှိသော အင်တာနက်တွင် မိမိဝါဒကို ဗုဒ္ဓ၀ါဒဟု ရေးချင်ရာရေးခြင်းမှာ အံ့သြစရာ မရှိပါ။

၃။ မဂ်ဥာဏ် ဖိုလ်ဥာဏ်များ ခုန်ကျော်၍ ဖြစ်မှု
ဆရာတော်ပြောသည့် ဥဂ္ဂသုတ်ကို လို့က်ရှာသည့်အခါ အဂုင်္တ္ထိုရ် အဋ္ဌကနိပါတ်တွင် ပထမဥဂ္ဂသုတ်၊ ဒုတိယဥဂ္ဂသုတ်ဟု နှစ်သုတ်တွေ့ရ၏။ ပထမသုတ်သည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နှင့် ပတ်သက်၍၏။ ဒုတိယသုတ်သည် ၀ဇ္ဇီတိုင်း ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်နှင့် သက်ဆိုင်၏။ နှစ်သုတ်စလုံး သဘောသွား တူသဖြင့် ပထမသုတ်ကိုသာဖော်ပြပါမည်။
ဘုရားရှင်က ဥဂ္ဂသူကြွယ်တွင် အံ့သြဖွယ် ရှစ်မျိုးရှိကြောင်း ဟောတော်မူသောအခါ ရဟန်းတစ်ပါးသည် ဥဂ္ဂသူကြွယ်အား ထိုအကြောင်းနှင့် ပတ်သက်၍ သွားရောက်မေးမြန်း၏။ ဥဂ္ဂသူကြွယ်လျှောက်ထားသော အံ့ဖွယ်ရှစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်၏။

၁။ `အရှင်ဘုရား၊ အကျွန်ုပ်သည် အကြင်အခါ၌ မြတ် စွာဘုရားကို ရှေးဦးစွာ အဝေးမှလျှင်မြင်ရ၏။ အရှင်ဘုရား၊ မြင်သည်နှင့်တစ်ပြိုင်နက်သာလျှင် အကျွန်နုပ်၏စိတ်သည် မြတ်စွာဘုရားအား ကြည်ညိုပါ၏။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့သြဖွယ်ဖြစ်သော မဖြစ်ဘူးမြဲဖြစ်သော ဤပထမသဘောသည် ရှိပါ၏။

၂။ `အရှင်ဘုရား၊ ထိုအကျွန်ုပ်သည် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ မြတ်စွာဘုရားသို့ ဆည်းကပ်ပါ၏။ ထိုအကျွန်ုပ်အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏။ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ (ပ) (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်းပြတော်မူ၏။ (ပ) `အရှင်းဘုရား၊ ထိုတပည့်တော်သည် တရားကို မြင်ပြီးသည်၊ တရားသို့ရောက်ပြီးသည်၊ တရားကို သိပြီးသည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသည်၊ သို့လောသို့လော တွေးတောခြင်း ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရားသာသနာသော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည်၊ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ ထိုနေရာ၌ပင်လျှင် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်ကပ်ပါပြီ၊ ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ဆောက်တည်ပါပြီ၊ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဒုတိယ သဘောသည် ရှိပါ၏။

၃။`အရှင်ဘုရား၊ ထိုအကျွန်ုပ်အား ကုမာရီရွယ် (နုနယ်ပျိုမျစ်ကုန်သော) မယားလေးယောက်တို့သည် ရှိပါကုန်၏။ အရှင်ဘုရား၊ ထိုအခါ အကျွန်ုပ်သည် ထိုမယားတို့ထံသို့ ချဉ်းကပ်၍ ထိုမယားတို့ကို `နှမတို့၊ ငါသည်ကား ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကိုကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ အလိုရှိသော နှစ်မသည် ဤအိမ်၌ပင်လျှင် စည်းစိမ်ဥစ္စာတို့ကိုသုံးဆောင် ခံစားလော့၊ ယောက်ျားတစ်ပါးကို အလိုရှိသည်ဖြစ်မှု အဘယ်ယောက်ျားအား သင်တို့ကို ပေးရအံ့နည်း´ ဟု ဤ စကားကိုဆို၏။

`အရှင်ဘုရား၊ ဤသို့ဆိုသော် မယားကြီးသည် အကျွန်ုပ်ကို `အရှင်၊ ဤမည်သော ယောက်ျားအား အကျွန်ုပ်ကို ပေးပါလော့´ဟု ဆိုဟု၏။ အရှင်ဘုရား၊ ထိုအခါ အကျွန်ုပ်သည် ထိုယောက်ျားကို ခေါ်စေပြီး၍ လက်ဝဲလက်ဖြင့် မယားကို ကိုင်၍ လက်ျာလက်ဖြင့် ရေခရားကို ကိုင်ပြီးလျှင် ထိုယောက်ျားအား စွန့်ပါ၏။ `အရှင်ဘုရား၊ အကျွနုပ်သည် ကုမာရီရွယ် (နုနယ်ပျိုမျစ်သော) မယားကိုစွန့်သည်ရှိသော် စိတ်ဖောက်ပြန်ခြင်းကို မသိပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤတတိယ သဘောသည် ရှိပါ၏။

၎။ `အရှင်ဘုရား၊ အကျွန်ုပ်၏ အမျိုးအိမ်၌ ရှိကုန်သော စည်းစိမ်ဥစ္စာတို့ကိုလည်း ကောင်းသောသဘောရှိကုန်သော သီလ၀န္တပုဂ္ဂိုလ်တို့နှင့် မခွဲခြားအပ်ကုန်။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤစတုတ္ထ သဘောသည် ရှိပါ၏။

k၅။ `အရှင်ဘုရား၊ အကျွန်ုပ်သည် ရဟန်းတို့ကို ဆည်းကပ်ခဲ့မူ ရိုသေစွာသာလျှင် ဆည်းကပ်ပါ၏၊ မရိုမသေ မဆည်းကပ်ပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤပဉ္စမ သဘောသည် ရှိပါ၏။

၆။ `အရှင်ဘုရား၊ ထိုအရှင်သည် အကျွန်ုပ်အား တရားဟောခဲ့ပါမူ ရိုသေစွာသာလျှင် တရားနာ၏၊ မရိုမသေ မနာပါ။ အကျွန်ုပ်အား ထိုအရှင်သည် တရားမဟောခဲ့ပါမူ အကျွန်ုပ်သည် ထိုအရှင်အား တရာဟောပါ၏။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဆဋ္ဌ သဘောသည် ရှိပါ၏။

၇။ အရှင်ဘုရား၊ အကျွန်ုပ်အား နတ်တို့ချဉ်းကပ်၍ `သူကြွယ်၊ မြတ်စွားဘုရားသည် တရားကိုကောင်းစွာ ဟောတော်မှု၏´ ဟု ပြောကြားကုန်၏။ အရှင်ဘုရား။ ဤသို့ ပြောကြားသည်ရှိသော် `သင်နတ်တို့က ဤသို့ ပြောကုန်သည်ဖြစ်စေ၊ မပြောကုန်သည်ဖြစ်စေ၊ စင်စစ်သော်ကား မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မှု၏ ´ဟု ထိုနတ်တို့ကို အကျွန်ုပ် ဤသို့ ပြောဆိုပါ၏။ ဤသို့ ဆိုခြင်းသည် အံ့ဖွယ် မဟုတ်ပါ။ `အရှင်ဘုရား၊ ငါ့ထံသို့ နတ်တို့ချဉ်းကပ်ကုန်၏၊ ငါသည်လည်း နတ်တို့နှင့် အတူတကွ စကားပြောဆိုရ၏ဟု နတ်တို့ ချဉ်းကပ်လာခြင်း၊ နတ်တို့နှင့် အတူတကွ စကားပြောရခြင်း ဟူသောအကြောင်းကြောင့် စိတ်၏ တက်ကြွမှုကို မသိစဘူးပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသတ္တမ သဘောသည် ရှိပါ၏။

၈။`အရှင်ဘုရား၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မှုအပ်သော အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့တွင် မိမိ၌ မပယ်အပ်သေးသော တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ မတွေ့မြင်ပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤအဋ္ဌမ သဘောသည် ရှိပါ၏။ အရှင်ဘုရား၊ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့ ရှိပါကုန်၏။´´

အထက်ပါသုတ်သည် သောတာပန် သကဒါဂါမ် မဖြစ်ဘဲ အနာဂါမ် တန်းဖြစ်နိုင်သည်ဟူသော အဓိပ္ပါယ် လုံးဝ မသက်ရောက်ပါ။ အလားတူ အယူအဆမျိုးကို ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ကျမ်းတွင်လည်း တွေ့ရ၏။ `ရသေ့တစ်ထောင်သည် အာဒိတ္တပရိယာယ- သုတ်ကို ကြားနာပြီးလျှင် အားလုံးရဟန္တာ ဖြစ်ကြသည်ဆို၏။ ထိုအခါ ပထမ မဂ်သုံးပါး ရှိသေးဟန်မတူချေ။ နောက်ကာလ၌ကား လူသတ္တ၀ါတို့ တစ်ဦးနှင့် တစ်ဦး ၀ီရိယကွာခြားမှုကို အကြောင်းပြု၍ အရိယာပုဂ္ဂိုလ် အမျိုးအစားခွဲခြားမှု ဖြစ်ပေါ်လာခဲ့တန်ရာ၏။

(ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၂၇၈)

၎။ မဂ်စိတ်ဖြစ်ပြီးကာလကြာမှ ဖိုလ်စိတ်ဖြစ်မှု
ဆရာတော်ညွန်းသော သြက္ကန္တသံယုတ်တွင် အောက်ပါအတိုင်း တွေ့ရ၏။
`ရဟန်းတို့၊ မျက်စိသည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တတ်၏၊။ (ပ) ကိုယ်သည် မမြဲ၊ ဖောက်ပြန်တက်၏၊ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တက်၏။ `ရဟန်းတို့၊ ဤတရားတို့ကို ဤသို့ ယုံကြည် သက်ဝင်သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ မဖောက်ပြန်သည်၏ အဖြစ်ဖြင့် မြဲခြင်းသို့ သက်ဝင်သူ၊ သူတော်ကောင်းတို့ ဖြစ်ရာဘုံသို့် သက်ဝင်သူ၊ ပုထုဇဉ်တို့ ဖြစ်ရာဘုံကို လွန်မြောက်သူ၊ ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံတို့၌ ဖြစ်ရမည်ကံကို ပြုခြင်းငှာ မထိုက်သူ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်မပြုရဘဲ သေခြင်းငှာလည်း မထိုက်သူဟု ဆိုအပ်၏။ ယင်းသုတ်အဋ္ဌကထာတွင် `အဘဗ္ဗော စ တာဝ ကာလံ ကာတုန္တိ ဣမိနာ ဥပ္ပန္နေ မဂ္ဂ ဖလဿ အနန္တရာယတံ ဒီပေတိ´ `သောတာပတ္တိဖိုလ်ကို မျက်မောက်မပြုဘဲ သေခြင်းငှာမထိုက် ဟူသော စကားရပ်ဖြင့် မဂ်စိတ်ဖြစ်ပြီးသည်ရှိသော် ဖိုလ်စိတ်၏ အန္တရာယ် မရှိသည်၏ အဖြစ်ကို ပြ၏´ ဟုဖွင့်ထား၏။ မှန်၏။ `စတ္တာရော ပန မဂ္ဂုပ္ပါဒါ ဧကစိတ္တက္ခဏိကာ´ ဟူသည်အတိုင်း မဂ်စိတ်တို့မည်သည် စိတ္တက္ခဏတစ်ချက်သာ ကြာ၏။ ၄င်းနောက် ဖိုလ်စိတ် တန်းဖြစ်၏။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းတွင်ပင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်နိုင်သည်ဟုဆိုရာ မဂ်စိတ်ဖြစ်ပြီးနောက် ဖိုလ်စိတ်မဖြစ်ခင် အချိန်ကလေးတွင် ထိုပုဂ္ဂိုလ်ကို မည်သူသေအောင် သတ်နိုင်အံ့နည်း။

အရှင်ကောဝိဒ (ယော)


Reblog this post [with Zemanta]
Read more ...

February 15, 2010

မိုက်ခြင်းနှစ်မျိုး

အရှင်ကောဝိဒ (ယော) | 3:22 AM | | Be the first to comment!

rainbow worriorsImage by Rens Spanjaard via Flickr


ဘုရားလောင်းတို့၏ မိုက်ခြင်း၊
ဒေ၀ဒတ်တို့၏ မိုက်ခြင်းဟူ၍
မိုက်ခြင်းနှစ်မျိုးရှိသည်။
တနည်းအားဖြင့် ပညာရှိတို့၏ မိုက်ခြင်း၊
လူမိုက်တို့၏ မိုက်ခြင်းဟူ၍
မိုက်ခြင်းနှစ်မျိုးရှိပါသည်။

ထိုနှစ်မျိုးတို့တွင်---

ဘုရားလောင်း၊ ပညာရှိတို့သည်
သေရဲသည့်သတ္တိ၊
ခံရဲသည့်သတ္တိဖြင့် မိုက်ကြသည်။

ဒေ၀ဒတ်၊ လူမိုက်တို့သည်
သတ်ရဲသည့်သတ္တိ၊
လုပ်ရဲသည့်သတ္တိဖြင့်
မိုက်ကြသည်။

မိမိသည် ဗုဒ္ဓသာဝကဖြစ်၍ ဗုဒ္ဓလမ်းစဉ်အတိုင်းပင်
ဘုရားလောင်းဝါဒကို ကျင့်သုံးသည်။
ထို့ကြောင့်--- ဓမ္မနှင့်ပတ်သက်လာလျှင် သေရဲသည်။
(၀ါ) ဓမ္မကို ထိပါးလာလျှင်

အသေခံ၍ မိုက်ရဲသည်။

ဝီရသူ




Reblog this post [with Zemanta]
Read more ...

အဓမ္မ၀ါဒီ

အရှင်ကောဝိဒ (ယော) | 3:12 AM | | | | Be the first to comment!
used booksImage by babblingdweeb via Flickr


ထိုဆရာ တပည့်ဒွယ
သိသမျှ လမ်းစဉ်၊
ပိဋက ကျမ်းမ၀င်သည်
အဆန်းထင် ထွင်ကြ။
ဘုရားဟော ပရမတ်ခန္ဓာ
ဝိပဿနာ မရှုနဲ့ဆိုကြ။
အတွေးရိပ် အမှုမမှန်
အရှုခံ သင်ပြ။
အတုဉာဏ် အမြင်မျှနှင့်
ကြံဆလို့ လာဘ်မျှော်၊
ကျမ်းမလာ ကျမ်းလာပြ
ဆန်းပါမှ လူထဲထင်ပေါ်။
ကျမ်းစာအရ တစ်မူကွဲဖော်သည်
အယူလွဲချော် သစ္စာဖွဲ့တော့
ဒေသနာနဲ့ လုံးဝဥဿုံမလျော်
ဖုံးသမျှ အရှုပ်အကုန်ပေါ်
ကပိလထုံးကို မြော်လျှင်
အရှုံးမတော် ရှုးရှာလိမ့်လေး။ ။
ဉာဏ်ဝင်း (ပင်လည်ဘူး)
Reblog this post [with Zemanta]
Read more ...

February 12, 2010

အနာဂါတ်သာသနာဘေး (တတိယ၊စတုတ္ထ၊ပဉ္စမ)-အနာဂတဘယသုတ် (မဟာစည်ဆရာတော်)

Dr Phyo Wai Kyaw | 11:07 PM | | Be the first to comment!
တတိယအနာဂါတ်ဘေး

"ကာယ ဘာဝနာတို့၊ သီလဘာဝနာတို့၊ စိတ္တဘာဝနာတို့၊ ပညာဘာဝနာတို့ အဲဒါတွေနဲ့ မပြည့်စုံဘဲနဲ့ အဘိဓမ္မာ ကထာ( အဘိဓမ္မာ ကထာဆိုတာက ဒီနေရာမှာ အဋ္ဌကထာက ဖွင့်ထားတာကတော့ ဥတ္တမကထာ လို့ခေါ်တဲ့ မြတ်တဲ့ တရားတွေ သမထ ၀ိပဿနာ တရားတွေကို ပြောတာတဲ့။) သမထနဲ့ စပ် ၀ိပဿနာ နဲ့စပ်ပြီးတော့ သကာလ တရားစကားတွေ ပြောတာ။ ဝေဒလ္လ ကထာ ဆိုတာကတော့ မဟာဝေဒလ္လ တို့ စူဠဝေဒလ္လ တို့မှာပါတဲ့ ဥာဏ်ပညာ နဲ့ ပီတိပါမောဇ္ဇ တွေဖြစ်ပြီးတော့ အမေးအဖြေ လုပ်ရတဲ့ တရားဆွေးနွေးရတဲ့ တရားစကားတွေပါပဲ။ ပြောကြတဲ့ အခါကျတော့ ကိုယ်က ဒီသမာဓိ၊ပညာ တွေကို လေ့လာ ပွားများထားတာ မဟုတ်တဲ့ အခါကျတော့ စိတ်ကူးနဲ့ သူက ပြောရမှာကိုး။ ကိုယ်မသိတာတွေ ကိုယ်မနိုင်တာတွေ ထင်ရာမြင်ရာ လျှောက်ပြီးတော့ ပြောတဲ့ အခါကျတော့ လွဲတာမှားတာ တွေလည်း ရှိကုန်မှာပေါ့။ သူများတွေလည်း အထင်အမြင် လွဲတာတွေ ရှိသွားဦးမယ်။ သူများတွေကို ကိုယ်က မမှန်ပါဘဲလျက် သူများမှန်နေတာတွေကို အမှားထင်ပြီးတော့ အဲဒီလို ရှူတ်ချပြီးပြောတာတွေလည်း ရှိလိမ့်မယ်။ သူများတွေကို ပစ်ပယ်ပြီး ပြောတာ လည်းရှိလိမ့်မယ်။ ကိုယ်က ပွားများ လေ့လာထားတာ မဟုတ်တော့ ကိုယ်မနိုင်တဲ့ ဥစ္စာဆိုတော့ ပြောလို့ရှိရင် ကိုယ်က အနိုင်ရအောင်ဆိုပြီး တစ်ခါတည်းပြောတော့ အဲဒီမှာ သူများတွေကို ရှူတ်ချ၊ တရားအမှန်တွေကို အမှားလုပ်၊ အမှားတွေကို အမှန်လုပ် မဟုတ်တာတွေ လျှောက်ပြောမိ အဲဒါတွေ ဖြစ်ပါလိမ့်မယ်တဲ့။

အဲဒါကို အန္ဓဓမ္မတွေတဲ့။ မည်းညစ်သော တရားတွေ။ တနည်းအားဖြင့်တော့ လောဘ၊ဒေါသ၊မောဟ ဖြစ်စေနိုင်သော တရားစကားတွေလည်း ပြောလိမ့်မယ်တဲ့။ မိမိလာဘ်လာဘ ရအောင် ဘုန်းကြီးအောင် စသည်ပေါ့လေ။ ဒီလိုဟာတွေ။ အဲဒါတွေနဲ့ပဲ ပြောပါလိမ့်မယ်တဲ့။ ပြောပေမဲ့လို့လည်း သူက မသိဘူးတဲ့။ ကိုယ့်ဥစ္စာကိုယ် လမ်းမှားနေမှန်းဘာမှန်း မသိဘဲ ရှိလိမ့်မယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ တရားဆိုတာ အားထုတ်မထားလို့ရှိရင် တယ်မသိဘူး။ တရားအားထုတ် မထားရင် ကိုယ့်မှာ လောဘ၊ဒေါသ၊မောဟ တွေ မကောင်းတာတွေ ဖြစ်နေတာကို မကောင်းမှန်း တယ် မသိဘူး။ တရားနှလုံးသွင်း အားထုတ်ပြီးထားတဲ့ အခါကျတော့ အစထဲက စိတ်သန္တန် တွေက သိမ်မွေ့နူးညံ့ပြီးတော့ နေတော့ မကောင်းတဲ့ တရား ၀င်လာရင် အင်မတန်သိတာပဲ။ လောဘ ဖြစ်လာတာ သိတယ်။ ဒေါသ ဖြစ်လာတာ သိတယ်။ ကိုယ့် ရိုးရိုးလေး အတွက် ငဲ့ပြီးတော့ ပြောမိ ဆိုမိတာလေးတွေ သိတယ်။ သူတစ်ပါးတွေကို မရိုမသေ ပြောမိတာတွေ ကိုယ်လွဲမှားသွားတာလေးတွေ အင်မတန်သိတာပဲ။ အင်မတန် ထင်ထင်ရှားရှား သိတယ်။ ချို့ယွင်းသွားလို့ရှိရင် ချို့ယွင်းသွားမှန်း သိပ်သိတယ်။ တစ်ကြိမ်တစ်ခါ နှုတ်ချို့ယွင်း သွားလို့ ပြောမိသွားရင် နောက်ဆက်ပြီးတော့ မပြောဘူး။ မှားသွားပြီဆိုရင်။ ထိန်းသိမ်းတယ်။ တရားနှလုံးသွင်း အားထုတ်မှု မရှိတဲ့ ပုဂ္ဂိုလ်ကတော့ ထိန်းသိမ်းတဲ့ နည်းလည်း သူ့ရှိတာမှ မဟုတ်ဘဲ။ ရှိတာမဟုတ်တဲ့ အခါကျတော့ နင်းကန်ပြီးတော့ပြော သူများတွေကို ချိုးဖဲ့ပြော သူများဟုတ်တာတွေကို မဟုတ်တာလုပ်ပြီး တရားမှန်တွေ တရားမှားလုပ်ပြီး သကာလပြော မိမိဘုန်းကြီးအောင် လာဘ်လာဘ ပေါများအောင် သူများတွေ အထင်အမြင်ကြီးအောင် လျှောက်ပြီး သကာလပြော ဒါတွေလုပ်တော့ သူ့ဥစ္စာ မကောင်းတာတွေ လုပ်နေတာပဲ. မည်းညစ်တဲ့ အကုသိုလ်တရားတွေ သူ့ကိုဝင်နေတာ ဒါပေမဲ့လို့ သူမသိဘူးတဲ့။ အဲဒါဟာ သမထ ၀ိပဿနာ ကိုယ်ကျင့်တရား တွေပျက်လို့ စောင့်စည်းတဲ့ ၀ိနည်းကျင့်ဝတ်တွေ။ ၀ိနည်း ကျင့်ဝတ်တွေ ပျက်တော့ကို သမထ ၀ိပဿနာ တရားတွေ ပျက်သွားတာ။ ဒါဟာ အနာဂတ် ဘေးတစ်ခုပါပဲ။ တတိယ အနာဂတ်ဘေး တဲ့။ အဲဒါ မပျက်အောင် စောင့်စည်းရမယ်။ လိုပါတယ်။

စတုတ္ထအနာဂတ်ဘေး
တရားတွေ နှလုံးသွင်း အားထုတ် မထားသူ ဆိုလျင် တရားတွေ အကောင်းအဆိုး မသိ.. မသိတော့ မဟုတ်တာတွေ သဘောကျ တယ်။ အခုခေတ် အနေနဲ့ ဆိုလို့ရှိရင် ကြည့်ရင် ဗုဒ္ဓဘာသာ အပြင်ဘက်ကနေ ဝေဖန်တဲ့ စာတွေ ဘာတွေ ရှိပါတယ်။ ဟိုစာတွေ ဒီစာတွေ ။ အဲဒီဟာတွေကို သိပ်ပြီးတော့ သဘောကျကြ တယ်...ခေတ်မီတယ် ဆိုပြီးတော့ ... စာတွေကို သိပ်ပြီးတော့ လိုက်စားကြတယ်။ ဟိုဝါဒ ဒီဝါဒတွေ သိပ္ပံပညာတွေ ဘာတွေ.. ဒါတွေကို ..သိပ်ပြီးတော့ လိုက်စားကြတယ်..။ စီးပွားရေးအနေ အသက်မွေး ၀မ်းကျောင်း အနေနဲ့တော့ မလွှဲသာ မရှောင်သာရင်တော့ လိုက်ရမှာပေါ့။ ဘာမဟုတ်ဘဲနဲ့ ..တစ်ချို့က တကယ့်ကို အနှစ်သာရကြီး ထင်ပြီးတော့ လိုက်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်.။ အဲဒါတွေကတော့ တယ်နေရာမကျဘူး။

ဘုရားဟောတရား လေးနက်တဲ့ တရားတွေကို နာကောင်းတယ် သင်ကောင်းတယ် မထင်ဘဲနဲ့ မလေးနက်တဲ့ သာသနာပ ပုဂ္ဂိုလ်တွေ စီရင်ရေးသား ဟောပြောထားတဲ့ တရားတွေ ၊ဘုရားဟောမဟုတ်တဲ့ ဘုရားအလိုတော်နဲ့ မညီညွတ်ဘဲနဲ့ ဟောပြောနေကြတဲ့ ရေးသားထားတဲ့ စာတွေ ပေတွေ တရားတွေ၊ အဲဒါတွေကို လူတွေ ရဟန်းတွေ အလေ့အလာများ၊ ရိုသေလေးစားမှုတွေ များ ပြီးတော့ နေလာပြန်တော့လည်း ဒါဟာ အနာဂတ်ဘေးကြီး တစ်ခုပဲ။ ဒါအရေးကြီးတယ်။ ခုနေခါမှာ ပိုပြီးတော့ အရေးကြီးတယ်။ ရှေးကလည်း ရှိတော့ ရှိတာပဲ။သို့ပေမဲ့ ရှေးက ဒီလောက်မဟုတ်ဘူး။ မကြာခင်က ၊ နှစ်ပေါင်း လေးငါးခြောက်ဆယ် လောက်က စပြီးတော့ ဒီဘက်မှာ ပိုပြီးတော့ ဆိုးလာတယ်။ ဒီဥစ္စာတွေက.. သာပြီးတော့ ဆိုးလာတယ်။ ဘေးက ကြီးလာတယ်။ အရေးကြီးပါတယ်။

အဲဒါတွေကိုလည်း ပယ်နိုင်အောင် အားထုတ်ရမယ်တဲ့။ အားထုတ်တော့ မိမိကိုယ်တိုင်က ဘာဝိတကာယ ဖြစ်အောင်လို့ ကျင့် ၊ဘာဝိတ သီလဖြစ်အောင် သီလ ရိုရိုသေသေ ကျင့်။ ဘာဝိတ စိတ္တ၊ ဘာဝိတ ပညာ ဖြစ်အောင် ဖြစ်အောင် သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တတ်နိုင်သမျှ အားထုတ်။

အဲဒီလို အားထုတ်သွားလို့ ရှိရင် ကိုယ်လည်းပဲ တရားကောင်း တရားမှန်တွေကို ဆုံးဖြတ်နိုင်တယ်။ ဝေဖန်နိုင်တယ်။ ရွေးချယ်နိုင်တယ်.။ ကိုယ်ကလည်းပဲ ကိုယ့်တပည့်တွေကို တရားကောင်း တရားမှန်တွေကို ဟောပြော ပြသနိုင်တယ်။ ကိုယ့်တပည့်တွေ ကလည်း တရားကောင်း တရားမှန်တွေကို ရွေးချယ်ပြီးတော့ နာတတ်တယ်။ ယူတတ်တယ်။ သင်တတ်တယ်။ လေ့လာတတ်တယ် ။ သူတို့ကလည်း တဆင့် ဟောပြောပြီးတော့ သွားနိုင်တယ်။ အဲဒီလို အကျိုးများ ပြီးတော့ သွားပါတယ်။ ဒီ စတုတ္တအနာဂတ်ဘေး ကိုလည်း ပယ်ပြီးသားဖြစ်သွားပါတယ်။

ပဉ္စမအနာဂတ်ဘေး


ကာယဘာဝနာ စိတ္တဘာဝနာ ပညာဘာဝနာတွေ မပွားများတဲ့ ပုဂ္ဂိုလ်တွေထဲမှာ မထေရ်ကြီးတွေ ရှေ့ဆောင်ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတွေပေါ့လေ ပါလာတယ်။ ( ဂိုဏ်းခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတွေ၊ ဆရာသမားကြီးတွေ၊ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ကျောင်းထိုင်ပုဂ္ဂိုလ်တွေလည်း ပါမှာပေါ့လေ၊ အကုန်လုံး ပါသွားမှာပေါ့) အဲဒီမထေရ်ကြီးတွေက ဘာဝိတ-ပစ္စည်းများအောင် အားထုတ်တယ်။ လာဘ်လာဘများအောင်၊ ဘုန်းကြီးအောင် အားထုတ်ကြတယ်။ ဒါပဲ ကြိုးစားကြလိမ့်မယ်တဲ့။ လျော့ရဲသော အကျင့်ရှိကုန်သည်။ သီလသမာဓိ အကျင့်ဘက်ကျ လျော့တယ်တဲ့။ ဒီကျတော့ကို ခပ်လျော့လျော့ပဲတဲ့။ တင်းတင်းရင်းရင်း မကျင့်ကြဘူး။

အောက်တန်းကို ကျဆင်းဖို့ရာ အကြောင်းဖြစ်တဲ့ နီဝရဏလုပ်ငန်းတွေကျတော့ နီဝရဏတရားတွေ၊ နီဝရဏတရားတွေနဲ့ဆိုင်တဲ့ ကိစ္စတွေကျတော့ သူတို့ကရှေ့သွားတွေပဲတဲ့။ ကာမစ္ဆန္ဒနီဝရဏ-ကာမအာရုံတွေနဲ့ စပ်ပြီးသကာလ ၊နှစ်သက်တပ်မက်မှု သာယာမှုလုပ်ငန်းတွေကျတော့ သူတို့ကရှေ့ဆောင်ပဲတဲ့။ သူတို့က ရှေ့ကနေပြီးတော့ လမ်းညွှန်တွေဖြစ်နေတယ်။ နောက်ကတပည့်တွေက သူတို့နောက်လိုက်တာပေါ့။ ရှေ့ကဆရာက ဒီလိုလုပ်နေတော့ တပည့်တွေက ဒီလိုလိုက်ကုန်တာပေါ့။ ကာမအာရုံတွေကို နှစ်နှစ်သက်သက် ရှာမှီးတယ်။ ရလာတဲ့ ကာမအာရုံတွေကို မြိန်မြိန်ယှက်ယှက်နဲ့ သုံးဆောင်တယ်။ ဆွမ်းဆိုပါတော့ ဆွမ်းကောင်းဟင်းကောင်းတွေကို ရှာမှီးမယ်။ ရလာတဲ့အခါကျတော့ မြိန်မြိန်ယှက်ယှက်နဲ့ စားမယ်။ တစ်ချို့က မြိန်စာသိပ်လုပ်စားတာ။ စားရေးသောက်ရေးတွေ သိပ်ပြီးတော့ ဂရုစိုက်တယ်။

ရှာဖွေပြီးတော့ သကာလ ချက်ပြုတ်ပြီးတော့ ကိုယ်တိုင်ညွှန်ကြားပြီးတော့ ချက်ပြုတ်ပြီးတော့စား၊ သူများတွေကိုလည်းပဲ ချက်ဖို့ပြုတ်ဖို့ပြော၊ စားရေးသောက်ရေးနဲ့ဆက်စပ်ပြီးတော့ သိပ်ချီးမွမ်းတာ။ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာလုပ်၊ သက်ဆိုင်တဲ့ ဒကာဒကာမတွေကိုလည်း ဘယ်ဟာကောင်းတယ် ဘယ်ဟာချက်လိုက်စမ်းပါဦး၊ ဘာလုပ်လိုက်စမ်းပါဦး၊ ဒီလိုဟာတွေက ရှိတာပေါ့။ အဲဒါတွေက အပုင်္ဂမိပုဗ္ဗင်္ဂမာပဲ။ ဆွမ်းနဲ့ဆက်စပ်ပြီးတော့လည်း ရှိတယ်။ သင်္ကန်းနဲ့ စပ်ပြီးတော့လည်း ရှိတယ်။ နေရာထိုင်ခင်းနဲ့ စပ်ပြီးတော့လည်း ရှိတယ်။ တပည့်ပရိသတ်တွေနဲ့ ဆက်စပ်ပြီးတော့လည်း ရှိတယ်။ ဒီ့ပြင်ဟာတွေလည်း ရှိတတ်ပါတယ်။ ပြောမကောင်း ဆိုမကောင်းတာတွေလည်း ရှိတယ်။ ကာမဂုဏ်နဲ့စပ်ပြီးတော့ ကာမစ္ဆန္ဒနီဝရဏလို့ ခေါ်တဲ့ ကာမရာဂ ပွားစေတတ်တဲ့ လုပ်ငန်းတွေမှာ သူတို့က ရှေ့ဆောင်လမ်းပြတွေတဲ့။

ဆရာတွေက ဒီလိုလုပ်တော့ တပည့်တွေကလည်း လုပ်။ ပွဲတွေဘာတွေလည်း အပြုခံတာပဲတဲ့။ ပွဲလမ်းသဘင်တွေလည်း လုပ်။ ဒီဥစ္စာတွေလည်း အတူတူပဲ။ ဒါက အကြီးအကျယ်ဘက် ရောက်လာတာပေါ့။ အဲဒါတွေ အားပေးတယ်တဲ့။ ရှေ့ဆောင်လမ်းပြတွေ ဖြစ်နေတယ်။

ဗျာပါဒ-ဒေါသတွေဖြစ်တဲ့ နေရာမှာလည်းပဲ အဲဒီလိုပဲ လောဘ ဒေါသဖြစ်စရာအကြောင်းတွေ ရှိတော့ ရာဂ ဒေါသ ဖြစ်ရင်လည်းပဲ ဆရာသမားကပဲ ရှေ့ဆောင်ဖြစ်ပြီးသကာလ တိုက်တွန်းနှိုးဆော်ပြီး၊ အားပေးပြီးတော့ ဒီလိုဟာတွေ ဖြစ်တာပဲ။ ဒေါသဖြစ်အောင်။

ထိနမိဒ္ဓတဲ့- ထိုင်းမှိုင်းပျင်းရိမှု။ တောကျောင်း တောင်ကျောင်းတွေကို မနေချင်ဘူး ပျင်းတယ်ဆိုတာ ထိနမိဒ္ဓ ခေါ်တယ်။ ပြီးတော့ ကမ္မဋ္ဌာန်းဘာဝနာတွေ ပွားများအားထုတ်ရတာ ပျင်းတယ်ဆိုရင် ဒါ ထိနမိဒ္ဓ ခေါ်တယ်။ ပရိယတ် လုပ်ငန်းတွေကို အားမထုတ်ချင်ဘူး ပျင်းတယ်ဆိုရင် ဒါ ထိနမိဒ္ဓ ခေါ်တယ်။ ပဋိပတ်လုပ်ငန်းတွေကို အားမထုတ်ချင်ဘူး ပျင်းတယ်ဆိုရင် ထိနမိဒ္ဓခေါ်တယ်။ အဲဒါတွေကို သူတို့က မထေရ်ကြီးတွေက ရှေ့ကခေါင်းဆောင်ဖြစ်ရင် သူတို့ကိုက ဒီလိုလုပ်နေတာကိုး။ သူတို့တပည့်တွေက နောက်ကလိုက်လာမှာပေါ့။ အဲတော့ ဗျာပါဒ၊ ထိနမိဒ္ဓ။

နောက် ဥဒ္ဓစ္စ-ပျံ့လွင့်တာ။ သမာဓိရအောင် အားမထုတ်ဘူး။ စိတ်တွေသွားချင်တိုင်းသွား လွှတ်ချင်တိုင်းလွှတ်ထားတယ်။ ကုက္ကုစ-ပူပန်တယ်။ ဒါကတော့ ပူပန်စရာရှိမှပဲ ဖြစ်မှာပဲ။

ဝီစိကိစ္ဆာတဲ့-အရေးကြီးတယ်။ ၀ီစိကိစ္ဆာ ယုံမှားခြင်းတွေ။ ဆရာက ကိုက တရားတွေပွားများ အားမထုတ်ထားတော့ ၀ီစိကိစ္ဆာက မကင်းဘူး။ ဘုရားအပေါ်မှာလည်း ၀ီစိကိစ္ဆာက မကင်းဘူး။ တရားအပေါ်မှာလည်း မကင်းဘူး။ သံဃာအပေါ်မှာလည်း မကင်းဘူး။ ဟိုဟာ ၀ီစိကိစ္ဆာဖြစ် ဒီဟာ ၀ီစိကိစ္ဆာဖြစ်။ သူဝီစိကိစ္ဆာ ဖြစ်ရုံတင်မဟုတ်ဘူး။ တော်ကြာ သူမယုံတဲ့ ဥစ္စာတွေကို တပည့်တွေဘာတွေ လျှောက်ပြောတော့ တပည့်တွေလည်း ၀ီစိကိစ္ဆာတွေလျှောက်ဖြစ်ကုန်တာ။ အဲလိုဟာတွေ ရှိပါတယ်။ အဲဒါဝီစိကိစ္ဆာ။

အဲဒီနီဝရဏလုပ်ငန်းတွေမှာ သူတို့ကရှေ့သွားခေါင်းဆောင်တွေ ဖြစ်လိမ့်မယ်တဲ့။ မထေရ်ကြီးတွေဟာ ။ သူတို့ကပဲ လမ်းပြ။ တပည့်တွေက နောက်က လိုက်တော့မှာပေါ့။

နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ကိလေသာကင်းကြောင်းဖြစ်တဲ့ သမထ၊၀ိပဿနာ လုပ်ငန်းတွေကျတော့ ဒါကျတော့သူ ၀န်ချထားပြီတဲ့။ ဒီအလုပ်ကို မလုပ်ဘူးဆိုတဲ့ဟာ။ လုပ်ဖို့ဟာလည်း စိတ်မကူးဘူးတဲ့။ အစကတည်းက မလုပ်ဘဲနေတာတွေ မလုပ်ဖို့ စိတ်ကူးထားတာတွေလည်း ရှိပါတယ်။ အချို့လည်း အသင့်အတင့်လုပ်ပြီးတော့ တော်ပါပြီ မဖြစ်ပါဘူးဆိုပြီးတော့ အရှုံးပေးပြီး ၀န်ချထားတာတွေ ရှိပါတယ်။ အဆိုးဆုံးကတော့ အစကတည်းက ဘာမှအားထုတ်မထားဘဲ အားထုတ်ကောင်းရကောင်းမှန်း မသိဘဲနဲ့ လုံးလုံး ၀န်ချထားတာတွေ ရှိပါတယ်။ အဲဒါတွေက သာပြီးတော့ဆိုးတယ်။ ဒီလုပ်ငန်း မလုပ်ဘူးလို့ ဆိုတာပါပဲ။

အခုနက မထေရ်ကြီးလုပ်တဲ့ ပုဂ္ဂိုလ်တွေက နီဝရဏဖြစ်စရာ လုပ်ငန်းတွေမှာ ရှေ့ဆောင်လမ်းပြဖြစ်ပြီးတော့ သူတို့ကိုယ်တိုင်က နီဝရဏတွေပွားများနေတယ်။ နီဝရဏ ကင်းစေတတတ်တဲ့ သမထ၀ိပဿနာ လုပ်ငန်းတွေကျတော့ သူတို့ဟာ လက်လျှော့ပြီးတော့ ၀န်ချပြီးတော့ ထားတယ်တဲ့။ အားမထုတ်ကြဘူးတဲ့။

မရောက်သေးတဲ့ တရားကို ရောက်ရအောင် အားမထုတ်ကြဘူးတဲ့။ ကိုယ်မရောက်သေးတဲ့ မဖြစ်သေးတဲ့ သမာဓိဖြစ်အောင်၊ မဖြစ်သေးတဲ့ ၀ိပဿနာဥာဏ်တွေရအောင် မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ ရအောင် အားမထုတ်ဘူးတဲ့။ မရသေးတဲ့ တရားရအောင်လည်း အားမထုတ်ဘူးတဲ့။ မျက်မှောက်မပြုရသေးတဲ့တရား ကိုယ်တိုင်မသိသေးတဲ့ တရားတွေ ကိုယ်တိုင် သိအောင်လည်း အားမထုတ်ရသေးဘူးတဲ့။ ဒါတွေဟာ အတူတူပါပဲ။ မရောက်သေးတဲ့တရားဆိုတာ၊ မရသေးတဲ့တရား မရသေးတဲ့တရားဆိုတာ မျက်မှောက်မပြုရသေးတဲ့တရား။ ဒါအတူတူပါပဲ၊ ပရိယာယ်နဲ့သုံးတာတွေပဲ။

မရောက်သေးတဲ့တရားတွေ၊မျက်မှောက် မပြုရသေးတဲ့တရားတွေ ရောက်အောင် ရအောင် ကိုယ်တိုင်တွေ့ရအောင် မျက်မှောက်ပြုရအောင် ဆိုပြီးတော့ ကြိုးကြိုးစားစား အားမထုတ်တော့ဘူး။ အားမထုတ်ဘဲနဲ့ နေကြလိမ့်မယ်တဲ့။ အင်း ဒါအရေးကြီးတယ်။ အဲဒီတော့ နောင်လာနောက်သားတွေက သူတို့တပည့်တွေကိုး။ ရဟန်းတပည့်တွေ၊ လူတပည့်တွေရော အကုန်လုံးဖြစ်မှာပေါ့။ အရေးကြီးတာကတော့ ရဟန်းတပည့်ကပိုအရေးကြီးတယ်။ တပည့်အဆက်ဆက်တွေက မိမိတို့ဆရာသမား ဖြစ်တဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်ကြီး မထေရ်ကြီးတွေကို ကြည့်ပြီးတော့ အတုလိုက်သွားလိမ့်မယ်။

ဆရာလုပ်တဲ့ပုဂ္ဂိုလ်က ကာယိနြေ္ဒလည်းအချိုးကျအောင် မပြုပြင်၊ သီလလည်းပဲ ပြည့်ပြည့်စုံစုံဖြစ်အောင် မစောင့်ရှောက်၊ သမာဓိပညာတွေလည်း မပွားများ မရသေးတဲ့ တရားရအောင်တော့ အားမထုတ် ဒီလိုနေလို့ရှိရင် တပည့်တွေကလည်းပဲ ဒီလိုပဲ နေသွားမှာပဲ။ လာဘ်လာဘပွားများအောင် ဘုန်းကြီးအောင် ဒီလိုပဲသူအားထုတ်ပြီးတော့ နေမယ်။ တပည့်တွေကလည်း ဒီလိုပဲ အားထုတ်မှာပဲ။ သူကြီးလို့ရှိရင် ဒီလိုလုပ်ရမှာပဲလို့ ဒီလိုအောက်မေ့မယ်။

ငယ်တဲ့ပုဂ္ဂိုလ်တွေက ကြီးတဲ့ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ဒီလိုပဲ လုပ်ရတယ် အောက်မေ့တာပဲ။ ကြီးလာလို့ရှိရင် ဒီလိုလုပ်ဖို့ရာပဲ ကြည့်တယ်။ သားသမီးတွေက မိဘတွေကို ကြည့်တယ်။ မိဘတွေ ဘာလုပ်တယ် ကြည့်ပြီးတော့ ကြီးလာလို့ရှိရင် သူတို့လည်း ဒီလိုလုပ်ရမှာပဲ အောက်မေ့တယ်။ အချို့မိဘတွေက သေရည်သေရက်တွေကိုသောက် လောင်းကစားတွေကို လုပ်နဲ့ သားသမီးတွေက ကြီးလာလို့ရှိရင် သေရည်သေရက်သောက်ဖို့ လောင်းကစားဖို့ သူစဉ်းစားနေတာပဲ။ ဒါလုပ်ရလိမ့်မယ် အောက်မေ့တာပဲ။ မိဘတွေက မကောင်းတာလုပ်ရင် သားသမီးတွေကလည်း မကောင်းတာ ဖို့ စဉ်းစားတယ်။ မိဘတွေက ကောင်းတာလုပ်ရင် သားသမီးတွေက သူလည်း ကြီးရင် ဒီလိုလုပ်ရမှာပဲလို့ အောက်မေ့တယ်။

သာသနာဘက်ကကြည့်ရင်လည်း ဒီအတိုင်းပဲ။ ခေါင်းဆောင်လုပ်တဲ့ မထေရ်ကြီးတွေက သီလအစရှိတဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံအောင် ကြိုးကြိုးစားစား အားမထုတ်ဘူးဆိုရင် တပည့်တွေကလည်း ကြိုးကြိုးစားစားအားမထုတ်ဘူး။ ခေါင်းဆောင်ဖြစ်မထေရ်ကြီးတွေက လာဘ်လာဘပွားများအောင် ဘုန်းကြီးအောင် အားထုတ်ရင် တပည့်တွေကလည်း ဒီလိုပဲ အားထုတ်ရတယ် အောက်မေ့မှာပဲ။ ကြီးရင်သူတို့ ဒီလိုလုပ်ရမယ်ပဲ အောက်မေ့တယ်။ အဲဒီကနည်းလမ်းတွေ ယူတယ်။ ပြောပုံဆိုပုံ ဟောပုံတွေ ဘာလုပ်ရတယ် ညာလုပ်ရတယ်ဆိုတာတွေ နည်းခိုးပြီးတော့ တပည့်လုပ်တဲ့သူတွေကလည်း ဒါပဲ လိုက်တာပဲ။ ဆရာလုပ်တဲ့ပုဂ္ဂိုလ်က သီလသမာဓိပညာ ပြည့်စုံအောင် အားထုတ်ပြီးတော့ နေတယ်။ ကိုယ်တိုင်လည်း အားထုတ် သူများလည်း တိုက်တွန်းပြီးတော့ နေတော့ တပည့်တွေကလည်း ဒီလိုပဲလိုက်ပြီးတော့ ကျင့်ရမယ်ဆိုတာ သိကြတယ်။ အကုန်လုံးမဟုတ်တောင်မှ လိုက်တဲ့ပုဂ္ဂိုလ်တွေ ရှိတာပေါ့လေ။ လိုက်တဲ့ပုဂ္ဂိုလ်တွေ ရှိပါတယ်။

အခုဟာကတော့ မထေရ်ကြီးတွေက ရှေ့သွားပြီးတော့ နေတော့ တပည့်တွေက အတုလိုက်လာတယ်။ အတုလိုက်လာတော့ တပည့်တွေကလည်းပဲ ဆရာလိုပဲ အဘာဝိတကာယ (ကာယိနြေ္ဒတွေ မှာလည်း အချိုးမကျ၊) အဘာဝိတသီလ-)(သီလမှာလည်း အချိုးမကျ) ၊ သမာဓိပညာတွေမှာလည်း အချိုးမကျ၊ ဒါတွေလည်း မပွားများဘူးတဲ့။ ပစ္စည်းလေးပါး ပေါများအောင် ဘုန်းကြီးအောင် သူတို့လည်း ဒီလိုအားထုတ်တယ်။ ပဋိပတ်အကျင့်တွေကျတော့ လျော့နေတယ်တဲ့။ (သာဓနိက အကျင့်။ )မရသေးတဲ့တရား ရအောင်၊ မသိသေးတဲ့တရား သိအောင်၊ ဒီလိုအားထုတ်မှုလည်းပဲ သူတို့မရှိဘူး။ အားမထုတ်ကြဘူး။

ဤသို့လျှင် သမထ၀ိပဿနာတရား၏ ပျက်ခြင်းကြောင့် ကိုယ်ကျင့်တရား၏ ပျက်ခြင်းကြောင့်၊ သံဃာတော်များ ၀ိနည်းတရား၏ ပျက်စီးခြင်းသည် ဖြစ်၏။

ဤဆိုခဲ့ပြီးသော အနာဂတ်ဘေးသည်ကား ငါးခုမြောက်ဖြစ်သော အနာဂတ်ဘေးတည်း။ ယခု မြတ်စွာဘုရား လက်ထက်အခါ၌ မဖြစ်ပေါ်သေး။ နောင်အခါကာလ၌ ဖြစ်ပေါ်၍ လာလတ္တံ့။ နောင်အခါကာလ၌ ဖြစ်ပေါ်လတ္တံ့သော အနာဂတ်ဘေးကို သိသင့်သိထိုက်၏။ ထိုအနာဂတ်ဘေးကို ပယ်ခြင်းငှာ အားထုတ်သင့် အားထုတ်ထိုက်လှ၏။ ပယ်အောင် အားထုတ်ထိုက်တယ်တဲ့။ အဲဒါဟာ ပဉ္စမအနာဂတ်ဘေးပါပဲ။

အနာဂတဘယသုတ်(မဟာစည်ဆရာတော်)
Read more ...

မင်းတုန်းမင်းတရား၏ အလဇ္ဇီဓမ္မ အမိန့်တော်ပြန်တမ်း...(သုတေသီ မာမက)

Dr Phyo Wai Kyaw | 10:57 PM | | Be the first to comment!
credit to http://www.lknt11.com/
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories