November 21, 2009

ဓမ္မစေတီ ဟောတရားနှင့် သူ၏ဆရာများ (အပိုင်း-၂)

သျှင်သာမိ - မုံရွာ | 12:35 AM | | 1 Comment so far
ကလောင်ရှင်= မစိုးရိမ်စာသင်သား


ဘုန်းကြိးတွေသီလရှင်တွေက ကလေးမွေးတယ်

သြစတြေးလျား နိုင်ငံတွင် ဟောကြားခဲ့သော ဒဿနသမ္ပဒါ(၈)ချပ်ထဲတွင် ဤသို့ ဟောကြားထားပါသည်..........

“ဥိးကောသလ္လက ပိဋကတ်စာပေတွေကို မသင်ခင်မှာပဲ ဆရာတော်ကြီး(ဆူးလေဥိးမြင့်သိန်း၏ တပည့်ကြိးဖြစ်သူ ဥိးဥက္ကသံဗုဒ္ဓိ) က“ဒီထေရ၀ါဒတရားတွေ၊ ဒီဝိပဿနာ တရားတွေ” ကို ၂ နှစ်လောက်အထိ သင်ပေးတာ။ ဒါကြောင့် ဥိးကောသလ္လ က ၀ိပဿနာတရားတည်သူ- ဖြစ်နေတော့ မန္တလေးသွားပြီး စာသင်တာ -၃-လ နဲ့ စာတတ်လာပါတယ်။ ပိဋကတ်တွေကို မမေ့တော့ဘူး။ “ဆရာကြိးရဲ့သင်တန်းမှာ“ဘုန်းကြီးတွေ သီလရှင်တွေက ညညဆိုရင် ကလေးမွေးတယ်လို့ မိန့်တယ်။ အဲဒါကို မသိဘူး။ ငယ်ငယ်တုန်းကပေါ့။ အဲဒီဟာကို ၀ိပဿနာ သင်တန်း လာတက်ကြတဲ့ ဘုန်းကြီးတွေကို မေးရတယ်။ နောက်တော့ ပိဋကတ်တော်တွေကို သိလာတော့ “ရာဂပုတ္တံ ၀ိဇာယတိ- စက္ခု နဲ့ ရူပါရုံ ဆုံမိတော့ စွဲလမ်းပြီး ရာဂဆိုတဲ့ သားကို မွေးတာပဲ” လို့ အဖြေရလာတယ်။

အထက်ပါ ဟောပြောချက်တွင် ဓမ္မစေတီ ဦးကောသလ္လသည် ဥိးဥက္ကသံဗုဒ္ဓိ၏ တပည့် ဦးဥက္ကသံဗုဒ္ဓိ သည် ဆူးလေဦးမြင့်သိန်း၏ တပည့်ဆူးလေ ဥိမြင့်သိန်းသည် အဓမ္မ၀ါဒီ ဦးဥက္ကသံဗုဒ္ဓိ သည် အဓမ္မ၀ါဒီ ဦးဥက္ကသံဗုဒ္ဓိ သင်တန်းပေးရာ ထေရ၀ါဒ အမည်ခံ သင်တန်းစာများနှင့် ၀ိပဿနာတရား အမည်ခံ သင်ခန်းစာများသည် အဓမ္မ၀ါဒ၊ ထို့ကြောင့် ဦးကောသလ္လသည် အဓမ္မ၀ါဒီ၊ ဦးကောသလ္လ ဟောနေသော ထေရ၀ါဒ အမည်ခံတရားများနှင့် ၀ိပဿနာတရားများသည် အဓမ္မ၀ါဒ၊ သို့ဖြစ်၍ ဦးကောသလ္လသည် အစစ်အမှန်ဖြစ်သော ၀ိပဿနာတည်သူမဟုတ်။ အတုအယောင်ဖြစ်သော ၀ိပဿနာတည်သူ ဖြစ်၏။ ဦးဥက္ကသံဗုဒ္ဓိ၊ ဥိးကောသလ္လ အစရှိကုန်သော ထေရ၀ါဒ အမည်ခံ ဘုန်းကြီးတို့သည် ရာဂသားမွေးတတ်သူ တဏှာတမားများ ဖြစ်၏။ ဗုဒ္ဓသာဝက အစစ် ထေရ၀ါဒီအစစ်ဖြစ်ကုန်သော ဘုန်းကြီးများတွင် ညညမှာ ရာဂသားမွေးတတ် သူများလည်း ရှိကြပေလိမ့်မည်။ ဘာဝနာ တရားပွားများသူလည်း ရှိကြပါလိမ့်မည်။

((((((မန္တလေးသွားပြီး စာသင်တာ -၃-လ နဲ့ စာတတ်လာပါတယ်။ ပိဋကတ်တွေကို မမေ့တော့ဘူး။))))))သုံးလနှင့် ပိဋပတ်တော်တွေ တတ်သွားတာတော့ တော်တော် အံ့သြစရာကောင်းပါသည်။ တိပိဋကတ် စာမေးပွဲ ဘာကြောင့် ၀င်မဖြေသလဲ မသိဘူး။ စာရှူသူ့တို့ပဲ မေးကြည့်လိုက်ကြနော် .........

မစိုးရိမ်စာသင်သား
Read more ...

ဓမ္မစေတီ ဥိးကောသလ္လ၏ ဆရာများ--အပိုင်း(၁)

သျှင်သာမိ - မုံရွာ | 12:08 AM | | Be the first to comment!
ကလောင်ရှင်=မစိုးရိမ်စာသင်သား

Image Hosting by imagefra.me
Image Hosting by imagefra.me
အထက်ပါ အချက်လက်များသည် ဓမ္မစေတီဥိးကောသလ္လ၏http://www.dhammaceti.org/home.htm မှ
အချက်လက်များ ဖြစ်ကြပါသည်။ စာရှူသူများ သိသာအောင် ဖော်ပြပေးပါမည်။


ဦးဥက္ကသဗုဒ္ဓိ သည် ဆူးလေ ဦးမြင့်သိန်း၏ တပည့်

ဤ စကားကို သက်သေခံမရှိပဲ ပြောလျှင် တရားဥပဒေ အရ တရားစွဲခံရဖွယ် ရှိပါသည်။ ထို့ကြောင့် သက်သေခံကို ထုတ်ပြရလျှင် အဗ္ဘုတဒီပနီ၊ ဦးမြင့်သိန်း၊ ရန်ကုန်မြို့၊ ဆူးလေ ဓမ္မကထိကဆရာကြိး”
ဟူ၍ မျက်နှာဖုံးပေါ်မှာ စာတန်း သုံးခုပါရှိသော စာအုပ်၏ ပန်ကြားလွှာအောက်မှာ-

“ဆရာကြိး၏ သက်တော် (ပ) ထေရ၀ါဒ တပည့်များနှင့် တကွ (ပ) ဤကဲ့သို့ ပုံနှိပ် ဖြန့်ချီနိုင်ရန် အစီစဉ် ရှိပြီး ဖြစ်ပေရာ လက်ရေးတိုနည်းဖြင့် ရယူရသည် မဟုတ်သော ဤမှတ်ချက်သည် မှတ်ချက်သဘာဝလျောက် ဆရာကြီးကိုယ်တိုင် ဟောကြားသည်ကို နာယူဖူးသော ပါရမီ ရှင်တို့ အတွက် လိုလျှင်ဖြည့် ပိုလျှင်လျှော့ ပြုနိုင်ပါသော်လည်း (ပ) ပန်ကြားအပ်ပါသည်။ တပည့်များ ဟူ၍ ပါရှိပါသည်။

ပန်ကြားလွာ ဒုတိယပိုင်း အနေဖြင့်

နိကာယ ဆေက၊ နိကာယ ကောဝိဒ၊ နိကာယ ဘာဏက ဖြစ်သော ရန်ကုန်မြို့ ဆူးလေ ဓမ္မကထိက ဆရာကြီး ဦးမြင့်သိန်းသည် (ပ) ဦးးမြင့်သိန်း ၏ ကောင်းနိုးရာရာတရားတို့ကို ဦးဥက္ကသံဗုဒ္ဓိ နှင့် မောင်ရွှေဘသိန်း တို့သည် ညစဉ်လိုလို သုံးလခန့် ဆရာကြီးအား ဖတ်ပြ ပြင်ဆင်ခဲ့ကြပါသည်။ (ပ)

ထေရ၀ါဒ သာသနာ့ မာမက သံဃအဖွဲ့ချုပ်
ပဋိဝိသောဓက အဖွဲ့

(၁) ကျိုက္ကစံ ပဌမရွှေကျင် တိုက်အုပ်ဆရာတော်
ထေရ၀ါဒီ ဥုးဧသိက(မဟာနာယက)
(၂)သင်္ဃန်းကျွန်း မဟာအောင်မြေ ရွှေဂူတိုက်သစ်
ဆရာတော် ထေရ၀ါဒီ ဥိးအရိယ၀ံသာဘိဓမ္မ
(ဂဏ၀ါစက) ဥက္ကဌ။
(၃).......
(၄)..........
(၅)....................
(၆) သာကေတမြို့ အာဒိကာရုံ ကျောင်းတိုက် အဘယာရာမ ကျောင်း
ထေရ၀ါဒီ အသျှင်သောဘဏာဘိဝံသ(ဓမ္မာစရိယ) န၀ကမ္မမူး။.....(ပ)........

ပြင်ဆင်ပြီး၍ ထေရ၀ါဒ သာသနာ့မာမက အဖွဲ့ချုပ် လူကြိးမင်းများ၊ ဦးသောင်းတင်- ဥက္ကဌ၊ ဦးးစံလှိုင်- အကျိုးဆောင်၊ ဦးဘသင်- ဒု အကျိုးဆောင်၊ ဦးကြိုင်ကြိုင် (ဘဏ္ဍာရေးမူး)...(ပ)....

အသင်းကြီး တိုးတက်သော်လည်း ဣနြေ္ဒရရ နှင့် အကြောင်းသတ် ၀ိပဿနာ တည်တံ့ရေး ကြိုးပန်းရသည်ကား ဘေးက ကြည့်သူပင် သက်သာအံ့ - မထင်ပါ (ပ).......

၁၃၃၆-ခု၊ နယုန်လဆုတ် ၄ ရက်၊ (၈.၆.၇၄) စနေနေ့ ဥုးအရိယ၀ံသဓမ္မ (ခ)ဥုးဥက္ကသံဗုဒ္ဓိ၊ မဟာအောင်မြေ ရွှေဂူတိုက်သစ်၊ သင်္ကန်းကျွန်း၊ ရန်ကုန်မြို့၊

ဟူ၍ ပါရှိပါသည်။ ဤသည်တို့ကို ထောက်၍ ဥိးဥက္ကသဗုဒ္ဓိသည် ဆူးလေ ဦးမြင့်သိန်း ၏ အဓိကကျသော တပည့်ကြိး တစ်ဥိးဖြစ်ပါသည်။ ၄င်း၏ တပည့် ဓမ္မစေတီ ဥိးကောသလ္လသည်ကား.........

ဥိးမြင့်သိန်းသည် အဓမ္မ၀ါဒီ
ဥိးဥက္ကသဗုဒ္ဓိသည် အဓမ္မ၀ါဒီ


ဤစကားသည်လည်း သက်သေခံမရှိပဲပြောလျှင် တရားစွဲခံရမည့် စကားပေတည်း။ ထို့ကြောင့် သက်သေခံကို ထုတ်ပြရလျှင် မျက်နှာဖုံးပေါ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်- နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွန်ကြားလွာများ ညွန်ကြားအမှတ်- (၁) မှ (၉၃)ထိ- ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ - သာသနာရေး ၀န်ကြိးဌာန-သာသနာရေးဦးစီးဌာန ကမ္ဘာအေး စာပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။ သာသနာ-၂၅၅၂၊ ကောဇာ-၁၃၆၉၊ ခရစ်-၂၀၀၈” စာတန်းများပါရှိသော စာအုပ် စာမျက်နှာ (၁၉၆-၁၉၉) တို့တွင်

“ညွန်ကြားလွှာ အမှတ်(၅၀) ဆူးလေဦးမြင့်သိန်း၏ ထေရ၀ါဒ အမည်ခံ တရားဓမ္မများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညွန်ကြားခြင်း (၂၂-၁-၈၃) (၁၀-၁၁-၄၄).....(ပ).........ဆူးလေဥိးမြင့်သိန်း၏ တရားဓမ္မများကို ဒဿမ အစည်းဝေးက ဆွေးနွေးစိစစ်၍ အဓမ္မ၀ါဒ အ၀ိနယ၀ါဒ များအဖြစ် ဆုံးဖြတ်သတ်မှတ်ပြီး ယင်းအဓမ္မ၀ါဒ များကို နိုင်ငံတ၀န်းလုံး၌ တားမြစ်ပိတ်ပင်စေရေးအတွက် မြို့နယ်သံဃနာယက အဖွဲ့များသို့ ညွန်ကြားရန်”..........(ပ)...........

ဘဒ္ဒန္တဣန္ဒာစာရ(အဘိဓဇ မဟာရဌဂုရု) ဥက္ကဌ ဆရာတော်၊ ဘဒ္ဒန္တတေဇောဘာသာဘိဝံသ-တွဲဖက် အကျိုးတော်ဆောင်ဆရာတော်” ဟူ၍ ပါရှိသည်။

ဤသည်တို့ကို ထောက်၍ ဆူးလေ ဥိးမြင့်သိန်းသည် အဓမ္မ၀ါဒီ ဦးဥက္ကသဗုဒ္ဓိသည် အဓမ္မ၀ါဒီ- ဖြစ်ပါသည်။ ဦးဥက္ကံသဗုဒ္ဓိ၏ တပည့် ဓမ္မစေတီ ဥိးကောသလ္လသည် အဓမ္မ၀ါဒီ ဖြစ်ပါသည်။ ဓမ္မစေတီ ဥိးကောသလ္လသည် ဆူးလေဦးမြင့်သိန်း၏ အဓမ္မ၀ါဒကို ဆက်လက် စွဲယူဖြန့်ချီနေသူ အဓမ္မ၀ါဒီဖြစ်ကြောင်း သူဟောကြားသော “ဒဿန သမ္ပဒါ” တရားများကို ထုတ်ပြ၍ ဖြေရှင်းပေးပါမည်။

ဓမ္မစေတီရှင်းတမ်း စာအုပ်(ထေရ၀ါဒ ဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါ) ဒီမှာ ဒေါင်းလုဒ်လုပ်ယူ၍ ဖတ်နိုင်ပါသည်..
http://www.sendspace.com/file/jbyo2g

မစိုးရိမ်စာသင်သား
Read more ...

November 19, 2009

ဦးအေးမောင်(စာပေဗိမာန်) ဦးဆောင်ခဲ့သည့် အဓမ္မ၀ါဒ

သျှင်သာမိ - မုံရွာ | 12:04 AM | Be the first to comment!
ဦးအေးမောင်၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ’ 
အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ်နောက်ပိုင်းတစ်လျှောက်လုံးအပိတ်ခံထားရပါသည်။
သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ
ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆၀၀၀ ဖြင့် ဈေးကွက်ဝင်လာပါသည်။
ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။
၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ ပိဋကတ်တွေကအမှားတွေဖြစ်မှာပါဟု ပြောဆိုတတ်သူများ တိုးပွားလာကြပါသည်။
အဘိဓမ္မာပယ်ဝါဒများလည်း အားကြီးလာကြပါသည်။
၎င်းစာအုပ်ကြီး၏ ခေတ်အဆက်ဆက်သံဃာတော်တို့အား စော်ကားထားမှုတို့နှင့်
မူလဗုဒ္ဓ၀င်ဒေသနာတော်ကိုဖျက်ဆီးထားမှု၊
ပိဋကတ်တော်ကို ချေဖျက်ထားမှုစသည်တို့ကို
အရှင်ကောဝိဒ(ယော)က ပြုစုစိစစ်ပြ၍ ‘ဗုဒ္ဓ၏ဗုဒ္ဓ’ စာအုပ်တွင် ဖော်ပြထားပါသည်။


ဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒ 
 

စာရေးဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒသဘောများသည်ကားအထင်အရှားပင် ဆက်တိုက်ကြီးထွားလာကြောင်း တွေ့ရပါသည်။

ယင်းတို့နှင့်စပ်လျဉ်း၍ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသတိထားနိုင်စိမ့်သောငှာ

ဆောင်းပါးရှင်ပညာဏကာရီနှင့်သောတောဒကတို့က

ဓမ္မရံသီ၊ ဓမ္မရတနာမဂ္ဂဇင်းတို့တွင်

သိဒ္ဓတ္ထ၀တ္ထု(ဆောင်းပါးတစ်ပုဒ်)၊
စိတြလေခါ(ဆောင်းပါးတစ်ပုဒ်)၊

ဗုဒ္ဓဒိုင်ယာရီ(ဆောင်းပါးလေးပုဒ်)၊

နိဗ္ဗာန်ဝတ္ထု(ဆောင်းပါးတစ်ပုဒ်)၊

ကံဝတ္ထု(ဆောင်းပါးတစ်ပုဒ်)၊

ဒိဗျာဝတ္ထု(ဆောင်းပါးတစ်ပုဒ်)တို့ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း တွေ့သိရပါသည်။

ဆရာပါရဂူ၏ ၀တ္ထုကြီးများတွင် ရုပ်ဝါဒလည်း လွှမ်းမိုး၍ ဟိန္ဒူဝါဒ (အတ္တ-အတ္တမာ)လည်း လွှမ်းမိုးနေလေရာ ဗုဒ္ဓဘာသာလာ ကံနှင့်ကံ၏အကျိုးသဘောတို့နှင့် မညီပုံတို့ကို ဇောင်းပေးတင်ပြထားကြောင်း သိရပါသည်။


တန့်ကြည်တောင်

ဦးသောမဗုဒ္ဓိဦးဆောင်သည့်အဓမ္မ၀ါဒ 

ပစ္စုပ္ပန်ကမ္မ၀ါဒဂိုဏ်း၏ အဘိဉာဏ်ဆိုင်ရာယူပုံတို့သည် တန့်ကြည်တောင် ဆရာတော်ဦးသောမဗုဒ္ဓိ၏ ၂၀၀၁ ခုနှစ် ၀န်းကျင်က အမှုဖြစ်ခဲ့သော အဓမ္မ၀ါဒဟောင်းကြီးနှင့် တူညီနေကြပါသည်။ ယင်းဂိုဏ်းကြီးသည် ယခုအခါ ပုဂံနယ်တွင် အလွန်စည်ပင်ကြီးထွားလျက်ရှိကြောင်း သိရပါသည်။


ဦးကျော်ဟိန်း၏ ဖြစ်လာတော့မည့်အဓမ္မ၀ါဒ 

ပစ္စုပ္ပန်ကမ္မ၀ါဒီတို့သည်ဘုရားဟောဒေသနာတို့ကိုယူ၍ဗုဒ္ဓဘာသာဝင်တို့အား လှည့်စားဖျက်ဆီးနေကြသကဲ့သို့ ဗုဒ္ဓဘာသာယောင်ဆောင်လျက် ဗုဒ္ဓတရားယောင်ဖြင့် မိမိ၏၀ါဒသစ်ကို ထူထောင်စပြုနေသည့် ပုဂ္ဂိုလ်၊
အကြောင်းအရာတစ်ခုလည်း ယခုအခါတွင် စတင်ဖြစ်ပေါ်နေကြောင်း သိရပါသည်။
ယင်းပုဂ္ဂိုလ်သည်ကား ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းပင်ဖြစ်ပါသည်။
ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းနှင့် ပတ်သက်၍
ဆောင်းပါးရှင် ဒေါက်တာခင်ဇော်လွင်(သုခချမ်းသာ)က ‘ဦးကျော် (သို့မဟုတ်) အ၀ိဇ္ဇာလောင်းရိပ်အောက်ကလူ’ ဆောင်းပါးကို ဓမ္မရံသီမဂ္ဂဇင်းတွင် ‘လောင်းရိပ်အောက်က ထွက်ခဲ့ပါ’ အမည်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

(မေတ္တာတံခွန်အသင်းက မူရင်းဆောင်းပါးကို ထေရ၀ါဒဓမ္မဒါနအဖြစ် ဖတ်ရှုလိုသူများကို ဒါနပြုပါသည်။)

ထို့ပြင် မေတ္တာတံခွန်အသင်းက ဦးကျော်ဟိန်းဝါဒနှင့်ပတ်သက်၍
စစ်ကိုင်းခင်မကန်ဆရာတော်အရှင်ခေမိန္ဒထံသို့သွားရောက်လျှောက်ထားခဲ့ရာ
ဆရာတော်က စာရေး၍ ဖြေကြားပေးသည့်အပြင် တရားပွဲများတွင်လည်း
‘သာသနာပြုမှာလား၊ သာသနာဖျက်မှာလား’
အမည်ဖြင့် လှည့်လည်ဟောပြောပေးခဲ့ပါသည်။


ချစ်ငယ်(ဒဿန)(ဗုဒ္ဓစာပေဆု)၏အဓမ္မ၀ါဒ 
 
ချစ်ငယ်(ဒဿန)(ဗုဒ္ဓစာပေဆု)၏ ဂိုဏ်းကြီးသည်လည်း တစ်နေ့တစ်ခြား ကြီးထွားလာနေကြောင်း သိရပါသည်။ ယင်းဂိုဏ်း၏ဌာနချုပ်မှာ အမရပူရမြို့ဟောင်းတွင် တည်ရှိပါသည်။

၎င်းတို့သည် နိဗ္ဗာန်၊ ရဟန္တာ၊ ၀ိပဿနာစသည်ဖြင့်နာမည်ကြီးကြီးစာလုံးကြီးကြီးများ
တွင်တွင်သုံးလျက် သူတို့သည်သာလျှင်

မြန်မာပြည်သာသနာတော်ကြီး၏ ဂုဏ်ဆောင် အရိယာ ဆရာ၊
တပည့်များဖြစ်ကြောင်းတွင်တွင်ကြီး ကြေညာနေကြပါသည်။

သို့ရာတွင် ဆရာက မည်သူမည်ဝါဟူ၍ပင် ဖော်ထုတ်နိုင်ခြင်းမရှိကြချေ။

အဘယ့်ကြောင့်နည်းဟူမူ အကြောင်းအခိုင်အမာရှိပါသည်။

၎င်းတို့၏ စာအုပ်များကို အကြောင်းညီညွတ်သောအခါတွင် ကြည့်ရှုသုံးသပ်ကြလိမ့်မည်သာ ဖြစ်ပါသည်။ ဆောင်းပါးတစ်ပုဒ်မျှကိုမူ ၂၀၀၇ ခုနှစ်၊ သြဂုတ်လထုတ်၊ ဓမ္မရံသီမဂ္ဂဇင်းတွင် ပြည်သူများ သတိထားနိုင်ကြရန် အမြည်းသဘောအဖြစ် တင်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ချစ်ငယ်(ဒဿန)သည် ၂၀၀၈ ခုနှစ်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV-4 မှနေ၍ ဗုဒ္ဓစာပေဆိုင်ရာများကို ဟောပြောပြသသည်အထိ အောင်မြင်ပေါက်မြောက်ခဲ့ပါသည်။

(ယခုအခါ ယင်းအစီအစဉ်များကို ထုတ်လွှင့်ခြင်းကို မတွေ့ရတော့ပေ။)

Read more ...

November 18, 2009

တောင်တွင်းကြီးရှင်ဥက္ကဋ္ဌဦးဆောင်ခဲ့သည့် လူသေလူဖြစ်အဓမ္မ၀ါဒ

သျှင်သာမိ - မုံရွာ | 11:58 PM | Be the first to comment!
ရှင်ဥက္ကဋ္ဌလက်ရာစာပေများသည်အဓမ္မ၀ါဒ၊အဓမ္မ၀တ္ထုများဖြစ်၍
ထုတ်ဝေခွင့်မရှိကြောင်းတားမြစ်ပိတ်ပင်ထားပြီး ဖြစ်ကြပါလျက် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ဈေးကွက်ထဲသို့ အကြီးအကျယ်ထိုးဝင်လာကြပါသည်။
ထိုစဉ်ကမူ ရန်ကုန်မြို့ စာအုပ်အဟောင်းဆိုင်များနှင့် မန္တလေးမြို့ ညဈေးတန်းအဟောင်းဆိုင်များသို့ စတင်၍ ၀င်လာကြပါသည်။
စာအုပ်များကမူအဟောင်းများမဟုတ်ဘဲမိတ္တူများဖြစ်ကြပါသည်။
ဝယ်သူများရှိနေ၍ အဟောင်းရောင်းသူများက မိတ္တူကူးပေးကြသည်ဟု ထင်မှတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့လှည်းတန်းရှိ စာပေလောကစာအုပ်ဆိုင်ကြီးများမှာအထိ နေရာယူလာကြပါသည်။
ထို့ကြောင့် စုံစမ်းကြည့်သောအခါတွင် တောင်ငူမြို့နှင့် အခြားမြို့များရှိ ရှင်ဥက္ကဋ္ဌ၀ါဒီများက မိတ္တူများ လိုက်ဖြန့်နေကြောင်းနှင့် လိုချင်သမျှရနိုင်ကြောင်းတို့ကိုလည်း သိရပါသည်။ ‘
သျှင်ဥက္ကဋ္ဌ’အမည်ရှိ စာအုပ်ကြီးဆိုလျှင် ရောင်းဈေး ကျပ်၈၀၀၀ရှိ၍
ရွှေချိန်ခွင်၊
အစွဲပြုတ်တကုတ်ရွှေနန်းတော်၊
လူသေလူဖြစ်၊
လူသေလူဖြစ်ပြဿနာရှင်းတမ်း၊
ကပ္ပပြဿနာ စသည်များလည်းရောင်းဈေး ကျပ်၂၀၀၀၀န်းကျင်စီရှိကြပါသည်။
ဤသို့ဖြစ်အောင်လှုံ့ဆော်သူများလည်းရှိနေကြပါသည်။
ဘာသာရေးစာပေလောကတွင် နတ်မှီဆရာတော်ကြီး၏ အဆို၊ အမိန့်တို့ကို ကိုးကား၍ ရေးလေ့ရှိသူများအဖွဲ့က ကြောင့်ကြစိုက်နေကြောင်းသိရပါသည်။
နတ်မှီဆရာတော်ကြီးဆိုသည်မှာ ရှင်ဥက္ကဋ္ဌ (အဓမ္မ၀ါဒီခေါင်းဆောင်ကြီး)ကို ဆိုလိုခြင်းပင် ဖြစ်ပါသည်။ ၎င်းတို့သည် ထေရ၀ါဒပိဋကတ်တော်များနှင့် မျက်မှောက်ရှိ သမ္မုတိသံဃာများကို အရေအတွက် မပြုသူများပင်။

Read more ...

ဆူးလေဦးမြင့်သိန်းဦးဆောင်ခဲ့သည့် ထေရ၀ါဒအမည်ခံ အဓမ္မ၀ါဒ

သျှင်သာမိ - မုံရွာ | 11:10 PM | 4 Comments so far

၎င်းဂိုဏ်းကြီး၏ ပြန်လည်ကြီးထွားလာပုံမှာကား ကြောက်ခမန်းလိလိပင် ဖြစ်နေကြပါသည်။

မိတ္တူများက တစ်မျိုးဖြစ်၍ အသွင်ပြောင်းထားသည်တို့ကလည်း တစ်မျိုးလုပ်ထားကြပါသည်။

နေပြည်တော်တွင် တောင်ပိုင်းရော၊ မြောက်ပိုင်းပါ မိတ္တူဈေးကွက် ဖြန့်ကြက်ထားကြပါသည်။ ၂၀၀၇ ခုနှစ်တွင် နေပြည်တော်သို့ ရောက်ရှိခိုက် ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါသည်။

‘၀ိပဿနာညွန့်ပေါင်းကျမ်းကြီး’(တန်ဖိုးကျပ်၄၀၀၀)မှစ၍

၎င်းဂိုဏ်းထုတ် မိတ္တူစာအုပ်များကို ၀ယ်လိုလျှင် စာရင်းပေးကြရကြောင်း လေ့လာသိရှိခဲ့ရပါသည်။

ဟောပြောစည်းရုံးသူများလည်းရှိ၍ စာရင်းပေးရန်လွယ်ကူသောအဆက်အသွယ်ရှိကြောင်းလည်း သိခဲ့ရပါသည်။ ၎င်းဂိုဏ်းဝင်ဖြစ်သူအမရပူရမြို့ဆရာကြိုင်ရေးသည့် ‘ဒွယနိဿိတပကာသနီကျမ်း’ တို့ကိုပင် မိတ္တူများ ရနိုင်ပါသည်။

ထေရ၀ါဒသမ္မာပထ၀ိဘဇ္ဖ၀ါဒီဖြစ်သော

ရန်ကုန်မြို့ဆူးလေဓမ္မကထိဆရာကြီး ဦးမြင့်သိန်းဟောကြားတော်မူအပ်သော သမ္မာပထ၀ိဘဇ္ဖအကြောင်းသတ် ထေရ၀ါဒတရားတော်များ

အမှတ်စဉ်(၁)နိဗ္ဗာန်နှင့် သံသရာစာအုပ်မျိုး၊

အမှတ်စဉ်(၂)ဂဟဏူပါဒါန်ဝါဒ ပဋိစ္စသမုပ္ပာဒ် သံသရာတရားတော်စာအုပ်မျိုး၊

ရွှေလရောင်ဓမ္မာစရိယ သင့်ဘ၀ဦးမြင့်သိန်းရေးသားသည့် သောတာပန်အလင်းကျမ်း ဒုတိယဆင့်

ပထမတွဲနှင့် ဒုတိယတွဲစာအုပ်မျိုးစသည်တို့ကိုလည်း မိတ္တူများ ရနိုင်ကြပါသည်။

၎င်းဂိုဏ်းကြီး၏ ဦးစီးဆရာတော်တစ်ပါးဖြစ်သူ မန္တလေးမြို့ ခင်မကန်တိုက်၊ အနန္တဂုဏ်ရည် စည်သာကျောင်း ဦးနာရဒရေးသားသည့် ထေရ၀ါဒ၀ိဘဇ္ဖ၀ါဒ၀ိပဿနာကျမ်းကြီးကို ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေထားကြပါသည်။

ယင်းကျမ်း၏ အမှားများကို ပြဆိုလျက် ဆောင်းပါးရှင်အရှင်ဣန္ဒာစရိယာဘိဝံသက ဆောင်းပါး ၁၆ ပုဒ်တို့ကို ရေးသားတင်ပြခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မည်သူကမျှ ဖော်ပြရန် မစီစဉ်နိုင်ကြပေ။ ယခုအခါတွင် ဓမ္မရံသီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ကဖော်ပြထားပါသည်။ ၂၀၀၈ ခုနှစ်တွင် သင်္ကန်းကျွန်း၌ နေသော ၎င်းဂိုဏ်းဝင်တစ်ပါး ရေးသားသည့် ဗျသနတရားငါးပါးအမည်ရှိ စာအုပ်တစ်အုပ်ကိုလည်း ဂိုဏ်းဝင်အလှူရှင်များက အရုဏ်ဆွမ်းလောင်းအသင်းနှင့်တွဲ၍ လောင်းလှူကြကြောင်း သိရ၊ ဖတ်ရပါသည်။ ဦးနာရဒနှင့်အတူ ဂိုဏ်းဦးဆောင်တပည့်ကြီးလေးပါးတို့ကို ဦးမြင့်သိန်းက သာသနာပြုရန် ချန်ထားခဲ့ကြောင်း သိရပါသည်။

ထိုလေးပါးတို့တွင် ဓမ္မစေတီဆရာတော်ဦးကောသလ္လ၏ဆရာဖြစ်သူ ဦးဥက္ကံသဗုဒ္ဓိလည်း တစ်ပါးပင်ဖြစ်ကြောင်း သိရပါသည်။

၎င်းဆရာတော်ကမွေးထုတ်လိုက်သူဦးကောသလ္လသည်လည်း

၎င်းဂိုဏ်းတရားတို့ကိုပင် ဟောပြောလျက်ရှိပါသည်။ တရားခွေပြန့်ပွားစေရေးအတွက် လူများကို အဖွဲ့များ ဖွဲ့စေလျက် တရားစိတ်ဝင်စားသော ချမ်းသာသူများကို စုံစမ်းချဉ်းကပ်ပြီး တရားနာယူစေကာ ကြည်ညိုစေပြီးမှ တရားခွေတစ်စုံလျှင် ကျပ် ၄၀၀၀၀ စသည်ဖြင့် သာသနာပြုကြောင်းလည်း သိရပါသည်။ စင်စစ်အားဖြင့် ဆူးလေဦးမြင့်သိန်းသည် အဓမ္မ၀ါဒဆုံးဖြတ်ခံရသူဖြစ်၍သာလျှင် ဦးမြင့်သိန်း၏ ထေရ၀ါဒအမည်ခံ အဓမ္မ၀ါဒဟူ၍ မှတ်တမ်းတင်ရခြင်းသာ ဖြစ်ပါသည်။

အမှန်ကမူ ဂိုဏ်းဦးစီးခေါင်းဆောင်မှာ ဓမ္မစေတီဆရာတော်ကြီး (ဒီပဲယင်းကျောက်စာတိုင်ဆရာတော်ကြီး)ဟူ၍ ရှိပါသေးသည်။ သိလိုပါက ‘၀ိပဿနာညွန့်ပေါင်းကျမ်းကြီး’တွင် လေ့လာကြည့်ကြပါကုန်။

ယင်းဆရာတော်ကြီးကို အကြောင်းပြု၍ ‘ဓမ္မစေတီဦးကောသလ္လ’ ဟု ဘွဲ့ခံထားကြောင်းလည်း သိရှိရပါသည်။ ၎င်းဂိုဏ်းကြီး၏ မူလနာမည်အပြည့်အစုံမှာ ‘ထေရ၀ါဒ ၀ိဘဇ္ဖ၀ါဒ သမ္မပထကြောင်းသတ် ၀ိပဿနာဂိုဏ်း’ဟူ၍ ဖြစ်ပါသည်။ ယင်းကို ပြုပြင်လျက် အသွင်သစ်ဖြင့် နာမည်တပ်သောအခါတွင်ကား ‘ထေရ၀ါဒဒဿနသမ္ပဒါနည်း’ ဟူ၍ ဖြစ်လာကြောင်းလည်း သိရပါသည်။ အဓမ္မ၀ါဒဖြစ်ကြောင်း ကြေငြာတားမြစ်ထားပြီးသည့် မိစ္ဆာဝါဒကြီးများတွင် ဆူးလေဦးမြင့်သိန်းဂိုဏ်းဆိုရာ အဓမ္မ၀ါဒသည် အမှတ်(၆) အဖြစ် ပါဝင်ပါသည်။

၎င်းအဓမ္မ၀ါဒဂိုဏ်းကြီးနှင့် အဓမ္မ၀ါဒတရားများမည်မျှလောက်အထိပြန်လည်ကြီးထွားလာကြောင်းမှာ အထူးတင်ပြဖွယ်မရှိပြီ။

၁၉၈၂ခုနှစ်ကပင်ဆူးလေဦးမြင့်သိန်းဝါဒရှိသူတို့ကို အဓမ္မ၀ါဒီအဖြစ် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရပါသည်။


Read more ...

November 17, 2009

ဗုဒ္ဓသာသနာကိုအန္တရာယ်ပြုနေသည့် အမျိုးဖျက်၊ ဘာသာဖျက်၊ သာသနာဖျက် မိစ ၦာဒီဌိမ်ား၊

သျှင်သာမိ - မုံရွာ | 9:24 PM | Be the first to comment!
စာရေးသူတို့ မသိမီလိုက်သော တစ်ချိန်ကတွင် မြန်မာနိုင်ငံ၌ လူသေလူဖြစ် အဓမ္မ၀ါဒတစ်ခုကို မြန်မာ့သာသနာ့ အာဇာနည်များက နှိမ်နင်းခဲ့ကြဖူးသည်။ ထိုနှိမ်နင်းမှုတွင် ထို အဓမ္မ၀ါဒီခေါင်းဆောင်သည် ခေါင်းဆောင်ပီသစွာ သူတစ်ဦးတည်း ခေါင်းခံခဲ့ပါသည်။

သို့သော်သူ၏ ခေါင်းဆောင်ပီသမှုသည် မြန်မာ့သာသနာကို ဖျက်ဆီးရန် အကြံဆိုးများ အပြည့်အ၀ ပါဝင်ခဲ့လေသည်။သူ၏ တပည့်ကျော် လေးယောက်ကို မြန်မာသာမက ကမ္ဘာသို့ ဖြန့်ချထားနိုင် ခဲ့လေသည်။ မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သော တပည့်မှာ ဦးဥက္ကံသဗုဒ္ဓိနှင့် မြင့်သိန်းဦး(ဆူးလေ) တို့ ဖြစ်ကြသည်။

ထိုနှစ်ယောက်က မြန်မာနိုင်ငံသာသနာကို ဖျက်ဆီးရန် အကြံဆိုးဖြင့် လျှို့ဝှက်နေထိုင်ပြီး တပည့်ကျော်များ မွေးမြူထားခဲ့သည်။ သူတို့ မွေးထုတ်လိုက်၍ အောင်မြင်သွားသော တပည့်များထဲတွင် ၈၈ နောက်ပိုင်း ကျောင်းသားများကို ကယ်လိုက်ပြီး အဓမ္မ၀ါဒကို ရိုက်သွင်းနိုင်ခဲ့သော ၁၉၉၀တွင် တရားစဟောခဲ့ပြီး ၂၀၀၆ နောက်ပိုင်း နာမည်ရလာသော တရားပေါင်း ၃၉၉ ပုဒ်ကို ဗွီစီဒီ ချပ်ပေါင်း ၅၃၂ ချပ်ဖြင့် ထုတ်နိုင်ခဲ့သော ဓမ္မစေတီဦးကောသလ္လမှာ အထင်ရှားဆုံးဖြစ်သည်။

နောက်တစ်ယောက်အောင်မြင်သွားသူမှာဦးဉာဏဆိုပြီးအမည်နှင့်အသွင်ပြောင်းကာ ပစ္စုပ္ပန်ကမ္မ၀ါဒ(မိုးပြာဝါဒ)ကို တည်ထောင်လိုက်နိုင်သူ ဖြစ်သည်။

ထိုသူက စာမတတ်သော်လည်း စာတတ်သော ဦးကုမာရဆိုသည့် ရဟန်းနှင့် ဦးဝိစိတ္တဆိုသည့် ရဟန်းကို မြူဆွယ်နိုင်သည့်အပြင် ဥပဒေပညာရှင်များ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံနှိပ်တိုက်များကိုပါ မြူဆွယ်နိုင်ခဲ့သဖြင့် အချိန်တို အတွင် အရှိန်အဟုန် ပြင်းပြင်းဖြင့် အောင်မြင်သွားခဲ့သည်။

ထိုစဉ်က နိုင်ငံသံဃာခေါင်းဆောင် ဦးဣန္ဒာစာရနှင့် ဦးတေဇောဘာသတို့က စာတင်ခဲ့ရာ ရှင်ဉာဏမှာ အ၀တ်ပြာဝတ်လျှက် တရုတ်ဘုန်းကြီးလိုလို ဂျပန်ဘုန်းကြီးလိုလို လုပ်ကာ မြစ်ကြီးနားသို့ တိမ်းရှောင်ခဲ့ပြီး နောက်မှ ရန်ကုန်မိုးပြာခြံသို့ ပြန်လာခဲ့သည်။

နိုင်ငံရေးအခြေအနေ လူထုစီးပွားရေးအခြေအနေတို့ကို ထောက်ဆရင်း ၎င်းဝါဒတွေနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံ၌ အဓမ္မ၀ါဒီဂိုဏ်းများ ပေါ်ပေါက်လာခဲ့ပေ၏။

တောင်တွင်းကြိးရှင်ဥက္ကဌဦးဆောင်ခဲ့သည့်လူသေလူဖြစ်အဓမ္မ၀ါဒ၊

ကျောက်သဘောင်္ဆရာတော်ဥိးဆောင်ခဲ့သည့်အဓမ္မ၀ါဒ၊

မြောက်ဥက္ကလာပကျောက်ပုံတောရ ဦးစံရင်ဥိးဆောင်ခဲ့သည့်အဓမ္မ၀ါဒ၊

ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ကျမ်းပြုဆရာဦးအေးမောင်(စာပေဗိမာန်)ဥိးဆောင်ခဲ့သည့်အဓမ္မ၀ါဒ၊

စာရေးဆရာပါရဂူ၏ ဘာသာမဲ့ ရုပ်ဝါဒ အဓမ္မ၀ါဒ၊

စာရေးဆရာချစ်ငယ်(ဒဿန-ဗုဒ္ဓစာပေဆု)၏ အဓမ္မ၀ါဒ၊

တန့်ကြည်တောင် ဦးသောမဗုဒ္ဓိ ဦးဆောင်ခဲ့သည့် အဓမ္မ၀ါဒ၊

မင်းသားကျော်ဟိန်း၏ဖြစ်လာတော့မည့်အဓမ္မ၀ါဒတို့သည်ပြန်လည်၍ ကြိးထွားလာကြပါသည်။

ပစ္စုပ္ပန်ကမ္မ၀ါဒ မိုးပြာဝါဒကို ရတနာ (http://www.yatanar.co.cc) စသော ဘလော့ဂါများစွာနှင့် နာမည်ကြီးပုဂ္ဂိုလ်များ အပါအ၀င် ၎င်းတို့ အဓမ္မအဖွဲ့သည် ၎င်းတို့၏ အဓမ္မ၀ါဒကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နေကြပါသည်။ ယခုဆိုလျှင် စာအုပ်ပေါင်း ၆၄ အုပ်ကို မြန်မာ့သာသနာ့ စာပေအတွင်း ပျံ့နှံ့လျှက်ရှိနေသည်ကို မည်သူမှ မရှင်းနိုင်တော့။ ထိုအရေးကို သိသော သံဃာ့ခေါင်းဆောင်များက (၃.၆.၂၀၀၇) ရက်နေ့တွင် တစ်ကြိမ်၊ (၂၂.၁၁.၂၀၀၈) ရက်နေ့တွင် တစ်ကြိမ်၊ (၁.၃.၂၀၀၉) ရက်နေ့တွင် တစ်ကြိမ် ၎င်းအဓမ္မစုတို့ အတွက် ထုတ်ပြန်ကြေငြာချက်များ ထုတ်ဝေခဲ့သော်လည်း ခုဆိုလျှင် ပိုမိုအတင့်ရဲလာပြီးနောက် နေပြည်တော်သို့ ၎င်းတို့၏ ၀ါဒကို ဓမ္မ၀ါဒဖြစ်ကြောင်း ကြေငြာပေးပါရန် စာတင်လာခဲ့ကြပြီဖြစ်သည်။

ဦးကောသလ္လ၏ ထေရ၀ါဒသည် ပုဆိုးဝတ်မထေရ် ဦးညွန့်၊ ဦးမြင့်သိန်း တို့၏ ၀ါဒဖြစ်သည်။
ဓမ္မစေတီရှင်းတမ်း စာအုပ်(ထေရ၀ါဒ ဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါ) ဒီမှာ ဒေါင်းလုဒ်လုပ်ယူရန်
http://www.sendspace.com/file/jbyo2g

ဓမ္မစေတီရှင်းတမ်း
အောက်မှ link ကို Download လုပ်၍ ဖတ်ပါ
http://www.sendspace.com/file/bdq0nx

ဒီမှာလည်း လုပ်လို့ရပါတယ်
http://www.sendspace.com/file/aiiipo
http://ifile.it/jtcm6oe

မိုးပြာ ဂိုဏ်းအကြောင်း နှင့် ဖြေရှင်းချက်များ
http://www.sendspace.com/file/irks5u

Read more ...

November 16, 2009

ဗုဒ္ဓ၏ဗုဒ္ဓ၀ါဒ

မေတ္တာတံခွန် | 6:41 AM | Be the first to comment!
ဘာသာရေးပတ်သက်ပြီး ပုခုံးပြောင်းတာဝန်ကို တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ လုပ်ကိုင်နေကြတဲ့.. လူငယ်မျိုးဆက်သစ် တွေကြားမှာ.. စိတ်မချမ်းမြေ့ဖွယ် အယူအဆတစ်ခုကို မကြာခဏ တွေ့ရှိနေရပါတယ်..အဲဒါကတော့ ဘုရားဟော တရားစာပေများနဲ့ ပတ်သက်ပြီး.. ကိုယ်နားမလည်နိုင်တဲ့ အယူအဆ၊ ခေတ်ကာလ.. အတွေးအမြင်နဲ့ မကိုက်ညီတဲ့ အတွေးအခေါ်.. ကိုယ့်အမြင်မှာ အတိတ္တရ၀ုတ္တိဆန်တယ်ထင်တဲ့.. အရေးအသားတွေ.. စာပေတွေ.. တွေ့ရင်၊ မြင်ရင်.. ဒါမှမဟုတ် ဘာသာခြားတွေက မေးမြန်းလာရင်.. ဒါ.. အဋ္ဌကထာထဲက ဟာတွေပဲ.. ဘုရားဟော ပါဠိတိုက်ရိုက် မဟုတ်ဘူး..ရှင်မဟာဗုဒ္ဓဃောသရဲ့ လက်ရာတွေပဲ.. ဒါတွေကို ကျုပ်တို့က လက်မခံဘူး.. စသဖြင့် အဋ္ဌကထာ၊ ဋီကာတွေကို ခါးသီးစွာ လူလိမ်တွေက ပြုစုထားတဲ့ ကျမ်းစာတွေပမာ.. ပြောတတ်၊ ဆိုတတ်ကြတယ်..

တချို့လူငယ်တွေကလည်း.. အဋ္ဌကထာဆိုတာ.. ပါဠိတော်တွေကို ပုံပြင်တွေနဲ့ တန်ဆာဆင် ဟောပြောထားတာပဲ. ဘုရားဟော တိုက်ရိုက်မဟုတ်ဘူး စသဖြင့်..အဋ္ဌကထာဟူသည်.. မုသာဝါဒ အပေါင်းတို့ စုဝေးရာ စာပေသဖွယ်.. မိမိဘာသာ စာပေအနှစ်သာရကို သေးသိမ်အောင်၊ ချိုးနှိမ်ပြောဆိုလေ့ ရှိတာကို မကြာခဏတွေ့မြင်နေရပါတယ်...
ဒီအတွေးအခေါ်တွေ..ဘယ်ကရောက်လာပြီး ဘယ်လိုကျယ်ပြန့်လာတယ်ဆိုတာ ဆန်းစစ်ကြည့်တော့..

ပင်ကိုယ် သဘာဝအားဖြင့် လူငယ်တွေဟာ.. ဆန်းသစ်မှု၊ ရှေးရိုးစွဲအယူအဆများကို ဆန့်ကျင်လိုမှု၊ သဘာဝယုတ္တိကိုပဲ လက်ခံယုံကြည်နိုင်မှုစတဲ့ အမူအကျင့်တွေ ရှိတတ်ပါတယ်..

ဘာသာခြားတွေနဲ့ ဘာသာရေးကိစ္စ ငြင်းခုန်ပြောဆိုကြတဲ့အခါ..ဒီကိစ္စနဲ့ပတ်သက်ပြီး သမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံလို မှတ်တမ်းစာအုပ်တွေကို လေ့လာကိုးကား မိတတ်ကြတယ်.. ဒါကတော့ အခုမျိုးဆက်မှ မဟုတ်ပါဘူး.. ရှေ့ကမျိုးဆက်မှာလည်း ဒီလိုပဲ ရှိခဲ့တာပါပဲ.. ဒီစာတွေဖတ်ပြီး မိမိဘာသာဖက်က ပိုင်နိုင်စွာ ချေပပြောဆိုနိုင်တဲ့ ရှင်ဥက္ကဋ္ဌ-ဟာ စာဖတ်သူရဲ့ အတွေးပုံရိပ်မှာ.. တကယ့်လူစွမ်းကောင်း ဟီးရိုးကြီးပမာ ထင်မြင်ယူဆမိတတ်တာ သဘာဝပါ..ဒီကိစ္စမှာ တကယ်လည်း တော်တဲ့ အရည်အချင်းရှိတဲ့ ဆရာတော်တစ်ပါး ဆိုတာကိုတော့ လက်ခံရမှာပါပဲ..

ပြီးတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို လေ့လာချင်သူ လူငယ်တွေဟာ စာအုပ်စင်မှာ ဘယ်စာအုပ်ကို ဖတ်ရင်ကောင်းမလဲလို့.. စာအုပ်ခေါင်းစဉ်တွေကို အရင်လေ့လာကြည့်တာအခါ.. ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဆိုတဲ့ စာအုပ်ခေါင်းစဉ်ဟာ မိမိသိလိုတာတွေကို သိရှိနိုင်မယ့် စာအုပ်လို့ စာအုပ်နာမည်ကို ကြည့်ပြီး ထင်မြင်ယူဆမိတတ်ကြတယ်..

ဒီလိုနဲ့.. ဘာသာရေးစာပေမျိုးစုံကို ထောင့်စိအောင် မလေ့လာမီ.. တနည်းအားဖြင့်.. စာဖတ်ပါးမ၀ခင်..ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို မြင်နိုင်သေးတဲ့ အသိဥာဏ် မရင့်ကျက်မီ.. ဘာသာ၊ သာသနာအပေါ်ထားအပ်တဲ့ သဒ္ဓါတရား အားမကောင်းမီ.. အဲဒီစာအုပ်တွေကို ဖတ်ရှုမိသူ လူငယ်တွေဟာ..အဲဒီစာအုပ်တွေရဲ့ အယူအဆမှားတွေကို အဟုတ်ကြီးထင်ပြီး.. တကယ့်ကို လက်တွေ့ဆန်တဲ့ စာအုပ်တွေလို့ ထင်မြင်ယူဆသွားတတ်ကြတယ်..တကယ်တော့ အဲဒီစာအုပ်တွေကို ရေးသားတဲ့ ပုဂ္ဂိုလ်များဟာ ဗုဒ္ဓဘာသာကို သညာသိ၊ စာသိမျှနဲ့ လမ်းဆုံးနေကြသူများ ဖြစ်တဲ့အပြင်.. ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပေါ် သဒ္ဓါတရား လွန်စွာနည်းပါးလှတဲ့ အမည်ခံ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ပါတယ်.. သူတို့ဟာ ဘာသာရဲ့ အနှစ်သာရကို လက်တွေ့ကျင့်ကြံအားထုတ်မှု လုံးဝ မပြုလုပ်ဘဲ အနောက်တိုင်းက ဘာသာခြား စာရေးဆရာများရဲ့ လိုရာဆွဲရေးတဲ့ စာအုပ်၊ စာပေတွေကိုသာ.. တကယ့်အားကိုးအားထားပြုဖွယ် အနှစ်သာရ အစစ်အမှန်များပမာ.. ရာခိုင်နှုန်းပြည့် ကိုးကားခဲ့ကြတာပါ..

ပြည်တွင်းက ပရိယတ်၊ ပဋိပတ်စွယ်စုံ တတ်ကျွမ်းသူ.. လက်တွေ့ကျင့်ကြံ ပြီးမြောက်ကြသူတွေ ရေးသားပြုစုတဲ့ စာပေတွေကိုတော့ မျက်ကွယ်ပြုခဲ့ကြတယ်..အနှစ်သာရကို အထဲထိ နှိုက်ပြီးရှာဖွေဖို့ သဒ္ဓါတရား အခြေခံတောင် မရှိ၊ မဖြစ်ခဲ့ကြပါဘူး..

အဲဒီဘာသာခြား စာရေးဆရာတွေဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ သဘောသဘာဝအမှန်ကို လက်တွေ့ကျင်ကြံမှုအပိုင်း.. လုံးဝမရှိပဲ.. ပျောက်သောသူ ရှာဖွေသလို ဗုဒ္ဓဘာသာကို ခုနှစ်သက္ကရာဇ်၊ သမိုင်းအမှတ်အသားတွေထဲမှာ.. ရှာဖွေသုံးသပ်ကြသူတွေ ဖြစ်တယ်.. တကယ်တော့ လက်ရှိအထင်အရှား ရှိနေတဲ့ ဗုဒ္ဓဘာသာရဲ့ အဖြစ်မှန်တွေကို အမှန်တကယ်သိချင်ရင်.. အရင်အားထုတ်လေ့လာ ကြည့်ရမှာပါ.. လောကရဲ့ အမှန်တရားတွေကို မြင်နိုင်တဲ့ အသိဥာဏ် အထိုက်အလျောက် ရလာတော့မှ.. ဗုဒ္ဓရဲ့မဟာဥာဏ်တော်ကြီးကို အရိပ်အမြွက် သိနားလည်လာနိုင်တာပါ.. အနှစ်သာရကို သင့်တင့်အောင်နှလုံး သွင်းနိုင်တဲ့ အသိဥာဏ်ရှိမှ ပြင်ပဗဟိဒ္ဓိကိစ္စတွေကို သမာသမတ်ကျစွာ ဆင်ခြင်နိုင်မှာပါ..


အခုတော့ လေ့လာသိရှိထားတဲ့ သမိုင်းနယ်ပယ် ခပ်ကျဉ်းကျဉ်းလေးကိုပဲ ဗဟိုပြုပြီး ဗုဒ္ဓဘာသာကို သုံးသပ်တင်ပြထားတာပါ..အနောက်တိုင်း စာပေတွေကိုမှ အထင်ကြီးကိုးကားတတ်တဲ့ ပြည်တွင်းက စာရေးဆရာကြီးအချို့ကလည်း ဒီအမှားတွေကို အလွန်တရာ အထင်ကြီးလေးစားစွာနဲ့ ကိုးကားပြီး ဗုဒ္ဓဘာသာကို သေးသိမ်အောင်နှိမ့်ချ ဆော်ကားတဲ့ အရေးအသားတွေကို တွေ့နေရပါတယ်.. ဒီလို စော်ကားရတာကို ဂုဏ်ပုဒ်တစ်ခုလို ယူဆပြီး သူ့ရဲ့ကလောင်အမည်အရှေ့မှာ ..... ကျမ်းပြုဆရာဆိုတဲ့.. ၀ိသေသနပုဒ်ကိုတောင် ဖြည့်စွက်ထား လိုက်ပါသေးတယ်..

သူတို့တတွေဟာ.. ဗုဒ္ဓဘာသာကို အမြစ်ကနေ လှန်ချင်တော့ အဘိဓမ္မာဆိုတာ ဘုရားဟောမဟုတ်ဘူး ဆိုပြီး ခုနှစ်သက္ကရာဇ် တွေကို အခြေခံပြီး ကိုးကားပြောဆိုကြပြန်တယ်..တကယ်တော့ အဘိဓမ္မာဆိုတာ ၀ိနည်း၊ သုတ္တံတို့ရဲ့ အနှစ်ချုပ်ပါ.. ပိုပြီး သာလွန်မြင့်မြတ်ပါတယ်..အဘိဓမ္မာကို နားလည်နိုင်ဖို့ဆိုတာ သညာသိ ဥာဏ်ရည်အသွေးလောက်နဲ့ မရနိုင်ပါဘူး.. သဒ္ဓါတရားကို အခြေခံပြီး ၀င်ရောက်လေ့လာရတာမျိုးပါ.. သဒ္ဓါတရားမှ အခြေခံမရှိရင် ဗုဒ္ဓရဲ့ အဘိဓမ္မာတွေကို ဘယ်လိုမှ
နားလည်နိုင်မှာ မဟုတ်ပါဘူး..

ထိုအကြောင်းတို့နှင့် ပတ်သက်ပြီး ဥပမာ တခု ဖော်ပြအံ့။

____ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ ခေါင်းစဉ်ကို အမည်တတ်ပြီး ရေးသားခဲ့သူရှိပါသည်။ ထိုအကြောင်းကို သိသာစေရန် ဖော်ပြပါမည်။ ထိုစာအုပ်ကို ပြုစုသူကား ဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်ဖြစ်ပေ၏။ ထိုပုဂ္ဂိုလ်သည်လည်း မြန်မာနိုင်ငံတွင် ပြန်လည်ပေါ်ထွန်းလာသော အဓမ္မ၀ါဒီများထဲတွင် တစ်ယောက် အပါအ၀င် ဖြစ်ပါတယ်။

ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ကြီးဟာ ထေရ၀ါဒပိဋကတ်တော်တို့ကို နှိမ်ချပြီးဖျက်စီးရေးသားတဲ့ စာအုပ်ကြီး ဖြစ်တဲ့အတွက်ကြောင့် (၁၉၆၄) ခုနှစ်မှ ယခုချိန်ထိ တလျှောက်လုံး နိုင်ငံတော်မှ ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ သို့သော်လည်း (၂၀၀၄) ခုနှစ်တွင် ပါရမီစာပေမှ တအုပ်လျှင် (၆၀၀၀) ကျပ်နှုန်းဖြင့် ပြန်လည် ဖြန့်ချီလာခြင်း ဖြစ်ပါတယ်။ ယခုအချိန်ထိပင် ဆက်လက် ရောင်းချနေသည်ဟု သိရပေ၏။

ဒီစာအုပ်ကြီး၏ အကျိုးဆက်အနေနဲ့ ပိဋကတ်တော်လာ တရားတော်တို့ကို တပိုင်းတစလောက် သိရုံနဲ့ ခြေခြေမြစ်မြစ်မသိဘဲနဲ့ ပိဋကတ်တော်လာ တရားတော်တွေက အမှားတွေဖြစ်မှာပါ ဟူသော သိမ်ဖျင်းတဲ့ အတွေးအခေါ်များ ယူဆလာတဲ့ သူများသာ တိုးပွားလာပါသည်။ အဘိဓမ္မာပယ်ဝါဒ များလည်း တိုးပွားလာပါသည်။ ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ကြီးရဲ့ ပိဋကတ်တော်လာ တရားတော်များကိုနှိမ်ချရေးသားထားမှု၊ ဖျက်ဆီးရေးသားထားမှု၊ ခေတ်အဆက်ဆက် သံဃာတော်တို့ကို စော်ကားထားမူ့ မူလဗုဒ္ဓ၀င်ကို ဖျက်ဆီးထားမှုတို့ကြောင့် ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။

ထိုစာအုပ်ပါ အကြောင်းအရာကို ဆောင်းပါးရှင် ဆရာတော် အရှင်ကောဝိဒ(ယော)မှ ပြုစုစိစစ်၍ ဓမ္မရံသီ မဂ္ဂဇင်းတွင် အခန်းဆက် ဆောင်းပါးများ ရေးသားခဲ့ဘူးပါသည်။ ယခုအခါ ထိုဆောင်းပါများကို ပြန်လည်စုစည်း၍ ဗုဒ္ဓ၏ဗုဒ္ဓ၀ါဒ ဆိုသော စာအုပ်အမည်ဖြင့် နှလုံးလှစာပေမှ တအုပ်လျှင် ၁၅၀၀ကျပ်နှုန်းဖြင့် ထုတ်ဝေဖြန့်ချီနေပါသည်။ ဦးအေးမောင် ၏ စာအုပ်သည် အဓမ္မ၀ါဒ တရားများဖြစ်ကြောင်း သိလိုပါလျှင် ထိုစာအုပ်ကို ၀ယ်ယူဖတ်ရှူလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်ဟု အကြံပြုအပ်ပါသည်။

သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာ စာပေများနှင့် အကျွမ်းဝင်မှု နည်းပါးသေးလျှင် ထို ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဆိုသော ဦးအေးမောင် (စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်၏ စာအုပ်ကြီးကို မဖတ်လျှင်ကား အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဆိုသော ထိုစာအုပ်ကြိးထဲမှ ရွှေမြန်မာဗုဒ္ဓဘာသာဝင်များ မှတ်သားသင့်တဲ့ အချက်လေးတော့ ထုတ်ပြပါမည်။

____" မြန်မာဗုဒ္ဓ၀ါဒီတို့ ဆင်ခြင် သုံးသပ်သင့်သော ဘာသာရေး ဓလေ့ထုံးစံတစ်ခုမှာ ကလေး
သူငယ်များကို ရှင်ပြုသော ထုံးစံဖြစ်၏ ။ မြန်မာတို့သည် မိမိတို့၏ သားသမီးများကို အသက်ငယ်ရွယ်စဉ် ရှင်ပြုလေ့ရှိကြ၏ ။
ဝိနည်းပိဋကတ်၌ ဗုဒ္ဓသည် ရဟန်းတို့အား အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသောရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူသည် ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)"_____

ဝိနည်းပိဋကတ်လာ ပညတ်တော်မူချက်နှင့် အဖြစ်အပျက်အလုံးစုံကို ထုတ်ပြပါမည်။ တစ်ရံရောအခါ တစ်ဦးသော အမျိုးသည် ယဉ်းအနာ`အဟိဝါတကရောဂါ´ ဖြင့် သေလေ၏။ ထိုအမျိုး၌ သားအဖ နှစ်ယောက်တို့သည်သာလျှင် ကြွင်းကျန်ကုန်၏။ ထိုသူတို့သည် ရဟန်းတို့၏ အထံ၌ ရဟန်းပြု၍ အတူတကွ ဆွမ်းခံလှည့်လည်ကြကုန်၏။ ထိုအခါ အဖအား ဆွမ်းလှူသည်ရှိသော် သူငယ်သည် ပြေးလာ၍ `ဖခင် ကျွန်တော့်အားလည်း ပေးပါလော့၊ ဖခင် ကျွန်တော့်အားလည်း ပေးပါလော့` ဟုဆို၏။ လူတို့သည် `သာကီဝင်မင်းသာ ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မမြတ်သော အကျင့်ကို ကျင့်ကုန်၏။ ဤသူငယ်သည်ကား ရဟန်းမိန်းမမှ မွေးဖွား၏` ဟု ကဲ့ရဲ့ ကုန်၏။ ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ကဲ့ကဲ့ ရှုံ့ချ အပြစ်ပြောကြသော ထိုလူတို့၏ စကားကို ဘုရားရှင်အား လျှောက်ကြကုန်၏။ ထိုအခါ ဘုရားရှင်က ရဟန်းတို့ အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏ ။

ထိုအခါ၌ သဒ္ဓါတရားရှိ၍ ကြည်ညိုတတ်သော အရှင်အာနန္ဒာ၏ အလုပ်အကျွေး အမျိုးသည် ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေသော် သူငယ်နှစ်ယောက်တို့သာ ကြွင်းကျန်ကုန်၏။ ထိုသူငယ်တို့သည် ရှေးအလေ့အကျက်အားဖြင့် ရဟန်းတို့ကို မြင်သောအခါ ပြေးလာသည်ရှိသော် ရဟန်းတို့သည် မောင်းမဲဤနှင်ထုတ်ကြကုန်သောအခါ ထိုသူငယ်တို့သည် ငိုကြွေးကြကုန်၏။


ထိုအခါ အရှင်အရှင်အာနန္ဒာအား `မြတ်စွာဘုရားသည် အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။ ဤသူငယ်တို့သည် ၁၅ နှစ်မပြည့်သေးကုန်၊ အဘယ်သို့သော အကြောင်းဖြင့် ဤသူငယ်တို့သည် မပျက်စီးကုန်ရာပါအံ့နည်း` ဟု အကြံဖြစ်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏။ ဘုရားရှင်က ပြန်လည်မိန့်ဆိုသည်မှာ -"ချစ်သားအာနန္ဒာ ထိုရှင်ပြုချင် ကြသောကလေးတို့သည် ကျီးတို့ ချောက်လန့်နိုင်ပါ၏လားလို့ မေးတော်မူ၏။ ထိုအခါ ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါသည်ဟု ဖြေလေသော် ထိုသို့ဖြစ်လျှင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးခြင်းကို ခွင့်ပြု၏။ ရှင်သာမဏေ ပြုပေးနိုင်၏။ ရှင်ပြုခြင်းငှာ ခွင့်ပြု၏` ဟု ဘုရားရှင် မိန့်တော်မူ၏။

အထက်ပါ ပညတ်ချက်များကို ကြည့်လျှင် အသက် ၁၅ နှစ်မပြည့်လျှင် ရှင်မပြုအပ်ဟူသော ပညတ်ချက်သည် မူလပညတ်ချက်ဖြစ်၏။ အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးနိုင်၏` ဟူသော ထိုပညတ်ချက်သည် မူလပညတ်ကို ပယ်ဖျက်ပေးရာလည်း ရောက်ပါသည်။ သို့ဖြစ်ပါ၍ ယခုခေတ်တွင် အသက် ၁၅ နှစ် မပြည့်သေးသော်လည်း ရှင်ပြုပေးခြင်းသည် အပြစ်အားဖြင့် တစုံတရာမဖြစ်ပေ။ သို့ရာတွင် မူလ ပညတ်တော်မူအပ်သော အသက် ၁၅ နှစ်အရွယ်သည် အထက်ပါကဲ့သို့ အခက်ခဲရှိမှသာ အသက် ၁၅ နှစ်မပြည့်မီ ရှင်ပြုလိုက် ပြုပေးသင့်၏။

ထို့ကြောင့် ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ကျမ်းဆရာ ဆက်လက်ပြဆိုအပ်သော အောက်ပါမှတ်ချက်မှာ မှန်ကန် ကောင်းမွန်ပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များ အလေးအနက်ထားဤ ပြုသင့်သော အချက်ဖြစ်ပေသည်။


__"ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေသည် ။ ရှင်သာမဏေအဖြစ်သည် တတ်သိလိမ္မာသော အရွယ်သို့ ရောက်ရှိပြီးဖြစ်သည့် သူငယ်များအဖို့သာလျှင် အကျိုးရှိသည် ။ ယခုကာလ၌ မိဘများက ရှင်ပြုသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ် ဥာဏ်နုနယ်သေးသော သူများ ဖြစ်ကြရကား ဘာသာရေးဘက်၌ တစ်စုံတစ်ရာ ထူးခြားပြောင်းလဲခြင်း မရှိချေ ။ သို့ဖြစ်၍ ယခုခေတ် လူငယ်များသည် အားလုံးလိုလို ရှင်သာမဏေ ဖြစ်ခဲ့ကြဖူးပါလျက် ဘာသာရေးအသိတရား ခေါင်းပါးနေကြ၏ ။ မိဘများသည် မိမိတို့ပြုသောကောင်းမှု အတွက် နှစ်သိမ့် ကျေနပ်ကြပေမည် ။ သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည် မိဘများ၏ ကျေနပ်မှု ၊ ကုသိုလ်ရမှုအတွက် ဖြစ်ပါသလော ။ ကလေး၏ အကျိုးစီးပွား ၊ သာသနာတော်၏ အကျိုးစီးပွားအတွက် ဖြစ်သင့်သည် မဟုတ်ပါလော ဟု မေးဖွယ်ရှိ၏ ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)"___


ဤနေရာတွင် မိဘများဘက်ကသာ ပြင်ဆင်သင့်သည်မဟုတ်သေး။ ကျောင်းထိုင်ဆရာတော်များ ဘက်ကလည်း ငယ်ရွယ်နုနယ်သေးသော ကလေးသူငယ်များကို ရှင်ပြုပေးဖို့ရာ လက်မခံသင့်ပေ။ ယခုကာလ ရှင်ပြုကြသော သူငယ်အချို့ကား သင်္ကန်းနိုင်ဖို့၊ သရဏဂုံ ပီသဖို့ နေနေသာသာ မိခင်နို့ပင် မပြတ်တတ်သေး။ ညအိပ်လျှင် ဖခင်ဖြစ်သူက အတူလာအိပ်ပေးရ၏။ ဆွမ်းစားလျှင် ခွင့်ကျွေးရ၏။ ညညဆိုလျှင် ကလေးငိုသံ တညံညံနှင့် အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလှ၏။


Image Hosting by imagefra.me
http://www.sbay-student.org/
www.dhammaanalysis.multiply.com/

Read more ...

November 15, 2009

ဗုဒ္ဓသာသနာကိုဘယ်သူတွေဖျက်စီးနိုင်သလဲ

မေတ္တာတံခွန် | 10:41 PM | | | 1 Comment so far
ကလောင်ရှင် = ဓမ္မမိတ်ဆွေ-မစိုးရိမ်ကျောင်းသားဟောင်း စိုင်းသိင်္ခ( တောင်ကြီး )



ကျွန်တော်တို့ ဗုဒ္ဓဘာသာကို အခြားဘာသာခြားတွေအနေနဲ့ ဖျက်စီးလို့မရပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာကို ကျွန်တော်တို့ထဲက စုံးပြူးဗုဒ္ဓဘာသာဝင်တွေကပဲဖျက်စီးလို့ရပါတယ်။ တစ်ခြားဘာသာခြား တွေ အနေနဲ့ကတော့ ဖျက်ချင်ရင်တောင် ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ စေတီပုထိုးတွေ ကျောင်းကန်တွေ ကိုပဲဖျက်လို့ရချင်ရမယ်။

ကျွန်တော်တို့ ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ရတနာသုံးပါကို ကြည်ညိုတဲ့စိတ်ကိုတော့ သရဏဂုံ ပျက်လောက်အောင်တော့ သူတို့တွေမဖျက်စီးနိုင်ကြပါဘူး။ ကျွန်တော်တို့ကို သတ်လို့ ကျွန်တော်တို့ရဲ့ အသက်တွေသေရင် သေသွားပါစေ။ ကျွန်တော်တို့ရဲ့ ရတနာသုံးပါး အပေါ်မှာ ယုံကြည်မြတ်နိုးတဲ့ စိတ်ကတော့ သေသွားမှာမဟုတ်ပါဘူး။

စေတီပုထိုး ကျောင်းကန် ဆိုတာလည်း ဘာသာခြားတွေ မဖျက်ဆီးလည်း တစ်နေ့တော့ သင်္ခါရ သဘောတရားအရ ပျက်စီးမှာမလွဲမသွေပါ။ ဒီတော့ သိစေချင်တာ ကတော့ဗျာ။ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ တည်နေတဲ့ သရဏဂုံကိုတော့ ကျွန်တော်တို့ထဲက ဗုဒ္ဓဘာသာ အမည်ခံတွေကသာ ဖျက်စီးနိုင်တာပါ။

ဥပမာတစ်ခု ပြောရရင်တော့ဗျာ။ ဇမ္ဓူရာဇ်ရွှေစင်ကို ကျောက်သံ ပတ္တမြားက ဖျက်ဆီးလို့ မရနိုင်သလို အဲဒီကျောက်သံ ပတ္တမြားကိုလည်း ဇမ္ဓူရာစ်ရွှေစင်ကဖျက်စီးလို့မရနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အမျိုးမတူတဲ့ အတွက်ကြောင့်ပါ။

ဇမ္ဓူရာဇ် ရွှေစင်အစစ်ကိုတော့အဲဒီရွှေနဲ့တူတဲ့ဇမ္ဓူရာဇ် ရွှေအတုကပဲဖျက်လို့ရသလို။ ကျောက်သံ ပတ္တမြား အစစ်ကိုလည်း ကျောက်သံပတ္တမြား အတုကပဲ ဖျက်စီးလို့ရပါတယ်။ အတုဆိုတာမျိုးကတော့ အစစ်နဲ့ ခွဲခြားလို့တော်တော်နဲ့ မရကောင်းဘူးလေ။

အဲဒီတော့ကိုယ့်ရဲ့ဗုဒ္ဓဘာသာအစစ်ကို ဗုဒ္ဓဘာသာ အတုအယောင်တွေက (အယောင်ဆောင်တွေက)
မှတ်ပုံတင်ထဲက ဗုဒ္ဓဘာသာ အမည်ခံတွေကပဲ ဖျက်စီးနေကြတာပါ။

ဒီဥပမာကို ကျွန်တော်ပေးတာမဟုတ်ပါဘူး။ လောကရဲ့တုနှိုင်းမဲ့ဖြစ်တဲ့ ဗုဒ္ဓလို့ခေါ်ဆိုတော်မူထိုက်တဲ့
မဟာသတ္ထာ ဘုရားရှင်ကပေးခဲ့တဲ့ဥပမာပါ။ သူတော်ကောင်းများ စဉ်းစားကြည့်ပါ။

အခြားဘာသာတွေလည်း ဒီအတိုင်းပါပဲ။ သူတို့ရဲ့ ဘာသာတူတွေကပဲ သူတို့ရဲ့ ဘာသာကို အခြားဘာသာတွေက အထင်အမြင် သေးလာအောင်  ဖန်တီးပြီး ဖျက်စီးနေကြတာပါ။

အဲဒီတော့ ကျွန်တော်ပြောချင်တာက  ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အခြားဘာသာဝင်တွေကို မုန်းတီးနေမယ့်အစား တိုက်ခိုက်နေမယ့်အစား ကိုယ့်ဘာသာထဲကစုန်းပြူးတွေကို အရင်ဆုံး သုတ်သင်စေချင်တယ်။ သူတို့မကျေနပ်လို့ အခြားဘာသာထဲ ကူးပြောင်းသွားရင်လည်း နှမြောစရာ အကြောင်းမရှိပါဘူး။ ဒီလိုမျိုးတွေ ကျွန်တော်တို့ ဘာသာထဲမှာ ရှိနေရင်လည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာအတွက် သာသနမလ၀ိသောဓနီ ဖြစ်မှာမဟုတ်ပါဘူး။ အန္တရာယ်ကြီးမားလှတဲ့ ဆူးငြောင့်ခလုပ်ပဲ ဖြစ်မှာပါ။

သူ့ဘာသာသူ ဘာကြီးပဲ ဖြစ်နေဖြစ်နေ။ ဘယ်လောက် နာမည်ပဲကြီးနေကြီးနေ။ ဗုဒ္ဓသာသနာအတွက် ကျွန်တော်တို့ ခင်ဗျားတို့အတွက် သရဏဂုံပျက်လောက်တဲ့ အထိဖြစ်လာမယ်ဆိုရင်တော့ သုတ်သင်ရ မှာပါပဲ။ သုတ်သင်တယ်ဆိုတာ သူ့ကိုသတ်ဖို့ ညင်းပန်းနှိပ်စက်ဖို့ဆိုလို တာမဟုတ်ပါဘူး။

သာသနာတော် သန့်ရှင်း တည်တံ့ရေး အတွက် တစ်မျိုးမျိုးတော့ စဉ်းစားရမှာပါပဲ။

အဲဒီတော့ ခင်ဗျားတို့ကျွန်တော်တို့ပဲ ကိုယ်တတ်နိင်တဲ့ အားနဲ့ အွန်လိုင်းမှာ ဖော်ဝပ်မေးတွေ ပို့ရင်းသာသနာ ပြုကြရတာပေါ့ဗျာ။ သာသနာပြုတယ် ဆိုရာမှာလည်း သူ့အသက်ကိုလည်းထိခိုက်စေ သူ့စည်းစိမ်ဥစ္စာ ကိုလည်း ပျက်စီးစေ ဆိုတဲ့ အဖြစ်မျိုးကတော့မကောင်းဘူးဗျာ့။ အဲလိုမျိုးဖြစ်ပြီးမှ သာသနာ တည်တံ့တယ်ဆိုတာ၊ သာသနာပြုတယ် ဆိုတာ ဘုရားရှင် နှစ်သက်တော်မူတဲ့  ခွင့်ပြုတော်မူတဲ့
သာနာတည်တံ့ခြင်းမျိုး၊ သာသနာပြုခြင်းမျိုး မဟုတ်ဘူးဗျာ့။

အဲဒီတော့ နှလုံးသားဝယ်ဘုရားတည် ဆိုတဲ့ ယောဆရာတော်ရဲ့ နှုတ်ခွန်းတော် အတိုင်း ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ သရဏဂုံမပျက်သရွေ့ ဘုရားတည်ပြီးသားပါဗျာ။

သရဏဂုံမပျက်စီးအောင်လည်း
ဗုဒ္ဓဿအ၀ဏ္ဏံဘာသတိ ။
ဓမ္မဿအ၀ဏ္ဏံဘာသတိ။
သံဃဿအ၀ဏ္ဏံဘာသတိ

ဆိုတဲ့အတိုင်း ရတနာသုံးပါးရဲ့ ဂုဏ်ကို ကျေးဇူးမဲ့ ကဲ့ရဲ့တဲ့စကား လှောင်ပြောင်တဲ့စကား ပေါ့ပေါ့တန်တန် ဂရုဂါရ၀မထားတဲ့စကားအပြုအမူတွေကို ရှောင်ရှားကြရင်းနဲ့ ရတနာသုံးပါးကို စော်ကားလာသူတိုင်းကိုလည်း ရဲဝံ့ပြတ်သားစွာနဲ့ ဆန့်ကျင်ပြီး ပြောဆိုဆုံးမကြရအောင်လား အွန်လိုင်းမှ သူတော်ကောင်းတို့။

အနုပညာရှင်ဖြစ်ရင်လည်း အားမပေးဖို့ သူတို့ရဲ့ ထွက်သမျှခွေကို ဆန့်ကျင်ဖို့နဲ့ နောင်အခါ ရှောင်ကြဉ်လာအောင် လုပ်သင့်ပါတယ်လို့ကျွန်တော် ပြောပြချင်ပါတယ်။ ဘာသာရေး အသိစိတ်ဓါတ်မရှိတဲ့သူကို အသိစိတ်ဓါတ်တွေ ရှိလာအောင် ချစ်မြတ်နိုးတတ်လာအောင် ယဉ်ကျေးသိမ်မွေ့လာအောင် ကျွန်တော်တို့ ကြိုးစားကြရအောင်လားဗျာ။

“ဗုဒ္ဓသာသနံစိရံတိဌတု"
သုခိအတ္တာနံပရိဟန္တု"
ဓမ္မမိတ်ဆွေ-မစိုးရိမ်ကျောင်းသားဟောင်း စိုင်းသိင်္ခ ( တောင်ကြီး )


Image Hosting by imagefra.me
http://www.sbay-student.org/
www.dhammaanalysis.multiply.com/

Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories