October 23, 2010

ဦးကျော်ဟိန်းအား ဟောကြားအပ်သော ပါချုပ်ဆရာတော်၏ တရားတော် - ၁ -

သျှင်သာမိ - မုံရွာ | 8:32 AM | Be the first to comment!
''ကြွပါ၊ ကြွပါ၊ ဘယ်မှာသီတင်းသုံးသလဲ''
''မော်လမြိုင်မှာ တစ်ခါတစ်လေ ပဲခူးမှာပါ''

''ဘယ်ကျောင်းမှာသီတင်းသုံးတာလဲ''

''မော်လမြိုင်မှာ မိုးမခကျောင်းပါဘုရား''

'' ဘယ်ဆရာတော်ကြီးဆီမှာလဲ''

''ဆရာတော်ဓမ္မပါ----------၊ ငယ်ငယ်ရှိပါသေးတယ်ဘုရား၊ဆင်ဖြူကျောင်းတိုက်----ကျိုက်သလ္လံဘုရားအရှေ့ဘက်'

"မော်လမြိုင်ကို နှစ်ခေါက်လောက်ပဲ ရောက်ဖူးတယ်။ ကျိုက်သလ္လံဘုရားတော့ မသိဘူး။ ဘယ်နှစ်ဝါရပြီလဲ''

'နှစ်ဝါပြည့်တော့မယ်ဘုရား၊ တပည့်တော်အပြီးဝတ်လိုက်တာ'

''ကောင်းပါတယ်''

''ဘာမှကို မရှိတော့ဘူး၊ တပည့်တော်၏ ရည်ရွယ်ချက်က လူဖြစ်ရတုံးလူဖြစ်ကျိုးနပ်ချင်တယ် ၊လူ့ဘဝတုံးက
လုပ်လို့ရတာ အစွမ်းရှိသမျှအကုန် တပြည်လုံးကို အကျိုးပြုတယ်ဘုရား၊ အခုရဟန်းဘဝရောက်တယ်၊
ဘုန်းဘုန်းတို့ ရှေ့ကသွား၊ တပည့်တော်တို့ နောက်ကလိုက်၊ ဘုန်းဘုန်းတို့ ဘုရားတရားတော်တွေနဲ့ တပည့်တော်
လူ့ဘဝတုန်းက ကြိုးစားအားထုတ်ထားတာနဲ့ ကိုက်ညီမကိုက်ညီ မဟာစည်ဆရာတော်ဘုရားရေးတဲ့ စာအုပ်တွေ
တပည့်တော် ဖတ်တယ်ဘုရား၊ ပုရာဘေဒသုတ်၊ အနတလက္ခဏသုတ်၊ ဓမ္မစကြာ၊ ပဋိစ္စသမုပ္ပါဒ် ပထမတွဲ၊
ဒုတိယတွဲ၊ တပည့်တော် လူ့ဘဝတုန်းက အကြမ်းဖြင်း သဘောပေါက်ထားတာ-- ဝါသနာပါလို့ဘုရား၊ နောက်ပြီး
လူ့ဘဝရဲ့ အဓိပါယ် လူဖြစ်တုန်း ဘာလုပ်သင့်သလဲ၊ ထိုက်ထိုက်တန်တန် အသုံးချခြင်လို့
ဆရာတော်ဘုရားပေါင်းများစွာ တပည့်တော်လိုက်တွေ့ပါတယ်၊ ဆရာ တော်ဖြေလေ၊ မေးခွန်းတွေ
မေးပါမယ်။ တပည့်တော်ကိုယ်တိုင်အားထုတ်ကြည့်တယ်၊ ဒီနေ့ ဆိုရင် တပည့်တော်၏ မိတ်ဆွေ ဦးရဲထွန်း
အရင်တုန်းက ဦးချန်ထွန်း၊ဒေါက်တာဘမော်၊ သမက် ---တပည့်တော်ထက် ၁ဝနှစ်ကြီးတယ်ဘုရား၊
အခု ၆၃ နှစ်၊ တပည့်တော်ရဲ့ အသိုင်း အဝိုင်း တပည့်တော်ရဲ့ ပတ်ဝန်းကျင်မှာတော့ အသက်တွေကြီးပြီးတော့
သေသေချာချာ ကိုယ့်ကိစ္စရော သူများကိစ္စရော မကျေတဲ့လူအများကြီးပဲ၊ တပည့်တော်ကတော့
တပည့်တော်ပတ်ဝန်းကျင်မှာ ကိုယ်တိုင်လည်းတာဝန်ကျေချင်တယ်၊ ဆရာတော်ဘုရားတို့လုပ်နေတာတွေ
တပည့်တော် အရမ်းအားကျတယ၊် တပည့်တော်တို့ ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းမှာ ပျော်နေကြတယ၊်
အဲဒါတွေ တကယ်တမ်းတော့ ဒုက္ခတွေရောက်နေကြတာ ၊ တပည့်တော် လူတွေနားလည်အောင်
လိုက်ဆွေးနွေးတာဘုရား၊ ဒါပေမဲ့ တပည့်တော်မှာ ဘာအပြစ်ဖြစ်လဲဆိုတော့၊ ဘာဝါမှမရဘဲ သူက
ဘာတွေလုပ်မှာတုံးဆိုပြီး တပည့်တော်ကို အမြင်မကြည်လင်ဘူးဘုရား၊ အဲဒါ ဆရာတော်ဘုရားဆီကို
တပည့်တော်လာလျှောက်တာပါ၊ တပည့်တော်သိတာထားတွေ၊ ကြိုးစားအားထုတ်ထားတာတွေဟာ
ဆရာတော်ဘုရားတို့လို ဆရာတော်ဘုရားကြီးတွေ သိထားအောင်လို့၊ လွဲနေလား၊ လာလျှောက်တာ၊
တပည့်တော်က အခုကလေးတွေကို အဓိကထားပြီး သြကာသအဓိပါယ် - တစ်ကြိမ်၊တော်တော်များများ
သြကာသမသိဘူးဘုရား၊ လူကြီးတွေလည်း မသိတဲ့အတွက် ကလေးတွေလဲ မသိဘူး၊ တပည့်တော်က
ဧရာဝတီတိုင်းက ရွှေဖလားကျွန်းကို ရောက်တယ်။ အဲဒီကလေးတွေ ရဲ့ ဆရာမတစ်ယောက်က သူ့ကလေးတွေတဲ့
တခြားဘာသာက သိမ်းသွင်းခြင်းကို ခံလိုက်ရတယ်၊ ဟိုဘက် ဘုရားက သိကြားလုံး ကျွေးတယ်၊ ဒီဘက်ဘုရားက
ဘာမှလည်း မကျွေးဘူး၊ အဲဒါဦးဇင်းကြီးကယ်ပါဦးလို့ ပြောတယ်၊ အဲဒီတုံးကတော့ တပည့်တော်
ရုပ်ရှင်လောကလူ့ဘဝတုံးက ကျော်ဟိန်းဆိုတဲ့နာမည်ကို နည်းနည်းအသုံးချလိုက်တယ်၊ ဟာ
ကျော်ဟိန်းလာနေပြီဆို သူတို့လာတယ် တပည့်တော် သြကာသ ရှင်းပြတယ်။ တပည့်တော် လေ့လာရှာဖွေထားပြီး
သိသလောက် ပြီးတော့မှ ရပ်ပြစ်ရှစ်ပါး၊ အဲဒီရပ်ပြစ်ရှစ်ပါးထဲက တပည့်တော်က ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ
သက်တော်ထင်ရှားရှိစဉ်က တပည့်တော် ဆရာတော်ဘုရားကို သွားလျှောက်တယ်၊ ဆရာတော်ဘုရားတို့က
နိဗ္ဗာန်အကြောင်း သိပ်ပြောတယ်၊ နိဗ္ဗာန်ဆိုတာရှိသလား ၊ ဆရာတော်ဘုရားရောက်ဖူးလား၊ ဘယ်နားမှာတုံး
တပည့်တော်သွားချင်တယ်၊ လိုက်ပို့ပေးပါ၊ 'မင်းဟာ ငါတို့ဗုဒ္ဓကိုလာတိုက်ခိုက်တာလား၊' ဟုတ်ပါဘူးဘုရား၊
တပည့်တော်က ဗုဒ္ဓဘာသာ အစစ်ဖြစ်ချင်တာ၊ ဗုဒ္ဓဘာသာအစစ်ဆိုတာ ဘာလုပ်ရတာလဲ၊နောက် ကလေးတွေကို
အဲဒီကနေ ကိုယ့်အကြောင်းကို စပြောတာ၊ သူက တပည့်တော် ဘာပြန်ပြောတုန်းဆိုတော့ 'မင်းကမမြင်ဘူးတာနဲ့
မရှိဘူးပြောရအောင် ရှိတာကို သိတဲ့အသိဥာဏ် မင်းမှာဘယ်လောက်ရှိလို့လဲ၊' အဲဒီမှာတရားတော်တွေကို
သိနားလည်ချင်လို့ ကြိုးစားအားထုတ်တယ်ဘုရား၊ စာဖတ်လို့ သိတာထက် အဲဒီစာထဲမှာပါတာကို
ကိုယ်တိုင်ကျင့်ကြည့်တဲ့အခါ နောက်ထပ်သိတာ၊ အဲဒါ တပည့်တော် အခု ရောက်တဲ့အရပ်မှာ
ဦးဇင်းကျော်ဟိန်းဆိုပြီး လာပါဦးဗျာဆိုပြီး တပည့်တော် ဆွေးနွေးတာ၊ ပလ္လင်ပေါ်မှာထိုင်ပြီး
တရားဟောတာမဟုတ်ဘူး၊ ဆွေးနွေးတာ၊ ဒကာတို့ ဒကာမတို့ တစ်နေ့တစ်နေ့စိတ်ဒုက္ခရောက်တဲ့အချိန်
စိတ်သက်သာတဲ့အချိန် ဘယ်အချိန်ပိုများလဲ တပည့်တော်က မေးတယ်၊ စိတ်ဒုက္ခရောက်တဲ့အချိန် ပိုများတယ်တဲ့၊
အဲဒါကို ဦးဇင်းဆွေးနွေးကြည့်မယ်၊ ကိုယ်စိတ်ကို ဒုက္ခပေးနေတာ ကိုယ်တွေးနေတဲ့ အတွေးကြောင့်
မဟုတ်ဘူးလားလို့၊ မဖြစ်သေးတာတွေစဉ်းစားတယ်၊ ဖြစ်ပြီးတာတွေပြန်မရနိုင်မှန်း သိရဲ့သားနဲ့
စဉ်းစားတယ်၊ ဒုက္ခအရောက်ခံနေတာမဟုတ်ဘူးလား၊ အခု ပစ္စုပ္ပန်တဲ့တဲ့မှာ ကိုယ်စိတ်ကိုထားနိုင်ရင်
သက်သာလိမ့်မယ်၊ သူတို့နားလည်နိုင်တဲ့ စကားတွေနဲ့ တရားတွေကို တပည့်တော်ဆွေးနွေးပါတယ်ဘုရား။
အဓိကကတော့ ကိုယ်စိတ်ကိုယ်ကို ပစ္စုပ္ပန်မှာထားနိုင်ရင်သက်သာမယ်လို့ သူတို့ကို ကျေးဇူးဆပ်တဲ့သဘော။
တပည့်တော် ၄၁ နှစ် သရုပ်ဆောင်မှုကိုအားပေးခဲ့တဲ့ ပရိသတ်ကိုကျေးဇူးပြန်ဆပ်တယ်၊ တခြား တော့ဘာမှ
မဟုတ်ဘူး၊ ဆရာတော်ဘုရားရဲ့ ပညာဂုဏ်နဲ့ တပည့်တော်အခုလျှောက်တာ၊ ဘုရားစကားနဲ့ လွဲနေလား၊

- ''ပစ္စုပ္ပန်တည့်တည့်ထားတယ်ဆိုတာ ထားပုံထားနည်းလေးကော ပြောသေးလား၊

''ပြောတယ်ဘုရား၊ အဲတော့ ဦးဇင်းကြီးကဘယ်လိုလုပ်တုံး ဦးဇင်းကြီးကိုယ်စိတ်ကို စောင့်ကြည့်တယ်၊
စောင့်ကြည့်တဲ့အခါ ခန္ဓာရှိရင် ပစ္စည်း ၆ ခုကနေ ကိုယ်ကို တလှည့်ပြီးတလှည့် တစ်ခုပြီးတစ်ခု ဆက်တိုက်ကို
ဝင်တာ၊ သိမှန်းသိတာက စတယ်၊ ကို ဝင်တာ ဝင်မှန်းသိတယ်၊ သိလိုက်တဲ့အချိန်မှာ လက်မခံဘူး၊
ပြန်ထွက်သွားတာ သဘာဝဖြစ်နေတယ်၊ အဲဒီတော့ မသိဘဲနဲ့ လက်ခံလိုက်တဲ့အခါမှာ သူတို့ကကိုယ့်စိတ်မှာ
ဖြစ်ခွင့်ရသွားပြီး ကိုယ့်စိတ်ကိုနှိပ်စက်တာ၊ အဲတော့ အဲဒီအာရုံ ၆ ပါးကြောင့် ဝင်လာတာတွေကို သတိထားပြီး
ကိုယ့်စိတ် ကိုပစ္စုပ္ပန်တည့်တည့်ထားနိုင်ရင် အဲဒီအာရုံပေါင်းများစွာဟာ ကိုယ့်စိတ်ကို ........ အလေ့
အကျင့်ဖြစ်နေတယ်၊ ဝင်လာပေမယ့် သူဟာသူပြန်ထွက်သွားတယ်၊ အဲဒီလိုဆိုရင် သက်သာမယ်၊
ဒါပေမယ့် အဲဒီသက်သာ .....လုပ်နိုင်ရင်ခဏပဲ၊ ဆက်တိုက်လုပ်နိုင်ရင် ..........မြတ်စွာဘုရား
နောက်ဆုံးဟောကြားတော်မူတဲ့ အပ္ပမာဒေနသမ္ပဒေထ- မမေ့မလျော့ မပေါ့မဆ ဆိုတဲ့စကား အဓိပ္ပာယ်ကို
တပည့်တော်တို့က လူ့ဘဝမှာအကြာကြီး နှစ်ပေါင်း ၆၁-နှစ်နေခဲ့တာ၊ တပည့်တော်ကို အားပေးတဲ့သူတွေကလည်း
အဲဒီအသက်အတိုင်း မမေ့မလျော့မပေါ့မဆ မမေ့ခြင်းဟာ သတိပဲ၊ သတိကို အထူးတလယ် တပည့်တော်
သူတို့နားလည်အောင်ပြောပါတယ်၊ တပည့်တော်က သတိကြီးစွာ ထားပါ၊ တရားအားထုတ်တယ်ဆိုတာ
အမှတ်တမဲ့နေနေတဲ့စိတ်တွေကို သတိစိတ်အဖြစ် ပြောင်းလဲတာ၊ သူတို့နားလည်တယ်၊
သူတို့သဘောပေါက်တယ်၊ အဲဒါကို ဆရာတော်ဘုရား ကိုလျှောက်တာ၊

''ပစ္စုပ္ပန်ထားဆိုတာ ပြောတော့တော့လွယ်တာပေါ့နော်၊ အာရုံကိုတော့
နှစ်မျိုးကြည့်ရမယ်၊ အာရုံတိုင်းကို ပုတ်ထုတ်ရမှာမဟုတ်ဘူး၊''

''မှန်ပါ့ဘုရား''

''ဝင်လာတဲ့အာရုံက အာရုံပေါ်မှာမူတည်ပြီးတော့စိတ်ဖြစ်ပုံက ၂ မျိုးရှိတယ်၊ ဆိုပါတော့
မျက်စိရှိလို့ မြင်စရာတော့မြင်မှာပေါ့နော်၊ မြင်စရာအာရုံသည် မြင်လာသည့်အာရုံသည်
လိုချင်စရာကောင်းတဲ့ (desirable object) ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်အဖို့မှာနော် ၊ နှစ်သက်စရာ
အာရုံဖြစ်ချင်ဖြစ်မယ်၊ မနှစ်သက်စရာ မုန်းတီးစရာ အာရုံဖြစ်ချင်ဖြစ်မယ်၊ ဘာမျှမဟုတ်ဘဲနဲ့ ကိုယ်က၊
အာရုံရဲ့သဘောကို တွေဝေစရာအာရုံဖြစ်ချင် ဖြစ်မယ်၊ တစ်ခုကတော့ လိုချင်စရာအာရုံနဲ့
မုန်းတီးစရာလို့၊ အာရုံနှစ်ခု ဝင်လာနိုင်တယ်၊ အဲတော့ ဝင်လာတဲ့အခါ ဘယ်အာရုံပဲဝင်ဝင်
အဓိကိကကတော့ ကိုယ်ရဲ့အတွင်း အဇ္ဈတ္တက ထိုအာရုံပေါ်မှာ ဆင်ခြင်သုံးသပ်တဲ့ ယောနိသောမနသိကာရ
နဲ့ ၊ အယောနိသော မနသိကာရ လို့နှစ်ခုရှိတယ်၊ နှစ်သက်စရာ အာရုံလေးကို ကြည့်ပြီးတော့ 'ဟာ
နှစ်သက်စရာ ကောင်းလိုက်တာ' လို့ဆိုလို့ရှိရင် ဒီအတွေးကြောင့် လောဘဖြစ်လာတယ်၊
မနှစ်သက်စရာအာရုံဆိုလို့ရှိရင် 'အို မုန်းစရာကောင်းလိုက်တဲ့ အာရုံကြီးပဲ၊ ငါမကြိုက်တာကြီးပဲ'လို့
အဲဒီအာရုံပေါ်မှာ အဲဒီလို နှလုံးသွင်းလိုက်မယ်ဆိုလို့ရှိရင် ဒေါသဖြစ်လာတယ်၊ အာရုံရဲ့ သဘာဝ
အစစ်အမှန်ကို မသိလိုက်လို့ရှိရင်လဲဘဲ တွေဝေမှုဆိုတာ ဖြစ်သွားတယ်၊ အဲဒီတော့ ကိုယ်သန္တာန်မှာ
ဘာထူထောင်ရမလဲဆိုလို့ရှိရင် ဘယ်အာရုံပဲလာလာ ယောနိသော မနသိကာရ ထားနိုင်ဖို့ပဲ၊
အဲဒါကိုလေ့ကျင့်တာပါ တရားအားထုတ်တယ်ဆိုတာ၊ ယောနိသောမနသိကာရထားရမယ်၊
နှစ်သက်စရာအာရုံကို တွေ့လိုက်တဲ့အခါမှာလဲဘဲ လောဘမဖြစ်အောင်ထိန်းရမယ်နော်၊
မုန်းတီးစရာအာရုံ ပေါ်လာရင်လည်းဒေါသမဖြစ် အောင်ထိန်းပါ၊ နှစ်သက်စရာလဲမဟုတ်ဘူး၊
မုန်းတီးစရာလဲမဟုတ်ဘူး။ အာရုံရဲ့ သဘာဝကို တွေဝေစရာ အာရုံဝင်လာလို့ရှိရင်လဲဘဲ
အာရုံရဲ့သဘာဝကိုအမှန်သိအောင် ကြိုးစားရမယ်၊ မောဟမဖြစ်အောင်ပါ ထိန်းပါ။ အဲဒီလို
ထိန်းလိုက်တဲ့ အလေ့အကျင့်တစ်ခုက ကမ္မဌာန်းတရား အားထုတ်တာပဲ၊ ဆိုလိုတာက သတိဆိုတဲ့ဟာ
ထားလိုက်သည့်အတွက်ကြောင့် နှစ်သက်စရာ အာရုံကိုနှစ်သက်စရာအာရုံ၊ မနှစ်သက်စရာအာရုံကို
မနှစ်သက်စရာအာရုံလို့ သတိထားတတ်လာပြီးဆိုတဲ့ အခါကျတော့ နောက်က ဆင်ခြင်ဥာဏ်ဆိုတဲ့
သမ္ပဇညတရား လိုက်လာတာပေါ့နော်၊ ဆင်ခြင်ဥာဏ်ဆိုတဲ့ သမ္ပဇညတရား လိုက်လာတဲ့အခါမှာ
ကောင်းတဲ့အာရုံပဲဖြစ်ဖြစ် မကောင်းတဲ့ အာရုံပဲဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ အကယ်၍ လောဘဖြစ်သွား
ရင်လဲ ပြန်ထိမ်းလိုက်နိုင်တယ်၊ သြော် ငါလောဘဖြစ်သွားတယ်၊ ဒေါသဖြစ်သွားရင်လဲ
ပြန်ထိန်းလိုက်နိုင်တယ်၊ မောဟဖြစ်သွားလို့ရှိရင်လဲပြန်ထိန်းလိုက်နိုင်တယ်၊ ဒါ့ပြင် ဣဿာ ၊ မစ္ဆရိယ
ဘာညာဖြစ်ရင်လဲပြန်ထိမ်းလိုက်နိုင်တယ်။ အစမှာတော့မထိမ်းလိုက်နိုင်လို့ လွတ်သွားတာတွေ
အများကြီးရှိနိုင်တာပေါ့နော်၊ နောက်တဖြည်းဖြည်းကျတော့ လေ့ကျင့်ပါများတဲ့ အခါကျတော့
အာရုံကိုဖမ်းထိမ်းလိုက်နိုင်ပြီ ဆိုလို့ရှိရင် နှစ်သက်စရာအာရုံကိုလည်း နှစ်သက်မှုဆိုတဲ့
လောဘမဖြစ်လာတော့ဘူး၊ မုန်းတီးစရာ အာရုံပေါ်မှာလဲ ဒေါသဖြစ်မလာတော့ဘူး၊
အာရုံကိုမြင်ရင်မြင်တဲ့အဆင့် လောက်မှာဘဲထားတယ်၊ ချစ်ခြင်းမုန်းခြင်းနှစ်ခုကို
တားဆီးထားနိုင်တယ်၊ မြတ်စွာဘုရားက မာလုကျပုတ္တ ကိုဟောခဲ့တာရှိတယ်၊ ဗာဟိယဒါရုစိယ
ကိုလည်း ဟောခဲ့တာရှိတယ်၊ ဒိဌေ ဒိဌမတ္တံ- ပေါ့လေ၊ သေချာစဉ်းစား ကြည့်ရင် စိတ်က
မြန်လွန်းအားကြီးလို့ လူတွေဟာမြင်မြင်ခြင်း လောဘဖြစ်တာတော့မဟုတ်ဘူး၊ တွေးလိုက်တာ၊
မြင်တဲ့အာရုံပေါ်မှာ လိုချင်စရာကောင်းလိုက်တာဆိုတဲ့ အတွေးပေါ်မှာ လောဘဖြစ်လာတာ၊
အဲဒီနေရာမှာဖမ်းထိမ်းနိုင်လိုက် ပြီဆိုလို့ရှိရင် မြင်စရာအာရုံနှင့်ပတ်သက်ပြီး လောဘဆိုတာ
မလာတော့ဘ့ဘူးး၊ ဒေါသဆိုတုတာလဲ မလာတော့ဘ့ဘူးး၊ အဲဒီ အဆင့်ေ့ရောက်အောင် လေ့ကျင့်နိုင်ပြီဆိုရင်တော့
ပစ္စုပ္ပန် ကျကျထားတယ်လို့ ခေါ်တာပေါ့နော်၊ ဒါလဲပဲ ပြောရတာတော့ အင်မတန်လွယ်တယ်၊ စိတ်က
အမြဲတမ်း အာရုံတစ်ခုနဲ့ တွေတဲ့အခါ အလေ့အကျင့်ရနေတဲ့အတွက် ဖျပ်ဖျပ်ဖျပ်ဆို ဖြစ်သွားလို့
ကိုယ်ကအမြဲတမ်း နောက်ကျတာချည်းပဲ၊ ပုထုဇဉ်တွေအနေနဲ့အမြဲတမ်း နောက်ကျတယ်၊
နောက်ကျမှပြန်ထိမ်းနိုင်တယ်၊ စိတ်အစဉ်နဲ့ပြောမယ်ဆိုရင် လက်ဖျစ် တစ်တွက်အတွင်းမှာ
ကုဋေတစ်သိန်းလောက် ဖြစ်နိုင်ပါတယ်၊ မီးစက်ဝိုင်း ဥပမာ နဲ့ပြောမယ်ဆိုရင် ဒါဟုတ်တယ်၊
အင်မတန်လျှင်မြန်တဲ့ အခါကျတော့ အဝိုင်းကြီးလို့ထင်ရတယ်၊ သို့သော် အပေါ်ရောက်တဲ့အခါ
အောက်မှာမရှိဘူး သေချာတယ်။ အလွန်လျှင်မြန်တဲ့ အချိန်မှာ ဖမ်းထိန်းဖို့ဆိုတာ သာမန်ပုဂ္ဂိုလ်တွေအဖို့
အလွန်ပဲခဲ့ယဉ်းပါတယ်၊ ဖြစ်လိုက်တာနဲ့ ဖြစ်ပြီးသွားပြီ အကုန်လုံးဟာ လွန်သွားပြီ၊ အဲတော့ ပထမမှာ
သူက တပည့်တော်တို့ ကိလေသာကိုဖယ်ရှားဖို့အတွက် အဆင့်သုံးဆင့် သတ်မှတ်ထားတယ်၊
အဆင့်သုံးဆင့်ကို ကျင့်စဉ်သုံးရပ်အနေနဲ့ မြတ်စွာဘုရား သတ်မှတ်ထားတယ်၊ ကိလေသာ
အဆင့်သုံးဆင့်ဆိုတာ ဒါ သူက သူ့သဘာဝပဲ၊ ပထမပေါ်လာတဲ့ အဆင့်ပေါ့နော်၊ ပထမအတွင်းထဲမှာ
ရှိနေတဲ့အ့အဆင့်၊့၊ အခုခေတ် ဆေးပညာနဲ့ ပြောရင် Positve- ပေါ့၊့၊ ရောဂါ ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။
Posibility - မဖြစ်သေးဘူး အဲဒါက။ ဖြစ်နိုင်တဲ့ အနေအထား ရှိတဲ့အဆင့်၊ ဖြစ်လာတဲ့အဆင့်၊
မီးဆိုလို့ရှိရင် မီးဖြစ်နိုင်တဲ့ အနေအထား၊ မီးးတောက်လာတဲ့အဆင့် တောက်ပြီး လောင်က်ကျွမ်းးတဲ့အ့အဆင့်၊
သုံးဆင့် ရှိတာပေါ့နော်၊ ကိလေသာမှာလည်းပဲ အဲဒီ Positve- လို့ ဆိုတဲ့ ဖြစ်နိုင်တဲ့ အနေအထားရှိတဲ့
အဆင့်ကို သူက အနုသယလို့ ခေါ်တာပေါ့၊ အကြောင်းတိုက်ဆိုင်လို့ ဘွားကနဲ့ ဖြစ်လာပြီဆိုလို့ရှိရင်
ပရိယဌာနလို့ ခေါ်တယ်၊ သူက မီးတောက်လာတဲ့အဆင့်၊ တောက်လာလို့ သူ့ရဲ့ပတ်ဝန်းကျင်ကို
လောင်ကျွမ်းတဲ့အဆင့်ကို ဒါ ဝီတိက္ကမ-လို့ ခေါ်တာပေါ့။ ဘယ်ကိလေသာပဲဖြစ်ဖြစ် သူက
ဒီအဆင့်သုံးဆင့်နဲ့ လာတာပေါ့နော်၊ အဲဒီအဆင့်သုံးဆင့်ကို ပထမအဆင့်က လောင်ကျွမ်းတယ်ဆိုတဲ့အဆင့်ကို
ဘာနဲ့ ဖမ်းထိန်းရတုန်းဆို ကိုယ်ကျင့်သီလနဲ့ ဖမ်းထိန်းလိုက်တယ်။ ကိုယ်ကျင့်သီလကို
ဖြည့်ကျင့်ခြင်းဖြင့် ဒီလောင်ကျွမ်းတယ်ဆိုတာ မဖြစ်အောင် ချုပ်တည်းတာ။ ဘာကို ချုပ်တည်းလဲဆိုလို့ရှိရင်
ကာယကံမှုကို ချုပ်တည်းလိုက်တယ်၊ ဝစီကံမှုကို ချုပ်တည်းလိုက်တယ်၊ အများကို
သိသိသွားအောင် လုပ်တဲ့အ့အဆင့်ေ့တွေ အများနဲ့ ပတ်သက်တဲ့ အဆင့်ေ့တွေက ဝစီကီကံနဲ့ ကာယကံပဲ။ ဒီနှစ်ခုဟာ
အမြင်ဖြစ်သွားပြီပေါ့နော်၊ အပြောပြောလိုက်ပြီ၊ ဥပမာ- နှစ်သက်စရာ အာရုံဆို 'ဟာ လှလိုက်တာ'
လို့ဆိုရင် ဝစီကံ ဖြစ်သွားပြီးပေါ့၊ လှလို့ ရဖို့ကြိုးစားလိုက်ရင် ကာယကံ ဖြစ်သွားပြီပေါ့၊
အဲဒီအဆင့်နှစ်ဆင့်ကို ကိုယ်ကျင့်သီလနဲ့ ထိန်းလိုက်တယ်။ စိတ်ထဲက ဘယ်လို လိုချင်လိုချင်
လိုချင်တယ်လို့ မပြောမိအောင် လှလိုကတာလို့ မပြောမိအောင် ဝစီကံကို ထိန်းလိုက်တယ်၊ ကြိုးစားခြင်းး
မပြုမိအောင် ကာယကံကိုထိန်းလိုက်တယ်။


ဆက်လက်ဖော်ပြပါမည်.........
Read more ...

နိဗ္ဗာန်ရောက်ကြောင်း ပါရမီနှင့် လူလောကယန္တရား

တိပိဋက | 7:30 AM | Be the first to comment!
ဖိုရမ်တစ်ခုတွင် ဘာသာရေးသည် လူလောက ယန္တာရားကို လည်ပတ်ဖို့အတွက် အထောက်အကူမပြုနိုင်ကြောင်းနှင့် နိဗ္ဗာန်ရောက်ကြောင်းသာ အားလုံးလုပ်ကြမည်ဆိုပါက လောကယန္တရား ရပ်တန့်သွားမည်ဟု တင်ပြထားသည်ကို ပြန်လည်ဖြေရှင်းသောအားဖြင့် သည်ဆောင်းပါးကို တင်ပြပါသည်..

အပါဒါနအဋ္ဌကထာမှာ သူတော်ကောင်းတစ်ဦး နိဗ္ဗာန်ရရှိရေးအတွက် အခြေခံအချက်နှစ်ချက်လိုကြောင်း ရှင်းထားပါသည်...

၁။ မိမိလိုလားတောင့်တသည့် ဗောဓိဉာဏ်တော်မြတ်ကို ဆုတောင်းပန်ထွာခြင်း ပတ္ထနာ

၂။ ဗောဓိဉာဏ်သို့ ရောက်အောင် ရှေးရှုးသယ်ဆောင်ပေးသည့် ပါရမီတရားအပေါင်း အဘိနီဟာရ

တခါထပ်ပြီ အဘိနီဟာရဆိုတာ ဘာလဲဆိုတော့

၁။ အဓိကာရ ကောင်းမှု ကုသိုလ်ရှိခြင်း

၂။ မိမိမျှော်မှန်းထားသည့် ဗောဓိဉာဏ်တော်မြတ်ကို လိုလား တောင့်တသည့် ဆန္ဒဓာတ် ပြင်းပြခြင်း

သည်လိုဆိုရင် ပါရမီ ပြည့်စုံသည် မည်သည်။ (အပါဒါန၊ဋ္ဌ၊၁၊၁၅၈)

အဓိကာရကောင်းမှုဆိုတာ....

ပရိယတ္တိ.. ဘုရားစကားတော်များကို သင်ယူခြင်း။ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း
သဝန.... အရိုအသေအလေးမြတ်ပြု၍ အလွန်လိုလားသည့်စိတ်ဖြင့် သူတော်ကောင်းတရားကို နာကြားခြင်း
ပရိပုစ္ဆာ... ခက်ခဲနက်နဲ့သော ပုဒ်တို့ကို သင်ယူခြင်း။ တနည်း အဋ္ဌကထာကို သင်ယူခြင်း.
ပုဗ္ဗယောဂ.. ရှေးရှေးဘုရားရှင်တို့ ထံမှာ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဝိပဿနာ အားထုတ်ဖူးခြင်း..

ထိုအဓိကာရကောင်းမှုတို့ကို
သာဝကသုံးမျိုးတွင် ၁။ အဂ္ဂသာဝကတို့သည် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း...
၂။ မဟာသာဝကတို့သည် ကမ္ဘာတစ်သိန်း
၃။ ပကတိသာဝကတိုသည် အဘိနီဟာရပြည့်စုံလုံလောက်သည့် ဘဝတို့ ပတ်လုံး... ပါရမီတရားအပေါင်းကို ဖြည့်ကျင့်ရပါသည်..

သို့သော်လယ်တီဆရာက သာဝကပါရမီဉာဏ်အရာမှာ အဓိကာရကောင်းမှုအရ

၁။ ဝိဇ္ဇာမျိုးစေ့
၂။ စရဏမျိုးစေ့ နှစ်မျိုးလုံးပင် ဆိုလိုကြောင်း ပါရမီ ဒီပနီတွင် ရှင်းလင်ထားပါသည်..

ဝိဇ္ဇာမျိုးစေ့အရ ဝိဇ္ဇာရှစ်ပါးတွင် ပါဝင်သော ဝိပဿနာဉာဏ်ကို ဆိုလိုပေသည်.. ဝိပဿနာဉာဏ်သည် အဓိကာရကုသိုလ်ပါရမီ မျိုးစေ့ပင်ဖြစ်သည်..

တဖန် စရဏတရား (၁၅)ပါးတွင် ဝိပဿနာဉာဏ် (ပညာ)လည်း ပါဝင်ပေသည်.. ဝိပဿနာသည် စရဏတရားလည်း မှန်၏။ ဝိဇ္ဇာတရားလည်း မှန်ပေသည်.. ထို့ကြောင့် ဝိပဿနာသည် နိဗ္ဗာန်ကို လိုလားလျက်ရှိသော သူတော်ကောင်းသည် အတိတ်ဘဝ၊ ယခုဘဝ၌ ဝိပဿနာအဓိကာရကောင်းမှုကုသိုလ်ကို ဖြည့်ကျင့်ရပေမည်..

စရဏတရားသည် လက်ခြေနှင့် တူကြ၏။ လက်ခြေရှိက အလိုရှိရာ ပြုနိုင်သကဲ့သို့ စရဏပါရမီသည် နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို ဟောကြားပေးနိုင်မည့် ဆရာကောင်း မိဘကောင်းစသည့်တို့နှင့် တွေ့ကြုံအောင် ပို့ဆောင်ပေမည်ဖြစ်သည်။
စရဏတရားဟူသည် ဒါန(သီလ) အစရှီိသော တရားများဖြစ်ကြသည်...

စရဏပါရမီကြောင့် ဘုရားအစရှိသော ဆရာသမားကောင်နှင့် တွေ့ဆုံသောအခါ သစ္စာလေးပါးနှင့် စပ်သော တရားစကားကို နားကြားခွင့်ရပီ.. ဝိဇ္ဇာမျိုးစေ့ ပါရမီတရားများက ဗောဓိဉာဏ်တို့ရောက်အောင် အားပေးထောက်ပံ့ကြမှာ ဖြစ်ပါသည်...


ထို့ကြောင့်အဆုံးအန္တိမပန်းတိုင်ကို သွားရန် အခြေခံအာဖြင့် မူနှစ်ရပ်လိုအပ်ပါသည်.. နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားများကို ဟောကြားပေးနိုင်သော ဆရာသမားနဲ့ တွေ့ရန်လိုသည်.. ထိုအခြေအမျိုးရရန် စရဏပါရမီ ပြည့်စုံလုံ့လောက်ရပေသည်.. သို့ရာတွင် ထိုအခြေအနေမျိုး ဗုဒ္ဓဘာသာတိုင်း၌ မရှိနိုင်...
ထိုအခြေအနေမျိုးနဲ့ ကြုံသော်လည်း အတိတ်ဓာတ်ခံ ဝိဇ္ဇာပါရမီ ချို့တဲ့ပြန်ကလည်း အဆုံးအန္တိမပန်းတိုင်သည် ချက်ချင်းဖြစ်ပေါ်မလာပေ..ဘဝတစ်ခုနှစ်ခုသော်လည်းကောင်း၊ဘဝများစွာသော်လည်း ကောင်း စောင့်ဆိုင်းရပေသည်...

ဗုဒ္ဓဒေသနာတော်အရပင်လျှင် ဗုဒ္ဓဘာသာပင် ဖြစ်လင့်ကစား အဆုံးအန္တိမပန်းတိုင်တို့ ရောက်ရှိဖို့ရန် ပြည့်စုံလုံ့လောက်သော အခြေအနေများ ဖြစ်ဖို့ မလွယ်ကူကြောင်း သိသာသည်.. ထို့ကြောင့် အဆုံးအမပန်းတိုင်ကို ဗုဒ္ဓဘာသာတိုင်း လျှောက်လှမ်းနိုင်ကြမည်မဟုတ်ပေ.. အနည်းငယ်မျှသော သူတို့သည်သာလျှင် နိဗ္ဗာန်သို့ ရကြသည်ဟု ဆိုကြပေသည်...

အဆုံးအမပန်းတိုင်ကို လျှောက်လှမ်းနေကြသော်လည်း လူလောကစက်ရန္တယားကား လည်ပတ်နေမည်သာဖြစ်ပါသည်.. ဥပမာ.. နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိနေသော တိုင်းပြည်အုပ်ချုပ်သူများ. စစ်သူကြီးများ. သူဌေးသူကြွယ်များ မင်းညီမင်းသားများ သာမာန်အရပ်သူ အရပ်သားများ... များစွာရှိခဲ့ပါသည်။ ထိုသူတို့သည် မိမိတို့၏ လူ့အသိုင်းအဝန်း၏ အကျိုးစီးပွားကို ဆောင်ရွက်မြဲ ဆောင်ရွက်ကြပါသည်..လောကယန္တရားကို လည်ပတ်မြဲ လည်ပတ်ကြပါသည်.. ငါတို့သည် နိဗ္ဗာန်ရောက်ကြောင်းတရားများ အားထုတ်နေပါသဖြင့် လူလောကီအလုပ်များ မလုပ်ကြဟူ၍ကား မဟုတ်.. နိဗ္ဗာန်ရောက်ကြောင်း အခြေခံကျင့်စဉ်ဖြစ်တဲ့ သီလကျင့်စဉ်ပိုင်း`၌ပင်လျှင် အလှူဒါနများ.. သားသမီး ကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ ဆရာကျင့်ဝတ်များ မင်္ဂလသုတ်လာ လူမှုရေးကျင့်ဝတ်များ.. ကြီးပွားတိုးတက်ရေး တရားများသည်.. လူ့လောက ယန္တရား လည်ပတ်ကြောင်း တရားများဖြစ်ကြသည်..

အဆုံးအန္တိမပန်းတိုင်ကို ရောက်ရှိသောမူကြသည်ရဟန္တာအရှင်မြတ်ကြီးများပင်လျှင် လောကအကျိုးစီးပွားကို ဆောင်ရွက်ကြသေးသည်ဆိုလျှင် အဆုံးအန္တိမပန်းတိုင်းတို့ ရောက်ရန် ကျင့်ဆဲသူများမှာ အဘယ်မှာလျှင် လောကယန္တရားကို မလည်စေဘဲ ရှိပါအံ့နည်း....

မြတ်ဗုဒ္ဓကိုသာလျှင် ကြည့်မည်ဆိုပါက ကျင့်ဆဲကာလ၌သာ မိမိကိုယ်တိုင် ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် ရှေးဦးစွာ ကြိုးစားတော်မူသည်.. ကိုယ်တိုင်လွတ်မြောက်တော်မူပြီးသောအခါ (၄၅)ဝါတိုင်တိုင် မနားမနေ လောကအစီးအပွားကို ဆောင်ရွက်တော်မူခဲ့သည်မှာ အထင်အရှားဖြစ်သည်..
ထို့ကြောင့် ဘာသာရေးမှ လွတ်ကင်းနေသူများသာလျှင် လူ့လောက အင်ဂျင်များကို လည်ပတ်နေသည် ဟူသော အဆိုမှာ မှန်ကန်မှု မရှိခဲ့ရပါ....

လူ့လောက အင်ဂျင်များကို လည်ပတ်ဖို့ရန် အခြေခံအားဖြင့် နှလုံးသားကောင်းဖို့လည်း လိုတယ်. အသိပညာရှိုဖို့လည်းလိုပါသည်.. အသိပညာသာရှိပီ နှလုံးသားမကောင်းပါက လူ့လောကကို အန္တရာယ်ပြုနိုင်ပါသည်.. ထိုအခါဘာသာရေးက နှလုံးသားကောင်းအောင် သွန်သင်၍ လူ့လောက အင်ဂျင်များကို ကောင်းမွန်စွာ လည်ပတ်စေမည်ဖြစ်ကြောင်းတင်ပြလိုက်ရပေသည်..


Read more ...

September 26, 2010

ဘုရားလည်း ပဋ္ဌာန်းရွတ်သည်ဆိုခြင်း

သျှင်သာမိ - မုံရွာ | 12:28 AM | 2 Comments so far
တခါက ရှင်ဥပဂုတ်ဖေါင် မဏ္ဍပ်တခု၌ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပရန် လော်စပီကာဖြင့် အလှုခံပါ၏။
ထိုပောာပြောအလှုခံသူ ပုဂ္ဂိုလ်တဦးက လော်စပီကာမှ ( လိုသည်ထက်ပိုသော ) ကျယ်လောင်မှုဖြင့် ပောာပြောရာတွင်
'' ကျွန်တော်တို့၏ ရှင်ကြီးဂေါတမသည်ပင် ပဋ္ဌာန်းကျမ်းကြီးကို ရွတ်ဖတ်လိုက်တော့မှ ရောင်ဖြည်တော်ခြောက်ဖြာ ကွန့်မြူးခဲ့ရပါသည် ''ပာု ပောာပြောသံကြားရပါ၏။

မှားလေစွတကား။

ဘုရားမြတ်စွာသည် ပဋ္ဌာန်းဒေသနာတော်ကို အနုလုံ ၊ ပဋိလုံ ဆင်ခြင်သုံးသပ်တော်မူခြင်း ဖြစ်ပါသည်။
မရွတ်ဖတ်ပါ။ ပဋ္ဌာန်းဒေသနာတော်သည်လည်း ရွါတ်ဖတ်ရန်သက်သက်မပာုတ်ပါ။
ဆင်ခြင်သုံးသပ်ရန်ဖြစ်ပါသည်။ သာသနာတော်သည်လည်း '' အရွတ် '' သာသနာမပာုတ်ပါ။
ဆင်ခြင်ကျင့်ကြံပွားများရသော သာသနာဖြစ်ပါ၏ ။ ။



သုန္ဒရ၀င်း (ချောင်းဦး)
ဓမ္မရံသီ၊ ၂၀၀၂ ၊ ဧပြီလ
Read more ...

ဘုရားကိုမှားသည်ပာု စွပ်စွဲခြင်း

သျှင်သာမိ - မုံရွာ | 12:17 AM | 5 Comments so far
တစ်ခါက အသင်းတစ်ခု၏ ဆွေးနွေးပွဲ၌ အသင်းလူကြီးတဦးက ပောာပြောဆွေးနွေးရာတွင်
'' လူဆိုသည်မှာ အမှားနှင့်မကင်းတတ်ကြပါ။ ထို့ကြောင့် ကျွန်တော်တို့လဲ အမှားနှင့်မကင်းကြပါ။
ဘုရားရှင်တောင် အမှားလုပ်ခဲ့တဲ့ သာဓကရှိပါသေးတယ်။
ဘုရားရှင်သည် မှားယွင်းသော ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် မှားယွင်းကျင့်ခဲ့ကြောင်း ထင်ရှားပါတယ် '' ပာု
အာဘောင်အာရင်းသန်သန်နှင့် ပောာပြောဆွေးနွေးပါ၏။

မှားလေစွတကား ။ ။

မှားယွင်းသော ဒုက္ကရစရိယာအကျင့်ကို ဘုရားမြတ်စွာ မကျင့်ပါ။
ဘုရားမဖြစ်သေးသော သိဒ္ဓတ္ထသာလျှင် ကျင့်ပါ၏။ သိဒ္ဓတ္ထသည် ဘုရားမပာုတ်ပါ။
ဘုရားသည်လည်း သိဒ္ဓတ္ထမပာုတ်ပါ။ သိဒ္ဓတ္ထသည် ကိလေသာချေးညစ်ထည်း၏။
ဘုရားမြတ်စွာသည် ကိလေသာကို မြူမှုန်မျှ ပင်မကျန်အောင် စင်ကြယ်ပြီးဖြစ်ပါ၏။
ထို့ကြောင့် ဘုရားမြတ်စွာသည် မှားယွင်းမှုကို ခြွင်းချက်အားဖြင့်ပင် မပြုမကျင့်တော့ပါ။
သတိထားစေချင်ပါသည်။


သုန္ဒရ၀င်း(ချောင်းဦး)
Read more ...

September 22, 2010

ဗြာဟ္မဏကမ္မဝါဒနှင့် ဗုဒ္ခကမ္မဝါဒ ခြားနားချက်

တိပိဋက | 6:52 PM | Be the first to comment!
ဗြာဟ္မဏကမ္မဝါဒနှင့် ဗုဒ္ခကမ္မဝါဒ ခြားနားချက်

စုဒိတက သခင်မြတ်ဆိုင်က ''ယခုလက်ရှိ ဘာသာဆိုသည်မှာကား ဗုဒ္ဓဟော ဗြာဟ္မဏဟော ဝေဒဟော အဟောသုံးမျိုး စုပေါင်းကာ အားလုံး ပိဋကတ်တွင် ပါဝင်နေသော အဆိုအမိန့်များ ဖြစ်ပါသည်၊ သံသရာလည်စေတတ်သော တရားများဖြင့် ရှုပ်ထွေးနေပါသည် ဘုရား၊ ထို့ကြောင့် ဘာသာဟူသော အယူကို လက်မခံပါ''ဟူ၍ ချေပဖြေရှင်းထားသည်၊ ဗြာဟ္မဏဟော ဝေဒဟောဟု စကား၂-လုံး ထပ်၍ ဆိုသဖြင့် သခင်မြတ်ဆိုင်သည် ဗြာဟ္မဏတို့၏ (Vedic System) ဝေဒကျမ်းဂန်လာ သဘောတရား အစီအစဉ်ကို နားမလည်ကြောင်း ထင်ရှားသည်။ ယင်း ဝေဒကျမ်းဂန် အစီအစဉ်ဟူသည်မှာ-
(၁) ဝေဒသုံးပုံ၊ တစ်နည်း လေးပုံ၊
(၂) ဗြာဟ္မဏကျမ်း၊
(၃) အာရဏျကကျမ်း၊
(၄) ဥပနိသျှာဒ်ကျမ်း -
ဟူ၍ အကြမ်းစားအားဖြင့် လေးမျိုးရှိသည်။

ဝေဒသုံးပုံဆိုသည်မှာ-
(၁) ရိဂ်ဝေဒ၊
(၂) ဆာမာန်ဝေဒ၊
(၃) ယဂျုရ်ဝေဒ-
ဟူ၍ ဖြစ်သည်၊ ထိုတွင် ရိဂ်ဝေဒသာ ပဓာနအကျဆုံး ဖြစ်သည်၊ ယင်းရိဂ်ဝေဒတွင် မီး, နေ, ဣန္ဒ, သောမ, ဝရုဏ, ပူရှန် စသော နတ်ဘုရားများ၏ တန်ခိုးအရှိန်အဝါကို ဖော်ပြချီးကျူးခြင်း ဆုတောင်းခြင်းမျှသာ ပါရှိသည်၊ ဆာမာန်ဝေဒ ဟူသည် ထိုရိဂ်ဝေဒထဲမှ ကောက်နုတ်ရွေးထုတ်၍ မီးပူဇော်ရာအခါ၌ ရွတ်ဆိုရမည့် ဂါထာ မန္တန်များ ပေါင်းထည့် စီစဉ်ထားသော ကျမ်း ဖြစ်သည်၊ ယဂျုရ်ဝေဒ ဟူသည်မှာ ယဇ်ပူဇော်မှုနှင့် စပ်သော အစီအစဉ်, ယဇ်ပူဇော်ရမည့် ယဇ်ပုရောဟိတ်၏ ဂုဏ်အင်္ဂါ လက္ခဏာ စသည်များကို အထူးဖော်ပြသောကျမ်း ဖြစ်သည်၊ နောက်တိုးဖြစ်သော အာထရ်ဗဝေဒဟူသည်မှာ ရောဂါဝေဒနာလက္ခဏာများ ဖော်ပြခြင်း, ဆေးဝါးကုသခြင်း, အဆောင်အဖွဲ့များ စီရင်ခြင်းစသော အတတ်ပညာများ ထပ်မံဖြည့်စွက်လျက် အထက်ပါ ဝေဒသုံးပုံမှ ထိုက်သည့်အလျောက် ယူငင်သုံးစွဲလျက် စုစည်းစီစဉ်ထားသော ကျမ်းမျှသာ ဖြစ်သည်၊ ထို့ကြောင့် ထိုဝေဒသုံးပုံ(ဝါ)လေးပုံမှာ ဗုဒ္ဓဝါဒထဲသို့ အနည်းငယ်မျှပင် ပါဝင်လာစရာ မရှိပေ၊ အကြောင်းမူကား ဗုဒ္ဓရှင်တော်မြတ်သည် ဝေဒကို အလျဉ်းသင့်တိုင်း အနှစ်သာရမရှိကြောင်း အကြိမ်ကြိမ် ဟောတော်မူခဲ့သောကြောင့်တည်း။

ဗြာဟ္မဏကျမ်းဟူသည်မှာ ဗြဟ္မာကြီးကို အသက်သွင်း၍ ပဇာပတိ (=သတ္တဝါတို့၏သခင်), ဟိရညဂဗ္ဘ(=ရွှေဥကြီးထဲ၌ သန္ဓေတည်လာသော တန်ခိုးရှင်), ဣဿရ(=အစိုးရသူ), ဝိနာယက(=သတ္တဝါတို့၏ အရှင်သခင် ဦးဆောင်ရှေ့သွား) စသော စကားလုံးတို့ဖြင့် တွေးတောကြံဆ၍ ရနိုင်ကောင်းသော ဂုဏ်ပုဒ်များဖြင့် တန်ဆာဆင်လျက် ကမ္ဘာကြီးကို ဖန်ဆင်းသူအနေဖြင့် ရေးသား စီစဉ် တီထွင်လာကြသော ကျမ်း ဖြစ်သည်၊ ဝေဒခေတ်တွင် ကမ္ဘာလောကကို ဖန်ဆင်းသူဟူသော တန်ခိုးရှင် မပေါ်သေး၊ ယခု ဗြာဟ္မဏကျမ်းကို စီရင်သော ခေတ်ကျမှ ဖန်ဆင်းသူ တန်ခိုးရှင်ဟူသော ဣဿရနိမ္မာနပေါ်လာသည်၊ ဝေဒန္တကျမ်း၌ တွေ့ရသော ဗြဟ္မန်ဟူသော Supreme Reality ခေါ် ပရမတတွ သဘောကို ဤဗြာဟ္မဏကျမ်း၌ နတ်ဘုရားအဖြစ် တွေ့ရသည်၊ ဤဗြာဟ္မဏခေတ်တွင်လည်း ဗုဒ္ဓဓမ္မတွင် အကျုံးဝင်နိုင်လောက်စရာ မည်သည့်အချက်မျှ မပါရှိပေ၊ အကြောင်းမူကား ဗုဒ္ဓရှင်တော်မြတ်သည် တိတ္ထာယတနသုတ် (အံ၊ ၁၊ ၁၇၄) စသော သုတ်တို့၌ ဖန်ဆင်းရှင်ဝါဒကို မိစ္ဆာအယူဟု ရှုတ်ချတော်မူခဲ့သောကြောင့်တည်း။

အာရဏျကကျမ်း ဟူသည်ကား ဥပနိသျှာဒ်ကျမ်းများ မပေါ်မီ တော၌နေ၍ မီးပူဇော်သော ရသေ့တို့၏ အတွေးအခေါ်မှ ဖြစ်ပေါ်လာသော ဖီလော်ဆော်ဖီ သဘောတရားရေးရာများ စတင်ထုတ်ဖော်လာသော ကျမ်း ဖြစ်သည်၊ ပထဝီ စသော ထူလသဘာဝ ရုပ်ကြမ်းတရားများ, စိတ်-မန စသော သိမ်မွေ့သော သဘာဝတရားများ, သြောင်းဟုခေါ်သော ပြဏဝ သဘောတရားများ ၃-မျိုး ထုတ်ဖော်လာသည်၊ ထိုကျမ်းကို တော၌နေသော ရသေ့တို့၏ လက်ရာဖြစ်သောကြောင့် အာရဏျကကျမ်းဟု ခေါ်သည်၊ ထိုကျမ်းပါ အတွေးအခေါ်များ၌ သိမ်မွေ့နက်နဲ ခက်ခဲသော အသိပညာများ မပါလှသေး၊ ဥပနိသျှာဒ်ကျမ်းများ၏ အခြေခံ အစပျိုးလောက်နှင့် ဇာတိဝါဒ ကမ္မဝါဒ စသော အချက်အလက်မျှသာ ပါဝင်သည်၊ သို့သော် နောက်ပေါ် ဥပနိသျှာဒ်ကျမ်းများကိုစသည်ဖြင့် အထက်ပါ ဗြာဟ္မဏကျမ်း အာရဏျကကျမ်းတို့မှ လမ်းစကို ယူ၍ ချဲ့ထွင်ပြုပြင်ထားကြောင်း တွေ့ရသည်၊ ထို့ကြောင့် ထိုအာရဏျကကျမ်းလာ သဘောတရားများနှင့် ဗုဒ္ဓဝါဒသဘောတရားများကား ထန်းလျက်ခဲနှင့် ငရုပ်သီးကဲ့သို့ မနှိုင်းယှဉ်နိုင်လောက်အောင် အရသာကွာခြား၍ နေပေသည်၊ ယင်းသို့ ဖြစ်သောကြောင့် ဗုဒ္ဓဓမ္မ၌ ထိုကျမ်းလာ အဆိုအမိန့်များ ပါဝင်လိမ့်မည်လောဟု တွေးတောယုံမှားဖွယ်ပင် မရှိချေ။

ဥပနိသျှာဒ်ကျမ်းဟူသည်ကား ယင်း Vedic System လေးမျိုးတွင် နောက်ပိုင်းအကျဆုံး ဖြစ်၍ အတွေးအခေါ်များလည်း အတော်အထက်တန်းကျ၍ နက်နဲလာပေသည်၊ ဆရာအနီးသို့ နီးကပ်စွာ ချဉ်းကပ်ထိုင်နေ၍ ယုံယုံကြည်ကြည် ရင်းရင်းနှီးနှီး ဆွေးနွေးသင်ကြားရာမှ ဖြစ်ပေါ်လာသော ဆွေးနွေးချက်များဟူသော အဓိပ္ပာယ်အားဖြင့် ဥပနိသာဒ(ဝါ)ဥပနိသျှာဒ်ဟု ခေါ်သည်။

သျှံကရာကျာရယ၏ အဆိုအားဖြင့်

''အလုံးစုံသော အကျိုးမဲ့ကို ပြုတတ်သော သံသရာကို ဖျက်ဆီးတတ် သံသရာ၏ အကြောင်းဖြစ်သော အဝိဇ္ဇာကို လျော့ရဲစေတတ် ဗြဟ္မာ့ထံသို့ ရောက်စေတတ်သောကြောင့် ဥပနိသာဒ မည်သတတ်''၊ ယင်း ဥပနိသျှာဒ်ကျမ်းများကို ယခုခေတ်ပညာရှင်များ အသိအမှတ်ပြုချက်အရ ကျမ်းပေါင်း ၁၅ဝ-ခန့်ရှိသည်ဟု သိရသည်၊ ယင်းတို့တွင် အချက်အလက်တင်ပြပုံ ရှင်းလင်းခြင်း ရှေးကျခြင်းဟူသော ရှုထောင့်ဖြင့် ဆယ့်နှစ်ကျမ်း ဆယ့်သုံးကျမ်းခန့်သာ ပညာရှင်များ၏ လေးစားခြင်းကို ခံရသည်၊ အနှစ်သာရအားဖြင့် သဘာဝတ္ထပညာ ဒဿနဟူသမျှတို့၏ ရေသောက်မြစ်သဖွယ် အထည်ကိုယ်အနေအားဖြင့် တည်ရှိ၍ အတွင်းစိတ်နှင့် ပတ်သက်သော တွေးခေါ်မှုသမိုင်းတွင် အိန္ဒိယသားတို့၏ လွန်စွာ အရေးပေးခြင်း ကမ္ဘာ့ပညာရှိများ လေ့လာမှတ်သားခြင်း အသိအမှတ်ပြုခြင်းကို ခံနိုင်လောက်အောင် အတော်အသင့် အဆင့်အတန်း မြင့်မားလာပေသည်၊ သို့ရာတွင် ဗုဒ္ဓဓမ္မနှင့် နှိုင်းစာလျှင် တောင်ပို့ငယ်နှင့် ဟိမဝန္တာပမာ အကွာကြီးကွာ၍ နေသည်၊ ဗုဒ္ဓဓမ္မကျမ်းဂန်များထဲသို့ ပါဝင်နေသည်ဟု အရမ်းမဲ့စွပ်စွဲကြသော အနောက်နိုင်ငံ သမိုင်းပညာရှင်တို့နှင့်တကွ ယင်းတို့၏နောက်လိုက် ဦးဥက္ကဋ္ဌ ဆရာတပည့်တို့သည် မည်သည့်အချက်သည် ဗြာဟ္မဏဝါဒ, မည်သည့်အချက်သည် ဗုဒ္ဓဝါဒဟူ၍ ခွဲဝေပိုင်းခြားတတ်သော အသိဉာဏ်နည်းကြသဖြင့် မိမိတို့ ဉာဏ်မမှီသော အချက်, မယုံကြည်နိုင်သော အချက်တို့ကို ဗြာဟ္မဏဝါဒဟု လက်ညှိုးထိုးကာ ပိဋကတ်တော်မှ ဖြုတ်ပယ်လိုကြ၏၊ ဥပမာ-ကမ္မဿကတာနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိတို့ကို သရုပ်မကွဲခြင်း, အနတ္တကို အခြေခံသော ဗုဒ္ဓ၏ ကမ္မဝါဒနှင့် အတ္တကို အခြေခံသော ဗြာဟ္မဏတို့၏ ကမ္မဝါဒလုံးထွေးရောယှက်လျက်နေခြင်း, နတ်ပြည် ငရဲပြည် အသံချင်း အမည်ချင်းတူရုံမျှဖြင့် အနက်သဘော အနှစ်သာရ မည်သို့ ကွဲပြားသည်ကို နှိုက်နဲခြင်းမရှိဘဲ ၂-ခုလုံးကို တန်းတူညီတူထားကာ ဗုဒ္ဓဓမ္မထဲမှ အတော်များများကို ဘုရားဟော မဟုတ်ဟု ဆိုနေကြပေသည်၊ ထို့ကြောင့် စောဒနာတင်လွှာ ၂၁ချက်တို့တွင် အကျုံးဝင်၍ ပါလာသမျှသော ထိုအဆိုများကို ဝိနစ္ဆယဆရာတော်များက ဆိုင်ရာဆိုင်ရာ ဖြေရှင်းလျက် ဆုံးဖြတ်ချက် ချပေးတော်မူကြသည်။

ဝေဒကျမ်းလာ ကမ္မဝါဒကို အနည်းငယ် ထုတ်ပြဦးအံ့၊ ဝေဒရှေ့ပိုင်း၌ နတ်တို့ကို ကောင်းသောကံကို စောင့်ရှောက်တတ်သော သူ၊ ကောင်းကံ-မကောင်းကံကို မြင်တတ်သူ၊ ကမ္ဘာလောကကြီး၏ လုပ်ငန်းကိစ္စဟူသမျှ၏ တည်ရာ၊ အမှန်တရား၏ လဲလျောင်းရာ၊ ပြင်းထန်သော အကျင့်ကို ဆောင်ခဲ့သူ စသည်ဖြင့် နတ်တို့ကို ချီးကျုးခဲ့ပြီး နောက်ပိုင်း၌ နှင့် (ကောင်းမှု မကောင်းမှု) တို့ကို ခွဲခြား စဉ်းစားလာခဲ့ကြသည်၊ ယခုဘဝမတိုင်မီ ရှေးကာလ၌ ကောင်းမှု မကောင်းမှုကို ပြုခဲ့ခြင်း, ယင်းကြောင့် ယခုဘဝ၌ အခြေအနေအမျိုးမျိုး ဖြစ်ပေါ်လာရခြင်း, သေလွန်ပြီးနောက် ရောက်ရာဘဝသစ်၌ ကံ၏အကျိုး ဖလကို ခံစားရခြင်း, သတ္တဝါတို့ကို ကံကသာ ဖန်တီးခြင်း, နတ်ပြည် ရောက်ကြောင်းလမ်း၊ ဘိုးဘွားနှင့် အတူတကွသွားရောက်နေထိုင်ရေးလမ်းကြောင်း စသည်များကို ဖန်တီးခြင်း, ယဇ်ပူဇော်မှုအမျိုးမျိုး, အစီအမံ အမျိုးမျိုးဖြင့် --ကောင်းမှုကို ကြိုးပမ်း အားထုတ်ခြင်း, ကမ္ဘာလောကကြီး၌ ရှိရှိသမျှ အရာများကို သတ္တဝါတို့ကံက စီမံခြင်း, သတ္တဝါတို့ ခံရစံရသမျှသည် ရှေးကံကြောင့်သာ ဖြစ်ရခြင်းဟူသော အချက်များသည် ဟိုမှာ သည်မှာ ကျဲပြန့်နေသော ဝေဒိက ကမ္မဝါဒ အဆိုအမိန့်များ ဖြစ်ကြသည်။

ဤသဘောတရားများကို စဉ်းစားသော် ကမ္မဿကတာနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိနှစ်မျိုးလုံးပင် ဤဝေဒိကကမ္မ၌ ပါဝင်နေသည်ကို တွေ့ရမည်၊ ကောင်းကံကြောင့် ကောင်းကျိုး ရခြင်း မကောင်းကံကြောင့် မကောင်းကျိုး ရခြင်းသည် ဝေဒနှင့် ဗုဒ္ဓဝါဒတူညီသော အခြေခံ ဖြစ်၏၊ သို့သော် ဝေဒသည် ကောင်းမှုအစီအမံကို ယဇ်ပူဇော်မှု ဦးစားပေး၍ ဆိုသည်၊ ယင်းကို ခေါ်သည် ဗုဒ္ဓဝါဒသည် စိတ်ဖြူစင်မှု စိတ်ညစ်ညူးမှုကို ပဓာနပြု၍ ဖြူစင်ကြည်လင်သော စိတ်ဖြင့် ပြုလုပ်ခြင်း, ပြောဆိုခြင်း, ကြံစည်တွေးတောခြင်းတို့ကို ကုသိုလ်ကံဟုခေါ်၍ လောဘ ဒေါသတို့ဖြင့် ညစ်နွမ်းသော စိတ်ဖြင့် ပြုလုပ်ခြင်း, ပြောဆိုခြင်း, ကြံစည် တွေးတောခြင်းတို့ကို အကုသိုလ်ကံဟု ဆိုသည်၊ ဝေဒိကကမ္မဝါဒအလို သတ္တဝါနှင့် လောကကို တန်ခိုးရှင် ဖန်ဆင်းရှင်တို့က သတ္တဝါတို့ကံအလျောက် ဖန်တီးသည်ဟု ဆိုသည်၊ ဗုဒ္ဓဝါဒက ဗဟိဒ္ဓလောကကြီးကို သတ္တဝါတို့၏ ကံနှင့်တကွ ဥတုနိယာမ, ဗီဇနိယာမ, ဓမ္မနိယာမအကြောင်းတို့က ဖန်တီးသည်ဟု ညွှန်ပြသည်၊ ဝေဒိကကမ္မဝါဒအရ သတ္တဝါတို့ ခံစံရသမျှ ရှေးကံကြောင့်သာ ဖြစ်သည်ဟု ယူသည်၊ (ပုဗ္ဗေကတဟေတုဒိဋ္ဌိပင် ဖြစ်၏) ဗုဒ္ဓဝါဒကံအရ သတ္တဝါတို့ကို ရှေးကံကလည်းကောင်း၊ ရှေးကံချည်းသာ မဟုတ်မူ၍ ယခု ပစ္စက္ခ၌ မိမိလုပ်ဆောင်မှု ပစ္စုပ္ပန်ကံကလည်းကောင်း၊ ကမ္မနိယာမ စိတ္တနိယာမ ဓမ္မနိယာမတို့ကလည်းကောင်း ဖန်တီးသည်ဟု ယူသည်။

ယင်းသို့ ဝေဒိကကမ္မဝါဒနှင့် ဗုဒ္ဓ၏ကမ္မဝါဒတို့၌ တူညီကြသည့်အချက်က ဘယ်ဟာ, ကွဲပြားသည့်အချက်က ဘယ်သင်းဟူ၍ ကွဲကွဲပြားပြား နားလည်မှု မရှိကြသောကြောင့် ဦးဥက္ကဋ္ဌနှင့် လက်ကျန်တပည့်ကျော်တို့က ဟိန္ဒူဗြာဟ္မဏဝါဒတွေ ပိဋကတ်စာပေထဲ ဝင်နေသည်ဟု လှန့်ကာ ပိဋကတ်တော်ကို အခါများစွာ ပယ်မှားခဲ့ကြလေသည်၊ ဗုဒ္ဓရှင်တော်မြတ်သည် မီးလုပ်ကျွေးသော ဆံကျစ်ရသေ့, ကမ္မဝါဒီ ပရဗိုဇ်တို့ကို ရဟန်းပြုခွင့် ပေးတော်မူခဲ့သည်မှာ အကြောင်းအကျိုးကို ပယ်သော Annihilationist ခေါ်သော အဟေတုက, အကိရိယ, နတ္ထိကဝါဒီများ မဟုတ်သောကြောင့် ဖြစ်လေသည်၊ အချုပ်မှာ ဗုဒ္ဓသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိကို ပယ်တော်မူ၍ ယဇ်ပူဇော်မှု မပါသော ကမ္မဝါဒကို လက်ခံတော်မူသည်၊ ဝေဒိကကမ္မဝါဒ၌ ဖန်ဆင်းမှု ပါသည်၊ ယဇ်ပူဇော်မှုကို ဦးစားပေးသည်၊ ပုဗ္ဗေကတဟေတုဒိဋ္ဌိ ပါသည်၊ ဤသို့သော ခြားနားချက်ကို သခင်မြတ်ဆိုင်တို့ မသိနိုင်ရှာကြပေ။

Read more ...

အာဏာစက် ဓမ္မစက်ဆိုတာ ဘာတွေကိုခေါ်တာလဲ

Dr Phyo Wai Kyaw | 8:32 AM | 1 Comment so far


င်္သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်းမှ - http://www.thamameggin.blogspot.com/


ဒကာ။ ။ အာဏာစက်ပါမှ သာသနာတော်ကို ပြုလို့လွယ်ကူတယ်၊ ဓမ္မစက်သက်သက်နဲ့ဆိုရင် သာသနာပြုလို့ခက်တယ်၊ တိုးတက်စည်ပင်မှု မလျင်မြန်နိုင်ဘူးလို့ ဟောပြောနေကြတာ အာဏာစက်နဲ့ ဓမ္မစက်တို့ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါဆရာတော်။
ဆရာ။ ။ (၁) ဓမ္မစက် ဆိုတာက မြတ်စွာဘုရားရှင်တို့ရဲ့ လက်သုံးတော်၊ တပည့်သာဝကတို့ရဲ့ ခံယူချက် လက်သုံးတော်ဖြစ်တဲ့ မေတ္တာနဲ့ ခန္တီတရားများ ဖြစ်တယ်။
သတ္တ၀ါများအပေါ်မှာ ချစ်ခြင်းမေတ္တာဓာတ် ဘယ်တော့မှ မပျက်ပြယ်ဘူး၊ ဘယ်လောက်ပဲ ကျူးလွန်ပြစ်မှားပလေစေ ရန်တုံ့ပြန်မှု မပြုဘူး၊ အမြဲသည်းခံတော်မူကြတယ်။
အဲဒါ့ကြောင့် ဓမ္မစက်က သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ခက်ခဲနက်နဲတယ်၊ သတ္တ၀ါတိုင်း မကြောက်ကြဘူး။
(၂) အာဏာစက် ဆိုတာက ကြမ်းတမ်းတယ်၊ ခက်ထန်တယ်၊ မလိုက်နာရင် အပြစ်ဒဏ်နဲ့ ထိခိုက်စေတယ်၊ ဒါ့ကြောင့် အာဏာစက်ကို သတ္တ၀ါတိုင်း ကြောက်ရွံ့ လိုက်နာကြတယ်။
အဲဒါ့ကြောင့် မြတ်ဗုဒ္ဓရဲ့ သာသနာကို ပြုတဲ့ လုပ်ငန်းမှာ အာဏာစက် လက်ကိုင်ရှိတဲ့ လူမင်း နတ်မင်းတို့၏ အကူအညီကို ရယူကာ ပြုစုစောင့်ရှောက်တော်မူကြတာဖြစ်တယ်။

အာဏာစက်က ဘယ်မင်းလက်ထက်မှာ စတင်ပေါ်လာတာလဲ

ဒကာ။ ။ ဓမ္မစက်ကိုတော့ မြတ်စွာဘုရားသခင်၏ တရားရေအေး အမြိုက်ဆေးဆိုတာ သိရပါပြီဆရာတော်၊ အာဏာစက် ဆိုတာက ဘယ်အချိန် ဘယ်ကာလ ဘယ်မင်းလက်ထက်တော်က ပေါ်လာတာပါလဲ ဘုရား။
ဆရာ။ ။ အင်း…အာဏာစက်ဆိုတာက မြတ်စွာဘုရားသခင် တရားဟောတော်မူဖို့အတွက် သဟမ္ပတိ ဗြဟ္မာမင်းကြီး မြတ်ဘုရားထံ လာရောက် တောင်းပန်တဲ့ အခါတုန်းက သိကြားမင်းကလည်း ဗြဟ္မာမင်းကြီးနဲ့အတူ ပါလာတယ်။
အဲဒီအခါတုန်းက ဗြဟ္မာမင်းကြီးရော သိကြားမင်းကပါ အရှင်ဘုရားတို့ တရားဟောတော်မူကြပါ၊ အရှင်ဘုရားတို့၏ တရားသော ဓမ္မများကို မလိုက် မနာ မဖြေ မကြား ထော်လော်ကန့်လန့် ပြုလုပ်နေသူများအား တပည့်တော်က အာဏာစက်ဖြင့် လိုက်နာအောင် ပြုလုပ်ပေးပါမည်၊ အရှင်မြတ်တို့ဘက်က ဓမ္မစက်ဖြင့် ပြုတော်မူကြပါကုန်၊ တပည့်တော်များဘက်က အာဏာစက်ဖြင့် စောင့်ရှောက် ကူညီပေးပါမည်လို့ တာဝန်ယူကာ ပဋိညာဉ်ပြုခဲ့ကြတာ ရှိတယ်၊ ဒါ့ကြောင့် အာဏာစက်ဟာ အဲဒီလက်ထက်အခါက စ တင် ပေါ်လာတာပဲ။
မြတ်စွာဘုရား၏ တရားသော ဓမ္မအမေးများကို မဖြေကြားဘဲ ထော်လော်ကန့်လန့် လုပ်နေတဲ့ သစ္စက ပရိဗိုဇ်ကြီးတို့၊ အမ္ဗဋ္ဌလုလင်တို့ကို သိကြားမင်းကိုယ်တိုင် ဘီလူးကြီးအသွင်ဆောင်ကာ ဘုရားမြတ်၏အမေးစကားကို မဖြေကြားဘဲနေလျှင် သင့်ဦးခေါင်းကို ခုနစ်စိတ် ခွဲပစ်မည်ဟု ကြိမ်းဝါးကာ ကူညီပေးတာပေါ့။ ကဲ….ရှင်းရဲ့လား။ လူမင်းဖြစ်တဲ့ အဇာတသတ်တို့၊ အသောကရာဇာတို့လည်း အာဏာစက်နဲ့ ကူညီကြတယ်။
ဒကာ။ ။ ရှင်းလင်း ကျေနပ်လှပါတယ် ဆရာတော်၊ သာဓကတွေကလည်း ကောင်းမြတ် လုံလောက်လှပါတယ် ဘုရား။


င်္သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်းမှ - http://www.thamameggin.blogspot.com/ ကူးယူဖော်ပြသည်။
Read more ...

September 17, 2010

ဗုဒ္ဓဝါဒ မျက်နှာဖုံးဖြင့် ရုပ်ဝါဒီသမားများ

တိပိဋက | 4:53 AM | Be the first to comment!
ကမ္ပဿ ကာရကော နတ္ထိ၊ ဝိပါကဿ စ ဝေဒကော။
သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝေတံ သမ္မဒဿနံ။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာလာ ဂါထာကို ရုပ်ဝါဒနှင့် ညီအောင် လိုသလိုဆွဲယူထားပြီး ''ပြုလုပ်သူ ကာရကသည် ရုပ်တုံး ရုပ်ခဲ၊ ခံစားသူဝေဒကလည်း ရုပ်သဘာဝပင်''ဟူသော ရုပ်တရားကို အတ္တဟုယူရာရောက်သဖြင့် အတ္တဒိဋ္ဌိသာ ဖြစ်ရကား အဓမ္မဝါဒသာ ဖြစ်ပါသည် ဘုရား၊ ဟု စောဒကဆရာတော်များက ဦးဥက္ကဋ္ဌသည် ရုပ်ဝါဒီများ ဖြစ်ပုံကို စွဲချက်တင်ထားကြသည်။

ဗုဒ္ဓဝါဒ နာမ်ရုပ်
နာမ်သဘောတရားနှင့် ကင်း၍ရုပ်ချည်းသက်သက်ဖြင့် ပြုလုပ်ခြင်း ခံစားခြင်း မြင်ခြင်း ကြားခြင်း စသည် မည်သည့်အခါမျှ မဖြစ်နိုင်ချေ၊ ရုပ်တရားသည် အကန်းနှင့်တူ၍ နာမ်တရားသည် အကျိုးနှင့် တူသည်၊ အကန်းသည် အကျိုးကို ထမ်းပိုး၍ လမ်းသွားသောအခါ လမ်းကောင်း လမ်းဆိုး အနိမ့် အမြင့် စသည်ကို အကျိုးက မြင်၍ အကျိုး၏ လမ်းညွှန်ချက်အတိုင်း အကန်းက လိုရာခရီးသို့ ရောက်အောင် သွားရဘိသကဲ့သို့ ရုပ်တရားသည် သူ့ချည်းသက်သက် ပြုခြင်း ခံစားခြင်း စသည် မပြုတတ်မူ၍ နာမ်တရား၏ စေစားချက်အရသာ ပြုခြင်း ခံစားခြင်း စသော ကိစ္စကို ပြီးစေရသည်၊ ထို့အတူပင် နာမ်တရားချည်း သက်သက်လည်း မြင်ခြင်း ကြားခြင်း သွားလာလှုပ်ရှားခြင်းကို မပြုတတ်ဘဲ ရုပ်တရားကို မှီရမှသာ ယင်း ကိစ္စကို ဆောင်ရွက်နိုင်သည်။

ယင်းသို့ ရုပ်နှင့် နာမ်တို့ အကြောင်းအားလျော်စွာ သူ့သဘောသူဆောင်လျက် ဖြစ်ပေါ်လာကြရာတွင် အပြင်အပမှ တိုက်တွန်းနှိုးဆော်တတ်, စေခိုင်းတတ်သော အတ္တဝိညာဉ်လည်း မရှိ၊ အတွင်းသို့ ဝင်၍ ခံစားခြင်း ပြုလုပ်ခြင်း စသော ကိစ္စကို ဆောင်ရွက်တတ်သော မည်သည့်အတ္တဝိညာဉ်မျှလည်း မရှိပေ၊ ရုပ်တရား နာမ်တရား ပရမတ်အသား စင်စစ်သည်သာလျှင် မိမိ မိမိ၏ ကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာစေသည်၊


ထို့ပြင် ကမ္မဿ ကာရကော နတ္ထိ-ဟူသော ပါဠိကို ဦးဥက္ကဋ္ဌ ယူဆသည့်အတိုင်း သဒ္ဒါနည်းကျကျ၊ အနက်ပေးရသည်ရှိသော် ကမ္မဿ ကာရကော=ကံကို ပြုတတ်သော ကာရက ရုပ်တုံးရုပ်ခဲသည်၊ နတ္ထိ=မရှိ ဟူ၍ ဖြစ်ပေသည်၊ ထို့ကြောင့် ဦးဥက္ကဋ္ဌလုပ်ပုံသည် သဒ္ဒါနည်း အနက်နည်းတို့ဖြင့် ကျကျနန စစ်ဆေးလိုက်သည့်အခါတွင် အနှစ်သာရ ရှာမရ၊ ပိဏ္ဍတ္ထကောက်၍ မရသောသူရူး၏ စကားကဲ့သို့ ဖြစ်ကြောင်း တွေ့ရပေသည်။

ရုပ်လည်းနာမ်၊ နာမ်လည်း ရုပ်ဟုဆိုရာ၌ စိစစ်သုံးသပ်ချက်

''ရုပ်သည် အခြေခံဖြစ်၍ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် ရုပ်ကို တည်ရာမှီရာထား၍ ဖြစ်ပေါ်လာသော အကျိုးတရား (ဝါ)အခိုးသတ္တိ (ဝါ)ရုပ်၏ အဟုန်မျှသာ ဖြစ်ပေသည်''ဟူသော ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ် ရေးသားသူ ဦးကိုကိုလေး၏ အဆိုသည်လည်းကောင်း၊

''အလုပ်လုပ် ဆိုတာ တကယ်ရှိတဲ့ ရုပ်ကို ကောင်းအောင် အလုပ်လုပ်ကြရမှာ၊ စိတ်ကို ကောင်းအောင် လုပ်လို့ မရဘူး''ဟူသော ဦးဥက္ကဋ္ဌ၏ အဆိုသည်လည်းကောင်း၊

''အဆင့်ဆင့် အကဲခတ် လေ့လာသောအခါ ဤဘူတရုပ်တို့တွင် ရုပ်ဟုလည်းကောင်း၊ နာမ်ဟုလည်းကောင်း စသည်ဖြင့် ဖြစ်နေသောကြောင့် အားလုံး ရုပ်သဘာဝ အခြေခံချည်း ဖြစ်နေသည်ကို တွေ့ရပေသည်'' ဟူသော ဗုဒ္ဓဝိပဿနာ ပထမတွဲ၊ နှာ-၈၄၊ ၈၅ ၌ ရေးသားထားသော သခင်မြတ်ဆိုင်၏ အဆိုသည်လည်းကောင်း၊ ယင်းစာအုပ် နှာ-၁၃ဝ ၌ ထပ်မံဖော်ပြသော-

''ရုပ်နှင့်နာမ် ၂-ခုမှာ တစ်ခုနှင့်တစ်ခု မကွဲပေ၊ ရုပ်လည်း နာမ်၊ နာမ်သည်ပင် ရုပ်အဖြစ် ဒွန်တွဲကာ အစဉ် အတူ ဖြစ်ပျက်နေသည်ကို တွေ့မြင်မှသာ ချက်ချင်း ဖြစ်သည်ကို ဖြစ်မှန် သိသည်'' ဟူသော သခင်မြတ်ဆိုင်၏ ဒုတိယအဆိုသည်လည်းကောင်း ရုပ်ဝါဒကိုအခြေခံ၍ ဗုဒ္ဓဓမ္မကို ကပြက်ကချော် ရေးသားပြောဟောခြင်းမျှသာ ဖြစ်သည်၊ ဤအနက်သဘောမျိုးကို မည်သည့်အခါမှ ဗုဒ္ဓမြတ်စွာ မဟောပေ၊ ဗုဒ္ဓဝါဒ အတွင်းသို့ ထိုသူတို့၏ ရုပ်ဝါဒ သွတ်သွင်းလာခြင်းသာ ဖြစ်သည်၊ တစ်နည်းဆိုသော် ဗုဒ္ဓဝါဒ မျက်နှာဖုံးတပ်၍ ရုပ်ဝါဒကို ဖြန့်ဖြူးနေခြင်းဖြင့် ဗုဒ္ဓသာသနာကိုပျက်စီးအောင် အားထုတ်နေခြင်းသာ ဖြစ်သည်။

ဤ ၂ဝ-ရာစုခေတ်၌ အသစ်အဆန်းလုပ်၍ ရှေ့တန်းတင် ပြောဆိုရေးသားနေသော ဦးဥက္ကဋ္ဌ၏ အဆိုကို ဗုဒ္ဓမြတ်စွာဘုရား မပွင့်မပေါ်မီ နှစ်ပေါင်းများစွာကပင် ပေါ်ထွန်းနေသော ဗြာဟ္မဏလူမျိုး ကျာရ်ဗာက စသော ဆရာကြီးတို့၏ ရုပ်ဝါဒနှင့် တစ်ထပ်တည်း တူညီနေပုံကို အောက်ပါအတိုင်း တွေ့ရှိရသည်။

ကျာရ်ဗာက ရုပ်ကြမ်းဝါဒ

က- မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးသည် အမှန်သဘောတွေ ဖြစ်သည်၊

ခ- ဤဓာတ်ကြီးလေးပါးတို့၏ အစုအပေါင်းကို ကိုယ်ခန္ဓာ၊ အာရုံစိတ်၊ အာရုံ ဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။

ဂ- ယင်း ဓာတ်ကြီးလေးပါးမှ စိတ်ဟူသော အသိသဘော ပေါ်လာသည်။

ဃ- တဆေးစသည်မှ မူးယစ်စေတတ်သော သတ္တိ ပေါ်လာသကဲ့သို့ ယင်း ဓာတ်ကြီးလေးပါးမှ ဝိညာဉ်ပေါ်လာသည်၊ ဓာတ်ကြီး လေးပါးတို့ကသာလျှင် စဉ်းစားတွေးတောကုန်၏။

င- စိတ် ဝိညာဉ်ဖြင့် အထူးပြုအပ်သော ရုပ်ကြမ်းကြီးပင် အတ္တ(ဝါ)သတ္တဝါဖြစ်သည်။

စ- ရေပွက်သည် ရေ၏ အပေါ်၌ ရုတ်ချည်းမြင် ရုတ်ချည်းပျောက်သွားသကဲ့သို့ ဇီဝသည်လည်း ရုတ်ချည်းမြင် ရုတ်ချည်းပျောက်သွားလေသည်။

ဆ- နိဗ္ဗာန်(ဝါ)လွတ်မြောက်ခြင်းဟူသည် သေဆုံးကွယ်လွန်ခြင်းပင်တည်း။

ဇ- စီးပွား ဥစ္စာနှင့် ကာမချမ်းသာသည်သာ သတ္တဝါတို့၏ လိုရင်အကျိုးဖြစ်သည်။ (တရားကျင့်ခြင်း, လွတ်မြောက်ခြင်း ဟူသည် စင်စစ် အနက်အဓိပ္ပာယ်မရှိပေ။)

ဈ- လောကသားတို့၏ လမ်းစဉ်ကိုသာ လိုက်ရမည်။ (လောကုတ္တရာလမ်းကြောင်းဟူ၍ မရှိ။)

ည- တမလွန်ဘဝ၌ ရှိသော သတ္တဝါဟူ၍ မရှိသောကြောင့် တမလွန်လောကဟူသည်လည်း မရှိပေ။

ဋ- မျက်စိ, နား, နှာ, လျှာ, ကိုယ်တို့ဖြင့် ထိတွေ့ခံစားအပ်သော မျက်တွေ့ လက်တွေ့သည်သာ ခိုင်လုံသော ပမာဏဖြစ်သည် (မျက်တွေ့, လက်တွေ့ မဟုတ်သော အရာသည် မခိုင်လုံ၊ ပမာဏ မမည်။) (လောကာယတသုတ် ခေါ် (ဗြိဟတ်ဆပတိ) ရေးသောသုတ်)

အထက်ပါသုတ်တွင် (ခ) အမှတ်စကားအရ ပ, အာ, ဝါ, တေ ဓာတ် ၄-ပါးကိုပင် ခန္ဓာကိုယ်ဟူ၍လည်းကောင်း၊ စ, သ, ဃ, ဇ, က ခေါ် ပသာဒ ၅-ပါး၊ ဆင်း, သံ, နံ, စား, တွေ့ အာရုံ ၅-ပါးဟူ၍လည်းကောင်း ခေါ်သည်ဟုဆိုထားရာ ရုပ်သည် နာမ်၊ နာမ်သည် ရုပ်ဟု ဆိုသော လူသေလူဖြစ် ဆရာတပည့်တို့၏ ဝါဒနှင့် တစ်ထပ်တည်းကျနေ၏။

ဦးဥက္ကဋ္ဌနှင့် သခင်မြတ်ဆိုင်တို့သည် လေနှင့် တေဇော တွေ့လျှင် အား/အသက်ဟူ၍ ပေါ်လာ၏ဟု ဆိုကြ၏၊ ဦးကိုကိုလေးက နာမ်သည် ရုပ်၏အခိုးဟု ဆို၏၊ (ဃ)အမှတ်ပြ အထက်ပါသုတ်လာ အရက်မျိုးစေ့မှ မူးယစ်စေတတ်သော သတ္တိ ပေါ်လာသကဲ့သို့ ဓာတ်၎-ပါးမှ ဝိညာဉ်ပေါ်လာသည်ဟူသောစကားနှင့် တစ်သားတည်း ကျလေတော့၏။

(ည)အမှတ်ပြ စကားအရ တမလွန်ဘဝ၌ရှိသော သတ္တဝါဟူ၍ မရှိသောကြောင့် တမလွန်လောကဟူသည်လည်း မရှိပေဟူသော လောကာယတသုတ်အဆိုသည် စုဒိတကတို့၏ ပခက်နှင့် ခေါင်းအကြားသာ စဉ်းစား၍ အခြားဘာကိုမျှ မစဉ်းစားဟူသော အဆိုနှင့် နှစ်ပေါင်း ၃ဝဝဝ-ခန့် ခြားသော်လည်း မပြားမကွဲ တစ်သားတည်း ဖြစ်၍နေသည်ကို တွေ့ကြရ၏။

(ဋ)အမှတ်ပြ မျက်တွေ့လက်တွေ့သာ ခိုင်လုံသော ပမာဏ ဖြစ်သည်ဟူသော အဆိုနှင့် လူသေလူဖြစ် ဦးဥက္ကဋ္ဌ၊ သူ၏တပည့် သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများ၏ လက်တွေ့မျက်တွေ့ဝါဒသည် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေကဲ့သို့ တစ်သားတည်း ရောနှောညီညွတ် လေတော့၏။

ထို့ပြင် ဗုဒ္ဓမြတ်စွာမပေါ်မီ နှစ်ပေါင်း ၅ဝဝ-လောက် စော၍ ပေါ်ထွန်းခဲ့သော အမည်မထင်ရှားသူ ရေးသည့် ဆန္ဒောဂျဥပနိသျှဒ်၌ ဤသို့ ဆို၏။

စားလိုက်သော အစာသည် သုံးမျိုးကွဲ၍ ထွက်သည်၊ အကြမ်းစားဓာတ်တစ်စုသည် ကျင်ကြီး ဖြစ်သည်၊ အလတ်စား ဓာတ်တစ်စုသည် အသားဖြစ်သည်၊ အနုဆုံးဖြစ်သော ဓာတ်တစ်စုသည်ကား စိတ်ဝိညာဉ် ဖြစ်ပေါ်လာသည်။
(အဓျာယ ၆၊ ကဏ္ဍ ၅၊ အပိုဒ် ၁)

သောက်လိုက်သော ရေသည် ၃-မျိုးကွဲ၍ ထွက်သည်၊ အကြမ်းစားဓာတ်တစ်စုသည် ကျင်ငယ် ဖြစ်သည်၊ အလတ်စား ဓာတ်စုသည် သွေး ဖြစ်သည်၊ အနုဆုံးဖြစ်သော ဓာတ်တစ်စုသည်ကား အသက် ဖြစ်ပေါ်လာသည်။
(အဓျာယ ၆၊ ကဏ္ဍ ၅၊ အပိုဒ် ၂)

ရုပ်ကြမ်းဝါဒ
ထိုမှတပါး ရုပ်နှင့်နာမ်ကို ထပ်တူ ယူဆသော Vulgar materialism ရုပ်ကြမ်းဝါဒ၏ သဘောကို ရှင်းပြဦးမည်။
ဤဝါဒသည် ဆယ့်ကိုးရာစု ဝန်းကျင်တွင် ဂျာမနီပြည်၌ စတင် ခေတ်စားလာသောဝါဒ ဖြစ်သည်၊ လူဗစ်ဗျူးခနဲ(Kari Vogt lud B chner)အမည်ရှိ ဂျာမန်အမျိုးသားနှင့် ဂျက်ကော့မောလေးရှော့(Jacou Molescholt)ဆိုသူ ဒတ်ခ်ျအမျိုးသားတို့သည် ရုပ်ကြမ်းဝါဒီများ ဖြစ်ကြသည်၊ သူတို့ အဆိုကား တံတွေးအကျိတ်များမှ တံတွေးယိုထွက်သလို အသည်းမှ သည်းခြေယိုထွက်သလို ဦးနှောက်မှ စိတ်ခေါ်သော ရုပ်တစ်မျိုး စိမ့်ထွက်နေသည်ဟု ဆိုကြ၏၊ စိတ်အစဉ်သည် ဦးနှောက်တွင် ထင်ဟပ်သော ရုပ်၏ အရိပ်အသွင် ဖြစ်သော်လည်း မြင်ကောင်းသော အရိပ် မဟုတ်၊ ထိတွေ့ရကောင်းသော အရိပ်အသွင်မဟုတ်၊ ဓာတ်ပုံရိုက်ယူ၍ မရကောင်းပေ။

Brain is instrument of thinking or organ of thought, but it is mind or thinking itself.

''ဦးနှောက်သည် တွေးခေါ်စဉ်းစားရန် လက်နက်ကိရိယာ၊ တစ်နည်း- စဉ်းစားတွေးတောသည့် အင်္ဂါရပ်ဖြစ်သည်၊ သို့သော် ယင်းဦးနှောက်သည်ပင် စိတ်(ဝါ)အတွေးအခေါ် ဖြစ်သည်''ဟူ၍ ဆိုလေသည်။
(မြန်မာလုပ်သားနေ့စဉ်၊ ၁၅-၃-၆၈၊ မောင်ချစ်လှိုင်)

အထက်ပါ စိစစ်ချက်များအရ ရုပ်လည်း နာမ်၊ နာမ်လည်း ရုပ် အတူတူပင် ဖြစ်သည်ဟူသော ဦးကိုကိုလေး၊ ဦးဥက္ကဋ္ဌ၊ သခင်မြတ်ဆိုင်တို့နှင့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့၏ ဝါဒသည် လောကာယတသုတ်၌ ဗြိဟတ်ဆပတိဆရာ ရေးသားထားသော ဗုဒ္ဓမပွင့်ပေါ်မီက ပေါ်ခဲ့သော ရှေးဟောင်းဗြာဟ္မဏလူမျိုး ကျာရ်ဗာကဝါဒနှင့် တစ်ထပ်တည်း တူညီနေသည်ကို တွေ့ရ၏၊ ထို့ပြင်ရှေးဟောင်းဆန္ဒောဂျ ဥပနိသျှာဒ်ကျမ်း အဆိုနှင့်လည်းကောင်း၊ လူဒ်ဗစ်ဗျူးခနဲနှင့် ဂျက်ကော့မောလေးရှော့တို့၏ ရုပ်ကြမ်းဝါဒနှင့်လည်းကောင်း ချွတ်စွပ်တူနေသည်ကို တွေ့ကြရပေသည်။

သို့ဖြစ်၍ ယနေ့ တောင်တွင်းကြီး ဦးဥက္ကဋ္ဌတို့ ရေးသားပြောဟောနေသော ဝါဒသည် ရှေးဟောင်း ရုပ်ကြမ်းဝါဒကို ပြန်လည်ဆန်းသစ်ထားခြင်းမျှသာ ဖြစ်ကြောင်း လယ်ပြင်ဆင်သွားသကဲ့သို့ ထင်ရှားလှပေသည်၊ ထို့ကြောင့် တောင်တွင်းကြီး ဦးဥက္ကဋ္ဌ၏ ဝါဒသည် ရုပ်ဝါဒ၊ ဦးဥက္ကဋ္ဌ၏သည် ရုပ်ကြမ်းဝါဒီ၊ ဦးကိုကိုလေး၏ ဝါဒသည် ရုပ်ဝါဒ၊ ဦးကိုကိုလေးသည် ရုပ်ကြမ်းဝါဒီတစ်ဦး၊ သခင်မြတ်ဆိုင်၏ ဝါဒသည် ရုပ်ဝါဒ၊ သခင်မြတ်ဆိုင်သည် ရုပ်ကြမ်းဝါဒီတစ်ဦး၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ ဝါဒသည် ရုပ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသီ ဆိုသူတို့သည် ရုပ်ဝါဒီများသာ ဖြစ်ကြောင်းကို ခပ်ရှင်းရှင်း သိရှိမှတ်သားနိုင်ကြပေသည်၊ ဗုဒ္ဓဟူသော စကားလုံး, သမ္မာဒိဋ္ဌိဟူသော စကားလုံးများကို အကာအကွယ်ယူပြီး ရုပ်ဝါဒလက်နက်ဖြင့် ဗုဒ္ဓသာသနာကို အတွင်းကနေ ပျက်စီးအောင် ဖျက်ဆီးနေကြသော ပုဂ္ဂိုလ်များ၏ ဇာတ်ရုပ်ကို ပေါ်လွင်အောင် သာသနာတော်ကြီး၏ နောင်ရေးကို မျှော်တွေးရှုငဲ့ပြီး ဖော်ထုတ်စိစစ်လိုက်ရပေသည်။

ထို့ကြောင့် ဦးဥက္ကဋ္ဌနှင့် တပည့်အသိုင်းအဝိုင်းတို့၏ ရုပ်ဝါဒအမြင်ဖြင့် လုပ်သမျှသည် ပရမတ္ထ အဘိဓမ္မာသဘောတရားနှင့် မညီညွတ်ရကား အဓမ္မဝါဒသာဖြစ်သည်ဟု အမှတ်(၂) သီးခြားဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။

Read more ...

September 12, 2010

သတ္တ၀ါတို့၏ ၃၁- ဘုံ

အရှင်ကောဝိဒ (ယော) | 8:18 PM | Be the first to comment!
(သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ တန်ခူးလ္ဆန်း ၃-ရက်နေ့ည၊ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ကံမြင့်ကျောင်းတိုက် ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ညဦးယံ ဓမ္မသဘင်ဝယ် ဟောကြားအပ်သော သတ္တ၀ါတို့၏ ၃၁-ဘုံအကြောင်း တရားဒေသနာတော်။)

`သတ္တ၀ါတို့ရဲ့ ၃၁-ဘုံ၊ သတ္တ၀ါတွေ မျိုးစုံရှိတဲ့ ၃၁-ဘုံအကြောင်း၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ထိုထိုကျမ်းဂန်တွေမှာ ပါရှိတယ်။ အဘိဓမ္မာမှာသာ ပါရှိတာမဟုတ်ဘူး ၃၁-ဘုံက၊ မူလပရိယာယသုတ်မှာလည်း ဘုံတွေအကြောင်း ပါတာပဲ၊ တခြားသုတ္တန်တွေမှာ လည်း ပါတယ်။ အဘိဓမ္မာ ၇-ကျမ်းမှာ အပါအ၀င်ဖြစ်တဲ့ ၀ိဘင်္ဂလို့ခေါ်တဲ့ ၀ိဘင်းကျမ်းမှာလည်း ဒီဘုံနဲ့သက်တမ်းတွေအကြောင်း ရှင်းလင်းတင်ပြထားတာ ရှိတယ်။

သို့သော်လည်း မြန်မာနိုင်ငံမှာတောင်မှ အချို့အချို့ပုဂ္ဂိုလ်တွေက ၃၁-ဘုံဆိုတာကို ငြင်းပယ်ချင်ကြတယ်။ သူတို့ငြင်းပယ်ခြင်းရဲ့ အကြောင်းက ၃၁-ဘုံ မရှိဘူးဆိုပြီးတော့ ငြင်းပယ်ကြတာ ဘာလို့ငြင်းပယ်တာတုန်းဆိုတော့ မမြင်ရလို့တဲ့၊ အကြောင်းပြကတော့၊ မြင်ရတာ လူတွေနဲ့ တိရစ္ဆာန်တွေပဲ မြင်ရတယ်၊ ကျန်တာတွေက မမြင်ရလို့၊ မမြင်ရလို့ ငြင်းပယ်ကြစတမ်းဆို မမြင်ရတာတွေ အများကြီးပဲ၊ ဟုတ်ရဲ့လား၊ မမြင်ရဘဲနဲ့ ရှိနေတဲ့ဟာ အသံဆိုတာ မြင်ရရဲ့လား၊ (မမြင်ရပါဘူးဘုရား) အနံ့ကကော မြင်ရရဲ့လား၊ (မမြင်ရပါဘူးဘုရား) အရသာရော (မမြင်ရဘူးဘုရား) မမြင်ရဘူး၊ မမြင်ရပေမဲ့လို့ အရှိထဲထည့်ရတာတွေ အများကြီးပဲ လောကကြီးမှာ။

အဲဒါကို မြန်မာနိုင်ငံမှာပဲ အရင်တုန်းက ဘုန်းကြီးတို့ငယ်ငယ်တုန်းက တွေ့တယ် `၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ´ဆိုပြီးတော့၊ အမှန်ကတော့ ဘုရားကလက်မခံတာ မဟုတ်ပါဘူး၊ သူလက်မခံတာ၊ တကယ်ကတော့ ရေးသင့်တာ `၃၁-ဘုံဝါဒ ငါလက်မခံ´ဆိုရင်တော့ ကောင်းတာပေါ့နော်၊ (မှန်လှပါဘုရား) ဘုရားနာမည်ကို အလွဲသုံးစား လုပ်တယ်လို့ ဒီလိုပြောရမှာပေါ့။

အေး.. တော်တော်များများ တခြားနိုင်ငံတွေမှာလည်းပဲ Buddhism- ဆိုပြီးတော့၊ ဗုဒ္ဓ၀ါဒဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ ရေးလိုက်တဲ့အခါကျတော့ သူတို့အယူအဆတွေချည်းပဲ ရေးရေးနေကြတယ်။ အဲဒါမျိုးတွေ တော်တော်များများတွေ့နေရတယ်၊ သတိထားစရာ ကောင်းတာပေါ့၊ ရိုးသားဖြောင့်မတ်ဖို့ လိုအပ်တယ်။ ကိုယ်မကြိုက်တာနဲ့ မရှိဘူးလို့ ပြောလို့မရဘူးလေ။ ကိုယ်မမြင်ရလို့ ပြောစတမ်းဆိုလို့ရှိရင်လည်း နှစ်ပေါင်း ၂၅၀၀-ကျော်က ပွင့်ခဲ့တဲ့ဘုရားလည်း ကိုယ်မှမြင်ရတာမှ မဟုတ်ဘဲကို၊ မမြင်ရလို့ လက်မခံဘူးဆိုလို့ရှိရင် လက်မခံရမယ့် အကြောင်းတွေအများကြီးပဲ၊ အမေ့ဗိုက်ထဲ နေတုန်းက ကိုယ်အဖေနဲ့ ကိုယ့်အမေ မြင်ခဲ့ရတာမှ မဟုတ်ဘဲနဲ့၊ အပြင်ဘက်ရောက်မှ ဘေးကလူတွေက အဖေလို့ပြောလို့ အဖေဆိုပြီး လက်ခံနေကြရတာ။

အေး `၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ´ဆိုပြီး အရင်တုန်းက စာအုပ်တစ်အုပ် မြန်မာပြည်မှာ ထွက်ဘူးတယ်။ တကယ်ကတော့ သူလက်မခံတာပါ။ စာပေကျမ်းဂန်မှာ လိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ထေရ၀ါဒပိဋကတ်၊ သံဂါယနာ ခြောက်တန်က အသိအမှတ်ပြုပြီးတော့ လက်ခံထားတဲ့ ကျမ်းဂန်တွေထဲမှာ ၃၁-ဘုံ ဆိုတာ အတိအလင်း ပါရှိပြီးသားဖြစ်တယ်။ ထိုထိုဘုံတွေရဲ့အကြောင်းကို ရေးသားထားတာ အကြောင်းအားလျော်စွာပေါ့.. နော်..၊ (မှန်လှပါဘုရား)။

အေး တချို့ကလည်းပဲ ဘုံတွေအကြောင်းများတာ လူတွေကို ဘုံခန်းနဲ့ မြှောက်တယ်-လို့ ဒီလိုထင်ကြသေးတယ်။ ဘုံဆိုတာ သူ့ဟာသူရှိတာ မြှောက်စရာအကြောင်းလည်း မဟုတ်ပါဘူး.. နော်၊ (မှန်လှပါဘုရား)။ ဘုံဆိုတာ သတ္တ၀ါတို့ရဲ့ ဖြစ်ရာဌာနကို ပြောတာလေ၊ `ဘူမိ´ဆိုတဲ့ ဒီပါဠိစကားလုံးကနေလာတော့ လူသတ္တ၀ါတွေရဲ့ ဖြစ်ရာနေရာကို လူ့ဘုံလို့ ဒီလိုခေါ်တာ၊ လူသတ္တ၀ါတွေနဲ့ မတူညီတဲ့ အခြားသတ္တ၀ါတွေ မြောက်များစွာ ရှိတယ်ဆိုတာ ဒါ မမြင်ရပေမဲ့လို့ ရှိနိုင်တယ်ဆိုတာ အများကြီးပဲ လက်ခံစရာ၊ အဲဒီတော့ သတ္တ၀ါရှိတယ်ဆိုတာ စိတ်ကူးယဉ်ပြီး ပြောတာတော့ မဟုတ်ဘူး။ ထိုသတ္တ၀ါတွေဟာ ဘာကံကြောင့် အဲဒီဘုံရောက်တယ်၊ ထိုဘုံရဲ့ ပဋိသန္ဓေစိတ်က ဘာတွေလဲ၊ ထိုဘုံမှာ ဘာတွေဖြစ်သလဲဆိုတာ တိတိလင်းလင်း ဟောထားတာ။ ဆိုပါစို့ စိတ်ကူးပြီး ဘယ်ဘုံရှိတယ်လို့ ပြောတာမှ မဟုတ်ပဲ၊ အဲဒီဘုံမှာ သတ္တ၀ါတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျ အကြောင်းနဲ့ အကျိုးနဲ့ သေသေချာချာ ဟောထားတာဖြစ်သည့်အတွက်ကြောင့် သာမာန် မှန်းရမ်းပြီးတော့ ပြောတာမဟုတ်ဘူး။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောတယ်၊ `ယဒေ၀ သာမံ ဉာတံ၊ သာမံ ၀ိဒိတံ´- ငါကိုယ်တိုင်သိတာတဲ့၊ ငါကိုယ်တိုင်သိပြီးတာကို ဟောတာ၊ သူများဆီက ကြားပြီး ဟောတာမဟုတ်ဘူး ၃၁-ဘုံနဲ့ ပတ်သက်လာလို့ရှိရင်၊ ဘုံတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ငါကိုယ်တိုင်သိလို့ ငါကိုယ်တိုင်မြင်လို ဟောတာလို့၊ ဒါဖြင့် ဘာဖြစ်လို့သိတာတုံး၊ ဘာနဲ့သိတာတုံးလို့ မေးလို့ရှိရင် မြတ်စွာဘုရားမှာ ဒိဗ္ဗစက္ခုလို့ ဆိုတဲ့ အင်မတန်အစွမ်းထက်တဲ့ မနေ့တုံးကပြောထားတယ်၊ စိတ်ကို အာရုံနဲ့ လေ့ကျင့်လိုက်သည့် အတွက်ကြောင့် ထူးခြားတဲ့ အမြင်တစ်မျိုးကို ရရှိထားတယ်၊ သမာဓိစွမ်းအားတွေ ဖြစ်တယ်၊ အဲဒီ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိဉာဉ်စွမ်းအားတွေ ရလိုက်တာနဲ့ တပြိုင်နက် ထိုဒိဗ္ဗစက္ခုဉာဏ်ရဲ့ အပွားဖြစ်တဲ့ ယထာကမ္မူပဂဉာဏ်၊ ဘယ်ကံလုပ်ရင် ဘယ်အလုပ်လုပ်ရင် ဘယ်မှာဖြစ်မယ်ဆိုတာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သိလို့ မြင်နေတယ်ပေါ့၊ အကြောင်းတရားတွေကို ကြည့်ပြီးတော့ မြင်နေတာ။ (….)

အေး မြန်မာပြည်မှာ တစ်ချိန်တုံးက မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ စောဒကတက်တယ်၊ ဘုရားရဲ့ဉာဏ်နဲ့ပတ်သက်ပြီး သဗ္ဗညုတဉာဏ်ဆိုတာရှိသလား ဆိုပြီး၊ ဒီလိုပုဂ္ဂိုလ်မျိုးတွေကလည်း ထွက်လာသေးတယ်နော်။

တချို့ကလည်းရောယောင်ပြီးတော့ ရှောက်ပြီးတော့ စာတွေထဲမှာရေးကြတာရှိတယ်၊ `ဗုဒ္ဓနဲ့ ဗုဒ္ဓ၀ါဒ´ ဆိုပြီးနာမည်တပ်ပြီးတော့ အဲဒီထဲမှာ ကိုယ့်ဝါဒတွေရေးတာတွေ ရှိသေးတယ်။ အင်မတန်မှ သတိထားစရာကောင်းတယ်နော်၊ အဲဒီထဲမှာ ဘယ်လိုရေးထားသတုန်းဆိုရင် မြတ်စွာဘုရားက သူ့ကိုသူ သဗ္ဗညုတဉာဏ်ရှိတယ်လို့ ၀န်မခံဘူးတဲ့ ဆိုပြီးတော့ သူက refer- လုပ်တယ်၊ ညွန်းတဲ့သုတ်တွေက ဘာသုတ်တွေတုန်းဆိုတော့ အဲဒီညွန်တဲ့သုတ်တွေထဲမှာ ဘယ်လိုအဓိပ္ပါယ်ရှိတုန်း သေချာစာကို ဖတ်ပုံမရဘူး၊ အဲဒီထဲမှာ `သတတံ သမိတံ ဉာဏဒဿနံ ဇာဂရတောပိ သုတ္တတောပိ စရတောပိ တိဋ္ဌတောပိ´အဲဒီစကားလုံးလေးတွေ ပါတယ်။ တခြားဗုဒ္ဓနဲ့ခေတ်ပြိုင် အယူဝါဒရှိတဲ့ မက္ခလိဂေါသာလ-စတဲ့ ပုဂ္ဂိုလ်တွေက သူတို့မှာလည်း သဗ္ဗညုတဉာဏ်ရှိတယ်လို့ ၀န်ခံကြတယ်။ သူတို့ဝန်ခံတဲ့ သဗ္ဗညုတဉာဏ်က ဘယ်လိုအမျိုးအစားတုန်းလို့ ဆိုလို့ရှိရင် အိပ်နေတုန်းဖြစ်စေ ရပ်နေတုန်းဖြစ်စေ သွားနေတုန်းဖြစ်စေ ဘယ်အချိန်မှာမဆို သူ့ဉာဏ်ကြီးက ရှိနေတယ်လို့ ၀န်ခံတယ်။ ဒါအဓိပ္ပါယ်မှ မရှိဘဲ၊ အိပ်ပျော်နေတာ ဘယ်လိုလုပ် ဉာဏ်ကရှိမတုန်း။ အဲဒီစကားလုံးပါတာကို သတိမထားဘူး၊ မြတ်စွာဘုရားက အဲဒီ ဉာဏ်မျိုးရှိသလားလို့ မေးတဲ့အခါကြတော့ မရှိဘူးလို့ ဖြေတာပေါ့၊ ဘယ်ရှိမတုန်း အိပ်နေတုန်းဆိုတာ omnipresent- ဆိုတာ ထာဝရ အမြဲတမ်းရှိနေတယ်ဆိုတာ ဘယ်ဟုတ်မတုန်း၊ ဒါ ယုတ္တိလည်းမရှိဘူး၊ ထာဝရအမြဲရှိနေတာ၊ အဲဒီလိုဉာဏ်မျိုးတော့ မြတ်စွာဘုရားမှာ မရှိဘူး၊ ကျိန်းစက်တော်မူနေတဲ့ အချိန် ဘယ်ဉာဏ်ရှိမလဲ။ ကျိန်းစက်နေရင်တော့ ဘ၀င်စိတ်ပဲဖြစ်မှာပေါ့၊ အိပ်ပျော်နေတာကိုး၊ အဲဒီတော့ အချိန်မရွေး ဉာဏ်ကြီးဟာ မီးကြီးထွန်းထားရင် လင်းနေသလို အချိန်မရွေး လင်းနေတယ်လို့ ဒီလို ၀န်ခံတာဟာတော့ ရီစရာကြီးပေါ့။

မြတ်စွာဘုရားကိုယ်တိုင်ကလည်း ဝေဖန်ထားတယ် ဒီ တချို့ဘုရားတွေဟာ သူတို့မှာ ဒီလို အိပ်နေတုန်းရော နိုးနေတုန်းရော သွားနေတုန်းရော ထိုင်နေတုန်းရော အမြဲတမ်း ဉာဏ်တော်ကြီးက လင်းနေတယ်ပြောတယ်တဲ့ ဒါပေမဲ့လို့ လမ်းမှားလို့ လမ်းမသိလို့ လမ်းမေးရတာရှိတယ်တဲ့ နာမည်မသိလို့မေးရတာ ရှိတယ်တဲ့ မဟုတ်တဲ့လမ်းရောက်သွားလို့ ဒုက္ခရောက်သွားတာတွေရှိတယ်တဲ့၊ ကဲ ဘယ်လိုလုပ်မလဲ၊ အမြဲတမ်း ဉာဏ်ကြီးရှိနေရင် လမ်းမှားပါ့မလား၊ လမ်းမေးစရာကော လိုသေးသလား၊ မလိုဘူး၊

မြတ်စွာဘုရားမှာရှိတဲ့ သဗ္ဗညုတဉာဏ်မျိုးဆိုတာ ဘယ်လိုဟာတုန်းဆိုရင် `သိချင်လို့ ကြည့်လိုက်လို့ရှိရင် အကြွင်းအကျန်မရှိအောင်သိတဲ့ဉာဏ်၊´ သိချင်ပြီ ဉာဏ်ကိုအသုံးချပြီဆိုရင် ဉာဏ်ဆိုတာ ဓားလိုပဲလေ၊ ဓားအိမ်ထဲထည့်ထားရင် ဘယ်ခုတ်လို့ရမလဲ။ ထုတ်ပြီး အသုံးပြုပြီဆိုလို့ရှိရင် ဓားရှိတယ် ခုတ်လို့ရတယ် ဒါပြောတာ၊ ဘုရားရဲ့ သဗ္ဗညုတဉာဏ်စွမ်းအား၊ ဒီအကြောင်းအရာတစ်ခုကို သိချင်လို့ ကြည့်လိုက်ပြီဆိုလို့ရှိရင် ဘာမှမကျန်ရအောင် အပိတ်အပင် အတားအဆီးမရှိအောင်၊ မရှိတာ `အနာဝရဏ´ လို့ခေါ်တယ်၊ အပိတ်အပင် အတားအဆီးမရှိတဲ့ဉာဏ်။

ပစ္စုပ္ပန်မှာပဲဖြစ်စေ အတိတ်မှာပဲဖြစ်စေ အနာဂတ်မှာပဲဖြစ်စေ ဘယ်လောက်ဝေးကွာ ဝေးကွာ ဘယ်လောက်နက်နဲနက်နဲ ဘယ်လောက် ခက်ခဲခက်ခဲ သိချင်လို့ ဦးလှည့်လိုက်ပြီဆို ရင် အကုန်မြင်ရတယ်လို့ပြောတာ အကုန်သိရတယ်လို့ပြောတာ၊ မသိချင်ဘူးဆိုရင်တော့ ဒီဉာဏ်က ဘယ်အလုပ်လုပ်မလဲ၊ ဒါသဘာဝမဟုတ်ဘူး၊ မသိချင်ဘဲနဲ့ သူ့ဟာသူ အလိုလိုလာသိနေရင် ဘယ်လိုလုပ် အိပ်လို့ရမလဲ၊ Omnipresent- ဆိုတာ မဖြစ်နိုင်ဘူးပေါ့၊ အဲတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ခုကနလို အိပ်နေတုန်း အမြဲတမ်းရှိနေတဲ့ သဗ္ဗညုတဉာဏ်မျိုးကိုတော့ ဘုရားက လက်မခံဘူး၊ အဲဒီလက်မခံတာကိုပဲ ရောပြီး ဘုရားမှာ သဗ္ဗညုတဉာဏ်ရှိကြောင်း မြတ်စွာဘုရား လက်မခံဘူး-လို့ ရောယောင်ပြီး ရေးတာမျိုးတွေ ရှိတယ်၊ မြန်မာပြည်မှာ စာအုပ်တွေ၊ ပြီးတော့ အဲဒီလိုစာအုပ်ထဲမှာပဲ နိုင်ငံခြားသားက ရေးတာတွေကို အဟုတ်ထင်ပြီးတော့ အင်္ဂလိပ်လိုရေးလိုက်လို့ရှိရင် တစ်ချို့မြန်မာပြည်က အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်တွေကလည်း အင်္ဂလိပ်လို့ ရေးလိုက်လို့ရှိရင် အဟုတ်ထင်တယ်။ အဲဒါလဲပဲ သတိထားစရာလေးတွေ ရှိတယ်။

`အခုလိုပြောရတာဟာ သူများကို ပြစ်တင်ရှုတ်ချ ကဲ့ရဲ့လို၍ ပြောတာမဟုတ်ဘူး၊ သတိထားဖို့ပြောတာ။´

အဲမြန်မာလိုရေးထားတဲ့ နိုင်ငံခြားက အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေကို ကိုးကားပြီးတော့ နောက်ယောင်လိုက်ထားတဲ့ စာအုပ်တွေထဲမှာ ဘာတွေ ရေးထားတုန်းဆိုတော့ `မြတ်စွာဘုရားက ၃၁-ဘုံကို လက်မခံဘူးတဲ့၊ ဗြဟ္မာပြည်ရှိတယ် ဆိုတာကို လက်မခံဘူးတဲ့၊ သူဆွဲထားတာ၊ ဆွဲထားပြီးတော့ ဘာကို အကိုးအကားပြတုန်းလို့ ဆိုတဲ့အခါကျတော့ တေ၀ိဇ္ဇသုတ်မှာတဲ့ မြတ်စွာဘုရားက ၀ါသေဋ္ဌဆိုတဲ့ ပုဏ္ဏားကို မေးတယ်၊ မင်းတို့ဆရာတွေရော ဗြဟ္မာကို မြင်ဖူးလား-လို့ မေးတော့ မမြင်းဖူးဘူး၊ ဒါဖြင့် မင်းတို့ဆရာ့ဆရာကြီးတွေရော မြင်ဘူးလားဆိုတော့၊ မမြင်ဖူးဘူး။ ဒါဖြင့် မင်းတို့ ဝေဒကျမ်းပြု ရှေးဟောင်းရသေ့ကြီးတွေကရော ဗြဟ္မာကို မြင်ခဲ့ဖူးလားဆိုတော့၊ မမြင်ဖူးဘူး၊ ဒါဖြင့် မင်းတို့ဟာ မမြင်ဖူးပဲနဲ့ ပြောနေကြတာ ရမ်းပြီးတော့ ရှေ့ကလူကလည်း မမြင်၊ နောက်ကလူကလည်း မမြင်ဘူးဆိုတဲ့ မျက်မမြင် သူကန်းတွေရဲ့ အစဉ်အတန်းကြီးလို ဖြစ်နေတာပေါ့-လို့ မြတ်စွာဘုရားက ပြောတယ်။

အဲဒီစကားလေးကို ထောက်ပြီးတော့ သူက ကြည့်တဲ့ မြတ်စွာဘုရားက ဗြဟ္မာမရှိဘူး-လို့ ပြောတယ်တဲ့၊ ဟော၊ အဲဒီ စာပိုဒ်လေးရဲ့ နောက်ကို ဆက်ဖတ်လိုက်လို့ရှိရင် ဘုရားက ဘယ်လိုပြောထားတုန်းဆိုတော့ အဲဒါကျတော့ မြှုပ်ထားလိုက်တယ်၊ မြတ်စွာဘုရားက ဘယ်လိုဆက်ပြောသတုန်းဆို `၀ါသေဋ္ဌ၊ ငါက ဗြဟ္မာကိုလည်း မြင်ဘူးတယ်၊ ဗြဟ္မာပြည်ရောက်ကြောင်းတရားကိုလည်း သိတယ်၊´ အဲဒါကျတော့ ထည့်မရေးတော့ဘူး။

ဒါကြောင့်မို့လို့ `Buddhism- ကို လေ့လာမယ်ဆိုရင် မူရင်းကျမ်းကို ဖတ်ပါ။ မြတ်စွာဘုရား တရားတော်ကို လေ့လာမယ်ဆိုလို့ရှိရင် မူရင်းကျမ်းကို ဖတ်ဖြစ်အောင်ဖတ်၊ ကိုးထားတာလေးနဲ့ မကျေနပ်နဲ့။´

ဗုဒ္ဓရဲ့ အယူဝါဒကို မိမိရဲ့ အယူအဆတွေနဲ့ pollution- လုပ်တယ်ပေါ့။ Polluted-ဆိုတာ ညစ်နွမ်းစေတာ၊ လေကို ညစ်နွမ်းစေတာ air-pollution; ရေကို ညစ်နွမ်းစေလို့ရှိရင် water-pollution; အသံတွေ ဆူညံနေလို့ရှိရင် noise-pollution; အလင်းရောင်တွေ သိပ်များနေလို့ရှိပင် light-pollution; မှားယွင်းတဲ့ အယူအဆတွေ ထည့်ပြီးတော့ ပြောလို့ရှိရင် view-pollution- ပေါ့။

အဲဒါကြောင့်မို့လို့ အင်မတန်သတိထားစရာ ကောင်းတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောထားတဲ့မူရင်းကျမ်း၊ ဆိုလိုတာက တစ်ပိုင်းတစ်စတော့ လက်ခံတယ်၊ တစ်ပိုင်းတစ်စတော့ လက်မခံဘူးဆိုတော့ ဘာနဲ့တူတုန်းဆိုရင် `ငါကြိုက်ရင် အမှန်၊ ငါမကြိုက်တာ အမှား´ ဒီပုံစံမျိုးရောက်နေတယ်၊ မကိုးဘူးဆိုရင် တစ်သုတ်လုံး မကိုးနဲ့လေ၊ ကိုးပြီဆိုရင်လည်း ချန်မထားနဲ့ အကုန်ကိုးရမယ်။ ရှေ့စကား နောက်စကား အကုန်လုံး ပြည့်ပြည့်စုံစုံ ထည့်ရမယ်၊ ကိုယ်လိုချင်တဲ့ အပိုဒ်လေးကို ဖြတ်ယူပြီးတော့ ကိုယ်လိုချင်တဲ့ နိဂုံး၊ conclusion- ဆွဲတာကတော့ အင်မတန်မှ ဆိုးဝါးတယ်၊ ဒါမျိုးတွေ ရှိတယ်။

ဘုန်းကြီးတို့ ငယ်ရွယ်စဉ်ကတည်းက အဲဒီစာအုပ်ကို ဖတ်ဖူးတယ်။ စိတ်ဝင်စားလို့ ဖတ်ထားပြီးတော့ အဲဒီစာအုပ်ရဲ့ ရှေ့ပိုင်း စာရွက်အလွတ်မှာ ရေးထားတယ်။

`ဤစာအုပ်သည် `ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ´ဟု နာမည်တပ်ထားသော်လည်း သူ့ဝါဒတွေကိုသာ တင်ပြထားသည်ဖြစ်၍ ဖတ်တဲ့လူတိုင်း သတိထား၍ ဖတ်ကြပါ´လို့။ တကယ်တမ်းတော့ ဘုရားဝါဒ ဟုတ်မှမဟုတ်ဘဲ။ (….)

ဒါကြောင့်မို့ တစ်ခါတစ်ရံများ `၃၁-ဘုံဝါဒဟာ ဘုရားဟောမဟုတ်ဘူး၊ မျက်စိနဲ့ မမြင်ရလို့ မရှိဘူးလို့များ တစ်ချို့တစ်လေ အယူအဆမှားယွင်းမှာစိုးလို့ ပြောပြနေတာ။ ရှိနိုင်တယ်ဆိုတာ ကိုယ်မမြင်ရပေမယ်လို့ ရှိနိုင်တာတွေ ရှိနေတာတွေဟာ လောကမှာ အများကြီးရှိတယ်ပေါ့။

(ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ `အယူအဆမှားယွင်းမှာ စိုးရိမ်တော်မူသည့်အတွက်´ သတိပေး ဟောကြားတော်မူချက်ကို စာဖတ်ပရိသတ်များလည်း သိရှိမှတ်သားနိုင်ရန် အနည်းငယ် ကောက်နှုတ်တင်ပြကာ ပူဇော်လိုက်ပါသည်။)

အရှင်ကောဝိဒ (ယော)
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories